Author: Editor

(006SV) ချင်းပြည်နယ်က ချင်းလဲန်းကောင်စီဖြစ်စေ ICNCC ဖြစ်စေ ချင်းတော်လှန်ရေးအင်အားစု အားလုံးနှင့် ထိတွေ့ဆက်ဆံမှုရှိနေကြောင်း NUG အစိုးရ ပြောရေးဆိုခွင့်ရှိသူများက ပြောသည်။ ယနေ့ဧပြီလ ၃၀ ရက်မှာ ကျင်းပသည့် အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းခြင်း (၃) နှစ်ပြည့် သတင်းစာရှင်းလင်းပွဲမှာ ခိုနူမ်းသုန်သတင်းဌာနက ချင်းအရေးနှင့်ပတ်သက်၍မေးမြန်းမှုကို ဖြေကြားခဲ့ခြင်းဖြစ်သည်။ “ကျနော်တို့ အစိုးရအနေနဲ့က ချင်းပြည်နယ်မှာရှိတဲ့ တော်လှန်ရေးအင်အားစုတွေ အားလုံးနဲ့ ဆက်ဆံတာ၊ ICNCC ၊ ချင်းလဲန်း ကောင်စီ၊ အဲဒီမှာ ကျနော်တို့ ဘာမှ ခွဲခြားမှု မရှိဘူး။ ဆက်ဆံနေတယ်ဆိုတာ ပြောကြားချင်ပါတယ်” ဟု သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက ပြောသည်။ ချင်းတော်လှန်ရေးအင်အားစုများသည် နိုင်ငံရေးသဘောထားကွဲလွဲမှုကြောင့် ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့ နှင့် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC)၊ ချင်းညီနောင်အဖွဲ့ဟူ၍ အဖွဲ့ (၂) ခု ပေါ်ပေါက်ခဲ့ပြီး စစ်ရေးပူးပေါင်းဆောင်ရွက်မှုများတွင်ပါ သဘောထားမတူညီသည့် သက်ရောက်မှုများ ရှိနေသည်။ ချင်းပြည်နယ်တွင် ချင်းလဲန်းကောင်စီ ဖွဲ့စည်းခြင်း၊ ICNCC ဖွဲ့စည်းခြင်းတို့သည် ဖက်ဒရယ်ဒီမိုကရေစီ ချာတာ အရ ဆောင်ရွက် နေကြခြင်းဖြစ်ပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ထောင်ရန်အတွက် ကိုယ့်ပြည်နယ်နှင့် ကိုယ်ဒေသမှာ ကိုယ့်ကြမ္မာ ဖန်တီးနိုင်ရေး Bottom – Up အောက်ခြေမှ အထက်သို့ ဆောင်ရွက်နေခြင်းဖြစ်သည်ဟု ယူဆကြောင်း ဦးကျော်ဇောက ပြောသည်။ “အဲဒီမှာ အရေးကြီးဆုံး အချက်တွေက တန်းတူညီမျှမှုရှိရေး၊ ကိုယ့်ကံကြမ္မာကို ဖန်းတီးဖို့ပေါ့နော်။ ချင်းပြည်နယ်မှာ ချင်းအမျိုးသားတွေ ညှိညှိနှိုင်းနှိုင်းနဲ့ လုပ်ဆောင်သွားမယ်လို့လည်း ယုံကြည်ပါတယ်။ တော်လှန်ရေးအင်အားစုတွေ…

Read More

(006SV) ချင်းအမျိုးသားတပ်မတော် CNA အနေဖြင့် CNO/ CNDF နှင့် ချင်းညီနောင်တို့ကို ညှိနှိုင်းခြင်း၊ သဘောတူညီမှုမရှိဘဲ ဖလမ်းမြို့တွင်း မည်သည့် စစ်ရေးလှုပ်ရှားမှုများ မပြုလုပ်ရန် ဧပြီလ ၂၄ ရက်က CNDF စစ်ဦးစီးချုပ်က CNA စစ်ဦးစီးချုပ်ထံ စာပေးပို့ခဲ့ကြောင်း သိရသည်။ CNA စစ်ဦးစီးချုပ်ထံသို့ စာပေးပို့ခဲ့ခြင်းမှာ မှန်ကန်ပြီး မည်သို့ပေါက်ကြားလာသည်ကို မသိကြောင်း၊ စာပေးပို့ရသည့် အကြောင်း ရင်းနှင့်ပတ်သက်၍ CNO/ CNDF အထွေထွေအတွင်းရေးမှူး ဆလိုင်းဝီလီယံချင်းက ယခုကဲ့သို့ပြောဆိုသည်။ “အဓိကက ကိုယ့်နယ်မြေ ကိုယ့်ဒေသအလိုက်ကို စစ်ရေးအရရော၊ နိုင်ငံရေးအရရော လုပ်ထားတဲ့ ဟာတွေ ပြင်ဆင်မှုတွေ ရှိထား ချိန်မှာ တဖက်နဲ့ တစ်ဖက် ညှိနှိုင်းဆောင်ရွက်မှု၊ အသိပေးမှု မရှိဘဲနဲ့ လုပ်တာမျိုးတော့ မဖြစ်သင့်ဘူး။ အချင်းချင်း အပြန်အလည်း လေးစားမှု ရှိသင့်တယ်။ ဒေသခံတွေရဲ့ သဘောထားကိုလည်း ကြည့်သင်တယ်၊ CNF/ CNA အနေနဲ့ သိမ်း စရာတွေအဖြစ် ဟားခါးနဲ့ ထန်တလန်တွေလည်း ရှိပါတယ်။ တိုင်ပင်ခေါ်ပြီးမှ အားလုံး ဝိုင်းဝန်ပြီး ချင်းပြည်တစ်ခုလုံးကို သိမ်းနိုင်တဲ့ အနေအထားအထိ ပူး ပေါင်းဆောင်ရွက်ဖို့ လိုတဲ့အတွက် အကောင်းဆုံး ညှိနှိုင်းအဖြေရှာတဲ့ နည်းလမ်းကို သွားမှာပါ။ လုံးဝမရရင်တော့ ကျနော်တို့ဘက် မှာ ပြင်ဆင်ထားတဲ့ဟာတွေတော့ ရှိတယ်။ အဲဒီဟာတွေ မဖြစ်လာပါစေနဲ့လို့ ဆုတောင်းပါတယ်။ အဆင်ပြေနိုင်တဲ့ လမ်းကြောင်း တော့ ရွေးချယ်သွားမှာပါ” ဟု CNO/ CNDF အတွင်းရေးမှူးက ပြောသည်။ စစ်ကောင်စီက…

Read More

(002MG) စစ်ကိုင်းတိုင်း၊ ကလေး-တမူးကြား ကားလမ်းပိုင်းအား စစ်ရေးအခြေအနေများကြောင့် ပုံမှန်လမ်းကြောင်းအတိုင်းသွား လာ၍မရဘဲ ရှောင်ကွင်းလမ်းမှတဆင့်သွားလာနေရသည့်အတွက် လူတစ်ဦးလျှင် ကားခ ၃ သိန်းအထိ မြင့်တက်နေ ကြောင်းသိရသည်။ ကလေးမြို့မှ အိန္ဒိယ-မြန်မာနယ်စပ် တမူးမြို့သို့ ဆက်သွယ်သော အာရှလမ်းမကြီးသည် စစ်ရေးအခြေအနေကြောင့် ပိတ်ထားရပြီး ချင်းတောင်ဖက်ဘက်မှတဆင့် ရှောင်ကွင်းလမ်းဖြင့် ပြေးဆွဲနေရသောကြောင့် ကားခမှာလည်း ကျပ်ငွေ ၃ သိန်းအထိမြင့်တက်သည်ဟု ကားဆရာတစ်ဦးထံမှသိရသည်။ “ကားလိုင်းကနေ့တိုင်းမရှိဘူး တောင်ပေါ်ဖက်ကနေ သွားရတာဆိုတော့ အဆင်ပြေရင် ပြေသလို သွားရတာ အရင်သွား တဲ့လမ်းကနေ မရဘူး တယောက်ကို (၃) သိန်းပါ။ ပစ္စည်းတန်ဆာခလည်း အရင်က ကျပ် တစ်သောင်းဆိုရင် အခုက သုံးသောင်းလောက်ဖြစ်သွားတယ်” ဟု ကားဆရာကပြောသည်။ ကလေးမြို့နှင့် တမူးမြို့သည် မိုင် (၉၀) ခန့်ကွာသာကွာဝေးပြီး ယခင်က ယာဉ်စီးခ လူတဦးလျှင် ကျပ်ငွေ တစ်သောင်း ခန့်သာရှိသော်လည်း အာဏာသိမ်းပြီးနောက်ပိုင်း စစ်ရေးအခြေအနေကြောင့် ယာဉ်စီးခနှုန်းထားများ တဖြည်းဖြည်းမြင့် တက်လာခြင်းဖြစ်သည်။ ထို့အပြင် ယခင်က ၃ နာရီကျော်ခန့်သာသွားရသော ကလေး-တမူးလမ်းပိုင်းသည် ယခုအခါ ကွင်းလမ်းဖြင့်သွားနေရ သောကြောင့် တခါတရံ တညအိပ်ရသည့်အခြေအနေများလည်း ကြုံကြရသည်ဟု ကလေးမှ တမူးကားလိုင်းပြေး ဆွဲနေသူများထံမှ သိရသည်။ ကလေးမြို့ခံတစ်ဦးက “ဒီကနေ တမူးကို ခါတိုင်းကို ဘယ်လောက်မှ မပေးရဘူး၊ အခုက သုံးသိန်းလောက်ကုန်မှ တမူးကို ရောက်တာဆိုတော့ တော်ရုံတန်ရုံအရေးမကြီးဘူး၊ ကျန်းမာရေးကိစ္စမဟုတ်ရင်တော့ သွားလို့လာလို့မလွ ယ်ဘူး အသက်အန္တရာယ်ရင်းပြီးသွားရတာ။ အခုလက်ပံချောင်း၊ ပြည်တော်သာဖက် လမ်းတွေပိတ်သွားတော့လေ သွားလို့မလွယ်တော့တာ လမ်းမကြီးကလည်း…

Read More

(006SV) ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ လွန်ဒုံကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု (၂) ကြိမ်ပြုလုပ်ရာ သက်ကြီးအမျိုးသားတစ်ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ (၂) ဦးရှိခဲ့ကြောင်း ကန်ပက်လက် မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ စုံစမ်းသိရှိရသည်။ “ပထမအကြိမ် လာချတာ ရွာလယ်ထဲ တစ်ကြိမ်ကျတယ်၊၊ ပြီးမှ နောက်တကျော့ပြန်လာချတာ၊ အဲတာမှ တလုံးရွာထဲ၊ တလုံးရွာပြင် ထပ်ကျတယ်။ အသက် ၆ဝ ကျော် အဘိုးတယောက် ခြေထောက်ပြတ်သွားတယ်၊ သက်လတ်ပိုင်းအမျိုး သမီးတစ်ယောက်ကျ လက်ကျိုးတယ် ညာဘက်လက်မပြတ်သွားတယ်၊ ပြီးရင် အမျိုးသမီးငယ်လေး တစ်ယောက် ဗုံစ မှန်တယ်” ဟု ကန်ပက်လက်မြို့မှ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တာဝန်ရှိသူက ပြောသည်။ ယမန်နေ့ ဧပြီလ ၂၈ ရက် ၁ နာရီခွဲခန့်က စစ်ကောင်စီသည် ဂျက်ဖိုက်တာ (၂) စီးဖြင့် လွန်ဒုံးကျေးရွာကို ဗုံး (၃) လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အသက် ၆၈ နှစ်အရွယ် အမျိုးသား (၁) ဦးမှာ ခြေထောင်ပြတ်သွားကာ ညနေ ၃ နာရီ ၄၅ မီနစ်တွင် ၎င်းဒဏ်ရာဖြင့် ဆုံးပါးသွားကြောင်း သိရသည်။ အသက် ၄၅ နှစ်အရွယ် အမျိုးသမီး (၁) ဦးတို့မှာ ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ပြီး အသက် ၁၈ နှစ်အရွယ် အမျိုးသမီး (၁) ဦးမှာ ဒဏ်ရာများ ရရှိခဲ့ကာ မစိုးရိမ်ရကြောင်း သိရသည်။ လွန်ဒုံရွာ လေကြောင်းတိုက်ခိုက်ခံရမှုမှာ ဖွင့်လှစ်ထားခြင်း မရှိသည့် ဆေးပေးခန်း (၁)…

Read More

(006SV) ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ထဲက ဝမ္မသူးဆေးရုံကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ကာ စစ်ရာဇဝတ်မှုကျူးလွန်ခြင်းကို အပြင်းအထန်ကန့်ကွက်ရှုတ်ချပြီး လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရက ယနေ့မှာ ထုတ်ပြန်သည်။ မင်းတပ်မြို့နယ် ပြည်သူလူထုအပေါ် ဗုံးကြဲ တိုက်ခိုက်မှု ဖြစ်ပွားစေရန် စစ်ကောင်စီအပါအဝင် ၎င်းနှင့် ပူးပေါင်း ဆောင်ရွက်သည့် မည်သည့်လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းကို မဆို ချင်းပြည်အစိုးရက ပြင်းပြင်းထန်ထန် အရေးယူ တုံ့ပြန်သွားမည်ဟုလည်း ချင်းပြည်အစိုးရက ဆိုသည်။ ဧပြီလ ၂၅ ရက်က စစ်ကောင်စီ၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရမှုတွင် ဝမ္မသူးဆေးရုံ အဆောက်အအုံတစ်ခုလုံး မီးလောင်ပြာ ကျသွားခဲ့ပြီး ပြည်သူ (၅)ဦး သေဆုံးကာ အပြင်းအထန် ဒဏ်ရာ ရရှိသူ ၁၆ ဦး အပါအဝင် အရပ်သားပြည်သူ ၃၀ ဦး ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။ မင်းတပ်မြို့နယ်မှ ပြည်သူများနှင့် ဝမ္မသူးပြည်သူ့ ဆေးရုံဖြစ်စဉ်အပေါ်တွင် အလွန်ဝမ်းနည်းမိပါကြောင်း ၊ ချင်းပြည်အစိုးရက ယနေ့၊ ဧပြီလ ၂၈ ရက် ယနေ့မှာ ထုတ်ပြန်ခြင်းဖြစ်သည်။ ဝမ္မသူးဆေးရုံတိုက်ခိုက်မှုသည် မင်းတပ်လူထုအပေါ် ရည်ရွယ်ချက် ရှိရှိ လူသားမဆန်စွာ ဗုံးကြဲတိုက်ခိုက်၍ စစ်ရာဇတ်မှု ကျူးလွန်ခြင်းဖြစ်ပြီး ပြင်းထန်စွာ ရှုတ်ချကြောင်း ချင်းပြည်အစိုးရက ထုတ်ပြန်သည်။ စစ်ကောင်စီသည် ချင်းပြည်သူ လူထု၏ အသက်အိုးအိမ် လုံခြုံမှုကို နေ့စဉ် ခြိမ်းခြောက်နေပြီး လူမျိုးသုဉ်း သတ်ဖြတ်မှုများ အရှိန်အဟုန်မြှင့် ဆက်လက်ကျူးလွန်နေကြောင်း သိရသည်။ ချင်းအမျိုးသားတပ်ဦး (CNF) ကလည်း ဝမ္မသူးဆေးရုံ…

Read More

(006SV) ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ လွန်ဒုံကျေးရွာကို စစ်ကောင်စီက ယနေ့ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ဒေသခံပြည်သူများ ဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြောင်း ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။ ယနေ့ဧပြီလ ၂၈ ရက် နေ့လယ် ၁ နာရီခွဲခန့်က စစ်ကောင်စီက လွန်ဒုံကျေးရွာကို လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့ရာ အသက် ၆၈ နှစ်အရွယ် အမျိုးသား (၁) ဦး၊ အသက် ၄၅ နှစ်အရွယ် အမျိုးသမီး (၁) ဦးတို့မှာ ပြင်းထန်ဒဏ်ရာများရရှိခဲ့ပြီး အသက် ၁၈ နှစ်အရွယ် အမျိုးသမီး (၁) ဦးမှာ မစိုးရိမ်ရ ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။ လေကြောင်း တိုက်ခိုက်မှုကြောင့် လွန်ဒုံကျေးရွာရှိ လက်ရှိမှာ ဖွင့်လှစ်နိုင်ခြင်း မရှိသည့် ဆေးပေးခန်းနှင့် အရပ်သား နေအိမ် ၃ လုံးမှာ လုံးဝ ပျက်စီးသွားခဲ့ကြောင်း ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့မှာ သတင်းထုတ်ပြန်သည်။ လွန်ဒုံကျေးရွာမှာ အိမ်ခြေ ၃၀ ကျော်ခန့်သာရှိသော ကျေးရွာငယ်ဖြစ်ပြီး တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့် နေရာဒေသများမှ အရပ်သားပြည်သူများကို ဦးတည်၍ လေကြောင်းတိုက်ခိုက်ခြင်းသည် စစ်ရာဇတ်မှု ကျူးလွန်ခြင်း ဖြစ်ကြောင်း ယင်းအဖွဲ့က ဆိုသည်။ စစ်ကောင်စီသည် ကန်ပက်လက်မြို့နယ်၊ ဖျန်ချောင်းကျေးရွာကို ဧပြီလ ၃ ရက်က လေကြောင်းတိုက်ခိုက်မှု (၁) ကြိမ်၊ အုံကျေးရွာ၊ လွီးစုံကျေးရွာ၊ ကောက်ဆောင်းကျေးရွာများကို ဧပြီလ ၁၇ ရက်က လေကြောင်းတိုက်ခိုက်မှု (၁) ကြိမ်နှင့် ယနေ့မှာ…

Read More

(006SV) ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ထဲက ဝမ္မသူးဆေးရုံ လေကြောင်းတိုက်ခိုက်ခံရမှုတွင် သေဆုံးသူ ၅ ဦးနှင့် ထိခိုက် ဒဏ်ရာရရှိသူ ၃၀ ဦးအထိ တိုးလာပြီး ဆေးရုံတစ်ခုလုံး မီးလောင်ပျက်စီးသွား၍ ကျန်းမာရေးစောင့်ရှောက်မှု ပြန်လည်ပေးနိုင်ရန် ကူညီထောက်ပံ့မှုများ အရေးတကြီး လိုအပ်နေကြောင်း သတင်းရရှိသည်။ ဧပြီလ ၂၅ ရက် ည ၈ နာရီခန့်က စစ်ကောင်စီက ဝမ္မသူး ဆေးရုံကို လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ရာတွင် ပေါင် ၅၀၀ ဗုံး ၄ လုံးကျော်အထိ အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။ ပထမအကြိမ်တွင် လူနာများ ကုသနေသည့် အပေါ်ဆေးရုံထိခိုက်ပျက်စီးခဲ့ပြီး လူနာများ၊ လူနာစောင့်များ ၃၀ ဦးခန့် ထိခိုက်ဒဏ်ရာများရရှိခဲ့ကာ အမျိုးသား ၅ ဦး သေဆုံးကြောင်း၊ ဒုတိယအကြိမ်တွင် ဆေးပစ္စည်နှင့် အခြားပစ္စည်းများ သိုလှောင်သည့် အောက်ဆေးရုံ၊ ကျန်းမာရေးဝန်ထမ်း အိမ်ရာများ ထိခိုက်ပျက်စီး မီးလောင်သွားခဲ့ကြောင်း သိရသည်။ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ခွဲစိတ်ခန်း၊ လူနာဆောင်၊ ဓါတ်ခွဲခန်း၊ ခွဲစိတ်ခန်းသုံး ပစ္စည်းများနှင့်တကွ ဆေးရုံကား၊ ဆီပေပါ၊ ဆေးဝါးနှင့် ခွဲစိတ်ပစ္စည်းများ၊ ကျန်းမာရေးဝန်ထမ်း အိမ်ရာနှင့်တကွ အသုံးအဆောင်ပစ္စည်းပေါင်း ကာလတန်ဖိုး သိန်းတစ်သောင်းခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။ ဝမ္မသူး ဆေးရုံးသည် မင်းတပ်မြို့နယ်တစ်ခုလုံးသာမက ချင်းပြည်တောင်ပိုင်း မတူပီ၊ ကန်ပက်လက်၊ ပလက်ဝနှင့်တကွ မကွေးတိုင်းထဲက ဂန့်ဂေါ၊ ထီးလင်း၊ ကျောက်ထု၊ ဆော၊ လောင်းရှည်၊ စေတုတ္တရာ၊ ပွင့်ဖြူ၊ ဆိပ်ဖြူ၊ ပေါက်၊ မြိုင်၊ စစ်ကိုင်းတိုင်းထဲက…

Read More

(006SV) ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ တိုက်နယ် (၂) ဒေသက ဝမ္မသူးဆေးရုံကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆေးကုသမှု ခံယူနေသော ပြည်သူ ၄ ဦးသေဆုံးကာ ၁၅ ဦးထက်မနည်းမှာ ဒဏ်ရာအပြင်းအထန်များ ရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ ဧပြီလ ၂၅ ရက်ညနေပိုင်း ၄ နာရီခန့်တွင် မင်းတပ်မြို့နယ် တိုက်နယ် ၂ ဖက်ကို စစ်ကောင်စီက တိုက်လေယာဉ်နှင့် ၂ ကြိမ် ၊ Y12 အမျိုးစားလေယာဉ်ဖြင့် ၅ ကြိမ်ဗုံးကြဲခဲ့ပြီးနောက် ည ၈ နာရီခန့်တွင် CDF-Mindat ထိန်းချုပ်နယ်မြေထဲတည်ရှိသော ဝမ္မသူးဆေးရုံကို ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ “ညနေ ၄ နာရီ ၄၀ လောက်မှာ တိုက်နယ် ၂ တစ်နေရာကို ဂျက်ဖိုက်တာနဲ့ နှစ်ကြိမ်ဗုံးကြဲတယ်။ Y12 လေယာဉ်နဲ့က တစ်ခါကြဲရင် ၁၂ လုံးလောက် ကြဲတယ်။ ငါးကြိမ် လာကြဲတယ်။ ငါးဆယ်ကျော်လောက်ရှိမယ်။ ၈ နာရီမှာ ဝမ္မသူး ဆေးရုံးကို ကြဲတယ်။ လူနာ ဆောင် တည့်တည့်ကို ဂျက်ဖိုက်တာနဲ့ ၂ ကြိမ် လာကြဲတယ်။ ဆေးကုသမှု ခံယူနေတဲ့ လူနာ ၄ ဦး သေဆုံးတယ်။ ၁၅ ဦးကျော်လောက် ဒဏ်ရာရတယ်” ဟု CDF မင်းတပ်မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်းက ပြောသည်။ စစ်ကောင်စီသည် ဝမ္မသူးဆေးရုံကို လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ဖြင့် ဗုံး ၆ လုံးဖြင့် တိုက်ခိုက်ခဲ့ရာ ဆေးရုံလူနာဆောင်ပေါ်…

Read More

(002MG) စစ်ကိုင်းတိုင်း၊ ကလေးမြို့မြောက်ပိုင်းဒေသကို စစ်ကြောင်းထိုးဝင်ရောက်နေသော စစ်ကောင်စီတပ်ဖွဲ့က ကျေးရွာများကို တရွာပြီးတရွာမီးတင်ရှို့နေပြီး ကျေးရွာပေါင်း ၆ ရွာက လူနေအိမ်ခြေရာနှင့်ချီ မီးလောင်ပျက်စီးခဲ့ရပြီဟု သိရသည်။ စစ်ကောင်စီတပ်ဖွဲ့သည် ကလေးမြောက်ပိုင်းဒေသကို ဧပြီလဆန်းပိုင်းကစတင်စစ်ကြောင်းထိုးဝင်ရောက်လာကာ ပြည်သူ့ကာကွယ်ရေးပူပေါင်းတပ်ဖွဲ့များနှင့် နေ့စဉ်ရက်ဆက်တိုက်ပွဲဖြစ်ပွားနေပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်ကျေးရွာ များကိုပါ စစ်ကောင်စီက မီးပတ်ရှို့နေသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ “တောက်လျှောက်မီးရှို့တာ၊ စစ်ကြောင်းထိုးပြီးမှ သူတို့ကိုယ်တိုင်ပဲ ထိတွေ့မှုရှိရှိ/မရှိရှိ သူတို့တွေက မီးရှို့တာ။ ဖြစ်တဲ့နေရာပဲရှို့မယ်ဆိုရင် သူတို့ (၃) နေရာလောက်ပဲရှိမှာ အခုက ပတ်ခြာလည်ရှို့တာကိုး၊ ရွာတွေက မီးရှို့ တာပဲမြင်ရတယ်၊ ဘယ်လောက်လောက် မီးထဲပါသွားလဲဆိုတာ တပ်ဖွဲ့ဝင်တွေ ဝင်လို့မရသေးတော့ မသိရသေးဘူး” ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲဝင်တဦးက ပြောသည်။ ဧပြီလဆန်းကစ၍ ယနေ့ ဧပြီလ ၂၆ ရက်နေ့အထိ ကလေးမြို့မြောက်ပိုင်းဒေသက ပျဉ်းခုံကြီး၊ ဟံသာ၊ ယောက်ချိုကွင်း၊ နန်းချောင်း၊ ဆည်ကြီး နှင့် ချင်း-ကလေးအစပ် တီးတိန်မြို့နယ် မိုင်နွဲကျေးရွာတို့ကို စစ်ကောင်စီက မီးရှိုခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီတပ်ဖွဲ့၏ မီးရှို့မှုကြောင့် ပျဉ်းခုံကြီးရွာက ဘုရားကျောင်း ၅ ကျောင်းအပါအဝင် အိမ်ခြေ ၄၀၀ နီးပါး၊ ဟံသာ ကျေးရွာနှင့် ယောက်ချိုကွင်းကျေးရွာတွင် အိမ်ခြေ ၃၀ ကျော် နှင့် မိုင်နွဲကျေးရွာတွင် ဘုရားကျောင်း ၂ ကျောင်း အပါ အဝင် အိမ်ခြေ ၅၀ ခန့် မီးလောင်ပျက်စီးခဲ့သည်ဟု သိရသည်။ နန်းချောင်းကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဧပြီလ ၂၄ ရက်နေ့ကစ၍ ထိတွေ့ တိုက်ပွဲဖြစ်ပွားပြီးနောက် ဧပြီလ…

Read More

(006SV) မြန်မာ့နွေဦးတော်လှန်ရေး ၃ နှစ်ကျော်လာချိန်တွင် ချင်းတော်လှန်ရေးအင်အား စုများသည် ချင်းပြည်နယ်၏ နယ်မြေအများစုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြပြီး စစ်ရေးအရအောင်မြင်မှု အတိုင်းအတာတစ်ခုအထိရှိလာပြီဟုသိရသည်။ နွေးဦးတော်လှန်ရေးအစကနဦးပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့၏ အကြီးအကျယ်ထိုးစစ်တိုက်ခိုက်မှုခံခဲ့ရသော ချင်းတောင်တွင် ယခုအခါ စစ်ကောင်စီတပ်ဖွဲ့၏ ထိုးစစ်ဆင်တိုက်ခိုက်မှုများ သိသိသာသာလျှော့နည်းလာပြီး တိုက်ပွဲဖြစ်ပွားမှု လည်း ယခင်ကထက် နည်းပါးလာသည်ကိုတွေ့ရသည်။ ယခုလက်ရှိချင်းပြည်နယ်၏ စစ်ရေးအခြေအနေ၊ စစ်ကောင်စီတပ်ဖွဲ့၏ အနေအထားများ၊ လတ်တလော ရင်ဆိုင်နေရသော စိန်ခေါ်မှုများနှင့်ပတ်သက်၍ ချင်းအမျိုးသားတပ်ဦး CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကို ခိုနူမ်းသုန်သတင်းဌာနက ဆက်သွယ်မေးမြန်းထားသည်။ မေး – ခုဆိုရင် တူမီးနဲ့စတင်ခဲ့တဲ့ တော်လှန်ရေးဟာ ၃ နှစ်ကျော်လာပါပြီ။ ကျနော်တို့ ချင်းပြည်တော်လှန်ရေး ရည်မှန်းချက်အနေနဲ့ ဘယ်လောက်အတိုင်အတာထိ ရောက်နေပြီးလို့ ပြောလို့ ရမလဲ။ ဖြေ – ၃ နှစ်တာတော်လှန်ရေးတိုက်ပွဲမှာက ကျနော်တို့ အောင်မြင်မှုနဲ့ပတ်သက်ရင် ချင်းပြည်နယ် ၉ မြို့နယ်က မြို့ပေါ် မှာပဲ စစ်ကောင်စီက တပ်ထိုင်နိုင်တဲ့ အနေအထားပဲ ရှိတော့တယ်။ တခြားဒေသတွေ အားလုံးကတော့ ပြည်သူကနေ စိုးမိုးထားနိုင်ပြီ၊၊ ရာခိုင်နှုန်းနဲ့ တွက်ကြတော့ ၁၀၀ မှာ ၇၅ ရာခိုင်နှုန်းတော့ ကျနော်တို့ရဲ့ ထိန်းချုပ်စိုးမိုးမှု အောက်မှာ ရှိနေတယ်။ အဲဒီထဲမှာ ဒေသအုပ်ချုပ်ရေးတွေကို သူ့ဟာနဲ့ သူ ၊ အဲသလိုမျိုး ဖော်ဆောင်နိုင်တဲ့ အဆင့်ပေါ့။ ဒါပေမယ့် ကျနော်တို့ လိုချင်တာက စစ်အာဏာရှင် အပြုတ်တိုက်ရေး ဆိုတော့ အားလုံးတစ်စုံလုံးကို ထိန်းချုပ်နိုင်ဖို့က ကျနော် တို့မှာ တာဝန်အများကြီး ရှိနေသေးတယ်။ အဲဒီအတွက်…

Read More