Author: Editor

ရေး – ဟန်နရီမင်းချင်းပြည်ရဲ့ လက်ရှိအနေအထားနှင့် အနာဂတ်ကာလမှာ အရေးပါတဲ့အချက်တချို့ကို ရေးသားလိုက်ရပါတယ်။ ကျွန်တော်တစ်ဦးတည်းရဲ့ သဘောထားအမြင်သာဖြစ်ပြီး မည်သူ့ကိုမှ ကိုယ်စားမပြုသလို၊ ချင်းပြည်ရှိ ဘယ်အဖွဲ့အစည်းကိုမှ ဘက်လိုက်ရေးသားမည် မဟုတ်ပါ။ ကျွန်တော်ကိုယ်တိုင်ကလည်း ချင်းပြည်နယ်ပြင်ပက ချင်းလူမျိုးတစ်ဦးသာ ဖြစ်ပါတယ်။ အခုရေးသားတဲ့အချက်တွေ လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ ပြဿနာ မဟုတ်ပါဘူး၊ ဒါပေမဲ့ လက်တွေ့ဆန်ပြီး CC ရော၊ ICNCC တို့အတွက်ပါ ချင်းပြည်သစ် တည်ဆောက်တဲ့အခါ အထူးထည့်သွင်း စဉ်းရမယ့်အချက်တွေပဲ ဖြစ်ပါတယ်။ ၁။ ချဉ်းကပ်မှုအသစ်အား လက်ခံနိုင်မှု။ စည်းလုံးညီညွတ်မှုက မိသားစု၊ ရပ်ရွာမှသည် မြို့နယ်၊ ပြည်နယ်၊ နိုင်ငံနှင့် ကမ္ဘာတစ် ဝှမ်းလုံးအဆင့်မှာ အရေးပါတဲ့ အချက်တစ်ခုပဲ ဖြစ်ပါတယ်။ ယခင်ခေတ်ကာလများနဲ့မတူတဲ့ ချင်းပြည်သစ် (the New Chinland) တည်ဆောက်ဖို့အတွက် ချင်းပြည်ရှိ မြို့နယ် ပေါင်းစုံမှ ချင်းလူမျိုးပေါင်းစုံအနေဖြင့် မတူညီတဲ့ ခံယူချက်နှင့် ရှုထောင့်ပေါင်းစုံ၊ နောက်ခံသမိုင်း အနေအထားနဲ့ ကိုက်ညီအောင် ကြိုးစားကြတာချည်းပဲ ဖြစ်ပါတယ်။ ဒါက ယခင် ကတည်းက ရှိနေခဲ့ပေမဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁) ရက်နေ့ နောက်ပိုင်းမှ တစ်ဟုန်ထိုး အကောင် အထည် ဖော်ဆောင်လာခဲ့ကြတာလို့ ပြောရရင် မှားမယ်မထင်ဘူး။ ဒါပေမဲ့ လက်ရှိချင်းပြည်မှာ မြို့နယ် တစ်ခုတည်းမှာ အနည်းဆုံး အစုအဖွဲ့ပေါင်း ၄-၅ ခု အထိရှိနေတာဟာ အားနည်းချက်ကို ဖြစ်စေပါတယ်။ ကွဲပြားမှုပေါင်းစုံရှိနေသော်လည်းပဲ စည်းလုံးညီညွတ်မှုရှိနေပါတယ် (Unity in Diversity) ဆိုတဲ့…

Read More

ချင်းအမျိုးသားတပ်ဦး CNF က ချင်းပြည်နယ်အတွင်း တိုက်ပွဲများဖော်ဆောင်နေသောကြောင့် မြို့ရွာများ ထိခိုက်ပျက်စီးခဲ့ရသည်ဟု အာဏာသိမ်းစစ်ခေါင်းဆောင်က စွပ်စွဲပြောဆိုလိုက်သည်။ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က အရှေ့မြောက် တိုင်းစစ်ဌာနချုပ် (ရမခ) ကို ကိုးကန့်တပ်ဖွဲ့နှင့် မဟာမိတ်တပ်များက သိမ်းပိုက်လိုက်ပြီးနောက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်က တိုင်းပြည်လုံခြုံရေးအခြေအနေနှင့်ပတ်သက်၍ ဩဂုတ်လ ၅ ရက် ယနေ့ည မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။ “CNF ဟာဆိုရင်လည်း PDF အမည်ခံအကြမ်းဖက်အဖွဲ့တွေနဲ့ပူးပေါင်းပြီးတော့ ချင်းပြည်နယ်အတွင်းမှာ တိုက်ပွဲများ ဖော်ဆောင်လာတဲ့အတွက် ချင်းပြည်နယ်အတွင်းမှာရှိတဲ့ တည်ငြိမ်အေးချမ်းစွာလုပ်ကိုင် စားသောက်နေကြတဲ့ တိုင်း ရင်းသားပြည်သူလူထုရဲ့ လူမှုစီးပွားဘဝများထိခိုက်နစ်နာပျက်စီးခဲ့ရပြီး ဖလမ်း၊ မတူပီ၊ လိုင်လင်းပီ၊ မင်းတပ်၊ ထန်တလန်စတဲ့ မြို့ရွာများထိခိုက်ပျက်စီးခဲ့ရာတာတွေလည်း တွေ့မြင့်ခဲ့ရပါတယ်” ဟု စစ်ခေါင်းဆောင်က ပြောသည်။ လက်ရှိ နိုင်ငံအတွင်း ဖြစ်ပေါ်နေသော စစ်ပွဲများ မတည်ငြိမ်မှုများသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် PDF တပ်ဖွဲ့များ၊ ပြည်ပအဖွဲ့အစည်းများကြောင်ဖြစ်သည်ဟု စစ်ခေါင်းဆောင်က ပြစ်တင်ပြောကြားခဲ့ပြီး နယ်မြေတည်ငြိမ်အေးချမ်းမှု ပြန်လည်ရှိစေရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဟုလည်း ပြောဆိုခဲ့သည်။

Read More

(005MK) မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့တွင် ဝန်ကြီးချုပ် ပူးပါထန်းဦးဆောင်သော ချင်းပြည်အစိုးရနှင့် Zo Reunification Organization (ZORO) အဖွဲ့တို့ ချင်းအရေးနှင့်ပတ်သက်၍ ယနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြသည်ဟု သိရသည်။ အိုင်ဇောလ်မြို့ Treasury Square အနီး ZORO ရုံးချုပ်မှာ ယနေ့ဩဂုတ်လ ၅ ရက်နေ့ မနက် ၁၀ နာရီခွဲတွင် တွေ့ဆုံခဲ့ကြခြင်းဖြစ်ပြီး လက်ရှိ ချင်းပြည်အတွင်း တော်လှန်ရေးတပ်ဖွဲ့အချင်းချင်းကြား ဖြစ်ပွားနေသော ပဋိပက္ခအခြေအနေများကို ဆွေးနွေးခဲ့ကြသည်ဟု ZORO က ထုတ်ပြန်သည်။ ချင်းပြည်နယ်ထဲမှာ ချင်းလဲန်းကောင်စီ/ချင်းပြည်အစိုးရအဖွဲ့ နှင့် ချင်းညီနောင်တပ်ဖွဲ့တို့အကြား သဘောထားကွဲလွဲ မှုကြောင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့မှုအပေါ် မလိုလားကြောင်း၊ မိမိတို့သည် ညီအကိုများ ဖြစ်ကြကာ အငြင်းပွားမှုများဖြစ်ပွားမနေသင့်ဘဲ စည်းလုံးညီညွတ်စွာအတူနေထိုင်ရမည့်သူများဖြစ်ကြပြီး ယင်းအတွက် ငြိမ်းချမ်းရေးအကျိုးဆောင်ရွက်ပေးနေကြောင်း ZORO က ဆိုသည်။ “ကျနော်တို့တွေဟာ ညီအကိုတွေဖြစ်တယ်၊ ပိုင်းခြားလို့မရဘူး၊ အချင်းချင်းတိုက်ပွဲလည်းဖြစ်လို့မရဘူးဆိုတဲ့အချက်မှာ လေးလေးနက်နက်နားလည်ထားဖို့လိုပါတယ်၊ ဆင်းသက်လာရာတူညီတဲ့ ညီအကိုတွေဖြစ်တဲ့အတွက် ဘုရားသခင်ကလည်း တနေ့နေ့တချိန်ချိန်မှာ ပြန်လည်စုစည်းပေးမယ်လို့လည်း ယုံကြည်တယ်၊ ဒါကြောင့် ညီအကိုချင်းတိုက်ပွဲဖြစ်တာ မကောင်းဘူး သင့်မြတ်ကြဖို့လိုအပ်ပါတယ်” ဟု ZORO ဥက္ကဌ Pu R. Sangkawia ကပြောသည်။ ချင်းပြည်အစိုးရ ဦးဆောင်သူများကလည်း ယခုကဲ့သို့ ZORO အနေဖြင့် ချင်းအရေးနှင့်ပတ်သက်၍ စီစဉ်ဆောင်ရွက်မှုအပေါ် ဝမ်းသာကြိုဆိုကြောင်း ချင်းလဲန်းကောင်စီ/ချင်းပြည်အစိုးရအနေဖြင့် ညီအကိုများနှင့် စားပွဲဝိုင်းပေါ်မှာ စကားပြောဆိုရန် အမြဲလိုလားကြောင်း ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးသည် မိမိတို့၏ဆန္ဒဖြစ်ကြောင်း ပြန်လည်ပြောဆိုခဲ့သည်ဟု ZORO ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ZORO အနေဖြင့် ချင်းလဲန်းကောင်စီ/ချင်းပြည်အစိုးရနှင့်…

Read More

(004SS) ချင်းပြည်နယ်၊ မြို့တော် ဟားခါးမြို့ပေါ်တွင် အိမ်မွေးခွေးများ မမွေးကြရန် သတိပေးထုတ်ပြန်ချက်ကို အချိန်အနည်းငယ် ထပ်မံတိုးမြင့်၍ အခြေ အနေစောင့်ကြည့်နေသည်ဟု CDF-Hakha တပ်ဖွဲ့ထံမှ သိရသည်။ ဩဂုတ်လ ၁ ရက်နေ့က သတ်မှတ်ရက် ကျော်လွန်သွားပြီဖြစ်သော်လည်း အချိန်အနည်းငယ် ထပ်မံစောင့်ကြည့်မည်ဖြစ်ကာ လိုက်နာခြင်းမရှိသူများအား အရေးယူသွားမည်ဟု CDF-Hakha မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “သတ်မှတ်ထားတဲ့ ဩဂုတ်လ ၁ ရက်နေ့ကတော့ ကျော်သွားပြီ၊ ဒါပေမဲ့ ပြည်သူတွေကလဲ လိုက်နာပြီး ဆောင်ရွက်နေဆဲလို့ သိရပါတယ်၊ ဒါကြောင့် အခုထိတော့ အရေးယူတာမျိုးမရှိသေးဘူး၊ အချိန် အနည်းငယ် ထပ်စောင့်ကြည့်ပါမယ်။ မလိုက်နာတဲ့သူတွေကိုတော့ အရေးယူသွားမယ်” ဟု CDF-Hakha မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ မြို့တွင်း စစ်ဆင်ရေးဖော်ဆောင်သည့်အချိန်မှာ ရန်သူအနားမရောက်မီ ခွေးဟောင်သံများကြောင့် ရန်သူဘက်က ကြိုတင်သိရှိကာ စစ်ဆင်ရေးအား လိုရာမရောက်ဘဲ နှောင့်နှေးစေခြင်းကြောင့် မြို့ပေါ်တွင် ခွေးမမွေးကြရန် ထုတ်ပြန်ရခြင်း ဖြစ်သည်ဟု CDF-Hakha မှတာဝန်ရှိသူက ပြောသည်။ ထိုကဲ့သို့ သတိပေးချက်ထုတ်ပြန်ခဲ့ပြီးနောက် ဟားခါးမြို့ပေါ်တွင် ခွေးဟောင်သံများ သိသိသာသာ‌လျော့နည်းသွားကြောင်း ဟားခါးမြို့ခံတစ်ဦးက ပြောသည်။ “သူတို့ထုတ်ပြန်တဲ့နောက် ဒီနေ့မနက်က အိမ်ရှေ့မှာ ၃ ကောင်လောက်တော့ တွေ့သေးတယ်၊ သတ်ကြတာလား၊ ရောင်းကြတာလားတော့မသိဘူး ဒါပေမဲ့ အရင်လို အစုလိုက်အပြုံလိုက် ခွေးဟောင်သံတွေတော့ တကယ်သိပ်မကြားရတော့ဘူး” ဟု ဟားခါးမြို့ခံက ပြောသည်။ CDF-Hakha တပ်ဖွဲ့သည် ဟားခါးမြို့သိမ်းပိုက်နိုင်ရေးအတွက် ရုန်းစစ်ဆင်ရေးကို ဖော်ဆောင်လျှက်ရှိပြီး ဇူလိုင်လ ၂၀ ရက် နေ့တုန်းကလည်း ဟားခါးမြို့မရဲစခန်းကို ဝင်ရောက်စီးနင်းကာ…

Read More

(006SV) အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီးဌာန၏ အိန္ဒိယနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်၊ ဆလိုင်းအိုက်ဇက်ခင်သည် ဌာနတွင်း လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်ခြင်းကို အမှန်တကယ် ကျူးလွန်ခဲ့သည့်အတွက် လက်ရှိရာထူးမှ ထုတ်ပယ်လိုက်သည်ဟု အမျိုးသား ညီညွတ်ရေးအစိုးရက ယနေ့ ဩဂုတ်လ ၃ ရက်မှာ ထုတ်ပြန်သည်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခြင်း၊ အမြတ်ထုတ်ခြင်းနှင့် မဖွယ်မရာ ပြုမှုခြင်းဆိုင်ရာ အကာအကွယ်ပေးရေး မူဝါဒ ဗဟိုကော်မတီက ဆလိုင်းအိုင်ဇက်ခင်၏အမှုကို စာရွက်စာတမ်းသက်သေ၊ လူသက်သေ၊ မျက်မြက်သက်သေများဖြင့် စုံစမ်းစစ်ဆးမှု ပြုလုပ်ပြီးနောက် ထုတ်ပြန်ခြင်းဖြစ်သည်။ တိုင်းကြားခံရသူ ဆလိုင်းအိုက်ဇက်ခင်သည် တိုင်ကြားသူက မလိုလား၊ မနှက်သက်၊ စိတ်အနှောင့်အယှက်ကြီးစွာဖြစ်ရသော အပြုအမှုများကို ကြိမ်ဖန်များစွာ ထပ်တလဲလဲ လုပ်ဆောင်ခဲ့ကြောင်း ထင်ရှားသည့်အတွက် လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်ခြင်းကို အမှန်တကယ် ကျူးလွန်ခဲ့သည်ဟု ယင်းဗဟိုကော်မတီက ဆိုသည်။ ကျူးလွန်သူ၏ လုပ်ရပ်များသည် နိုင်ငံရပ်ခြားတစ်နေရာတွင် မြန်မာ့တော်လှန်ရေးအစိုးရရုံး၏ တာဝန်ခံရမည့် တာဝန်အရှိဆုံးသူက ပဋိပက္ခကာလအတွင်း လိင်ပိုင်းဆိုင်ရာထိပါးနှောက်ယှက်မှု၊ တာဝန်ခံခြင်း ကင်းမဲ့မှုဖြစ်ကြောင်း ဗဟိုကော်မတီက ထုတ်ပြန်သည်။ အထူးသဖြင့် အကာအကွယ်ပေးရန် တာဝန်အရှိဆုံးသူက ကျူးလွန်ခြင်း ဖြစ်သောကြောင့် လုံးဝလက်သင့်မခံရမည့်၊ ထိရောက်စွာ တုံ့ပြန်ရမည့်ကိစ္စဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ထို့ကြောင့် NUG အစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက အိန္ဒိယနိုင်ငံ ကိုယ်စားလှယ်ရုံး၏ ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဆလိုင်းအိုက်ဇက်ခင်ကို ဌာနတွင်း လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်ခြင်းကို ကျူးလွန်ခဲ့ခြင်းကြောင်း ဩဂုတ်လ ၁ ရက်မှစတင်၍ ရာထူးမှ ထုတ်ပယ်လိုက်ပြီဖြစ်ကြောင်း ယနေ့ ဩဂုတ်လ ၃ ရက်မှာ ထုတ်ပြန်သည်။ နစ်နာသူနှင့် လုပ်ဖော်ကိုင်ဖက်…

Read More

ကျောင်းကောင်စီများတွင် မသန်စွမ်းနှင့် အမျိုးသမီး ၃၀ ရာခိုင်နှုန်းထက်မနည်း ပါဝင်ခွင့်ပြုထားဟုဆို (006SV) ချင်းပြည်နယ်တွင် ချင်းပြည်အစိုးရဦးဆောင်မှုဖြင့် ၅ နှစ်အတွင်း ချင်းတော်လှန်ရေးအင်အားစုများ ကိုယ်တိုင်ဖော်ဆောင်မည့် ချင်းပြည်ပညာရေး မဟာဗျူဟာစီမံကိန်းကို ဇူလိုင်လ ၃၁ ရက်က ချင်းပြည်အစိုးရပညာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ တော်လှန်ရေးကာလအတွင်း ပြည်သူ့ပညာရေးကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် သင်ရိုးညွှန်းတမ်း စနစ်တကျမရှိခြင်း၊ ကျောင်းရန်ပုံငွေနှင့်အခြားအရင်းအမြစ်များ ပြတ်လပ်လာခြင်း၊ ဆရာ အတတ်ပညာနှင့် ပညာရေးခေါင်းဆောင်မှုသင်တန်းများ လုံလောက်ထိရောက်စွာ မပြုလုပ်နိုင်ခြင်း၊ ရှေးဦးကလေးသူငယ်ပညာရေးအကောင်အထည်ဖော်နိုင်မှုအားနည်းခြင်း စသည့် စိန်ခေါ်မှုများကို ကြုံတွေ့ခဲ့ရသည်ဟု ချင်းပြည်အစိုးရပညာရေးဝန်ကြီးဌာနက ဆိုသည်။ ထိုစိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရန်အတွက် ကျောင်းနှင့် မြို့နယ်၊ ဒေသကို ကျော်လွန်နိုင်သည့် စနစ်ကျသော စုဖွဲ့မှု၊ ပူးပေါင်း ဆောင်ရွက်မှုနှင့်အတူ မဟာဗျူဟာ ၆ ခုဖြင့် အကောင်အထည်ဖော်သွားမည်ဟု ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရ၊ ချင်း ပညာရေးဝန်ကြီးဌာနကထုတ်ပြန်သည်။ ချင်းပြည်ပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၂၅ – ၂၀၃၀) အတွင်း ရပ်ရွာအခြေပြုကျောင်းများအဖြစ် အသိအမှတ်ပြု မခံရသော ကျောင်းမရှိတော့ခြင်း၊ အိမ်နီးချင်းနိုင်ငံကျောင်းများမှ ကျောင်းသားများ ပြည်တွင်းရှိ ကျောင်းများတွင် ဆက်လက်ပညာသင်ယူ ခွင့်ရရှိခြင်း၊ ပုဂ္ဂလိက ကျောင်းများ ပေါ်ပေါက်လာခြင်း၊ ရပ်ရွာတိုင်းတွင် မူကြိုကျောင်းများ ဖွင့်လှစ်သင်ကြားနိုင်ခြင်းတို့အထိ အကောင်အထည်ဖော်မည်ဖြစ်သည်။ ထို့အပြင် CDM ပညာရေးဝန်ထမ်းနှင့် တော်လှန်ရေးကာလ ပညာရေးဝန်ထမ်းများ ရပိုင်ခွင့် အပြည့်အဝရရှိစေခြင်း၊ တော်လှန်ရေးတွင် ပါဝင်နေသော ကျောင်းသူ/ကျောင်းသားများ ပညာသင်ယူခွင့်ရရှိခြင်း၊ အဆင့်မြင့်ပညာရေးတွင် အရည်အသွေးအာမခံမှု ကော်မတီ၏ စစ်ဆေးမှုပြီးစီးရေးနှင့် မူလတန်းအဆင့်တွင် ချင်းမိခင်ဘာသာစကားဖြင့် သင်ကြားခွင့်ရရှိရေးတို့ ဖော်ဆောင်မည်ဖြစ်သည်။ ၅ နှစ်တာအတွင်း…

Read More

(002MG) ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ် မင်းတပ်-မတူပီ လမ်းမကြီးတလျှောက်အား စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သောကြောင့် ပြည်သူတဦးထိခိုက်ကာ နေအိမ် (၂) လုံး ပျက်စီးခဲ့သည်ဟု CDF-Mindat က ပြောရေးဆိုခွင့်ရှိသူ ကိုယောမာန်က ပြောသည်။ “ဇူလိုင် (၃၁) ညနေ ခြောက်နာရီမှာ လေကြောင်းနဲ့ တိုက်လေယာဉ်နဲ့ ဗုံးကျဲသွားတာပါ။ နေအိမ်ပျက်စီးတာနဲ့ အရပ်သားတဦး အနည်းကျဉ်းဒဏ်ရာရပါတယ်၊ ဘာမှတော့ ကြီးကြီးမားမားမဖြစ်ပါဘူး” ဟု ကိုယောမာန်က ပြောသည်။ မင်းတပ်မြို့နယ်၊တိုက်နယ်အမှတ် (၃) မင်းတပ်-မတူပီလမ်းမကြီး မိုင်တိုင်အမှတ် (၂၀) ဝန်းကျင်တနေရာကို ယမန်နေ့ ဇူလိုင် ၃၁ ရက်ညနေပိုင်းတွင် စစ်ကောင်စီက နှစ်ကြိမ်ထက်မနည်း လေကြောင်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ဇူလိုင်လ (၃၀) ရက်နေ့တွင်လည်း မင်းတပ်မြို့နှင့် (၅) မိုင်အကွာအဝေးတွင်ရှိသည့် တိုက်နယ်အမှတ် (၃) ကျေးရွာအပြင်ဖက်အား မင်းတပ်မြို့ပေါ်အထိုင်ချတပ်စွဲသည့် ခလရ ၂၇၄ တပ်ရင်းမှ ဒရုန်းဖြင့် တိုက်ခိုက်မူ ပြုလုပ်ခဲ့သောကြောင့် နေအိမ်တလုံး ပျက်စီးခဲ့သည်။ မင်းတပ်မြို့နယ် စစ်ဘေးရှောင်တဦးက”လက်နက်ကြီးနဲ့ပစ်တာ (၄) ကြိမ် လောက်ကြားတယ်၊အခုချိန်မှာတော့ ညနေပိုင်းတွေဆိုရင် လှမ်းပစ်တယ်မင်းတပ်မြို့ပေါ်က ခလရ (၂၇၄) တပ်ရင်းကနေ လက်နက်ကြီးနဲ့ မြို့ပတ်ဝန်း ကျင်တွေ၊ကျေးရွာတွေကိုလည်း ရမ်းသမ်းပြီးပစ်တယ်” ဟုပြောသည်။ မင်းတပ်မြို့နယ်တွင် စစ်ကောင်စီသည် ပြီးခဲ့သည့် ဇူလိုင်လအတွင်း လေကြောင်းတိုက်ခိုက်မူ အကြိမ်ကြိမ်ပြုလုပ်ခဲ့ကာ ဘောင်ကျေးရွာမှ အရပ်သားတဦးသေဆုံးခဲ့ပြီး တဦးဒဏ်ရာရရှိခဲ့သည့်အပြင် ဘုန်းကြီး ကျောင်း ပျက်စီးခဲ့သည်ဟု သိရသည်။ ဧပြီလအတွင်း မင်းတပ်မြို့နယ်တွင် လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မူကြောင့် CDF-မင်းတပ် ရဲဘော် (၂)…

Read More

(006SV) ချင်းပြည်နယ်၊ မတူပီမြို့သိမ်းတိုက်ပွဲက တောတောင်များထဲ ထွက်ပြေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သုံ့ပန်း ၆၀ ကျော်ကို ချင်းလဲန်းကောင်စီပူးပေါင်းတပ်များက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ “တစ်ရက်ထဲမှာ ဖမ်းတာတော့ မဟုတ်ဘူး။ နေ့တိုင်းလိုလိုတော့ တောက်လျှောက်ဖြစ်တာပါ။ ရက်နဲ့အတိအကျ အဲလိုမျိုးတော့ မရှိဘူး။ တစ်ရက်မှာ ၂ ယောက်၊ ၃ ယောက် ။ တခါတလေနဲ့ ဆယ်ဂဏန်းလောက်ပေါ့။ အဲလို ဖမ်းဆီးရမိတာတွေ ဖြစ်ပါတယ်။ အားလုံးက အခုချိန်ထိ ကျနော်တို့မှာ ၆၀ နဲ့ ၈၀ ကြားမှာရှိတယ်လို့ ပြောလို့ရတယ်” ဟု CDF – မတူပီ၊ တပ်မဟာ – ၂၊ ပြောရေးဆိုခွင့်ရှိသူ ကိုနိုင်ဂျွန်က ပြောသည်။ ချင်းလဲန်းကောင်စီပူးပေါင်းတပ်က ဖမ်းဆီးရမိသူများတွင် စစ်ကောင်စီတပ်သားအပါအဝင် မိသားစုဝင်များ စသဖြင့် အစုံပါဝင်နေကြောင်း၊ အာရက္ခတပ်တော် ULA/ AA ၏ တပ်ဖွဲ့ဝင်အချို့ကိုလည်း ဖမ်းဆီးရမိထားကြောင်း သိရသည်။ မတူပီမြို့သိမ်းခံရပြီးနောက် စစ်ကောင်စီစခန်းများမှ စွန့်ခွာထွက်ပြေးနေသည့် စစ်ကောင်စီတပ်ဖွဲ့များနှင့် လက်အောက်ခံလူများကို မကြာခဏ ဖမ်းမိနေကြောင်း ဆလိုင်းထက်နီကလည်း ပြောသည်။ “ကျနော်တို့က အလုံးအရင်းနဲ့တော့ မဖမ်းပါဘူး။ အခုက အားလုံး ၆၀ ခန့်တော့ရှိမယ်။ ၃ ယောက် ၊ ၄ ယောက် စသဖြင့် အဲဒီလို ဖမ်းထားတာပါ” ဟု ဆလိုင်းထက်နီက ပြောသည်။ ဖမ်းဆီးရမိသူများကို ချင်းလဲန်းကောင်စီပူးပေါင်းတပ်များက ကောင်းမွန်စွာ ထိန်းသိမ်းထားကြောင်း သိရသည်။ မတူပီမြို့ရှိ ခမရ – ၃၀၄၊ ခလရ -…

Read More

ရေး – Salai Van Lian Thang ∎ ချင်းပြည်နယ်တွင် သိမ်းပိုက်ပြီးသော စစ်ကောင်စီ၏ တပ်စခန်းများနှင့် မြို့သိမ်းတိုက်ပွဲ ချင်းညီနောင်နှင့် မဟာမိတ်အဖွဲ့သည် ချင်းပြည်နယ်တောင်ပိုင်းတစ်ခုလုံးကို ကွပ်ကဲသော မတူပီအခြေစိုက် စစ်ဗျူဟာအဖွဲ့ (အခြေချ) အပြင် ၎င်း၏ လက်အောက်ခံ တပ်ရင်းဌာနချုပ်များဖြစ်သည့် အမှတ် (၃၀၄) ခြေမြန်တပ်ရင်း၊ အမှတ် (၁၄၀) ခြေလျင်တပ်ရင်းနှင့် ခရိုင်ရုံးစိုက်ရာ မတူပီမြို့ကို အပြီးအပိုင် ထိန်းချုပ်သိမ်းပိုက်ခဲ့ပါသည်။ ဟောင်ဝစ်ဇာ အမြောက်အပါဝင် လေယာဉ်ပစ် စက်သေနတ်ကြီးများနှင့် လက်နက်ကြီး၊ လက်နက်ငယ် အမြောက်အမြားကိုလည်း သိမ်းဆည်းထားကြသည်။ ယင်းသည် ရှည်လျားလှသော ချင်းတော်လှန်ရေးသမိုင်းကြောင်းတွင် မကြုံစဖူး ကြီးမားသော အောင်မြင်မှုကြီးဖြစ်သည်။ တပ်စုဖွဲ့မှုအင်္ဂါရပ်အရ သိမ်းပိုက်ထားသော မတူပီစစ်ဗျူဟာတွင် ဗိုလ်မှူးကြီးအဆင့် (အခြေချ) စစ်ဗျူဟာမှူးတစ်ဦး၊ ဒု-ဗိုလ်မှူးကြီးအဆင့် တပ်ရင်းမှူး ၂ ဦးအပြင် စစ်ဒေသအသီးသီးမှ ပူးပေါင်းလာသူများနှင့် ပေါင်းပါ စစ်အင်အား ၃၀၀ မှ ၆၀၀ အထိ ရှိနိုင်ပါသည်။ ထွတ်ပြေးကြသည့် (အခြေချ) စစ်ဗျူဟာမှူးနှင့် တပ်ရင်းမှူး ၂ ဦးအပါအဝင် စစ်သုံ့ပန်း ၂၀၀ ကျော်ကိုလည်း ဖမ်းဆီးထားသည်ဟု ချင်းညီနောင်အဖွဲ့က ဆိုထားပါသည်။ တပ်ရင်း ၃ ရင်းကို ကွပ်ကဲသည့် အခိုင်အမာ အသေသတ်မှတ် တည်ဆောက်ထားသော အခြေချစစ်ဗျုဟာအဖွဲ့ (စဗခ) တစ်ခုလုံးကို တိုက်ခိုက်သိမ်းပိုက်ရေးက လွယ်ကူစွာ လုပ်လို့ရသည့် အရာမျိုးမဟုတ်ပေ။ ငွေအင်အား၊ လူအင်အား၊ စိတ်ဓာတ်အင်အားများစွာ ပေးဆပ်မှုဖြင့် အသက်၊ သွေး၊ ချွေးများစွာရင်းပြီးမှ ခက်ခက်ခဲခဲ…

Read More

(002MG) ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့နယ်တွင် စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်နေကြသည့် Non-CDM ဝန်ထမ်း ၉၀ နီးပါးသည် ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံသို့ အလင်းဝင်ရောက်ကြသည်ဟု သိရသည်။ ကန်ပက်လက်မြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ Non-CDM ဝန်ထမ်းများကို မေလ ၉ ရက်နေ့မှစ၍ ရက်ပေါင်း (၆၀) အတွင်း အလင်းဝင်ရောက်ကြရန် သတိပေးခဲ့ရာမှာ သတ်မှတ်ကာလအတွင်း ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်း (၈၈) ဦးအလင်းဝင်ရောက်လာသည်ဟု ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဇူလိုင် ၃၁ ရက်တွင် သတင်းထုတ်ပြန်သည်။ သတ်မှတ်ကာလအတွင်း အလင်းဝင်ရောက်လာသူများထဲမှာ ကျန်းမာရေးနှင့် ပညာရေးဌာနက အများဆုံးဖြစ်သည်။ အလင်းဝင်ရောက်ခြင်းမရှိသည့် Non-CDM များမှာ ကန်ပက်လက်မြို့ကိုစွန့်ခွါ၍ ပြည်မဘက်သို့ ထွက်ပြေးတိမ်းရှောင်သွားကြသည်ဟု သိရသည်။ ကန်ပက်လက်မြို့ဒေသခံ အမျိုးသားတဦးက “(၇) ရက်နေ့နောက်ဆုံး ဝန်ထမ်းတွေ CDM ဝင်ရမယ်ဆိုပြီး ကာကွယ်ရေးအဖွဲ့က သတ်မှတ်ထားတော့ ဝန်ထမ်းတွေလည်း ရှောင်နေကြတာ၊ ပြည်မဖက်သွားပြီ တွဲဖက်မယ့်နေရာ လိုက်ရှာနေကြတယ်။ တချို့က စိတ်ပူပြီးမှပြောင်းရွေ့ကြတယ်ဆောဖက်ကို” ဟု ပြောသည်။တချိန်တည်းမှာပဲ ကန်ပက်လက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အမည်ပျက်စာရင်းအဖြစ် ကြေညာထားသော ပညာရေးဝန်ထမ်း ၁၀ ဦးသည် CDM ပြုလုပ်ထားကြောင်း သက်သေအထောက်အထားဖြင့် အယူခံဝင်လာ၍ စစ်ဆေးရာမှာ CDM ပြုလုပ်ကြောင်း ထင်ရှားပေါ်လွင်သည့်အတွက် အမည်ပျက်စာရင်းမှ ပယ်ဖျက်ခဲ့သည်ဟု သိရသည်။

Read More