Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ချင်းလဲန်းကောင်စီတွင် ပူးပေါင်းပါဝင်မည်ဟု PDA- တီးတိန် ပြော

ချင်းလဲန်းကောင်စီတွင် ပူးပေါင်းပါဝင်မည်ဟု PDA- တီးတိန် ပြော

0
By Editor on June 1, 2024 Headline

(006SV)

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်း စစ်ရေးလှုပ်ရှားနေသည့် People defense Army – Tedim (PDA- တီးတိန်) က ချင်းလဲန်းကောင်စီတွင် ပူးပေါင်းပါဝင်မည်ဟု ပြောဆိုလိုက်သည်။

ချင်းလဲန်းကောင်စီ၏ စစ်ရေး၊ နိုင်ငံရေးလှုပ်ရှားမှုများကို ထောက်ခံပြီး ချင်းလဲန်းကောင်စီ၏ နိုင်ငံရေးလှုပ်ရှားမှုများတွင် ပူးပေါင်းပါဝင်မည်ဖြစ်ကြောင်း ယနေ့ (ဇွန်လ ၁ ရက်) တွင် PDA – တီးတိန်က သတင်းထုတ်ပြန်ခြင်းဖြစ်သည်။

ချင်းလဲန်းကောင်စီ စတင်ဖွဲ့စည်းပြီးနောက် လေ့လာသူအဖြစ်ပါဝင်လာခဲ့ရာ ချင်းလဲန်းကောင်စီတွင် တရားဝင်အဖွဲ့ဝင်အဖြစ် ပူးပေါင်းဆောင်ရွက်ရန် PDA ၏ ဘုံအစည်းအဝေးအရ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ချင်းအမျိုးသားတပ်ဦး CNF/ CNA နှင့် People defense Army (PDA- Tedim) တို့သည် စစ်ရေးအရ ပူးပေါင်းဆောင်ရွက်ရန် သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပြီး လက်ရှိအချိန်အထိ အတူတကွရပ်တည်ကာ တော်လှန်ရေးကို အဓိကထား ဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

စစ်အာဏာသိမ်းပြီးနောက် လက်နက်ကိုင်တော်လှန်ရေးတိုက်ပွဲတွင် ပါဝင်ဆင်နွှဲခဲ့ရာ ယနေ့အထိ တိုက်ပွဲပေါင်းများစွာကို မဟာမိတ်တပ်အသီးသီးနှင့်အတူ ဖော်ဆောင်ခဲ့ပြီး စခန်းသိမ်းတိုက်ပွဲများကိုပါ ဆင်နွှဲခဲ့ကြောင်း PDA က ထုတ်ပြန်သည်။

ပြီးခဲ့သည့် တွန်းဇံမြို့နှင့် ကျီခါးမြို့သိမ်းတိုက်ပွဲများတွင် ချင်းပြည်အစိုးရအဖွဲ့၏ လက်အောက်ခံ ချင်းကာကွယ်ရေးတပ်ဖွဲ့များနှင့်အတူ PDA တပ်ဖွဲ့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

၂၀၂၁ ခုနှစ် မေလ ၁၇ ရက်တွင် PDA ချင်းကာကွယ်ရေးအဖွဲ့ကို စတင်ဖွဲ့စည်းခဲ့ပြီး စစ်ကောင်စီ၏ စစ်စခန်းများကို တိုက်ခိုက်ခြင်း၊ မူးယစ်ဆေးဝါးပပျောက်ရေးနှင့် ရာဇဝတ်မှု များ ဖမ်းဆီးအရေးယူခြင်းတို့ကို လုပ်ဆောင်နေကြောင်း PDA ၏ ၂ နှစ်ပြည့်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ချင်းလဲန်းကောင်စီသည် အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့် အာမခံချက်ရှိသော ချင်းပြည်တည်ဆောက်ရန်၊ နိုင်ငံရေးနှင့် အမျိုးသားတန်းတူရေး အာမခံချက်ရှိသော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန်နှင့် ဒီမိုကရေစီတည်ဆောက်ရန် ရည်မှန်းချက်ထားရှိကြောင်း စတင်ဖွဲ့စည်းသော ၂၀၂၃ ဒီဇင်ဘာလ ၆ ရက်က ထုတ်ပြန်ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

August 28, 2026

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.