Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ခ်င္းျပည္နယ္အစုိးရ၏ ပလက္ဝစစ္ေဘးဒုကၡသည္မ်ားအေရး ေဆာင္ရြက္ေပးမႈ အားရေက်နပ္မႈမရွိဟုဆို

ခ်င္းျပည္နယ္အစုိးရ၏ ပလက္ဝစစ္ေဘးဒုကၡသည္မ်ားအေရး ေဆာင္ရြက္ေပးမႈ အားရေက်နပ္မႈမရွိဟုဆို

0
By Editor on January 8, 2021 Headline

#Unicode

နှင်းနှင်း – ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း ရက္ခိုင့်တပ်တော် (AA) နှင့် မြန်မာ့တပ်တော်မတော် တို့ နှစ်ဘက် တိုက်ပွဲဖြစ်ပွားခြင်းကြောင့် စစ်ဘေးရှောင်နေရသည့် ပြည်သူများအတွက် ချင်းပြည်နယ်အစိုးရအဖွဲ့၏ လုပ်ဆောင်ပေးမှုအပေါ် ကျေနပ်အားရမှုမရှိဟု ချင်းစစ်ဘေးရှောင်ပြည်သူများ အရေးပေါ်ကူညီရေးနှင့် ပြန်လည်ထူထောင်ရေးကော်မတီ (RRCCI) ၏ ပြောရေးဆိုခွင့်ရှိသူ မိုင်နန်းဝေ ကပြောသည်။

“အရမ်းကြီးအားရကျေနပ်မှုရှိတယ်လို့တော့ပြောလို့မရဘူး၊ ဒါပေမယ့် သူတို့လုံးဝကြီး ပစ်ထားတယ်လို့ လည်းမဟုတ်ပြန်ဘူး ၊ဒီလိုရလာဖို့အတွက်ဆိုကျွန်မတို့တောက်လျှောက်အစိုးရဖက်ကို တော့စာတင်ရတယ်၊ တင်ပြရတယ်၊ ဆွေးနွေးရတယ်၊ တကယ်တမ်းကျတော့ ကျွန်မတို့မပြောခင်က တည်းက အစိုးရကလက်လှမ်းမှီနေပြီးသား၊ သိနေပြီးသားဖြစ်နေရမဲ့အနေအထားပေါ့နော်၊ ဘယ်လိုပဲဖြစ်ဖြစ် တိုးတက်နေတဲ့နိုင်ငံမှာပဲဖြစ်ဖြစ် တကယ်ကို အစိုးရကသာသေချာနိုင်နိုင်နင်းနင်း လုပ်မယ်ဆိုရင် CSO တို့၊ပရဟိတအဖွဲ့တို့ဘယ်လိုအပ်တော့မလဲ။” ဟု မိုင်နန်းဝေ ကပြောသည်။

ပလက်ဝမြို့နယ်အတွင်း ၂၀၁၅ ခုနှစ်မှစပြီး ရက္ခိုင့်တပ်တော် (AA) နှင့် မြန်မာ့တပ်တော်မတော်တို့ အကြားတိုက်ပွဲဖြစ်ပွားမှုကြောင့် ပလက်ဝမြို့နယ်အတွင်း စစ်ဘေးရှောင်နေရသူ လူဦးရေ (၁၀၀၀၀) ဝန်းကျင်ရှိပြီး လမ်းကြောင်းများပိတ်ထားမှုကြောင့် စစ်ဘေးရှောင်များအပြင် ပြည်သူများအားလုံးနီးပါး အခက်အခဲကြုံနေရကြောင်းသိရသည်။

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့သည် လူဦးရေးပျှမ်းမျှအားဖြင့် တစ်သိန်းကျော်နေထိုင်သည့်မြို့ဖြစ်သည့်အတွက်ချင်းပြည်နယ်အစိုးရအနေဖြင့် ပလက်ဝပြည်သူများအတွက်ဘတ်ဂျက်ခွဲ ဝေပေးမှုနှင့် ပလက်ဝအရေးကို လွတ်လပ်ပြီးပွင့်လင်းမြင်သာစွာဆောင်ရွက်ပေးခြင်းမျိုးမတွေ့ရှိရေ ကြာင်းချင်းလူ့အခွင့်အရေးအဖွဲ့ မှ Salai Sang Hnin Lian ကပြောသည်။

“ချင်းပြည်နယ်အစိုးရအနေနဲ့ သူတို့မှာရှိတဲ့ ဘတ်ဂျက်ကို ခွဲဝေပေးပြီးတော့ ဒုက္ခသည်တွေအတွက် ဆိုပြီးတော့ သတ်သတ်ဆောင်ရွက်ပေးတာမျိုးမတွေ့ရဘူး၊ တစ်ခြားအဖွဲ့အစည်းတွေကအလှူငွေေ တွပေးတဲ့ဟာကို စီမံခန့်ခွဲရေးလုပ်ရုံဘဲများသောအားဖြင့်မြင်နေရတယ်၊ တစ်ကယ်ဆိုရင် ကျနော်တို့ ချင်းပြည်နယ်မှာ လူဦးရေအားဖြင့်ကြည့်မယ်ဆိုရင် ပလက်ဝကအများဆုံး၊ အဲလိုမျိုး ချင်းပြည်နယ်ရဲ့ လူဦးရေအများဆုံး ဖြစ်နေတဲ့နေရာက ဒီလိုမျိုးကြုံနေရတယ်ဆိုတော့ ချင်းပြည်နယ်အစိုးရအနေနဲ့ တစ်ခြားအဖွဲ့အစည်းတွေလည်းပါပြီးတော့အစိုးရလည်းပါမယ့်ကော်မတီတစ်ခုဖွဲ့စည်းပြီးတော့ ပလက်ဝအရေးကို ဘယ်လိုဆောင်ရွက်မလဲဆိုတာကို လွတ်လပ်စွာဆွေးနွေးပြီးတော့ ပွင့်လင်းမြင်သာ စွာဆောင်ရွက်သင့်တယ်လို့ ကျနော်မြင်တယ်၊၊” ဟု Salai Sang Hnin Lian ကပြောသည်။

ချင်းပြည်နယ်အစိုးရမှ ပလက်ဝမြို့နယ်တွင်နေထိုင်ကြသော ဒေသခံပြည်သူများနှင့် စစ်ဘေးရှောင် ပြည်သူများကို ထောက်ပံ့မှုများဆောင်ရွက်ခဲ့သော်လည်း ယခုနောက်ပိုင်းတွင်ချင်းပြည်နယ်တပြည်လုံး အတိုင်းအတာဖြင့်လုပ်ဆောင်နေရသဖြင့် ပလက်ဝမြို့နယ်အတွက်သီးသန့်ထောက်ပံ့မှုများမ လုပ်နိုင်ခဲ့ကြောင်း ချင်းပြည်နယ်အစိုးရပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။

“ရှေ့ပိုင်းကတော့ပေးသင့်တာတွေ၊လှူသင့်တာတွေပေးတယ်၊အခုနောက်ပိုင်းတော့ ကိုဗစ်ထိန်းချုပ် ရေးနဲဲ့ပက်သက်ပြီးတော့ ကွာရန်တင်းဝင်တဲ့သူတွေကို ထောက်ပံ့တာတွေနဲ့ ပြည်နယ်တခုလုံးအတိုင်း အတာနဲ့လုပ်တဲ့အခါကြတော့ထောက်ပံ့တာတော့ မလုပ်နိုင်သေးဘူး၊ ဒါပေမယ့် ပြည်ထောင်စုအနေ နဲ့တော့ ဆန်၊ဆီ၊ဆား၊ပဲ(၄) မျိုးကိုတော့ ၃ လတကြိမ် ဆက်တိုက်ထောက်ပံ့နေတယ်၊အခုလည်း အပစ်ခတ်ရပ်ဆဲတာ (၃) လကျော်ကျော်ရှိပြီ မိုးမရွာတော့ လမ်းလဲနည်းနည်းကောင်းလာပြီဆိုတော့ ဆမီးလမ်းဖက်ကနေတောက်လျှောက် စားနပ်ရိက္ခာ၊ ဆောက်လုပ်ရေးသုံးပစ္စည်း၊ တခြားအထွေထွေ စားကုန်တွေရောဆက်တော့ပို့နေပါတယ်၊ ” ဟု ဦးစိုးထက်ကပြောသည်။

ပလက်ဝမြို့နယ်သည် လမ်းပန်းဆက်သွယ်ရေးအခက်အခဲနှင့် နယ်မြေလုံခြုံမှုမရှိခြင်းတို့ကြောင့် လက်ရှိပလက်ဝမြို့နယ်တွင် ဆန်တအိတ် (၆၀၀၀၀) ကျပ်နှင့်အထက်ဝယ်ယူနေရပြီး အခြေခံစား သောက်ကုန်ပစ္စည်းများလည်း စျေးနှုန်း မြင့်တက်နေကြောင်းသိရသည်။

#Zawgyi

ႏွင္းႏွင္း – ခ်င္းျပည္နယ္ ပလက္ဝျမဳိ႕နယ္အတြင္း ရကၡဳိင့္တပ္ေတာ္ (AA) ႏွင့္ ျမန္မာ့တပ္ေတာ္မေတာ္ တုိ႔ ႏွစ္ဘက္ တုိက္ပြဲျဖစ္ပြားျခင္းေၾကာင့္ စစ္ေဘးေရွာင္ေနရသည့္ ျပည္သူမ်ားအတြက္ ခ်င္းျပည္နယ္အစုိးရအဖြဲ႔၏ လုပ္ေဆာင္ေပးမႈအေပၚ ေက်နပ္အားရမႈမရွိဟု ခ်င္းစစ္ေဘးေရွာင္ျပည္သူမ်ား အေရးေပၚကူညီေရးႏွင့္ ျပန္လည္ထူေထာင္ေရးေကာ္မတီ (RRCCI) ၏ ေျပာေရးဆုိခြင့္ရွိသူ မုိင္နန္းေဝ ကေျပာသည္။

“အရမ္းၾကီးအားရေက်နပ္မႈရွိတယ္လုိ႔ေတာ့ေျပာလုိ႔မရဘူး၊ ဒါေပမယ့္ သူတုိ႔လုံးဝၾကီး ပစ္ထားတယ္လုိ႔ လည္းမဟုတ္ျပန္ဘူး ၊ဒီလုိရလာဖို႔အတြက္ဆုိကြ်န္မတုိ႔ေတာက္ေလွ်ာက္အစုိးရဖက္ကုိ ေတာ့စာတင္ရတယ္၊ တင္ျပရတယ္၊ ေဆြးေႏြးရတယ္၊ တကယ္တမ္းက်ေတာ့ ကြ်န္မတုိ႔မေျပာခင္က တည္းက အစုိးရကလက္လွမ္းမွီေနျပီးသား၊ သိေနျပီးသားျဖစ္ေနရမဲ့အေနအထားေပါ့ေနာ္၊ ဘယ္လုိပဲျဖစ္ျဖစ္ တုိးတက္ေနတဲ့ႏုိင္ငံမွာပဲျဖစ္ျဖစ္ တကယ္ကုိ အစုိးရကသာေသခ်ာႏုိင္ႏုိင္နင္းနင္း လုပ္မယ္ဆုိရင္ CSO တုိ႔၊ပရဟိတအဖြဲ႔တုိ႔ဘယ္လိုအပ္ေတာ့မလဲ။” ဟု မုိင္နန္းေဝ ကေျပာသည္။

ပလက္ဝျမဳိ႕နယ္အတြင္း ၂၀၁၅ ခုႏွစ္မွစျပီး ရကၡဳိင့္တပ္ေတာ္ (AA) ႏွင့္ ျမန္မာ့တပ္ေတာ္မေတာ္တုိ႔ အၾကားတုိက္ပြဲျဖစ္ပြားမႈေၾကာင့္ ပလက္ဝျမဳိ႕နယ္အတြင္း စစ္ေဘးေရွာင္ေနရသူ လူဦးေရ (၁၀၀၀၀) ဝန္းက်င္ရွိၿပီး လမ္းေၾကာင္းမ်ားပိတ္ထားမႈေၾကာင့္ စစ္ေဘးေရွာင္မ်ားအျပင္ ျပည္သူမ်ားအားလံုးနီးပါး အခက္အခဲၾကံဳေနရေၾကာင္းသိရသည္။

ခ်င္းျပည္နယ္ေတာင္ပုိင္း ပလက္ဝျမဳိ႕သည္ လူဦးေရးပ်ွမ္းမ်ွအားျဖင့္ တစ္သိန္းေက်ာ္ေနထုိင္သ ည့္ျမဳိ႕ျဖစ္သည့္ အတြက္ခ်င္းျပည္နယ္အစုိးရအေနျဖင့္ ပလက္ဝျပည္သူမ်ားအတြက္ဘတ္ဂ်က္ခြဲ ေဝေပးမႈႏွင့္ ပလက္ဝအေရးကုိ လြတ္လပ္ျပီးပြင့္လင္းျမင္သာစြာေဆာင္ရြက္ေပးျခင္းမ်ဳိးမေတြ႔ရွိရေ ၾကာင္းခ်င္းလူ႔အခြင့္အေရးအဖြဲ႔ မွ Salai Sang Hnin Lian ကေျပာသည္။

“ခ်င္းျပည္နယ္အစိုးရအေနနဲ႔ သူတို႔မွာရွိတဲ့ ဘတ္ဂ်က္ကို ခြဲေဝေပးၿပီးေတာ့ ဒုကၡသည္ေတြအတြက္ ဆိုၿပီးေတာ့ သတ္သတ္ေဆာင္ရြက္ေပးတာမ်ိဳးမေတြ႕ရဘူး၊ တစ္ျခားအဖြဲ႕အစည္းေတြကအလႉေငြေ တြေပးတဲ့ဟာကို စီမံခန႔္ခြဲေရးလုပ္႐ုံဘဲမ်ားေသာအားျဖင့္ျမင္ေနရတယ္၊ တစ္ကယ္ဆိုရင္ က်ေနာ္တို႔ ခ်င္းျပည္နယ္မွာ လူဦးေရအားျဖင့္ၾကည့္မယ္ဆိုရင္ ပလက္ဝကအမ်ားဆုံး၊ အဲလိုမ်ိဳး ခ်င္းျပည္နယ္ရဲ့ လူဦးေရအမ်ားဆုံး ျဖစ္ေနတဲ့ေနရာက ဒီလိုမ်ိဳးၾကဳံေနရတယ္ဆိုေတာ့ ခ်င္းျပည္နယ္အစိုးရအေနနဲ႔ တစ္ျခားအဖြဲ႕အစည္းေတြလည္းပါၿပီးေတာ့အစိုးရလည္းပါမယ့္ေကာ္မတီတစ္ခုဖြဲ႕စည္းျပီးေတာ့ ပလက္ဝအေရးကို ဘယ္လိုေဆာင္ရြက္မလဲဆိုတာကို လြတ္လပ္စြာေဆြးေႏြးၿပီးေတာ့ ပြင့္လင္းျမင္သာ စြာေဆာင္ရြက္သင့္တယ္လို႔ က်ေနာ္ျမင္တယ္၊၊” ဟု Salai Sang Hnin Lian ကေျပာသည္။ 

ခ်င္းျပည္နယ္အစုိးရမွ ပလက္ဝျမဳိ႕နယ္တြင္ေနထုိင္ၾကေသာ ေဒသခံျပည္သူမ်ားႏွင့္ စစ္ေဘးေရွာင္ ျပည္သူမ်ားကို ေထာက္ပံ့မႈမ်ားေဆာင္ရြက္ခဲ့ေသာ္လည္း ယခုေနာက္ပုိင္းတြင္ခ်င္းျပည္နယ္တျပည္လုံး အတုိင္းအတာျဖင့္လုပ္ေဆာင္ေနရသျဖင့္ ပလက္ဝျမဳိ႕နယ္အတြက္သီးသန္႔ေထာက္ပံ့မႈမ်ားမ လုပ္ႏုိင္ခဲ့ေၾကာင္း ခ်င္းျပည္နယ္အစုိးရေျပာေရးဆုိခြင့္ရွိသူ စည္ပင္ဝန္ၾကီး ဦးစုိးထက္ကေျပာသည္။ 

“ေရွ႕ပုိင္းကေတာ့ေပးသင့္တာေတြ၊လွဴသင့္တာေတြေပးတယ္၊အခုေနာက္ပုိင္းေတာ့ ကုိဗစ္ထိန္းခ်ဳပ္ ေရးနဲဲ႔ပက္သက္ျပီးေတာ့ ကြာရန္တင္းဝင္တဲ့သူေတြကုိ ေထာက္ပံ့တာေတြနဲ႔  ျပည္နယ္တခုလုံးအတုိင္း အတာနဲ႔လုပ္တဲ့အခါၾကေတာ့ေထာက္ပံ့တာေတာ့ မလုပ္ႏုိင္ေသးဘူး၊ ဒါေပမယ့္ ျပည္ေထာင္စုအေန နဲ႔ေတာ့ ဆန္၊ဆီ၊ဆား၊ပဲ(၄) မ်ဳိးကုိေတာ့ ၃ လတၾကိမ္ ဆက္တုိက္ေထာက္ပံ့ေနတယ္၊အခုလည္း အပစ္ခတ္ရပ္ဆဲတာ (၃) လေက်ာ္ေက်ာ္ရွိျပီ မုိးမရြာေတာ့ လမ္းလဲနည္းနည္းေကာင္းလာျပီဆုိေတာ့ ဆမီးလမ္းဖက္ကေနေတာက္ေလ်ွာက္ စားနပ္ရိကၡာ၊ ေဆာက္လုပ္ေရးသုံးပစၥည္း၊ တျခားအေထြေထြ စားကုန္ေတြေရာဆက္ေတာ့ပုိ႔ေနပါတယ္၊ ” ဟု ဦးစုိးထက္ကေျပာသည္။

ပလက္ဝျမဳိ႕နယ္သည္ လမ္းပန္းဆက္သြယ္ေရးအခက္အခဲႏွင့္ နယ္ေျမလုံျခဳံမႈမရွိျခင္းတုိ႔ေၾကာင့္ လက္ရွိပလက္ဝျမဳိ႕နယ္တြင္ ဆန္တအိတ္ (၆၀၀၀၀) က်ပ္ႏွင့္အထက္ဝယ္ယူေနရျပီး အေျခခံစား ေသာက္ကုန္ပစၥည္းမ်ားလည္း ေစ်းႏႈန္း ျမင့္တက္ေနေၾကာင္းသိရသည္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CDF – ဟားခါးစခန်းဟောင်းကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်

CDF – ဟားခါး၏ စစ်သုံ့ပန်းစခန်း ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခံရ ၊ စစ်အုပ်စုတပ်ဖွဲ့ဝင် စစ်သုံ့ပန်း ၁၀ ဦးအထိ အစုအပြုံလိုက်သေဆုံး၊ ၅ ဦး ထိခိုက်ဒဏ်ရာရ

ချင်း-မကွေးအစပ်တွင် ချင်းအပါအဝင် စစ်ဘေးရှောင် ၅၀၀ ခန့် ရာသီတုပ်ကွေး၊ အရေပြားနှင့် ဝမ်းရောဂါများ ဖြစ်ပွားနေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
October 30, 2026

CDF – ဟားခါးစခန်းဟောင်းကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်

October 30, 2026

မင်းတပ်မြို့ကို စစ်တပ်ကအပြင်းအထန် ဗုံးကြဲ၊ နေအိမ် ၁၀ လုံးကျော် ထပ်မံပျက်စီး

October 29, 2026

စစ်တပ်အတွက် လော်ဘီလုပ်ပေးနေသော ဝါရှင်တန်ဒီစီအခြေစိုက် လော်ဘီလုပ်ငန်းကုမ္ပဏီကို အမေရိကန်အထက်လွှတ်တော် အမတ်ဟောင်း ဝေဖန်

October 29, 2026

CDF – ဟားခါး၏ စစ်သုံ့ပန်းစခန်း ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခံရ ၊ စစ်အုပ်စုတပ်ဖွဲ့ဝင် စစ်သုံ့ပန်း ၁၀ ဦးအထိ အစုအပြုံလိုက်သေဆုံး၊ ၅ ဦး ထိခိုက်ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.