Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မတူပီၿမိဳ႕နယ္တြင္ မဲမသမာမႈျပဳႏိုင္ေသာ မဲစာရင္းေပါင္း ၄၀၀၀ ေက်ာ္ရွိဟု တပ္မေတာ္ထပ္မံထုတ္ျပန္

မတူပီၿမိဳ႕နယ္တြင္ မဲမသမာမႈျပဳႏိုင္ေသာ မဲစာရင္းေပါင္း ၄၀၀၀ ေက်ာ္ရွိဟု တပ္မေတာ္ထပ္မံထုတ္ျပန္

0
By Editor on January 8, 2021 Headline

#Unicode

By လားနွန် – ၂၀၂၀ ရွေးကောက်ပွဲတုန်းက ချင်းပြည်နယ် မတူပီမြို့နယ်တွင် မဲမသမာမှုပြုနိုင်သည့် ထပ်နေသောမဲစာရင်းနှင့် မဲမသမာမှုဖြစ်နိုင်သည့် အခြားမဲစာရင်းပေါင်း ၄၀၀၀ ကျော်ရှိသည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဇန်နဝါရီလ ၆ ရက်နေ့က ထုတ်ပြန်ချက်အရသိရသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့အနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲတုန်းက တပ်မတော်သားများဆန္ဒမဲပေးခဲ့သော မြို့နယ်များနှင့် စပ်လျဉ်း၍ မဲစာရင်းစီစစ်မှုများကို ပြုလုပ်လျက်ရှိပြီး ဇန်နဝါရီလ (၇) ရက်နေ့က ၁၁ ကြိမ်မြောက် ထုတ်ပြန်ချက်တွင် ချင်းပြည်နယ် မတူပီမြို့နယ် မဲစာရင်း ပုံစံ (၁) တွင် မဲမသမာမှုပြုနိုင်သည့် ထပ်နေသော မဲစာရင်း (၃၉၅၉) ရှိပြီး မဲမသမာမှု ဖြစ်နိုင်သည့် အခြားမဲစာရင်းပေါင်း (၇၂၅) ရှိပြီး စုစုပေါင်း (၄၆၈၄) ရှိသည်ဟု ဖော်ပြထားသည်။

ယင်းထုတ်ပြန်ချက်တွင် နိုင်ကတ်အမှတ်တူနေသူများ (ကျန်အချက်အားလုံးလွဲဲ) မဲစာရင်းတွင် ပါဝင်နေသူ အများဆုံးဖြစ်ပြီး (၂၇၁၂) ဦး၊ နိ်ုင်ကတ်အမှတ် (၁) တည်းဖြင့် မဲစာရင်း (၃) ကြိမ် ပါဝင်နေသူ (၂၆၁) ဦး၊ နိုင်ကတ်တူ မိဘတူ (အမည်လွဲ အသက်လွဲသူများ) (၂၀၆) ဦး၊ နိုင်ကတ်တူ အမည်တူ (အသက်လွဲ၊ မိဘအမည်လွဲသူများ) (၁၉၂) ဦး ၊ နိုင်ကတ်တူ ဖခင်တူ (အမည်လွဲ၊ အသက်လွဲ၊ မိခင်အမည်လွဲသူများ) (၁၇၀) ဦးနှင့် နိုင်ကတ်တူ မိခင်တူ (အမည်လွဲ၊ အသက်လွဲ၊ ဖခင်အမည်လွဲသူများ) (၁၄၂) ဦး စသည်ဖြင့် တွေ့ရသည်။

ယခုကိစ္စနှင့်ပတ်သက်၍ မတူပီခရိုင်ရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူး ဦးမင်းအောင်ရှိန်က “အဲဒါကျနော်တို့မှာမရှိဘူး မဲစာရင်းထပ်တယ်ဆိုတာ ကွန်ပြူတာ error ကြောင့်ပဲထပ်တာပါ ထပ်ပေမဲ့ ဒီမှာရှိနေတဲ့ မဲဆန္ဒများကတော့ နာမည်ထပ်ပေမဲ့လည်း နှစ်ကြိမ်မပေးရပါဘူး ဘယ်မဲဆန္ဒရှင်မဆိုပေါ့ နှစ်ကြိမ်မဲပေးနိုင်တဲ့အလားအလာ မရှိနိုင်ပါဘူး ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့က ကြိုတင်မဲတစ်ခုတည်းကိုပဲ လှမ်းမှင်မတို့ရတာပေါ့နော် ကြိုတင်မဲပေးပြီးသား လူတစ်ယောက်အတွက်ကလည်း မဲရုံမှာလာပြီး ကိုယ်တိုင်ကိုယ်ကျမဲပေးဖို့ကလည်း မဖြစ်နိုင်ပါဘူး ရှိမယ်ဆိုရင် ရွေးကောက်ပွဲဥပဒေနဲ့ ထောင်ဒဏ် တစ်နှစ် ငွေဒဏ် တစ်သိန်းပဲ ကျနော်တို့အရေးယူဖို့ရှိပါတယ် မဲစာရင်းက ကွန်ပြူတာ error ကြောင့်ပဲထပ်နေတာဖြစ်တယ် မဲမသမာမှုအလားအလာတော့ ဒီမှာတော့မရှိပါဘူး တပ်ကတော့ ဘယ်စာရင်းကိုယူပြီးအခြေပြုပြီးပြောတာလည်းဆိုတာကျနော်တို့မသိပါဘူး’’ ဟု ပြောသည်။

ချင်းပြည်နယ် ဟားခါးမြို့နယ်တွင်လည်း မဲမသမာမှုပြုနိုင်သည့် မဲစာရင်းပေါင်း စုစုပေါင်း ၆၉၄၅ နှင့် တီးတိန်မြို့နယ်တွင် စုစုပေါင်း (၈၄၃၁) ရှိသည်ဟုဆိုကာ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

#Zawgyi

By လားႏြန္ – ၂၀၂၀ ေရြးေကာက္ပြဲတုန္းက ခ်င္းျပည္နယ္ မတူပီၿမိဳ႕နယ္တြင္ မဲမသမာမႈျပဳႏိုင္သည့္ ထပ္ေနေသာမဲစာရင္းႏွင့္ မဲမသမာမႈျဖစ္ႏိုင္သည့္ အျခားမဲစာရင္းေပါင္း ၄၀၀၀ ေက်ာ္ရွိသည္ဟု တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႔က ဇန္နဝါရီလ ၆ ရက္ေန႔က ထုတ္ျပန္ခ်က္အရသိရသည္။ 

တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕အေနျဖင့္ ၂၀၂၀ ေရြးေကာက္ပြဲတုန္းက တပ္မေတာ္သားမ်ားဆႏၵမဲေပးခဲ့ေသာ ၿမိဳ႕နယ္မ်ားႏွင့္ စပ္လ်ဥ္း၍ မဲစာရင္းစီစစ္မႈမ်ားကို ျပဳလုပ္လ်က္ရွိၿပီး ဇန္နဝါရီလ (၇) ရက္ေန႔က ၁၁ ႀကိမ္ေျမာက္ ထုတ္ျပန္ခ်က္တြင္ ခ်င္းျပည္နယ္ မတူပီၿမိဳ႕နယ္ မဲစာရင္း ပံုစံ (၁) တြင္ မဲမသမာမႈျပဳႏိုင္သည့္ ထပ္ေနေသာ မဲစာရင္း (၃၉၅၉) ရွိၿပီး မဲမသမာမႈ ျဖစ္ႏိုင္သည့္ အျခားမဲစာရင္းေပါင္း (၇၂၅) ရွိၿပီး စုစုေပါင္း (၄၆၈၄) ရွိသည္ဟု ေဖာ္ျပထားသည္။

ယင္းထုတ္ျပန္ခ်က္တြင္ ႏိုင္ကတ္အမွတ္တူေနသူမ်ား (က်န္အခ်က္အားလံုးလြဲဲ) မဲစာရင္းတြင္ ပါ၀င္ေနသူ အမ်ားဆံုးျဖစ္ၿပီး (၂၇၁၂) ဦး၊ ႏိ္ုင္ကတ္အမွတ္ (၁) တည္းျဖင့္ မဲစာရင္း (၃) ႀကိမ္ ပါ၀င္ေနသူ (၂၆၁) ဦး၊ ႏိုင္ကတ္တူ မိဘတူ (အမည္လြဲ အသက္လြဲသူမ်ား) (၂၀၆)  ဦး၊ ႏိုင္ကတ္တူ အမည္တူ (အသက္လြဲ၊ မိဘအမည္လြဲသူမ်ား) (၁၉၂) ဦး ၊ ႏိုင္ကတ္တူ ဖခင္တူ (အမည္လြဲ၊ အသက္လြဲ၊ မိခင္အမည္လြဲသူမ်ား) (၁၇၀) ဦးႏွင့္ ႏိုင္ကတ္တူ မိခင္တူ (အမည္လြဲ၊ အသက္လြဲ၊ ဖခင္အမည္လြဲသူမ်ား) (၁၄၂) ဦး စသည္ျဖင့္ ေတြ႕ရသည္။

ယခုကိစၥႏွင့္ပတ္သက္၍ မတူပီခ႐ိုင္ေရြးေကာက္ပြဲေကာ္မရွင္အတြင္းေရးမွဴး ဦးမင္းေအာင္ရွိန္က “အဲဒါက်ေနာ္တို႔မွာမရွိဘူး မဲစာရင္းထပ္တယ္ဆိုတာ ကြန္ျပဴတာ error ေၾကာင့္ပဲထပ္တာပါ ထပ္ေပမဲ့ ဒီမွာရွိေနတဲ့ မဲဆႏၵမ်ားကေတာ့ နာမည္ထပ္ေပမဲ့လည္း ႏွစ္ႀကိမ္မေပးရပါဘူး ဘယ္မဲဆႏၵရွင္မဆိုေပါ့ ႏွစ္ႀကိမ္မဲေပးႏိုင္တဲ့အလားအလာ မရွိႏိုင္ပါဘူး ဘာျဖစ္လို႔လဲဆိုေတာ့ က်ေနာ္တို႔က ႀကိဳတင္မဲတစ္ခုတည္းကိုပဲ လွမ္းမွင္မတို႔ရတာေပါ့ေနာ္ ႀကိဳတင္မဲေပးၿပီးသား လူတစ္ေယာက္အတြက္ကလည္း မဲရံုမွာလာၿပီး ကိုယ္တိုင္ကိုယ္က်မဲေပးဖို႔ကလည္း မျဖစ္ႏိုင္ပါဘူး ရွိမယ္ဆိုရင္ ေရြးေကာက္ပြဲဥပေဒနဲ႔ ေထာင္ဒဏ္ တစ္ႏွစ္ ေငြဒဏ္ တစ္သိန္းပဲ က်ေနာ္တို႔အေရးယူဖို႔ရွိပါတယ္ မဲစာရင္းက ကြန္ျပဴတာ error ေၾကာင့္ပဲထပ္ေနတာျဖစ္တယ္ မဲမသမာမႈအလားအလာေတာ့ ဒီမွာေတာ့မရွိပါဘူး တပ္ကေတာ့ ဘယ္စာရင္းကိုယူၿပီးအေျချပဳၿပီးေျပာတာလည္းဆိုတာက်ေနာ္တို႔မသိပါဘူး’’ ဟု ေျပာသည္။

ခ်င္းျပည္နယ္ ဟားခါးၿမိဳ႕နယ္တြင္လည္း မဲမသမာမႈျပဳႏိုင္သည့္ မဲစာရင္းေပါင္း စုစုေပါင္း ၆၉၄၅ ႏွင့္ တီးတိန္ၿမိဳ႕နယ္တြင္ စုစုေပါင္း (၈၄၃၁) ရွိသည္ဟုဆိုကာ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႔က ထုတ္ျပန္ခဲ့ၿပီးျဖစ္သည္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းတော်လှန်ရေးအင်အားစုများ စုစည်းနိုင်ရေး ချင်းပြည်ကောင်စီတွင် CNF က ကိုယ်စားလှယ်ပါဝင်မှု ထက်ဝက်လျော့ဟုဆို

ပလက်ဝမြို့နယ်ကို ရခိုင်ပြည်နယ်၏ ခရိုင်တစ်ခုအဖြစ်ထည့်သွင်းမှုကို GKO က ပြင်းထန်စွာ ရှုတ်ချ

တော်လှန်ရေး ၄ နှစ်ကျော်တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၃၆၀ ကျော် ကျဆုံး၊ ယင်းတို့အထဲ ၂၉ ဦးမှာ မြေမြှုပ်မိုင်းကြောင့် ကျဆုံးရ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.