Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မတူပီနှင့် မင်းတပ်မှာ စခန်းသိမ်းတိုက်ပွဲသတင်းကြောင့် မြို့ခံရာချီ စစ်ရှောင်မှုများ ပိုတိုးလာနေ
ဓာတ်ပုံ - ယခင်ပုံဟောင်း

မတူပီနှင့် မင်းတပ်မှာ စခန်းသိမ်းတိုက်ပွဲသတင်းကြောင့် မြို့ခံရာချီ စစ်ရှောင်မှုများ ပိုတိုးလာနေ

0
By Editor on June 6, 2024 Headline

(006SV)

ချင်းပြည်နယ်၊ မတူပီမြို့နှင့် မင်းတပ်မြို့ပေါ်များတွင် စခန်းသိမ်းတိုက်ပွဲဖြစ်တော့မည့် သတင်းများကြောင့် မြို့ပေါ်ဒေသခံများ အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင်မှု ရာချီ၍ တိုးမြှင့်လာကြောင်း စစ်ဘေးရှောင်ကူညီနေသူများက ပြောသည်။

မတူပီမြို့ပေါ်တွင် စခန်းသိမ်းတိုက်ပွဲများ သတင်းကြောင့် မြို့ပေါ်နေပြည်သူများသည် လွန်ခဲ့သည့် တစ်ပတ်ခန့်က စတင်၍ စစ်ဘေးရှောင်လာကြခြင်းဖြစ်ပြီး လက်ရှိမှာ စစ်ဘေးရှောင်သူများ တဟုန်ထိုး များပြားလာကြောင်း မတူပီမြို့နယ်၊ စစ်ဘေး ရှောင်တာဝန်ခံတစ်ဦးက ပြောသည်။

“လူဘယ်လောက်စစ်ဘေးရှောင်ကြလဲဆိုတာ အတိအကျ မသိသေးတာ၊ မြို့ပေါ်က လူတွေက အများကြီး ဆိုတော့လေ၊ တစ်နေ့ပြီး တစ်နေ့ လာနေကြတာ၊ အားလုံးနဲ့က အချိတ်အဆက်မရသေးဘူး။ ဆက်သွယ်ရေး အဆင်မပြေတာရော၊ ဆိုင်ကယ်အခက်အခဲ တွေနဲ့ပါ။ ဒေတာတွေ ဒီရက်ပိုင်း ကောက်ခိုင်းနေတာလည်း လုံးဝကို အဆင်မပြေသေးဘူး” ဟု မတူပီမြို့နယ်၊ IDP တာဝန်ခံက ပြောသည်။

မတူပီမြို့ပေါ်က ပြည်သူများသည် အာဏာသိမ်းမှု ၃ နှစ်တာအတွင်း စစ်ဘေးရှောင်သူများရှိပြီး လက်ရှိမှာလည်း စစ်ဘေးရှောင် သူများ နည်းလမ်းပေါင်းစုံနှင့် နယ်မြေဒေသအစုံသို့ စစ်ဘေးရှောင်ထွက်နေသောကြောင့် အိုးအိန်စွန့်ခွာ စစ်ရှောင်သူအရေအတွက်ကို အတိအကျ စာရင်းမကောက်နိုင်သေးကြောင်း သိရသည်။

အိန္ဒိယဘက်သို့ စစ်ရှောင်ကြသူများ ရှိသကဲ့သို့ မကွေးတိုင်း၊ ဂန့်ဂေါ၊ ဆောဘက်သို့လည်း စစ်ရှောင်ကြသူများ ရှိကြောင်း၊ ရန်ကုန်၊ မန္တလေးဘက်သို့လည်း စစ်ရှောင်ကြပြီး တချို့ဒေသခံများက မတူပီမြို့နယ်ထဲက ကျေးရွာများဘက်သို့ စစ်ဘေးရှောင်ကြကြောင်း သိရသည်။

မကွေးတိုင်း၊ ဆောမြို့နယ်အတွင်း မတူပီမြို့နယ်ထဲက စစ်ဘေးရှောင် ၅၀ ကျော်ရောက်ရှိနေကြောင်း ဆောမြို့နယ် စစ်ဘေးရှောင် ကူညီသူတစ်ဦးက ပြောသည်။

အလားတူ မင်းတပ်မြို့ပေါ်က စစ်ဘေးရှောင် ၃၀၀ ကျော်လည်း ဆောမြို့နယ်ထဲကို စစ်ဘေးရှောင်ရန် ရောက်ရှိနေကြပြီး နေ့စဉ် စစ်ဘေးရှောင်သူများ ရောက်ရှိလာနေကြောင်း ဆော-ကျောက်ထုမှ စစ်ဘေးရှောင်များကို ကူညီနေသူတစ်ဦးက ပြောသည်။

မင်းတပ်မြို့ပေါ်မှ စစ်ဘေးရှောင်ပြည်သူ ၅၀၀ ခန့်မှာလည်း ထပ်မံလာရောက်ချင်သောကြောင့် နေရာစီစဉ်ပေးနိုင်ရန် အကူအညီ တောင်းထားကြကြောင်း ၎င်းစစ်ရှောင်ကူညီနေသူက ပြောသည်။

“မင်းတပ်ကတော့ တော်တော်လေးကို များနေပါပြီ။ တချို့က ဒီမှာ နားမယ်။ မြို့ကို သွားကြမယ်။ တချို့က ဆောမြို့နယ်ထဲမှာ အိမ်ငှားနေတယ်။ တချို့လည်း စစ်ရှောင်စခန်းတွေမှာ နေတယ်။ ကျနော်တို့ ယောထဲက ရင်နှီးသူတွေလည် ရောက်ကြပြီး။ တချို့လည်း အဆောက်အဦးတွေ ဆောက်ကြတုန်းပေါ့” ဟု ၎င်းက ပြောသည်။

ကားများ၊ ဆိုင်ကယ်များ၊ သုံးဘီးများနှင့် ပုံစံ မျိုးစုံဖြင့် စစ်ရှောင်များ ရောက်ရှိလာကြပြီး တချို့မှာ ဆောမြို့နယ်အတွင်း အိမ်းငှားခြင်း၊ စစ်ရှောင်စခန်းများ ဆောက်လုပ်ခြင်းတို့ဖြင့် နေထိုင်ကြကြောင်း သိရသည်။

တချို့စစ်ဘေးရှောင်များမှာ မန္တလေး၊ ရန်ကုန်၊ ပခုက္ကူ စသဖြင့် နီးစပ်ရာ ဆွေမျိုးများရှိရာသို့ ထပ်မံ ထွက်ခွာသွားကြကြောင်း သိရသည်။

“CDF တွေက မြို့သိမ်းတိုက်ပွဲတွေ စတော့မယ်။ စစ်ဘေးရှောင်ပေးကြပါလို့ လာပြောကြတယ်တဲ့။ အဲဒါနဲ့ မြို့ပေါ်ကနေ သူတို့ ကြိုပြီးတော့ စစ်ဘေးရှောင်လာရတယ်လို့ သူတို့ (စစ်ဘေးရှောင်များ) က ပြောကြတယ်” ဟု ဆောမြို့နယ်အတွင်း ၂ နှစ်ကျော် စစ်ဘေးရှောင်နေရသော ဒေသခံတစ်ဦးက ပြောသည်။

ဆောမြို့နယ်အတွင်း စစ်ရှောင်လာကြသူများတွင် အမျိုးသမီးနှင့် ကလေးငယ်များကို အများဆုံး မြင်တွေ့ရကြောင်း ဒေသခံများနှင့် စစ်ရှောင်ကူညီနေသူများက ပြောသည်။

စစ်ဘေးရှောင်များတွင် မိုးဦးကာလဖြစ်သောကြောင့် အမိုးအကာများ များစွာ လိုအပ်နေပြီး၊ အခြေခံစားနပ်ရိက္ခာနှင့် ဆေးဝါးပစ္စည်းများလည်း လိုအပ်နေကြောင်း သိရသည်။

တွန်းဇံမြို့နှင့် ကျီခါးမြို့တို့ကို ချင်းအမျိုးသားတပ်ဦး CNF / CNA ဦးဆောင်းသော ချင်းပူးပေါင်းတပ်များက မြို့သိမ်းစစ်ဆင်ရေးနှင့် အတူ သိမ်းပိုက်ထားပြီး တီးတိန်မြို့ကိုလည်း ချင်းညီနောင် စစ်ဆင်ရေးအဖြစ် PDF – Zoland နှင့် CNDF တို့က တိုက်ခိုက်လျက်ရှိသည်။

ချင်းပြည်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်က ချင်းကာကွယ်ရေးအဖွဲ့ ၁၄ ဖွဲ့၏ မေလကုန်က ကာကွယ်ရေးဆိုင်ရာညှိနှိုင်း အစည်းအဝေးတွင်လည်း ချင်းပြည်မှာ စစ်ကောင်စီ အမြန်ဆုံးကင်းစင်ရေးအတွက် ဗျူဟာကျသည့်နေရာများကို ဦးစားပေးသိမ်းပိုင်ရန် ဆွေးနွေးထားပြီးဖြစ်ကြောင်း သိရသည်။

စစ်အာဏာသိမ်းမှု ၃ နှစ်ကျော်ကာလတွင် ချင်းပြည်နယ် လူဦးရေး၏ ထက်ဝက်ခန့် နှစ်သိန်းခွဲကျော်သည် ပုံစံမျိုးစုံဖြင့် ဒေသအနှံတွင် အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင်နေရကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO က ထုတ်ပြန်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်ကို ဆန့်ကျင်ဆန္ဒပြရန် နယူးဒေလီရောက် မြန်မာဒုက္ခသည်များပြင်ဆင်

CDF – ဟားခါး ဒုဥက္ကဌဟောင်းနှင့် အတွင်းရေးမှူးတို့ အမှုကို အထူးစုံစမ်းစစ်ဆေးရေးကော်မတီ ဖွဲ့စည်းဆောင်ရွက်မည်

ခုခံစစ်ပြင်ဆင်နေစဉ် မင်းတပ်မြို့ပေါ် နေအိမ်ဖောက်ထွင်းမှုများ ဖြစ်ပေါ်လာ၊ ညမထွက်ရ အမိန့်ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.