Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မတ်လ ၁၇ ရက်နေ့ ကလေးမြို့သပိတ်ဖြိုခွင်းခံရမှု ၄ ဦးသေဆုံး

မတ်လ ၁၇ ရက်နေ့ ကလေးမြို့သပိတ်ဖြိုခွင်းခံရမှု ၄ ဦးသေဆုံး

0
By Editor on March 23, 2021 Khonumthung
ကလေးမြို့တွင် မတ်လ ၁၇ ရက်နေ့က စစ်အာဏာရှင်စနစ်ဆန့်ကျင်ဆန္ဒဖော်ထုတ်ကြသော သပိတ်စစ်ကြောင်းကို စစ်တပ်ကအကြမ်းဖက်ပစ်ခတ်ဖြိုခွင်းခဲ့မှုကြောင့် အရပ်သားပြည်သူ ၄ ဦးကျဆုံးခဲ့သည်။
မနေ့က ကျဆုံးသွားသူများမှာ Salai Cung Lian Ceu၊ ဦးကျင်ခန့်မာန်၊ ဒိုးဆွင်းကိမ် နှင့် ဦးကျော်မြင့်ဝင်းတို့ဖြစ်ကြသည်။
ကလေးမြို့ တောင်ဖီလာရပ်ကွက် ကျန်စစ်သားလမ်း ညီညီထွန်းလဘ္ကရည်ဆိုင်အနီးတွင် ရင်အုံပစ်ခတ်ခံရ၍ ကျဆုံးသွား သည့် တောင်ဇလပ်ရပ်ကွက်မှ အသက် (၂၅) နှစ်အရွယ် Salai Cung Lian Ceu ၏ ရုပ်အလောင်းကို စီးစံကျေးရွာတွင် ယနေ့နံနက်ပိုင်း ၁၀ နာရီခန့်က မြေမြှပ်သဂြိုလ်ခဲ့ကြသည်။
စန်းမြို့ရပ်ကွက် ကမေ႓ာဇဘဏ်အနီး ဘရာဏီလမ်းကြားတွင် ပစ်ခတ်ခံရ၍ ကျဆုံးသွားသည့် ချင်းပြည်နယ် ခိုင်ကမ်းမြို့မှ အသက် (၂၇) နှစ်အရွယ် ဦးကျင်ခန့်မာန်၏ ရုပ်အလောင်းကိုလည်း ယနေ့မွန်းလွဲပိုင်း ၂ နာရီတွင် မြေမြှပ်သဂြိုလ်ခဲ့ ကြကြောင်းသိရသည်။
ကလေးမြို့ တာဟန်းရပ်ကွက် AG ဘုရားကျောင်းအနီး ဗိုလ်ချုပ်လမ်းမေ ပါ်တွင် စစ်သားများက အကြမ်းဖက်ပစ်ခတ်မှုကြောင့်သေဆုံးသွားသည့် ချင်းပြည်နယ် တီးတိန်မြို့နယ် ထီးဇန်ကျေးရွာသား အသက် ၁၉ နှစ်အရွယ် မောင် ဒိုးဆွင်းကိမ်၏ ရုပ်အလောင်းကိုလည်း ကလေးမြို့ေ ဒသကွက်ကဲရေးစစ်ဌာနချူပ်(ဒကစ) ဝန်းအတွင်းရှိ စစ်ဆေးရုံတွင် ယနေ့နေ့လည်းပိုင်းကသွားရောက်ထုတ်ယူခဲ့ကြပြီး ဇာတိကျေးရွာသို့ သယ်ဆောင်လျက်ရှိ ကာ မနက်ဖြန်တွင် မြေမြှပ်သဂြိုလ်ကြမည်ဟု သိရသည်။
အလားတူ တာဟန်းရပ်ကွက် AG ဘုရားကျောင်းအနီးတွင် ကျဆုံသွားသည့် တောင်ဖီလာရပ်ကွက်မှ အသက် (၄၂) နှစ်အရွယ် ဦးကျော်မြင့်ဝင်း(ခ) ညီလေး၏ ရုပ်အလောင်းကိုလည်း စစ်ဆေးရုံမှ သွားရောက်ထုတ်ယူကာ မနက်ဖြန်မနက် ၉ နာရီခွဲတွင် ဒိုးဝိုင်းချောင်းသုသာန်သို့မြေမြုပ်သဂြိုလ်ကြမည်ဟု သိရသည်။
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေးမြို့နယ်၊ နန်းစောင်းပုရွာသစ် တိုက်ပွဲတွင် စစ်ကော်မရှင်အဖွဲ့ဝင် (၄) ဦးသေဆုံး၊ အိန္ဒိယနိုင်ငံသား ကသည်းသူပုန်အပါဝင် (၇) ဦး ဖမ်းဆီးရမိ

အမေရိကန်အခြေစိုက် BACI ၏ CEO နှင့် မလေးရှားရောက် ချင်းအဖွဲ့အစည်းဦးဆောင်သူများ ဒုက္ခသည်အရေးဆွေးနွေး

စစ်ဘေးရှောင်ချင်းအမျိုးသမီးတစ်ဦး ဆိုင်ကယ်တိုက်ခံရ၍ သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.