• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»“AA မှ ထွက်ပြေးသူများကို ရှာဖွေဖမ်းဆီးပေးရန် လိုင်းပေါ်ကနေသတင်းဖြန့်” ဆိုတဲ့ သတင်းအမှား

“AA မှ ထွက်ပြေးသူများကို ရှာဖွေဖမ်းဆီးပေးရန် လိုင်းပေါ်ကနေသတင်းဖြန့်” ဆိုတဲ့ သတင်းအမှား

0
By Editor on September 29, 2022 Khonumthung

ဒီသတင်းအမှားကို Shwe Eain Thu ဆိုတဲ့အကောင့် ကနေပြီး “ပြီးခဲ့တဲ့ရက်တုန်းကလည်း ၃၈ ယောက်ဆိုပြီး သတင်းအမှားတွေနဲ့ လော်ကြတာ အလိမ်ပေါ်သွားတော့ အခု ၃ ယောက်ဆိုပြီး A ပိန်းတွေ ထပ်လုပ်ပြန်တယ်။ ဘာကြောင့် ဒီလိုသတင်းအမှားတွေ ဖြန့်နေလဲဆိုတာ ပြီးခဲ့တဲ့ ၂ ရက်က စုံစမ်းကြည့်လိုက်တော့ စကစတပ်သားတွေပြေးတာမဟုတ်ဘဲ AA ဓာတ်ခဲလေးတွေ မြေပြင်မှာ စားစရာမရှိ ငတ်ပြတ်နေတဲ့အပြင် တိုက်ပွဲတွေမှာ အကြီးစာမိပြီး ဆားပေါက် ဒဏ်ရာရတဲ့သူတွေကို ဆေးကုဖို့ကအစ ခက်ခဲနေတာကိုမြင်နေရတော့ စိတ်ဓာတ်ကျပြီး ထွက်ပြေးနေကြတယ်လို သိရတယ်။”

“ဒါကို ကျန်တဲ့ ULA/AA နယ်မြေမှူးနဲ့အဖွဲတွေ ရှာဖွေဖမ်းဆီးပေးဖို A ပိန်းများက လိုင်းပေါ်ကနေ တစ်ဖက်လှည့်သတင်းဖြင့် သတင်းချပေးနေခြင်းသာဖြစ်တယ်လို AA ရဲ့ နယ်မြေစည်းရုံးရေးမှူး တစ်ဦးထံကနေ သိထားပါတယ်..။” လို့ ရေးသားဖော်ပြထားတာဖြစ်ပါတယ်။

ဒီသတင်းအမှားနဲ့ပတ်သက်ပြီး ရှာဖွေကြည့်တဲ့အခါ ပြီးခဲ့သည့် စက်တင်ဘာ ၂၂ ရက်နေ့တွင် ကျောက်တော်မြို့ရှိ စစ်ကောင်စီတပ်ရင်းများမှ စစ်ကောင်စီတပ်သား ၃၈ ဦးခန့်ဟာ လက်နက်အပြည့်အစုံနဲ့၊ စက်တင်ဘာလ ၂၁ ရက်နေ့မှာတော့ ကျောက်ဖြူမြို့ရှိ စစ်ကောင်စီတပ်ရင်းမှ စစ်ကောင်စီတပ်သား နှစ်ဦး စုစုပေါင်း ၄၀ ဦးဟာ AA ထံကို အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်တယ်လို့ ဒေသခံများထံက သိရသည်။

“ကျွန်တော်တို့ ကြားရတာကတော့ လက်နက်အပြည့်အစုံနဲ့ AA ထံ အလင်းဝင်သွား တယ်လို့သိရတယ်။ စက်တင်ဘာလ ၂၂ ရက်နေ့ ညနေဘက်ကပေါ့။ လက်နက် အပြည့်အစုံနဲ့ ဝင်သွားတယ်လို့ သိရတယ်။ ဘယ်တပ်ရင်းကလည်း ဆိုတာကိုတော့ ကျွန်တော်တို့လည်းသေချာမသိဘူး” လို့ ကျောက်တော်ဒေသခံတစ်ဦးက ပြောပါတယ်။

ဒါအပြင် ကျောက်ဖြူမြို့နယ်၊ ကျောက်ပေါက်ကျေးရွာဈေးသို့ ဈေးဝယ်လာတဲ့ စစ်ကောင်စီတပ်သားများ ဈေးဝယ်လာရာ နှစ်ဦးမှာ AA ထံကို အလင်းဝင်ရောက်သွားကြောင်း ကျောက်ပေါက်ကျေးရွာ ဒေသခံများထံက သိရပါတယ်။

“သူတို့က ကျွန်တော်တို့ရွာဈေးကို ဈေးဝယ်လာရင်း နှစ်ဦးက ထွက်ပြေးပြီး AA ဆီ အလင်းဝင်သွားတယ်လို သိရတယ်။ ဘယ်တပ်ရင်းကလည်း ဆိုတာတော့ မသိဘူး” လို့ ကျောက်ပေါက်ကျေးရွာသားတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၉ ရက်နေ့က AA ပြုလုပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်၊ ပလက်ဝတို့မှာ စစ်ကောင်စီ တပ်သား ရာနှင့်ချီပြီး AA ထံကို အလင်းဝင်ရောက်လာမှုများရှိကြောင်း ဦးခိုင်သုခက ပြောကြားခဲ့ပါတယ်။

Link>>> https://www.facebook.com/MizzimaDaily/posts/pfbid02zLgrSbvf6wnq87dFzpD8QQo6vg7g3jTNvhQv73Z8d4QZ2XkWy7nmV3MVz5c1DVB2l

တကယ်တော့ ရက္ခိုင့်တပ်တော် AA ကနေ ထွက်ပြေးတဲ့ တပ်သားတွေမဟုတ်ဘဲ စစ်ကောင်စီတပ်ဖွဲ့ထဲက တပ်သားတွေဟာ တပ်ထဲကနေထွက်ပြေးတိမ်းရှောင်ပြီး AA တပ်ဖွဲ့ထံကို အလင်းဝင်နေကြ တာဖြစ်ပါတယ်။

ဒါကြောင့် သတင်းအမှားမှာပြောထားသလို့ “စကစတပ်သားတွေပြေးတာမဟုတ်ဘဲ AA ဓာတ်ခဲလေးတွေ မြေပြင်မှာ စားစရာမရှိ ငတ်ပြတ်နေတဲ့အပြင် တိုက်ပွဲတွေမှာ အကြီးစာမိပြီး ဆားပေါက် ဒဏ်ရာရတဲ့သူတွေကို ဆေးကုဖိုကအစ ခက်ခဲနေတာကိုမြင်နေရတော့ စိတ်ဓာတ်ကျပြီး ထွက်ပြေးနေကြတယ်” ဆိုတာ သတင်းမှားတစ်ခုသာဖြစ်ပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေးမြို့အနောက်တောင်ပိုင်းတွင် လက်နက်ကြီးကြောင့် အမျိုးသမီးတစ်ဦးပွဲချင်းသေဆုံး၊ အမျိုးသား ၃ ဦး ထိခိုက် ဒါဏ်ရာရ

ကလေးမြို့ မွန်းလိုင်ရပ်ကွက်တွင် ဗုံးပေါက်ကွဲမှုကြောင့် ၁၂ နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံး

ကန်ပက်လက်မြို့အဝင်တွင် ချင်းအလံလွှင့်ထူ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 28, 2023

ခန္ဓာချို့ယွင်းပေမယ့် စိတ်ဓာတ်ခိုင်မာတဲ့ အောက်ချင်းသားများ

September 26, 2023

စစ်အာဏာရှင်ကိုကျောခိုင်းပြီး အမျိုးသားလွတ်မြောက်ရေးအတွက် တော်လှန်တိုက်ပွဲ ၀င်နေသူ (သို့) ဓမ္မဘက်ကို ရပ်တည်သော စစ်သည်ကောင်း

September 26, 2023

“အစုအဖွဲ့တစ်ခုရဲ့ ကြိုးကိုင်မှု အောက်မှာ ကျနော်တို့ရဲ့ အဖွဲ့အစည်းတစ်ခုလုံး၊ မျိုးနွယ်စုတစ်ခုလုံးကို ထိုးအပ်လိုက်မယ့် အနေအထားမျိုး ရောက်သွားလိမ့်မယ်လို့ ယူဆတဲ့အတွက်ကြောင့် မပါဝင်ရခြင်းဖြစ်ပါတယ်’’ ဆလိုင်းပီတာထန်း

September 21, 2023

“ကျွန်တော်တို့က စစ်ကောင်စီနဲ့ ဘယ်သောအခါမှ နိုင်ငံရေးအရပဲဖြစ်ဖြစ် စစ်ရေးအရပဲဖြစ်ဖြစ် ပူးပေါင်းထားတာ မရှိပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.