Author: Editor

(002MG) ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့မှ ဖမ်းဆီးထားသော အမျိုးသမီး (၂) ဦးထဲမှ တစ်ဦးသည် မြို့မိ မြို့ဖများ၏ အာမခံချက်ဖြင့် စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့ပြီး ကျန်အမျိုးသမီးတစ်ဦးကိုမူ ဆက်လက်ဖမ်းဆီး ထားသည်ဟု သိရသည်။ မင်းတပ်မြို့ခံတဦးက “စွန်တောင်ဖက် တယောက်ကတော့ မနေ့က ပြန်လွတ်ပေးတယ်၊ တယောက်က ကျန်သေး တယ်၊မြို့ မိမြို့ဖတွေရဲ့ အာမခံချက်နဲ့ ပြန်လွှတ်ပေးတယ်၊ နောက်တယောက်တော့ အကြောင်းအစုံမသိရသေးဘူး။သူတို့ (၂) ယောက်စလုံးက မှတ်ပုံတင်လာလုပ်ကြတာပါ” ဟုပြောသည်။ အဆိုပါ အမျိုးသမီး (၂) ဦးမှာ မင်းတပ်မြို့နယ်ဖက်က စစ်ဘေးတိမ်းရှောင်ရင်း မြို့ပေါ်သို့ မှတ်ပုံတင်ပြုလုပ်ရန် ပြန်လာစဉ် စစ်ကောင်စီတပ်ဖွဲ့မှ အထွေထွေအုပ်ချုပ်ရေးရုံးအနီးတွင် ၎င်းတို့၏ နာမည်စာရင်းနှင့်အတူ ရုတ်တ ရက်ရောက်လာကာ စစ်ဆေးမေးမြန်ရန်ရှိသည်ဟုဆိုကာ မေလ ၈ ရက်နေ့က ဖမ်းဆီးခံကြရခြင်းဖြစ်သည်။ စစ်ကောင်စီတပ်ဖွဲ့သည် ကျန်အမျိုးသမီးတဦးကိုမူ အကြမ်းဖက်မှုနှင့်ပက်သက်သောကြောင့်ဟုဆိုကာ ခလရ (၂၇၄) တွင် ဆက်လက်ဖမ်းဆီးထားကြောင်း သိရသည်။ မင်းတပ်မြို့ပေါ်တွင် စစ်ကောင်စီတပ်က လုံခြုံရေး စစ်ဆေးရေး တင်းကြပ်စွာပြုလုပ်လာသောကြောင့် အရပ်သား ပြည်သူဖမ်းဆီး ခံရမူများလည်း နေ့စဉ်တိုးများလာနေကြောင်း သိရသည်။

Read More

(004SS) ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ် ခဝဲကျေးရွာတွင် နင်းမိုင်းပေါက်ကွဲမှုကြောင့် ကလေးငယ် ၄ ဦး ပွဲချင်းသေဆုံးကာ ၁ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ မေလ ၉ ရက်နေ့ မနက်ပိုင်း ၁၁ ဝန်းကျင်ခန့်တွင် ခဝဲကျေးရွာအနီး ‌‌မြစ်ကမ်းနားမြေပဲခင်းတွင် ဆော့ကစားနေကြသော ကလေးငယ်များက မိုင်းနင်းမိ၍ ပေါက်ကွဲမှုဖြစ်ပွားခြင်းဟု သိရသည်။ “ရွာနဲ့လည်းမဝေးဘူး နီးနီးလေးပေါ့ အဲဒီမှာ မြေပဲခင်းလုပ်တာ၊ ချောင်းနဲ့လည်းနီးတယ် ကလေးတွေကသွားဆော့တာပေါ့ ပူလည်းပူတယ် ပူတော့ ချောင်းမှာပဲနေတတ်ကြတာများတယ် ပလက်ဝက ကလေးတွေက အဲဒီချောင်းမှာရေချိုးဖို့သွားရင်း နဲ့ ဆော့တဲ့အခါမှာ သူတို့ကမိုင်းကို တစ်ယောက်က နင်းလိုက်တာပေါ့နော် အဲဒီမှာတခါတည်းပါသွားတာ” ဟု ကြားကာလ ခူမီး (ချင်း) မျိုးနွယ်စုများရေးရာ အတိုင်ပင်ခံကောင်စီ – IKACC အတွင်းရေးမှူးက ပြောသည်။ အဆိုပါနင်းမိုင်းပေါက်ကွဲမှုကြောင့် အသက် ၈ နှစ်အရွယ် မောင်အောင်ထွန်း၊ မောင်းလင်းမြတ်၊ မောင် အောင်လင်းထွန်း နှင့် အသက် ၁၁ နှစ်အရွယ် မောင်အောင်လင်းစိုးတို့ သေဆုံးကာ ယမန်နေ့ ညနေပိုင်းတွင် သဂြိုလ်လိုက်ကြကြောင်း သိရသည်။ ထို့နောက် သေဆုံးသွာသူ မောင် အောင်လင်းစိုး၏ ညီငယ် မောင်အောင်စိုးလင်း အသက် ၈ နှစ်မှာလည်း ဝမ်းဗိုက်နှင့် တစ် ကိုယ်လုံးတွင် ပြင်းထန်ဒါဏ်ရာရရှိကာ ရွာထဲတွင်ဆေးကုသပေးကြောင်းသိရပြီး အသက်အန္တရာယ် စိုးရိမ်ရကြောင်း သိရသည်။ အဆိုပါ မိုင်းပေါက်ကွဲသည့်နေရာသည် ယခင်က စစ်ကောင်စီ အခြေချတပ်ဆွဲသည့် နေရာဟု သိရပြီး လက်ရှိတွင် AA ကနေရာယူ…

Read More

(005MK) မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုဖြစ်ပွားသည့် ၂၀၂၁ ခုနှစ်နောက်ပိုင်းကစ၍ စစ်ရေးအခြေအနေကြောင့် မီဇိုရမ်ပြည်သို့ ထွက်ပြေးခိုလုံလာသူ မြန်မာစစ်ဘေးရှောင် ၃၄၀၀၀ ကျော်ရှိသည်ဟု မီဇိုရမ်အစိုးရ၏ စာရင်းအရသိရသည်။ မီဇိုရမ်ပြည်ထဲရေးဝန်ကြီးဌာန၏ နောက်ဆုံးသတ်မှတ်ထားသော စာရင်းအရ ယခုလက်ရှိ မီဇိုရမ်ပြည်နယ်တွင် မြန်မာ စစ်ဘေးရှောင် ၃၄၃၄၆ ဦးရှိပြီး ယင်းအနက် ကလေးငယ် ၁၃၀၀၀ ကျော်ရှိသည်ဟု သိရသည်။ မေလ ၄ ရက်နေ့အထိ ကောက်ယူထားသောစာရင်းအရ မီဇိုရမ်ပြည်နယ်အတွင်းရှိ ခရိုင်အသီးသီးတွင် စစ်ဘေးရှောင် စခန်း (Relief Camp) ၁၄၉ ခုရှိပြီး စစ်ဘေးရှောင် ၁၆၄၄၅ ဦးမှာ ယင်းစစ်ရှောင်စခန်းများတွင်နေထိုင်ကြသည်ဟု ဆိုသည်။ စစ်ဘေးရှောင်အများစုဖြစ်သည့် လူဦးရေ ၁၇၉၀၁ ဦးမှာ စစ်ရှောင်စခန်းများတွင် နေထိုင်ခြင်းမရှိဘဲ စခန်းပြင်ပတွင် နေထိုင်ကြသည်ဟု သိရသည်။ မြန်မာနိုင်ငံကစစ်ဘေးရှောင်များသည် မီဇိုရမ်ပြည်နယ်သို့ အချိန်အတိုင်းအတာတခုထိ အလုံးအရင်းဖြင့် ဝင်ရောက်လာခြင်းမရှိခဲ့သော်လည်း ပြီးခဲ့သည့်ရက်ပိုင်းအတွင်း အလုံးအရင်းဖြင့်ဝင်လာရောက်လာမှု ၃ ကြိမ် ခန့်ရှိခဲ့သည့်အတွက် စစ်ဘေးရှောင်ဦးရေမှာလည်း တိုးလာခြင်းဖြစ်သည်ဟု သိရသည်။ မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင်ထဲတွင် မြန်မာစစ်ဘေးရှောင်အများဆုံးနေထိုင်ကြပြီး ၁၄၄၉၉ ဦးရှိသည်ဟုသိရသည်။ ရှာဟာခရိုင်ထဲတွင် ၆၀၄၄ ဦး၊ လောင်တလိုင်ခရိုင်ထဲတွင် ၅၉၂၂ နှင့် အိုင်ဇောလ်ခရိုင်ထဲတွင် ၂၂၉၁ ဦးရှိသည်ဟု သိရသည်။ အလားတူ ခေါဇောလ်ခရိုင်ထဲတွင် မြန်မာစစ်ဘေးရှောင် ၁၃၄ ဦး၊ ကော်လစစ်ခရိုင်ထဲတွင် ၁၃၉ ဦးနှင့် ဆိုင်းသွလ်းခရိုင်ထဲတွင် ၂၁၁ တို့ရှိကြသည်ဟု သိရသည်။

Read More

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီး ၃ နှစ်အကြာမှာ ချင်းလဲန်းကောင်စီက ချင်းပြည်အစိုးရကို စတင်ဖွဲ့စည်းနိုင်ခဲ့တာ ဒီတစ်ပတ်ထဲမှာ ရက်ပေါင်း ၁၀၀ ပြည့်လာတော့မှာပါ။ ချင်းပြည်အစိုးရကို ဝန်ကြီးဌာန ၁၅ ခုနဲ့ ဖွဲ့စည်းကာ စတင်ဖွဲ့စည်းချိန်မှာ ကျန်းမာရေးကဏ္ဍအပါအဝင် ပညာရေး၊ လူသားစာနာ ထောက် ထားရေးနှင့် ပြန်လည်ထူထောင်ရေး၊ CDM ဝန်ထမ်းတွေ အရေး စတဲ့ ကိစ္စရပ်တွေကို “ထိထိရောက်ရောက် ဆောင်ရွက်သွားမယ်” လို့ ထုတ်ပြန်ခဲ့ပါတယ်။ ချင်းပြည်အစိုးရ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်း ဆောင်ရွက်ခဲ့မှု၊ ချင်းကျန်းမာရေးကဏ္ဍ အခက်အခဲနဲ့စိန်ခေါ်မှုဘယ်လိုရှိပါလဲ၊ ကျန်းမာရေးကဏ္ဍအတွက် ဘယ်လိုအစီအမံတွေ ရှိထားပါသလဲ၊ ချင်းလဲန်း ကောင်စီ၊ ချင်းပြည်အစိုးရ၊ ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဒေါက်တာ ရှာရွန်ပါရ်ကို ခိုနူမ်းသုန်သတင်းဌာနမှ Salai Vakok က ဆက်သွယ်မေးမြန်းထားပါတယ်။ မေး – ဆရာမတို့ ကျန်းမာရေးနဲ့ အားကစာဝန်ကြီးဌာနက ရက် ၁၀၀ စီမံကိန်းအတွင်းမှာ ဘာတွေ ဆောင်ရွက်နေပါသလဲခင်ဗျာ။ ဖြေ – ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေနဲ့ ရက် ၁၀၀ အတွင်းမှာ ချင်းပြည်အစိုးရ အတွင်းမှာ ရှိနေတဲ့ ဧရိယာ အသီးသီးရဲ့ဒေသဆိုင်ရာ အချက်အလက်တွေကောက်ယူခြင်း၊ ချင်းပြည်အတွင်းမှာရှိတဲ့ NGOs, CBOs/CSOs များနဲ့တွေ့ဆုံ ခြင်း၊ နယ်မြေများသို့ ကွင်းဆင်းခြင်း၊ အလှူရှင်များ၊ မိတ်ဘက် အစိုးရများနှင့် တွေ့ဆုံခြင်းများ ပြုလုပ်ခဲ့ပါတယ်။ မေး – ချင်းပြည်နယ်ရဲ့ လက်ရှိ ကျန်းမာရေးကဏ္ဍဟာ ဘယ်လိုအခြေအနေတွေမှာရှိနေပါသလဲ။ ဖြေ -…

Read More

(006SV) မကွေးတိုင်း၊ ကျောက်ထုတိုက်နယ်၊ အကြည်ပန်းပလွန်းကျေးရွာ ဘုန်းကြီးကျောင်းတွင် ပြည်သူများ အစည်းအဝေး ပြုလုပ်နေစဉ် စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ဒေသခံပြည်သူ ၂၀ ဦးခန့် သေဆုံးပြီး ၃၀ ဦးကျော် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သတင်းရရှိသည်။ “လူဦးရေက များတယ်။ တကျောင်းကြီးကို မီးလောင်ပြာကျအောင် ပစ်လိုက်တယ်ဆိုတော့ ဘယ်သူဘယ်ဝါမှန်း မသိရတဲ့ အလောင်း ၁၃ လောင်းကို ဆွဲထုတ်လို့ ရတယ်။ ဒါပေမဲ့ ဒီထဲမှာလည်း အများကြီး ပါသွားနိုင်တယ်။ ဒဏ်ရာ ရတဲ့ လူတွေလည်းပဲ ရေတွက်လို့ မရသေးဘူး။ ခန့်မှန်းခြေက ထိုခိုက်ဒဏ်ရာရတာက ၃၀ လောက်ရှိလိမ့်မယ်။ ဆေးကုသဖို့ ထွက်သွားကြတာလေ”ဟု ကျောက်ထုနှင့် ယောတွင် စစ်ဘေးရှောင်များအရေး ကူညီဆောင်ရွက်နေသူ တစ်ဦးက ပြောသည်။ မေလ ၉ ရက် မနက် ၁၁ နာရီခန့်တွင် မကွေးတိုင်း၊ ဆောမြို့နှင့် ၆ မိုင်ခန့်အကွာက အကြည်ပန်း ပလွန်း ကျေးရွာ ဘုန်းကြီးကျောင်း တွင် ပြည်သူများ အစည်းအဝေး ကျင်းပနေစဉ် စစ်ကောင်စီသည် လေကြောင်း တိုက်ခိုက်မှုဖြင့် ပထမတစ်ကြိမ်တွင် ပေါက်ကွဲအားပြင်းထန်သော ဗုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ဒုတိယအကြိမ်တွင်လည်း ဘုန်းကြီးကျောင်းတည့်တည့်ကို လေကြောင်းမှ ပေါက်ကွဲအား ပြင်းထန်သော ဗုံးဖြင့် ထပ်မံ တိုက်ခိုက်ခဲ့ ပြီး တတိယအကြိမ်တွင် မီးလောင်စေသော ဗုံးများဖြင့် တိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းမှာ အလုံးစုံ ပျက်စီးသွားခဲ့ကြောင်း သိရသည်။ “လူကတော့ ၂၀ ထက်တော့ မကျော်ပါစေနဲ့…

Read More

(004SS) ချင်းပြည်နယ် ၊ မတူပီမြို့နယ်တွင် စစ်ကောင်စီမှ အထူးအစီစဉ်တရပ်အနေဖြင့် ပြန်လည်ကျင်းပသည့် တက္ကသိုလ်ဝင် စာမေးပွဲတွင် ကျောင်းသူ၊ကျောင်းသားပေါင်း ၃၄ ယောက်က ဖြေဆိုခဲ့ကြောင်း ချင်းပြည်နယ် ပညာရေးမှူးရုံးထံမှ သိရသည်။ အဆိုပါ စာမေးပွဲအား ဧပြီလ ၂၉ ရက်နေ့မှ မေလ ၆ ရက်နေ့အတွင်း မတူပီမြို့ အထက ၂ တွင် ဖြေဆိုကြခြင်းဖြစ်ပြီး ဖြေဆိုရန် စာရင်းပေးသွင်းသူ အယောက် ၄၀ ကျော်ရှိသည်အနက် ကျောင်းသား ၁၀ ဦးနှင့် ကျောင်းသူ ၂၄ ဦး စုစုပေါင်း ၃၄ ဦးက ဖြေဆိုနိုင်ခဲ့ကြသည်ဟု ချင်းပြည်နယ် ပညာရေးမှူးရုံးတာဝန်ရှိသူက ပြောသည်။ “ကလေးတွေက အခက်အခဲများကြာက လာရောက်ဖြေဆိုကြတာဖြစ်တဲ့အတွက် အကုန်လုံး အောင်ပန်းဆင်မြန်းနိုင် ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်” ဟု ပညာရေးမှူးရုံးမှ တာဝန်ရှိသူက ပြောသည်။ စာမေးပွဲဖြေဆိုသူအများစုမှာ ပလက်၀၊ ဆမီးနှင့် လိုင်လင်းပီမြို့မှ ကျောင်းသူ၊ ကျောင်းသားများဟု သိရသည်။ ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ ၁၁ မှ ၁၉ ရက်နေ့အတွင်း ကျင်းပပြီးစီးခဲ့ပြီးဖြစ်သော်လည်း အချို့ဒေသများတွင် လုံခြုံရေးအရ စာမေးပွဲဖြေဆိုခွင့်မရရှိခဲ့သည့် ကျောင်းသူ/ကျောင်းသားများအတွက် အထူး အစီအစဉ်ဖြင့် ပြန်လည်ကျင်းပရန် စစ်‌ကောင်စီက စီစဉ်ခြင်းဖြစ်ပြီး ချင်းပြည်နယ်တွင် မတူပီမြို့၌ ကျင်းပကြခြင်း ဖြစ်သည်။ ၂၀၂၄ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် ချင်းပြည်နယ်သည် စာမေးပွဲဖြေဆိုရန် လျှောက်ထားသူဦးရေ ၁၇၂၃ ရှိသည့် အနက် အမှန်တကယ် လာရောက်ဖြေဆိုသူမှာ ၄၀၁ ယောက်သာရှိပြီး ပျက်ကွက်သူ…

Read More

(002MG) ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် ကျေးရွာဖက်တွင် စစ်ဘေးတိမ်းရှောင်ရင်း မြို့ပေါ်သို့ မှတ်ပုံတင်ပြုလုပ်ရန် ပြန်လာကြ သည့် အမျိုးသမီး ၂ ဦးကို ယမန်နေ့က အထွေထွေအုပ်ချုပ်ရေးရုံးအနီးတွင် စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး ပြန် လွတ်ပေးခြင်းမရှိသေးကြောင်းသိရသည်။ မင်းတပ်မြို့ ဒေသခံတစ်ဦးက “သူတို့က မလွတ်သေးဘူး၊ ဘာမှတော့ မထူးသေးဘူး၊ မေးမြန်း စစ်ဆေးနေတုန်းလို့ သူတို့ (စကစ) က ပြောတယ်။ ဘာကြောင့်ဖမ်းတယ်ဆိုတာ အတိအကျတော့ မသိရသေဘူး” ဟု ပြောသည်။ အဆိုပါ အမျိုးသမီး ၂ ဦးသည် ယမန်နေ့ မနက်ပိုင်းထွေအုပ်ရုံးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့များက နာမည်စာရင်းနှင့်အတူ မသက်ာသောကြောင့်ဟုဆိုကာ ဖမ်းဆီးခံခဲ့ကြရခြင်းဖြစ်သည်ဟု သိရသည်။ လက်ရှိတွင် အဆိုပါ အမျိုးသမီး (၂) ဦးကို မင်းတပ်မြို့ ပေါ် ခလရ (၂၇၄) တပ်ရင်းထဲ ဖမ်းဆီးစစ်ဆေးမေးမြန်းမူများ ပြုလုပ်နေဆဲဖြစ်ကာ မင်းတပ်မြို့မိမြို့ဖများအနေဖြင့်လည်း ဖမ်းဆီးခံရသူနှစ်ဦး၏ အခြေအနေများကို ဆောင်ရွက်ပေးနိုင်ရန် စုံးစမ်းမူများ ပြုလုပ်နေသည်ဟု သိရသည်။ မင်းတပ်မြို့ပေါ်တွင် စစ်ကောင်စီတပ် အာဏာသိမ်း သုံးနှစ်တာကာလအတွင်း မြို့တွင်း အရပ်သားဖမ်းဆီးခံရသူ ၃၀၀ နီးပါးရှိလာပြီဖြစ်ကာ အချို့မှာ ပြန်လည်လွတ်မြောက်လာကြသော်လည်း တချို့မှာလည်း ယနေ့ချိန်ထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိကြပေ။ ယခုရက်ပိုင်း မင်းတပ်မြို့တွင်း အိမ်ထောင်စုစာရင်းပြုလုပ်သူများ၊ မှတ်ပုံတင်ပြုလုပ်ရန်လာကြသည့် ပြည်သူများပြားသည်ဟုသိရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များမှလည်း မင်းတပ်မြို့တွင်း နေ့တိုင်း လုံခြုံရေးပိုင်းတွင် တင်းကြပ်စွာ စစ်ဆေးမူများပြုလုပ်သည်ဟု မင်းတပ်မြို့ဒေသခံထံမှ သိရသည်။

Read More

(006SV) ချင်းတော်လှန်ရေးအင်အားစုများက ကျင်ဒွေးမြို့ကို သိမ်းပိုက်ပြီးနောက် နှစ်ပတ်နီးပါးကြာ ခြေရာဖျောက်သွားသည့် စစ်ကောင်စီတပ်၊ ပျူစောထီး ၅၀၀ ခန့်နှင့် ချင်းညီနောင်အဖွဲ့တို့ နေ့စဉ်နီးပါး တိုက်ပွဲများ ပြင်းထန်နေသည်ဟု CDF ကန်ပက်လက်တပ်ဖွဲ့ထံမှ သိရသည်။ “အခုအခြေအနေက ကန်ပက်လက်မှာ နေ့တိုင်းလိုပဲ တိုက်ပွဲတွေ ဖြစ်နေပါတယ်။ တိုက်ပွဲတွေမှာ လေကြောင်း ကနေလည်း ပစ်ကူပေးနေပါတယ်။ စစ်သားနဲ့ ပျူအင်အားက ၅၀၀ တောင် ရှိတယ်ဗျာ။ အဲဒါကို ကျနော်တို့ လိုက်လံ တိုက်ထုတ်နေပါတယ်” ဟု CDF – ကန်ပက်လက်၊ တပ်မဟာမှူး ဆလိုင်းထွန်းလိန်ထန်က ပြောသည်။ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်ထဲက ချင်း-မကွေးအစပ်မှ စစ်ရေးအချက် အချာကျသည့် ကျင်ဒွေးမြို့ စစ်ကောင်စီ တပ်စခန်းကို ဧပြီလ ၂၉ ရက်က ချင်းညီနောင်အဖွဲ့ ပူးပေါင်းတပ်များက အပြီးတိုက် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။ သို့သော် ကျင်ဒွေမြို့ စစ်ကောင်စီစခန်းမှ လွတ်မြောက်နေသော စစ်ကောင်စီတပ်နှင့် ပျူ အင်အား ၅၀၀ ခန့်ကို တော်လှန်ရေး တပ်ပေါင်းစုများက ယနေ့အထိ နှစ်ပတ်နီးပါးကြာ ကန်ပက်လက်မြို့နယ်အတွင်းမှာပင် အပြင်းအထန် လိုက်လံတိုက်ထုတ် နေရဆဲဖြစ်ကြောင်း တပ်မဟာမှူးက ပြောသည်။ ချင်းညီနောင် စစ်ဆင်ရေးအဖြစ် သတ်မှတ်ဖော်ဆောင်ခဲ့ရသည့် ကျင်ဒွေးမြို့သိမ်းတိုက်ပွဲတွင် လက်နက်ခဲယမ်း၊ စားနပ်ရိက္ခာ၊ ဆေးဝါးပစ္စည်းများအတွက် ကုန်ကျစရိတ် များစွာရှိခဲ့ပြီး လက်ရှိ စစ်ရေးအသုံးစရိတ်အဖြစ် ကျပ်သိန်း (၁) ထောင်ကျော်ခန့် ပေးဆပ်ရန် ကျန်ရှိနေသေးကြောင်း CDF – ကန်ပက်လက်ထံမှ သိရသည်။ “အဓိကက လက်နက်ခဲယမ်း၊…

Read More

(005MK) အိန္ဒိယ-မြန်မာနယ်စပ်အကြား လွတ်လပ်စွာလှုပ်ရှားသွားလာခွင့် FMR စနစ်ကိုဖျက်သိမ်းပြီး နယ်စပ်ခြံစည်းရိုးကာရံမည့် အိန္ဒိယ ဗဟိုအစိုးရအစီစဉ်ကို ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် Zo Reunification Organization (ZORO) အဖွဲ့က အိန္ဒိယ-မြန်မာနယ်စပ်တွင် မေလ ၁၆ ရက်နေ့၌ ငြိမ်းချမ်းစွာ ချီတက်ပွဲ (Peacefully Rally) ပြုလုပ်မည်ဟု သိရသည်။ Zo Reunification Organization (ZORO) အဖွဲ့မှတာဝန်ရှိသူများသည် ယနေ့မေလ ၈ ရက်နေ့ တွင် မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် ပူးလာလ်ဒိုအောမ်မာကို သူ၏ရုံးခန်းတွင် သွားရောက်တွေ့ဆုံကာ ၎င်းတို့အစီစဉ်နှင့်ပတ်သက်၍ ဆွေးနွေး တင်ပြခဲ့ကြသည်ဟု သိရသည်။ ယင်းတွေ့ဆုံမှုတွင် ဝန်ကြီးချုပ်က မီဇိုရမ်ပြည်နယ်နှင့်ထိစပ်နေသော နယ်စပ်တစ်လျှောက်ကို ခြံစည်းရိုးကာရံခြင်းမပြုလုပ်ရန် နှင့် လွတ်လပ်စွာလှုပ်ရှားသွားလာခွင့် FMR စနစ်ကိုလည်း မဖျက်သိမ်းရန် အိန္ဒိယဗဟိုအစိုးရ တာဝန်ရှိ သူများ ထံတောင်းဆိုခဲ့ဖူးပြီး၊ ယခုကဲ့သို့ ငြိမ်းချမ်းစွာဆန့်ကျင်ဆန္ဒဖော်ထုတ်မည့် အစီစဉ်သည်လည်း ကောင်းမွန်ကြောင်း ထောင့်ပေါင်းစုံ နည်းလမ်းပေါင်းစုံဖြင့် အရေးဆိုလှုပ်ရှားဆောင်ရွက်ရန်လိုအပ်သည်ဟု ပြန်လည်ပြောကြားခဲ့သည်ဟု ZORO တာဝန်ရှိသူတစ်ဦးကပြောသည်။ ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်မှုကို မေလ ၁၆ ရက်နေ့ မနက်ပိုင်း ၁၁ နာရီတွင် အိန္ဒိယ-မြန်မာနယ်စပ်အမှတ် ၂ ကုန်သွယ်ရေး ရိ-ဇိုခေါထာရ်စခန်း Zokhawthar နှင့် Vaphai ကျေးရွာ ၂ နေရာတွင် ကျင်းပပြုလုပ်ကြမည်ဖြစ်ပြီး မီဇိုရမ်ပြည်သူများနှင့် ချင်းပြည်သူများအနေဖြင့် အပြည့်အဝပူး ပေါင်းပါဝင်ပေးကြရန် ZORO အဖွဲ့က တောင်းဆိုထားသည်။ အိန္ဒိယ-မြန်မာနှစ်နိုင်ငံကြားလွတ်လပ်စွာလှုပ်ရှားသွားလာခွင့် FMR ဖျက်သိမ်းပြီး နယ်စပ်တစ်လျှောက်ကို ခြံစည်းရိုး ကာရံရန်စီစဉ်ခြင်းသည် မိမိတို့လူမျိုးတူမျိုးနွယ်စုများအား ပိုင်းခြားရန်စီစဉ်ခြင်းဖြစ်သည့်အတွက် လက်မခံကြောင်း…

Read More

(006SV) ချင်း၊ စစ်ကိုင်းနှင့် မကွေးတိုင်းအတွင်းမှာ စစ်အာဏာရှင်ကို တော်လှန်တိုက်ခိုက်နေသော CDF – KKG ချင်းကာကွယ်ရေးတပ်ဖွဲ့သည် တစ်ပတ်နီးပါးတွင် ရဲဘော် (၄) ဦး ကျဆုံးခဲ့ရပြီး ၄ ဦးထက်မနည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။ “တပ်ရင်း ၇ ကျတော့ တီးတိန်မြို့နယ်ထဲက ZRA နဲ့ တိုက်ပွဲမှာ စခန်းသိမ်းတိုက်ပွဲမှာ ကျသွားတယ်။ တပ်ရင်း ၄ က နှစ်ယောက်ကတော့ ရှားပုံ တိုက်ပွဲမှာ ကျနော်တို့ မိုင်းမှာ ကိုယ့်မိုင်းနဲ့ ကိုယ် ပြန်ထိတာပေါ့နော်။ စကစက စစ်ကြောင်း ထိုးတာမှာ ကျနော်တို့ မိုင်းထောင်တာ ပြန်ပြီးတော့ တိုက်မိတဲ့ သဘောပါ။ တပ်ရင်း ၅ က ရဲဘော်ကျတော့ ဒရုန်း စစ်ဆင်ရေးလုပ်တဲ့ အချိန်မှာ ဗုံးက လေတိုက်ပြီး ပြန်ကျတော့ ပြန်ထိမိတာပါ” ဟု CDF – KKG မှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။ ဧပြီလ ၂ ရက်က တီးတိန်မြို့နယ်တွင် CNA ဦးဆောင်သည့် ချင်းကာကွယ်ရေးပူးပေါင်းနှင့် ဇိုမီး တော်လှန်ရေးတပ် (ZRA- EC) တို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ မွာလ်လွန်းကျေးရွာအနီးက (ZRA- EC) Carmel စခန်းသိမ်းတိုက်ပွဲတွင် CDF – KKG တပ်ရင်း (၇) မှ တပ်စုမှူး ရဲဘော် Dal Sin Mung (ခ) Dal Mung…

Read More