(005MK) မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့အနီး Lengpui လေဆိပ်တွင် လေယာဉ်ပြေးလမ်းချော်ကာ မတော်တဆဖြစ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသော စစ်ကောင်စီတပ်ဖွဲ့၀င်များကို သွားကယ်သည့် အရေးပေါ်လူနာတင်ယာဉ်သည်လည်း လေဆိပ်အထွက်တွင် ယာဉ်မတော်တဆ ထပ်မံဖြစ်ပွားခဲ့သည်ဟု သိရသည်။ မီဇိုရမ်ပြည်နယ်ထဲ ထွက်ပြေးကြသော စစ်ကောင်စီတပ်သားများကို သယ် ဆောင်ရန် Lengpui လေဆိပ်သို့ ဆင်းသက်လာသော စစ်ကောင်စီလေကြောင်းလိုင်းသည် ယနေ့ မနက်ပိုင်း ၁၀ နာရီခွဲ၀န်းကျင်ခန့်က ပြေးလမ်းချော်မှုကြောင့် လေယာဉ်ပေါ်ပါလာသော လေယာဉ်မှူးနှင့် အမှုထမ်း ၁၄ ဉီးအနက် ၈ ဦး ဒဏ်ရာရရှိခဲ့ကြသည်။ ဒဏ်ရာရရှိသော လေယာဉ်အမှုထမ်းများကို ဆေးရုံသို့ပို့ဆောင်ရန် လေဆိပ်သို့သွားကြိုသော အရေးပေါ်လူနာတင်ကား သည် လေဆိပ်အထွက် ခုံးကျော်တံတားနှင့်ငြိပြီး အချိန်အတော်ကြာ ဆွဲထုတ်၍မရဖြစ်ကာ သောင်တင်ခဲ့ရသည်ဟု ဒေသ တွင်းမီဒီယာများကဖော်ပြသည်။ အဆိုပါဖြစ်စဉ်ကြောင့် လူနာယာဉ်ပေါ်ပါလာသော လူနာများ ထပ်မံထိခိုက်မှုရှိ/မရှိ မသိရသော်လည်း အရေးပေါ် လူနာတင်ကားမှာ အတော်လေးပျက်စီးသွားခဲ့ရသည် ဆိုသည်။ ချင်းပြည်နယ် ပလက်၀မြို့နယ်အတွင်း ရက္ခိုင့်တပ်တော်နှင့်ဖြစ်ပွားသည့် တိုက်ပွဲအတွင်း စစ်ရှုံးမှုကြောင့် အရာရှိ ၃၆ အပါအ၀င် စစ်ကောင်စီတပ်သား ၂၇၆ ယောက်သည် ဇန်န၀◌ါရီလ ၁၇ ရက်က မီဇိုရမ်ပြည်နယ်ထဲ ထွက်ပြေးလာခဲ့ကြသည်။ အဆိုပါ စစ်ကောင်စီတပ်သား ၂၇၆ ဉီးထဲက ၁၈၄ ဦးကို ယမန်နေ့ ဇန်န၀◌ါရီလ ၂၂ ရက်က စစ်ကောင်စီလေကြောင်းက Lengpui လေဆိပ်တွင် လာရောက်ခေါ်ယူသွားခဲ့ပြီး ယနေ့ ဒုတိယအသုတ် လာရောက်သယ်ဆောင်မည့်အချိန်တွင် လေယာဉ်မတော်တဆ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်သိရသည်။
Author: Editor
(006SV) ချင်းပြည်နယ်တွင် ချင်းတော်လှန်ရေးအင်အားစုများကိုယ်တိုင် ဖွဲ့စည်းသည့် ချင်းလဲန်းအစိုးရ၏ ဝန်ကြီးချုပ်အပါအဝင် အစိုးရအဖွဲ့ဝင်များ၊ တရားသူကြီးချုပ်နှင့် တရားရေးအဖွဲ့ဝင်များကို ယခုတစ်ပတ်ထဲ အပြီးသတ်ရွေးချယ်သွားမည်ဖြစ်ကြောင်း ချင်းလဲန်းကောင်စီက ယနေ့မှာသတင်းထုတ်ပြန်သည်။ ဇန်နဝါရီလ ၂၂- ၂၃ ရက်တွင် ချင်းပြည်နယ်၊ CNF ဌာနချုပ်၊ ချင်းလုံမြို့တွင် ရွေးချယ်တင်မြှောက်ရေးကော်မတီ၏ ဒုတိယ အကြိမ်အစည်းအဝေးကို ကျင်းပခဲ့သည်ဟု သိရသည်။ ယင်းအစည်းအဝေးတွင် ချင်းလဲန်းအစိုးရအဖွဲ့ (Government of Chinland) ၏ ဝန်ကြီးချုပ်၊ ဝန်ကြီး၊ ရှေ့နေချုပ်၊ စစ်ရင်းစစ်ချုပ် ရာထူးများ၊ Supreme Court of Chinland ၏ တရားသူကြီးချုပ်၊ တရားသူကြီး ရာထူးနေရာများကို အစုအဖွဲ့အသီးသီးမှ ပေးပို့သည့် အဆိုပြုစာရင်းများမှ ညှိနှိုင်းရွေးချယ်ခြင်းကို ဆောက်ရွက်လျက်ရှိသည်ဟု သိရသည်။ ယင်းတို့ကို ယခုသီတင်းပတ်အတွင်း ညှိနှိုင်းရွေးချယ်ခြင်းကို အပြီးသတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ချင်းလဲန်းကောင်စီက သတင်းထုတ်ပြန်သည်။ ဇန်နဝါရီလ ၁၆ ရက်ကလည်း ချင်းလဲန်းကောင်စီ၏ ဦးဆောင်မှုဖြင့် ချင်းအမျိုးသားတပ်မတော် CNF/CNA နှင့် ဒေသန္တရ ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူများသည် ချင်းလဲန်းအစိုးရအဖွဲ့၊ ကာကွယ်ရေးဝန်ကြီးဌာန ဖွဲ့စည်းရေးနှင့် ပတ်သက်၍ လုပ်ငန်းတာဝန်များ ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။ ကာကွယ်ရေးဝန်ကြီးဌာနဖွဲ့စည်းရေးနှင့်ပတ်သက်၍ ဆွေးနွေးမှုအကြောင်း ချင်းလဲန်းကောင်စီမှ တွဲဖက်အတွင်းရေးမှူး – ၁ ဆလိုင်းထက်နီကို မေးမြန်းရာတွင် အသေးစိတ်မည်သည့်အချက်မှ မဆွေးနွေးရသေးသောကြောင့် လတ်တလောတွင် မှတ်ချက်ပြုစရာမရှိကြောင်း ခိုနူမ်းသုန်သတင်းဌာနကို ပြောသည်။ ရွေးချယ်တင်မြှောက်ရေးကော်မတီ၏ ပထမအကြိမ်အစည်းအဝေးကို ၂၀၂၃ ဒီဇင်ဘာလ ၁၂ ရက်က ကျင်းပပြုလုပ်ခဲ့ပြီး Government of Chinland နှင့် Supreme…
(004SS) ကလေးမြို့နယ်၊ ပြည်တော်သာကျေးရွာသား ချင်းလူငယ်တစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့များက ဖမ်းဆီးပြီးနောက် သတ်ဖြတ်ကာ ရုပ်အလောင်းကိုလည်း မီးရှို့ဖျောက်ဖျက်လိုက်သည်ဟု သိရသည်။ ဖမ်းဆီးသတ်ဖြတ်ခံရသူမှာ အသက် ၁၉ နှစ်အရွယ် မောင်ပေါင်လျန်းတွောင်ဟုသိရပြီး ဇန်နဝါရီလ ၁၄ ရက်နေ့က ပြည်တော်သာမှ ကလေးမြို့ကိုအသွားတွင် စစ်ကောင်စီတပ်ဖွဲ့များက ဖမ်းဆီးခဲ့ခြင်းဟု သိရသည်။ ထို့နောက် ၎င်း၏ မိသားစုဝင်များက စုံစမ်းရှာဖွေခဲ့ရာ ဇန်နဝါရီလ ၂၂ ရက်နေ့တွင်သာ အကြောင်းစုံသိလိုက်ရကြောင်း ဒေသခံများထံမှ သိရသည်။ မောင်ပေါင်လျန်းတွောင်၏ ရုပ်အလောင်းအား စစ်ကောင်စီတပ်ဖွဲ့ထံ တောင်းခံခဲ့သော်လည်း အလောင်းမရှိတော့ကြောင်း မီးရှို့ဖျက်ဆီးလိုက်ပြီဖြစ်ကြောင်းနှင့် အရိုးပြာတောင်မရှိတော့ကြောင်း ပြောလွှတ်ခဲ့သည်ဟု သိရသည်။ စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် ယနေ့အထိ ကလေးမြို့နယ်တွင် အပြစ်မဲ့ပြည်သူ သတ်ဖြတ်ခံရသူ အယောက် ၂၅၀ ကျော်ရှိပြီဟု သိရသည်။
(006SV) ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ထဲမှ စစ်ရှုံး၍ ထွက်ပြေးလာသော စစ်ကောင်စီတပ်နှင့် ချင်းကာကွယ်ရေး ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီက ၁၀ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာ ရရှိထားသူများရှိကာ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။ ဇန်နဝါရီလ ၂၀ ရက် နံနက် ၉ နာရီတွင် ပလက်ဝမြို့နှင့် ဆမီမြို့များတွင် ရက္ခိုင်တပ်တော် AA နှင့် တိုက်ပွဲများဖြစ်ပွားပြီး ထွက်ပြေးလာသော စစ်ကောင်စီတပ်နှင့် CNA ၊ CDF-မတူပီ၊ CDF-ပလက်ဝ ချင်းပူးပေါင်းတပ်တို့ လုံပန်ကျေးရွာအနီး Kapin ချောင်းတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု CDF – မတူပီက ယနေ့ ဇန်နဝါရီလ ၂၃ ရက်တွင် သတင်းထုတ်ပြန်သည်။ ယင်းတိုက်ပွဲတွင် စစ်ကောင်စီက ၃ ဦး သေဆုံးပြီး ၅ ဦးမှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်ဟု သိရသည်။ ဇန်နဝါရီလ ၂၁ ရက် နံနက်ပိုင်းက စံတပ်ရွာတွင် ဒုတိယအကြိမ် ထိတွေ့တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီမှ ၇ ဦး ထပ်မံ သေဆုံးခဲ့သည်၊ ချင်းပူးပေါင်းတပ်ဖွဲ့မှ အထိအခိုက်မရှိ ကောင်းမွန်စွာ ဆုတ်ခွာနိုင်ခဲ့သည်ဟု သိရသည်။ စစ်ကောင်စီတပ်သည် စံတင်ကျေးရွာမှ ပြည်သူ့ဆေးရုံးကို ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ပြီး ဆေးရုံးအတွင်းက ဆေးဝါးများ၊ မီးစက်များနှင့် ဆိုင်ကယ်များကို မီးရှို့သွားခဲ့သည်ဟု သိရသည်။ ထို့အပြင် ဇန်နဝါရီလ ၂၂ ရက်ကလည်း စစ်ကောင်စီတပ်သည် အနီးအနားမှ စစ်ဘေးရှောင်ပြည်သူ အမျိုးသမီး ၅ ဦးနှင့် အမျိုးသား ၃ ဦး၊…
(005MK) အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့ စစ်ရှုံး၍ထွက်ပြေးသွားကြသော စစ်ကောင်စီတပ်သားများကို လာရောက်သယ်ဆောင်မည့် စစ်ကောင်စီလေကြောင်းသည် Lengpui လေဆိပ်အဆင်းတွင် ပြေးလမ်းချော်မှုဖြစ်ပွားခဲ့သည်ဟု သိရသည်။ မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့အနီး Lengpui လေဆိပ်တွင် ယနေ့မနက်ပိုင်း ၁၀ နာရီခွဲ၀◌န်းကျင်ခန့်က စစ်ကောင်စီ လေကြောင်းသည် လေယာဉ်ကွင်းအဆင်း ပြေးလမ်းချော်ကာ အရှိန်မထိမ်းနိုင်ဘဲ တိမ်းမှောက်သွားသည်ဟု ဒေသခံများထံမှ သိရသည်။ “Lengpui လေဆိပ်ကို ဆင်းလာတဲ့အချိန်မှာ ပြေးလမ်းချော်သွားတာပါ၊ ထိခိုက်ဒဏ်ရာရှိတဲ့အခြေအနေတော့ မသိရဘူး’’ ဟု အိုင်ဇောလ်မြို့ဒေသခံကပြောသည်။ အဆိုပါဖြစ်စဉ်ကြောင့် လေယာဉ်ပေါ်လိုက်ပါလာသူ လေယာဉ်မှူးအပါအ၀င် အမှုထမ်း ၁၄ အနက် ၈ ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတော့မရှိကြောင်း သိရသည်။ ချင်းပြည်နယ် ပလက်၀မြို့နယ်အတွင်း ရက္ခိုင့်တပ်တော်နှင့်ဖြစ်ပွားသည့် တိုက်ပွဲအတွင်း စစ်ရှုံးမှုကြောင့် အရာရှိ ၃၆ အပါအ၀င် စစ်ကောင်စီတပ်သား ၂၇၆ ယောက်သည် ဇန်န၀◌ါရီလ ၁၇ ရက်က မီဇိုရမ်ပြည်နယ်ထဲ ထွက်ပြေးလာခဲ့ကြသည်။ အဆိုပါ စစ်ကောင်စီတပ်သား ၂၇၆ ဉီးထဲက ၁၈၄ ဦးကို ယမန်နေ့ ဇန်န၀◌ါရီလ ၂၂ ရက်က စစ်ကောင်စီလေကြောင်းက Lengpui လေဆိပ်တွင် လာရောက်ခေါ်ယူသွားခဲ့ပြီး ယနေ့ ဒုတိယအသုတ် လာရောက်သယ်ဆောင်မည့်အချိန်တွင် လေယာဉ်မတော်တဆဖြစ်ပွားခဲ့ခြင်းဖြစ်သည် သိရသည်။ Photo credit
(006SV) မြန်မာ့နွေဦးတော်လှန်ရေးမှာ စစ်အာဏာရှင်ကို တူမီးစွဲကိုင်ပြီး အစောဆုံးဆန့်ကျင့်တော်လှန်တဲ့ ချင်းအင်အားစုတွေဟာ အနာဂါတ်ချင်းပြည်တည်ဆောက်ရေးအတွက် ခုခံတော်လှန်ရေး ၃ နှစ်ရှိလာချိန်မှာ ကြီးမားတဲ့ အရွေ့တစ်ခုကို ဖော်ဆောင်လာကြပါတယ်။ ချင်းအမျိုးသားတပ်ဦး CNF ဗဟိုဌာနချုပ်မှာ ပထမအကြိမ် ချင်းပြည်ကောင်စီညီလာခံကို ဒီဇင်ဘာ ၄ ရက်မှ ၇ ရက်ထိ ကျင်းပနိုင် ခဲ့ပြီး ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုပြဌာန်းနိုင်ခဲ့သလို ချင်းပြည်ကောင်စီကိုလည်း ဖွဲ့စည်းနိုင်ခဲ့တာပါ။ ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေအရ ချင်းပြည်ရဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး စတဲ့ အစိုးရယန္တရားတွေကို ရက်ပေါင်း ၆၀ အတွင်း ဖွဲ့စည်းသွားမှာဖြစ်လို့ လာမည့်ဖေဖော်ဝါရီလအတွင်းမှာ Chinland Council ရဲ့ဦးဆောင်မှုနဲ့ ချင်းပြည်အစိုးရ ယန္တရားလည်ပတ်မှုတွေ ကို မြင်တွေ့ရတော့မယ်လို့ ယုံကြည်ရပါတယ်။ တချိန်တည်းမှာပဲ ပထမအကြိမ်ချင်းပြည်ကောင်စီညီလာခံကို တက်ရောက်ခြင်းမရှိတဲ့ ချင်းအမျိုးသားကောင်စီ(မင်းတပ်) (CNC- Mindat/ CDF- Mindat)၊ ချင်းအမျိုးသားအဖွဲ့ ချုပ် (CNO/CNDF) နှင့် ဇိုမီးဖက်ဒရယ်အစည်းအရုံး (ZFU/PDF-Zoland)တို့က “ချင်းညီနောင်” အဖြစ် ဒီဇင်ဘာလ ၃၀ ရက်က နိုင်ငံရေးနှင့် စစ်ရေးမှာ ပူးပေါင်းဆောင်ရွက်ကြဖို့ တရား ဝင်ဖွဲ့စည်းပြီးတော့ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ICNCC လမ်းကြောင်း ကနေ ဆက်သွားဖို့ ပြောဆို ထားကြပါတယ်။ ဒီလိုအခြေအနေတွေကြောင့် တော်လှန်ရေးကာလ ချင်းပြည်မှာ Chinland Council နှင့် ICNCC ဆိုပြီး ကောင်စီနှစ်ခုပေါ် လာတာကြောင့် ချင်းပြည်သူတွေအကြား ပြောဆိုေ၀ဖန်မှု၊ စိုးရိမ်ပူပန်မှုတွေရှိလာပြီး ချင်းပြည်ရဲ့အနာဂတ်ဟာ အကွဲ အပြဲတွေဘက်ဦးတည်လာမှာကို စိုးရိမ်နေကြပါတယ်။ ICNCC ရဲ့ လက်ရှိအနေအထားက…
(002MG) စစ်ကိုင်းတိုင်း ကလေးမြို့မှ ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်-ဖလမ်း-ဟားခါး-ရိခေါဒါရ်မြို့များသို့ အဓိကဆက်သွယ်သော ကလေး-သိုင်းငင်းကားလမ်းမကြီးကို ယနေ့ ဇန်န၀◌ါရီလ ၂၂ ရက်ကစ၍ ပြန်လည်အသုံးပြု၍ရပြီဟု CDF/CDM-Siyin က ထုတ်ပြန်သည်။ ကလေး-သိုင်းငင်း ကားလမ်းမကြီးကို ၂၀၂၃ ခုနှစ် နို၀င်ဘာလကုန်ပိုင်းကတည်းက လုံခြုံရေးအခြေအနေကြောင့် CDF/CDM-Siyin တပ်ဖွဲ့က ပိတ်ပင်ထားခဲ့ခြင်းဖြစ်ပြီး ဇန်န၀◌ါရီလ ၁၆ ရက်နေ့က သိုင်းငင်းကျေးရွာက စစ်ကောင်စီတပ်စခန်းကို ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ခဲ့ပြီးနောက်မှာ ယခုကဲ့သို့ အများပြည်သူများ ပြန်လည်အသုံးပြုနိုင်ရန် ဖွင့်ပေးခဲ့ခြင်းဖြစ်သည်။ “လမ်းပိတ်ထားတဲ့ နှစ်လကျော်အတွင်း သည်းခံပေးကြသော ခရီးသွားပြည်သူအားလုံးအပေါ် ကျေးဇူးအထူးတင်ရှိကြောင်း ဖော်ပြအပ်ပါသည်” ဟု CDF/CDM-Siyin က ဆိုသည်။ သိုင်းငင်းကျေးရွာက စစ်ကောင်စီတပ်စခန်းကို လေ့လာကြည့်ရှုချင်သူ ပြည်သူများရှိပါက CDF CDM SIYIN ထံ အကြောင်းကြားပြီးမှ သွားလာကြည့်ရှုလေ့လာနိုင်ပြီး CDF CDM SIYIN ထံ အကြောင်းမကြားပဲ လေ့လာကြည့်ရှုနေရင်း တစ်စုံတစ်ခုဖြစ်ခဲ့ပါက တာဝန်ယူမည်မဟုတ်ကြောင်း CDF CDM SIYIN က ဖော်ပြထားသည်။ ကလေး-သိုင်းငင်းကားလမ်း ၂ လကျော်ကြာ ပိတ်ပင်ထားသည့်ကာလအတွင်း ပြည်သူများအနေဖြင့် ခရီးသွားလာတွင် အခက်အခဲများစွာ ကြုံခဲ့ကြရပြီး ကလေးမြို့မှ ချင်းတောင်သို့သွားရာတွင် ရှောင်ကွင်းလမ်းမှသွားရသည့်အတွက် ကားခ အဆမတန်မြင့်တက်ခြင်း၊ ကုန်တင်ကား မရောက်နိုင်သောကြောင့် ကုန်စ္စည်းပြတ်လပ်မှုများလည်း အကြီးအကျယ် ကြုံခဲ့ ကြရသည်။
(006SV) ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တိုက်ပွဲများမှ အိန္ဒိယနိုင်ငံဘက်ကို ထွက်ပြေးလွတ်မြောက်သွားသော စစ်ကောင်စီတပ်သားများသည် ရခိုင်ပြည်နယ်ထဲက တိုက်ပွဲများတွင် ပြန်လည်တိုက်ပွဲဝင်နေကြောင်း ရက္ခိုင်တပ်တော် (AA) က သတင်းထုတ်ပြန်သည်။ ပလက်ဝမြို့နယ်က စခန်းသိမ်းတိုက်ပွဲများတွင် စစ်ကောင်စီတပ်သားများသည် အိန္ဒိယနိုင်ငံဘက်သို့ ထွက်ပြေးလွတ်မြောက်သွားသော စစ်ကောင်စီတပ်သား (၄၀၀) ကျော်ထဲက အများစုတို့သည် ရခိုင်ပြည်နယ်ထဲက စစ်မျက်နှာများတွင် ပြန်လည်တိုက်ပွဲဝင်နေကြသည်ဟု ဇန်နဝါရီလ ၂၁ ရက်ညပိုင်းမှာ AA က ထုတ်ပြန်သည်။ ပလက်ဝမြို့နယ်ထဲက တိုက်ပွဲများတွင် စစ်ကောင်စီမှ အရာရှိ ၃၆ ဦးနှင့် တပ်သား ၂၄၀ ခန့်သည် ဇန်နဝါရီလ ၁၇ ရက်က အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ထဲကို ထပ်မံထွက်ပြေးလွတ်မြောက်သွားကြပြီး ယနေ့ ဇန်နဝါရီလ ၂၂ ရက်တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ စစ်ကောင်စီလေကြောင်းလိုင်းဖြင့် ရောက်ရှိမည်ဟု All India Radio News သတင်းက ဖော်ပြထားသည်။ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၂၉ ရက်ကလည်း အိန္ဒိယ-မြန်မာနယ်စပ်အနီး၊ ပလက်ဝမြို့နယ်ထဲ ပွိုင့် ၃၇၇ စစ်စခန်းကို ရက္ခိုင်တပ်တော် AA က သိမ်းပိုက်ရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅၁ ဦးမှာ အိန္ဒိယဘက်သို့ ထွက်ပြေးခိုလှုံခဲ့သည်ဟု သိရသည်။ ၂၀၂၃ ခုနှစ် နို၀င်ဘာလတွင် စစ်ကောင်စီတပ်သား ၁၀၀ ကျော်ကို မီဇိုရမ်ပြည်နယ်မှ မဏိပူရ်ပြည်နယ် မိုးရေးမြို့သို့ ပို့ဆောင်ကာ ထိုမှတဆင့် မြန်မာကို ပြန်ပို့ခဲ့ကြပြီးဖြစ်သည်။ ထို့နောက် ယခုနှစ် ဇန်န၀◌ါရီလ ၂ ရက်နေ့တွင် စစ်ကောင်စီတပ်သား ၁၅၁ ဦးကိုလည်းကောင်း၊…
(005MK) အိန္ဒိယ-မြန်မာနယ်စပ်တလျှောက်ကို ခြံစည်းရိုးခတ်ပြီး နယ်စပ်တဖက်တချက်စီ လွတ်လပ်စွာ ဖြတ်သန်းသွားလာခွင့် Free Movement Regime (FMR) ကိုလည်း ဖျက်သိမ်းရန် အိန္ဒိယအစိုးရ၏ အစီစဉ်ကို ကန့်ကွက်ကြောင်း မီဇိုးကျောင်းသားသမဂ္ဂ (MZP) က အိန္ဒိယ၀န်ကြီးချုပ်ထံ ယနေ့အိပ်ဖွင့်ပေးစာ ပေးပို့လိုက်သည်။ ယနေ့ ဇန်န၀◌ါရီလ ၂၂ ရက် ညနေပိုင်း ၃ နာရီခန့်တွင် မီဇိုးကျောင်းသားသမဂ္ဂ ဉက္ကဌနှင့် ခေါင်းဆောင်များသည် မီဇိုရမ်ပြည်နယ် အုပ်ချုပ်ရေးမှူး (Governor) ထံ အဆိုပါ အိပ်ဖွင့်ပေးစာကို သွားရောက်ပေးအပ်ခဲ့ကြပြီး Governor ခရီးလွန်နေသည့်အတွက် သူ၏အတွင်းရေးမှူး V. Lalsangliana က လက်ခံခဲ့သည်ဟု သိရသည်။ MZP ဉက္ကဌ H. Lalthianghlima က “ခုလိုမျိုး ဇိုး (ချင်း) မျိုးနွယ်စုတွေ အပြန်အလှန် ဆက်သွယ်သွားလာမှုတွေ ဟန့်တားစေမည့်အစီစဉ်တွေ အိန္ဒိယအစိုးရကစီစဉ်နေတဲ့အပေါ်မှာ မိမိတို့အနေနဲ့ မလိုလားပါဘူး၊ ဒီကိစ္စကို မိမိတို့အနေနဲ့ တတ်နိုင်တဲ့ဘက်ကနေ ဆက်လက်ဆန့်ကျင်ကန့်ကွက်သွားမှာြဖစ်ပါတယ်’’ ဟု ပြောဆိုခဲ့သည်။ အိန္ဒိယ၀န်ကြီးချုပ်ထံ ပေးပို့သော အဆိုပါအိပ်ဖွင့်ပေးစာထဲတွင် ဇိုး (ချင်း) မျိုးနွယ်စုများသည် ဗြိတိသျှခေတ်ကတည်းက ပိုင်းခြားအုပ်ချုပ်ခံရသကဲ့သို့ အိန္ဒိယ လွတ်လပ်ရေးရပြီးသည့်အချိန်တွင်လည်း နိုင်ငံတကာ နယ်နိမိတ်မျဉ်းများက ပိုင်းခြားသတ်မှတ်ခံခဲ့ရသည်ဟု ဖော်ပြထားသည်။ သို့သော်လည်း အိန္ဒိယအစိုးရ၏ လွတ်လပ်စွာနယ်စပ်ဖြတ်သန်းသွားလာခွင့် FMR အရ နှစ်နိုင်ငံကြားရှိ ဇိုး (ချင်း) မျိုးနွယ်စုများသည် သာရေး၊ နာရေး၊ ဘာသာရေးများတွင်လည်း ကူးလူးဆက်ဆံခွင့်ရှိခဲ့ပြီး ယခုရက်ပိုင်းအတွင်း အိန္ဒိယအစိုးရက ယင်းကိစ္စကို ဖျက်သိမ်းရန် စီစဉ်နေမှုသည် မိမိတို့မျိုးနွယ်စုများအကြား…
(002MG) ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့ ဗျူဟာကုန်းစခန်းမှ ထွက်ပြေးလွတ်မြောက်သွားသော စစ်ကောင်စီတပ်ဖွဲ့များသည် ကျေးရွာတစ်ရွာက အုပ်ချုပ်ရေးမူးနှင့် လူငယ် (၃) ဦးကို ဖမ်းဆီးသွားသည်ဟု ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီ ဥက္ကဌ ဆလိုင်းမျိုးထိုက်က ပြောသည်။ ဆလိုင်းမျိုးထိုက်က “သူတို့က ရွာမှာရှိတဲ့အချိန်မှာ ဝိုင်းပြီးတော့ဖမ်းတာ ပြန်ခုခံဖို့လုပ်ပေမယ့် ရွာသားတွေကို ထိခိုက် မှာစိုးလို့ နောက်ဆုတ်တဲ့အချိန်ဖမ်းခေါ်သွားတာပါ အုပ်ချုပ်ရေးမူးတယောက်နဲ့ လူငယ် (၃) ဦး သူတို့ကို ဘယ်ကို ခေါ်သွားလဲဆိုတာ ကျွန်တော်တို့လည်း စုံစမ်းနေဆဲပါ၊ အဲ့ ရွာကအမျိုးသားမှန်သမျှကိုလည်း စကစတွေက ရိုက်တယ်လို့ပြောတယ်” ဟု ပြောသည်။ ဆမီးမြို့က အမှတ် (၂) စစ်ကောင်စီဗျူဟာကုန်းကို ရက္ခိုင့်တပ်တော် AA က ပြီးခဲ့သည့် ဇန်န၀◌ါရီလ ၁၄ ရက်က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ယင်းဗျူဟာကုန်းက စစ်ကောင်စီတပ်သား ၂၀၀ ၀◌န်းကျင်ခန့်မှာ မတူပီမြို့နယ်ဘက်သို့ ဦးတည်ထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်။ ထိုကဲ့သို့ ထွက်ပြေးသွားသော စစ်ကောင်စီတပ်ဖွဲ့များနှင့် CDF-ပလက်ဝ၊ CDF-မတူပီ ပူးပေါင်းတပ်ဖွဲ့တို့သည် ဇန်န၀◌ါရီ လ ၁၈ ရက်ကစ၍ တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး စစ်ကောင်စီဘက်က သေဆုံးမှုရှိခဲ့သည်ဟု သိရသည်။ တိုက်ပွဲအတွင်း အထိနာ နေသော စစ်ကောင်စီတပ်ဖွဲ့များသည် ပလက်၀နှင့် မတူပီမြို့နယ်ကြားက ကျေးရွာများထဲ၀င်ရောက်ကာ ပြည်သူများအား ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု သိရသည်။ တိုက်ပွဲဖြစ်ပွားမှုအခြေအနေနှင့် ဖမ်းဆီးခံရသော အုပ်ချုပ်ရေးမှူးနှင့် လူငယ် ၃ ဦးတို့၏ အခြေအနေကို ဖုန်းလိုင်းအခက်အခဲကြောင့် ယနေ့ချိန်ထိ မသိရသေးကြောင်း ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီ ဥက္ကဌ ဆလိုင်းမျိုးထိုက်က ပြောသည်။