Author: Editor

(005MK) အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းမြို့အနီးတွင် မြန်မာဘက်မှ တင်သွင်းလာသည်ဟုယူဆရသော ရှားပါးတိရိစ္ဆာန်မျိုးစိတ်များကို အာသံရိုင်ဖယ်နှင့် သစ်တောဌာနတာ၀န်ရှိသူများက ဖမ်းဆီးရမိကြောင်း သိရသည်။ အာသံရိုင်ဖယ်နှင့် သစ်တောဌာနတို့မှ ကျန်ဖိုင်းမြို့ DC Complex ကားလမ်းပေါ်တွင် ဇန်န၀ါရီလ ၃၁ ရက်နေ့က မီဇိုရမ်ဒေသခံအမျိုးသား ၂ ဦးထံမှ အဆိုပါရှားပါးတိရိစ္ဆာန်များကို ဖမ်းဆီးခဲ့ကြခြင်းဖြစ်သည်။ ဖမ်းဆီးရမိသော တိရိစ္ဆာန်များမှာ Solomon Cockatoo ၁၀ ကောင်၊ Posque’s Parrot ၂ ကောင်၊ လိပ် ၉ ကောင်၊ မြွေ ၁၀ ကောင်၊ Marmoset Monkey ၂ ကောင် နှင့် အိမ်မြောင်အမျိုးအစား ၁၆ ကောင်တို့ဖြစ်သည်ဟု မီဇိုရမ်သတင်း မှာဖော်ပြထားသည်။ ယခုဖမ်းဆီးရမိသည့် တိရိစ္ဆာန်များ၏ ကာလတန်ဖိုးမှာ ရူပီးငွေ သိန်း ၆၀ ကျော်ခန့်ရှိသည်ဟုသိရသည်။ အဖမ်းခံရသူ ၂ ဦးကိုလည်း တရားဉပဒေကြောင်းအရအရေးယူရန် အမှုဖွင့်ထားကြောင်းသိရသည်။

Read More

(005MK) အိန္ဒိယ-မြန်မာနယ်စပ်တလျှောက်ကို ခြံစည်းရိုးခတ်ပြီး နယ်စပ်တဖက်တချက်စီ လွတ်လပ်စွာ ဖြတ်သန်းသွားလာခွင့် Free Movement Regime (FMR) ဖျက်သိမ်းမည့်အစီစဉ်ကို ကန့်ကွက်သည့်အနေဖြင့် အိန္ဒိယ ၀န်ကြီးချုပ် Narendra Modi နှင့် ပြည်ထဲရေး၀န်ကြီး Amit Shah တို့၏ ရုပ်ပုံကို မီဇိုးကျောင်းသားသမဂ္ဂ (MZP) က မီးရှို့ခဲ့ကြသည်။ ဇန်န၀ါရီလ ၃၁ ရက်နေ့က အိုင်ဇောလ်မြို့ရှိ မီဇိုးကျောင်းသားသမဂ္ဂ (MZP) ရုံးရှေ့တွင် အိန္ဒိယ၀န်ကြီးချုပ် Narendra Modi နှင့် ပြည်ထဲရေး၀န်ကြီး Amit Shah တို့၏ ရုပ်ပုံကို မီးရှို့ခဲ့ကြခြင်းဖြစ်သည်။ ချင်း (ဇိုး) မျိုးနွယ်စုများသည် မိမိတို့ဆန္ဒအရမဟုတ်ဘဲ နိုင်ငံတကာနယ်နိမိတ်မျဉ်း ၃ ခု အိန္ဒိယ-မြန်မာ-ဘဂ်လာဒေရှ့် နိုင်ငံ တို့တွင် ပိုင်းခြားခံခဲ့ကြရသည့်အပြင် အိန္ဒိယနိုင်ငံထဲမှာလည်း ပြည်နယ်အသီးသီးမှာ ထပ်မံပိုင်းခြားနေထိုင်ခဲ့ကြရသည်ဟု MZP က ဆိုသည်။ “ကျနော်တို့ဇိုး (ချင်း) မျိုးနွယ်တွေကို ပိုင်းခြားစေတဲ့ နယ်နိမိတ်မျဉ်းတွေဟာ မိမိတို့သဘောဆန္ဒမပါဘဲ ဗြိတိသျှအစိုးရက သတ်မှတ်ခဲ့တာဖြစ်ပါတယ်၊ ဒါကြောင့် မိမိတို့အနေနဲ့ ဘယ်လိုနည်းနဲ့မှ လက်ခံလို့မရဘူး” ဟု MZP က ဆိုသည်။ ထို့ကြောင့် အိန္ဒိယအစိုးရက နယ်စပ်တလျှောက်ခြံစည်းခတ်ပြီး လွတ်လပ်စွာဖြတ်သန်းသွားခွင့် FRM ဖြတ်သိမ်းမည့်ကိစ္စ ကို ဆက်လက်ဆန့်ကျင်သွားမည်ဖြစ်ကြောင်း MZP ကပြောသည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ မီဇိုးကျောင်းသားသမဂ္ဂ (MZP) အနေဖြင့် ဇန်န၀◌ါရီလ ၂၂ ရက် နေ့ကလည်း အိန္ဒိယ၀န်ကြီးချုပ်ထံ အိပ်ဖွင့်ပေးစာပေးပို့ခဲ့ပြီးဖြစ်သည်။ မီဇိုရမ်ပြည်နယ်အခြေစိုက် Zo Reunification Organization…

Read More

(006SV) ချင်းလဲန်းကောင်စီက ချင်းပြည် အစိုးရအဖွဲ့ကို ၀န်ကြီးချုပ်နှင့် ၀န်ကြီးဌာန ၁၄ ခုဖြင့် ဖွဲ့စည်းကြောင်း ယနေ့ နွေဦးတော်လှန်ရေး ၃ နှစ်ပြည့်မြောက်သည့် ဖေဖော်၀ါရီလ ၁ ရက်နေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။ ချင်းပြည်ကောင်စီညီလာခံ ပထမသက်တမ်း၊ ဒုတိယအကြိမ် ချင်းပြည်ကောင်စီအစည်းအ‌ေ၀◌းကို ဇန်န၀◌ါရီလ ၃၀ ရက်မှ ၃၁ ရက်နေ့အထိ ချင်းလုံမြို့တွင်ကျင်းပပြုလုပ်ရာတွင် ချင်းပြည်အစိုးရအဖွဲ့၊ ချင်းပြည်တရားလွှတ်တော်ချုပ် နှင့် ချင်းပြည်လွှတ်တော်အပါအ၀◌င် မဏ္ဍိုင်ကြီး (၃) ရပ်ကို အတည်ပြုဖွဲ့စည်းလိုက်ပြီဟု ချင်းလဲန်းကောင်စီက ယနေ့ထုတ် ပြန်သည်။ ကောင်စီ၀◌င် ၁၀၀ ဦးတက်ရောက်သော အဆိုပါအစည်းအ‌ေ၀◌းတွင် ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးချယ် တင်မြှောက်ရေးကော်မတီမှ အဆိုပြု တင်သွင်းသော ချင်းပြည်အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ ရှေ့နေချုပ်၊ စာရင်းစစ်ချုပ်၊ ချင်းပြည် တရားလွှတ်တော်ချုပ်၊ တရားသူကြီးချုပ်နှင့် တရားသူကြီးများကို အတည်ပြုခဲ့ခြင်းဖြစ်သည်။ အမျိုးသားကိုယ်ပိုင် ပြဌာန်းခွင့် အာမခံချက် ရှိသော ချင်းပြည် တည်ဆောက်ရေး၊ ချင်းအမျိုးသား တည်ဆောက်ရေးတွင် ချင်းအမျိုးသားပိုက်နက်နယ်မြေနှင့် ချင်းအမျိုးသားတစ်ရပ်လုံးကို ကာကွယ်စောင့်ရှောက်နိုင်ရေး၊ စစ်ရေးတွင် အမျိုးသားတပ်မတော်တည်ဆောက်ရေးနှင့် ချင်းအမျိုးသား လှုပ်ရှားမှုတွင် ချင်းပြည်သူလူထုတစ်ရပ်လုံး လက်တွဲ ပူးပေါင်း ပါဝင်ရေးတို့ကို အကောင်အထည်ဖော်သွားမည်ဟုဆိုပါသည်။ ချင်းပြည်ကောင်စီက ချမှတ်သည့် ရည်မှန်းချက် ပန်းတိုင်၊ မဟာဗျူဟာနှင့် နည်းဗျူဟာများကို ချင်းပြည်အစိုးရအဖွဲ့ အပါအဝင် မဏ္ဍိုင်ကြီး (၃) ရပ်က အကောင်အထည်ဖော် ဆောင်ရွက်မည်ဟု သိရသည်။ ချင်းပြည်ကောင်စီသည် မဏ္ဍိုင်ကြီး (၃) ရပ်ကို အခြေခံ၍ တော်လှန်ရေးကာလ ချင်းပြည်လူထု၏ ရေးရာ ကိစ္စအဝဝကို…

Read More

(006SV) ချင်းပြည်နှင့် ချင်းအမျိုးသားရေးကိစ္စရပ်များတွင် နိုင်ငံရေး၊ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်ရန် မရာနယ်မြေ အုပ်ချုပ်ရေးကောင်စီ(MTC/MDF) က “ချင်းညီနောင်” တွင် အဖွဲ့ဝင်အဖြစ် ပူးပေါင်းပါဝင်ကြောင်း ချင်းညီနောင်က ယနေ့မှာ သတင်း ထုတ်ပြန်သည်။ တရားမျှတခြင်း၊ တန်းတူညီမျှခြင်း၊ မိမိကံကြမ္မာမိမိဖန်တီးခွင့်ရှိခြင်း စသည့် ဘုံသဘောတူညီချက်များနှင့်အညီ မရာနယ်မြေ အုပ်ချုပ်ရေးကောင်စီ (Maraland Territorial Council/ Maraland Defense Force)ကို ဇန်နဝါရီလ ၃၀ ရက်မှစ၍ “ချင်းညီနောင်” အဖွဲ့ဝင်အဖြစ် အတည်ပြုလိုက်ကြောင်း ချင်းညီနောင်က ယနေ့မှာ သတင်းထုတ်ပြန်လာခြင်းဖြစ်သည်။ ချင်းညီနောင်တွင် ပူးပေါင်းပါဝင်ရန် အကြိမ်ကြိမ်တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ရသည်ဟု သိရသည်။ မရာနယ်မြေ အုပ်ချုပ်ရေးကောင်စီ (Maraland Territorial Council/ Maraland Defense Force) သည် CDF-Mara တပ်ဖွဲ့နှင့် စစ်ရေးတင်းမာနေသည့်အချိန်တွင် ချင်းညီနောင်နှင့် ပူးပေါင်းလိုက်ခြင်းဖြစ်သည်။ ဇိုမီးဖက်ဒရယ်အစည်းအရုံး (ZFU/PDF- Zoland)၊ ချင်းအမျိုးသားကောင်စီ (မင်းတပ်)/CDF-Mindat၊ ချင်းအမျိုးသားအဖွဲ့ချုပ် CNO/CNDF တို့သည် ချင်းပြည်နှင့် ချင်းအမျိုးသားရေးကိစ္စရပ်များတွင် နိုင်ငံရေး၊ စစ်ရေးပူးပေါင်းဆောင်ရွက်ရန် ချင်းညီနောင်အဖွဲ့ကို ၂၀၂၃ ဒီဇင်ဘာလ ၃၀ ရက်မှာ ဖွဲ့စည်းခဲ့ကြသည်။ ချင်းညီနောင် သည် ချင်းပြည်အရေး၊ ချင်းတစ်မျိုးသားလုံးအရေးနှင့် ပြည်ထောင်စုအရေးကိစ္စရပ်များတွင် ပြည်တွင်း ပြည်ပအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့် ပူးပေါင်းကာ အနာဂါတ်တွင် ဒီမိုကရေစီ စံနှုန်ထားများနှင့် ကိုက်ညီသော အစိုးရတစ်ရပ် ပေါ်ပေါက်လာသည်အထိ အတူလက်တွဲ ကြိုးပမ်းသွားမည်ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။ ချင်းပြည်နယ်၊ လိုင်လင်းပီမြို့တွင် CNF/ CNA ၊CDF- Mara…

Read More

(005MK) အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် ၂၀၂၃ ခုနှစ်အတွင်း မူးယစ်ဆေး၀ါးမှုဖြင့် အဖမ်းခံရသူ ၃၈၀ ကျော်ထဲတွင် မြန်မာနိုင်ငံသား ၅၀ ကျော် ပါ၀င်သည်ဟု မီဇိုရမ်ပြည်နယ် ရဲတပ်ဖွဲ့က ယမန်နေ့က ထုတ်ပြန်သည်။ မီဇိုရမ်ပြည်နယ်ရဲတပ်ဖွဲ့၏ မှတ်တမ်းအရ ၂၀၂၃ ခုနှစ်အတွင်း မီဇိုရမ်ပြည်နယ်ထဲတွင် မူးယစ်ဆေး၀ါမျိုးစုံ ကာလတန်ဖိုး ရူပီးသိန်း ၅၀၀၀ နီးပါးခန့် ဖမ်းဆီးရမိခဲ့ပြီး အဆိုပါ မူးယစ်ဆေး၀ါးများနှင့် ပတ်သက်ဆက်နွယ်သူ အယောက် ၃၈၅ ဦးကို ဖမ်းဆီးခဲ့သည့်အနက် မြန်မာနိုင်ငံသား ၅၅ ယောက် ပါ၀င်သည်ဟု သိရသည်။ မီဇိုရမ်ပြည်နယ် ရဲတပ်ဖွဲ့အနေဖြင့် ၂၀၂၃ ခုနှစ်ထဲမှာ ဘိန်းဖြူ ၆၈.၀၅၅ ကီလိုဂရမ်၊ Methamphetamine စိတ်ကြွ ဆေးပြား ၁၅၄.၁၇၂ ကီလိုဂရမ်၊ Crystal Meth ၄၉.၀၀၅ ကီလိုဂရမ်၊ ဆေးခြောက် ၁၁၂.၉၄၃ ကီလိုဂရမ်၊ Pseud oephedrine ၂၁၀.၇၂ ကီလိုဂရမ်၊ ဘိန်း ၄.၉၁၈ ကီလိုဂရမ်နှင့် Codeine ချောင်းဆိုးပျောက်ဆေး ၁၁၂ ဖူးတို့ ဖမ်းဆီးရမိ ခဲ့သည်ဟု သိရသည်။ အိန္ဒိယ-မြန်မာနယ်စပ်တွင်တည်ရှိသော မီဇိုရမ်ပြည်နယ်သည် မြန်မာနိုင်ငံမှတဆင့် အိန္ဒိယပြည်မဘက်သို့ မူးယစ်ဆေး၀ါး သယ်ယူပို့ဆောင်ရာတွင် အဓိကလမ်းကြောင်းအဖြစ် အသုံးပြုရာဒေသဖြစ်သည်ဟု မီဇိုရမ်ရဲတပ်ဖွဲ့က ဆိုသည်။ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုဖြစ်ပွားသည့် နောက်ပိုင်းတွင် အိန္ဒိယ-မြန်မာ နယ်စပ်လမ်းကြောင်းကတဆင့် မီဇိုရမ်ပြည်နယ်ထဲသို့ မူးယစ်ဆေး၀ါး အထူးသဖြင့် ဘိန်းဖြူနှင့် စိတ်ကြွဆေးပြား တင်သွင်းမှုပိုမိုများလာပြီး ၂၀၂၃ ခုနှစ်သည် မီဇိုရမ်ပြည်နယ်တွင် မူးယစ်ဆေး၀ါးဖမ်းဆီးမှု…

Read More

(004SS) စစ်ကိုင်းတိုင်း ကလေးမြို့မှ ရန်ကုန်သို့ ပျံသန်းသည့် လေယာဉ်စီးနှင်းခစေ◌ျးနှုန်း ကျပ် ၁၅၀၀၀ အထိ ထပ်မံမြင့်တက် သွားရာ ကျပ်ငွေ ၃ သိန်း ၆ သောင်းကျော်အထိ ဖြစ်လာပြီဟု လေယာဉ်လက်မှတ်အရောင်းဌာနထံမှ သိရသည်။ ကလေး-ရန်ကုန် လေယာဉ်လက်မှတ်စေ◌ျးနှုန်းမှာ ဇန်နဝါရီလ ၂၈ ရက်နေ့မှစတင်ကာ ဈေးမြင့်တက်သွားခြင်းဖြစ်ပြီး ယခင်က လေယာဉ်စီးနှင်းခ တစ်ဦးမှာ ကျပ် ၃၅၀,၀၀၀ ရှိရာမှ ယခုအခါ ကျပ် ၃၆၅,၀၀၀ ဖြစ်သွားပြီဟု ကလေးမြို့က လေယာဉ်လက်မှတ်အရောင်းကိုယ်စားလှယ်တစ်ဦးကပြောသည်။ “ဈေးတော့ ထပ်တက်သွားပြီ၊ ဘာကြောင့်တက်တယ်ဆိုတာတော့ မသိရဘူးပေါ့နော်၊ ရုံးဘက်က ချပေးတဲ့ဈေးနဲ့ပဲ ရောင်းနေရတာဆိုတော့ ကိုယ်က ဈေးလျှော့ပေးပါပြောလို့လည်း မရဘူး၊ တစ်ချို့ အပြင်က cancel လုပ်တဲ့ဟာတွေဆို ၄၀၀,၀၀၀ ၊ ၄၅၀,၀၀၀ နဲ့ ပြန်ဝယ်နေရတဲ့သူတွေ‌ေတာင်ရှိတယ်” ဟု ၎င်းက ပြောသည်။ ယခုလက်ရှိ ကလေးမြို့လေဆိပ်မှ အပါတ်တိုင်း တနလ်ာ၊ အဂါ၊ ဗုဒ္ဒဟူး နှင့် ကြာသပတေးနေ့များတွင်၊ တစ်ရက်လျှင် တစ်ကြိမ်မှ နှစ်ကြိမ်အထိ မြန်မာ့လေကြောင်းလိုင်း MNA တစ်ခုတည်းသာ ပျံသန်းနေကြောင်း သိရသည်။ ယခုကဲ့သို့ လေယာဉ်လက်မှတ်ဈေးမြှင့်တက်နေသော်လည်း ကုန်းလမ်းဆက်သွယ်ရေး အဆင်မပြေမှုများကြောင့် လေယာဉ်စီးသူ များပြားနေဆဲဖြစ်ကြောင်းသိရသည်။ တချိန်တည်းမှာပဲ ကလေးမြို့မှ ရန်ကုန်သို့ ကုန်းလမ်းဖြင့်လည်း အချို့ ကားဂိတ်များပြေးဆွဲလျက်ရှိ‌ေန‌ေကြာင်း သိရသည်။ ယခုတွင်မူ မဟာမြိုင်လမ်းမကြီးအား အသုံးပြုကာ ကလေးမြို့မှ ပြည်မဘက်သွားရာတွင် မော်တော်ယဉ်စီးခ တစ်ဦးလျှင် ကျပ်တစ်သိန်းခွဲပေးဆောင်ကြရသည်ဟု သိရသည်။ ယခင်က ကလေးမြို့မှ ပြည်မဘက်သွားရာ…

Read More

(006SV) ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဒိုင်ဒေသက ဟုမ်းကျေးရွာကို ယမန်နေ့က စစ်ကောင်စီက လေကြောင်းဖြင့် ၃ ကြိမ် ဗုံကြဲတိုက်ခိုက်ရာ ပြည်သူ (၇) ဦး သေဆုံးသွားကြောင်း CDF – Daai မှ တာဝန်ရှိသူက ပြောသည်။ ပလက်ဝမြို့နယ်၊ CDF – Daai ထိန်းချုပ်နယ်မြေအတွင်းရှိ ဟုမ်းကျေးရွာကို စစ်ကောင်စီက ဇန်နဝါရီလ ၂၉ ရက် မွန်းလွဲပိုင်းတွင် လေကြောင်းမှ ၃ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သား ပြည်သူ ၇ ဦး သေဆုံးကာ နေအိမ်များလည်း ထိခိုက်ပျက်စီးသွားကြောင်း CDF – Daai မှ တာဝန်ရှိသူက ပြောသည်။ “ကျနော်တို့ ထိန်းချုပ်နယ်မြေ မြစ်ကြောင်းတစ်လျှောက်လုံးကို ပစ်နေတာဆိုတော့ အဲဒါကို အဖြေရှာနေဆဲပဲ။ စဉ်းစား တာက အကြောင်းမဲ့ လာပစ်တာတော့ မဖြစ်နိုင်ဘူးပေါ့နော်။ အဲဒီလမ်းကြောင်းကို ရက္ခိုင်တပ်တော် AA က အရင်တုန်း က ထောက်ပို့လမ်းကြောင်းအဖြစ် အသုံးပြုဖူးတယ်။ အဲဒါကြောင့် ထောက်ပို့လမ်းကြောင်းကို မသုံးရဲအောင်လို့ ပစ်တာ လားလို့ ယူဆချက်ရှိတယ်။ နောက်တစ်ချက်က အရပ်သားပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ပစ်တာပေါ့နော်” ဟု CDF- Daai မှ တာဝန်ရှိသူက ပြောသည်။ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားသူများမှာ ဓာတ်ဆီကယ်ရီသမားများဟု သတင်းများ ထွက်ပေါ်နေသော်လည်း သီးခြားအတည်ပြု၍ မရနိုင်သေးပေ။ ဟုမ်းကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က ဗုံးကြဲတိုက်ခိုက်မှုမှာ ဒုတိယအကြိမ်ဖြစ်ပြီး ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတုန်းက မတူပီမြို့နယ် ထယ်ဘွေးစခန်းကို ချင်းပူးပေါင်းတပ်၏…

Read More

(005MK) အိန္ဒိယ-မြန်မာနယ်စပ်တလျှောက်ကို ခြံစည်းရိုးခတ်ပြီး နယ်စပ်တဖက်တချက်စီ လွတ်လပ်စွာဖြတ်သန်းသွားလာခွင့် Free Movement Regime (FMR) ဖျက်သိမ်းမည့်အစီစဉ်ကို ကန့်ကွက်သည့်အနေဖြင့် အိန္ဒိယပြည်ထဲရေး၀န်ကြီး Amit Shah ၏ ရုပ်ပုံကို Zo Reunification Organization (ZORO) က အိုင်ဇောလ်မြို့တွင် ယနေ့ မီးရှို့ခဲ့ကြသည်။ မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့ MZP အစည်းအ‌ေ၀းခန်းမတွင် Zo Reunification Organization (ZORO) အဖွဲ့က ယနေ့တွင်ကျရောက်သော ၁၃၂ ကြိမ်မြောက် ချင်း-လူရှိုင်းညီလာခံ (Chin-Lushai Conference) အထိမ်းအမှတ်နေ့ အခမ်းအနား ကျင်းပပြုလုပ်ရာတွင် ချင်း (ဇိုး) မျိုးနွယ်စုများအား ပိုင်းခြားမည့် နယ်စပ်ခြံစည်းရိုးခတ်ကာ FMR ဖြတ်သိမ်းမည့်အစီစဉ်ကို ဆန့်ကျင်ကန့်ကွက်ခဲ့ကြခြင်းဖြစ်သည်။ Zo Reunification Organization (ZORO) အနေဖြင့် အိန္ဒိယ-မြန်မာနယ်စပ်တလျှောက်ကို ခြံစည်းရိုးခတ်ပြီး နယ်စပ် တဖက်တချက်စီ လွတ်လပ်စွာ ဖြတ်သန်းသွားလာခွင့် Free Movement Regime (FMR) ကိုလည်း ဖျက်သိမ်းမည့် အိန္ဒိယအစီစဉ်ကို ဆက်လက်ဆန့်ကျင်သွားမည်ဖြစ်ပြီး အဓိကကြိုးကိုင်သူဖြစ်သည့် အိန္ဒိယ ပြည်ထဲရေး၀န်ကြီး၏ ရုပ်ပုံကို ယနေ့ မီးရှို့ဖျက်စီးခဲ့ကြခြင်းဖြစ်သည်။ “အိန္ဒိယ-မြန်မာနယ်စပ်တလျှောက်လွတ်လပ်စွာဖြတ်သန်းသွားလာခွင့် FMR ကိုဖျက်သိမ်းပြီး နယ်စပ်တလျှောက် ခြံစည်းရိုးခတ်ဖို့ အိန္ဒိယဗဟိုအစိုးရရဲ့အစီစဉ်ကို မိမိတို့အနေနဲ့မလိုလားပါဘူး၊ ဒီလုပ်ရပ်ဟာ အိန္ဒိယအစိုးရအနေနဲ့ မိမိတို့မျိုးနွယ်စုတွေကို ပိုင်းခြားဖို့စီစဉ်တာဖြစ်တယ်လို့ ယူဆရပါတယ်” ဟု ZORO ကပြောသည်။ Zo Reunification Organization (ZORO) အဖွဲ့သည် ဗြိတိသျှအစိုးရ၏ နယ်နိမိတ်ပိုင်းခြားသတ်မှတ်မှုကြောင့် အိန္ဒိယ-မြန်မာ-ဘဂ်လားဒေရှ့် စသည့် ၃…

Read More

(006SV) ချင်းပြည်နယ် မင်းတပ်မြို့နယ်၏ စည်းလုံးမှုပျက်ပြားစေရန် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်၀ိုက်နည်းဖြင့်သော်လည်းကောင်း ရည်ရွယ်ချက်ရှိရှိ ကြိုးပမ်းဆောင်ရွက်သည့် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများကို အရေးယူမည်ဟု ချင်းအမျိုးသားကောင်စီ (မင်းတပ်) က ယနေ့ထုတ်ပြန်လိုက်သည်။ တော်လှန်ရေးကာလအတွင်း စည်းလုံးညီညွတ်သည့် မင်းတပ်မြို့နယ်အတွင်းရှိ တော်လှန်ရေး အင်အားစုများနှင့် ပြည်သူလူထုကို စိတ်ဝမ်းကွဲပြားအောင် စည်းလုံးညီညွတ်မှု ပျက်ပြားစေရန် ရည်ရွယ်ချက်ရှိရှိ ကြိုးပမ်းဆောင်ရွက်နေသည့် ပုဂ္ဂိုလ်/အဖွဲ့အစည်းများ ရှိလာကြောင်း စိစစ်တွေ့ရှိရပြီး မည်သည့် ကောင်စီ၊ အုပ်ချုပ်ရေး၊ လက်နက်ကိုင်အဖွဲ့အစည်းများကိုမျှ အသိအမှတ်ပြုမည်မဟုတ်ဘဲ ဖွဲ့စည်းလာပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ချင်းအမျိုးသားကောင်စီ (မင်းတပ်) က ယနေ့ ဇန်နဝါရီလ ၂၉ ရက်မှာ သတင်းထုတ်ပြန်သည်။ မင်းတပ်မြို့နယ်ထဲမှ တိုက်နယ် (၄) နှင့် တိုက်နယ် (၁၁) နှစ်ခုသည် မင်းတပ်ဒေသ (၁) ကောင်စီအဖြစ် ဖွဲ့စည်း၍ ချင်းလဲန်း ကောင်စီတွင် အပြည့်အဝ ပူးပေါင်းပါဝင်ပြီဖြစ်ကြောင်း သတင်းထွက်ပေါ်လာပြီးနောက် ချင်းအမျိုးသားကောင်စီ (မင်းတပ်) က ယခုကဲ့သို့ ကြေညာချက်ထုတ်ပြန်လာခြင်းဖြစ်သည်။ ယင်းသို့ ဖွဲ့စည်းလာပါက ချင်းအမျိုးသားကောင်စီ (မင်းတပ်) ၏ စည်းမျဉ်း/ ဥပဒေ၊ ကြားကာလ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး ဥပဒေ၊ ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) ၏ စစ်စည်းကမ်းဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဟု ဆိုသည်။ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် CDF မင်းတပ်ကို နိုင်ငံရေးဦးဆောင်မှုပေးမည့် ချင်းအမျိုးသားကောင်စီ (မင်းတပ်) ကို ပြည်တွင်း/ပြည်ပရှိ တော်လှန်ရေးညီအစ်ကိုများထံ အကြံပြုချက်များရယူပြီး မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ညီလာခံအစည်းအဝေး၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ စီမံခန့်ခွဲရေးကော်မတီဝင်များနှင့် CDF –…

Read More

(006SV) ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ထဲမှ တိုက်နယ်နှစ်ခုသည် မင်းတပ်ဒေသ (၁) ကောင်စီအဖြစ် ဖွဲ့စည်း၍ ချင်းလဲန်းကောင်စီ -CC ၏ အစိုးရဖွဲ့စည်းမှုတွင် ဒေသအစုအဖွဲ့တစ်ခုအနေဖြင့် အပြည့်အဝ ပူးပေါင်းပါဝင်ပြီဖြစ်ကြောင်း မင်တပ်ဒေသ (၁) ကောင်စီမှ တာဝန်ရှိသူ ကိုမောင်အောင်က ပြောသည်။ ချင်းပြည်သူတွေ မျှော်လင့်နေကြသော ချင်းလဲန်းကောင်စီကို ဖွဲ့စည်းနိုင်ပြီဖြစ်သောကြောင့် မင်းတပ်မြို့နယ် အတွင်းမှ တိုက်နယ် (၄) နှင့် တိုက်နယ် (၁၁) တို့က ပြည်သူများသည် ဆုံးဖြတ်ချက် ချမှတ်၍ မင်းတပ်ဒေသ (၁) ကောင်စီကိုဖွဲ့စည်းကာ ချင်းလဲန်းကောင်စီ – CC တွင် ပါဝင်ခြင်းဖြစ်ကြောင်း ဇန်နဝါရီလ ၂၈ ရက်က ထုတ်ပြန်ခြင်းဖြစ်သည်ဟု သူက ပြောသည်။ “ဒေသ ၁ ထဲမှာမှ ပြည်သူတွေကို အခြေခံပြီးတော့ ကျေးရွာတိုင်းမှာ ပြည်သူတွေနဲ့ သဘောထား ဆန္ဒတွေကို တောင်းခံတယ်။ ပြည်သူလူထုက ကျနော်တို့ကို နိုင်ငံရေးအနေနဲ့က ချင်းလဲန်းကောင်စီကို သွားပါဆိုပြီးဖြစ်တယ်။ တကယ်လို့များ မင်းတပ်ဒေသ ၁ က လူထုက ICNCC ကို သွားပါလို့ ဆုံးဖြတ်လာရင်လည်း ကျနော်တို့က လက်ခံမှာပဲ။ ချင်းလဲန်းကောင်စီမှာ အဖွဲ့တစ်ဖွဲ့အနေနဲ့ ပါဝင်တော့မယ်” ဟု ကိုမောင်အောင်က ပြောသည်။ မင်းတပ်ဒေသ (၁) ကောင်စီသည် ချင်းလဲန်းကောင်စီတွင် မြို့နယ်အစုအဖွဲ့ တစ်ခုအစား ဒေသအစုအဖွဲ့တစ်ခုအနေဖြင့် ပါဝင်မည်ဖြစ်သည်။ ဇန်နဝါရီလအတွင်းမှာ မင်းတပ်ဒေသ (၁) ကောင်စီနယ်နိမိတ်အတွင်းက လူထုကို သဘောထားတောင်းခံခြင်းများ ပြုလုပ်ခဲ့ပြီး နောက် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု သူက…

Read More