ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့က စစ်ကောင်စီတပ်စခန်းများ ထိုးစစ်ဆင်တိုက်ခိုက်နေစဉ်မှာ ချင်းညီနောင်နှင့် မဟာမိတ်တပ်ဖွဲ့ဝင်များကို ချင်းအမျိုးသားတပ်မတော် CNF/CNA နှင့် ပူးပေါင်းတပ်ဖွဲ့များက အလစ်ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု ချင်းညီနောင်အဖွဲ့က ဇွန်လ ၁၈ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့သည်။ မတူပီမြို့မှာ အခြေစိုက်သော ခြေမြန်တပ်ရင်း ခမရ ၃၀၄ တပ်ရင်းကို ဇွန်လ ၁၇ ရက်နေ့မှာ ချင်းညီနောင်နှင့် မဟာမိတ်တပ်ဖွဲ့က သိမ်းပိုက်ခဲ့ပြီးနောက် ဇွန်လ ၁၈ ရက်နေ့တွင် ခလရ ၁၄၀ တပ်ရင်းကို ဆက်သိမ်းရန်လုပ်ဆောင်နေစဉ်မှာ CNF/CNA နှင့် ချင်းပူးပေါင်းတပ်တို့က ၎င်းတို့ကို အလစ်ဝင်တိုက်ခဲ့ခြင်းဖြစ်သည်ဟု ချင်းညီနောင်၏ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။ ယခုကိစ္စနှင့်ပတ်သက်၍ ဖြစ်စဉ်အသေးစိတ်အခြေအနေနှင့် ချင်းပြည်၏စစ်ရေးအခြေအနေများ သိရှိနိုင်ရန် ချင်းအမျိုးသား တပ်ဦး CNF/CNA ပြောရေးဆိုခွင့် ရှိသူ ဆလိုင်းထက်နီကို ခိုနူမ်းသုန်သတင်းဌာနက ဆက်သွယ်မေးမြန်းထားသည်။ မေး။ မနေ့က ချင်းညီနောင်အဖွဲ့က ထုတ်ပြန်ချက် တစ်စောင်ထုတ်ထားပါတယ်။ ချင်းအမျိုးသားတပ်ဦးနှင့် ပူးပေါင်းတပ် ဖွဲ့တွေက သူတို့ မတူပီစစ်ဆင်ရေးလုပ်တဲ့အခါမှာ အနောက်ကနေ အလစ်ဝင်တိုက်တယ်ဆိုပြီး ပြောထားပါတယ်။ ဘယ်လိုဖြစ်ရတာပါလဲ? အဲဒီအခြေအနေလေးကို ရှင်းပြပေးလို့ရမလား? ဖြေ။ ဟုတ်ကဲ့၊ မတူပီမြို့ပေါ်မှာရှိတဲ့ ၃၀၄ နှင့် ၁၄၀ ပေါ့၊ ၁၄၀ က ဗျူဟာနှင့် ပေါင်းထားတယ်။ စစ်ဆင်ရေး လုပ်ဖို့ ကျွန်တော်တို့ ပြင်ဆင်တယ်။ အဲဒီမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ CDF-မတူပီ တပ်မဟာ ၂ နဲ့ ကျနော်တို့နဲ့စစ်ဆင် ရေးလုပ်ဖို့ပြင်ထားတာဖြစ်ပါတယ်။ ၁၄၀ နှင့် ဗျူဟာကုန်းကို CDF မတူပီတပ်မဟာ ၂ နှင့်…
Author: Editor
ချင်းပြည်နယ် မတူပီမြို့တွင် စစ်ကောင်စီတပ်စခန်းများ သိမ်းယူနိုင်ရန် ချင်းပြည်အစိုးရကာကွယ်ရေးဝန်ကြီး ဦးဆောင်မှုအောက်တွင် CNA/CDFs တပ်ဖွဲ့များမှ စစ်မျက်နှာတိုးမြှင့်ဖွင့်ထားသည့်အတွက် မတူပီမြို့အဝင်အထွက်လမ်းများအား အကန့်အသတ်မရှိ ပိတ်ထားလိုက်သည် CDF-မတူပီ တပ်မဟာ ၂ က ထုတ်ပြန်သည်။ မတူပီ-ပလက်ဝလမ်း၊ မတူပီ-ကန်တောင်လမ်း၊ မတူပီ-ဟားခါးလမ်း နှင့် မတူပီ-လိုင်လဲန်းပီလမ်းအား အကန့်အသတ် မရှိ ပိတ်ပင်လိုက်ပြီဟု ယနေ့ဇွန်လ ၂၀ ရက်တွင် CDF-မတူပီ တပ်မဟာ ၂ က ထုတ်ပြန်ခြင်းဖြစ်သည်။ အထက်ပါထုတ်ပြန်ချက်အား ပြည်သူများအနေဖြင့် လိုက်နာခြင်းမရှိပါက ကြီးလေးသော ပစ်ဒဏ်ခံယူရမည်ဖြစ်ပြီး လက်နက်ကိုင်တပ်ဖွဲ့များအနေဖြင့် လိုက်နာခြင်းမရှိပါက ပစ်မိန့်ပေးထားသည်ဟု CDF-မတူပီ တပ်မဟာ ၂ က ထုတ်ပြန်သည်။ စစ်ရေးအရ အချက်အချာကြသော မတူပီမြို့ကို အလုံးစုံသိမ်းပိုက်နိုင်ရေးအတွက် ချင်းညီနောင်နှင့်မဟာမိတ်တပ်ဖွဲ့များက ဇွန်လ ၉ ရက်နေ့ကတည်းက ချင်းညီနောင်စစ်ဆင်ရေးဖော်ဆောင်လျှက်ရှိပြီး ဇွန်လ ၁၇ ရက်က ခမရ ၃၀၄ တပ်ရင်းကို သိမ်းပိုက်ခဲ့ကြသည်။ တဖက်မှာလည်း ချင်းပြည်အစိုးရကာကွယ်ရေးဝန်ကြီးဌာနဦးဆောင်မှုဖြင့် CNA/CDFs တပ်ဖွဲ့များကလည်း ခလရ ၁၄၀ နှင့် စစ်ဗျူဟာကုန်းသိမ်းပိုက်နိုင်ရေး စစ်ဆင်ရေးဖော်ဆောင်လျှက်ရှိကြောင်း သိရသည်။ သို့သော်လည်း မတူပီမြို့က စစ်ကောင်စီ၏ ခလရ ၁၄၀ နှင့် စစ်ဗျူဟာကုန်း သိမ်းပိုက်ရေး စစ်ဆင်ရေးဖော်ဆောင်မှုတွင် ချင်းညီနောင်အဖွဲ့ နှင့် ချင်းပြည်အစိုးရကာကွယ်ရေးဝန်ကြီးဌာနလက်အောက် CNA/CDFs တပ်ဖွဲ့များအကြား အငြင်းပွားမှုဖြစ်ပွားကာ နှစ်ဖက်ပစ်ခတ်မှုအထိဖြစ်ပွားခဲ့ကြသည်။ CDF-မတူပီတွင် တပ်မဟာ ၁ နှင့် ၂ ရှိနေပြီး တပ်မဟာ ၁ သည် ချင်းညီနောင်အဖွဲ့ဝင်ဖြစ်ပြီး တပ်မဟာ ၂…
(005MK) နာဂအရပ်ဖက်အဖွဲ့အစည်း ၄ ဖွဲ့က အိန္ဒိယနိုင်ငံထဲ တရားမဝင် နေထိုင်ကြသော မြန်မာနိုင်ငံသားများကို နေရပ်ပြန်ပို့ရန် တောင်းဆိုသည့် အိပ်ဖွင့်ပေးစာတစ်စောင်ကို အိန္ဒိယပြည်ထဲရေးဝန်ကြီးထံသို့ ပေးပို့ခဲ့ကြသည် ဟုသိရသည်။ မဏိပူရ် နှင့် နာဂလဲန်းပြည်နယ်အခြေစိုက် နာဂအရပ်ဖက်အဖွဲ့အစည်းများဖြစ်ကြသော The United Naga Council (UNC)၊ Naga Women’s Union (NWU)၊ All Naga Students Association Manipur (ANSAM) နှင့် Naga People’s Movement for Human Rights (NPM-HR) စသည့်အဖွဲ့ ၄ ဖွဲ့က အိန္ဒိယပြည်ထဲရေး ဝန်ကြီး Amit Shah ထံသို့ ဇွန်လ ၁၅ ရက်နေ့က အိပ်ဖွင့်ပေးစာကိုပေးအပ်ခဲ့ကြခြင်းဖြစ်သည်ဟု မီဇိုရမ်နေ့စဉ်ထုတ် Vanglaini နှင့် အိန္ဒိယသတင်းစာများတွင်ဖော်ပြထားသည်။ မြန်မာနိုင်ငံမှ တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၅၄၅၇ ဦးတို့သည့် မဏိပူရ်ပြည်နယ် Kamjong ခရိုင် Tangkhul နာဂ ကျေးရွာ ၈ ရွာတွင် နေထိုင်ကြပြီး အဆိုပါ ရွှေ့ပြောင်းနေထိုင်သူများ၏ အရေအတွက်မှာ ဒေသတွင်း နေထိုင်သူများထက် သိသိသာသာ များပြားနေပြီး လူမှုရေးနှင့် ယဉ်ကျေးမှု မညီမျှမှုများ ဖြစ်ပေါ်နေသည်ဟု ဆိုသည်။ နာဂ ကျေးရွာ ၈ ရွာတွင် နေထိုင်ကြသော မြန်မာနိုင်ငံသားများ၏ ဇီဝဗေဒဆိုင်ရာ အချက်အလက်များကို ကောက်ယူ ထားပြီးဖြစ်သော်လည်း အမြဲပြောင်းရွှေ့နေထိုင်ကြသည့်အတွက် ၎င်းတို့အခြေအနေအား စောင့်ကြည့်ရန်မှာ စိန်ခေါ်မှု ရှိနေသည်ဟု နာဂအဖွဲ့များက…
ရေး – ဆလိုင်းရောဘတ် နိုင်ငံတကာနယ်နိမိတ် (International Boundary) က ထက်ခြမ်းပိုင်းခြားထားသော်လည်း မြန်မာဘက်က ချင်းပြည်နယ် နှင့် အိန္ဒိယဘက်ခြမ်းက မီဇိုရမ်ပြည်နယ်တို့သည် အိမ်ဦးနှင့် ကြမ်းပြင်ကဲ့သို့ အပြန်အလှန်ကူးလူးဆက်ဆံ မှုရှိသည့် လူမှုအသိုက်အဝန်းဖြစ်သည်။ ရှည်လျားသော သမိုင်းအထောက်အထားများအရ ချင်းနှင့်မီဇိုးလူမျိုးများသည် တအူတုံဆင်းညီအကို မျိုးနွယ်စုတူများ အဖြစ်ခံယူထားကြသူများဖြစ်ကြသည်။ အိန္ဒိယနိုင်ငံအရှေ့မြောက်ဒေသပြည်နယ် ၇ ခုထဲက မီဇိုရမ်ပြည်နယ်သည် “ဇိုး (ချင်း) မျိုးနွယ်စုများ၏ ဂျေရုစလင်” ဟုပင် ခေါ်ဆိုကြပြီး အိမ်နီးချင်းနိုင်ငံများတွင်ပြန့်နှံ့နေထိုင်ကြသော ဇိုး (ချင်း) မျိုးနွယ်စုများ အရေးကြုံလျှင် ဝင်ရောက်ခိုလုံလေ့ရှိသည့် နေရာဖြစ်သည်။ ပြည်နယ်၏ မြို့တော် အိုင်ဇောလ်မြို့အပြင် အခြားသောမြို့ကြီးအတော်များများတွင်လည်း မြန်မာနိုင်ငံမှာ စစ်အာဏာ သိမ်းမှုမဖြစ်ပွားခင်ကတည်းက ချင်းလူမျိုးများ ၅ သောင်းမှ တစ်သိန်းခန့်အထိ အခြေချနေထိုင်ကြပြီး ယခု စစ်အာဏာသိမ်းမှုဖြစ်ပွားသည့်နောက်ပိုင်းမှာလည်း ချင်းလူမျိုးများ အဓိက ခိုလုံကြရသည့်နေရာဖြစ်သည်။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ၃ နှစ်ကျော်လာပြီဖြစ်သော်လည်း မြန်မာ့နိုင်ငံရေးအခြေအနေမှာ တည်ငြိမ်အေးချမ်း မှုထက် ပို၍ ဆိုးရွားသည့် အခြေအနေဘက်သို့ဦးတည်လျှက်ရှိပြီး အိမ်နီးချင်းနိုင်ငံများသို့ နေရပ်စွန့်ခွါထွက်ပြေးတိမ်းရှောင်မှုကလည်း ဒုနှင့်ဒေးရှိနေဆဲဖြစ်သည်။ မြန်မာ့နိုင်ငံရေး၏ ရှေ့မတိုးသာ နောက်မဆုတ်သာဖြစ်နေသော စစ်ရေးပဋိပက္ခကြီးထွားလာမှုသည် ဒေသတွင်း အိမ်နီးချင်းနိုင်ငံများအတွက်လည်း ဝန်ထုတ်ဝန်ပိုးတစ်ခုလိုဖြစ်စေခဲ့သည်။ စစ်ရေးပဋိပက္ခနှင့် စစ်ကောင်စီ၏ လူ့ အခွင့်အရေးချိုးဖောက်မှုများကြောင့် မြန်မာနိုင်ငံက သိန်းနှင့်ချီသောပြည်သူများသည် အိမ်နီးချင်း ထိုင်း နှင့် အိန္ဒိယ နိုင်ငံကို ထွက်ပြေးခိုလုံနေကြရသည်။ မြန်မာအနောက်ဘက်ဒေသ ချင်းပြည်နယ်၊ စစ်ကိုင်း နှင့် မကွေးတိုင်းဒေသက ပြည်သူများသည် အိန္ဒိယနိုင်ငံအရှေ့ မြောက်ဒေသ မီဇိုရမ်ပြည်နယ် နှင့်…
(006SV) ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်းက ကျေးရွာ (၉) ရွာမှာ ဝမ်းရောဂါဖြစ်ပွားမှုများ ကူးစက်ပျံ့နှံနေပြီး လူသေဆုံးမှုများ ရှိလာနေကြောင်း မင်းတပ်မြို့နယ် စစ်ဘေးရှောင် စီမံခန့်ခွဲမှု ကော်မတီမှ သတင်းရရှိသည်။ မင်းတပ်မြို့နယ်၊ တိုက်နယ် ၁၀ နှင့် ၁၃ ဘက်က ဒေသခံလူဦးရေ တစ်ထောင်ခန့် နေထိုင်ကြသည့် ကျေးရွာ ၉ ရွာတွင် ဝမ်းပျက်ဝမ်းလျှောရောဂါများဖြစ်ပွားနေပြီး တိုက်နယ် ၁၃ မှ ကျေးရွာတစ်ရွာတွင် သက်ကြီးပိုင်း ၂ ဦးမှာ ဝမ်းရောဂါကြောင့် အသက်ဆုံးရှုံးသွားကြောင်း သိရသည်။ အဆိုပါကျေးရွာကို ယာယီအဝင်အထွက် ပိတ်ထားဆဲဖြစ်ကြောင်း မင်းတပ်မြို့နယ် စစ်ဘေးရှောင် စီမံခန့်ခွဲမှု ကော်မတီမှ ကိုလောရင့်က ပြောသည်။ “ကျနော်မိသားစုထဲမှာလည်း ဝမ်းပျက်၊ ဝမ်းလျော့တွေ ရှိတယ်။ ဒါပေမယ့် ဆိုးဆိုးဝါးဝါးကြီးတော့ မဟုတ်ပါဘူး။ အခုကြား နေရတာက တိုက်နယ်အမှတ် ၁၀နဲ့ ၁၃ ဘက်မှာ ဝမ်းပျက်ဝမ်းလျော၊ ဝမ်းကိုက်ရောဂါတွေကို လက္ခဏာတွေ တော်တော်များများ တွေ့နေရပါတယ်။ ရွာ ၉ ရွာမှာ ပြင်းပြင်းထန်ထန်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။ ကျန်တဲ့ ရွာတွေမှာက အနည်းအကျဉ်းတော့ ဝမ်းပျက်ဝမ်းလျော့တာမျိုးရှိတယ်။ အခုလောလောဆယ်တော့ ရွာ ၉ ရွာမှာ ဝမ်းပျက်ဝမ်းကိုက်ရောဂါနဲ့ ဆေးဝါးကုသဖို့ လိုအပ်နေပါတယ်” ဟု ကိုလောရင့်က ပြောသည်။ လက်ရှိ မိုးဦးကာလတွင် ဝမ်းပျက်ဝမ်းလျှောရောဂါလက္ခာများကို မင်းတပ်မြို့နယ်အတွင်းက ကျေးရွာ အများအပြားတွင်လည်း အနည်းအကျဉ်း တွေ့လာနေရကြောင်း သတင်းရရှိသည်။ သို့သော် လုံလောက်သော ဆေးဝါးကုသပေးနိုင်ရန်အတွက် စစ်ကောင်စီက ဆေးဝါးများကို တားဆီးပိတ်ပင်ထားသောကြောင့် ဆေးဝါးများ…
ချင်းပြည်နယ် မတူပီမြို့တွင် စစ်ကောင်စီတပ်စခန်းများ ထိုးစစ်ဆင်တိုက်ခိုက်နေသော ချင်းညီနောင်နှင့် မဟာမိတ်တပ်ဖွဲ့ဝင်များကို ချင်းအမျိုးသားတပ်မတော် CNF/CNA နှင့် ပူးပေါင်းတပ်ဖွဲ့များက အလစ်ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု ချင်းညီနောင်က ယနေ့ ဇွန်လ ၁၈ ရက်တွင် သတင်းထုတ်ပြန်သည်။ ယမန်နေ့ ဇွန်လ ၁၇ ရက်ညနေစောင်းအချိန်တွင် ချင်းအမျိုးသားတပ်မတော် တပ်ဖွဲ့ဝင်တစ်ဦးသည် ချင်းညီနောင်များ ထိုးစစ်ဆင်တိုက်ခိုက်နေသော မတူပီမြို့ ခလရ ၁၄၀ တပ်ရင်းဘက်သို့ ဦးတည်၍ ကားမောင်းနှင်လာသဖြင့် လုံခြုံရေး အရ ယာယီထိန်းသိမ်းခဲ့ပြီးနောက် စစ်ဆေးမေးမြန်းကာ နောက်နေ့မနက်တွင်ပြန်လည်လွှတ်ပေးရန်ဆုံးဖြတ်ခဲ့သည်ဟု ချင်းညီနောင်၏ ထုတ်ပြန်ချက်တွင်ဖော်ပြသည်။ သို့သော်လည်း ယနေ့ဇွန်လ ၁၈ ရက်နေ့မနက်ပိုင်း ၅ နာရီ ၄၀ မိနစ် မိုးမလင်းမီအချိန်တွင် ဒရုန်းများ၊ ၄၀ မမ၊ ၆၀ မမ လောင်ချာလက်နက်ကြီး လက်နက်ငယ်များဖြင့် CNA နှင့် ၎င်းလက်အောက်ခံတပ်များက ချင်းညီနောင်နှင့် မဟာမိတ် တပ်ဖွဲ့များကို အလစ်ငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့သောကြောင့် ရဲဘော် ၂ ဦးကျဆုံးပြီး အများအပြားပြင်းထန်ဒဏ်ရာရရှိ ကာ လက်ရှိအချိန်တွင် နှစ်ဖက်တိုက်ပွဲပြင်းထန်လျှက်ရှိသည်ဟု ချင်းညီနောင်ကထုတ်ပြန်သည်။ လက်ရှိတွင် စစ်ကောင်စီနှင့် CNF/CNA လက်အောက်ခံတပ်ဖွဲ့များက နှစ်ဖက်ညှပ်တိုက်ခိုက်မှုကို ချင်းညီနောင် နှင့် မဟာမိတ်တပ်ဖွဲ့များက ခုခံတိုက်ခိုက်နေရသည်ဟု ချင်းညီနောင်ကဆိုသည်။ ယခုဖြစ်စဉ်နှင့်ပတ်သက်၍ ချင်းလဲန်းကောင်စီကလည်း ယနေ့ဇွန်လ ၁၈ ရက်နေ့တွင် ကြေညာချက်တစ်စောင်ထုတ်ပြန် ကာ မိမိတို့ တပ်ဖွဲ့များကို စစ်ရေးမဖော်ဆောင်နိုင်ရန် တားဆီးသောကြောင့် နှစ်ဖက်ထိတွေ့မှုဖြစ်ပွားခြင်းဖြစ်သည်ဟု ပြောဆိုသည်။ ချင်းလဲန်းကောင်စီသည် မတူပီမြို့ခလရ ၁၄၀ နှင့် ဗျူဟာကုန်းတို့ကို သိမ်းယူနိုင်ရန်အတွက် အဖက်ဖက်မှပြင်ဆင် လျှက်ရှိရာ…
ချင်းပြည်တောင်ပိုင်းတွင် ချင်းညီနောင် စစ်ဆင်ရေးအဖြစ်ဖော်ဆောင်နေသည့် မတူပီမြို့တိုက်ပွဲတွင် စစ်ကောင်စီ၏ ခမရ ၃၀၄ တပ်ရင်းကို ချင်းညီနောင်တပ်ဖွဲ့က သိမ်းပိုက်လိုက်ပြီး ဗျူဟာကုန်း၊ ခလရ ၁၄၀ တပ်ရင်းနှင့် အခြားသော စစ်ကောင်စီတပ်စခန်းများ ဆက်လက်သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟု သိရသည်။ “၂၀၂၄ ခုနှစ်အတွင်း ချင်းပြည်နယ်တွင် စစ်ကောင်စီအလုံးစုံကင်းစင်ရေး” ရည်မှန်းချက်ဖြင့် ချင်းညီနောင်စစ်ဆင်ရေး ကနဦးအဆင့်အဖြစ် ချင်းညီနောင်တပ်ဖွဲ့ဝင်များသည် မဟာမိတ်အာရက္ခတပ်တော် AA၊ Yaw Army (YA) အစရှိသည့် အခြားမဟာမိတ်တပ်ဖွဲ့များနှင့်အတူ ဇွန်လ ၉ ရက်မှ စတင်၍ မတူပီမြို့ပေါ်က စစ်ကောင်စီစခန်းများနှင့် တပ်ရင်းတို့ကို စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ဇွန်လ ၁၇ ရက်နေ့တွင် မတူပီမြို့ပေါ်က ခမရ ၃၀၄ တပ်ရင်းကိုအပြီးသတ်သိမ်းယူနိုင်ခဲ့ပြီး စစ်ကောင်စီ၏ ဟောင်ဝစ်ဇာ လက်နက်ကြီးနှင့်တကွ လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းရမိကြောင်း ချင်းညီနောင်က ယနေ့ ဇွန်လ ၁၈ ရက်နေ့တွင် ထုတ်ပြန်သည်။ ကျန်ရှိနေသေးသော မတူပီဗျူဟာကုန်း၊ ခလရ ၁၄၀ နှင့် အခြားစစ်ကောင်စီတပ်စခန်းများကိုလည်း ဆက်လက်သိမ်းယူနိုင်ရေးအတွက် ထိုးစစ်ဆင်တိုက်ခိုက်လျှက်ရှိကြောင်း ချင်းညီနောင်ကဆိုသည်။ ယခုကဲ့သို့ စခန်းသိမ်းအောင်မြင်မှုရရှိနိုင်ရေးအတွက် နိုင်ငံအသီးသီးမှထောက်ပံ့ပေးလျှက်ရှိသော ထောက်ပို့ပြည်သူများ နှင့် ထိုးစစ်များတွင်ပါဝင်ခဲ့သောစစ်သည်တော်များအားလုံး၏ ပြောင်မြောက်သောတိုက်ရည်ခိုက်ရည်၊ သတ္တိနှင့် အမိန့် နာခံမှုတို့အပေါ် လေးနက်စွာအသိမှတ်ပြုကြောင်း၊ စခန်းသိမ်းတိုက်ပွဲများတွင် ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်ရင်း အသက်နှင့် ကိုယ်လက်အဂ်ါဆုံးရှုံးသွားသည့် ရဲဘော်များကို မှတ်တမ်းတင်လေးစားအသိမှတ်ပြုအပ်ပါသည်ဟု ချင်းညီနောင်က ထုတ်ပြန်သည်။ ချင်းပြည်နယ်အတွင်း စစ်ကောင်စီကင်းစင်နိုင်ရေးအတွက် ပြည်တွင်းပြည်ပရှိ မိဘပြည်သူများမှ ဆက်လက်ကူညီထောက်ပံ့ပေးကြပါရန် အထူးမေတ္တာရပ်ခံအပ်ပါသည်ဟု ချင်းညီနောင်၏ ထုတ်ပြန်ချက်မှာဖော်ပြထားသည်။ ပြီးခဲ့သည့် မေလ ၂၇ ရက်နေ့တုန်းကလည်း…
(006SV) ချင်းပြည်တောင်ပိုင်းတွင် ချင်းညီနောင် စစ်ဆင်ရေးအဖြစ်ဖော်ဆောင်နေသည့် မတူပီမြို့တိုက်ပွဲများတွင် တစ်ပတ်အတွင်း CDF- မတူပီ၊ တပ်မဟာ – ၁ မှ ရဲဘော် ၅ ဦး ကျဆုံးခဲ့ကြောင်း သတင်းရရှိသည်။ CDF- မတူပီ၊ တပ်မဟာ – ၁မှ ရဲဘော် ၅ ဦး ကျဆုံးမှုတွင် ဇွန်လ ၁၄ ရက်က ရဲဘော် ၂ ဦးနှင့် ဇွန်လ ၁၇ ရက်က ရဲဘော် ၃ ဦးတို့ ကျဆုံးခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။ ဇွန်လ ၉ ရက်မှ စတင်၍ CDF – မတူပီ တပ်မဟာ – ၁၊ ချင်းညီနောင်တပ်ဖွဲ့များ၊ မကွေးအခြေစိုက် Yaw Army (YA) နှင့် အာရက္ခတပ်တော် (ULA/AA) တို့သည် မတူပီမြို့ပေါ်က စစ်ကောင်စီစခန်းများနှင့် တပ်ရင်းတို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ယနေ့အထိ တိုက်ပွဲများ ပြင်းထန်လျက်ရှိကြောင်း သတင်းရရှိသည်။ ယင်းတိုက်ပွဲများအတွင်း CDF-Matupi တပ်မဟာ (၁) အဖွဲ့ဝင် ရဲဘော် ဆလိုင်း Salai Lai Thang Boi နှင့် Salai Shwe Lian သည် မတူပီမြို့ စစ်ဆင်ရေး၏ ရှေ့တန်းတစ်နေရာတွင် ကျဆုံးခဲ့ကြောင်း သိရသည်။ ရဲဘော် ဆလိုင်း ပါတူ၊ ရဲဘော် Salai Robert San နှင့် ရဲဘော် Salai Bawi…
ကမ္ဘာတစ်ဝှမ်းလုံးတွင် တိုက်ပွဲများ ဖြစ်ပွားပြီး၊ ကမ္ဘာလုံခြုံရေးနှင့် တစ်သက်တောင့်တင်းမှုကို ခြိမ်းခြောက်နေစဉ်၊ ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက်သည် နိုင်ငံသားများထံမှ ပေါက်ဖွားလာသည်။ ၂၀၂၄ ခုနှစ် မေလတွင်၊ ကမ္ဘာ့အခြားတိုက်ကြီးများရှိ နိုင်ငံသားများသည် HWPL(Heavenly Culture, World Peace, Restoration of Light) ၏ ၁၁ ကြိမ်မြောက် နှစ်ပတ်လည်ကမ္ဘာငြိမ်းချမ်းရေးကြေညာချက်နှင့် ငြိမ်းချမ်းရေးလမ်းလျှောက်ပွဲ၌ လက်တွဲပါဝင်ခဲ့သည်။ “ပြန်လည်သင့်မြတ်ခြင်းနှင့် သည်းခံခြင်းတို့ရှိသော ကမ္ဘာ့နိုင်ငံသားစကားပြောဆိုမှု” ခေါင်းစဉ်ဖြင့် ကျင်းပသည့် ဤပွဲတော်သည် ကမ္ဘာတစ်ဝှမ်းလုံးရှိ ငြိမ်းချမ်းရေးယဉ်ကျေးမှုကို ဖော်ဆောင်ရန်နှင့် မျှဝေရန် ရည်ရွယ်ခဲ့သည်။ ဤပွဲတော်၏ အထူးပွဲကြီးကို မေလ ၂၅ ရက်တွင် ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်အိုလံပစ်ပန်းခြံရှိ ငြိမ်းချမ်းရေးတံခါးတော်တွင် စတင်ခဲ့သည်။ ၅၀ ခန့်နိုင်ငံများအတွင်းငြိမ်းချမ်းရေးလမ်းလျှောက်ပွဲကို အမျိုးမျိုးသော ငြိမ်းချမ်းရေးတည်ဆောက်ရေးလှုပ်ရှားမှုများဖြင့် ဖြည့်ဆည်းခဲ့သည်။ ပါဝင်သူများသည် မည်သည့်နိုင်ငံကိုမဆို အထူးသည့် လမ်းလျှောက်ပွဲများ၊ ငြိမ်းချမ်းရေးဖျော်ဖြေပွဲများ၊ ဗီဒီယိုပြသပွဲများ၊ ဓာတ်ပုံပြခန်းများ၊ ပိုစတာဆွဲပွဲများ၊ အားကစားပွဲများ၊ ဘဇားများနှင့် အနုပညာဖျော်ဖြေပွဲများကို ခံစားကြရပါသည်။ သစ်ပင်စိုက်ပျိုးခြင်းပွဲများနှင့် “အခမဲ့ဖက်ရင်း” လှုပ်ရှားမှုများသည် ထပ်မံ၍ စည်းလုံးညီညွတ်မှုနှင့် ပတ်ဝန်းကျင်ကျန်းမာရေးစိတ်ဓာတ်ကို အထူးဖော်ပြထားသည်။ ဤနှစ်ပတ်လည်ပွဲတော်သည် ၂၀၁၃ ခုနှစ်တွင် ဆိုးလ်အိုလံပစ်ပန်းခြံရှိ ငြိမ်းချမ်းရေးတံခါးတော်တွင် ၃၀,၀၀၀ ကျော်သော ကမ္ဘာလုံးဆိုင်ရာလူငယ်များမှ ငြိမ်းချမ်းရေးကို ထောက်ခံ၍ ကမ္ဘာငြိမ်းချမ်းရေးကြေညာချက်ကို ထုတ်ပြန်ကြေငြာခဲ့ပြီး အမှတ်တရဖြစ်သည်။ ဤကြေညာချက်သည် ငြိမ်းချမ်းရေးကို ရယူရန်အတွက် လူအပေါင်းတို့၏ အခန်းကဏ္ဍများကို ရေးသားဖော်ပြထားပြီး ကမ္ဘာအနှံ့လူသားစုစုပေါင်းသော ကြိုးပမ်းမှုကို တိုက်တွန်းခဲ့သည်။ လွန်ခဲ့သော ၁၀ နှစ်တစ်လျှောက်က ငြိမ်းချမ်းရေးအတွက် အတူတကွ လုပ်ဆောင်ဖို့…
(006SV) ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်က ဒေသခံပြည်သူ ၈၀ ရာခိုင်နှုန်းသည် အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင်သွားကြပြီဖြစ်ပြီး အများစုမှာ ယခုလပိုင်းအတွင်းမှာ စစ်ဘေးရှောင်သွားရခြင်းဖြစ်ကြောင်း မင်းတပ်မြို့နယ် စစ်ဘေးရှောင် စီမံခန့်ခွဲမှုကော်မတီထံမှ သတင်းရရှိသည်။ မင်းတပ်မြို့ပေါ်တွင် လူဦးရေ သုံးသောင်းခွဲခန့် နေထိုင်ကြရာ ယင်းတို့ထဲမှ ၂၀ ရာခိုင်နှုန်းခန့်သာ မြို့ပေါ်တွင် ကျန်ရှိတော့ပြီး ကျန် ၈၀ ရာခိုင်နှုန်းခန့်မှာ နေရာဒေသအစုံသို့ စစ်ဘေးရှောင်သွားကြပြီဖြစ်ကြောင်း ယင်းကော်မတီမှ ကိုလောရင့်က ပြောသည်။ “မင်းတပ်မြို့ပေါ်မှာက ခန်းမှန်းခြေကတော့ ၂၀ ရာခိုင်နှုန်းလောက် နေထိုင်ကြသေးတယ်။ ဘိုးဘွား တွေ၊ ထွက်ပြေးသွားလာဖို့ ခက်ခဲတဲ့ လူတွေ ကျန်ရှိနေဆဲပါ။ တချို့ကလည်း ဘာမှ မဖြစ်ဘူးပေါ့။ ဆက်နေထိုင်မယ်ဆိုတဲ့ လူတွေ၊၊ ဖြစ်လာတဲ့ဟာကို အကောင်းဆုံး ရင်ဆိုင်မယ်ဆိုပြီး နေတဲ့ လူတွေ ရှိသေးတယ်။ မင်းတပ်ကနေ ထွက်ဖို့ကလည်း ငွေကုန်ကြေးကြ အရမ်းများတယ်။ လမ်းစရိတ်တွေပေါ့နော်” ဟု ကိုလောရင့်က ပြောသည်။ မင်းတပ်မြို့ပေါ်တိုက်ပွဲများသတင်းကြောင့် မြို့ပေါ်ဒေသခံ အများစုသည် ယခုလပိုင်းအတွင်း စစ်ဘေးရှောင်သွားကြခြင်းဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် မင်းတပ်မြို့ပေါ်သာမက မြို့အနီးအနား ၃ မိုင်က ရွာများနှင့် ပန်းအော့ရွာအပါအဝင် ကျေးရွာ ၇ ရွာခန့်သည် လေကြောင်းတိုက်ခိုက်မှု ပြင်းပြင်းထန်ထန်ခံနေရသောကြောင့် ရွားလုံးကျွတ် စစ်ဘေးရှောင်သွားကြပြီးဖြစ်ကြောင်း သိရသည်။ မင်းတပ်မြို့ပေါ်နှင့် အနီးဝန်းကျင်းကျေးရွာများမှ ဒေသခံများသည် မြို့နယ်အတွင်းက တခြားကျေးရွာများ၊ တောတောင်နှင့် တောင်ယာတဲများတွင် ယာယီတဲများ ဆောက်လုပ်ကာ စစ်ဘေးရှောင်နေရကြောင်း ၊ တချို့ ဒေသခံများမှာ မကွေးတိုင်း ဒေသကြီးဘက်နှင့် ရန်ကုန်၊ မန္တလေးဘက်သို့…
