(005MK) မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် ပူးလာလ်ဒိုအောမ်မာသည် လာမည့်စက်တင်ဘာ လဆန်းပိုင်းတွင် အမေရိကန်ပြည်ထောင်စုသို့ သွားရောက်ပြီး ချင်းလူထုနှင့် တွေ့ဆုံမည်ဟု သိရသည်။ အမေရိကန်ပြည်ထောင်စု အင်ဒီယာနားပြည်နယ်အခြေစိုက် Chin Community of Indiana ၏ ဖိတ်ကြားချက်အရ မီဇိုရမ် ဝန်ကြီးချုပ်သည် စက်တင်ဘာလ ၄ ရက်နေ့တွင် အင်ဒီယာနားပြည်နယ်က ချင်လူထုနှင့်တွေ့ဆုံပွဲကျင်းပပြုလုပ်မည်ဟု Chin Community of Indiana က ထုတ်ပြန်သည်။ “မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် Pu Lalduhoma သည် September ၄ ရက်တွင် Indiana ချင်းလူထုနှင့် တွေ့ဆုံရန် လာရောက်မည်ဖြစ်ကြောင်း ဝမ်းမြောက်စွာ ကြေညာအပ်ပါသည်၊ CCI မှ အားလုံးကို မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်နှင့် ဤအရေးကြီးသောဆွေးနွေးပွဲတွင်တက်ရောက်ကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်” Chin Community of Indiana ၏ လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြထားသည်။ မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် အမေရိကန်ခရီးစဉ်နှင့်ပတ်သက်၍ ပြီးခဲ့သည့် ဇူလိုင်လ ၂၅ ရက်နေ့တုန်းကလည်း စစ်ဘေး ရှောင်ကူညီရေးအဖွဲ့ NUA ကို သူ၏ရုံးခန်းတွင် ခေါ်ယူတွေ့ဆုံစဉ်တွင် ချင်းညီညွတ်ရေးအတွက် အမေရိကန်ကို မကြာခင် သွားရောက်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ India Police Service (IPS) အရာရှိဟောင်းတစ်ဦးလည်းဖြစ်သည့် ပူးလာလ်ဒိုအောမ်မာသည် နိုင်ငံရေးလောကထဲမဝင် ရောက်ခင်မှာ အိန္ဒိယဝန်ကြီးချုပ်ဟောင်း Indira Gandhi ၏ လုံခြုံရေးအရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ ၁၉၈၄ ခုနှစ်မှာ India Police Service (IPS) မှ အနားယူပြီးနောက် နိုင်ငံရေးလောကထဲ…
Author: Editor
(006SV) ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်ထဲရှိ ဆတ်ချောက်ကျေးရွာကို ယမန်နေ့က စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ ၃ နှစ်အရွယ်ကလေးငယ်အပါအဝင် ပြည်သူ ၂ ဦး သေဆုံးခဲ့ပြီး ၆လသားကလေးငယ် အပါ အဝင် ဒေသခံပြည်သူ ၄ ဦးထိခိုက်ဒဏ်ရာများ အပြင်းအထန်ရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။ “သေဆုံးတဲ့ လူတွေနဲ့ ထိခိုက်ဒဏ်ရာရရှိတဲ့ လူတွေ အားလုံးဟာ ဒေသခံပြည်သူတွေပဲ။ တိုက်ပွဲလည်း မရှိပါဘူး။ သူတို့က ပစ်ချင်လို့ကို ပစ်သွားတာပါ။ ထိခိုက်သေဆုံးမှုတွေထဲမှာ ကလေးငယ်တွေလည်း ပါဝင်နေပါတယ်။ ပေါင် ၅၀၀ ဗုံးတွေနဲ့ပါ ကြဲချသွားတာပါ” ဟု ဒေသခံပြည်သူတစ်ဦးက ပြောသည်။ ဩဂုတ်လ ၁၃ ရက် နေ့လည် ၁ နာရီ ၄၈ မိနစ်ခန့်တွင် ကန်ပက်လက်မြို့နယ်၊ ဒါးရင်ဒူးဒေသအုပ်ချုပ်မှု နယ်မြေရှိ၊ ဆတ်ချောက်အုပ်စု၊ ဆတ်ချောက်ကျေးရွာရှိ စာသင်ကျောင်ကို ပစ်မှတ်ထားပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက် မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အသက် ၃ နှစ်အရွယ် မောင်ထန်းမနားနှင့် အသက် ၄၂ နှစ်အရွယ် ဒေါ်လိုင်းလှေ့တို့သည် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုအတွင်း ပွဲချင်းပြီ သေဆုံးသွားခဲ့ရကြောင်း ဒေသခံများက ပြောသည်။ ၆ လသားအရွယ်မိန်းကလေးငယ် ၁ ဦး၊ အသက် ၁၂ နှစ်အရွယ် ကျား ၁ ဦး၊ အသက် ၅၂ အရွယ် ကျား ၁ ဦးအပါအဝင် ဒေသခံပြည်သူ ၄ ဦးမှာလည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း…
(002MG) ချင်းပြည်နယ် ဟားခါးမြို့၊ မြို့သစ်ရပ်ကွက်အတွင်း စစ်ကောင်စီက ၃ လကျော်ပိတ်ပင်ခဲ့သော ဆိုင်ခန်းများပုံမှန်အတိုင်း ပြန်လည်ဖွင့်နိုင်ပြီဟု ဟားခါးမြို့ဒေသခံများထံမှ သိရသည်။ ဟားခါးမြို့ခံတဦးက “ဆိုင်းခန်းကဖွင့်ပေးပြီးပြီ၊ ဟားခါးရဲစခန်းအကျဉ်းသားတွေအကုန်လုံး ကယ်ထုတ်တဲ့နေ့က ဖွင့်ပေး ပြီ။ ပြည်သူလူထုတွေက ဘာလုပ်ပေးလို့ဆိုပြီး ဖွင့်ပေးတာမျိုးမရှိဘူး သူတို့ ဘာသာသူတို့ဖွင့်ပေးလိုက်တယ်လို့ ကြားတယ်” ဟု ပြောသည်။ ပြီးခဲ့သည့် ဧပြီလ ၁၂ ရက်နေ့က ဟားခါးမြို့ပေါ်တွင် စစ်ကောင်စီခန့်ဝန်ကြီးများ စီးနင်းလိုက်ပါလာသော ယာဉ်တန်းကို CDF-Hakha တပ်ဖွဲ့မှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာမှာ ဈေးဆိုင်နှင့် ဘုရားကျောင်းများကို အကာအကွယ်ယူခဲ့သည်ဟု ဆိုကာ မြို့သစ်ရပ်ကွက်ရှိ ဈေးဆိုင်များပိတ်ထားရန်နှင့် လူ ၅ ဦးထက်ပိုမစုရအမိန့်ကို ဧပြီလ ၂၂ ရက်နေ့မှာ စစ်ကောင်စီက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ထို့နောက် စစ်ကောင်စီက ဇွန်လ ၂၃ ရက်နေ့တွင် မြို့သစ်ရပ်ကွက်အတွင်း လူ ၅ ဦးထက်ပိုမစုရ အမိန့်ကို ပြန်ရုတ်သိမ်း ခဲ့သော်လည်း ဆိုင်ခန်းများအား ဩဂုတ်လ (၂၀) ရက်နေ့ အထိ ထပ်တိုးပိတ်ခိုင်းခဲ့သည်ဟု သိရသည်။ သို့သော်လည်း ယခုအခါ ဟားခါးမြို့သစ်ရပ်ကွက်အတွင်းရှိ ဈေးဆိုင်များမှာ ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ရောင်းချနေကြပြီဟု ဟားခါးဒေသခံတစ်ဦးက ပြောသည်။ “ပုံမှန်အတိုင်းပြန်ဖွင့်တာ အဲဖက်မှာတောင် မုန့်စားသွားသေးတယ်၊ အခုလို ဖွင့်လို့ရပြီဆိုတော့ ဝမ်းသာတယ်။ စားဝတ် နေရေးအတွက်လည်း အဆင်ပြေလာမယ်၊ပြီးရင် ဈေးထဲအထိ ဈေးရောင်းစရာမလိုတော့ဘူးလေ” ဟု ဟားခါးမြို့က လူငယ်တဦးက ပြောသည်။ စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့်နောက်ပိုင်း ဟားခါးမြို့တွင် လူစုလူဝေးများနှင့် ဘုရားကျောင်းဝတ်ပြုခြင်း အစီစဉ်များအတွက် စစ်ကောင်စီတပ်ဖွဲ့ထံ ယနေ့ချိန်ထိ…
(004SS) ချင်းပြည်နယ် ဖလမ်းမြို့နယ်ရှိ ဗါးရ် – လုမ်ဘန်းရွာ အကြား ကားလမ်းမပေါ် မြေပြိုမှုအား ပြုပြင်ဆောင်ရွက်ပြီးစီးပြီးဖြစ်ကြောင်း ချင်းအမျိုးသားအဖွဲ့ချုပ် (CNO) က ယနေ့ သြဂုတ်လ ၁၃ ရက်နေ့တွင် ထုတ်ပြန်သည်။ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO) ဗဟိုကော်မတီ ညွှန်ကြားမှုနှင့် Falam Regional Committee မှ တာဝန်ယူ ဆောင်ရွက်ခဲ့ ခြင်းဖြစ်ပြီး ယမန်နေ့တွင် စက်ကြီး JCB ဖြင့် ပြုပြင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဗါးရ် – လုမ်ဘန်းကားလမ်းသည် ကလေးမြို့မှ ချင်းတောင် ဖလမ်း၊ ဟားခါးသို့သွားရာတွင် အဓိကအသုံးပြုကြသည့် ကားလမ်းမကြီးဖြစ်သည်။ မိုးတွင်းကာလအတွင်း ချင်းပြည်နယ်တွင် ကားလမ်းပြိုမှု၊ ပျက်စီးမှုများ နှစ်စဉ်ကြုံတွေ့ကြရပြီး သြဂုတ်လ ၅ ရက်နေ့ကလည်း ဖလမ်းမြို့ ကျင်မွှာလ်ရပ်ကွက်ရှိ လူနေအိမ်တစ်လုံး ပြိုကျပျက်စီးခဲ့သည်။ ဇူလိုင်လ ၂၀ ရက်နေ့တွင်လည်း CNO ပြည်ထဲရေး ဦးဆောင်မှုဖြင့် ဒေသခံပြည်သူများနှင့်အတူ ဖလမ်း-ရိဒ်ကားလမ်းပေါ်ရှိ လမ်းပိုင်းအချို့ကို ပြုပြင်ဆောင်ရွက်ခဲ့ပြီး ကျန်ရှိနေသည့် လမ်းပိုင်းအချို့ကိုလည်း ဆက်လက်လုပ်ဆောင်သွားမည်ဟု CNO က ထုတ်ပြန်ခဲ့သည်။ လွန်ခဲ့သော ဇူလိုင်လ တစ်ရက်နေ့မှစ၍ ဖလမ်းမြို့နယ်အတွင်းရှိ ကလေး-ဖလမ်း-ဟားခါးလမ်း၊ ဝေဘူလလမ်း၊ ဖလမ်း-ရိလမ်းနှင့် ကလေး-ကဘော်ကားလမ်းများအား မိုးတွင်းကာလ လမ်းပျက်စီးမှုအခြေအနေများကြောင့် ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်နိုင်ရန် ကုန်တင်ယာဉ်နှင့် လိုင်းကားများအား အမျိုးအစားအလိုက် ဖြတ်သန်းခပေးဆောင်ရန် ချင်းအမျိုးသားအဖွဲ့ချုပ် CNO က အသိပေးချက်ထုတ်ပြန်ခဲ့သည်။
(004SS) ချင်း၊ မကွေးနှင့် စစ်ကိုင်းတို့တွင် စစ်ရေးလှုပ်ရှားနေသော ချင်းလက်နက်ကိုင်တပ်ဖွဲ့ CDF- KKG သည် စစ်အာဏာရှင်တော်လှန်ရေး ၃ နှစ်ကျော်အတွင်း ရဲဘော် ၄၆ ဦး ကျဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိမှုကြောင့် မသန်စွမ်းဖြစ်ခဲ့ရသူ ရဲဘော် ၁၁ ယောက်ရှိခဲ့သည်ဟု CDF-KKG Global Support Team က ထုတ်ပြန်သည်။ ထိခိုက်ဒဏ်ရာရရှိသော ရဲဘော် ၁၁ ဦးမှာ ရှေးတန်းတွင် တိုက်ပွဲဝင်သည့်အချိန် နယ်မြေရှင်းလင်းနေစဉ် မိုင်းမတော်တဆမှု တို့ကြောင့် မျက်စိ၊ ခြေထောက်နှင့် လက်ဆုံးရှုံးသူများဖြစ်ကြပြီး ဆေးဝါကုသရန် အကူအညီများလိုအပ်နေကြောင်း CDF-KKG Global Support Team က ဩဂုတ်လ ၁၃ ရက်နေ့တွင် ရုပ်သံနှင့်တကွ ထုတ်ပြန်ခဲ့သည်။ ဒါဏ်ရာရ ရဲဘော်များထဲတွင် ဆေးဝါးကုသမှုခံယူပြီးနောက် ပြန်လည်ကောင်းမွန်လာသူများရှိသော်လည်း အချို့မှာ အကောင်းပကတိအတိုင်း ပြန်မဖြစ်တော့ဘဲ ကိုယ်လက် အင်္ဂါဆုံးရှုံးမှုကြောင့် မသန်စွမ်းဘဝသို့ရောက်ခဲ့ကြရသည်ဟု သိရသည်။ ထိုကဲ့သို့ ကိုယ်လက် အင်္ဂါဆုံးရှုံးမှုကြောင့် မသန်စွမ်းဘဝရောက်ခဲ့ကြသော်လည်း မိမိယုံကြည်ချက်အတွက် အားမလျှော့ဘဲ တော်လှန်ရေးပြီးဆုံးသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု အသက် ၂၀ အရွယ် CDF-KKG တပ်ရင်း ၄၊ တပ်ခွဲ ၂ တပ်ခွဲမှူး မုန်တိုင်းကပြောသည်။ “ကျွန်တော်ကတော့ မိုင်းရှင်းရင်းနဲ့ ထိခိုက်တာပါ။ ဒါဏ်ရာကတော့ ဘယ်ဘက် ဒူးခေါင်းအောက်ပိုင်း ခြေထောက်မှာပေါ့။ ခြေတုနဲ့လဲ အဆင်ပြေပါတယ်။ သေနတ်ကိုင်တာ ခြေထောက်နဲ့မှမဟုတ်တာ၊ လက်နဲ့ကိုင်တာဆိုတော့ လက်ကဘာမှ မဖြစ်ဘူး၊ အဆင်ပြေပါတယ်။ စိတ်ဓါတ်မကျပါဘူး” ဟု မုန်တိုင်းက ပြောသည်။ ပြည်တွင်းပြည်ပရောက်ရှိနေကြသော…
(002MG) စစ်ကိုင်းတိုင်းကလေးမြို့မှ ချင်းပြည်နယ် ရိခေါဒါရ်မြို့သို့ ပြေးဆွဲနေကြသော မော်တော်ယာဉ်စီးခမှာ လူတစ်ဦးလျှင် ကျပ်ငွေ ၂ သိန်းအထိမြင့်တက်သွားသည်ဟုသိရသည်။ “လူတယောက် (၂) သိန်းက မိုးတွင်းစတာနဲ့ဖြစ်တာ။လမ်းမှာ ပုံမှန်ဆိုရင်တညအိပ်တယ်၊ အရင်လို ခေတ်ကောင်း တုန်းကလို လူမများတော့ဘူး ဒါပေမယ့် အခုလောလောဆယ်တော့ ပုံမှန်အသွားရော ၊အပြန်ရောရှိတယ်။ လမ်ခရီးက ဆိုးတယ် လမ်ဇန်ဖက်ကနေသွားတာ” ဟု ကလေး-ရိ ကားဂိတ်မှူးတစ်ဦးက ပြောသည်။ ယခင်က ကလေးမြို့မှ အိန္ဒိယ-မြန်မာနယ်စပ် ရိခေါဒါရ်မြို့သို့ ယာဉ်စီးခ လူတဦးလျှင် ကျပ်ငွေ ရှစ်သောင်း မှ တစ်သိန်း ခန့်သာ ရှိခဲ့သော်လည်း လောင်ဆာဆီဈေးမြင့်တက်မှု၊ မိုးတွင်းကာလဖြစ်၍ လမ်းမကောင်းသည့်အတွက် ဈေးနှုန်းမြင့် တက်သွားခြင်းဖြစ်သည်ဟု ၎င်းကပြောသည်။ စစ်ကောင်စီသည် ကလေး-တီးတိန်-ရိ ကားလမ်းမပေါ်က အဓိကအရေးပါသော မဏိပူရ်မြစ်ကူးမံဆောင်းတံတားကို ဇွန်လ ၈ ရက်နေ့ က ဖောက်ခွဲဖျက်ဆီးခဲ့သည့်အတွက် ကလေးမြို့မှ ရိခေါဒါရ်မြို့ကိုသွားမည်ဆိုလျှင် ကလေး-တီးတိန်-ကပ်တဲလ်လမ်းမှသော်လည်းကောင်း၊ ကလေး-ဖလမ်း-ရိ ကားလမ်းဘက်မှသော်လည်း ကွေ့ပတ်ပြီးသွားလာကြရသည်ဟုသိရသည်။ ထိုကြောင့် ယာဉ်စီးခနှင့် တန်ဆာခများမှာလည်း ယခင်ကထက် ဈေးမြင့်တက်သွားရခြင်းဖြစ်သည်ဟု သိရသည်။ စစ်ကောင်စီကမိုင်းခွဲဖျက်ဆီးလိုက်သော မံဆောင်းတံတားကို လိုင်တွီးရွာသားများ၏ ဦးဆောင်မှုဖြင့် ကြမ်းခင်းများ ပြန်ခင်းကာ ဆိုင်ကယ်များသွားလာနိုင်ရန် ပြုပြင်ထားကြပြီဟုသိရသည်။ ရိခေါဒါရ်မြို့မှ ကလေးမြို့သို့အဆင်းကားခမှာ လူတစ်ဦးလျှင် ကျပ်တစ်သိန်းပေးရသည်ဟုသိရသည်။
(006SV) ချင်းပြည်နယ်၊ ထန်တလန်မြို့သိမ်းတိုက်ပွဲကို Tilim စစ်ဆင်ရေး – ၄ အဖြစ် ဖော်ဆောင်နေပြီး ချင်းပြည်အစိုးရ ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း ချင်းအမျိုးသားတပ်ဦး CNF/ CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။ “စကစ (စစ်ကောင်စီ) က မြို့တွင်း ခံစစ်ကောင်းတဲ့ နေရာတွေကနေ ခုခံနေကြတယ်၊ မြို့တွင်း နေ့စဉ် ပစ်ခတ်မှု ရှိနေသေးတယ်၊ ဂျက်ဖိုက်တာနဲ့ ပစ်ကူသလို ဟားခါးကနေ စစ်ကူ ပို့နိုင်ဖို့ ကြိုးစားနေကြတယ်” ဟု ဆလိုင်းထက်နီက ပြောသည်။ ဇူလိုင်လ ၂၂ ရက်မှ စတင်၍ ယနေ့အထိ ချင်းပြည်အစိုးရ ပူးပေါင်းတပ်များသည် ဟားခါး- ထန်တလန်ကြားက လုံခါရ်နှင့် အော်တိုတောင်ပေါ်မှ စစ်ကောင်စီစခန်းများနှင့် ထန်တလန်မြို့တို့ကို တပြိုက်နက် ထိုးစစ်ဆင် တိုက်ခိုက်နေခဲ့ရာ ဟားခါး -ထန်တလန်ကြားက စစ်ကောင်စီစခန်းများနှင့် ထန်တလန်မြို့ပေါ်က အဓိက စခန်းကုန်း ခလရ – ၂၆၉ တို့ကို သိမ်းထားပြီး ဖြစ်သည်။ စစ်ကောင်စီသည် ထန်တလန်မြို့ မကျစေရေးအတွက် မြို့ပေါ်နေရာတချို့တွင် ခံစစ်အခိုင်အမာပြင်ဆင်၍ ခုခံတိုက်ခိုက်နေ ခြင်းဖြစ်ပြီး ဟားခါးမြို့မှ စစ်ကူများ ပို့နိုင်ရေးလည်း ကြိုးစားနေကြောင်း ဆလိုင်းထက်နီက ပြောသည်။ Tilim အော်ပရေးရှင်း – ၄ ကို ဆက်လက်ဖော်ဆောင်နေရာ မကြာမှီတွင် ထန်တလန်မြို့ကို ချင်းပြည် အစိုးရတပ်များ သိမ်းနိုင် မည်ဟု ဆလိုင်းထက်နီက Voice of Chinland နှင့် အင်တာဗျူးတွင် ဖြေကြားထားသည်။…
ချင်းပြည်နယ် ဟားခါးမြို့အနီးရှိ စစ်ကောင်စီ၏ Keivangzuan တပ်စခန်းကို ချင်းကာကွယ်ရေး ပူးပေါင်းတပ်က ယနေ့မနက်ပိုင်းတွင် သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီတပ်သား ၁၀ ဦး သေဆုံးခဲ့သည်ဟု သိရသည်။ ချင်းအမျိုးသားတပ်မတော် CNA နဲ့ CDF-Hakha ပူးပေါင်းတပ်ဖွဲ့က Rung Operation အမည်ဖြင့် အဆိုပါစစ်ဆင်ရေးကို ဖော်ဆောင်ခဲ့ကြပြီး ယနေ့ ဩဂုတ်လ ၁၂ ရက်မနက် ၅ နာရီ ၅၅ မိနစ်တွင် စတင်တိုက်ခိုက်ကာ ၆ နာရီ ၄၀ မိနစ်တွင် စခန်းတစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့သည်ဟု CDF-Hakha က ထုတ်ပြန်သည်။ ထိုစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၀ ဦးသေဆုံးပြီး အများအပြားလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ထို့အပြင် ၆၀ မမ၊ MA1 နှစ်လက်၊ MA2 လေးလက်၊ MA3 တစ်လက်၊ MA4 နှစ်လက်၊ Machine gun တစ်လက်၊ ကျည်ဘောက် ၂၅ခု၊ မိုင်း နှင့် ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။ စစ်ကောင်စီတပ်၏ Keivangzuan တပ်စခန်းသည် ဟားခါးမြို့နှင့် ၄ မိုင်ခန့်သာကွာဝေးသည်ဟု သိရသည်။ CDF-Hakha အနေဖြင့် ဟားခါးမြို့သိမ်းပိုက်နိုင်ရေးအတွက် Rung Operation ကို ဖော်ဆောင်နေပြီး အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းကာ ဆက်လက်တိုက်ပွဲဖော်ဆောင်သွားမည်ဖြစ်သည့်အတွက် ပြည်လူထုမှလည်း ပူးပေါင်းပါဝင်ဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံထားသည်။
(006SV) ချင်းပြည်နယ်၊ မတူပီမြို့တွင် စစ်ဘေးရှောင်များ ပြန်လည်နေထိုင်နိုင်ရေးအတွက် လိုအပ်ချက်လုပ်ငန်းများ ဆောင်ရွက်ထားပြီး ပြည်သူများ ပြန်လည်နေထိုင်ခွင့်ပြုတော့မည်ဖြစ်ကြောင်း မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။ မတူပီမြို့တွင် လိုအပ်သော အုပ်ချုပ်ရေးပိုင်းဆိုင်ရာလုပ်ငန်းများ၊ သန့်ရှင်းရေးလုပ်ငန်းများနှင့် ရေရှိရေးလုပ်ငန်းများကို ဆောင်ရွက်ပြီးပြီဖြစ်ကြောင်း မတူပီ ပအဖက ဩဂုတ်လ ၈ ရက်က သတင်းထုတ်ပြန်သည်။ မတူပီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က စစ်ဘေးရှောင်များ ပြန်လည်နေထိုင်နိုင်ရေးကို ထုတ်ပြန်ပြီးနောက် မတူပီမြို့ပေါ် စစ်ဘေးရှောင်တချို့ ပြန်လည်ရောက်ရှိလာကြောင်း၊ စစ်ဘေးရှောင်များကို ပြန်လာခွင့်ပြုထားပြီးဖြစ်ကြောင်း မတူပီ- CDF ၊ တပ်မဟာ – ၁ ပြောရေးဆိုခွင့်ရှိသူ ကိုဘွေအုပ်က ပြောသည်။ “မတူပီပအဖက ထုတ်ပြန်ပြီးမှ စစ်ဘေးရှောင်တွေ စတင်ပြန်လာတာပါ။ တချို့က ဆိုင်ကယ်တွေနဲ့ ပြန်လာကြတယ်။ စစ်ဘေးရှောင်တွေ သိသင့်တာတွေကိုတော့ စာရွက်နဲ့ Print ထုတ်ပြီး ပြောထားပါတယ်။ ဘယ်လောက်ပြန်လာနေပြီးလဲက စာရင်းမကောက်ရသေးပါဘူး” ဟု ကိုဘွေအုပ်က ပြောသည်။ မတူပီမြို့စစ်ဘေးရှောင်များ သိသင့်သိထိုက်သော သတိထားရမည့်အချက်များကိုလည်း လက်ကမ်းစာစောင်များ ဝေငှထားကြောင်း၊ အသုံးများသော လမ်းများတွင် မြေမြှုပ်မိုင်းများ ရှင်းလင်းထားပြီး မရှင်းလင်းရသေးသည့်နေရာများကို ယာယီပိတ်ထားကြောင်း သိရသည်။ မတူပီမြို့ ပြန်လည်တည်ဆောက်ရေး ရှေ့လုပ်ငန်းစဉ်များ ဆက်လက် ဖော်ဆောင်သွားမည်ဖြစ်သောကြောင့် မိဘပြည်သူများမှ ပူးပေါင်းပါဝင်ကြပါရန် မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိပေးနှိုးဆော်ထားသည်။ မတူပီမြို့ရှိ စစ်ကောင်စီ၏ ခမရ ၃၀၄၊ ခလရ ၁၄၀နှင့် စစ်ဗျူဟာစခန်းတို့ကို ချင်းညီနောင်တပ်ဖွဲ့ဝင်များနှင့် အာရက္ခတပ်တော် AA မဟာမိတ်တပ်များက ဇွန်လ ၉ ရက်က စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ဇွန်လ ၂၉ ရက်တွင်…
(006SV) ချင်းပြည်တောင်ပိုင်း မင်းတပ်မြို့နယ်ကို ၂ နှစ်တာကာလအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အကြိမ်များစွာ ပြုလုပ်ခဲ့ရာ ဒေသခံပြည်သူ ၂၀ ကျော်သေဆုံးပြီး ၇၀ ကျော် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ထံမှ သိရသည်။ ၂၀၂၂ ဇူလိုင်လမှ ၂၀၂၄ ဇူလိုင်လအထိ မင်းတပ်မြို့နယ်အတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပေါင်း ၉၈ ကြိမ် ပြုလုပ်ခဲ့ရာ ဒေသခံပြည်သူ ၂၂ ဦးသေဆုံးပြီး ၇၄ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့က ယမန်နေ့က သတင်းထုတ်ပြန်သည်။ လေကြောင်းတိုက်ခိုက်မှုကြောင့် ဆေးရုံ ၁ ရုံး၊ စာသင်ကျောင်း ၇ ကျောင်း၊ ဗုဒ္ဓဘာသာ ဘုန်ကြီးကျောင်း ၂ ကျောင်းနှင့် ခရစ်ယာန်ဘုရားကျောင်း ၄ ကျောင်းအပါအဝင် နေအိမ်နှင့် အဆောက်အအုံပေါင်း ၁၃၇ လုံး ထိခိုက်မှု၊ ပျက်စီးဆုံးရှုံးမှုများရှိခဲ့ကြောင်း သိရသည်။ နိုင်ငံတကာနှင့် ပြည်တွင်းဥပဒေများအရ ကာကွယ်စောင့်ရှောက်ရမည့် ယင်းကဲ့သို့ အရပ်သား အဆောက်အအုံများကို ပစ်မှတ်ထားတိုက်ခိုက်မှုများသည် စစ်ရာဇဝတ်မှု ကျူးလွန်သော သက်သေအထောက်အထားများ ဖြစ်ပြီး စစ်ကောင်စီအနေဖြင့် တာဝန်ခံရမည်ဖြစ်ကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့က ထုတ်ပြန်သည်။ စစ်ကောင်စီသည် မင်းတပ်မြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများကို ပေါင် ၅၀၀ ဗုံး၊ မီးလောင်ဗုံများအပါအဝင် ပြင်းထန် သော ဗုံးအမျိုးအစားများဖြင့် မကြာခဏ တိုက်ခိုက်ပြီး ချင်းပြည်နယ်အတွင်း လေကြောင်းတိုက်ခိုက်ခံရမှု အများဆုံး ကျူးလွန်းခံရသော မြို့နယ်ဖြစ်ကြောင်း ဒေသခံတချို့က ပြောသည်။ ၂၀၂၄ ခုနှစ် ဧပြီလနှင့် မေလ ၂ ရက်အတွင်း မင်းတပ်မြို့နယ်အတွင်း…
