(006SV) အရွယ်ရောက်သူတိုင်း အမြင့်ဆုံး ၅ နှစ်ကြာ စစ်ကောင်စီတပ်တွင် စစ်မှုထမ်းရမည့်ဥပဒေအရ စစ်ကောင်စီထိန်းချုပ်ထားသော ချင်းပြည်နယ်ရှိမြို့များတွင် အတင်းအဓမ္မ စစ်သားစုဆောင်းခြင်းများ ရှိလာနိုင်ကြောင်း ချင်းလူခွင့်အရေးအဖွဲ့ (CHRO) နှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကပြောသည်။ စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့် ဟားခါး၊ ဖလမ်း၊ တီးတိန်၊ တွန်းဇံ၊ ထန်တလန်၊ မတူပီ၊ ကန်ပက်လက်နှင့် မင်းတပ်မြို့ ပေါ်များကို စစ်ကောင်စီက လက်ရှိအချိန်ထိ ထိန်းချုပ်ထားနိုင်ဆဲအခြေအနေတွင်ရှိနေသောကြောင့် ၎င်းတို့ထိန်းချုပ်ထားသော မြို့ပေါ်ရှိ လူငယ်များအား အတင်းအဓမ္မ ဖမ်းဆီးမှုရှိလာနိုင်သည်ဟု CHRO မှ စီမံခန့်ခွဲရေးအရာရှိ ဆလိုင်းမာန်ဟရဲလျန်ကပြောသည်။ “အခုကတော့ ချင်းပြည်တစ်ခုလုံးက မြို့က လွဲလို့ ပလက်ဝနဲ့ တခြားနေရာ တွေက တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ထိန်းချုပ်မှုအောက် ရှိတယ်။ အခု စစ်ကောင်စီက လုပ်ထားတဲ့ စစ်မှုမထမ်းမနေရက သူတို့ ထိန်းချုပ်လို့ ရတဲ့မြို့တွေမှာ အတင်း အဓမ္မနဲ့ လူငယ်တွေကို ဖမ်းဆီးစုဆောင်းတာမျိုး အနည်းနဲ့အများနဲ့တော့ ရှိလာမယ်” ဟု ဆလိုင်းမာန်ဟရဲလျန်က ပြောသည်။ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တစ်ခုလုံးကို ရက္ခိုင်တပ်တော် (AA) နှင့် ချင်းတော်လှန်ရေး အင်အားစုများက လက်ရှိတွင် ထိန်းချုပ်စိုးမိုးထားပြီး စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေမှာ သက်ရောက်မှုရှိနိုင်မည်မဟုတ်ကြောင်းပြောဆိုကြသည်။ ဖေဖော်ဝါရီလ ၁၀ ရက်က စတင်အသက်ဝင်လာသည့် စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းဥပဒေသည် ချင်းပြည် အပါအဝင် နိုင်ငံတစ်ဝန်းတွင် စစ်သားစုဆောင်းမှုကို တရားဝင်အဖြစ် ဆောင်ရွက်နိုင်ရန် ပြဌာန်းလာခြင်းဖြစ်သည်ဟု သိရသည်။ “အဓိက ပြည်သူတွေက ထိန်းချုပ်မှု အောက်မရောက်သေးတဲ့ မြို့ကြီးတွေပေါ့။ အဲဒီအပေါ်မှာ သက်ရောက်မှု ရှိနိုင်တယ်။ ဒါပေမဲ့ ချင်းလူမျိုးတွေက ချင်းပြည်ပြင်ပမှာ…
Author: Editor
(005MK) အိန္ဒိယ-မြန်မာ နယ်စပ်တစ်လျှောက် ခြံစည်းရိုးခတ်ပြီး လွတ်လပ်စွာလှုပ်ရှားသွားလာမှုစနစ် (FMR) အား ဖျက်သိမ်းမည့်အစီစဉ်ကို ပြန်လည်သုံးသပ်ရန် မီဇိုရမ်ပြည်နယ်က အင်အားကြီးအရပ်ဖက်အဖွဲ့စည်း ညှိနှိုင်းရေးကော်မတီ (NGOCC) က အိန္ဒိယပြည်ထဲရေး၀န်ကြီးထံ စာချွှန်လွှာပေးပို့လိုက်သည်။ မီဇိုးလူငယ်များအသင်း (CYMA)၊ မီဇိုးကျောင်းသားများသမဂ္ဂ (MZP), (MSU)၊ မီဇိုးသက်ကြီးပုဂ္ဂိုလ်များအသင်း (MUP) နှင့် မီဇိုးအမျိုးသမီးများအသင်း (MHIP) စသည့် ၅ ဖွဲ့ဖြင့် စုဖွဲ့ထားသော NGOCC က ယနေ့တွင် အိန္ဒိယပြည်ထဲရေး၀န်ကြီး Amit Shah ထံသို့ ပေးပို့ခဲ့ကြခြင်းဖြစ်သည်။ အိန္ဒိယဗဟိုအစိုးရအနေဖြင့် အိန္ဒိယ-မြန်မာ နယ်စပ်တစ်လျှောက်ခြံစည်းရိုးခတ်မည့်အစီစဉ်နှင့် နယ်စပ်တဖက် တချက်စီလွတ်လပ်စွာလှုပ်ရှားသွားလာမှုစနစ် FMR ဖျက်သိမ်းမည့်အစီစဉ်တို့ကို အကောင်ထည်ဖော်ဆောင်ရွက်ပါက မြန်မာဘက်ခြမ်းတွင်နေထိုင်ကြသော မျိုးနွယ်စုတူ ချင်း (ဇိုး) မျိုး နွယ်စုများနှင့် ရင်းနှီးစွာဆက်ဆံမှု၊ စည်းလုံးမှုပိုင်းကို ထိခိုက်စေနိုင်သည်ဟု NGOCC ကဆိုသည်။ အိန္ဒိယအစိုးရသည် ဌာနေတိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ကြေညာစာတမ်း (United Nations Declaration on the Rights of the Indigenous Peoples) ကို လက်မှတ်ထိုးထားသောနိုင်ငံဖြစ်သည့်အား လျှော်စွာ နယ်စပ်မျဉ်းကြောင့် ပိုင်းခြားခံရသော ဌာနေတိုင်းရင်းသားများ၏အရေးကို အလေးထားစဉ်းစာပေးလိမ့်မည်ဟု မျှော်လင့်ကြောင့် NGOCC ၏ ပေးစာတွင် ဖော်ပြထားသည်။ အိန္ဒိယအစီစဉ်သည် အိန္ဒိယနှင့် မြန်မာဘက်ခြမ်းတွင်နေထိုင်ကြသော ချင်း(ဇိုး) မျိုးနွယ်စုများအား ပိုင်းခြား စေရန်ရည် ရွယ်ခြင်းဖြစ်သည်ဟုယူဆရကြောင်း၊ မိမိတို့ မျိုးနွယ်စုများအကြား စည်းလုံးညီညွတ်မှုပြိုကွဲစေလာနိုင်သောကြောင့် ယင်း အစီစဉ်များကို ပြန်လည်ရုပ်သိမ်းပြီး နဂိုအတိုင်းပြန်လည်ထားရှိရန်လိုလားသည်ဟု NGOCC…
(04SS) အရွယ်ရောက်ပြီးသူ နိုင်ငံသားတိုင်း စစ်မှုထမ်းရန်ဆင့်ခေါ်နိုင်သော ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်ကောင်စီက အသက်သွင်း လိုက်ပြီးနောက် ကလေးမြို့တွင် အရပ်သားဖမ်းဆီးခေါ်ဆောင်မှုပိုများလာနေသည်ဟု တော်လှန်ရေးအင်အားစုများထံမှ သိရသည်။ “ဒီတော်လှန်ရေးစကတည်းက စစ်ကောင်စီဘက်ကနေ သံသယရှိတဲ့လူတွေ၊ တော်လှန်ရေးနဲ့ တိုက်ရိုက်မသက်ဆိုင်တဲ့ သူတွေတောင်မှ အိမ်ရှင်ခွင့်ပြုချက်လုံးဝမရှိဘဲ ဝင်ရောက်ရှာဖွေတာ ထိန်းသိမ်းတာတွေရှိတယ် အခုရက်ပိုင်းဆို ခပ်စိတ်စိတ် တွေ့ရတယ်။ အထူးသဖြင့် စစ်ကောင်စီဘက်က စစ်မှုထမ်းဥပဒေ ပြဌာန်းတဲ့ေနာက်ပိုင်းေပါ့နော်” ဟု ကလေးမြို့က တော်လှန်ရေးသပိတ်ခေါင်းဆောင်တစ်ဦးက ပြောသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှ ယနေ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့အထိ ကလေးမြို့တွင် စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးသွားသော လူငယ်အယောက် ၃၀ ဝန်းကျင်ရှိပြီဖြစ်ကြောင်းနှင့် ၎င်းတို့အား ကလေးမြို့ ဒေသကွက်ကဲရေးစစ်ဌာနချုပ် (ဒကစ) ထဲသို့ ထိန်းသိမ်းထားကြောင်း ၎င်းကပြောသည်။ စစ်ကောင်စီတပ်ဖွဲ့များသည် မြို့ပေါ်တွင် ကင်းလှည့်ရှာဖွေဖမ်းဆီးလေ့ရှိကြောင်း၊ တပ်စခန်းနှင့် နီးစပ်သည့် ရပ်ကွက်များ တွင်လည်း ဝင်ရောက်ရှာဖွေခြင်းများလည်း ပြုလုပ်နေကြောင်း သိရသည်။ “ဒီ ချမ်းမြေ့အောင်စည်ရပ်ကွက်ဘက်က ချင်းလုံးကွင်းမှာ ချင်းလုံးခတ်နေတဲ့ လူငယ်တွေတချို့ကိုလဲ ဝင်ဖမ်းသွားတယ်လို့ ကျွန်တော်တို့ကြားထားတယ်။ အထူးသဖြင့် သူတို့စစ်တပ်နဲ့ နီးတဲ့ ရပ်ကွက်တွေပေါ့နော် အဖမ်းအဆီးတွေ ကြားရတယ်” ဟု တော်လှန်ရေးသပိတ်ခေါင်းဆောင်တစ်ဦးက ပြောသည်။ ယနေ့မနက်ပိုင်းတွင်လည်း ကလေးမြို့ ဘူတာလမ်းခွဲနှင့် ကြို့သုံပင်ရပ်ကွက် ဗိုလ်ချုပ်လမ်းမပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့မှ လူလတ်ပိုင်းနှင့် လူငယ်တချို့ ဖမ်းဆီးမှုရှိသည်ဟု သိရသော်လည်း သီးခြားအတည်ပြုနိုင်ခြင်းမရှိခဲ့ပေ။ ယမန်နေ့ မနက်ပိုင်း ၉ နာရီကျော်ကလည်း အင်အား ၅၀ ဝန်းကျင်ရှိသော စစ်ကောင်စီတပ်ဖွဲ့များသည် ကလေးမြို့နယ် ဘုံတောကျေးရွာသို့…
(005MK) မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့တွင် ယနေ့ မနက်ပိုင်းက ဘိန်းဖြူ ၃ ကီလိုဂရမ်ကျော်ကို မီဇိုရမ်မူးယစ်တိုက်ဖျက်ရေးဌာနက ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။ မီဇိုရမ်ပြည်နယ် Excise & Narcotics မူယစ်တိုက်ဖျက်ရေးဌာနက တာ၀န်ရှိသူများသည် ယနေ့ မနက်ပိုင်း ၄ နာရီခွဲ၀န်းကျင်ခန့်တွင် အိုင်ဇောလ်မြို့ Tennis Court ရုံးအနီးတွင် ဒေသခံ ၃ ဦးထံကနေ ဆပ်ပြာဖူးခွံထဲထည့်ထားသော ခွက် (၃၀၀) ကီလိုဂရမ်အားဖြင့် ၃.၆၄၂ ကီလိုဂရမ်ကို ဖမ်းဆီးရမိခဲ့သည်ဟု ထုတ်ပြန်သည်။ ဘိန်းဖြူနှင့်အတူ ကျန်ဖိုင်းခရိုင် Ngur ကျေးရွာက Pu Nangzagina၊ Pu Roluahpuia နှင့် အာသံပြည်နယ်က Faizur Rahman Barbhuiya တို့ ၃ ဦးကို ဖမ်းဆီးရမိသည်ဟု ဆိုသည်။ ၎င်းတို့အနေဖြင့် အဆိုပါဘိန်းဖြူများကို မြန်မာနိုင်ငံဘက်မှ သယ်လာကြပြီးနောက် အိန္ဒိယပြည်မဘက်သို့ ပို့ဆောင်ရန် စီစဉ်ထားကြသည်ဟု ဆိုသည်။
(006SV) စစ်ကိုင်းတိုင်း၊ ခမ်းပတ်မြို့၊ ကနန်စံပြကျေးရွာ စစ်ဆေးရေးဂိတ်တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ CNO/CNDF (UCR) ၏ ထိပ်ပိုင်းအရာရှိတစ်ဦး အပစ်ခံရ၍ သေဆုံးမှုတွင် မိမိတို့ မှားယွင်းခဲ့မှုအတွက် တာဝန်ခံမှု၊ တာဝန်ယူမှုဖြင့် တောင်းပန်ကြောင်း NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ တမူးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ထုတ်ပြန်လာသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၃၁ ရက် ညနေ ၆ နာရီခန့်က စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ခမ်းပတ်မြို့၊ ကနန်စံပြကျေးရွာ စစ်ဆေးရေးဂိတ်တွင် တမူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယာဉ်တစ်စီးကို ရပ်တန့်စစ်ဆေးခဲ့ရာ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNO/CNDF (UCR) တို့ကြား နားလည်မူ လွဲမှားခဲ့ကြောင်း တမူခရိုင် (ပကဖ) က ထုတ်ပြန်လာသည်။ နားလည်မှုလွဲမှားမူကြောင့် တမူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ လုံခြုံရေးဆောင်ရွက်သူ ရဲဘော်တစ်ဦးက ပစ်ခတ်လိုက်ရာ CNO/CNDF (UCR) မှ သတင်းပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးတာဝန်ခံ ဘော်ဘွိုင်း (Salai Bawi Bawi) ၏ ဦးခေါင်ကို ထိမှန်ပြီး သေဆုံးသွားခဲ့သည်ဟု သိရသည်။ ယင်းဖြစ်စဉ်သည် ဘာသာရေး၊ လူမျိုးရေး၊ နိုင်ငံရေး စသည့်တို့ကြောင့် ဖြစ်ပွားခြင်းမဟုတ်ဘဲ နှစ်ဖက် နားလည်မူ လွဲမှားခြင်းသာဖြစ်ကြောင်း တမူးခရိုင် (ပကဖ) က ဖေဖော်ဝါရီလ ၆ ရက် ရက်စွဲဖြင့် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ရဲဘော် ဘော်ဘွိုင်း၏ မိသားစုနှင့် CNO/CNDF (UCR) တို့အတွက် ကြီးမားသော ဆုံးရှုံမူကို ဖြစ်ပွားစေသော မိမိတို့ မှားယွင်းခဲ့မှုအတွက် တာဝန်ခံမှု၊…
(005MK) အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ် ရှာဟာခရိုင်ထဲမှာ အာသံရိုင်ဖယ်တပ်ဖွဲ့က မြန်မာနိုင်ငံသားတစ်ဦးထံ Walkie Talkie စကားပြောစက်အလုံး ၁၀၀ ဖမ်းဆီးရမိသည်ဟု သိရသည်။ ဖေဖော်၀ါရီလ ၁၀ ရက်နေ့က မြန်မာဘက်ကိုပို့ဆောင်မည်ဟု ယူဆရသော အဆိုပါစကားပြောစက်များကို ရှာဟာခရိုင် Siahatlang လမ်းဆုံတွင် အာသံရိုင်ဖယ်တပ်ဖွဲ့က စစ်ဆေးရှာဖွေရာမှာ ကားတစ်စီးပေါ်ကနေ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု မီဇိုရမ်ဒေသတွင်းသတင်းမှာ ဖော်ပြသည်။ ဖမ်းဆီးရမိသော ပစ္စည်းများမှာ UV-10R (Walkie Talkie စကားပြောစက်အလုံး ၁၀၀)၊ ဘက်ထရီအလုံး ၁၀၀၊ အားသွင်းစက် (Charging set) အလုံး ၁၀၀ ဖြစ်ပြီး တန်ဘိုးအားဖြင့်ရူပီးငွေ ၂ သိန်းခန့်ရှိသည်ဟု သိရသည်။ အဆိုပါစက်ပစ္စည်းများနှင့်အတူ ချင်းပြည်နယ် ဟားခါးမြို့နယ်က အသက် ၃၈ နှစ်အရွယ် Chungtu ဆိုသူကို ဖမ်းဆီးကာ ရဲတပ်ဖွဲ့ထံ လွှဲပြောင်းခဲ့သည်ဟု သိရသည်။
(006SV) ချင်းပြည်တွင် ကိုယ်ပိုင်အုပ်ချုပ်ရေးယန္တရားကို ဖော်ဆောင်နေသည့် ချင်းလန်းကောင်စီ၊ ချင်းပြည်လွှတ်တော်နှင့် ချင်းပြည် အစိုးရအဖွဲ့တို့တွင် တာဝန်ထမ်းဆောင်ရန် ဝန်ထမ်း ၆၀ နီးပါးကို စတင်ခေါ်ယူနေကြောင်း သတင်းရရှိသည်။ ချင်းလန်းကောင်စီတွင် တာဝန်ထမ်းဆောင်ရန် ရုံးအဖွဲ့မှူးအပါအဝင် ဝန်ထမ်း (၈) ဦးကို ခေါ်ယူနေပြီး စိတ်ဝင်စားသူများ လျှောက်ထားနိုင်ကြောင်း ဖေဖော်ဝါရီလ ၁၀ ရက်စွဲနှင့်စတင်ခေါ်ယူနေခြင်းဖြစ်သည်။ “ကိုယ့်ဟာကို ရေးဆွဲပြဌာန်းတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကနေ ထူထောင်လိုက်တဲ့ အစိုးရ မှာ ချင်းပြည်သူလူထု တွေအနေနဲ့ လက်တွေ့ ပူးပေါင်းပေးဖို့နဲ့ အမျိုးသားတော်လှန်ရေး အောင်မြင်နိုင်ဖို့ ကိုယ်ကျရာ ကနေ ပါဝင် ဆောင်ရွက်ကြဖို့ တိုက်တွန်း လိုပါတယ်”ဟု ချင်းလဲန်းကောင်စီ၊ အထွေအထွေအတွင်းရေးမှူး ဆလိုင်းပေါ်က ဝန်ထမ်းစတင်ခေါ်ယူမှုနှင့် ပတ်သက်၍ ပြောသည်။ ချင်းပြည်လွှတ်တော်တွင် တာဝန်ထမ်းဆောင်ရန် ရုံးအဖွဲ့မှူး အပါအဝင် ဝန်ထမ်း (၅) ဦးကို စတင်ခေါ်ယူနေပြီး လိုအပ်သော ဝန်ထမ်းများ ခန့်အပ်ရာတွင် CDM ဝန်ထမ်းများကို ဦးစားပေးခန့်ထားမည်ဖြစ်ကြောင်း ချင်းပြည်လွှတ်တော်ထံမှ သိရသည်။ ချင်းပြည်အစိုးရအဖွဲ့တွင်လည်း ဝန်ကြီးချုပ်ရုံးအပါအဝင် ဝန်ကြီးဌာန (၁၅) ခု၊ ရှေ့နေချုပ်ရုံး နှင့် စာရင်းစစ်ချုပ်ရုံးတို့အတွက် ရုံးအဖွဲ့မှူး၊ စာရင်းကိုင်၊ ယာဉ်မောင်းနှင့် ဝန်ထမ်းစသည့် ရာထူးနေရာ ၄၅ နေရာအတွက် ဝန်ထမ်းများကို စတင်ခေါ်ယူနေကြောင်း ထုတ်ပြန်ထားသည်။ ချင်းပြည်၏ မဏ္ဍိုင်ကြီး (၃) ရပ်အတွက် လိုအပ်သော ဝန်ထမ်းများကို ခန့်အပ်ရာတွင် CDM ဝန်ထမ်းများကို ဦးစားပေးခန့်ထား မည်ဖြစ်ကြောင်း ချင်းပြည်အစိုးရအဖွဲ့ထံမှ သိရသည်။ ချင်းပြည်အစိုးရအဖွဲ့၏…
(006SV) ချင်းပြည်နယ်၊ ပလက်ဝမြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုများကြောင့် စစ်သုံပန်းများအဖြစ် ဖမ်းဆီးထိန်းသိမ်းထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ သေဆုံးပြီး တချို့ ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကြောင်း ရက္ခိုင်တပ်တော် AA က သတင်းထုတ်ပြန်သည်။ ဖေဖော်ဝါရီလ ၁၁ ရက် ညနေ ၄ နာရီ မီနစ် ၅၀ ခန့်တွင် ရက္ခိုင်တပ်တော်က ပလက်ဝမြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာ (၁) စီးဖြင့် ၂ ကြိမ် လာရောက်၍ ဗုံးကြဲတိုက်ခိုက်မူများ ပြုလုပ်ခဲ့ပြီး လေယာဉ်ပေါ်မှ စစ်သေနတ်များဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ညီနောင်မဟာမိတ် (၃) ဖွဲ့က သတင်းထုတ်ပြန်သည်။ ယင်းတိုက်ခိုက်မှုတွင် အသက် ၈ နှစ်အရွယ် ကလေးငယ် (၁) အပါအဝင် အရပ်သားပြည်သူ (၂) ဦး ပွဲချင်းပြီးသေဆုံးခဲ့ကာ ဒေသခံပြည်သူ ၄ ဦးထက်မနည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။ ထို့အပြင် လေကြောင်းတိုက်ခိုက်မှုကြောင့် ပလက်ဝမြို့တွင် စစ်သုံပန်းဥပဒေအရ ရက္ခိုင့်တပ်တော်၏ ဖမ်းဆီးထိန်းသိမ်းထားပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ သေဆုံးကာ တချို့ ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီလကုန်ပိုင်းကလည်း ပလက်ဝမြို့နယ်၊ CDF Daai ထိန်းချုပ်နယ်မြေအတွင်းက ဟုမ်းကျေးရွာကို စစ်ကောင်စီက လေကြောင်းက ၃ ကြိမ် ဗုံးကြဲတိုက်ခိုက်ရာ အရပ်သား ၇ ဦး သေဆုံးခဲ့ပြီး နေအိမ်များလည်း ထိခိုက်ပျက်စီးခဲ့ရသည်။ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တစ်ခုလုံးရှိ စစ်ကောင်စီတပ်စခန်းနှင့် ရဲစခန်းအားလုံးကို ရက္ခိုင်တပ်တော် AA က ယခုနှစ်…
၂၀၁၀ ခုနှစ်က နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) စစ်အစိုးရက ပြဌာန်းခဲ့သော ပြည်သူ့ စစ်မှုထမ်းဥပဒေကို ယနေ့ဖေဖော်၀ါရီလ ၁၀ ရက်နေ့ကစ၍ အသက်၀င်အာဏာတည်စေကြောင်း စစ်ကောင်စီက ယနေ့ အမိန့်ထုတ်ပြန်လိုက်သည်။ ယင်းဥပဒေအရ အသက် ၁၈ နှစ်ပြည့်ပြီးသူ အမျိုးသား/အမျိုးသမီးတိုင်းကို ၂ နှစ် စစ်မှုထမ်းဆောင်ရန် ဆင့်ခေါ်နိုင်သည်ဟု ဖော်ပြထားသည်။ ပြည်သူ့စစ်မှုထမ်းဥပဒေပုဒ်မ အခန်း (၁) တွင် စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်ဆိုသူမှာ အမျိုးသားဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၃၅ နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကိုလည်းကောင်း၊ အမျိုးသမီးဖြစ်လျှင် အသက် ၁၈ နှစ်ပြည့်ပြီး၍ အသက် ၂၇ နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကိုလည်းကောင်း၊ ကျွမ်းကျင်သူ အမျိုးသားဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၄၅ နှစ် မပြည့်သေးသော နိုင်ငံသားကိုလည်းကောင်း၊ ကျွမ်းကျင်သူ အမျိုးသမီးဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၃၅ နှစ် မပြည့်သေးသော နိုင်ငံသားကိုလည်း ကောင်းဟု ဖော်ပြထားသည်။ အခန်း (၂) တွင်လည်း စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်ရှိသော နိုင်ငံသားတိုင်းကို (၂၄) လထက်မပိုသည့် ကာလအပိုင်းအခြားအတွက် စစ်မှုထမ်းရန် ဆင့်ခေါ်နိုင်ကြောင်း၊ စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်ရှိသော နိုင်ငံသားများအနက် တပ်မတော် စက်မှုလက်မှု ပညာသည်များအဖြစ် အမှုထမ်းရန် ဆင့်ခေါ်ခြင်း ခံရသူများကို (၃၆) လထက် မပိုသည့် ကာလအပိုင်းအခြားအတွက် စစ်မှုထမ်းရန်…
(002MG) ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့ပေါ်တွင် ရက္ခိုင့်တပ်တော် AA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲအတွင်း ထွက်ပြေးတိမ်းရှောင်ခဲ့ကြသော မြို့ခံပြည်သူအများစုမှာ ယနေ့ချိန်ထိ နေရပ်သို့ မပြန်နိုင်ကြသေးကြောင်း သိရသည်။ ပလက်၀မြို့ပေါ်တွင် ဇန်န၀ါရီလဆန်းပိုင်းကစ၍ ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့ပြီးနောက် မြို့ခံအများစုမှာ ကုလားတန်မြစ်အထက်ပိုင်းနှင့် အောက်ပိုင်းက ကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။ ယခုအခါ ပလက်၀မြို့ပေါ်နှင့် မြို့နယ်တစ်ခုလုံးကို ရက္ခိုင့်တပ်တော်က တိုက်ခိုက်သိမ်းပိုက်ထားသည်မှာ ၃ ပတ်ခန့် ရှိလာခဲ့ပြီဖြစ်သော်လည်း စစ်ရေးအခြေအနေကြောင့် စစ်ဘေးရှောင်ပြည်သူများကို ရက္ခိုင့်တပ်တော်က နေရပ်ပြန်ခွင့် မပြုသေးခြင်းဖြစ်သည်ဟု ပလက်၀မြို့ဒေသခံတစ်ဦးကပြောသည်။ “မြို့ထဲက လူတွေက မများသေးဘူး။ပလက်ဝမြို့ပေါ်ကနေ ကုလာတန်အထက်ပိုင်းမှာ ပြေးတဲ့သူတွေလည်း ဝင်ခွင့်မပေးသေးဘူး၊ နောက် အောက်ဖက်ကိုပြေးတဲ့သူတွေကိုလည်း ဝင်ခွင့်မပေးသေးဘူး၊ ကျန်တဲ့သူတွေလည်း အခုလာရင်လည်း ဝင်ခွင့်မပေးသေးဘူး၊ သူတို့အကြောင်း ပြတာကတော့ မြို့ထဲမှာ လူတွေများလာရင် ဗုံးကျဲတဲ့အခါမှာ အသေအပျောက်များမယ် အဲ့တာကြောင့်မို့ ပြန်မလာသေးတာက ကောင်းတယ်လို့ပြောတယ်” ဟု ပလက်ဝမြို့ခံတဦးက ပြောသည်။ ပလက်၀မြို့ပေါ်တွင် အိမ်ထောင်စု (၁၇၀၀) ၀န်းကျင်ခန့်ရှိရာ လက်ရှိမြို့တွင်း နေထိုင်သည့်ပြည်များသည် အိမ်ထောင်စု ၃၀၀ ခန့်သာရှိပြီး ၎င်းတို့မှာလည်း တိုက်ပွဲအတွင်း မတိမ်းရှောင်ပဲ ကျန်နေကြသူများနှင့် ပလက်ဝမြို့ အနီးအနားတွင် ထွက်ပြေးတိမ်းရှောင်ကာ ပြန်လာကြသူများဖြစ်သည်ဟု ဆိုသည်။ ယခုလက်ရှိတွင် ပလက်ဝမြို့နယ်တခုလုံး ဆက်သွယ်ရေးဖုန်းလိုင်းများပြတ်တောက်နေဆဲဖြစ်ကာ ဖုန်းပြောဆိုလိုပါက ပလက်၀မြို့မှ ၅ နာရီခန့်သွားရသော မီးဇာကျေးရွာဘက်သို့သော်လည်းကောင်း၊ ဖုန်းလိုင်းမိသည့် တောင်ကုန်းပေါ်သို့ တက်သွားရသည်ဟု သိရသည်။ ရန်ကုန်မြို့ကို စစ်ဘေးရှောင်နေသော ပလက်ဝမြို့ခံတဦးက ”ဖုန်းလိုင်းရတာက သူတို့ခေါ်ခဲ့ရင်ရတယ် တောင်ပေါ်ကနေ ဖုန်းလိုင်းမိတဲ့နေရာကနေပေါ့။…