Author: Editor

ဖမ်းမိထားသည့် စစ်အရာရှိနှင့် တပ်ဖွဲ့ဝင်ထဲတွင် စစ်ရာဇဝတ်မှုကျူးလွန်သူများ ပါဝင်နေ (006SV) ချင်းပြည်နယ်၊ မတူပီမြို့သိမ်းတိုက်ပွဲတွင် စစ်စခန်းများက ထွက်ပြေးသည့် စစ်သုံ့ပန်းအုပ်စုဝင် ၃၀၀ ကျော် ဖမ်းဆီးနိုင်ခဲ့ပြီး တောတောင်ထဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ၎င်းမိသားစုဝင် ၂၀၀ ဝန်းကျင်သေဆုံး၊ ပျောက်ဆုံးမှုရှိခဲ့ကြောင်း ချင်းညီနောင်အဖွဲ့ထံမှ သိရသည်။ “တောထဲတောင်ထဲမှာ သေဆုံးသွားတာက လေးမြို့မြစ်ကို ကူးတဲ့အချိန်မှာ ရေနဲ့ မြောပါသေဆုံးတာရှိတယ်။ တောထဲတောင်ထဲမှာ အစားအစာ ငတ်ပြတ်ပြီး သေဆုံးတာ ရှိတယ်။ တိုက်ပွဲ ဒဏ်ရာကြောင့် သေဆုံးတာ ရှိတယ်။ တောတောင်ထဲမှာ မသန့်ရှင်းတဲ့ အစားအစာတွေစားသောက်ရလို့သော်လည်းကောင်း ၊ သစ်ပင်မှာ ကပ်နေတဲ့ ရေညှိက ရေတွေကို သောက်ပြီးမှ မသန့်ရှင်းတဲ့ ရေကြောင့် သွေးဝမ်းကိုက်ပြီး သေဆုံးမှုတွေ ဖြစ်ကြတာ” ဟု ချင်းညီနောင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုယောမာန်က ပြောသည်။ ယမန်နေ့ ဩဂုတ်လ ၁၅ ရက်တွင် လက်ရှိဖြစ်ပေါ်နေသော ချင်းနိုင်ငံရေး အခင်းအကျင်းနှင့်ပတ်သက်၍ ချင်းညီနောင်အဖွဲ့က အွန်လိုင်းမှ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခြင်းဖြစ်သည်။ ဖမ်းဆီးထိန်းသိမ်းထားသူများ၏အဆိုအရ စစ်ကောင်စီစစ်စခန်းများမှ စတင်ပြေးလွှာချိန်တွင် စစ်သား၊ ရဲ၊ Non- CDM များနှင့် ၎င်းတို့၏ မိသားစုဝင်များ၊ ကလေးငယ်နှင့် သက်ကြီးရွယ်အိုများအပါအဝင် စုစုပေါင်း လူဦးရေ ၆၀၀ ဝန်းကျင်ရှိကြောင်း ချင်းညီနောင်အဖွဲ့ ပြောရေးဆိုခွင့်သူများက ပြောသည်။ ချင်းညီနောင်အဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားသူများတွင် စစ်ကောင်စီတပ် မိသားစုဝင် ၂၀၀ ခန့်အပါအဝင် ၃၀၀ ကျော်ရှိပြီး၊ ချင်းပြည်ကောင်စီ ပူးပေါင်းတပ်များက ဖမ်းဆီးထိန်းသိမ်းထားသည့် စစ်သုံ့ပန်းအုပ်စုဝင် ၆၀…

Read More

(006SV) ချင်းပြည်နယ်၊ တွန်းဇံမြို့တွင် CDF – တွန်းဇံက CDM ပြုလုပ်ထားသော ဝန်ထမ်း ၅ ဦး၏ နေအိမ်များကို ချိတ်ပိတ်ထားပြီး CDM များ၏ မိသားစုဝင်တချို့ကိုလည်း ဖမ်းဆီး၍ ကျပ်သိန်းရာချီတောင်းခံမှုများ ပြုလုပ်နေကြောင်း တွန်းဇံမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် တွန်းဇံမြို့နယ် CDM ကော်မတီကသတင်းထုတ်ပြန်သည်။ တွန်းဇံမြို့သိမ်းတိုက်ပွဲအပြီးတွင် မြို့ကို ထိန်းချုပ်စိုးမိုးထားသော CDF – တွန်းဇံ တပ်ရင်း ၁ သည် မြို့ပေါ် လူနေအိမ်များကို ချိတ်ပိတ်မှုများ လုပ်ဆောင်ရာတွင် CDM ဝန်ထမ်း ၅ ဦး၏ နေအိမ်များလည်း ပါဝင်နေကြောင်း တွန်းဇံမြို့ပအဖနှင့် CDM ကော်မတီက ယနေ့ ဩဂုတ်လ ၁၅ ရက်မှာ ထုတ်ပြန်သည်။ အာဏာရှင်တော်လှန်ရေးတွင် ခိုင်ခိုင်မာမာရပ်တည်သည့် ဌာနဝန်ထမ်း CDM ၅ ဦး၏ နေအိမ်များ ချိတ်ပိတ်ခံရမှုကို စိစစ်တွေ့ရှိသောကြောင့် လုံးဝလက်မခံနိုင်ကြောင်း တွန်းဇံမြို့နယ် CDM ကော်မတီက ဆိုသည်။ ချိတ်ပိတ်ခံရသည့် အိမ်များမှာ မိသားစုဝင် တစ်ဦးဦးမှ အခြားအဖွဲ့အစည်းကို အားပေးထောက်ပံ့သည် ဟူသော စွပ်စွဲ အကြောင်းပြချက်ဖြင့် CDF – တွန်းဇံက ချိတ်ပိတ်ထားခြင်းဖြစ်ကြောင်း သိရသည်။ ယင်းပြုမှုဆောင်ရွက်ချက်သည် ဒီမိုကရေစီတော်လှန်ရေးအတွက် အမဲစက်တစ်ခုဖြစ်၍ အမြန်ဆုံး ရပ်တန့်ရန် မြို့နယ်ပအဖနှင့် CDM ကော်မတီက တောင်းဆိုထားသည်။ တွန်းဇံမြို့ CDM များ၏ မိသားစုဝင်များကို ဖမ်းဆီးပြီး မိသားစုဝင်များထံမှ ကျပ်ငွေ သိန်း ၂၀၀ မှ ၃၀၀ တောင်းခံခြင်း…

Read More

(002MG) တိုက်ပွဲကြောင့် တစ်မြို့လုံး စစ်ဘေးတိမ်းရှောင်ခဲ့ကြရသော ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့ပေါ်က ဒေသခံပြည်သူများအားလုံးနီးပါးသည် မိမိနေရပ်သို့ပြန်လည်နေထိုင်ကြပြီး တီးတိန်မြို့သည်လည်း ယခင်အတိုင်း ပုံမှန်အခြေအနေ ပြန်ရောက်နေပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ တီးတိန်မြို့ပေါ်က စစ်ကောင်စီတပ်ဖွဲ့၏ မီးတင်ရှို့မှုကြောင့် နေအိမ်ပျက်စီးသွားသည့် ပြည်သူများနှင့် စစ်ဘေးရှောင်ရာမြို့များတွင် ကလေးငယ်များအား ကျောင်းထားကြသည့် မိသားစုများမှအပ ကျန်ပြည်သူများအားလုံးမှာ တီးတိန်မြို့ပေါ်သို့ ဇူလိုင်လကုန်ပိုင်းကစ၍ ပြန်လည်နေထိုင်ကြပြီဟု တီးတိန်မြို့ဒေသခံတစ်ဦးကပြောသည်။ “အများစုတော့ ပြန်ဝင်ကြပြီ၊ အကြမ်းဖျင်းပြောရရင် အိမ်မီးလောင်တဲ့သူတွေနဲ့ ကလေးတွေကျောင်းထားတဲ့ မိသားစုဝင်တွေက မပြန်သေးဘူး။ ဆေးရုံလည်း ဩဂုတ်လ (၁) ရက်နေ့က ဖွင့်ပြီ လူနာလည်း တော်တော်များများလက်ခံပြီ” ဟု တီးတိန်မြို့ခံက‌ပြောသည်။ ယခုအခါ တီးတိန်မြို့ပေါ်တွင် ပြည်သူ့ဆေးရုံ၊ စာသင်ကျောင်း၊ လျှပ်စစ်မီးနှင့် အင်တာနက်လိုင်းများလည်း ပြန်လည်ရရှိနေပြီဖြစ်ကြောင်း အစိုးရရုံးများလည်း တိတ်တဆိတ်ဖွင့်နေကြပြီဟု သိရသည်။ ပြည်သူ့ဆေးရုံတွင် Non-CDM လက်ထောက်ဆရာဝန်နှစ်ယောက်က လူနာများကို ကြည့်ရှုပေးနေသည်ဟု သိရသည်။ “မြို့ထဲမှာ လူများပြီ၊ အေးဆေးပါပဲ၊ စကစတွေက သူတို့တပ်စွဲတဲ့စခန်းမှာပဲနေကြတယ်၊ အပြင်ထွက်တာသိပ်မတွေ့ဘူး၊ တချို့ကတော့ ကလေးကနေလာလိုက်၊ ပြီးရင် ပြန်ဆင်းလိုက်ပါပဲ” ဟု တီးတိန်မြို့ဒေသခံတစ်ဦးကပြောသည်။ အန္ဒိယ-မြန်မာ နယ်စပ် ကလေး-ရိ ကုန်သွယ်ရေးလမ်းမပေါ်တွင်တည်ရှိသော တီးတိန်မြို့ကို ပြီးခဲ့သည့်မေလ ၂၆ ရက်နေ့ က ချင်းညီနောင်စစ်ဆင်ရေးအဖြစ် PDF-Zoland နှင့် CNDF ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မြို့ပေါ်က စစ်ကောင်စီတပ်ဖွဲ့များ အခြေစိုက်ထားသော စခန်း ၂ ခုကို သိမ်းပိုက်ခဲ့ကြသည်။ သို့သော်လည်း တီးတိန်မြို့အခြေစိုက် ခလရ ၂၆၉ တပ်က တီးတိန်မြို့…

Read More

(005MK) မီဇိုရမ်ပြည်နယ်က စစ်ဘေးရှောင်များနှင့် သဘာဝဘေးဒဏ်သင့်ပြည်သူများအား ကူညီထောက်ပံ့ရန် ဆန် မက်ထရစ် တန်ချိန် တစ်ထောင်ကျော်ကို အိန္ဒိယဗဟိုအစိုးရက ပြည်နယ်အစိုးရထံသို့ ပေးအပ်ခဲ့သည်ဟု သိရသည်။ မီဇိုရမ်ပြည်နယ်အတွင်း သဘာဝဘေးအန္တာရယ်ကြောင့် အသက်အိုးအိမ်ဆုံးရှုံးခဲ့ကြသော ဒေသခံပြည်သူများနှင့် အိမ်နီးချင်းနိုင်ငံများမှ ထွက်ပြေးခိုလုံလာကြသော စစ်ဘေးရှောင် ၄၅၀၀၀ ကျော်အတွက် ရူပီးသိန်း ၅၀၀ ခန့်တန်ဖိုး ရှိသော ဆန်မက်ထရစ်တန်ချိန် ၁၃၇၉.၃၄ အား ပြည်နယ်အစိုးရထံပေးအပ်သည့်အသိပေးစာကို အိန္ဒိယဗဟိုအစိုးရ ပြည်ထဲရေးဝန်ကြီးဌာနမှ ယနေ့ဩဂုတ်လ ၁၄ ရက်နေ့တွင် လက်ခံရရှိကြောင်း လက်ရှိအာဏာရ ZPM ပါတီက ထုတ်ပြန်သည်။ မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် ပူးလာလ်ဒိုအောမ်မာက မီဇိုရမ်ပြည်နယ်အတွင်း သဘာဝဘေးကြောင့် အသက်အိုးအိမ်ဆုံး ရှုံးမှုနှင့် အိမ်နီးချင်းနိုင်ငံအတွင်း စစ်ရေးပဋိပက္ခကြောင့် ထွက်ပြေးခိုလုံလာကြသော စစ်ဘေးရှောင်ပြည်သူများအတွက် ဆန်လိုအပ်ချက်မြင့်မားလျှက်ရှိပြီး ကူညီထောက်ပံ့ပေးရန် ယခုလဆန်းပိုင်းက ဗဟိုအစိုးရထံတင်ပြခဲ့သည်ဟုသိရသည်။ အဆိုပါတင်ပြချက်ကို မီဇိုရမ်ပြည်နယ် အစားအသောက်နှင့် စားသုံးသူရေးရာ ဝန်ကြီးဌာန ဝန်ကြီး Pu B.Lalchhanzoa က လိုအပ်သောကိစ္စရပ်များအား ဆက်လက်ဆောင်ရွက်ခဲ့ပြီးနောက် အိန္ဒိယဗဟိုအစိုးရပြည်ထဲရေးဝန်ကြီးဌာနက မီဇိုရမ်အတွက် အထူးလိုအပ်ချက်အနေဖြင့် ဆန်ထောက်ပံ့ပေးခဲ့ခြင်းဖြစ်သည်ဟု ZPM ၏ ထုတ်ပြန်ချက်တွင်ဖော်ပြ ထားသည်။ ယင်းထောက်ပံ့ဆန်များကို ဗဟိုအစိုးရထံမှ အသိပေးစာရရှိသည့်နေ့မှစ၍ ရက်ပေါင်း ၆၀ အတွင်း ထောက်ပံ့ရေးဌာန (Supply Department) က ထုတ်ယူနိုင်သည်ဟု သိရသည်။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုဖြစ်ပွားသည့် ၂၀၂၁ ခုနှစ်နောက်ပိုင်းကစ၍ စစ်ရေးအခြေအနေကြောင့် မီဇိုရမ်ပြည်သို့ ထွက်ပြေးခိုလုံလာသူ မြန်မာစစ်ဘေးရှောင် ၃၅၀၀၀ ခန့်ရှိသည်ဟု မီဇိုရမ်အစိုးရ၏ စာရင်းအရသိရသည်။ အလားတူ မဏိပူရ်ပြည်နယ်က…

Read More

(005MK) မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် ပူးလာလ်ဒိုအောမ်မာသည် လာမည့်စက်တင်ဘာ လဆန်းပိုင်းတွင် အမေရိကန်ပြည်ထောင်စုသို့ သွားရောက်ပြီး ချင်းလူထုနှင့် တွေ့ဆုံမည်ဟု သိရသည်။ အမေရိကန်ပြည်ထောင်စု အင်ဒီယာနားပြည်နယ်အခြေစိုက် Chin Community of Indiana ၏ ဖိတ်ကြားချက်အရ မီဇိုရမ် ဝန်ကြီးချုပ်သည် စက်တင်ဘာလ ၄ ရက်နေ့တွင် အင်ဒီယာနားပြည်နယ်က ချင်လူထုနှင့်တွေ့ဆုံပွဲကျင်းပပြုလုပ်မည်ဟု Chin Community of Indiana က ထုတ်ပြန်သည်။ “မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် Pu Lalduhoma သည် September ၄ ရက်တွင် Indiana ချင်းလူထုနှင့် တွေ့ဆုံရန် လာရောက်မည်ဖြစ်ကြောင်း ဝမ်းမြောက်စွာ ကြေညာအပ်ပါသည်၊ CCI မှ အားလုံးကို မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်နှင့် ဤအရေးကြီးသောဆွေးနွေးပွဲတွင်တက်ရောက်ကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်” Chin Community of Indiana ၏ လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြထားသည်။ မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် အမေရိကန်ခရီးစဉ်နှင့်ပတ်သက်၍ ပြီးခဲ့သည့် ဇူလိုင်လ ၂၅ ရက်နေ့တုန်းကလည်း စစ်ဘေး ရှောင်ကူညီရေးအဖွဲ့ NUA ကို သူ၏ရုံးခန်းတွင် ခေါ်ယူတွေ့ဆုံစဉ်တွင် ချင်းညီညွတ်ရေးအတွက် အမေရိကန်ကို မကြာခင် သွားရောက်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ India Police Service (IPS) အရာရှိဟောင်းတစ်ဦးလည်းဖြစ်သည့် ပူးလာလ်ဒိုအောမ်မာသည် နိုင်ငံရေးလောကထဲမဝင် ရောက်ခင်မှာ အိန္ဒိယဝန်ကြီးချုပ်ဟောင်း Indira Gandhi ၏ လုံခြုံရေးအရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ ၁၉၈၄ ခုနှစ်မှာ India Police Service (IPS) မှ အနားယူပြီးနောက် နိုင်ငံရေးလောကထဲ…

Read More

(006SV) ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်ထဲရှိ ဆတ်ချောက်ကျေးရွာကို ယမန်နေ့က စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ ၃ နှစ်အရွယ်ကလေးငယ်အပါအဝင် ပြည်သူ ၂ ဦး သေဆုံးခဲ့ပြီး ၆လသားကလေးငယ် အပါ အဝင် ဒေသခံပြည်သူ ၄ ဦးထိခိုက်ဒဏ်ရာများ အပြင်းအထန်ရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။ “သေဆုံးတဲ့ လူတွေနဲ့ ထိခိုက်ဒဏ်ရာရရှိတဲ့ လူတွေ အားလုံးဟာ ဒေသခံပြည်သူတွေပဲ။ တိုက်ပွဲလည်း မရှိပါဘူး။ သူတို့က ပစ်ချင်လို့ကို ပစ်သွားတာပါ။ ထိခိုက်သေဆုံးမှုတွေထဲမှာ ကလေးငယ်တွေလည်း ပါဝင်နေပါတယ်။ ပေါင် ၅၀၀ ဗုံးတွေနဲ့ပါ ကြဲချသွားတာပါ” ဟု ဒေသခံပြည်သူတစ်ဦးက ပြောသည်။ ဩဂုတ်လ ၁၃ ရက် နေ့လည် ၁ နာရီ ၄၈ မိနစ်ခန့်တွင် ကန်ပက်လက်မြို့နယ်၊ ဒါးရင်ဒူးဒေသအုပ်ချုပ်မှု နယ်မြေရှိ၊ ဆတ်ချောက်အုပ်စု၊ ဆတ်ချောက်ကျေးရွာရှိ စာသင်ကျောင်ကို ပစ်မှတ်ထားပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက် မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အသက် ၃ နှစ်အရွယ် မောင်ထန်းမနားနှင့် အသက် ၄၂ နှစ်အရွယ် ဒေါ်လိုင်းလှေ့တို့သည် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုအတွင်း ပွဲချင်းပြီ သေဆုံးသွားခဲ့ရကြောင်း ဒေသခံများက ပြောသည်။ ၆ လသားအရွယ်မိန်းကလေးငယ် ၁ ဦး၊ အသက် ၁၂ နှစ်အရွယ် ကျား ၁ ဦး၊ အသက် ၅၂ အရွယ် ကျား ၁ ဦးအပါအဝင် ဒေသခံပြည်သူ ၄ ဦးမှာလည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း…

Read More

(002MG) ချင်းပြည်နယ် ဟားခါးမြို့၊ မြို့သစ်ရပ်ကွက်အတွင်း စစ်ကောင်စီက ၃ လကျော်ပိတ်ပင်ခဲ့သော ဆိုင်ခန်းများပုံမှန်အတိုင်း ပြန်လည်ဖွင့်နိုင်ပြီဟု ဟားခါးမြို့ဒေသခံများထံမှ သိရသည်။ ဟားခါးမြို့ခံတဦးက “ဆိုင်းခန်းကဖွင့်ပေးပြီးပြီ၊ ဟားခါးရဲစခန်းအကျဉ်းသားတွေအကုန်လုံး ကယ်ထုတ်တဲ့နေ့က ဖွင့်ပေး ပြီ။ ပြည်သူလူထုတွေက ဘာလုပ်ပေးလို့ဆိုပြီး ဖွင့်ပေးတာမျိုးမရှိဘူး သူတို့ ဘာသာသူတို့ဖွင့်ပေးလိုက်တယ်လို့ ကြားတယ်” ဟု ပြောသည်။ ပြီးခဲ့သည့် ဧပြီလ ၁၂ ရက်နေ့က ဟားခါးမြို့ပေါ်တွင် စစ်ကောင်စီခန့်ဝန်ကြီးများ စီးနင်းလိုက်ပါလာသော ယာဉ်တန်းကို CDF-Hakha တပ်ဖွဲ့မှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာမှာ ဈေးဆိုင်နှင့် ဘုရားကျောင်းများကို အကာအကွယ်ယူခဲ့သည်ဟု ဆိုကာ မြို့သစ်ရပ်ကွက်ရှိ ဈေးဆိုင်များပိတ်ထားရန်နှင့် လူ ၅ ဦးထက်ပိုမစုရအမိန့်ကို ဧပြီလ ၂၂ ရက်နေ့မှာ စစ်ကောင်စီက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ထို့နောက် စစ်ကောင်စီက ဇွန်လ ၂၃ ရက်နေ့တွင် မြို့သစ်ရပ်ကွက်အတွင်း လူ ၅ ဦးထက်ပိုမစုရ အမိန့်ကို ပြန်ရုတ်သိမ်း ခဲ့သော်လည်း ဆိုင်ခန်းများအား ဩဂုတ်လ (၂၀) ရက်နေ့ အထိ ထပ်တိုးပိတ်ခိုင်းခဲ့သည်ဟု သိရသည်။ သို့သော်လည်း ယခုအခါ ဟားခါးမြို့သစ်ရပ်ကွက်အတွင်းရှိ ဈေးဆိုင်များမှာ ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ရောင်းချနေကြပြီဟု ဟားခါးဒေသခံတစ်ဦးက ပြောသည်။ “ပုံမှန်အတိုင်းပြန်ဖွင့်တာ အဲဖက်မှာတောင် မုန့်စားသွားသေးတယ်၊ အခုလို ဖွင့်လို့ရပြီဆိုတော့ ဝမ်းသာတယ်။ စားဝတ် နေရေးအတွက်လည်း အဆင်ပြေလာမယ်၊ပြီးရင် ဈေးထဲအထိ ဈေးရောင်းစရာမလိုတော့ဘူးလေ” ဟု ဟားခါးမြို့က လူငယ်တဦးက ပြောသည်။ စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့်နောက်ပိုင်း ဟားခါးမြို့တွင် လူစုလူဝေးများနှင့် ဘုရားကျောင်းဝတ်ပြုခြင်း အစီစဉ်များအတွက် စစ်ကောင်စီတပ်ဖွဲ့ထံ ယနေ့ချိန်ထိ…

Read More

(004SS) ချင်းပြည်နယ် ဖလမ်းမြို့နယ်ရှိ ဗါးရ် – လုမ်ဘန်းရွာ အကြား ကားလမ်းမ‌ပေါ် မြေပြိုမှုအား ပြုပြင်ဆောင်ရွက်ပြီးစီးပြီးဖြစ်ကြောင်း ချင်းအမျိုးသားအဖွဲ့ချုပ် (CNO) က ယနေ့ သြဂုတ်လ ၁၃ ရက်နေ့တွင် ထုတ်ပြန်သည်။ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO) ဗဟိုကော်မတီ ညွှန်ကြားမှုနှင့် Falam Regional Committee မှ တာဝန်ယူ ဆောင်ရွက်ခဲ့ ခြင်းဖြစ်ပြီး ယမန်နေ့တွင် စက်ကြီး JCB ဖြင့် ပြုပြင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဗါးရ် – လုမ်ဘန်းကားလမ်းသည် ကလေးမြို့မှ ချင်းတောင် ဖလမ်း၊ ဟားခါးသို့သွားရာတွင် အဓိကအသုံးပြုကြသည့် ကားလမ်းမကြီးဖြစ်သည်။ မိုးတွင်းကာလအတွင်း ချင်းပြည်နယ်တွင် ကားလမ်းပြိုမှု၊ ပျက်စီးမှုများ နှစ်စဉ်ကြုံတွေ့ကြရပြီး သြဂုတ်လ ၅ ရက်နေ့ကလည်း ဖလမ်းမြို့ ကျင်မွှာလ်ရပ်ကွက်ရှိ လူနေအိမ်တစ်လုံး ပြိုကျပျက်စီးခဲ့သည်။ ဇူလိုင်လ ၂၀ ရက်နေ့တွင်လည်း CNO ပြည်ထဲရေး ဦးဆောင်မှုဖြင့် ဒေသခံပြည်သူများနှင့်အတူ ဖလမ်း-ရိဒ်ကားလမ်းပေါ်ရှိ လမ်းပိုင်းအချို့ကို ပြုပြင်ဆောင်ရွက်ခဲ့ပြီး ကျန်ရှိနေသည့် လမ်းပိုင်းအချို့ကိုလည်း ဆက်လက်လုပ်ဆောင်သွားမည်ဟု CNO က ထုတ်ပြန်ခဲ့သည်။ လွန်ခဲ့သော ဇူလိုင်လ တစ်ရက်နေ့မှစ၍ ဖလမ်းမြို့နယ်အတွင်းရှိ ကလေး-ဖလမ်း-ဟားခါးလမ်း၊ ဝေဘူလလမ်း၊ ဖလမ်း-ရိလမ်းနှင့် ကလေး-ကဘော်ကားလမ်းများအား မိုးတွင်းကာလ လမ်းပျက်စီးမှုအခြေအနေများကြောင့် ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်နိုင်ရန် ကုန်တင်ယာဉ်နှင့် လိုင်းကားများအား အမျိုးအစားအလိုက် ဖြတ်သန်းခပေးဆောင်ရန် ချင်းအမျိုးသားအဖွဲ့ချုပ် CNO က အသိပေးချက်ထုတ်ပြန်ခဲ့သည်။

Read More

(004SS) ချင်း၊ မကွေးနှင့် စစ်ကိုင်းတို့တွင် စစ်ရေးလှုပ်ရှားနေသော ချင်းလက်နက်ကိုင်တပ်ဖွဲ့ CDF- KKG သည် စစ်အာဏာရှင်တော်လှန်ရေး ၃ နှစ်ကျော်အတွင်း ရဲဘော် ၄၆ ဦး ကျဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိမှုကြောင့် မသန်စွမ်းဖြစ်ခဲ့ရသူ ရဲဘော် ၁၁ ယောက်ရှိခဲ့သည်ဟု CDF-KKG Global Support Team က ထုတ်ပြန်သည်။ ထိခိုက်ဒဏ်ရာရရှိသော ရဲဘော် ၁၁ ဦးမှာ ရှေးတန်းတွင် တိုက်ပွဲဝင်သည့်အချိန် နယ်မြေရှင်းလင်းနေစဉ် မိုင်းမတော်တဆမှု တို့ကြောင့် မျက်စိ၊ ခြေထောက်နှင့် လက်ဆုံးရှုံးသူများဖြစ်ကြပြီး ဆေးဝါကုသရန် အကူအညီများလိုအပ်နေကြောင်း CDF-KKG Global Support Team က ဩဂုတ်လ ၁၃ ရက်နေ့တွင် ရုပ်သံနှင့်တကွ ထုတ်ပြန်ခဲ့သည်။ ဒါဏ်ရာရ ရဲဘော်များထဲတွင် ဆေးဝါးကုသမှုခံယူပြီးနောက် ပြန်လည်ကောင်းမွန်လာသူများရှိသော်လည်း အချို့မှာ အကောင်းပကတိအတိုင်း ပြန်မဖြစ်တော့ဘဲ ကိုယ်လက် အင်္ဂါဆုံးရှုံးမှုကြောင့် မသန်စွမ်းဘဝသို့ရောက်ခဲ့ကြရသည်ဟု သိရသည်။ ထိုကဲ့သို့ ကိုယ်လက် အင်္ဂါဆုံးရှုံးမှုကြောင့် မသန်စွမ်းဘဝရောက်ခဲ့ကြသော်လည်း မိမိယုံကြည်ချက်အတွက် အားမလျှော့ဘဲ တော်လှန်ရေးပြီးဆုံးသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု အသက် ၂၀ အရွယ် CDF-KKG တပ်ရင်း ၄၊ တပ်ခွဲ ၂ တပ်ခွဲမှူး မုန်တိုင်းကပြောသည်။ “ကျွန်တော်ကတော့ မိုင်းရှင်းရင်းနဲ့ ထိခိုက်တာပါ။ ဒါဏ်ရာကတော့ ဘယ်ဘက် ဒူးခေါင်းအောက်ပိုင်း ခြေထောက်မှာပေါ့။ ခြေတုနဲ့လဲ အဆင်ပြေပါတယ်။ သေနတ်ကိုင်တာ ခြေထောက်နဲ့မှမဟုတ်တာ၊ လက်နဲ့ကိုင်တာဆိုတော့ လက်ကဘာမှ မဖြစ်ဘူး၊ အဆင်ပြေပါတယ်။ စိတ်ဓါတ်မကျပါဘူး” ဟု မုန်တိုင်းက ပြောသည်။ ပြည်တွင်းပြည်ပရောက်ရှိနေကြသော…

Read More

(002MG) စစ်ကိုင်းတိုင်းကလေးမြို့မှ ချင်းပြည်နယ် ရိခေါဒါရ်မြို့သို့ ပြေးဆွဲနေကြသော မော်တော်ယာဉ်စီးခမှာ လူတစ်ဦးလျှင် ကျပ်ငွေ ၂ သိန်းအထိမြင့်တက်သွားသည်ဟုသိရသည်။ “လူတယောက် (၂) သိန်းက မိုးတွင်းစတာနဲ့ဖြစ်တာ။လမ်းမှာ ပုံမှန်ဆိုရင်တညအိပ်တယ်၊ အရင်လို ခေတ်ကောင်း တုန်းကလို လူမများတော့ဘူး ဒါပေမယ့် အခုလောလောဆယ်တော့ ပုံမှန်အသွားရော ၊အပြန်ရောရှိတယ်။ လမ်ခရီးက ဆိုးတယ် လမ်ဇန်ဖက်ကနေသွားတာ” ဟု ကလေး-ရိ ကားဂိတ်မှူးတစ်ဦးက ပြောသည်။ ယခင်က ကလေးမြို့မှ အိန္ဒိယ-မြန်မာနယ်စပ် ရိခေါဒါရ်မြို့သို့ ယာဉ်စီးခ လူတဦးလျှင် ကျပ်ငွေ ရှစ်သောင်း မှ တစ်သိန်း ခန့်သာ ရှိခဲ့သော်လည်း လောင်ဆာဆီဈေးမြင့်တက်မှု၊ မိုးတွင်းကာလဖြစ်၍ လမ်းမကောင်းသည့်အတွက် ဈေးနှုန်းမြင့် တက်သွားခြင်းဖြစ်သည်ဟု ၎င်းကပြောသည်။ စစ်ကောင်စီသည် ကလေး-တီးတိန်-ရိ ကားလမ်းမပေါ်က အဓိကအရေးပါသော မဏိပူရ်မြစ်ကူးမံဆောင်းတံတားကို ဇွန်လ ၈ ရက်နေ့ က ဖောက်ခွဲဖျက်ဆီးခဲ့သည့်အတွက် ကလေးမြို့မှ ရိခေါဒါရ်မြို့ကိုသွားမည်ဆိုလျှင် ကလေး-တီးတိန်-ကပ်တဲလ်လမ်းမှသော်လည်းကောင်း၊ ကလေး-ဖလမ်း-ရိ ကားလမ်းဘက်မှသော်လည်း ကွေ့ပတ်ပြီးသွားလာကြရသည်ဟုသိရသည်။ ထိုကြောင့် ယာဉ်စီးခနှင့် တန်ဆာခများမှာလည်း ယခင်ကထက် ဈေးမြင့်တက်သွားရခြင်းဖြစ်သည်ဟု သိရသည်။ စစ်ကောင်စီကမိုင်းခွဲဖျက်ဆီးလိုက်သော မံဆောင်းတံတားကို လိုင်တွီးရွာသားများ၏ ဦးဆောင်မှုဖြင့် ကြမ်းခင်းများ ပြန်ခင်းကာ ဆိုင်ကယ်များသွားလာနိုင်ရန် ပြုပြင်ထားကြပြီဟုသိရသည်။ ရိခေါဒါရ်မြို့မှ ကလေးမြို့သို့အဆင်းကားခမှာ လူတစ်ဦးလျှင် ကျပ်တစ်သိန်းပေးရသည်ဟုသိရသည်။

Read More