Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဟားခါးမှာ ဆိုင်ကယ်တစ်စီးတွင် အမျိုးသား ၂ ဦး လိုက်ပါစီးနင်းမှုကြောင့် ဖမ်းဆီးခံရသူများလာ၊ အဖမ်းခံရသူများကို စစ်ကောင်စီက ဒဏ်ငွေကျပ် ၈ သိန်းအထိ ပေးဆောင်ခိုင်း

ဟားခါးမှာ ဆိုင်ကယ်တစ်စီးတွင် အမျိုးသား ၂ ဦး လိုက်ပါစီးနင်းမှုကြောင့် ဖမ်းဆီးခံရသူများလာ၊ အဖမ်းခံရသူများကို စစ်ကောင်စီက ဒဏ်ငွေကျပ် ၈ သိန်းအထိ ပေးဆောင်ခိုင်း

0
By Editor on August 26, 2024 Headline

(002MG)

ချင်းပြည်နယ် ဟားခါးမြို့တွင် ဆိုင်ကယ်တစ်စီးကို အမျိုးသား ၂ ဦးလိုက်ပါစီးနင်းမှုကြောင့် ဖမ်းဆီးရခံသူများလာပြီး စစ်ကောင်စီက ဒဏ်ငွေကျပ် ၈ သိန်းအထိ ပေးဆောင်ခိုင်းနေသည်ဟု သိရသည်။

ချင်းပြည်နယ်၏ မြို့တော် ဟားခါးနှင့် ဖလမ်းမြို့တွင် စစ်ကောင်စီက လုံခြုံရေးအကြောင်းပြကာ ဆိုင်ကယ်တစ်စီးပေါ် အမျိုးသား ၂ ဦး လိုက်ပါစီးနင်းခြင်းနှင့် အမျိုးသမီးနောက်တွင် အမျိုးသား လိုက်ပါစီးနင်းခြင်းမပြုရဟု ပြီးခဲ့သည့် ဇူလိုင် လ ၁၁ ရက်နေ့က ဒေသန္တရအမိန့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ထိုကဲ့သို့အမိန့်ထုတ်ပြန်ပြီးနောက် ဟားခါးမြို့ပေါ်ရှိ လမ်းစုံ နှင့် အချက်ချသည့်နေရာများတွင် စစ်ကောင်စီက နေ့စဉ်နီးပါး စစ်ဆေးနေပြီး အဖမ်းခံရသူလည်း တနေ့ထက်တနေ့ ပိုများလာနေကြောင်း ဟားခါးမြို့ဒေသခံတစ်ဦးကပြောသည်။

“အဖမ်းခံတဲ့သူ အရမ်းများလာတယ်၊ အဲလိုဖမ်းပြီဆိုရင် လူတယောက်ကို (၈) သိန်းတောင်းတယ်လို့ကြားရတယ်” ဟု ဟားခါးမြို့ခံတစ်ဦးကပြောသည်။

ဟားခါးမြို့ပေါ်က ပြည်သူ့ဆေးရုံလမ်းခွဲ၊ ဟားခါးနာရီစင်နားနှင့် စုပေါင်းရုံးရှေ့တွင် စစ်ကောင်စီလက်အောက်ခံ ရဲနှင့် စစ်သားများက စစ်ဆေးရေးများပိုမိုတင်းကြပ်နေကြောင်း သိရသည်။

ဟားခါးမြို့ခံအမျိုးသားတဦးက “မြို့ထဲမှာလုံခြုံရေးတော့ တော်တော်လေးတင်းကြပ်တယ်။ ရဲ၊ စစ်တပ် တွေက အများအားဖြင့် လူငယ်တွေကိုဖုန်းတွေနဲ့၊ ဆိုင်ကယ်တွေကိုစစ်ဆေးတယ်။ အရင်အပတ်နဲ့ ဒီအပတ်ထဲမှာတင် ဖမ်းခံရ တဲ့သူ ၁၅ ဦးကနေ ၂၀ အထိဖမ်းခံရတယ်၊ အဓိကအားဖြင့် သူတို့ဖမ်းခံတာက ဆိုင်ကယ် တစီးမှာယောကျ်ားလေး အချင်းချင်း ၂ ယောက်စီးတဲ့သူတွေပိုများတယ်၊ ပိုက်ဆံနဲ့ရွေးခိုင်းပြီးပြန်လွှတ်ပေးတယ်ကြားတယ်” ဟု ပြောသည်။

ဟားခါးမြို့ပေါ်တွင် ယခုကဲ့သို့ ဆိုင်ကယ်တစ်စီးတွင် အမျိုးသား (၂) ဦး စီးနင်း ခွင့် ပိတ်ပင်ထားခြင်းကြောင့် မြို့ခံသက်ကြီးရွယ်အိုများ ဆေးရုံ၊ ဆေးခန်း၊ သာရေး၊ နာရေး နှင့် ဘာသာရေးကိစ္စရပ်များဆောင်ရွက်သည့်နေရာတွင် ခက်ခဲမှုအများကြီးဖြစ်စေသည်ဟု ဟားခါးမြို့ခံတစ်ဦးကပြောသည်။

“လူငယ်တွေအတွက်ကတော့ သိပ်ပြဿနာမရှိနိုင်ပေမယ့် သက်ကြီးရွယ်အိုတွေအတွက်တော့ အတော်လေးအခက်ခဲ ဖြစ်တယ်လေ၊ ဆိုင်ကယ်နောက်မှာလည်းစီးလို့မရတော့ဘူးဆိုတော့ ခြေလျင်နဲ့ပဲ သွားရမယ့်ကိန်း ဖြစ်နေတယ် ဒီမှာ ကားရှိတဲ့သူကလည်း မရှိသလောက်ပဲလေ” ဟု ဟားခါးမြို့ခံကပြောသည်။

ချင်းပြည်နယ်တွင် နိုင်ငံ့ဝန်ထမ်းများနှင့် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ တာဝန်ဖြင့်သွားလာသော မော်တော်ယာဉ်များအား ချောင်းမြောင်းပစ်ခတ်ခြင်းများပြုလုပ်ရာမှာ မော်တော်ဆိုင်ကယ်ကို အမျိုးသား ၂ ဦးစီးနင်းကာ တစ်ဦးမှ မောင်းနှင်ပြီး ကျန်တစ်ဦးမှ ပြုလုပ်ဆောင်ရွက်လေ့ရှိသည်ဟုဆိုကာ ဇူလိုင်လ ၁၁ ရက်နေ့မှာ စစ်ကောင်စီက ပိတ်ပင်ကန့်သတ်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီသည် အမျိုးသားနှစ်ဦး ဆိုင်ကယ်စီးခွင့်အား ဟားခါးနှင့် ဖလမ်းအပြင် ရန်ကုန်၊ မန္တလေး၊ မကွေးအပါအဝင် ၎င်းတို့စိုးမိုးထားသည့် မြို့ပေါ်နေရာများတွင် ကန့်သတ်ပိတ်ပင်မှုများ ပြုလုပ်ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဇမ်ပီးရွာရှိ ZRA-EC စခန်းကို ZNA က ဝင်ရောက်တိုက်ခိုက်ရာ ZRA-EC ရဲဘော်တစ်ဦးသေဆုံး

နှာရိန်မြို့တွင် ဝက် (၁၁) ကောင်အထိ သေဆုံးမှုရှိလာ၍ ဝက်ရောဂါသံသယဖြစ်ပွားမှုအဆင့်အဖြစ် သတ်မှတ်ကြေညာ

ပြည်တွင်းပြည်ပနိုင်ငံများသို့ တရားမဝင်လူပို့သည်ဆိုသော စွဲချက်ဖြင့် အမျိုးသမီးတစ်စုကို ULA/AA ထောက်လှမ်းရေးက ကျင်ဒွေးမှာ စီးနင်းဖမ်းဆီး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 10, 2026

ဇမ်ပီးရွာရှိ ZRA-EC စခန်းကို ZNA က ဝင်ရောက်တိုက်ခိုက်ရာ ZRA-EC ရဲဘော်တစ်ဦးသေဆုံး

September 10, 2026

ဖလမ်းမြို့ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာထုတ်ယူရန် လျှောက်ထားနိုင်ပြီဟုဆို

September 9, 2026

ပလက်ဝမြို့နယ်အတွင်း ရခိုင်ဘာသာသင်ရိုးသစ်သင်ကြားမှုမှာ မသင်မနေရ အတင်းအဓမ္မ သင်ယူခိုင်းခြင်းမျိုးမဟုတ်ဟု အာရက္ခအမျိုးသားပညာရေးဌာနထုတ်ပြန်

September 9, 2026

တွန်းဇံမြို့နယ်တွင် ဆိုင်ကယ်ပေါ်မှ ပြုတ်ကျ၍ လူငယ်တစ်ဦး သေဆုံး

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.