(005MK) အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့မှာ ချင်းလဲန်းကောင်စီ/ချင်းပြည်အစိုးရ နှင့် မီဇိုးကျောင်းသားသမဂ္ဂ MZP အဖွဲ့တို့ ယမန်နေ့ ဩဂုတ်လ ၂၀ ရက်နေ့က တွေ့ဆုံခဲ့ကြပြီး အချက် ၃ ချက်သဘောတူခဲ့ကြသည်ဟု သိရသည်။ အိုင်ဇောလ်မြို့ MZP ဗဟိုရုံးချုပ်မှာ ဩဂုတ်လ ၂၀ ရက် မနက် ၁၁ နာရီမှာတွေ့ဆုံခဲ့ကြပြီး ချင်းမျိုးနွယ်စု အချင်းချင်းကြား ပူးပေါင်းဆောင်ရွက်မှုအားကောင်းလာစေရေးနှင့် စည်းလုံးညီညွတ်မှုရှိလာစေရေးအတွက် အတူတကွ ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ဆွေးနွေးခဲ့ကြသည်ဟု MZP က ဩဂုတ်လ ၂၁ ရက်မှာ သတင်းထုတ်ပြန်သည်။ ယင်းအစည်းအဝေးတွင် မိမိတို့သည် ညီအကိုတွေဖြစ်ကြပြီး၊ စည်းလုံးညီညွတ်ရေးအတွက် MZP အဖွဲ့၏ ကြိုးစားဆောင်ရွက်ချက်များကို အားပေးထောက်ခံကြောင်း၊ ချင်းမျိုးနွယ်စုများအကြား သဘောထားကွဲလွဲမှုများရှိခဲ့သော်လည်း အကြမ်းဖက်သောနည်းလမ်းကို အသုံးမပြုရန် နှင့် ချင်းလဲန်းကောင်စီအနဖြင့် ချင်းပြည်အတွင်းရှိ အဖွဲ့အစည်းအသီးသီးနှင့် စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေး နည်းလမ်းများရှာဖွေသွားရန် စသည့် အချက် ၃ ချက်ကို ဆွေးနွေးသဘောတူခဲ့ကြသည်ဟု MZP ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ယမန်နေ့က ပြုလုပ်သည့် အစည်းအဝေးမှာ ချင်းပြည်ဝန်ကြီးချုပ်ပူးပါထန်း၊ ချင်းလဲန်းကောင်စီ ဒု-ဥက္ကဌ ဆလိုင်းမင်းညိုနှင့် ချင်းပြည်လွှတ်တော်က တာဝန်ရှိသူတချို့လည်း ပါဝင်ခဲ့ကြသည်ဟုသိရသည်။ မီဇိုးကျောင်းသားသမဂ္ဂ MZP သည် ချင်းမျိုးနွယ်စုအချင်းချင်းကြား စည်းလုံးညီညွတ်မှုအားကောင်းလာစေရေးလိုလား သောအဖွဲ့ဖြစ်ပြီး ယင်းအတွက် ကြားဝင်ဆောင်ရွက်ပေးနေသည့်အဖွဲ့လည်းဖြစ်သည်။ ယခုလ ၇ ရက်နေ့တုန်းကလည်း မီဇိုးကျောင်းသားသမဂ္ဂ(MZP) နှင့် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) ခေါင်းဆောင်တချို့တို့ အိုင်ဇောလ်မြို့မှာ တွေ့ဆုံခဲ့ကြပြီး ချင်းညီညွတ်ရေးကိစ္စကိုဆွေးနွေးခဲ့ကြပြီးဖြစ်သည်။
Author: Editor
(006SV) ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ လောက်တူနယ်ဒေသ၊ လောင်ထန်တလန်ကျေးရွာ၏ ဘာသာအယူဝါဒဆိုင်ရာပြဿနာကြောင့် ကျေးရွာမှနှင်ထုတ်ခံရသောဖြစ်စဉ်ကို လောက်တူ ပြည်သူ့ရေးရာကောင်စီ အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သိရသည်။ လောင်ထန်တလန်ကျေးရွာအတွင်းရှိ နှစ်ခြင်းအသင်းတော် နှင့် Assemblies of God – AG အသင်းတော်ကြား ဖြစ်ပွားသော ဘာသာရေး ပြဿနာမှာ ညှိနှိုင်း၍ မရသောကြောင့် AG အသင်းသူ၊ အသင်းသားများ ဩဂုတ်လ ၁၅ ရက်က ရွာမှ နှင်ထုတ်ခံရမှု နှင့်ပတ်သက်၍ လောင်တူနယ်ဒေသ ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ – LRPA က ဩဂုတ်လ ၁၉ ရက်က အသိပေးထုတ်ပြန်လာခြင်းဖြစ်သည်။ ၂၀၂၄ ခုနှစ် ဧပြီလကုန်ပိုင်းမှ အစပြု၍ လောင်ထန်တလန်ကျေးရွာတွင် ဘာသာရေးအဖွဲ့အစည်များကြား ဘာသာရေး ပြသာနာ ဖြစ်ပွားနေခဲ့ပြီး နှစ်ဖက်စလုံးမှ ဒေသတရားရေးအဖွဲ့သို့ အပြန်အလှန် တိုင်တန်းခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ မလိုလားအပ်သော လူမှုရေးပြဿနာများဖြစ်ပွားစေနိုင်သော ဘာသာရေး ကိစ္စအဖြစ် ဒေသတရားရေးအဖွဲ့က သုံးသပ်ပြီး ဒေသပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ ကြားဝင်ဖြန့်ဖြေပေးနိုင်ရန် ၂၀၂၄ ခုနှစ် မေလ ၈ ရက်က လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ မေလ ၁၅ ရက်နှင့် ၂၅ ရက်တို့တွင် ဒေသပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က နှစ်ကြိမ် မြေပြင်သို့ ကွင်းဆင်းဖြန့်ဖြေမှုများ ဆောင်ရွက်ခဲ့ သော်လည်း နှစ်ဖက်တင်းမာမှု မြင့်မားနေသောကြောင့် ပြေလည်မှုရရှိသည်အထိ ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိခဲ့ကြောင်း သိရသည်။ လိုအပ်သော အကြံဉာဏ်များ ရယူခြင်း၊ ညှိနှိုင်းအစည်းအဝေးပြုလုပ်ခြင်းများ ဆောင်ရွက်ပြီး လောက်တူ ပြည်သူ့ရေးရာ ကောင်စီအစည်းအဝေတွင်…
(002MG) စစ်ကိုင်းတိုင်း၊ ကလေးမြို့ အနောက်တောင်ပိုင်းသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသကာ ကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ ယနေ့မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီက ရှားတောနှင့် သုံးအိမ်စု ကျေးရွာက လူနေအိမ်များကို မီးရှို့ဖျက်စီးခဲ့သည်ဟု သိရသည်။ ယနေ့သြဂုတ်လ ၂၀ ရက် မနက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စစ်ကား (၅) စီးဖြင့် စက္ကန့်ရွာဘက်မှ ရှားတော ရွာသို့ ဝင်ရောက်လာပြီး တစ်နာရီကြာ ဒေသကာကွယ်ရေးပူးပေါင်း တပ်ဖွဲ့နှင့် ပစ်ခတ်မှုရှိခဲ့ကြောင်း ကလးမြောက်ပိုင်းက ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကပြောသည်။ “ထိတွေ့မှု သုံးအိမ်စု၊လေးအိမ်စုဖက်မှာ ဖြစ်နေတယ်၊ဒီမနက် ၈ နာရီလောက်ဖြစ်တာ စကစတွေ စစ်ကြောင်းထိုးနေ တာပေါ့။ စကစတွေမီးရှို့တာ မီးခိုးတွေအုံလိုက်ကြီးထွက်တယ်၊ အိမ်တွတော်တော်လာင်နေတယ်” ဟုသူကပြောသည်။ စစ်ကောင်စီတပ်ဖွဲ့သည် ရှားတောကျေးရွာအား မီးရှို့ပြီးနောက် သုံးအိမ်စုကျေးရွာကိုလည်း ဆက်လက်စစ်ကြောင်း ထိုးကာ လူနေအိမ်များ ထပ်မံမီးရှိုခဲ့ပြီး နေအိမ်ပျက်စီးမှုအခြေအနေကို မသိရှိရသေးပေ။ ထို့အပြင် ယနေ့မွန်းလွဲ (၂) အချိန်တွင်လည်း ကလေးမြို့မြောက်ပိုင်း၊လက်ပံချောင်းကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေ ပေါင် ၅၀၀ ဗုံးကြဲချခဲ့ပြီး ဘုန်ကြီးကျောင်းအတွင်း ကျရောက်ပေါက်ကွဲကာ လူထိခိုက်မှုမရှိကြောင်း သိရသည်။ လက်ရှိတွင် ကလေးမြို့နယ်တောင်ပိုင်းတွင် စစ်ရေးတင်းမာနေသောကြောင့် ရှားတော၊ သုံးအိမ်စု၊ လက်ပံခုံ၊ လေးအိမ်စု၊ ဆင်တော၊ မြောင်းစုံ၊ စီးစံကျေးရွာရှိ ပြည်သူများ ကလေးမြို့နှင့် တောထဲတို့တွင် တိမ်းရှောင်ကြရသည်ဟု သိရသည်။
(006SV) ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်း ယမန်နေ့ညသန်းခေါင်မှာ စစ်ကောင်စီက လေကြောင်း ဗုံးကြဲမှု ထပ်မံပြုလုပ်ပြီး မင်းတပ်မှာ လေကြောင်းတိုက်ခိုက်မှု ပိုပြုလုပ်လာကြောင်း ဒေသခံများက ပြောသည်။ ဩဂုတ်လ ၂၀ ရက် နံနက် ၂ နာရီခန့်တွင် မင်းတပ်မြို့ အနောက်ခြမ်း တစ်နေရာနှင့် တိုက်နယ် ၃ ဘက်က တစ်နေရာတို့ကို ဂျက်ဖိုက်တာများဖြင့် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး ပြည်သူများ ထိခိုက်မှု မရှိသော်လည်း အဆောက်အဦးတချို့ ထိခိုက်ပျက်စီးသွားကြောင်း ဒေသခံများက ပြောသည်။ “ည ၂ နာရီ ပတ်ဝန်းကျင်မှာ လေကြောင်းက ရောက်လာပြီးမှ အနောက်ဘက်ခြမ်းက ကျေးရွာတစ်ခုက စာသင်ကျောင်းဘက်ကို ဗုံးကြဲတယ်လို့ သတင်းကြားတယ်။ လူထိခိုက်မှုကတော့ မရှိဘူး။ အဆောက်အဦးက ထိခိုက်မိတယ်လို့ ကြားတယ်” ဟု မင်းတပ်မြို့ခံတစ်ဦးက ပြောသည်။ မင်းတပ်မြို့ တိုက်နယ် (၁) နှင့် မကွေးတိုင်း၊ ကျောက်ထုနယ်အစပ်က တစ်နေရာကိုလည်း ညသန်းခေါင်ကျော် ၂ နာရီ ၂၀ ခန့်တွင် လေကြောင်းတိုက်ခိုက်မှုများ ထပ်မံပြုလုပ်ခဲ့ပြီး ပြည်သူတချို့ သေဆုံးမှု ရှိကြောင်း ဒေသခံက ပြောသည်။ “အဲဘက်မှာ လူ ၃ ဦးလောက်တော့ သေတယ်လို့ သတင်းကြားတယ်။ အတည်တော့ မပြုနိုင်သေးဘူး။ ချင်းပြည်နယ်နဲ့ မကွေးတိုင်း အစပ်က လူငယ်စခန်းကို ကြဲတယ်လို့ သတင်းကြားမိပါတယ်” ဟု မင်းတပ်မြို့ ဒေသခံက ပြောသည်။ တိုက်နယ် ၁ နှင့် ယောအစပ်က တစ်နေရာကို ယမန်နေ့ညက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ရာတွင်…
ချင်းပြည်အစိုးရတပ် နှင့် စစ်ကောင်စီတပ်ဖွဲ့တို့အကြား တိုက်ပွဲပြင်းထန်နေသော ထန်တလန်မြို့ကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင် ဟားခါးမြို့စစ်ဗျူဟာကုန်းမှလည်း လက်နက်ကြီးများဖြင့် အကြိမ်ကြိမ်ပစ်ကူခဲ့သည်ဟု သိရသည်။ ထန်တလန်မြို့ထဲ တိုက်တာအဆောက်အအုံဟောင်းများတွင် ခြေကုပ်ယူထားကြသော စစ်ကောင်စီတပ်သားများကို ချင်းပြည်အစိုးရတပ်ဖွဲ့က ယနေ့ဩဂုတ်လ ၂၀ ရက်မနက်ပိုင်းမှာ ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်နေသည့် အတွက် စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းနှင့် လက်နက်ကြီးများဖြင့် ပစ်ကူနေခြင်းဖြစ်သည်ဟု ချင်းအမျိုးသားတပ်ဦး CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကပြောသည်။ ယနေ့မနက်ပိုင်းတွင် တိုက်လေယာဉ်ဖြင့် အနည်းဆုံး ၃ ကြိမ်ဗုံးကြဲတိုက်ခိုက်ခံရပြီး၊ ဟားခါးမြို့ ရုန်းတောင်စစ်ဗျူဟာ ကုန်းကနေလည်း ထန်တလန်မြို့ထဲကို လက်နက်ကြီးနှင့် ၁၀ ကြိမ်ထက်မနည်း ပစ်ကူခဲ့သည်ဟု သိရသည်။ ဇူလိုင်လ ၂၂ ရက်နေ့ကစတင်ခဲ့ကြသော ထန်တလန်မြို့သိမ်းပိုက်နိုင်ရေး Tilim Operation-4 စစ်ဆင်ရေးသည် ယခုဆိုလျှင် တစ်လနီးပါးခန့်ရှိလာပြီဖြစ်ပြီး စစ်ကောင်စီတပ်သားများသည် ထန်တလန်မြို့ထဲက တိုက်တာ အဆောက်အအုံများတွင် ပုန်းခိုကာ မဆုတ်တမ်းခုခံနေကြောင်း ဆလိုင်းထက်နီကပြောသည်။ “သူတို့က ဟားခါး ဗျူဟာ လုံခြုံရေးအတွက် မဆုတ်တမ်း ခံစစ်အနေနဲ့ အခိုင်အမာလုပ်ထားတယ် ထန်တလန်က တိုက်တာ အဆောက်အအုံကောင်းတော့ သူတို့ ခိုတဲ့နေရာက ခိုင်တယ်” ဟု ဆလိုင်းထက်နီကပြောသည်။ Tilim Operation-4 စစ်ဆင်ရေးကာလအတွင်းမှာ ထန်တလန်မြို့ပေါ်က စစ်ကောင်စီအမာခံ ခလရ ၂၆၉ တပ်ကုန်း နှင့် ဟားခါး-ထန်တလန် ကြားမှာ အခိုင်အမာတပ်စွဲထားကြသော စစ်ကောင်စီ စခန်းပေါင်းအနည်းဆုံး ၈ ခုကို ချင်းပြည်အစိုးရတပ်ဖွဲ့က သိမ်းပိုက်နိုင်ခဲ့ကြပြီး စစ်ကောင်စီတပ်သား ၃၀ ထက်မနည်းသေဆုံးပြီဟုသိရသည်။
ရေး – Salai Vakok || လားရာနိဒါန်း ချင်းပြည်နယ်တောင်ပိုင်းက ဒိုင်ရ်လူမျိုးတွေရဲ့ စစ်အာဏာရှင်တော်လှန်ရေး ၃ နှစ်ကျော်အကြာမှာ ဒိုင်ရ်လက်နက်ကိုင်တော်လှန်ရေး၊ လားရာဟာ ခြေလှမ်းအသစ်ပေါ်ပေါက်လာခဲ့ပါတယ်။ စစ်အာဏာရှင် တော်လှန်ရေးမှာ နိုင်ငံတဝန်းက တော်လှန်ရေးအဖွဲ့တွေနဲ့အတူ တစ်ထောင့်တစ်နေရာကနေ ပါဝင်နိုင်ဖို့ ဒိုင်ရ်လူကြီးတွေရဲ့ ကူညီစုစည်းပေးမှုနဲ့ ဒိုင်ရ်လူငယ်တွေက ပလက်ဝမြို့နယ်တနေရာမှာ အာဏာသိမ်းပြီး ၈ လခန့်အကြာ ဒေသအခြေပြုအဖြစ် CDF – ဒိုင်ရ်ကို စတင်ဖွဲ့စည်းပါတယ်။ ဒိုင်ရ် ပြည်သူတွေကို စစ်ကောင်စီရန်က ကာကွယ်ပေးဖို့၊ စစ်အာဏာရှင် နိဂုံးချုပ်ဖို့နဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးအတွက် ဒိုင်ရ်လူငယ်တွေရဲ့ လက်နက်ကိုင်တော်လှန်ရေးက ရည်ရွယ်ခဲ့ခြင်းဖြစ်ပါတယ်။ မင်းတပ်၊ မတူပီ နဲ့ ကန်ပက်လက်မြို့နယ်ထဲက ဒိုင်ရ်တွေလည်း သက်ဆိုင်ရာမြို့နယ်ရဲ့ CDFs တပ်ဖွဲ့မှာ တပ်ရင်းအဖြစ် ဖွဲ့စည်းပြီး ပူးပေါင်းတော်လှန်နေချိန်မှာ ဒိုင်ရ်မျိုးနွယ်စုနဲ့ နယ်မြေတွေ ပေါင်းစည်းနိုင်ရေးကို ကြိုးပမ်းလာမှုဖြစ်ပါတယ်။ “အာဏာသိမ်းခြင်းရဲ့ အကျိုးကျေးဇူးလို့တောင် ပြောလို့ ရတယ်။ မျိုးနွယ်စုတွေက မြို့နယ်တွေကို ဖောက်ထွက်ပြီး ဖွဲ့စည်းပုံအတိုင်း သွားစရာမလိုတော့တဲ့ အခြေအနေ၊ လွတ်လွတ်လပ်လပ်နဲ့ ကိုယ့်ကြမ္မာကို ဖန်တီးခွင့် ရှိတဲ့အတွက် တော်တော်လေး ဒိုင်ရ်ပူးပေါင်း ရေး၊ ဒိုင်ရ် အိုင်ဒန်တီတီ (identity)နဲ့ ပတ်သက်လို့ လွတ်လွတ်လပ်လပ် လုပ်ကိုင်ခွင့် ရှိလာတယ်” လို့ CDF – Daai မှ ခေါင်းဆောင် တစ်ဦးဖြစ်သူ ဆလိုင်းအိုင်ဘတ်က ပြောပါတယ်။ Chinland Joint Defense Committee – CJDC မဖျက်သိမ်းမှီ အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့တဲ့…
(002MG) ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ် ဖွီကျေးရွာထဲကို စစ်ကောင်စီက ယနေ့မနက်ပိုင်းမှာ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သတ္တမနေ့ခရစ်ယာန်ဘုရားကျောင်းတစ်ကျောင်းနှင့် အဆောက်အအုံအချို့ ထိခိုက်ပျက်စီးသွားသည်ဟု မင်းတပ်မြို့ခံတစ်ဦးက ပြောသည်။ မင်းတပ်ဒေသခံက “ဒီမနက် ၄ နာရီပတ်ဝန်း ကျင်မှာ ဖွီကျေးရွာမှာ ကျလို့ လူကတော့ဘာမှ ထိခိုက်မူမရှိဘူး ၊အိမ်တွေ ကတော့နည်းနည်းပါးပါးထိတယ်၊ ရွာထဲကပြည်သူတွေက လေကြောင်းကြောက်ပြီးတော့ရွာထဲမနေတော့ပဲ ခြံတွေ မှာပုန်းပြီးနေကြတာလေ လူမရှိတဲ့အတွက်ကြောင့် လူထိခိုက်မူမရှိတာပါ” ဟုပြောသည်။ လေကြောင်းတိုက်ခိုက်မှုကြောင့် ဖွီကျေးရွာထဲက သတ္တမနေ့ ခရစ်ယာန်ဘုရားကျောင်း၊ စာသင်ကျောင်းနှင့် နေအိမ်အချို့ ပျက်စီးခဲ့သည်ဟု မင်းတပ်မြို့ခံကပြောသည်။ စစ်ကောင်စီသည် မင်းတပ်မြို့နယ်တွင် အာရက္ခတပ်တော် (AA) တို့ အင်အားအများအပြားဖြင့် မြို့သိမ်းတိုက်ပွဲအတွက် ဝင်ရောက်လာသည်ဟု သတင်းရရှိထားသောကြောင့် ယခုကဲ့သို့ လေကြောင်းဖြင့် ဗုံးကြဲခြင်းဖြစ်သည်ဟုလည်း သိရသည်။ ယခု ဗုံးကြဲခံရသည့် ဖွီကျေးရွာသည် မင်းတပ်မြို့၏ အနောက်ဖက် (၉) မိုင်အကွာတွင်တည်ရှိပြီး အိမ်ခြေ (၅၀) နီးပါးရှိသည့်ကျေးရွာဖြစ်သည်။ စစ်ကောင်စီသည် ယခုရက်ပိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှုဆက်တိုက်ပြုလုပ်လျက်ရှိသောကြောင့် မင်းတပ်မြို့ နယ်တွင် လူစုလူဝေးပြုလုပ်ခြင်း၊ မိမိနေ အိမ်များအနီးအိမ်အောက်မဟုတ်သည့်နေရာ၌ ပုန်းခိုစရာနေရာများ သေချာပြင်ဆင်ခြင်း၊ မိမိအန္တရယ်ကင်းရန် သတင်းများကိုအုပ်ချုပ်ရေးမှူး သို့မဟုတ် တာဝန်ရှိသူများထံသာ မေးမြန်းခြင်း၊ အများပြည်သူများစိတ်သောက ရောက်စေသည့်သတင်းမှားဖြန့်ဝေခြင်းများ မပြုလုပ်ကြရန် CDF-Mindat က ယနေ့ဩဂုတ်လ ၁၉ ရက်တွင် အသိပေးထုတ်ပြန်ထားသည်။
(006SV) ချင်းပြည်နယ်မြောက်ပိုင်း တွန်းဇံမြို့ပေါ်ရှိ ဇိုမီးတော်လှန်ရေးတပ်- အရှေ့ပိုင်းတိုင်း (ZRA-EC) မှ တပ်မှူး နှင့် ဒု-တပ်မှူးတို့နေအိမ်အပါအဝင် ယင်းတို့အဖွဲ့ကို ထောက်ပံ့ကူညီပေးနေသူများ၏ နေအိမ် ၁၈ လုံးကို ချိတ်ပိတ်ထားကြောင်း CDF- တွန်းဇံတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။ တွန်းဇံမြို့ပေါ်က ZRA – EC မှ တပ်မှူး Kham Min Thang နှင့် ဒုတိယတပ်မှူး Lucas LianTuang တို့၏ နေအိမ် နှင့် ZRA တပ်ဖွဲ့ကို ကူညီထောက်ပံ့မှု ပေးနေသူများ၏ နေအိမ် ၁၆ လုံးကို ဥပဒေနှင့်အညီ ချိတ်ပိတ်ထားကြောင်း CDF- တွန်းဇံ စစ်ဦးစီးချုပ် ဦးထန်ဆွင်းမုန်က ပြောသည်။ “အခုဟာက အများကြီး ကျန်သေးတယ်။ ZRA မိသားစုဝင်တွေရဲ့ အိမ်၊ သူတို့ ကိုယ်တိုင်အိမ်၊ မိဘအိမ်လားဆိုတာ ZRA supporter တွေလည်း နည်းနည်း ရှိသေးတယ်။ စိစစ်ရဦးမယ်။ အမှန်တကယ် ZRA ဖြစ်တယ်ဆိုတဲ့ အိမ်ကိုတော့ ထပ်ပြီး ချိတ်ပိတ်ရဦးမယ်။ ZRA လုံးဝ မဟုတ်ဘူး။ ZRA ကို လုံးဝမထောက်ပံ့ဘူး။ မကူညီဘူးဆိုရင်တော့ အဲဒီအိမ်တွေကိုတော့ ချိတ်ပိတ်ခြင်းမှ ကင်းလွတ်ခွင့် ပြန်ပေးရမှာပဲ” ဟု ဦးထန်ဆွင်းမုန်က ပြောသည်။ ZRA ကို ထောက်ပံ့ကူညီနေသူများအနေဖြင့် အမှားကိုသိပြီး အလင်းဝင်လာ သူများ၊ ငြိမ်းချမ်းရေးနှင့် ပြန်လည်ကမ်းလှမ်းလာသူများ၏ နေအိမ်များကို ချိတ်ပိတ်ခြင်းမှ ကင်းလွတ်ခွင့်ပေးမည်ဖြစ်ကြောင်း ဦးထန်ဆွင်းမုန်းက ပြောသည်။ ချိတ်ပိတ်ခံထားရသည့် နေအိမ်သည်…
(004SS) ချင်းပြည်နယ်၊ ဟားခါးမြို့စွန်တွင်တည်ရှိသော ဟားခါးတက္ကသိုလ်မှ ထန်တလန်မြို့အကြား ကားလမ်းမအား သြဂုတ်လ ၂၀ ရက်နေ့မှစ၍ ပြည်သူများအနေဖြင့် ဖြတ်သန်းသွားလာခြင်းမပြုကြရန် Chinland Defense Force – Hakha က ယနေ့ သြဂုတ်လ ၁၉ ရက်နေ့မနက်ပိုင်းတွင် အသိပေးချက် ထုတ်ပြန်သည်။ ဟားခါးမြို့နှင့် ထန်တလန်မြို့အကြားတွင် ချင်းတော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်ဖွဲ့များအကြား မကြာခဏ ပစ်ခတ်မှုများဖြစ်ပွားလေ့ရှိပြီး သွားလာသူရှိပါက စစ်ကောင်စီတပ်များဟုမှတ်ယူကာ ပစ်ခတ်မှုများ ဖြစ်ပွားနိုင်သည့်အတွက် ယခုကဲ့သို့ထုတ်ပြန်ခြင်းဖြစ်သည်ဟု CDF-Hakha ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ “အဓိကတော့ ပြည်သူတွေ ဒီဘက်မလာစေချင်တာ၊ ဘာဖြစ်လို့လဲဆိုတော့ ဒီဘက်မှာ ရုတ်တရက် ပစ်ခတ်မှုတွေ ဖြစ်နိုင်တယ်။ အခုအဲဒီလမ်းက ပြည်သူတွေသိပ်သုံးလေ့မရှိတော့ဘူး၊ အများအားဖြင့် စစ်သားတွေသုံးတာများတယ်။ ဆိုတော့ အရပ်သားဝတ်စုံနဲ့လာတာပဲဖြစ်ဖြစ် စစ်သားတွေလို့မှတ်ပြီး ပစ်ခတ်တာတွေရှိနိုင်တော့ သတိရှိနိုင်ဖို့ ထုတ်ပြန်ရခြင်းဖြစ်ပါ တယ်” ဟု CDF-Hakha မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ အဆိုပါထုတ်ပြန်ချက်အား မိဘပြည်သူများအသက်အန္တရယ်လုံခြုံမှုရှိစေရန် တော်လှန်ရေးတပ်ဖွဲ့များမှ သတိပေးခြင်းဖြစ်ပြီး နောက်ထပ်ထုတ်ပြန်ခြင်းမရှိမခြင်း သွားလာခြင်းမပြုရန်နှင့် ဖြတ်သန်းသွားလာခွင့်ပြုသည့်အချိန်တွင် အများပြည်သူ သိစေရန် ပြန်လည်ထုတ်ပြန်ပေးသွားမည်ဟု ၎င်းကပြောသည်။ လက်ရှိတွင် CDF-Hakha တပ်ဖွဲ့သည် ဟားခါးမြို့သိမ်းပိုက်နိုင်ရေး ရုန်းတောင်စစ်ဆင်ရေးကို ဖော်ဆောင်လျှက်ရှိကြ သည်။ စစ်ကောင်စီဘက်ကလည်း ဟားခါးမြို့ ရုန်းတောင်စစ်ဗျူဟာကုန်းတွင် လေကြောင်းမှတဆင့် လေထီးများဖြင့် လက်နက်ကြီး များအပါအဝင် ဗုံး၊ လက်နက်ခဲယမ်းများ အကြိမ်ကြိမ်ချပေးခဲ့ပြီး စစ်အင်အားဖြည့်နေကြောင်းသိရသည်။
(006SV) ချင်းပြည်နယ်က ချင်းတော်လှန်ရေးအင်အားစုများဖြစ်သည့် ချင်းပြည်ကောင်စီ (CC) နှင့် ချင်းညီနောင်အဖွဲ့ (CB)တို့အကြားက နိုင်ငံရေး၊ စစ်ရေးပဋိပက္ခကို လာမည့်အပတ်တွင် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ နှစ်ဖက်တွေ့ဆုံညှိနှိုင်းကြမည်ဖြစ်ကြောင်း သိရသည်။ ယမန်နေ့ ဩဂုတ်လ ၁၅ ရက်တွင် လက်ရှိ ချင်းနိုင်ငံရေးအခင်းအကျင်းနှင့်ပတ်သက်၍ ချင်းညီနောင်အဖွဲ့က အွန်လိုင်းမှ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ထိုကဲ့သို့ပြောကြားခြင်းဖြစ်သည်။ “ချင်းလဲန်းကောင်စီနဲ့ တွေ့ဆုံညှိနှိုင်းမှု အခြေအနေလေးကတော့ ပထမခေါက်တော့ အွန်လိုင်းကနေ တချို့ စကားပြောတာတွေ ရှိတယ်။ အခုလာမယ့် အပတ်ထဲမှာ ဒေလီမှာ Crisis Management Initiative – CMI က ကမကထ ဦးဆောင်ပြီးတော့ နှစ်ဖက်ကို third party နဲ့အတူ တွေ့ဆုံညှိနှိုင်းဖို့ ရှိပါတယ်။ နိုင်ငံရေးအရ မဖြစ်မနေ လူချင်း အချင်းချင်းကြားမှာ စကားမပြောတဲ့ အနေအထားလည်း ဖြစ်နေတဲ့အခါကြတော့ ကျနော်တို့ အဲဒီအတွက် ချင်းညီနောင်အနေနဲ့ ပြင်ဆင်နေတဲ့ဟာ ရှိပါတယ်။ နှစ်ဖက်ပြေလည်ချင်တယ်။ ကျနော်တို့ ပြောချင်တာက ဘယ်တော့မှ အချင်းချင်းကို လက်နက်ကိုင်စွဲပြီး ဖြေရှင်းတာမျိုး မလုပ်ပဲနဲ့ နိုင်ငံရေး စားပွဲဝိုင်းပေါ်မှာ အချင်းချင်း အဖြေရှာဖို့ ဆိုတဲ့ မူဝါဒမျိုး ရှိသလို၊ ကျနော်တို့ အဲဒီအတွက်ကို ကြိုးစားနေတယ်။ ပြင်ဆင်နေတယ်။ အဲဒီအတွက်လည်း အစွမ်းကုန် ကြိုးစားပါမယ်” ဟု ချင်းညီနောင်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ကိုရောဘတ်က ပြောသည်။ ချင်းတော်လှန်ရေးနှစ်ဖက်အဖွဲ့အစည်းများကြားက နိုင်ငံရေးပဋိပက္ခ ပြေလည်နိုင်ရေးအတွက် ကြားခံအဖွဲ့ (Third Party) ဖြင့် တန်းတူညီမှု၊ ဘက်မလိုက်ဘဲ ပါဝင်ဆောင်ရွက်ပေးလျှင်…
