Author: Editor

(002MG) ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့ပေါ်၊ စံပြဘဝသစ်ရပ်ကွက်တွင် နေထိုင်ကြသော အသက်မပြည့်သေးသည့် ရှစ်တန်းကျောင်းသူ မိန်းကလေး (၂) ဦးကို CDF-မင်းတပ်က ဖမ်းဆီးခေါ်ဆောင်သွားပြီး ယနေ့ချိန်ထိပြန်လွှတ်ပေးခြင်း မရှိကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၃၀ ရက်နေ့က မင်းတပ်မြို့ပေါ် အ.ထ.က (၁) ကျောင်းတွင် တက်ရောက်နေကြသော အဆိုပါ ကျောင်းသူ ၂ ဦးသည် ထမင်းစာအပြန်တွင် CDF-မင်းတပ် တပ်ရင်း ၃ က ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု မင်းတပ်မြို့ခံတစ်ဦးကပြောသည်။ ”သောကြာနေ့က ကျောင်းသူတွေပျောက်တာ မင်းတပ် တပ်ရင်း (၃) က ဖမ်းထားတာ၊ နေ့လယ် ကျောင်းဆင်း ထမင်းစားဖို့သွားရင်းနဲ့ CDF တွေက ခေါ်သွားတာ၊သူတို့က အသက်လည်းမပြည့် သေးဘူး၊ မနေ့က CDF-တပ်ရင်း (၃) ကိုယ်တိုင်က ဖုန်းဆက်လာပြီး မင်းတပ်တပ်ရင်းကို သက်ရှိထင်ရှားရောက်ပါတယ် မိဘတွေစိုးရိမ်ပူပန်မှုလျော့သွားအောင် ဆက်သွယ်လာတယ်လို့ ပြောတယ်၊ သူတို့ခေါ်တာ သေချာတယ်၊ အခုထိတော့ ပြန်မလွတ်လာသေးဘူး၊ ဖုန်းပြန်ဆက် ဖို့က ဖုန်းလိုင်းပျောက်နေတာ” ဟု ယင်းအခြေအနေကိုသိရှိသူ မင်းတပ်မြို့ဒေသခံကပြောသည်။ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသော ကျောင်းသူ ၂ ဦးမှာ အသက် ၁၅ နှစ်အရွယ်ခန့်ရှိကြသော ရှစ်တန်းကျောင်းသူ မချယ်ရီမောင်နှင့် မေထန်းသီးအွယ်တို့ဖြစ်ကြသည်ဟု သိရသည်။ မင်းတပ်မြို့ပေါ်တွင် ချင်းကာကွယ်ရေးတပ် CDF-မင်းတပ်က အသက်မပြည့်သေးသည့် လူငယ်များ စစ်မှုထမ်းရန် ဖမ်းဆီးစုဆောင်နေမှုများရှိနေသော ကြောင့် ကျောင်းသားမိဘများ စိုးရိမ်ပူပန်နေကြသည်ဟု မင်းတပ်မြို့ဒေသခံ ကပြောသည်။ “သူတို့ အခုဖမ်းတာကလည်း စုဆောင်းဖို့လည်း ဖမ်းတယ်လို့ထင်တယ်၊ အရေးယူမှုအတွက်ဖမ်းတယ်လို့ မထင်ဘူး ထမင်းချက်ဖို့၊…

Read More

(005MK) အမေရိကန်ပြည်ထောင်စုကိုရောက်ရှိနေသော မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် ပူးလာလ်ဒိုအောမ်မာက ချင်းလူထုနှင့်တွေ့ဆုံပွဲတွင် အာရက္ခတပ်တော် AA နှင့် စစ်မက်ဖြစ်ပွားခြင်းထက် မိတ်ဆွေဖွဲ့ရမည်ဟု ပြောဆိုသည်။ အင်ဒီးယားနားပြည်နယ် Chin Evangelical Baptist Church တွင် စက်တင်ဘာလ ၄ ရက်နေ့ညက ကျင်းပသော ချင်းလူထုနှင့်တွေ့ဆုံပွဲ၌ အမေးအဖြေအစီစဉ်တွင် ကုလားတန်ဘက်စုံစီမံကိန်းနှင့်ပတ်သက်၍ AA နှင့် မီဇိုရမ်အစိုးရတို့ တွေ့ဆုံခဲ့မှုအခြေအနေများ မေးမြန်းရာမှာ ဝန်ကြီးချုပ်က ထိုကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။ “အာရက္ခတပ်တော် AA နဲ့ ကျနော်တို့ပြဿနာဖြစ်ရင် သူတို့ကအင်အားပိုကောင်းတယ်၊ သူတို့မှာ အင်အားတော်တော် များတယ် ဒါကြောင့် တိုက်ပွဲမဟုတ်ပဲ ချစ်ကြည်ရင်းနှီးရမယ် သူငယ်ချင်းအဖြစ်မိတ်ဆွေဖွဲ့ရမယ် CNF ဖြစ်ဖြစ် Chin Brotherhood ဖြစ်ဖြစ် Chinland Council ဖြစ်ဖြစ် ZRA အရှေပိုင်း အနောက်ပိုင်းတိုင်းပဲဖြစ်ဖြစ် AA ဖြစ်စေ ၊ PDF တွေဖြစ်စေ ငါတို့တော်လှန်တိုက်ခိုက်နေတဲ့အရာက အတူတူပဲဖြစ်ပါတယ်၊ ဒါကြောင့် မိမိတို့အချင်းချင်းကြားပြဿနာ ဖြစ်နေရင် စစ်ကောင်စီအတွက်ကတော့ ဝမ်းသာစရာဖြစ်မှာပေါ့ ဒါကြောင့် အာရက္ခတပ်တော် AA ကိုလည်း သူငယ် ချင်း မိတ်ဆွေအဖြစ်ဖွဲ့ရမယ် အဲလိုမဟုတ်ရင် လောင်တလိုင်ထိကိုလာပြီး အနှောက်အယှက်ပေးနိုင်တယ်” ဟု မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်က ပြောဆိုခဲ့သည်။ မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်သည် အမေရိကန်ပြည်ထောင်စုတွင် စက်တင်ဘာလ ၂ ရက်နေ့ကကျင်းပသော ၃၁ ကြိမ်မြောက် “Mizo Day” အခမ်းအနားတွင် ဧည့်သည်တော်ကြီးအဖြစ် တက်ရောက်လာခဲ့ပြီးနောက် စက်တင်ဘာလ ၄ ရက်နေ့တွင် ချင်းလူမျိုးအများစုနေထိုင်သော အင်ဒီးယားနားပြည်နယ်မှာ ချင်းလူထုနှင့်…

Read More

(005MK) အမေရိကန်ပြည်ထောင်စုကိုရောက်ရှိနေသော မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် ပူးလာလ်ဒိုအောမ်မာသည် စက်တင်ဘာလ ၄ ရက်နေ့က ချင်းလူမျိုးအများစုနေထိုင်သည့် အင်ဒီယားနားပြည်နယ်မှာ ချင်းလူထုတွေနှင့် Town Hall meeting တွေ့ ဆုံပွဲကျင်းပပြုလုပ်ပြီး ချင်းညီညွတ်ရေးကိစ္စကို အဓိကထားပြောဆိုသွားသည်။ Chin Community of Indiana ၏ဦးဆောင်မှုဖြင့် အင်ဒီယားနားပူးလစ်မြို့ Chin Evangelical Baptist Church မှာ ဒေသစံတော်ချိန်ည ၇ နာရီမှ ၉ နာရီအထိ ကျင်းပပြုလုပ်သော လူထုတွေ့ဆုံပွဲမှာ မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်က အမေရိကန်ပြည်ထောင်စုမှာ ချင်းဘာသာရေးအသင်းတော်များ၊ အရပ်ဖက်အဖွဲ့အစည်းများအားလုံး ပူးပေါင်းဆောင်ရွက်မှုအားကောင်းလာစေရန် တိုက်တွန်းပြောဆိုသွားခဲ့သည်။ “အမေရိကန်မှာ မိမိတို့ညီအကိုကြားထဲမှာ အသင်းတော်အများအပြားရှိတာကိုတွေ့ရပါတယ်။ အသင်းတော်ဟာ စည်းလုံးညီညွတ်မှုအတွက်ဖြစ်မလာဘဲ စည်းလုံးညီညွတ်မှုကိုပြိုကွဲစေနိုင်တဲ့အရာ ဖြစ်လာမှာကို စိုးရိမ်စရာကောင်းပါ တယ် အိန္ဒိယနိုင်ငံမှာလည်း အသင်းတော်များ စည်းလုံးညီညွတ်ရေး ပူးပေါင်းဆောင်ရွက်ရေးကို သွားနေကြပါပြီ၊ အဲလိုပဲ မီဇိုရမ်ပြည်နယ်မှာလည်း အသင်းတော် ၈ ပါးဟာ Council of Churches in Mizoram ကိုဖွဲ့စည်းနိုင်ကြတော့ မှာပါ၊ အဲဒီလိုပဲ ဒီမှာ USA မှာရှိနေကြတဲ့ အသင်းတော်တွေကလည်း မိမိတို့အသင်းတော်ကိုယ်စီကို ဖျက်သိမ်းစရာမလိုဘဲ အားလုံးကိုလွှမ်းခြုံနိုင်တဲ့ ပူးပေါင်းဆောင်ရွက်နိုင်မယ့်အခင်းအကျင်းတစ်ခုကိုဖန်တီးနိုင်မယ်ဆိုရင် သိပ်ဝမ်းသာစရာဖြစ်မှာပဲ” ဟု မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်ကပြောသည်။ အလားတူ အရပ်ဖက်အဖွဲ့အစည်းပိုင်းမှာလည်း အများအပြားရှိနေကြပြီး အားလုံးကိုလွှမ်းခြုံနိုင်သော အဖွဲ့အစည်း NGO တစ်ခုအဖြစ် ပူးပေါင်းဆောင်ရွက်သင့်သည်ဟုတိုက်တွန်းသွားသည်။ ချင်းပြည်နယ်ဘက်မှာဆိုလျှင်လည်း လက်နက်ကိုင်အဖွဲ့အစည်းအများအပြားရှိနေကြပြီး မြို့နယ်တစ်ခုတည်းမှာပင် CDF နှစ်ဖွဲ့/သုံးဖွဲ့အထိရှိနေကြပြီး တူညီသောမျိုးနွယ်စုများဖြစ်ကြသော်လည်း အတူတကွပူးပေါင်းဆောင်ရွက်နိုင် ခြင်းမရှိကြကြောင်းလည်း ကြားသိနေရသည်ဟု မီဇိုရမ်ဝန်ကြီးချုပ်ကပြောသည်။ ထို့အပြင်…

Read More

(006SV) ကန်ပက်လက်မြို့နယ်အတွင်း ချင်းညီနောင်နှင့် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီတို့နှင့် ပူးပေါင်းဆောင်ရွက်ခြင်းမရှိသော မည်သည့်နိုင်ငံရေးနှင့် လက်နက်ကိုင်အဖွဲ့အစည်းကိုမျှ လက်မခံကြောင်း ကန်ပက်လက်မြို့နယ် ကောင်စီအဖွဲ့ကထုတ်ပြန်သည်။ ဩဂုတ်လ ၂၉ ရက်မှ ၃၁ ရက်အထိ တတိယအကြိမ်မြောက် ကန်ပက်လက်မြို့နယ်လုံးဆိုင်ရာ ပြည်သူ့ညီလာခံကို ကျင်းပပြုလုပ်ခဲ့ရာတွင် ထိုကဲ့သို့ ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်ကြောင်း ကန်ပက်လက်မြို့နယ်ကောင်စီနှင့် CDF – ကန်ပက်လက်တို့က စက်တင်ဘာလ ၃ ရက်မှာ ထုတ်ပြန်သည်။ တော်လှန်ရေးဆိုင်ရာစစ်ရေးကိစ္စရပ်များကို ချင်းညီနောင် (CB) နှင့် ပူးပေါင်းပြီး မဟာမိတ်များနှင့်အတူ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံရေးဆိုင်ရာကိစ္စရပ်များတွင် ကြားကာလချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (ICNCC) နှင့် ပူးပေါင်း ရပ်တည်သွားမည်ဟု ယင်းညီလာခံက ဆုံးဖြတ်ခဲ့သည်။ CB ၊ ICNCC တို့နှင့် ပူးပေါင်းဆောင်ရွက်ခြင်း မရှိသည့် မည်သည့်နိုင်ငံရေးနှင့် လက်နက်ကိုင်အဖွဲ့အစည်းကိုမျှ ကန်ပက်လက်မြို့နယ်အတွင်း လက်မခံရန် ဆုံးဖြတ်ခဲ့ကြောင်း၊ ယင်းညီလာခံ၏ ဆုံးဖြတ်ချက်များကို ဖောက်ဖျက်ကျူးလွန်သူရှိလျှင် လိုအပ်သည့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဟု သိရသည်။ စစ်အာဏာရှင်တော်လှန်ရေးတွင် ပိုမိုစနစ်ကျနိုင်ရေးအတွက် တပ်ဖွဲ့စည်းမှုပုံစံကို စစ်ဦးစီးချုပ်စနစ်ဖြင့် ပြောင်းလဲဖွဲ့စည်းပြီး တော်လှန်ရေးအရှိန်အဟုန်ကို မြှင့်တင်သွားမည်ဟု ကန်ပက်လက်မြို့နယ် ကောင်စီအဖွဲ့က ဆိုသည်။ လက်ရှိကျင်းပသည့် ကန်ပက်လက်ပြည်သူ့ညီလာခံတွင် နိုင်ငံရေးကဏ္ဍနှင့် စစ်ရေးကဏ္ဍများတွင် အပြောင်းအလဲများပြုလုပ်ထားပြီး ကန်ပက်လက်မြို့နယ် တော်လှန်ရေးအင်အားစုထံ ဆက်သွယ်မေးမြန်း၍ မရသေးပေ။ ညီလာခံကို ကန်ပက်လက်မြို့နယ်ကောင်စီနှင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ကန်ပက်လက်မြို့နယ်ရှိ မျိုးနွယ်စု ကိုယ်စားလှယ်များ၊ ဒေသကိုယ်စားလှယ်များ၊ CDF – ကန်ပက်လက်မှ တာဝန်ရှိသူများနှင့် ပါဝင်သင့်ပါဝင်ထိုက်သောပုဂ္ဂိုလ်များ စုစုပေါင်း ၈၉ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။…

Read More

(004SS) မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်အတွင်းရှိ ပလက်ဝ စစ်ဘေးရှောင်ကျောင်းများတွင် ဆရာ/ဆရာမအင်အား လုံလောက်မှုမရှိသောကြောင့် သင်ကြားရေးတွင် အခက်အခဲများရင်ဆိုင်နေကြရပြီး ကိုးတန်းအောင် ဆယ်တန်းကျောင်းသားများကိုပါ လုပ်အားပေးခါ်ယူနေရကြောင်း ပလက်ဝမြို့နယ် ပညာရေးဘုတ်အဖွဲ့ထံမှ သိရသည်။ သင်ကြား‌ရေး ဆရာ/ဆရာမများအတွက် နေစရိတ်၊ စားစရိတ်ကူညီထောက်ပံ့မှု မပေးနိုင်ခြင်း၊ လူငယ်များ ပြည်ပထွက်ခွါသူများပြားလာခြင်းကြောင့် စစ်ဘေးရှောင်ကျောင်းများတွင် သင်ကြားရေး ဆရာ/ဆရာမ လိုအပ်ချက် မြင့်မားနေခြင်းဖြစ်သည်ဟု သိရသည်။ “ကျွန်တော်တို့ ပြဿနာကြုံတာက သင်ကြားရေး ဆရာ/ဆရာမတွေ‌ပေါ့နော်၊ CDM ဝင်တဲ့သူတွေလဲရှိတယ်၊ သူတို့ကလဲ volunteer အနေနဲ့ပဲ ပါဝင်ပေးတာ၊ သူတို့မိသားစု စားဝတ်နေရေးရှိသေးတော့ အကုန်လုံး မပါဝင်ပေးနိုင်တာပေါ့။ ကျန်တော်တို့ဘက်ကနေရော ကျောင်းသားမိဘဆီကရော သူတို့ရဲ့ အသုံးစရိတ်လို့ပြောရမှာပေါ့ နေစရိတ်၊ စားစရိတ် အဲလိုမျိုးတွေ ပံ့ပိုးတာအားနည်းတဲ့ အခါကျတော့ သူတို့အနေနဲ့ ပါဝင်ဖို့ ခက်ခဲတာလဲပါမယ်ပေါ့။ နောက်ပြီး ဘွဲ့ရလူငယ်တွေပေါ့လေနော်၊ ပညာရေးမှာ စိတ်ဝင်စားပြီး ကိုယ့်ဒေသအတွက် အနစ်နာခံ ပေးဆပ်နိုင်တဲ့သူတွေပေါ့ အဲလိုခေါ်တာ၊ ခေါ်တော့ ဘယ်လိုလစာပေးတယ်ဆိုတဲ့ဟတွေ မပါတဲ့အခါကျတော့ လူငယ် တော်တော်များများက ပြည်ပထွက်တာ များတယ်။ အဲလိုများတော့ ကျွန်တော်တို့ ကိုးတန်းအောင် ဆယ်တန်းအဲဒီအထိကို လျှော့ပြီး ခေါ်ထားရတာ”ဟု ပလက်ဝမြို့နယ် ပညာရေးဘုတ်အဖွဲ့မှ ဥက္ကဌ John Bosco က ပြောသည်။ လက်ရှိတွင် ပလက်ဝမြို့နယ် ပညာရေးဘုတ်အဖွဲ့၏ ကြီးကြပ်မှုအောက်ရှိ လောင်တလိုင်ခရိုင် စစ်ဘေးရှောင်စခန်းများတွင် အခြေခံပညာ အထက်တန်းကျောင်း ၃ ကျောင်း၊ အခြေခံပညာ အလယ်တန်းကျောင်း ၂ ကျောင်းနှင့် အခြေခံပညာ မူလတန်းကျောင်း ၇ ကျောင်း…

Read More

(006SV) ချင်းပြည်နယ်၊ မတူပီမြို့နယ်အခြေစိုက် ချင်းတော်လှန်ရေးအင်အားစုများအနေဖြင့် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို ပြန်လည် ဖွဲ့စည်းသင့်ကြောင်း မတူပီမြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့က စက်တင်ဘာလ ၃ ရက်မှာ သတင်းထုတ်ပြန်သည်။ မတူပီမြို့နယ်အတွင်းရှိ တော်လှန်ရေးအင်အားစုအဖွဲ့များ အားလုံး၊ ရပ်မိ/ရပ်ဖများ၊ မြို့မိ/မြို့ဖများ၊ တတ်သိပညာရှင်များ၊ တက်ကြွလှုပ်ရှားသူများ၊ ပါဝင်သင့်ပါဝင်ထိုက်သူများ စုပေါင်း၍ စေ့စပ်ညှိနှိုင်းရေးကို အကောင်အထည်ဖော်ပြီး တစုတစည်းတည်း လုပ်ငန်းဆောင်ရွက်နိုင်ရန် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို ပြန်လည်ဖွဲ့စည်းသင့်သည်ဟု မတူပီမြို့နယ် – ပအဖ က ထုတ်ပြန်သည်။ ၂၀၂၂ ခုနှစ် အောက်တိုဘာလထဲတွင် ပထမအကြိမ် လူထုညီလာခံကို လွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသအသီးသီးနှင့်၊ CDF – မတူပီ တပ်ရင်းများမှ ကိုယ်စားလှယ်များ၊ ပညာရေး၊ ကျန်းမာရေးနှင့် CDMs၊ CSOs၊ IDPs အဖွဲအစည်းအသီးသီးမှ ကိုယ်စား လှယ် ၈၀ ဦးကျော်ဖြင့် ကျင်းပပြီး မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး ဥပဒေကို ပြဌာန်းကာ လူထုရွေးကောက်ပွဲဖြင့် မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ကြောင်း သိရသည်။ ဒုတိယအကြိမ် မတူပီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအထွေထွေညီလာခံကို ကျင်းပပြုလုပ်ရန် စီမံချက်များရေးဆွဲပြီးဖြစ်သော်လည်း စစ်ကောင်စီက စစ်ကြောင်းထိုးခြင်း၊ စခန်းသိမ်းတိုက်ပွဲရှိခြင်း၊ CDF-Matupi တပ်မဟာ ၁ နှင့် ၂ ကွဲပြီး၊ မြို့နယ်ပြည်သူ့အုပ်ချုပ် ရေးအဖွဲ့ဝင်များ နယ်မြေဖြတ်သန်းသွားလာခွင့် ကန့်သတ်ခံရခြင်းတို့ကြောင့် ယနေ့ချိန်ထိ ညီလာခံမကျင်းပနိုင်ပဲရှိနေခဲ့သည်ဟု သိရသည်။ ထိုကဲ့သို့အခြေအနေမျိုးတွင် ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၀ ရက်မှာ CDF- မတူပီ၊ တပ်မဟာ – ၁ က မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ကို…

Read More

(004SS) ချင်းပြည်နယ်မြို့တော် ဟားခါးမြို့အခြေစိုက် ရဲတပ်သားတစ်ဦးသည် လက်နက်နှင့်အတူ အလင်းဝင်လာကြောင်း CDF-Hakha က ယနေ့တွင် သတင်းထုတ်ပြန်သည်။ အဆိုပါအလင်းဝင်လာသူ ရဲသားသည် စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်လိုခြင်းမရှိတော့ဘဲ ပြည်သူ နှင့်အတူ တော်လှန်ရေးတွင် ပါဝင်မည်ဟုဆိုကာ ယမန်နေ့ စက်တင်ဘာလ ၂ ရက်နေ့တွင် CDF- Hakha ထံ အလင်းဝင်လာခြင်းဖြစ်သည်ဟု သိရသည်။ လက်နက်နှင့်အတူ အလင်းဝင်လာရဲတပ်သားကို CDF-Hakha မှ ဝမ်းအမြာက်စွာ ကြိုဆိုကြောင်း၊ ဆုငွေ ချီးမြှင့်ပြီးနောက် လုံခြုံ‌သောနေရာသို့ ပို့ဆောင်ပေး‌ခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။ စစ်အာဏာရှင်လက်အောက်တွင် တာဝန်ထမ်းဆောင်လိုခြင်းမရှိတော့ဘဲ ပြည်သူနှင့်အတူ ရပ်တည်ကာ တော်လှန်ရေးတွင် ပါဝင်ချင်သော မည်သူမဆို အလင်းဝင်လိုပါက CDF- Hakha ထံအချိန်မရွေးဆက်သွယ်နိုင်ကြောင်းနှင့် လုံခြုံသောနေရာရောက်သည်အထိ တာဝန်ယူပေးမည်ဖြစ်ကြောင်း CDF-Hakha က အသိပေးထားသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၄ ရက်နေ့ကလည်း ‌ဟားခါးမြို့ ခြောက်လမ်းဆုံတွင် တာဝန်ထမ်းဆောင်ခဲ့သော ရဲတပ်သားတစ်ဦး CDF-Hakah ထံ လက်နက်နှင့်အတူ အလင်းဝင်လာခဲ့ပြီး ဆုငွေချီးမြှင့်ကာ လုံခြုံသောနေရာသို့ ပို့ဆောင်ခဲ့ပြီးဖြစ်သည်။

Read More

(002MG) ချင်းတောင်ခြေ စစ်ကိုင်းတိုင်း ကလေးမြို့တွင် အခြေခံစားသောက်ကုန်များ အဆမတန် မြင့်တက်နေသောကြောင့် ဒေသခံပြည်သူများ၏ အထွေထွေကြပ်တည်းမှုမှာ ယခင်ကထက် ပိုပိုဆိုးလာနေသည်ဟု သိရသည်။ ကလေးမြို့တွင် ပြည်မဘက်မှ ကုန်ပစ္စည်များရောက်မလာသည်မှာ လချီကြာ မြင့်နေပြီဖြစ်ကာ ရှိသည့်ကုန်ပစ္စည်းများ မှာလည်း ပြတ်လပ်လုနီးပါးများဖြစ်ကြပြီး တနေ့နှင့်တနေ့ ဈေးနှုန်းမတူပဲ အပြောင်းအလဲအမြဲဖြစ်နေသည်ဟု ကလေးမြို့က ကုန်စုံဈေးဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။ “ကျမတို့ ကုန်ခြောက်တွေဆိုရင် ဒီနေ့သွားယူတဲ့ ဈေးနဲ့ မနက်ဖြန်ဈေးတောင်မတူတော့ဘူး၊ အရင်တခေါက်ကဆိုရင် ဆပ်ပြာမူန့် (OK၊ ဖူဂျီ) ဗူး‌အကြီးတွေဆိုရင် ၄ သောင်းလောက်နဲ့ ယူခဲ့တာ အခုတခေါက်ဆို (၉) သောင်းရှိပြီလေ၊ ဒါတောင် လိုချင်သလောက်တောင်မရဘူး၊ စားဆီတွေဆိုရင်လည်း ကုမ္ပဏီကတောင် ပြတ်တော့မယ်ပြောလို့ အိမ်သုံးဖို့ တဖာ သီးသန့်ကို ချန်ထားရတယ်။ အခု ကုန်ကားတွေဝင်ရင်တောင်မှ တန်ဆာခနဲ့ဆိုရင် ဈေးတွေက အကုန်လုံးကို တက်နေတော့တာပဲ” ဟု ပြောသည်။ ယခုလက်ရှိ ကလေးမြို့ပေါ်မှာ အီကြာကွေးတစ်ချောင်း ယခင် ၂၀၀ ကျပ်မှ ၄၀၀ ကျပ်အထိ မြင့်တက်သွားပြီး၊ ဆာဗူးသီးတစ်ပွဲမှာလည်း ကျပ် ၁၀၀၀ ကနေ ၂၀၀၀ အထိ မြင့်တက်သွားခြင်းကြောင့် သွားရည်စာ ပုံမှန်စားရန်ပင် အခက်အခဲရှိလာနေသည်ဟု ကလေးမြို့ဒေသခံတစ်ဦးကပြောသည်။ “အကုန်လုံး အစစအရာရာက ဈေးတက်နေတော့လေ မနက်မနက်သွားရည်စာ စားဖို့တောင် အဆင်မပြေချင်တော့ဘူး၊ ဘာလို့လည်ဆိုတော့ သွားရည်စာ စားဖို့တောင်မှ သောင်းဂဏန်းထိကုန်ကျနေပြီလေ၊ ကျမတို့လို အခြေခံလူတန်းစာ တွေအတွက်ကတော့ အဆင်မပြေတော့ဘူး၊ ထမင်းကြမ်းကို ကိုယ့်ဘာသာပြန်ကြော်ပြီး စားနေရတော့တယ် ဝယ်မစား နိုင်တော့ဘူးလေ” ဟု ကလေးမြို့ဒေသခံ…

Read More

(005MK) အမေရိကန်ပြည်ထောင်စု မေရီလဲန်းပြည်နယ်တွင် စက်တင်ဘာလ ၂ ရက်နေ့က ကျင်းပပြုလုပ်သော ၃၁ ကြိမ်မြောက် “Mizo Day” အခမ်းအနားမှာ အထူးဧည့်သည်တော်ကြီးအဖြစ် မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် ပူးလာလ်ဒိုအောမ်မာနှင့် ဇနီးဖြစ်သူ ပီးလျန်ဆိုင်လိုအီးတို့ တက်ရောက်ချီးမြှင့်ခဲ့ကြသည်။ Mizo Society of America (MSA) အဖွဲ့မှဦးဆောင်ပြီး မေရီလဲန်းပြည်နယ် F. Scott Fitzgerald ပြဇာတ်ရုံမှာ ကျင်း ပသော ယင်းအခမ်းအနားမှာ ဝန်ကြီးချုပ် ပူးလာလ်ဒိုအောမ်မာက ချင်းမျိုးနွယ်စုများ၏သမိုင်းကြောင်းနှင့် စည်းလုံးညီညွတ်ရေးအကြောင်းကို မိန့်ခွန်းပြောကြားခဲ့သည်။ ချင်း-လူရှိုင်း-ကူကီမျိုးနွယ်စုများသည် ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းအစဉ်အလာ၊ ဘာသာစကား၊ ပွဲတော်၊ သီချင်း ပုံပြင် စသည့်များကြည့်ခြင်းအားဖြင့် ဆင်းသက်လာရာတူညီသော တအူတုံဆင်းညီရင်းအကိုများဖြစ်ကြပြီး ပိုင်းခြား၍မရသော လူမျိုးများဖြစ်ကြသည်ဟု ဝန်ကြီးချုပ်ကပြောသည်။ အိန္ဒိယ-မြန်မာ-ဘဂ်လားဒေရှ့်စသည့် သုံးနိုင်ငံတွင် တကွဲတပြားစီ နေထိုင်ကြရသော မိမိတို့လူမျိုးများ တနေ့နေ့ တချိန်ချိန် အုပ်ချုပ်မှုတစ်ခုအောက်မှာပြန်လည်နေထိုင်နိုင်မည်ဟု မျှော်လင့်ကြောင်းလည်း ဝန်ကြီးချုပ်ကပြော ဆိုခဲ့သည်။ “မိမိတို့ဟာ ဒီကမ္ဘာပေါ်မှာ အစိတ်စိတ်အမွှာမွှာနဲ့ ကွဲပြားမနေတော့ဘဲ ကျယ်ဝန်းတဲ့နယ်မြေတစ်ခုမှာ အင်အားကောင်းပြီး ကြီးမြတ်တဲ့ လူမျိုးတမျိုးအဖြစ် ပေါ်ထွန်းလာစေဖို့ လက်ရှိပထဝီနိုင်ငံရေးအပြောင်းအလဲကို ကြည့်ခြင်းအားဖြင့် ဘုရားခင်ကလည်း အခွင့်ပေးလာမယ်လို့ ယုံကြည်မှုရှိတယ်၊ ဘုရားထံကနေ တစုံတရာအသိပေးသလို ခံစားရပါတယ်၊ ဒါကြောင့် စည်းလုံးညီညွတ်မှုပိုင်းကို အားလုံးဦးတည်ဆောင်ရွက်သွားကြဖို့ ဖိတ်ခေါ်ပါတယ်” ဟု မီဇိုရမ် ပြည်နယ်ဝန်ကြီးချုပ်က ပြောဆိုခဲ့သည်။ မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်သည် ချင်းလူမျိုးအများစုနေထိုင်ရာ အင်ဒီယားနားပြည်နယ်မှာလည်း Chin community of Indiana အဖွဲ့၏ ဖိတ်ကြားချက်ဖြင့် စက်တင်ဘာလ ၄ ရက်နေ့တွင် ချင်းလူထုများနှင့် တွေ့ဆုံမည်ဖြစ်ပြီး၊…

Read More

(006SV) ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ တိုက်နယ်အမှတ် (၅) အတွင်းက ကျေးရွာများတွင် တစ်ရွာလျှင် ၅ ဦးနှုန်းဖြင့် စစ်မှုထမ်းရန် CDF – ကန်ပက်လက်က ခေါ်ယူစုဆောင်းနေကြောင်း ကန်ပက်လက်မြို့နယ်၊ အမှတ် ၅ ပြည်သူလူထုက စက်တင်ဘာလ ၁ ရက်မှာ ထုတ်ပြန်သည်။ ကန်ပက်လက်တိုက်နယ် အမှတ် (၅) က ကျေးရွာများတွင် လူငယ်၊ လူလတ်ပိုင်းများကို CDF- ကန်ပက်လက်မှ စစ်မှုထမ်းရန် အမိန့်ပေးပြီး လက်နက်ဖြင့် ခြိမ်းခြောက်အနိုင်ကျင့်ကာ စစ်မှုမထမ်းမနေရစနစ်ကို ကျင့်သုံးလျက် အဓမ္မစုဆောင်းနေသည်ကို တွေ့ရှိရသည်ဟု အမှတ် (၅) ဒေသခံများ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဩဂုတ်လ ဒုတိယပတ်အတွင်း မကြားကျေးရွာမှ လူငယ် ၃ ဦး၊ တုံငယ်ကျေရွာမှ လူငယ် ၂ ဦး၊ ခါပန်းကျေးရွာမှ လူငယ် ၆ ဦးတို့ကို စစ်မှုထမ်းစေရန် အာရက္ခတပ်တော် (AA) သင်တန်းကျောင်းသို့ ခေါ်ဆောင်သွားခဲ့ကြသည်ဟု ထုတ်ပြန်သည်။ ပြည်သူလူထု၏ သဘောဆန္ဒမပါဘဲ အဓမ္မ စစ်မှုထမ်းစေခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်ခြင်းများ ဆက်လက်လုပ်ဆောင်ပါက နောက်ဆက်တွဲ ဖြစ်ပေါ်လာနိုင်သည့် ပြသနာများကို သက်ဆိုင်ရာတာဝန်ရှိသူများမှ အပြည့်အဝ တာဝန်ယူရမည်ဖြစ်ကြောင်း အမှတ် ၅ ပြည်သူလူထုက ထုတ်ပြန်လာသည်။ အမှတ် (၅) ပြည်သူလူထု၏ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ CDF – ကန်ပက်လက် တာဝန်ရှိသူများထံ ဆက်သွယ်မေးမြန်းနေ သော်လည်း မရရှိသေးပါ။ ထို့အပြင် ကန်ပက်လက်မြို့နယ်အတွင်း အာရက္ခတပ်တော် ULA/AA က စစ်ရေးလှုပ်ရှားခြင်း၊…

Read More