Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»IKACC/PC နှင့် ULA/AA တို့ ညှိနှိုင်းပြီးနောက် AA က ဖမ်းဆီးထားသည့် ပလက်ဝဒေသခံ ၅ ဦးကို ပြန်လွှတ်ပေး

IKACC/PC နှင့် ULA/AA တို့ ညှိနှိုင်းပြီးနောက် AA က ဖမ်းဆီးထားသည့် ပလက်ဝဒေသခံ ၅ ဦးကို ပြန်လွှတ်ပေး

0
By Editor on August 30, 2024 Headline

(004SS)

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်က အရပ်သားပြည်သူများ ဖမ်းဆီးချုပ်နှောင်ခံရမှုနှင့်ပတ်သက်၍ ကြားကာလခူမီး (ချင်း) မျိုးနွယ်စုများရေးရာအတိုင်ပင်ခံကောင်စီ/ပလက်ဝကောင်စီ IKACC/PC နှင့် အာရက္ခတပ်တော် ULA/AA တို့ တွေ့ဆုံညှိနှိုင်းပြီးနောက်မှာ ဖမ်းဆီးထိန်းသိမ်းခံရသူထဲက ၅ ဦးကို AA က ပြန်လွှတ်ပေးလိုက်သည်ဟု သိရသည်။

ကြားကာလခူမီး (ချင်း) မျိုးနွယ်စုများရေးရာ အတိုင်ပင်ခံကောင်စီ/ပလက်ဝကောင်စီ IKACC/PC နှင့် အာရက္ခတပ်တော် ULA/AA တာဝန်ရှိသူတို့သည် ပြီးခဲ့သည့်ဩဂုတ်လ ၁၉ ရက်နေ့က တွေ့ဆုံညှိနှိုင်းခဲ့ကြပြီးနောက် တစ်ပတ်အကြာ ဩဂုတ်လ ၂၇ ရက်နေ့မှာ ဖမ်းဆီးခံရသူများထဲက ၅ ယောက်ကို AA က ပြန်လွှတ်ပေးလိုက်ခြင်းဖြစ်သည်။

“AA ထိန်းသိမ်းထားတဲ့ ပြည်သူ ၅ ဦး လွတ်လာတယ်။ ကျွန်တော်တို့က လွှတ်ပေးဖို့ညှိနှိုင်းတော့ လွှတ်ပေးတာဖြစ်တယ်။ ဒီတိုင်းလွှတ်ပေးတာမဟုတ်ဘဲ သူတို့ရဲ့ ဆွေမျိုးအသိုင်းအဝိုင်းတွေလက်ထဲ အပ်ပေးပါလို့ ပြောထားတော့ ၂၇ ရက်နေ့မှာ သူတို့ဆွေမျိုးတွေခေါ်ပြီးမှ အပ်ပေးတာဖြစ်တယ်။ ကျန်တဲ့ထိန်းသိမ်းခံရသူတွေလဲပဲ အစီအစဉ်တကျစစ်ဆေးမေးမြန်းပြီးမှ လွှတ်လာဖို့ ကြိုးပမ်းနေတဲ့ အနေအထားရှိတယ်” ဟု IKACC/PC ပြောရေးဆိုခွင့်ရှိသူက ခိုနူမ်းသုန်ကိုပြောသည်။

ULA/AA တပ်ဖွဲ့က ယခု ပြန်လွှတ်ပေးလိုက်သော ပလက်ဝဒေသခံ ၅ ဦးတို့မှာ ၃ လ နှင့် ၆ လကျော်ကြာ ဖမ်းဆီးချုပ်နှောင်ခံထားရသူများဖြစ်ကြပြီး အသက် ၃၆ မှ ၆၆ နှစ်အရွယ်ရှိသူများဖြစ်ကြသည်ဟု သိရသည်။

၎င်းတို့မှာ ဟားလာဝရွာသား ဦး အောင်သိန်း၊ ရပ်ဒိန်ရွာသား ဦးမိုက်ကယ်၊ အောက်ဘောင်းဝီးရွာသား ဦးကျော်ဝင်း၊ ဦးအောင်နင်းနှင့် ဘောင်းကူးရွာသား ဦးပျော်လှ (ခေါ်) ဦးပြိုလှတို့ဖြစ်ကြသည်ဟုသိရသည်။

၎င်းတို့ကို နယ်မြေ‌အေးချမ်းတည်ငြိမ်မှုကို ပျက်ပြားစေမှုဖြင့် အာရက္ခတပ်တော် AA က ဖမ်းဆီးထိန်းသိမ်းခြင်းဖြစ်သည်ဟု သိရသည်။

ကြားကာလခူမီး (ချင်း) မျိုးနွယ်စုများရေးရာအတိုင်ပင်ခံကောင်စီ/ပလက်ဝကောင်စီ၏ စာရင်းအရ ယခုလက်ရှိတွင် ပလက်ဝဒေသခံအနည်းဆုံး ၁၅ ဦးဝန်းကျင်ခန့်ကို AA တပ်ဖွဲ့က ဆက်လက်ဖမ်းဆီးထားဆဲဟု သိရပြီး အမြန်ဆုံး ပြန်လည်လွတ်မြောက်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေဆဲဖြစ်သည်ဟု သိရသည်။

ဖမ်းဆီးထိန်းသိမ်းခံရသည့် စာရင်းနှင့်ပတ်သက်ပြီး IKACC/PC မှာရှိသည့် စာရင်းနှင့် ULA/AA မှာရှိသည့် ပုဂ္ဂိုလ်များ၏ ကိုယ်ရေးအချက်အလက်လွဲမှားမှုတချို့ရှိနေပြီး အချက်အလက်များအား မှန်ကန်စွာ စိစစ်ပြီးမှ ကျန်ရှိသူများကိုလည်း ပြန်လွတ်ပေးမည်ဟု AA ဘက်က ပြောဆိုကြောင်း သိရသည်။

ချင်းပြည်နယ်ပလက်ဝမြို့နယ်ကို အာရက္ခတပ်တော် AA က ယခုနှစ်ဇန်နဝါရီလမှာ အလုံးစုံ သိမ်းပိုက်ထိန်းချုပ်ခဲ့ပြီး အုပ်ချုပ်ရေးယန္တရားများလည်း အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိသည်။

ပလက်ဝမြို့နယ်မှာ စစ်ကောင်စီကင်းစင်ပြီဖြစ်သော်လည်း ပလက်ဝဒေသခံပြည်သူများသည် ယနေ့ချိန်ထိ စစ်ဘေးတိမ်းရှောင်နေကြရဆဲဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မြန်မာနိုင်ငံက စစ်ရှောင်များဆက်တိုက်ဝင်ရောက်လာမှု မီဇိုရမ်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်လာဟု ပြည်နယ်ဝန်ကြီးချုပ်ပြော

အသစ်ပေါ်ထွက်လာသော ခူမီးတပ်မတော် KPF/ KNCP က ပလက်ဝမြို့နယ်ရှိ ကျေးရွာ ၃ ရွာမှာ လူငယ် ၄၀ နီးပါးကို တပ်သားစုဆောင်း

မင်းတပ်မြို့ကို ထိုးစစ်ဆင်နေသော စစ်တပ်စစ်ကြောင်းသည် ကျောင်းသား ၁ ဦးအပါအဝင် ဒေသခံပြည်သူ ၂ ဦးကို သတ်ဖြတ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.