Author: Editor

(006SV) ချင်းပြည်နယ်၊ မရာဒေသ၊ လိုင်လင်းပီမြို့ကို မရာပဋိညာဉ်ပြဌာန်းချက်နှင့်အညီ မြို့ခံလူထုနှင့် ပူးပေါင်းပြီး မြို့စီမံအုပ်ချုပ်ရေးလုပ်ငန်းများ အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဟု မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ MDF/ MTC က ပြောသည်။ လိုင်လင်းပီမြို့ကို မရာပဋိညာဉ်အခန်း ၆၊ ကြားကာလအုပ်ချုပ်ရေး၊ ပုဒ်မ ၄၃ ပါ ပြဌာန်းချက်နှင့်အညီ ပြည်သူ လူထုနှင့်ပူးပေါင်း၍ လိုင်လင်းပီမြို့ စီမံအုပ်ချုပ်ရေးကော်မတီကို အမြန်ဆုံးဖွဲ့စည်းကာ မြို့အုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်သွားမည် ဖြစ် ကြောင်း ဇူလိုင်လ ၂၂ ရက်က MDF က ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ “လိုင်လင်းပီမြို့ အုပ်ချုပ်ရေး ပုံစံကို Mara charter မှာ ဖော်ပြထားတဲ့ အတိုင်းပဲ မြို့နေလူထုတွေနဲ့ ပူးပေါင်း အကောင်ထည်ဖော်လုပ်ဆောင်သွားပါမယ်။ အရင်က မြို့အုပ်ချုပ်ရေး လုပ်ငန်းတွေ ဆောင်ရွက်ထားမှု မရှိသေးတော့ အခုမှ စတင်ဆောင်ရွက်တဲ့သဘောပါ” ဟု MDF အတွင်းရေးမှူး ကိုဓူဝံက ပြောသည်။ မတူပီမြို့နယ် လိုင်းလင်ပီမြို့သည် ချင်းလဲန်းကောင်စီအဖွဲ့ဝင် ချင်းတော်လှန် ရေးတပ်ပေါင်းစုတို့က ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက တိုက်ခိုက်သိမ်းပိုက်ခဲ့ကြပြီး ချင်းအမျိုးသားတပ်မတော် CNF/CNA နှင့် CDF – Mara ပူးပေါင်းတပ်တို့က ထိန်းချုပ်ထားခဲ့ကြသည်။ ထိုကဲ့သို့ထိန်းချုပ်ပြီး ၈ လနီးပါးအကြားတွင် မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (MDF/ MTC) က အာရက္ခတပ်တော် (ULA/AA) အကူအညီဖြင့် ဇူလိုင်လ ၁၆ ရက်နေ့မှာ ပြန်လည်ထိန်းချုပ်ကာ မြို့စီမံအုပ်ချုပ်ရေး လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရန် ပြင်ဆင်လာခြင်းဖြစ်သည်။ တစ်ဖက်တွင် လိုင်လင်းပီမြို့မှာ CDF – Mara အဖွဲ့၏…

Read More

(006SV) ချင်းပြည်နယ်မြို့တော် ဟားခါးမြို့နှင့် ထန်တလန်မြို့ကြားက စစ်ကောင်စီတပ်စခန်းများကို ချင်းပြည်အစိုးရ ပူးပေါင်း များက ထိုးစစ်ဆင်တိုက်ခိုက်ရာ စစ်စခန်း ၃ ခုကို အပြီးသတ် သိမ်းပိုက်ထားပြီး စစ်စခန်း ၁ ခုကို ဆက်လက် တိုက်ခိုက် နေဆဲ ဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး CNF/CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။ “ဟားခါးနဲ့ ထန်တလန်ကြားမှာ စစ်ကောင်စီက တည်ထားတဲ့ တပ်စခန်းငယ်တွေကို ကျနော်တို့ ရှင်းလင်းမှုတွေ လုပ်တာဖြစ်တယ်။ အဲဒီမှာ စခန်းငယ် ၃ ခုက အားလုံး သိမ်းပြီးပြီ။ နောက်တစ်ခုက နည်းနည်းအချက်အချာ ကျတဲ့ စခန်းက အခုက ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိနေသေးတယ်” ဟု ဆလိုင်းထက်နီက ပြောသည်။ ဇူလိုင်လ ၂၂ ရက် မနက်ပိုင်းမှ စတင်၍ ဟားခါးမြို့နှင့် ထန်တလန်မြို့ကြားက စစ်ကောင်စီ စစ်စခန်းများကို ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့သည် ဟားခါးမြို့ဘက်က လက်နက်ကြီးများဖြင့် ပစ်ကူပေးနေပြီး တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသည့် အော်တိုတောင်ကုန်းပေါ်က အထိုင်ချတပ်စခန်းသို့ စစ်ကူပေးပို့မှုများ ပြုလုပ်နေကြောင်း CNF/CNA မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။ လက်ရှိ စစ်ဆင်ရေးသည် ဟားခါးမြို့ စစ်ကောင်စီတပ်နှင့် ထန်တလန်မြို့က စစ်ကောင်စီတပ်များအကြား မချိတ်ဆက်နိုင်စေရန် ဖြတ်တောက်ပစ်နိုင်ရန်ဖြစ်ကြောင်း သိရသည်။ “ကျနော်တို့က အဓိက ချင်းပြည်ကနေ စစ်ကောင်စီ ကင်းစင်ရေးက အဓိက လိုအပ်ချက်ပေါ့။ အဲဒီမှာ စစ်ရေးအရ နေရာဒေသအရ ဗျူဟာအရ…

Read More

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဆိုင်ရာကိစ္စရပ်များကို လိုအပ်သလို ဆက်လက်ဆောင်ရွက်နိုင်ရန် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ ဇူလိုင် ၂၂ ရက်နေ့တွင် ယာယီသမ္မတရာထူးကို လွဲပြောင်းရယူလိုက်သည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်သည်။ ယာယီသမ္မတ ဦးမြင့်ဆွေသည် လက်ရှိကျန်းမာရေးအခြေအနေအရ ဆေးခွင့်ယူ၍ ဆေးကုသမှုခံနေရသည့်အချိန် တာဝန်ဝတ္တရားများ ဆောင်ရွက်ရန် ပျက်ကွက်နေစဉ်နှင့် ယာယီသမ္မတတာဝန် လစ်ဟင်းနေစဉ် ကာလတို့တွင် ယာယီသမ္မတတာဝန်ဝတ္တရားများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌထံသို့ လွှဲအပ်ဆောင်ရွက်စေမည်ဖြစ်ကြောင်း ယာယီသမ္မတရုံးမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးသို့ အကြောင်းကြားစာပေးပို့လာခဲ့ကြောင်း သိရသည်။ ထိုသို့ အကြောင်းကြားစာပေးပို့ပြီးနောက် ယနေ့ ဇူလိုင်လ ၂၂ ရက် နံနက် ၁၁ နာရီခွဲတွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဆိုင်ရာ ကိစ္စရပ်များ ဆက်လက်ဆောင်ရွက်နိုင်ရန်အလို့ငှာ ယာယီသမ္မတတာဝန်ဝတ္တရားများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ အာဏာသိမ်းစစ်ခေါင်းဆောင်ထံသို့ လွှဲပြောင်းအပ်နှံခြင်းအား လက်မှတ်ရေးထိုးဆောင်ရွက်ခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။ ယာယီသမ္မတ ဦးမြင့်ဆွေသည် ကျန်းမာရေးအခြေအနေမကောင်းသည့် အတွက် ဆေးကုသမှုခံယူခဲ့ကြောင်း ဇူလိုင် ၁၈ ရက်က စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။ အာဏာသိမ်းစစ်ခေါင်းဆောင်သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်ပြီး အရေးပေါ်ကာလကို ၆ လတစ်ကြိမ် သက်တမ်းတိုးလာခဲ့ရာမှာ ဇူလိုင်လ ၃၁ ရက်ဆို သက်တမ်းကုန်ဆုံးတော့မည်ဖြစ်သည်။ အရေးပေါ်ကာလ သက်တမ်းပြည့်ရန် နီးကပ်လာသည့်အချိန်တွင် ကျန်းမာရေးမကောင်းသည့် ယာယီသမ္မတ ဦးမြင့်ဆွေနေရာကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လွှဲပြောင်းရယူလိုက်ခြင်းဖြစ်သည်။

Read More

(002MG) ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF-Hakha က ချင်းပြည်နယ် ဟားခါး မြို့မရဲစခန်းကို ဝင်စီးပြီး ကယ်ထုတ်သွားသည့် အကျဉ်းသား ၆၀ ကျော်ထဲတွင် စစ်ခုံရုံးက ထောင်ဒဏ်တစ်သက် ပြစ်ဒဏ်ချမှတ်ခဲ့သော အမျိုးသမီးတစ်ဦးနှင့် CDF တပ်ဖွဲ့ဝင် (၁၃) ဦး ပါဝင်သည်ဟု သိရသည်။ ဟားခါးမြို့ ဝမ္မသူးမောင်းအားကစားကွင်းအထက်နားရှိ နိုင်ငံရေးနှင့်ပတ်သက်ဆက်နွယ်သော ပုဒ်မများဖြင့် ဖမ်းဆီးချုပ်နှောင်ခံရသူများထားရှိသည့် မြို့မရဲစခန်းကို ဇူလိုင်လ ၂၀ ရက် မနက် ၅ နာရီခန့်တွင် CDF-Hakha တပ်ဖွဲ့က ဝင်ရောက်စီးနင်းကာ အကျဉ်းသား ၆၂ ဦး (အမျိုးသမီး ၁၃ ဦးနှင့် အမျိုးသား ၄၉ ဦး) ကို ကယ်ထုတ်ခဲ့ကြသည်။ CDF-Hakha တပ်ဖွဲ့မှ ကယ်ထုတ်သွားသော အကျဉ်းသားအများစုမှာ နိုင်ငံရေးနှင့် ပတ်သက်ဆက်နွယ်သောပုဒ်မဖြင့် ဖမ်းဆီးခံရသော နိုင်ငံရေးအကျဉ်းသားများဖြစ်ကြပြီး ထိုအထဲမှာ စစ်ခုံရုံးက ထောင်ဒဏ်တသက်ချမှတ်ခဲ့သော ချင်းအမျိုးသမီး မဗျက်မွှေဆုန်နှင့် CDF တပ်ဖွဲ့ဝင် ၁၃ ဦးပါဝင်သည်ဟု CDF-Hakha ဥက္ကဌက ပြောသည်။ “မြို့သိမ်းစစ်ဆင်ရေး အကြိမ်ပေါင်း (၁၀၀) ကျော်လုပ်ခဲ့ပြီးပြီ စစ်ကောင်စီအင်အားနည်းအောင် ဆောင်ရွက်မယ်၊ ပြီးရင် အင်အားနည်းလာရင် ဟားခါးသိမ်းမယ်၊ နောက်ဆုံးက ဟားခါးမြို့သိမ်းစစ်ဆင်ရေးလုပ်ဖို့ အကောင်ထည်ဖော်နေတုန်းပေါ့ အဲ့ထဲက မြို့မရဲစခန်းသိမ်းပိုက်ရေးက တခုပါ။ အခု အကျဉ်းသားတွေအားလုံး ထွက်လာနိုင်ခဲ့တယ်၊ အခုတော့ သူတို့အားလုံး လုံခြုံတဲ့နေရာအကုန်ရောက်ပြီ၊ သူတို့ သွားချင်တဲ့နေရာကိုပေါ့” ဟု CDF-Hakha ဥက္ကဌက ပြောသည်။ မဗျက်မွှေဆုန်သည် CDF တပ်ဖွဲများအား ငွေကြေးထောက်ပံ့သည်ဟုဆိုကာ စစ်ကောင်စီက…

Read More

(006SV) ချင်းပြည်တောင်ပိုင်း၊ မတူပီမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် မိသားစုဝင် ၁၀၀ ကျော်ကို စစ်သုံ့ပန်းအဖြစ် ထိန်းသိမ်းထားပြီး ကလေးငယ် ၃၀ ကျော်ကို ကျွေးမွေးပြုစုစောင့်ရှောက်ထားကြောင်း CDF- မတူပီ၊ တပ်မဟာ – ၁ ထံမှ သိရသည်။ မတူပီမြို့သိမ်းတိုက်ပွဲကို ချင်းညီနောင်အဖွဲ့ဝင်များနှင့်အတူ ULA/AA အပါအဝင် မဟာမိတ်တပ်ပေါင်းစုက ဇွန်လအတွင်း ရက်ပေါင်း ၂၀ ကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်စခန်းများမှ တောထဲသို့ ထွက်ပြေးခဲ့ရကြောင်း တပ်မဟာ – ၁ ဇူလိုင်လ ၂၀ ရက်က ထုတ်ပြန်သည်။ တောထဲသို့ ထွက်ပြေးစဉ်လမ်းခရီးတွင် ခရီးလမ်းကြမ်းတမ်းမှု၊ မိုးဒဏ် လေဒဏ်၊ အစာငတ်ဒဏ် ခံစားခဲ့ကြရပြီး မိသားစုဝင်အားလုံး ဆုံးရှုံးသော ကလေးငယ်များလည်း ပါဝင်ကြောင်းသိရသည်။ အသက်မပြည့်သေးသည့် ကလေးငယ် ၃၀ ထဲတွင် အများစုမှာ ခြေလက် သဲဝဲစားမှုဒဏ်ကို ဆိုးဝါးစွာ ခံစားနေရပြီး ချင်းညီနောင်နှင့် မဟာမိတ်တပ်ဖွဲ့၏ ဆေးတပ်ဖွဲ့များက ဆေးဝါးကုသမှု ပေးအပ်နေဆဲဖြစ်ကြောင်း သိရသည်။ CDF – တပ်မဟာ ၁ ၏ ထုတ်ပြန်ချက်တွင် ဆေးဝါးကုသပေးနေသော ကလေးငယ် ၂ ဦးကို မေးမြန်းရာတွင် တောထဲ စစ်ဘေးရှောင်နေရစဉ်အတွင်း ၉ ရက်၊ ၁၀ ရက်ခန့် ထမင်းမစားခဲ့ရကြောင်း ဖြေဆိုထားကြသည်။ ချင်းညီနောင် စစ်ဆင်ရေးအဖြစ် ဖော်ဆောင်ခဲ့သည့် မတူပီမြို့သိမ်းတိုက်ပွဲကို ချင်းညီနောင်အဖွဲ့ဝင်များနှင့်အတူ အာရက္ခတပ်တော် (ULA/AA)၊ YDF နှင့် Yaw Army တို့က ပူးပေါင်း၍ ဇွန်လ…

Read More

ချင်းပြည်နယ် ဟားခါးမြို့ ဝမ္မသူးမောင် အားကစားကွင်းအနီးတွင်တည်ရှိသော မြို့မရဲစခန်းကို CDF-Hakha တပ်ဖွဲ့က ရုန်းတောင်စစ်ဆင်ရေးအမည်ဖြင့် ယနေ့မနက်ပိုင်း ၅ နာရီခန့်တွင် ဝင်ရောက်စီးနင်းတိုက်ခိုက်ရာမှာ အမျိုးသမီး ၁၃ ဦးအပါအဝင် အကျဉ်းသား ၆၂ ဦးကို ကယ်ထုတ်ခဲ့သည်ဟု CDF-Hakha က သတင်းထုတ်ပြန်လာသည်။ ယနေ့ ဇူလိုင်လ ၂၀ ရက်၊ နံနက် ၅ နာရီခွဲခန့်တွင် ရုန်းတောင်စစ်ဆင်ရေး (Operation Rung) အမည်ဖြင့် ချင်းလဲန်းကောင်စီအဖွဲ့ဝင် Chinland Defense Force – Hakha မှ ဟားခါးမြို့မရဲစခန်းကို စီးနင်းတိုက်ခိုက် သိမ်းပိုက်ခဲ့ကြသည်။ ထိုရုန်းတောင်စစ်ဆင်ရေးတွင် စစ်ကောင်စီလက်အောက်ခံ ရဲတပ်သား ၄ ဦးသေဆုံးကာ လက်နက်ခဲယမ်း အများအပြားလည်း သိမ်းဆည်းရမိခဲ့ပြီး အကျဥ်းသား ၆၂ ဦး (အမျိုးသား ၄၉ ယောက်နှင့် အမျိုးသမီး ၁၃ ယောက်) တို့ကို ကယ်ထုတ်ခဲ့ကြသည်ဟု CDF-Hakha က ထုတ်ပြန်သည်။ အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်ရေးအတွက် ဆုံးခန်းတိုင်အောင် ဆက်လက်တိုက်ပွဲဖော်ဆောင်သွားမည်ဖြစ်သည့်အတွက် ပြည်လူထုမှလည်း ပူးပေါင်းပါဝင်ဆောင်ရွက်‌ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်ဟု CDF-Hakha က ထုတ်ပြန်သည်။ ရုန်းတောင်စစ်ဆင်ရေးကို ၂၀၂၃ ခုနှစ် နိုင်ဝင်ဘာလက စတင်ဖော်ဆောင်ခဲ့ကြပြီး ရုန်းတောင်စစ်ဆင်ရေးကာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ခန့်နှင့် စစ်အုပ်စုယန္တရားကို ထောက်ပံ့နေသူ ၁၀ ဦးတို့ကို သုတ်သင်ရှင်းလင်းနိုင်ခဲ့ပြီးဖြစ်ကြောင်း CDF-Hakha ထံမှ သိရသည်။ CDF-Hakha တပ်ဖွဲ့အနေဖြင့် ဟားခါးမြို့နယ်၏ ၇၀ ရာခိုင်နှုန်းကို ထိန်းချုပ်နိုင်ပြီဖြစ်ကာ ကျန်ရှိနေသေးသော…

Read More

(005MK) အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင်မှတဆင့် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ဘက်သို့ အခြေခံစားသောက်ကုန်များ တင်သွင်းခွင့်ပိတ်ပင်မှုကို ဗဟိုလိုင်းလူငယ်များအသင်း (CYLA) က ယမန်နေ့ညကစ၍ ပြန်လည်ခွင့်ပြုလိုက်ပြီး စက်သုံးဆီများကိုမူ တင်းကြပ်စွာ ဆက်လက်ပိတ်ပင်ထားသည်ဟု သိရသည်။ လောင်တလိုင်ခရိုင်မှတဆင့် မြန်မာနိုင်ငံဘက်သို့ စက်သုံးဆီတင်သွင်းမှုကို လောင်တလိုင်ခရိုင်အုပ်ချုပ်ရေးမှူးက ဇူလိုင် ၁၆ ရက်နေ့က တရားဝင်ပိတ်ပင်ကြောင်း အမိန့်ထုတ်ပြန်လိုက်ပြီးသည့်နောက် ၂ ရက်အကြာ ဇူလိုင်လ ၁၈ ရက်ညကစ၍ အခြေခံစားသောက်ကုန်များ တင်သွင်းခွင့်ပိတ်ပင်မှုကို CYLA က ပြန်လည်ခွင့်ပြုခဲ့ခြင်းဖြစ်သည်ဟု The Lawng tlai Post က ဖော်ပြသည်။ အခြေခံစားသောက်ကုန်များအား မြန်မာဘက်သို့ တင်သွင်းပြုလိုက်ပြီဖြစ်သော်လည်း စက်သုံးဆီများ တင်သွင်းခွင့်ကိုမူ တင်းကြပ်စွာဆက်လက်ပိတ်ပင်သွားမည်ဖြစ်ပြီး စစ်ဆေးရေးဂိတ်များကိုလည်း ဆက်လက်ထားရှိသွားမည်ဟု CYLA က ဆိုသည်။ လောင်တလိုင်ခရိုင်မှတဆင့် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ဘက်သို့ ကုန်ပစ္စည်းနှင့် စက်သုံးဆီများ တင်သွင်းမှုများသည် အာရက္ခတပ်တော် AA က ချင်းလူမျိုးများအား ပစ်ခတ်တိုက်ခိုက်ရာမှာ အင်အားတည်ဆောက်ရေးနှင့် ရိက္ခာအဖြစ် အသုံးပြုနေသည့်အတွက်ဟုဆိုကာ ဇွန်လ ၂၄ ရက်နေ့ကစ၍ CYLA က ပိတ်ပင်ထားခြင်းဖြစ်သည်။ ယခုအခါ မြန်မာဘက်သို့ စားသောက်ကုန်များတင်သွင်းခွင့်ပြုပြီဖြစ်သည့်အတွက် လောင်တလိုင်မြို့ဈေးထဲတွင် မြန်မာဘက်ကို စားသောက်ကုန်များပို့မည့် ကုန်တင်ကားအမြောက်အများဖြင့် စည်ကားနေသည်ဟု သိရသည်။ အခြေခံစားသောက်ကုန်များကို လောင်တလိုင်မြို့မှတဆင့် Hruitezawl နှင့် Zochachhuah ဘက်သို့ပို့ဆောင်ကာ ထိုမှတဆင့် Chhimtuipui ကုလားတန်မြစ်အတိုင်း စက်လှေများဖြင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်ထဲသို့ သယ်ဆောင်ကြမည်ဖြစ်ကြောင်း သိရသည်။

Read More

မြန်မာ့နွေဦးတော်လှန်ရေးမှာ တူမီးသေနတ်ကိုစွဲကိုင်ပြီး စစ်ကောင်စီကို အစောဆုံး ဆန့်ကျင်တော်လှန်ခဲ့ကြတဲ့ ချင်းပြည်မှာ တော်လှန်ရေးတပ်ဖွဲ့တွေအကြား နိုင်ငံရေးသဘောထားကွဲလွဲမှု ရှိလာတဲ့နောက်ပိုင်းမှာ ချင်းလဲန်းကောင်စီနဲ့ ချင်းညီနောင်ဆိုပြီး နှစ်ဖွဲ့ကွဲခဲ့ပါတယ်။ ဒီလို နှစ်ဖွဲ့ကွဲလာတဲ့နောက်ပိုင်းမှာ ချင်းကာကွယ်ရေးတပ်ဖွဲ့ထဲမှာလည်း နှစ်ခြမ်းကွဲသွားတဲ့ တပ်ဖွဲ့တွေရှိလာပြီး စစ်ရေးအရ ပွတ်တိုက်မှုတွေဖြစ်လာကာ အချင်းချင်းပစ်ခတ်မှု၊ သွေးထွက်သံယိုသေဆုံးမှုအထိ ရှိလာနေတာဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ချင်းလဲန်းကောင်စီ ဦးဆောင်ကော်မတီဆဌမအကြိမ်ပုံမှန်အစည်းအဝေးကို ဇူလိုင် ၁၀ ရက်ကနေ ၁၃ ရက်နေ့အထိ ၄ ရက်တာပြုလုပ်ခဲ့ကြပြီး လတ်တလောဖြစ်ပေါ်နေတဲ့ စစ်ရေးတင်းမှုတွေကို အဖွဲ့အစည်းအချင်ချင်းကြား တွေ့ဆုံ နွေးနွေးညှိ နှိုင်းအဖြေရှာတဲ့ နည်းလမ်းဖြင့်အမြန်ဆုံးဖြေရှင်းနိုင်ရေးအပါအဝင် အချက် ၅ ချက်ဆွေးနွေးခဲ့ကြ တယ်လို့ ဇူလိုင် ၁၇ ရက်နေ့က ချင်းပြည်ကောင်စီက ထုတ်ပြန်လာပါတယ်။ အဲဒီအခြေအနေနဲ့ပတ်သက်ပြီး ချင်းလဲန်းကောင်စီ အထွေထွေအတွင်းရေးမှူး ဆလိုင်းပေါလ်ကို ဆက်သွယ်မေးမြန်းထားပါတယ်။ မေး။ ချင်းပြည်အတွင်း လတ်တလောဖြစ်ပေါ်နေတဲ့ ချင်းတော်လှန်ရေးတပ်ဖွဲ့အချင်းချင်းကြား စစ်ရေးတင်းမှုတွေကို အဖွဲ့ အစည်းအချင်ချင်းကြား တွေ့ဆုံနွေးနွေးညှိ နှိုင်းအဖြေရှာတဲ့ နည်းလမ်းနဲ့ အမြန်ဆုံးဖြေရှင်းနိုင်ရေး ချင်းပြည် ကောင်စီကဆွေးနွေးခဲ့တယ်လို့သိရပါတယ်။ အဲဒီဟာက ဘာကိုဆိုလိုတာလဲ ရှင်းပြလို့ရလား? ဖြေ။ အခုလတ်တလောဖြစ်နေတဲ့ မတူပီမှာဖြစ်ပွားနေတဲ့ဖြစ်စဉ်တွေ၊ မတူပီတပ်မဟာ ၁ တပ်မဟာ ၂ ကိစ္စတွေပါမယ် ဥပမာအားဖြင့်ပြောမယ်ဆိုရင် လိုင်လင်းပီကိစ္စတို့ CDF-Mara နဲ့ CNF/CNA တို့ထိန်းချုပ်ထားတဲ့နေရာမှာ MDF က သူတို့မဟာမိတ် AA ကိုခေါ်ပြီးမှ ဝင်ရောက်ပြီးစစ်ရေးလှုပ်ရှား နေတဲ့ကိစ္စတွေ၊ ပြီးတော့ တခြား ချင်းပြည်တောင်ပိုင်း မင်းတပ် ကန်ပက်လက်ဘက်မှာကော အချင်းချင်းကြားထဲမှာ စစ်ရေးအရပွတ်တိုက်မှုလေးတွေကြားနေရတယ်ပေါ့နော် ကျနော်တို့အချင်းချင်းကြားမှာဖြစ်တဲ့ကိစ္စကို စစ်ရေးအရ စစ်ရေးနဲ့တိုက်ရိုက်တုံ့ပြန်တာမျိုးမလုပ်ပဲနဲ့…

Read More

(006SV) အာရက္ခတပ်တော် (ULA/AA) အနေဖြင့် ချင်းပြည်အရေးနှင့် ချင်းလူမျိုးများ၏ နိုင်ငံရေးကိစ္စတွင် ဝင်ရောက်စွက်ဖက်ခြင်း အမြန်ဆုံး ရပ်တန့်ရန် ချင်းပြည်အစိုးရအဖွဲ့က ယနေ့ ဇူလိုင်လ ၁၉ ရက်တွင် သတင်းထုတ်ပြန်တောင်းဆိုလိုက်သည်။ ချင်းပြည်အစိုးရသည် ဘုံရန်သူ စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်နေချိန် အာရက္ခတပ်တော်က ချင်းပြည်နယ် နယ်နိမိတ်အတွင် စစ်ရေး၊ နိုင်ငံရေးအရ ဝင်ရောက်ကျူးကျော်နေသောကြောင့် တိုင်းရင်းသား အချင်းချင်းကြား မလိုလားအပ်သော ထိတွေ့တိုက်ပွဲများဖြစ်နေမှုကို လွန်စွာ စိတ်မကောင်းကြောင်း ချင်းပြည်အစိုးရအဖွဲ့က ထုတ်ပြန်လာသည်။ ယင်းဖြစ်ရပ်သည် ချင်းသမိုင်းတွင် အဆိုးဝါးဆုံး အတွေ့အကြုံတစ်ခုဖြစ်ပြီး အာရက္ခတပ်တော်က ချင်းအမျိုးသားများ ကြိုးပမ်းနေသော အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးကို လေးစားအသိအမှတ်ပြုသင့်သည်ဟု ချင်းပြည်အစိုးရက ဆိုသည်။ ထို့ကြောင့် အာရက္ခတပ်တော်အနေဖြင့် ချင်းပြည်အရေးနှင့် ချင်းလူမျိုးများ၏ နိုင်ငံရေးကိစ္စတွင် ဝင်ရောက်စွက်ဖက်ခြင်းကို အမြန်ဆုံးရပ်တန့်ရန် အလေးအနက်တောင်းဆိုသည်ဟု ချင်းပြည်အစိုးရက ပြောသည်။ တိုင်းရင်းသား လူမျိုးပေါင်းစုံ၏ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးအတွက် ချင်းပြည်အစိုးရသည် တိုက်ပွဲဝင်နေသကဲ့သို့ ရခိုင်လူမျိုးတို့၏ အမျိုးသားတော်လှန်ရေးကို အားပေးထောက်ခံပါ ကြောင်း၊ ULA/AA ၏ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်၍ ရခိုင်ပြည်နယ်က မြိုးများစွာ သိမ်းပိုင်နိုင်မှုကို ဝမ်းသာဂုဏ်ယူပါကြောင်း ချင်းပြည်အစိုးရအဖွဲ့က ထုတ်ပြန်သည်။ ဘုံရန်သူ စစ်ကောင်စီနှင့် ချင်းပြည်အား ကျူးကျော်နေသော ရန်သူမှန်သမျှကို တွန်းလှန်တိုက်ခိုက်သွားမည်ဖြစ်သောကြောင့် ချင်းပြည်အစိုးရ၏ တပ်ဖွဲ့ဝင်များဖြစ်သော CNF/ CNA နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ CDFs တို့အနေဖြင့် အမျိုးသားရေးအတွက် ပူးပေါင်းတိုက်ပွဲဝင်သွားမည်ဖြစ်၍ မည်သူမျှ ချင်းအမျိုးသားရေးကို သစ္စာမဖောက်စတမ်း အောက်ချင်းသစ္စာဖြင့် လက်တွဲတိုက်ပွဲဝင်ကြရန် တိုက်တွန်းကြောင်း ချင်းပြည်အစိုးရအဖွဲ့က ထုတ်ပြန်သည်။…

Read More

(006SV) ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ တိုက်နယ် ၁၂ ထဲက ကျေးရွာ တစ်ရွာကို ယမန်နေ့ ညသန်းခေါင်အချိန်တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်၍ ဒေသခံပြည်သူ ၁ ဦး သေဆုံးပြီး ၁ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း CDF- မင်းတပ်က သတင်းထုတ်ပြန်သည်။ ဇူလိုင်လ ၁၈ရက် ည ၁၂ နာရီဝန်းကျင်ခန့်တွင် မင်းတပ်မြို့၊ အနောက်ဘက်ခြမ်းရှိ တိုက်နယ် ၁၂ ထဲက ကျေးရွာ ၁ ရွာကို စစ်ကောင်စီက MIG – 29 ဂျက်ဖိုက်တာဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း CDF- မင်းတပ်နှင့် ဒေသခံများထံမှ သိရသည်။ “တိုက်နယ် ၁၂ တနေရာကို လေကြောင်းကနေ တိုက်ခိုက်သွားတာပါ။ ဘုန်းကြီးကျောင်းတစ်ကျောင်း ထိခိုက်ပျက်ဆီးသွားပြီးတော့ ပြည်သူတစ်ဦး သေဆုံးသွားတယ်။ ထိခိုက်ဒဏ်ရာရရှိသူတွေရှိတယ်လို့ ကြားတယ်” ဟု မင်းတပ်မြို့ဒေသခံတစ်ဦးက ပြောသည်။ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်း ၁ ကျောင်းအပါအဝင် နေအိမ်တချို့ ပျက်စီးသွားကြောင်း သိရသည်။ ဇူလိုင်လလယ်ပိုင်းကလည်း တိုက်နယ် ၁၂ ထဲက ၎င်းကျေးရွာကိုပင် လက်နက်ကြီးများဖြင့် ပစ်ခတ်နေသောကြောင့် နေအိမ်တချို့ ပျက်စီးမှုများရှိခဲ့ကြောင်း မင်းတပ်မြို့ ဒေသခံထံမှ သိရသည်။ ယမန်နေ့ ညနေ ၆ နာရီမှ ၈ နာရီအထိလည်း မင်းတပ်အနောက်ခြမ်းရှိ တိုက်နယ် ၂၊ တိုက်နယ် ၃ နှင့် မကွေးတိုင်း၊ ယောဒေသဘက်ကို စစ်ကောင်စီတပ်က ၁၂၀ မမ လက်နက်ကြီးအပြင်…

Read More