Author: Editor

စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်ထက် နအဖစစ်အစိုးရက ၂၀၁၀ ပြည့်နှစ်မှာ ပြဌာန်းထားခဲ့တဲ့ ပြည်သူ့စစ်မှု ထမ်းဥပဒေကို အခုအာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စစ်အာဏာသိမ်းပြီး ၃ နှစ်အကြာ၊ တော်လှန် ရေးအင်အားစုတွေ၊ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ စစ်ဖြစ်ပွားမှု ပိုမိုကျယ်ပြန်လာနေချိန် ဖော်ဖော်ဝါရီလ ၁၀ ရက်မှာ စတင် အာဏာတည်စေရမယ်လို့ ကြေညာခဲ့ပါတယ်။ ပြည်ပနိုင်ငံတစ်ခုခုနဲ့ စစ်မက်ဖက်ပြိုင် နေရချိန်မဟုတ်ပါဘဲ ဒီဥပဒေကို အခုစစ်ခေါင်းဆောင်က အသက်သွင်းလိုက်တာဖြစ်ပါတယ်။ ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ အကျုံးဝင်နေတဲ့ လူငယ်၊ လူရွယ်တွေဟာ ၂၀၁၉ ကြားဖြတ်သန်းခေါင်စာရင်အရ ၁၃ သန်း (အမျိုးသား ၆.၃ သန်း၊ အမျိုးသမီး ၇.၇ သန်း) ရှိနေပြီး တစ်နှစ်ကို ၅ သောင်းခန့် ခေါ်ယူမယ်လို့ စစ်ကောင်စီ ဆိုပါတယ်။ စစ်ကောင်စီဟာ နိုင်ငံတဝန်းက အရွယ်ရောက်သူတိုင်းကို စစ်တပ်ထဲ သွက်သွင်းနိုင်ဖို့ ဥပဒေအတည်ပြုပြီး နှစ်လ နီးပါးအကြာ၊ ဧပြီလမှာ ပထမအကြိမ် သင်တန်းပေးကာ စစ်မြေပြင်ပို့နိုင်ဖို့ အချိန်တိုအတွင်း လျင်လျင်မြန်မြန် ဆောင်ရွက်နေပါတယ်။ စစ်မှုမထမ်းမနေရ ဥပဒေအရ သာမန်အမျိုးသားက အသက် ၁၈ နှစ်မှ ၃၅ နှစ်အထိ အကျုံးဝင်ပြီး အတတ်ပညာတတ်မြောက်သူ တွေက အသက် ၁၈ နှစ်မှ ၄၅ နှစ်အထိ စာရင်းဝင်ပါတယ်။ သာမန်အမျိုးသမီးက အသက် ၁၈ နှစ်မှ ၂၇ နှစ်အထိ အကျုံးဝင်ပြီ အတတ်ပညာတတ်မြောက်သူတွေက အသက် ၁၈ နှစ်မှ ၃၅ နှစ်အထိ စာရင်းဝင်ပါတယ်။ စစ်မှုထမ်းရသူတွေဟာ သာမန်အခြေအနေမှာ…

Read More

(005MK) မီဇိုရမ်ပြည်နယ် အိုင်ဇောလ်ခရိုင် Sihhmui ကျေးရွာက မြန်မာစစ်ဘေးရှောင်စခန်း မီးလောင်မှုကြောင့် ပြာကျခဲ့ရသော နေအိမ်များကို ယနေ့တွင် ကျေးရွာကောင်စီနှင့် မီဇိုးလူငယ်အသင်း (YMA) တို့၏ ဦးဆောင်မှုဖြင့် ပြန်လည်ဆောက်လုပ် ပေးခဲ့ကြသည်ဟုသိရသည်။ Sihhmui ကျေးရွာတွင် မြန်မာစစ်ဘေးရှောင်စခန်း ၂ ခုရှိပြီး စစ်ရှောင်စခန်း Camp (၂) က နေအိမ် ၈ လုံးသည် ယမန် နေ့ည ၇ နာရီခန့်က မီးလောင်ပြာကျခဲ့ခြင်းဖြစ်သည်။ ယနေ့တွင် Sihhmui ကျေးရွာကောင်စီအဖွဲ့နှင့် မီဇိုးလူငယ်အသင်း (YMA) တို့၏ ဦးဆောင်မှုဖြင့် မီးဘေးသင့်ပြည်သူများ ၏နေအိမ်များကို ပြန်လည်ဆောက်လုပ်ပေးခဲ့ကြသည်ဟု နေအိမ်ဆောက်လုပ်မှုတွင်ပါ၀င်သူ Network for Unity Association (NUA) မှတာ၀န်ရှိသူတစ်ဦးဖြစ်သည့် ဆရာဇော်ထွန်းကပြောသည်။ “YMA နဲ့ ကျေးရွာကောင်စီအဖွဲ့ (VCP) တို့က အဓိကဦးဆောင်တာပေါ့နော် အလှူငွေပေးကြတဲ့ဟာတွေနဲ့ပေါ့နော် နေအိမ် တွေပြန်ဆောက်ပေးတယ် အုပ်စု ၂ စုခွဲပြီး ၀◌ါးတွေသွားခုပ်ကြတယ် တိုင်တွေကျတော့၀ယ်ရတယ် အလှူငွေတွေရ တဲ့ထဲကနေ အဲဒါတွေ၀◌ယ်ပြီးတော့ အိမ် ၈ လုံးပြန်ဆောက်ပေးတာပါ” ဟု ဆရာဇော်ထွန်းကပြောသည်။ Sihhmui စစ်ရှောင်စခန်း Camp (၂) သည် ယမန်နေ့ည ၇ နာရီ၀န်းကျင်ခန့်က ဘုရားကျောင်းတက်နေကြသည့်အချိန် တွင် မီးဖိုချောင်ကနေတဆင့် မီးစတင်လောင်ကျွမ်းကာ ဂက်စ်အိုးပေါက်ကွဲမှုကြောင့် မီးလောင်ကျွမ်းမှုအားပြင်းလာပြီး တစ်အိမ်ပြီးတစ်အိမ်ကူးစက်လောင်ကျွမ်းသွားခဲ့ခြင်းဖြစ်သည်ဟုသိရသည်။ မီးလောင်ကျွမ်းမှုတွင် မိုဘိုင်းဖုန်း (၄) လုံး၊ Solar & Battery (၉) ခုနှင့်အခြားသော အိမ်တွင်သုံးပစ္စည်းအမြောက်အများလည်း ပျက်စီးဆုံးရှုံးခဲ့ပြီး…

Read More

(002MG) စစ်ကိုင်းတိုင်း ကလေးမြို့ မွန်းလိုင် (Hmunlai) ရပ်ကွက်တွင် စစ်ကောင်စီတပ်မှပစ်ခတ်လိုက်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားပြည်သူ ၃ ဦးသေဆုံးခဲ့ရသည်ဟု သိရသည်။ ယနေ့ ဖေဖော်၀ါရီလ ၂၁ ရက်မနက်ပိုင်းကစ၍ ကလေးမြို့ပေါ်နှင့် ကလေးမြို့အနီး ကံကြီးကျေးရွာဘက်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားရာမှာ စစ်ကောင်စီတပ်က လက်နက်ကြီးများ တနေကုန်နီးပါး ပစ်ခတ်ခဲ့သည်ဟု သိရသည်။ ညပိုင်း ၇ နာရီခွဲ၀န်းကျင်ခန့်တွင် စစ်ကောင်စီတပ်ဖွဲ့မှ ပစ်ခတ်လိုက်သော လက်နက်ကြီးကျည် မွန်းလိုင်ရပ်ကွက်က နေအိမ်တစ်လုံးပေါ်ကျရောက်ပေါက်ကွဲကာ အိမ်ထဲနေထိုင်သူ ၂ ဦးနှင့် ဘေးအိမ်ကတစ်ဦး စုစုပေါင်း ၃ ဦး ထိမှန်သေဆုံးသွားခြင်းဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။ လက်နက်ကြီးကြောင့် သေဆုံးသူများမှာ အသက် ၅၀ အရွယ် Pu Lalnunthar၊ အသက် ၆၅ နှစ်အရွယ် Pi Than Cuai နှင့် အသက် ၁၆ နှစ်အရွယ် မ Monica Lalnunmawi တို့ဖြစ်ကြသည်ဟု သိရသည်။ ထိခိုက်ဒဏ်ရာရရှိသူ ၃ ဦးရှိသည်ဟုသိရပြီး အသက် ၈ နှစ်အရွယ်ကလေးငယ်တစ်ဦးလည်း ပါ၀င်သည်ဟု သိရသည်။ ယနေ့တရက်တည်းတွင် စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးမြို့မြောက်ပိုင်း လက်ပံချောင်းနှင့် ပြည်တော်သာကျေးရွာက အရပ်သားပြည်သူ ၅ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြကြောင်း သိရသည်။

Read More

(002MG) စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်နှင့် ကလေးမြို့မြောက်ပိုင်း ကံကြီးရွာတွင် ယနေ့မနက် (၆) နာရီခွဲခန့်က စ၍ တပြိုင်တည်း တိုက်ပွဲဖြစ်ပွားနေသည်ဟု CDF- KKG တပ်ရင်းမူး မန်ပီးက ပြောသည်။CDF KKG တပ်ရင်းမူး မန်ပီးက “ကိုးမိုင်ရဲစခန်းဖက်မှာလဲ ဖြစ်တယ်၊ အဓိက အကြီးကျယ်ဆုံးက အင်ဒိုင်းကုန်း (မြို့လှ) ရပ်ကွက်၊ ကံကြီးရွာဖက်ပျူစောထီးတွေနဲ့ စစ်သားတွေနေတဲ့နေရာတွေမှာဖြစ်တယ်၊ မြို့ထဲမှာ တော့ အခုထိ ပစ်ကြတုန်း” ဟု ပြောသည်။ စစ်ကောင်စီတပ်နှင့် ပျူစောထီးများနေရာယူထားသော ကံကြီးကျေးရွာကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များဖြစ်သည့် CDF-KKG, CNDF, PDF-Vakok , RKDF, Kalay PDF leh LDF (ပကဖ) တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ပြီး နောက် မြို့ထဲမှာလည်း တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်သည်ဟုသိရသည်။ ကလေးမြို့တွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ကလည်း လက်နက်ကြီးဖြင့် ပစ်ကူနေပြီး စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် လက်ပံချောင်းကျေးရွာထဲက အရပ်သား ၄ ဦးထိခိုက်မှုရှိသည် ဟုသိရသည်။ကလေးမြို့က ဒေသခံတစ်ဦးက”မနက်မိုးလင်းကတည်းက တိုက်ပွဲဖြစ်တာ အခုထိပဲ မြို့ထဲကနေ လက်နက်ကြီးနဲ့ပစ်တာ အချက်တော်တော်များတယ်” ဟုပြောသည်။ကလေးမြို့ မြောက်ပိုင်း ကံသာယာကျေးရွာ ၊ကံကြီးကျေးရွာ ၊ဒိုးဝိုင်းချောင်း၊ ကလေးတောင်ပိုင်း စက္ကန့်ကျေးရွာ၊ လေးအိမ်စု၊ မြို့လှရပ်ကွက်ဘက် အသွားအလာမပြုလုပ်ရန်နှင့် မြို့တွင်း အသွာအလာ သတိပြုကြရန် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များကသတိပေးထားသည်။

Read More

(006SV) ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ မရာနယ်မြေအတွင်း ချင်းကာကွယ်ရေးတပ်ဖွဲ့အချင်းချင်းကြား ထိတွေ့တိုက်ပွဲများ ကျယ်ပြန့် လာပြီး တိုက်ပွဲများအတွင်း ထိခိုက်ကျဆုံးမှုများ ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။ မရာနယ်မြေအတွင်း ပထိန်တလန်ကျေးရွာနှင့် ပိုက်တေကျေးရွာအနီးတွင် ဖေဖော်ဝါရီလ ၁၇ ရက် မွန်းလွဲ ၁ နာရီခွဲခန့်တွင် ချင်းအမျိုးသားတပ်မတော် CNA ၊ CDF – Mara ဦးဆောင်သော ချင်းပူးပေါင်းတပ်ဖွဲ့နှင့် မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (MDF) တို့ကြား ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း MDF ၊ ကာကွယ်ရေးအတွင်းရေးမှူး ဓူဝံက ပြောသည်။ “ချင်းလဲန်းကောင်စီတပ်ဖွဲ့ဝင်တွေကလည်း အခုလိုမျိုး မရာအချင်းချင်းကြားက ပြသနာကို ဆက်လက်ပြီးမှ ပါဝင်နေမယ်၊ ဒီလိုမျိုး စစ်ရေးအရ ရန်စမှုတွေ ဆက်လုပ်နေမယ်ဆိုရင် တိုက်ပွဲကတော့ ပိုပြင်းထန်ဖို့ရှိတယ်။ ပိုရှည်ကြာဖို့ ရှိတယ်။ ဒီဟာကို ငြိမ်စေချင် တယ်ဆိုရင် နှစ်ဖက်ကောင်းကောင်းမွန်မွန် အဆင်ပြေစေချင်တယ်ဆိုရင် မရာမဟုတ်တဲ့ တပ်ပေါင်းစုပဲ ဖြစ်ဖြစ်၊ CNA ပဲ ဖြစ်ဖြစ် မရာနယ်မြေကနေ ဆုတ်ခွာပေးဖို့ကို ပြောချင်တယ်” ဟု MDF မှ ကိုဓူဝံက ပြောသည်။ တိုက်ပွဲတွင် CNA မှ ရဲဘော် (၁) ဦး ကျဆုံးပြီး CNA နှင့် CDF ချင်းပူးပေါင်းတပ်မှ ရဲဘော် (၄) ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကာ MDF ဘက်မှ ထိခိုက်ကျဆုံးမှု မရှိကြောင်း သိရသည်။ ပိုက်တေကျေးရွာအနီးတွင် MDF တပ်ဖွဲ့က အထိုင်စခန်းတစ်ခု ချထားရာ CNA နှင့် CDF…

Read More

ရေး – Salai Van Cung Lian (UK) နိဒါန်း ချင်းအမျိုးသားနေ့ကို ကျင်းပတဲ့အခါတိုင်း မိန့်ခွန်းများတွင် ဘာကြောင့်ကျင်းပရသလဲဆိုတာကို အမြဲပြောလေ့ရှိပေမယ့် အဓိပ္ပါယ်ဖွင့်ဆိုပုံခြင်းမတူကြပါဘူး။ တချို့က… တိုက်သူကြီး၊ ရွာသူကြီး စနစ်ကနေ ဒီမိုကရေစီစနစ်ပြောင်းလဲအသုံးပြုဖို့ ဆုံးဖြတ်တဲ့နေ့၊ တချို့ကတော့… ဖလမ်းမြို့မှာ လူထုငါးထောင်တွေ့ဆုံပြီး ဆုံးဖြတ်တာဖြစ်တဲ့အတွက် စည်းလုံးမှု ပြယုဒ်ဖြစ်လို့… စသဖြင့်ပြောဆိုကြ သည်။ တချို့ကလည်း… ဘိုးဘွားတွေ နှစ်ပေါင်းများစွာ ကျင့်သုံးလာခဲ့တဲ့ တိုက်သူကြီး၊ ရွာသူကြီး စနစ်ကို ဖျက်သိမ်းတာဖြစ်တဲ့နေ့ကို ချင်းအမျိုးသားနေ့လို့ မခေါ်သင့်ကြောင်း ပြောကြသည်။ ဒါကြောင့် ချင်းသမိုင်းအကျဉ်းချုပ်နဲ့ ချင်းအမျိုးသားနေ့ရဲ့အနှစ်သာရကို ပြန်သုံးသပ်ကြည့်ချင်ပါတယ်။ ချင်းအမျိုးသားနေ့ဟာ ၁၉၅၁ ခုနှစ်အောက်တိုဘာလ (၉) ရက်နေ့တွင်ကျင်းပသော ချင်းရေးရာဝန်ကြီး အစည်းအဝေးမှ ဖြစ်ပေါ်လာသည့် အချက်ကို အာလုံးသိပြီးဖြစ်သည်။ ထို့ကြောင့် ချင်းမျိုးသားနေ့ အကြောင်းလေ့လာရာတွင် ကျွနု်ပ်သည် ချင်းရေးရာဝန်ကြီးအစည်းအဝေး၏ ဆွေးနွေးချက်နှင့်ဆုံးဖြတ်ချက်ကိုသာ စူးစိုက်ဖော်ပြသွားမည်ဖြစ်သည်။ လွပ်လပ်ပြီးခေတ်၊ချင်းရေးရာဌာန၏ ကြိုးပမ်းမှုများ ၁၉၅၁ ခုနှစ်၊ အောက်တိုဘာလ (၉) ရက်နေ့ ချင်းရေးရာကောင်စီ အစည်းအဝေးအကြောင်း မဖော်ပြမီ တွင် ချင်းရေးရာဌာန၏ လွတ်လပ်ပြီးကာလ ကြိုးပမ်းချက်များအားဖော်ပြလိုပါသည်။ ၁၉၄၈ခုနှစ်၊ ဇန္နဝါရီလ (၄) ရက်နေ့တွင် မြန်မာနိုင်ငံသည် ဗြိတိသျှလက်အောက်မှလွတ်လပ်ရေးရရှိခဲ့သည်။ ၁၉၄၇ ခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ အပိုဒ် – ၅၊ ချင်းဝိသေသတိုင်းအခန်း၊ ပုဒ်မ – ၁၉၆၊ ၁၉၇၊ ၁၉၈ တို့အရ ချင်းရေးရာကောင်စီ၊ ချင်းရေးရာဌာနနှင့် ချင်းရေးရာဝန်ကြီးတို့ပေါ်ပေါက်လာခဲ့ပါသည်။ ချင်းရေးရာဌာနရဲ့ ပထမဆုံးလုပ်ငန်းအနေဖြင့် ချင်းတောင်တန်းတွင် ရှေးယခင်ခေတ်အဆက်ဆက်မှ…

Read More

(06SV၊ 02MG၊ 04SS) အရွယ်ရောက်သူတိုင်း စစ်မှုထမ်းရမယ့် ဉပဒေကို စစ်ကောင်စီက ဒီလဖေဖော်ဝါရီလထဲ အတည်ပြုလိုက်ပြီးတဲ့နောက် ချင်းပြည်၊ မြို့တွေပေါ်က လူငယ်၊ လူရွယ်တွေနဲ့ မိဘတွေကြားမှာ စိုးရိမ်မှုတွေ ပိုမိုမြင့်တက်လာနေပါတယ်။ ချင်းပြည်နယ် စစ်ကောင်စီရုံးစိုက်ရာ ဟားခါးမြို့ လမ်းမတွေပေါ်မှာ စစ်ကောင်စီဂိတ်စခန်း တွေကို ပုံမှန် မြင်တွေ့ရ ပေမယ့် လူငယ်လူရွယ်တွေ သွားလာလှုပ်ရှားမှုက ဒီရက်ပိုင်း တစ်နေ့ထက် တစ်နေ့ ပိုနည်းလာနေပါတယ်။ အဲဒါက ဟားခါးက လူငယ်လူရွယ်တွေ အဖမ်းခံရပြီး စစ်တပ်လူသစ်စုမှုထဲ ပါသွားမှာ စိုးရိမ်မှုအတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ မတွေ့အောင် ပိုတိမ်းရှောင်လာကြလို့ဖြစ်ပါတယ်။ ဒီလိုဖြစ်စဉ်က ဟားခါးမြို့ပေါ်မှာပဲ ဖြစ်နေတာမဟုတ်ပဲ ချင်းပြည်က တခြား မြို့ပေါ်တွေမှာလည်း ဖြစ်ပွားနေပါတယ်။ “အဖမ်းခံရမှာ စိုးတဲ့အခါကြတော့ မတွေ့ဖြစ်အောင် ရှောင်ရတယ်။ စစ်ဉပဒေပြဌာန်းပြီးနောက် ဟားခါးမြို့မှာ လူငယ်တွေ အသွားအလာအရင်ကထက် သိသိသာသာနည်းပါးသွားတယ်” လို့ အဲဒီဟားခါးမြို့ခံက ပြောပါတယ်။ အိမ်ရှေ့အထိ ရောက်လာပြီး တံခါးခေါက်လာရင် ထွက်ပေါက်ရှာကာ ထွက်ပြေးဖို့ကိုလည်း အသက် ၃၀ အရွယ်၊ တောင်ယာလုပ်ကိုင်နေတဲ့ ဟားခါးမြို့ခံလူငယ်က ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။  တစ်နိုင်ငံလုံးက ၁၃ သန်းနီးပါး လူငယ်တွေနဲ့ မိဘဆွေမျိုးတွေကို စိုးရိမ်ပူပန်စေပြီး ဝရုန်းသုန်းကားဖြစ်စေတဲ့ ဥပဒေ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ နအဖစစ်အစိုးရက ၂၀၁၀ ပြည့်နှစ်မှာ ပြဌာန်းထားခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို အခုစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စစ်အာဏာသိမ်းပြီး ၃ နှစ်အကြာ၊ တော်လှန်းရေးအင်အားစုတွေ၊ တိုင်းရင်းသားလက်နက်ကိုင် တွေနဲ့ စစ်ဖြစ်ပွားမှု ပိုမိုကျယ်ပြန်လာနေချိန် ဖော်ဖော်ဝါရီလ ၁၀…

Read More

(002MG) စစ်ကောင်စီက စစ်မှုထမ်း ဥပဒေအတည်ပြုလိုက်ပြီးနောက်မှာ ချင်းပြည်နယ်ဟားခါးမြို့တွင် နိုင်ငံကူးလက်မှတ်ပါစ်စပို့ ပြုလုပ်သည့် လူငယ်ပိုများလာပြီး ပါစ်စပို့ပေါက်စေ◌ျးမှာလည်း ကျပ်ငွေ ၁၀ သိန်းခန့်အထိရှိနေသည်ဟုသိရသည်။ ဟားခါးမြို့ရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးသည့်ရုံးတွင် နေ့စဉ်နေ့တိုင်း ပါစ်စပို့ပြုလုပ်သူ လူဦးရေ ၁၀၀ ဝန်းကျင်ခန့် အထိရှိနေပြီး အများစုမှာ လူငယ်ပိုများသည်ဟု ဒေသခံတစ်ဦးကပြောသည်။ ဟာခါးမြို့ခံတစ်ဦးက “လုပ်တဲ့သူက နေ့တိုင်း တစ်ရာနီးပါးရှိတယ်။ အသက်ကြီးတဲ့သူထက် လူငယ်က ပိုများတယ်” ဟုပြောသည်။ စစ်ကောင်စီက အရွယ်ရောက်ပြီးသူနိုင်ငံသားတိုင်း စစ်မှုထမ်းဆောင်ရန် ဆင့်ခေါ်နိုင်သည့် ဥပဒေအတည်ပြုလိုက် ပြီးနောက် ချင်းပြည်နယ်မြို့နယ်များတွင် အတင်းဓမ္မ စစ်သားသစ်စုဆောင်းမူပြုလုပ်လာမည်ကို စိုးရိမ်နေကြ သော ကြောင့် နိုင်ငံကူးလက်မှတ်ပြုလုပ်သူပိုများလာခြင်းဖြစ်သည်ဟု သိရသည်။ လက်ရှိ ဟားခါးမြို့နိုင်ငံကူးလက်မှတ်ရုံးတွင် ၄/ များသာပြုလုပ်ပေးလျှက်ရှိပြီး ကျပ်ငွေ ၉ သိန်းမှ ၁၀ သိန်းအထိ ပေါက် စေ◌ျးရှိသည်ဟု သိရသည်။ ဟားခါးမြို့တွင် ပါစ်စပို့ပွဲစားလုပ်နေသူတစ်ဦးက “လုပ်မယ်ဆိုရင် အိမ်ထောင်စုစာရင်းနဲ့ မှတ်ပုံတင်ရှိရင် ရပြီ။ ရန်ကုန်၊ နေပြည်တော်မှာလုပ်မယ်ဆိုရင် သိန်း (၂၀) ကျော်ပေးရတယ်၊ အခုဟားခါးမှာက အပြီးအစီး (၁၀) သိန်းယူတယ်၊ ကိုယ်တိုင် သွားလုပ်ပေးတယ်” ဟုပြောသည်။ စစ်ရေး နှင့် နိုင်ငံရေးမှာ အဘက်ဘက်က အကြီးအကျယ်အထိနာနေသော စစ်ကောင်စီသည် ၂၀၁၀ ခုနှစ်က နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ(နအဖ) စစ်အစိုးရက ပြဌာန်းခဲ့သော ပြည်သူ့ စစ်မှု ထမ်းဥပဒေကို ဖေဖော် ၀◌ါရီလ ၁၀ ရက်နေ့ကပြန်လည်အသက်သွင်းလာခဲ့ပြီးနောက် ပြည်သူများအကြား စိုးရိမ်ပူပန်မှုလည်း မြင့်တက်နေကြ သလို ပြည်ပထွက်ခွါရန်ပြင်ဆင်နေသည့်…

Read More

(006SV) ချင်းပြည်ကောင်စီ၏ ဦးဆောင်မှုဖြင့် ဆဲန်ထန် မျိုးနွယ်စုနှင့် ဒေသအားလုံးကို ကိုယ်စားပြုသော Senthang Central Council/ Senthang Revolution Force ကို အသစ်ပြန်လည်ဖွဲ့စည်းခဲ့ကြသည်ဟု သတင်းရရှိသည်။ ဖေဖော်ဝါရီလ ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် ချင်းပြည်ကောင်စီ ဦးဆောင်မှုဖြင့် ဆဲန်ထန်လူထု ညီလာခံကို ဆဲန်ထန် ဒေသတစ်နေရာတွင် ကျင်းပခဲ့ရာ ဆဲန်ထန် မျိုးနွယ်စုနှင့် ဒေသအားလုံးကို ကိုယ်စားပြုအဖြစ် တစ်ဖွဲ့တည်းကို ပေါင်းစပ် ဖွဲ့စည်းခဲ့ကြပြီး လိုအပ်သော မူဝါဒများနှင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်နိုင်ခဲ့ကြောင်း သိရသည်။ ကိုယ်စားလှယ် စုစုပေါင်း ၁၂၇ ဦးဖြင့် စုံလင်စွာ တက်ရောက်ခဲ့သော အဆိုပါညီလာခံတွင် ယခင်က ရှိခဲ့သော Senthang Council နှင့် Senthang Local Council ကို အပြီးပိုင်ဖျက်သိမ်းခဲ့ကြပြီးနောက် မျိုးနွယ်စုနှင့် ဒေသကို ကိုယ်စားပြုမည့် Senthang Central Council/ Senthang Revolution Force ကို ပြန်လည်ဖွဲ့စည်းခဲ့ကြခြင်းဖြစ်သည်ဟု Senthang Revolution Force မှ တာဝန်ရှိ သူကပြောသည်။ “ကျနော်တို့က အခုမှ ပူးပေါင်းတယ်ဆိုတော့ ဖြစ်လာမယ့် အနာဂါတ်အတွက် ဦးဆောင်မှုုအပိုင်းတွေ ပြန်ပြီးတော့ အကုန်လုံးက အသစ်လိုမျိုး ဖြစ်သွားမယ်။ ခေါင်းဆောင်ပိုင်းတွေ အသစ်ရွေးချယ်တာ ရှိတယ်။ ကျနော်တို့ရဲ့ ပေါ်လစီကလည်း အတိအကျ ဘာမှလုပ်ထားတာ မရှိသေးဘူးဆိုတော့ အဲဒါတွေကို နောက်မှ ပြန်ပြီမှ လုပ်သွားဖို့ ရှိတယ်” ဟု Senthang Revolution…

Read More

(006SV) ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) ကို ပြီးခဲ့သည့် တစ်ပတ်ခန့်က အသစ်ပြန်လည် ဖွဲ့စည်းလိုက်ပြီး ပြည်သူ့အခြေပြု အသွင်သစ်ဖြင့် မြင်တွေ့ရမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ချင်းပြည် မြို့နယ်အသီးသီးမှ ကိုယ်စားလှယ်များပါဝင်သည့် ICNCC Fact – finding အဖွဲ့၏ (၃) လကြာ အချက်အလက်စုစည်းမှု၊ မြို့နယ်အသီးသီးမှ ကိုယ်စားလှယ်များ ပါဝင်သော ICNCC Reform Committee ၏ (၁) လကြာ ဆွေးနွေးမှုအပြီးတွင် အတည်ပြုလိုက်ခြင်းဖြစ်ကြောင်း ICNCC ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာကင်တန်က ပြောသည်။ “Reform Committee ကနေ တစ်လကျော်ကြာ အကြေအလည် ဆွေးနွေးပြင်ဆင်ကြတာဆိုတော့ ပြည်သူအခြေပြု အသွင်သစ် ICNCC ဖြစ်ပါတယ်။ Bottom-up ပုံစံဖြစ်ပါတယ်။ ဒီအတွက် ဂုဏ်ယူစရာကောင်းသလို လက်တွေ့အကောင်အထည်ဖော်မှုပိုင်း ပိုထိရောက်လာမယ်လို့ မျှော်လင့်ပါတယ်” ဟု ဒေါက်တာ ကင်တန်က ပြောသည်။ ICNCC အသစ်ပြန်လည် ဖွဲ့စည်းမှုကို ဖေဖော်ဝါရီလ ၁၃ ရက်က အတည်ပြုခဲ့ခြင်းဖြစ်ပြီး ချင်းပြည် တော်လှန်ရေးအင်အားစု (၇) စု ပါဝင်မည်ဖြစ်ကာ ယင်းတို့မှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းလည်ပတ်ပတ်မည်ဖြစ်ကြောင်း သိရသည်။ ICNCC တွင် ချင်းလွှတ်တော်ကိုယ်စားလှယ်များ၊ တစ်မြို့နယ်လျှင် တစ်ပါတီ (၁) ဦးနှုန်းဖြင့် ချင်းပြည်အတွင်းရှိ နိုင်ငံရေးပါတီများ၊ မြို့နယ် ကိုယ်စားပြု (၃)ဦး၊ မျိုးနွယ်စု (သို့မဟုတ်) ဒေသကိုယ်စားပြု (၁) ဦး ကိုယ်စားပြုပါဝင်မည့် ချင်းနိုင်ငံရေး ဦး‌ဆောင်အဖွဲ့နှင့် မြို့နယ် ကိုယ်စားပြု (၃)ဦး၊ မျိုးနွယ်စု (သို့မဟုတ်)…

Read More