Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်မှုတွင် ပါဝင်သော Non-CDM များကို စစ်ကောင်စီလိုသဘောထား၍ ပစ်ခတ်မည်ဟု CDF-Hakha သတိပေး
ပုံစာ - ချင်းပြည်နယ် ၊ ဟားခါးမြို့နယ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းမြို့နယ်အဆင့်စာရင်းစစ်/စာရင်းကောက်သင်တန်းအခမ်းအနား

စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်မှုတွင် ပါဝင်သော Non-CDM များကို စစ်ကောင်စီလိုသဘောထား၍ ပစ်ခတ်မည်ဟု CDF-Hakha သတိပေး

0
By Editor on September 24, 2024 Headline

(004SS)

စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ယူမည့်အစီအစဉ်၌ပါဝင်သည့် Non-CDM ဝန်ထမ်းများကို စစ်ကောင်စီကဲ့သို့ သဘောထားပြီး ပစ်ခတ်မှုပြုလုပ်တော့မည်ဟု CDF-Hakha က ယမန်နေ့ ညနေပိုင်းတွင် သတိပေးချက် ထုတ်ပြန်သည်။

ချင်းပြည်နယ် ဟားခါမြို့က ဌာနဆိုင်ရာ Non-CDM ဝန်ထမ်းများကို စစ်ကောင်စီက စက်တင်ဘာလ ၂၃ ရက်နေ့တွင် ခေါ်ယူကာ ရွေးကောက်ပွဲနှင့်ပတ်သက်သော သန်းခေါင်စာရင်းကောက်ယူနည်း သင်တန်းများကို ပို့ချခဲ့သည်ဟု သိရသည်။

CDF- Hakha အနေဖြင့် လွန်ခဲ့သော ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့က ဟားခါးမြို့ပေါ်ရှိ စစ်ကောင်စီနှင့်အတူလက်တွဲကာ အလုပ်လုပ်ကိုင်သူများအား စစ်ကောင်စီကဲ့သို့ သဘောထားမည့်အကြောင်း ထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း ၎င်းတို့အား အသက်အန္တရာယ်ထိခိုက်သည့်အထိ ပစ်ခတ်ခြင်းမပြုခဲ့ကြောင်းဆိုသည်။

သို့သော် ယခုအခါ စစ်ကောင်စီ၏ ရွေးကောက်ပွဲအစီအစဉ်တွင် သန်းခေါင်စာရင်းကောက်ယူရာ၌ ပါဝင်ကူညီသူ Non-CDM များအပါအဝင် မည်သူမဆို စစ်ကောင်စီသဖွယ်သဘောထားကာ တွေ့ရာအရပ်၌ ပစ်ခတ်တော့မည့်အကြောင်း CDF-Hakha က အတိအလင်း သတိပေးချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီက နိုင်ငံတစ်ဝန်း တိုင်းနှင့် ပြည်နယ် အသီးသီးတွင် မြို့နယ်အဆင့် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင် စာရင်းကောက်ယူနည်းသင်တန်းပြုလုပ်လျက်ရှိနေပြီး ဟားခါးမြို့အပါအဝင် ချင်းပြည်နယ်ရှိ အချို့သော မြို့များတွင်လည်း ကျင်းပခဲ့ပြီးဖြစ်သည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သန်းခေါင်စာရင်းကောက်ယူခြင်းကို အောက်တိုဘာလ ၁ ရက်နေ့မှာ စတင်ကောက်ယူသွားမည်ဟု သိရသည်။

ချင်းပြည်နယ်မှာတော့ ပြီးခဲ့သည့် ဇွန်လ ၂၇ ရက်နေ့ မနက်ပိုင်းက ၂၀၂၄ခုနှစ်၊ ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူ ရေး လုပ်ငန်းစဉ်အတွက် လူဦးရေနှင့် အိမ်အကြောင်းအရာဆိုင်ရာ လှုံ့ဆော်ရေးမြေစိုက်ပိုစတာစိုက်ထူခြင်း ဆိုင်းဘုတ်တင် အခမ်းအနားကို ဟားခါးမြို့၊ ဈေးသစ်ရပ်ကွက်၊ ပြည်နယ် အစိုးရရုံးရှေ့တွင် ဖွင့်လှစ်ကျင်းပခဲ့ပြီးနောက် လမ်းသွားလမ်းလာ ပြည်သူများအား လက်ကမ်းစာဆောင်များကို ဖြန့်ဝေခဲ့ပြီး ဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မြန်မာနိုင်ငံက စစ်ရှောင်များဆက်တိုက်ဝင်ရောက်လာမှု မီဇိုရမ်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်လာဟု ပြည်နယ်ဝန်ကြီးချုပ်ပြော

အသစ်ပေါ်ထွက်လာသော ခူမီးတပ်မတော် KPF/ KNCP က ပလက်ဝမြို့နယ်ရှိ ကျေးရွာ ၃ ရွာမှာ လူငယ် ၄၀ နီးပါးကို တပ်သားစုဆောင်း

မင်းတပ်မြို့ကို ထိုးစစ်ဆင်နေသော စစ်တပ်စစ်ကြောင်းသည် ကျောင်းသား ၁ ဦးအပါအဝင် ဒေသခံပြည်သူ ၂ ဦးကို သတ်ဖြတ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.