Author: Editor

(006SV) စစ်ကိုင်းတိုင်း၊ ကလေးမြို့အတွင်းနှင့် ကလေးမြို့ပတ်ဝန်းကျင်ဒေသများကို စစ်ရေးအရှိန်အဟုန် တိုးမြှင့်တိုက်ခိုက်တော့မည် ဖြစ်သောကြောင့် ဒေသခံပြည်သူများ ကလေးမြို့အတွင်းမှ အမြန်ဆုံး ထွက်ခွာရှောင်ပေးကြရန် ကလေးခရိုင်ပြည်သူ့ကာကွယ်ရေး အဖွဲ့က သတင်းထုတ်ပြန်လိုက်သည်။ ဖေဖော်ဝါရီလ ၂၆ ရက်စွဲဖြင့် နောက်ဆုံးသတိပေး နှိုးဆော်ချက်ဟုဆိုကာ ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက်က ကာကွယ်ရေးဝန် ကြီးဌာန၊ ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ခြင်းဖြစ်ကြောင်း ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “အဲဒီထုတ်ပြန်ချက်က အတည်ဖြစ်ပါတယ်ခင်ဗျာ။ နောက်ဆက်တွဲတွေကိုလည်း တရားဝင်ထုတ်ပြန်ပေးသွားဖို့တွေ ရှိပါသေးတယ်” ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။ ကလေးမြို့အတွင်းနှင့် ကလေးမြို့ပတ်ဝန်းကျင်ဒေသများကို စစ်ရေးအရှိန်အဟုန် တိုးမြှင့်တိုက်ခိုက်တော့မည်ဖြစ်၍ ကလေးမြို့ အတွင်းက မိဘပြည်သူများ အသက်အိုးအိမ်စည်းစိမ် ထိခိုက်နစ်နာမှုများ မဖြစ်စေရန် ကလေးမြို့အတွင်းမှ ထွက်ခွာကာ အမြန်ဆုံး ရှောင်ရှားကြပါရန် ယင်းထုတ်ပြန်ချက်တွင် ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က တိုက်တွန်းနှိုးဆော်ထားသည်။ ကလေးမြို့အတွင်းနှင့် ကလေးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူ့ရင်ခွင်အား နီးစပ်ရာတော်လှန်ရေး အဖွဲ့အစည်းများနှင့် ဆက်သွယ်၍ အမြန်ဆုံး ခိုလှုံကြရန်လည်း ကလေးခရိုင်-ပကဖက သတိပေးထားသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် တစ်တိုင်းပြည်လုံးအတိုင်းအတာအရ မိမိတို့ဘက်သို့ စစ်ဦးချိုးနှိမ်ခံထားရခြင်း၊ စစ်ပွဲတိုင်း ရှုံးနေခြင်း၊ စစ်သည်အင်အား ချိနဲနေခြင်း၊ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက် ကောင်းစားရေးအတွက် ဘဝနှင့် အသက်များအား စတေးနေရခြင်း၊ နိုင်ငံတကာနှင့် မိဘပြည်သူ အပေါင်းတို့၏ စစ်ဆုပ်ရွံရှာခြင်းကို ခံနေရခြင်းတို့ကို နာလည်းသဘောပေါက် သင့်ကြောင်း ထုတ်ပြန်ချက်ဆိုပါသည်။ ပြီးခဲ့သည့် နှစ်ကုန်ပိုင်းကလည်း ရဲစခန်း၊ စစ်တပ်ဂိတ်၊ စစ်တပ်တပ်စွဲရာ နေရာများနှင့် ပျူစောထီးရွာအနီးရှိ ဒေသခံများကို ဒီဇင်ဘာလ ၁၅…

Read More

(004SS) ချင်းပြည်နယ် တောင်ပိုင်း၊ မင်းတပ်မြို့နယ်တွင် စစ်ကောင်စီတပ်က အရပ်သားပြည်သူများ ဖမ်းဆီးမှုရှိနေပြီး တချို့ကို ပြန်လွှတ်ပေးသော်လည်း တချို့ကိုတော့ ၂၇၄ တပ်ရင်းထဲ ဆက်လက်ထိန်းသိမ်းထားသည်ဟု သိရသည်။ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ မနက်အစောပိုင်း ၆ နာရီဝန်းကျင်ခန့်တွင် မင်းတပ်မြို့အနီးရှိ ရွီတွီးရွာနှင့် ပန်းအော့ရွာသို့ အင်အား ၅၀ ကျော်ရှိသော စစ်ကောင်စီတပ်ဖွဲ့များဝင်ရောက်ကာ အသက် ၁၃ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအ၀င် အရပ်သားပြည်သူ ၁၃ ဦးခန့်ဖမ်းဆီးခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။ “သူတို့က ရွီတွီးတို့ ပန်းအော့ရွာတွေကိုဝင်တာပေါ့နော်၊ အရင်ဦးဆုံး ရွီတွီးကိုဝင်တာလေ အဲမှာ ၄ ယောက်ဖမ်းတယ်၊ ပြီးတော့ တခြားရွာတွေလဲ ဝင်ပြီးမှ စစ်ဆေးကြတယ်လို့ပြောတယ်။ မ‌ေန့က စုစုပေါင်းအဖမ်းခံရတာ ၁၃ ယောက်ရှိတယ် အဲထဲမှာ ၁၀ ယောက်ကို ပန်းအော့ရွာထိပ်ရောက်တော့ လွှတ်ပေးတယ် ၃ ယောက်ကိုခေါ်သွားကြတယ်” ဟု ဖမ်းဆီးခံရသူနှင့်နီးစပ်သူ အမျိုးသမီးတစ်ဦးက ပြောသည်။ စစ်ကောင်စီက ပြန်မလွှတ်ဘဲ ဖမ်းဆီးခေါ်ဆောင်သွားသူများမှာ အမျိုးသမီး ၁ ဦးနှင့် အမျိုးသား ၂ ဦးဖြစ်ကြပြီး ၎င်းတို့အနက် အမျိုးသားတစ်ဦးထံ အိုင်ကွန် ဖမ်းမိခြင်းကြောင့် ရိုက်နှက်ခံခဲ့ရကာ မင်းတပ်မြို့အခြေစိုက် ခလရ ၂၇၄ သို့ ခေါ်ဆောင်သွားကြောင်း သိရသည်။ “ဖမ်းတဲ့ထဲက ယောကျာ်းလေး တစ်ယောက်ကိုတော့ အိုင်ကွန်နဲ့အတူ ဖမ်းမိတယ်လို့‌‌ေပြာတယ်၊ ဒါနဲ့ဖမ်းထားတဲ့ တခြားသူတွေကို တဘက်လှည့်ခိုင်းထားပြီး အဲတစ်ယောက်ကို အမျိုးမျိုးနှိပ်စက်ကြတယ်။ ပြီးမှ မိန်းခလေးတစ်ယောက်နဲ့ ယောကျာ်းလေး ၁ ယောက်နဲ့ ခေါ်သွားကြတယ်” ဟု…

Read More

(006SV) စစ်ကောင်စီက စစ်မှုမထမ်းမနေရဥပဒေကို ပြဌာန်းပြီး နှစ်ပတ်နီးပါးအကြာတွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ ZFU/PDF Zoland ထံကို စစ်အာဏာသိမ်းမှုကို တော်လှန်ရန် လူငယ်လူရွယ် ၁၀၀ ကျော် ထပ်မံဝင်ရောက်လာကြောင်း PDF Zoland မှ ပြောရေးဆိုခွင့်ရှိသူ ကိုထော်နီက ပြောသည်။ ဖေဖော်ဝါရီလ ၁၀ ရက် စစ်မှုမထမ်းမနေရ ဥပဒေပြဌာန်းအပြီး ဝင်ရောက်လာသူများတွင် အမျိုးသမီး ၂၀ ရာခိုင်နှုန်း၊ အမျိုးသား ၈၀ ရာခိုင်နှုန်း ရှိနေပြီး စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှ အများဆုံး ဝင်ရောက်လာကာ နယ်မျိုးစုံက လူငယ်လူရွယ်များ ရောက်လာကြကြောင်း ၎င်းက ပြောသည်။ “အခုတလောက လာဝင်တဲ့ လူတွေ များနေတယ်ဆိုတော့ အဆောင်တွေရော၊ အစစအရာရာပေါ့နော်။ မိုးကားတွေ တဲတွေ ဆောက်ဖို့ လိုတယ်။ ဖိနပ်တွေ လိုတယ်။အင်္ကျီတွေ လိုတယ်။ လက်နက်ပိုင်းရော၊ အစားအသောက်ပိုင်း၊ အဆောင်တွေက အစ ရုန်းကန်နေဆဲပဲ။ အစစအရာရာအတွက် ရုန်းကန်းနေရဆဲပဲ” ဟု PDF- Zoland ပြောရေးဆိုခွင့်ရှိ သူက ပြောသည်။ ယင်းဥပဒေ မပြဌာန်းမှီကလည်း စစ်အာဏာရှင်တော်လှန်ရေးအတွက် ZFU/PDF Zoland ထံကို လူငယ်လူရွယ် ၈၀ ကျော်က ဝင်ရောက်ထားကြောင်းလည်း သူက ပြောသည်။ လာရောက်ကြသူများတွင် လူငယ်နှင့် ကျောင်းသား ပိုများပြီး လူကြီးပိုင်းက နည်းပါးကြောင်း၊ တချို့မှာ အသက်မပြည့် သေးသူများပင် လာရောက်ကြသောကြောင့် လက်မခံချင်သော်လည်း ၎င်းတို့မှာ အိမ်မပြန်ချင်၍ စခန်းမှာ နေခွင့် ပေးထားရကြောင်း သိရသည်။ လက်ရှိတွင် အသစ်ရောက်လာသော…

Read More

(006SV) စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်က စခန်းသိမ်းစစ်ဆင်ရေးအတွင်း ကျဆုံးသွားသော CNDF ဒုတိယစစ်ဦးစီးချုပ်နှင့် ရဲဘော်များ၏ ရုပ်အလောင်းများ ပြန်မရဘဲ စစ်ကောင်စီက မီးရှို့ဖျက်ဆီးခံလိုက်ရကြောင်း CNO/ CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းကျုံးငိုင်က ပြောသည်။ CNO/CNDF ဒုတိယစစ်ဦးစီချုပ် ဆလိုင်းဒေးဗစ်နယူး (ခ) Joshua ၊ ရဲမေ ရွှေနွန်ကိမ် (ခ) A Nge နှင့် ရဲဘော် အာမောစ်ဗန်နိုက်လျန် (ခ) Amos တို့ ရုပ်အလောင်းများကို စစ်ကောင်စီအရာရှိအပါအဝင် ရုပ်အလောင်းများဖြင့် အလဲအလှယ်ပြုလုပ်ရန် ဆွေးနွေးခဲ့သော်လည်း အစီအစဉ် မဖြစ်မြောက်ခဲ့ကြောင်း သိရသည်။ “အလောင်းက မရတော့ဘူး။ မီးရှို့ပစ်လိုက်ကြတယ်။ သိပ်ပြီးတော့လည်း မျှော်လင့်ချက်လည်း မထားတော့ဘူး။ အလောင်းကို လဲဖို့ ၊ ဗိုလ်ကြီးတစ်ယောက်ရဲ့ အလောင်းနဲ့ ကျနော်တို့ သုံးယောက်ရဲ့ အလောင်းနဲ့ လဲဖို့ ရှိခဲ့သေးတယ်။ သူတို့ဘက်က ပြန်ရုတ်သွားတယ်” ဟု CNO/ CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းကျုံးငိုင်က ပြောသည်။ CNO/CNDF ဒုတိယစစ်ဦးစီချုပ် နှင့် ရဲဘော်များအတွက် ဇန်နဝါရီလ ၂၄ ရက်က ဆုတောင်းပွဲကို ပြုလုပ်ခဲ့ပြီး ၎င်းအတွက် အထိန်းအမှတ် ကျောက်တိုင်ကိုလည်း ပြုလုပ်သွားရန်ရှိကြောင်း သိရသည်။ ဖေဖော်ဝါရီလ ၂၂ ရက်က ကလေးမြို့နယ်အတွင်းက တပ်ရင်းတစ်ခုမှ ရဲဘော်များနှင့် တွေ့ဆုံအပြီးတွင် ဖေဖော်ဝါရီလ ၂၃ ရက်က သတင်းပေါက်ကြားပြီး အောင်သာယာကျေးရွာအနီးမှာ စစ်ကောင်စီနှင့် ပျူစောထီးများက စောင့်ကြို၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဆိုင်ကယ်တစ်စီးဖြင့် ဒုစစ်ဦးစီးချုပ်နှင့် ရဲဘော်တို့…

Read More

(002MG) စစ်ကိုင်းတိုင်း၊ကလေးမြို့နှင့် ချင်းပြည်နယ် ခိုင်ကမ်းမြို့ ရဲစခန်းတို့တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးပူး ပေါင်းတပ်ဖွဲ့တို့ ယနေ့မနက်ပိုင်းကစ၍ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည် ဟု သိရသည်။ ကလေးမြို့ခံတစ်ဦးက “အမြောက်ကတော့ မနက်အစောကြီးကတည်းက တောက်လျှောက်ထုနေတယ် ဆက်တိုက်ပဲ၊ တိုက်လေယာဉ်နဲ့မြောက်ပိုင်းလဲလည်းကြဲသွားတယ်၊မြို့ထဲမှာလဲ သူတို့က ကားတွေကို သံပြားတွေနဲ့အပြည့်ကာထားတာ သံလုံးကားလို့ခေါ်ကြတာအဲ့ကားတွေ၊အိမ်စီးကာတွေနဲ့ မြို့ထဲမှာ အရှေ့အ နောက်သွားလိုက်နဲ့ ပြီးရင် ဒကစ ထဲဝင်လိုက် နဲ့ ရူပ်နေတာပဲ” ဟု ပြောသည်။ ကလေးမြို့မြောက်ပိုင်းတွင်ရှိသည့် ဆည်တော်ဦးကျေးရွာ၊ကျောင်းတိုက်ကျေးရွာ၊အောင်မြင်သာ (သဲကုန်းတန်း) ကျေးရွာနှင့် ကလေး-ချင်းအစပ် ခိုင်ကမ်းမြို့တို့တွင် တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့သည် ကလေးမြို့ တွင်းမှ လက်နက်ကြီးဖြင့် အဆက်မပြတ်ပစ်ကူနေပြီး ခိုင်ကမ်းမြို့ဖက်တွင် လက်နက်ကြီးကျရောက်ပေါက်ကွဲမူကြောင့် လူနေအိမ်များ ထိခိုက်ပျက်စီးသည့်အပြင် အမျိုးသားတစ်ဦး လက်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ခိုင်ကမ်းမြို့ဒေသခံတစ်ဦးက ပြောသည်။ ခိုင်ကမ်းမြိုခံတစ်ဦးက “သောကြာနေ့ မနက်ပိုင်းတုန်းက လူငယ်တွေက ထွက်တော့လို့လာပြောတာ တချို့က ထွက်တယ်၊မထွက်တဲ့သူတွေလည်း ရှိတယ်၊ဒီနေ့တော့ဖြစ်ပြီလေ။ကိုးမိုင်ရဲစခန်းအရှေ့ဖက်မှာ လမ်းကြား ဖက်တွေမှာ လက်နက်ကြီးတွေကျတာ အိမ်တွေလည်း ပျက်စီး တယ်၊ဘယ်နှစ်အိမ်ပျက်စီးလဲဆိုတာ ထွက်မကြည့်ရဲသေးဘူး။ ဖြစ်နေတုန်းဆိုတော့” ဟု ပြောသည်။ လက်ရှိတွင် ကလေးမြို့အနောက်ဖက် ကိုးမိုင်တွင်နေထိုင်ကြသည့် ပြည်သူများနှင့် ခိုင်ကမ်းမြို့ခံတို့သည် နီးစပ်တောထဲ ထွက်ပြေးတိမ်းရှောင်နေကြရပြီး တိုက်ပွဲအတွင်း ပိတ်မိနေသူများလည်းရှိသည်ဟု ဒေသခံများထံမှ သိရသည်။ ဖေဖော်ဝါရီလ ၂၁ နှင့် ၂၃ ရက်နေ့ကလည်း ကလေးမြို့ပေါ်နှင့် မြို့အနီးတဝှိက်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီအခြေစိုက်စခန်းရှိသည့် စက္ကန့်ရွာ၊ကံကြီးရွာနှင့် ကံသာရွာကျေးရွာတို့ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့က…

Read More

စစ်ကောင်စီအဖွဲ့၀င် ဒေါက်တာမှုထန်၏ ဟားခါးမြို့က နေအိမ်ကို ပြည်သူပိုင်အဖြစ် သိမ်းဆည်းလိုက်ကြောင်း CDF-Hakha က ဖေဖော်၀ါရီလ ၂၅ ရက်နေ့က ထုတ်ပြန်သည်။ ဒေါက်တာမှုထန်သည် စစ်ကောင်စီနှင့်လက်တွဲပူပေါင်းသည်သာမက ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁၅ ရက်က ဟားခါးမြို့ရှိ မြို့တော်ခန်းမမှာ စစ်ကောင်စီက ကျင်းပရန် စီစဉ်နေသော ရွေးကောက်ပွဲမှာ ပြည်သူများ ပူးပေါင်း ပါဝင်ကြဖို့ စည်းရုံးခဲ့သောကြောင့် ဟားခါးမြို့ ဆပ်သာလမ်း (Sakta Lam) ရှိသူ၏ နေအိမ်ကို ပြည်သူပိုင်အဖြစ် သိမ်းဆည်းခဲ့ခြင်းဖြစ်သည်ဟု CDF-Hakha က ထုတ်ပြန်သည်။ ဒေါက်တာမှုထန်၏ နေအိမ်ကို တော်လှန်ရေးကာလအတွင်း လိုအပ်သလိုအသုံးပြုသွားမည်ဟုလည်း CDF-Hakha က ဆိုသည်။ ချင်းပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌလည်းဖြစ် ဒေါက်တာမှုထန်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်အဖြစ် ၂၀၂၃ ခုနှစ် ဖေဖော်၀ါရီလ ၁၇ ရက်နေ့က ခန့်အပ်ခံရသူဖြစ်သည်။ သူ၏ဇာတိမြို့ ထန်တလန်ကို စစ်ကောင်စီက ပြာပုံအတိဖြစ်အောင် မီးရှို့ဖျက်ဆီးခဲ့သော်လည်း စစ်ကောင်စီနှင့် ပူးပေါင်းလက်တွဲသည့်အပေါ် ချင်းပြည်သူများ၏ အပြင်းအထန်‌ေ၀ဖန်မှုခံနေရသူလည်းဖြစ်သည်။ ထို့အပြင် ဒေါက်တာမှုထန်နှင့် စစ်ကောင်စီထိပ်ပိုင်းခေါင်းဆောင် ၃ ဦးအပါအ၀င် လက်နက်ပွဲစား ကုမ္ပဏီ ၂ ခုတို့ကို ဥရောပသမဂ္ဂက EU က ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့က ပိတ်ဆို့အရေးယူခဲ့သည်။

Read More

စစ်ကိုင်းတိုင်း ကလေးခရိုင်အတွင်းရှိ စစ်ကောင်စီအခြေစိုက်စခန်းများကို ပြည်သူ့ကာကွယ်ရေးကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ၃ ရက်တာတိုက်ခိုက်မှုတွင် ဗိုလ်ကြီးတစ်ဦးအပါအ၀င် စစ်ကောင်စီတပ်သား ၁၅ ဦးသေဆုံးခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ အမှတ် ၁ စစ်ဒေသက ယနေ့ (ဖေဖော်ဝါရီ ၂၅ ) ရက်တွင် ထုတ်ပြန်သည်။ ကလေးခရိုင်အတွင်းရှိ စစ်ကောင်စီ အခြေပြုစခန်းများဖြစ်ကြသော စက္ကန့်ရွာ၊ ကံကြီးရွာနှင့် ကံသာရွာတို့ကို ကလေးခရိုင် တပ်ရင်းများ၊ အထူးလှုပ်ရှား တပ်ရင်းများ၊ ကလေးခရိုင် မိုင်းတပ်ဖွဲ့၊ ကလေးခရိုင်/မြို့နယ် ပကဖ၊ ကလေးမြို့ပြစီမံချက် (UG) တပ်ဖွဲ့၊ VOKOK(PDF) တပ်ရင်း၊ CNDF TZ Vapual၊ RKDF၊ CDF (KKG)၊ HNB၊ GRF၊ S2UG၊ EFDF၊ TCDF၊ CDF-CDM siyin ပူးပေါင်းအဖွဲ့တို့မှ ဖေဖော်ဝါရီလ ၂၁ ရက်မှ ၂၃ ရက်ထိ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ဗိုလ်ကြီး မင်းခန့်ဇင် ဦးစီးသော ဒကစ (ကလေး) လက်အောက်ရှိ စက္ကန့်ရွာ၊ ကံကြီးရွာနှင့် ကံသာရွာတို့မှ စစ်ကောင်စီ အခြေပြုစခန်းများကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြပြီး စစ်ကောင်စီဘက်မှ ဗိုလ်ကြီး (၁) ဦးအပါအဝင် (၁၅) ဦး သေဆုံးပြီး (၁၀) ဦး ထိခိုက်ဒဏ်ရာရသည်။ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ရဲဘော် (၂) ဦး ကျဆုံးခဲ့သည်။ တိုက်ပွဲအတွင်း လက်နက်ငယ် (၁၀) လက်၊ RPG-7 (၁) လက်၊ ၆၀ မမ ပြောင်းတို (၁) လက်၊…

Read More

(006SV) ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ မရာဒေသတွင် ချင်းတော်လှန်ရေးတပ်ဖွဲ့အချင်းချင်းကြား တိုက်ပွဲအပြင်းအထန် ထပ်မံဖြစ်ပွားရာ CNF/CNA ၊ Mara- CDF နှင့် ချင်းပူးပေါင်းတပ်ဖွဲ့က (၄) ဦး ကျဆုံးပြီး နှစ်ဖက်တပ်ဖွဲ့အကြား ထိခိုက်ကျဆုံးမှုတွေ ပိုမိုရှိလာနေ ကြောင်း သတင်းရရှိသည်။ ဖေဖော်ဝါရီလ ၂၄ ရက် နံနက် ၈ နာရီခန့်က ပလက်ဝမြို့နယ်၊ ပထိန်တလန်တိုက်နယ်၊ ပိုက်တေကျေးရွာ အနီးတွင် CNA ၊ CDF – Mara ချင်းပူးပေါင်းတပ်ဖွဲ့ နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (MDF)တို့ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ (MTC) ပြန်ကြားရေး တာ၀န်ခံက ပြောသည်။ “တိုက်ပွဲက ပိုက်တေကျေးရွာအနီးမှာ ဖြစ်ပွားခဲ့တာဖြစ်တယ်။ သူတို့ဘက်က ၄ ဦး ကျဆုံးတယ်။ ကျနော်တို့ ဘက်က ထိခိုက် ဒဏ်ရာ ရရှိမှုတွေ ရှိခဲ့တယ်။ အတိအကျတော့ ဆက်သွယ်ရေးအခက်အခဲအရ အတည်ပြုဖို့ ခက်ခဲနေပါတယ်” ဟု ၎င်းက ပြောသည်။ ယမန်နေ့က တိုက်ပွဲအတွင်း CNA နှင့် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ ၄ ဦးကျဆုံးပြီး ၎င်းတို့၏ လက်နက် (၅) လက်ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (MDF) က ထုတ်ပြန်သည်။ မရာဒေသတွင် ချင်းတပ်ဖွဲ့အချင်းချင်းကြား တိုက်ပွဲမှာ ဇန်နဝါရီလ ၂၄ ရက်မှ စတင်၍ ဖြစ်ပွားနေခြင်းဖြစ်ပြီး ယနေ့အထိ တစ်လတာအတွင်း ထိတွေ့တိုက်ပွဲ ၁၀ ကြိမ်ထက်မနည်း ထိတွေ့တိုက်ပွဲတွေ ရှိနေပြီးဖြစ်ကြောင်း သိရသည်။…

Read More

(002MG)ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်တွင် စစ်ဘေးတိမ်းရှောင်စဉ် ဆေးဝါးပြတ်လပ်မှုနှင့် ဆေး၀◌ါးမလုံလောက်မှု တို့ကြောင့် ၃ နှစ်တာကာလအတွင်း မီးတွင်းမိခင်သေဆုံးမှုနှင့် မွေးကင်းစကလေးသေဆုံးမှု ( ၂၀) ၀◌န်းကျင်ထိ ရှိခဲ့သည်ဟု မင်းတပ် မြို့နယ် စစ်ဘေး ရှောင်စခန်း စီမံခန့်ခွဲမှုကော်မတီထံမှသိရသည်။ စစ်အာဏာသိမ်းမှုဖြစ်ပွားသည့်နောက်ပိုင်း ၃ နှစ်တာကာလအတွင်းမှာ စစ်ကောင်စီသည် မင်းတပ်မြို့နယ်ကို စစ်အုပ်ချုပ် ရေးကြေညာကာ ဆေး၀◌ါးသယ်ယူခွင့်ကန့်သတ်ပိတ်ထားသည့်အတွက် မင်းတပ်မြို့နယ်အတွင်း စစ်ရေးကြောင့် ထွက် ပြေးတိမ်းရှောင်နေကြသည့် စစ်ဘေးရှောင်များသည် ဆေး၀◌ါးပြတ်လပ်မှုနှင့် ဆေးဝါးကျွမ်းကျင်သည့် ဆရာဝန်များ မရှိခဲ့ သည့်အတွက်အသက်ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်ဟု မင်းတပ် မြို့နယ် စစ်ဘေး ရှောင်စခန်း စီမံခန့်ခွဲမှုကော်မတီတာဝန်ခံ ကိုလောရင့်က ပြောသည်။“အိမ်ထောင်သည်အမျိုးသမီးတွေကိုယ်ဝန်ဆောင်တဲ့အခါ၊ ကလေးမွေးတဲ့အခါ ဆေးဝါးပြသာနာ၊ ဆေးဝါးလုံလောက်မှု မရှိဘူး၊ သင့်တင့်လျောက်ပတ်တဲ့ အာဟာရဖြည့်စွပ်မှု တော်တော်လေးလိုပါတယ် ကျွမ်းကျင်ဆရာဝန်၊ သက်ဆိုင်ရာ ဆရာဝန်တွေ လုံလောက်မှုမရှိတဲ့အခါကျတော့ သေဆုံးမှုကလည်းတော်တော် လေးမြင့်တက်နေသေးတယ်။ ကိုယ်ဝန် ဆောင်တွေဆိုရင် ရွာလက်သည်နဲ့ပဲ မွေးတာ။ သယ်ယူပို့ဆောင်ရေးက လည်းလိုတာကိုး ဒီတိုင်းဆိုင်ကယ်နဲ့ သွားဖို့ လမ်းကြမ်းမှာသွားဖို့ကလည်း အဆင်မပြေပြန်ဘူး” ဟု ကိုလောရင့်ကပြောသည်။မင်းတပ် မြို့နယ် စစ်ဘေး ရှောင်စခန်း စီမံခန့်ခွဲမှုကော်မတီ၏ စာရင်းမှတ်တမ်းအရ ၂၀၂၁ ခုနစ်မှ ၂၀၂၃ ခုနစ်အထိ စစ်ဘေးရှောင်ပြည်သူများထဲမှ မီးတွင်းသေဆုံးသူ အမျိုးသမီး (၁၂) ဦးနှင့် မွေးကင်းစကလေးသေဆုံးသူ (၂၀) ဦးအထိ ရှိခဲ့သည်ဟု သိရသည်။ ထိုကဲ့သို့ သေဆုံးမှုမှာ ယခုထက်ပိုများနိုင်သော်လည်း ဆက်သွယ်ရေးဖုန်းလိုင်း အခက်အခဲများကြောင့် အသေးစိတ် စာရင်းများကောက်ယူရန် ခက်ခဲနေသည်ဟု ကိုလောရင့်ကပြောသည်။ လမ်းပန်းဆက်သွယ်ရေးအခက်အခဲနှင့်စစ်ရှောင်သည့်ကာလအတွင်း ငွေကြေးခက်ခဲမူတို့ကြောင့် စစ်ရှောင်အမျိုးသမီး…

Read More

(006SV) စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်က စစ်ကောင်စီစခန်းသိမ်းတိုက်ပွဲများအတွင်း ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/CNDF) မှ ဒုတိယစစ်ဦးစီချုပ်အပါအဝင် ရဲဘော် (၄) ဦးကျဆုံးသွားကြောင်း သတင်းရရှိသည်။ ဖေဖော်ဝါရီလ ၂၃ ရက်တွင် စစ်ကောင်စီ၏ စခန်းသိမ်းတိုက်ပွဲများအတွင်း ကလေးမြို့နယ်ထဲက တစ်နေရာတွင် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/CNDF) မှ ဒုတိယစစ်ဦးစီချုပ် နှင့် ၎င်း၏ ကိုယ်ရံတော် ရဲဘော် (၂) ဦးတို့ စောင့်ကြိုတိုက်ခိုက်ခံရမှုကြောင့် ကျဆုံးသွားကြောင်း CNO/CNDF မှ တာဝန်ရှိသူက ပြောသည်။ ကလေးမြို့နယ်၊ စက္ကန့်ရွာ တိုက်ပွဲတွင်လည်း CNO/CNDF အဖွဲ့မှ ဦးဆောင်သူတွေထဲက ရဲဘော်ဖြစ်သူ ဆလိုင်းမန်ပူ လည်း ကျဆုံးခဲ့ရကြောင်း သိရသည်။ “ကျနော်တို့ ရဲဘော်တွေ အကြီးဆုံးကနေ အငယ်ဆုံးတပ်သားအဆင့်အထိဟာ အားလုံးဟာ မိမိမှာ အပိုမပါတဲ့ အသက်တစ်ချောင်းကို ရင်းနှီးပြီးမှ တော်လှန်ရေးတိုက်ပွဲဝင်ကြတယ်။ တစ်နေ့နေ့ တချိန်ချိန်တော့ ကျနိုင်တယ်။ ရှေ့တန်းမှာ သွားရင် ဘယ်သူမဆို ကြုံနိုင်တယ်ဆိုတာ သိပြီးတော့ ဒီတော်လှန်ရေးကို ဆင်နွှဲရတာဖြစ်တဲ့ အတွက် ကြောင့် ဆုံးရှုံးတာတောင် အခုထိ စကားလုံးကို ဘယ်လို ဖော်ထုတ်ရမလဲဆိုတာ လုံးဝ မသိသေးတဲ့ အနေအထားအထိ ခံစားရတယ်။ အလာတူးပဲ ကျနော်တို့ရဲ့ ဒုစစ်ဦးစီးချုပ်ဖြစ်တဲ့အတွက်ကြောင့် ကျန်တဲ့ ရဲဘော်တွေလည်း တော်တော်ကို ဝမ်းနည်းကြေကွဲကြပါတယ်။ ကျနော်တို့ ဒီသူ့ရဲ့ ခေါင်းဆောင်ပီသစွာ ရဲရဲဝင့်ဝင့် အသက်ပေးသွားတဲ့အတွက်ကြောင့် ကျနော်တို့ဟာ နောက်ဆုတ်တဲ့ စိတ်ဓါတ်ကျတဲ့အပိုင်းထက် ပိုပြီးမှ VCS နဲ့ အပေါင်းအပါအတွက် ပိုပြီးမှ ပြင်ဆင်မှု ကောင်းစွာနဲ့ ဆက်လက်တိုက်ပွဲဝင်သွားမယ်။…

Read More