Author: Editor

(006SV) ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်တွင် အများပြည်သူ မှီတင်းနေထိုင်ရာ မြို့ရွာများအတွင်း တိုက်ပွဲဖော်ဆောင်ခြင်း မပြုလုပ်ဘဲ ရှောင်ရှားပေးရန် တွန်းဇံမြို့၊ ခရစ်ယာန်ဂိုဏ်းပေါင်စုံ မိတ်သဟာယအဖွဲ့နှင့် မြို့မိမြို့ဖများက ပန်ကြားလွှာ ထုတ်ပြန်သည်။ ဒီမိုကရေစီ ဖော်ဆောင်ရေး လုပ်ငန်းစဉ်ကို ဟန့်တား နှောင့်နှေးစေလိုသော သဘောထား လုံးဝမရှိဘဲ လူသားစာနာမှု ရှု့ထောင့် တစ်ခုတည်းမှ ရှုမြင်လျက် တင်ပြရခြင်းဖြစ်ကြောင်း တွန်းဇံမြို့၊ ဘာသာရေးဆရာနှင့် မြို့မိမြို့ဖများက ထုတ်ပြန်သည်။ “အဲထုတ်ပြန်ချက်က မှန်ပါတယ်။ ဒီက ဘာသာရေးပိုင်းဆရာတွေနဲ့ ရပ်မိရပ်ဖတွေက ထုတ်ပြန်ထားတာပါ။ အဓိကက ဒီမှာက မြို့ထဲမှာ စစ်မဖြစ်ဖို့၊ တိုက်ပွဲမဖော်ဖို့ ထုတ်တာပါ။ မြို့ထဲမှာ တိုက်ပွဲဖြစ်ရင် အိမ်တွေ၊ ဘာတွေ လောင်တာတို့ပေါ့နော်။ သူတို့ အစည်းအဝေး လုပ်ပြီးမှ အဲလိုထုတ်လိုက်တာထင်တယ်” ဟု တွန်းဇံမြို့ပေါ်က မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။ ချင်းပြည်နယ်၊ မြောက်ပိုင်း အစွန်ဆုံးရှိ တွန်းဇံမြို့နယ်အတွင်းက ပြည်သူလူထုသည် အသက်အိုးအိမ် ထိခိုက်ပျက်စီးမှုနှင့် ဆုံးရှုံးနစ်နာမှုများထဲသို့ ဆင်းသက် ကျရောက်မည်ကို အထူးစိုးရိမ်မကင်းဖြစ်နေရသည်ဟု တွန်းဇံမြို့၊ ဘာသာရေးဆရာနဲ့ မြို့မိ/မြို့ဖများက မေလ ၃ ရက်က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် အသက်အိုးအိမ်ပျက်စီးဆုံးရှုံးမှုကို အဓိက ဖြစ်ပေါ်စေသော လက်နက်စွဲကိုင် တိုက်ခိုက်မှုမှန်သမျှကို အများပြည်သူ မှီတင်နေထိုင်ရာ မြို့ရွာများအတွင်း ဖော်ဆောင်ခြင်းမပြုလုပ်ဘဲ ရှောင်ရှာပေးနိုင်ပါရန် အထူးလိုလားကြောင်း ပြည်သူများ၏ ဆန္ဒအမှန်ကို တင်ပြအပ်ပါကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။ တွန်းဇံမြို့ကဒေသခံတို့သည် “စားဝတ်နေရေး” တွင် “နေရေး” ကိုသာ အရေးထားဆောင်ရွက်နေသူများဖြစ်ပြီး ရှိသမျှချွေးနှဲစာဖြင့် နေအိမ်များ ဆောက်လုပ်ကာ…

Read More

(005MK) အိန္ဒိယ-မြန်မာနယ်စပ်ဖြတ်သန်းသွားလာခွင့်ကို ကန့်သတ်ပိတ်ပင်ရန် ဗဟိုအစိုးရကနေ တစုံတရာညွန်ကြားမှုမရှိခဲ့ကြောင်း မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် ပူးလာလ်ဒိုအောမ်မာကပြောသည်။ ဝန်ကြီးချုပ်ရုံး၌ မေလ ၃ ရက်နေ့ကကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် အာသံရိုင်ဖယ်တပ်ဖွဲ့က အိန္ဒိယ-မြန်မာ နယ်စပ်ဝင်ထွက်သွားလာခွင့်ပိတ်ပင်ခဲ့သည့်ကိစ္စနှင့်ပတ်သက်၍ မေးမြန်းမှုကို မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်က ထိုကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။ “ရွေးကောက်ပွဲအကြောင်းပြချက်နဲ့ အာသံရိုင်ဖယ်က ပိတ်ခဲ့တယ် ၊ အကျိုးကြောင်းကိုမေးကြည့်တော့ အထက်ကနေ အမိန့်ရလို့ အမိန့်အတိုင်းလုပ်ဆောင်တာဖြစ်တယ်လို့ သူတို့ကပြောပါတယ်၊ ဒါဆိုရင် ဒီကိစ္စကို ပြည်နယ်အစိုးရက ဘာမှမသိရတာလဲ၊ ဘာကြောင့် ဗဟိုအစိုးရက အသိမပေးတာလဲ၊ မိမိတို့ပြည်နယ်မှာ မိမိတို့ သိရှိခြင်းမရှိဘဲ ဒီလိုလုပ်ဆောင်တာဟာ မဖြစ်သင့်ဘူးဆိုပြီး ပြည်နယ်အတွင်းရေးမှူးကို ပြည်ထဲရေးဝန်ကြီးဌာနထံ ချက်ချင်းဖုန်းဆက်မေးမြန်းခိုင်းပါတယ်၊ ပြည်ထဲရေးဝန်ကြီးဌာနကိုမေးကြည့်တဲ့အခါမှာ သူတို့အနေနဲ့ အဲဒီလို အမိန့် ပေးတာမျိုးဘာမှမရှိဘူး၊ သိရှိခြင်းလည်းမရှိဘူးလို့၊ ချက်ချင်းပြန်ရုပ်သိမ်းပါမယ်ဆိုပြီး နယ်စပ်ကိုပြန်ဖွင့်ခဲ့တာဖြစ်ပါတယ်” ဟု မီဇိုရမ် ဝန်ကြီးချုပ်ကပြောသည်။ အာသံရိုင်ဖယ်တပ်ဖွဲ့သည် ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲကျင်းပမှုကို အကြောင်းပြကာ အိန္ဒိယ-မြန်မာအမှတ် ၂ နယ်စပ်ကုန် သွယ်ရေးစခန်း တည်ရှိရာ ရိဒ်-ဇိုခေါထာရ် ချစ်ကြည်ရေး တံတားကို ဧပြီလ ၁၇ ရက်မှ ၁၉ ရက်နေ့အထိ ပိတ်ပင်ခဲ့ပြီးနောက် ဧပြီလ ၃၀ ရက်နေ့အထိ နားလည်မှုကာလအဖြစ်သတ်မှတ်ကာ မေလ ၁ ရက်နေ့ကစ၍ မည်သူမျှဖြတ်သန်းသွားလာခွင့်ပြုတော့မည်မဟုတ်ကြောင်း ပြောဆိုခဲ့သည်။ အာသံရိုင်ဖယ်တပ်ဖွဲ့က အိန္ဒိယ-မြန်မာနယ်စပ်ကို ပိတ်ပင်ခဲ့သည့်အတွက် မီဇိုရမ်ပြည်နယ်နှင့် ချင်းပြည်နယ်က နယ်စပ်အနီးတွင်တည်ရှိသော ဒေသခံပြည်သူများ၏ နေ့စဉ်စားဝတ်နေရေးရှာဖွေမှုအပေါ် အကြီးအကျယ်ရိုက် ခတ်လာသည့်အတွက် ဒေသခံပြည်သူများနှင့် ရပ်ရွာအဖွဲ့အစည်းများက ကန့်ကွက်ခဲ့ကြသည်။ သို့သော်လည်း မီဇိုရမ်ပြည်နယ်အစိုးရက အိန္ဒိယဗဟိုအစိုးရ ပြည်ထဲရေးဝန်ကြီးဌာနထံ စုံစမ်းမေးမြန်းခဲ့ပြီးနောက် ဧပြီလ…

Read More

ကလေးမြို့ ဒေသကွပ်ကဲရေးမှူးစစ်ဌာနချုပ်ရုံးနှင့် စစ်ကောင်စီတပ်အထိုင်ချစခန်းများကို ယနေ့ မေလ ၆ ရက်နေ့တွင် Fixed Wing Drone (မောင်းသူမဲ့လေယာဉ်ငယ်) များအသုံးပြု၍ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း Wings of Kalay က ထုတ်ပြန်သည်။ ကလေးခရိုင်ပြည်သူ့ကာကွယ်ရေး Drone တပ်ဖွဲ့ (Wings of Kalay Drone Team) နှင့်အတူ Kalay Revolution Force (KRF) ကလေးဒေသတော်လှန်ရေးတပ်၊ မြို့ပြစီမံချက် UG အဖွဲ့၊ ကလးဝမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့မှ ပူးပေါင်း၍ Fixed Wing Drone များ အသုံးပြုကာ Air Bomb များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ကလေးမြို့အတွင်းရှိ ဒေသကွပ်ကဲရေးမှူးစစ်ဌာနချုပ် ကလေး (ရုံး) သို့ ဗုံးသီး (၂) လုံး၊ စစ်ကောင်စီ၏ ထောက်ပို့ယာဉ် ဆင်းနေချိန်အတွင်း ကလေးမြို့ လေယာဉ်ကွင်းအတွင်းသို့ ဗုံးသီး (၄) လုံး၊ အမှတ် (၆၄၄) စစ်လက်နက်ပစ္စည်းတပ်စုအား ဗုံးသီး (၃) လုံး စုစုပေါင်း ဗုံးသီး ၉ လုံးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ စစ်ကောင်စီဖက်မှ ထိခိုက်ဒဏ်ရာရရှိမှုရှိမရှိ စုံစမ်းဆဲဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဖက်မှ လေယာဉ်ငယ်တစ်စီး ဆုံးရှုံး ကာ ဘေးကင်းစွာဖြင့် အောင်မြင်စွာ ပြန်လည်ဆုတ်ခွါနိုင်ခဲ့သည်ဟု Wings of Kalay ကထုတ်ပြန်သည်။ ပြီးခဲ့သည့် မေလ (၂) ရက်နေ့ကလည်း ကလေးမြို့နယ်တောင်ပိုင်း ကြံသာရွာရှိ စစ်ကောင်စီအထိုင်တပ်စခန်းအား ဗုံးသီး (၂) လုံး၊ ကြံသာရွာမှ…

Read More

(002MG) စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်တွင် မေလ ၁၀ ရက်နေ့ကစ၍ သောက်ရေသန့်ဈေးနှုန်းများ မြင့်တက်တော့မည်ဟု သိရသည်။ သောက်ရေသန့်စက်ရုံသုံး အခြေခံပစ္စည်းများဖြစ်သော စက်သုံးစီ၊ ရေသန့်ဗူး ၊ပါကင်လိပ်နှင့် လုပ်အားခများ မြင့်တက်လာသောကြောင့် မေလ ၁၀ ရက်နေ့ကစ၍ သောက်ရေသန့် ၂၀ လီတာ ဗူးကြီးတစ်ဗူးလျှင် လက်လီ (၁၅၀၀) ကျပ်နှင့် လက်ကား (၁၃၀၀) ကျပ်ဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း ကလေးမြို့ သောက်ရေသန့်လုပ်ငန်းရှင်များအသင်းမှ မေလ (၄) ရက်နေ့က ထုတ်ပြန်သည်။ ကလေးမြို့ ပင်လုံရပ်ကွက်က သောက်ရေသန့်အရောင်းကိုယ်စားလှယ်တစ်ဦးက “ရေသန့်ဗူးက (၁၀) ရက်နေ့က စပြီး ဈေးတက်မယ်ဆိုပြီး စာရွက်နဲ့ လာပေးထားပြီ၊ အခုက ကုန်ဈေးနှုန်းတွေဆို ဘာမဆိုကို တက်နေတော့တာ၊ ရေပဲမတက်ဘူးထင်တာ အခု ရေပါ ဈေးတက်လာပြီ” ဟု ပြောသည်။ လက်ရှိကလေးမြို့တွင် သောက်ရေသန့်များကို တောင်ဇလပ်၊ New Life၊ Carmel၊ Wesley၊ ရွှေကလေး၊ မြနဒီ၊ ကျန်း မာချမ်းသာ ၊ နန်ခိုင်၊ B2၊ နန်းထိုက်စံ စသည်တို့က ဖြန့်ဝေရောင်းချပေးလျှက်ရှိကာ (၂၀) လီတာဗူးကြီး တစ်ဗူးလျင် (၁၀၀၀) ကျပ်ရှိသည်။ ကလေးမြို့က အိမ်ရှင်မတဦးက”အရင်တုန်းကဆို (၅၀၀) နဲ့ ဝယ်သောက်လာခဲ့တာ အခုဆို တနှစ်ကိုတမျိုး နဲ့ ဈေး တက်လာတာ၊ တစ်ထောင်နဲ့ ဈေးတက်ပြီးနောက်ပိုင်းမှာတော့ အိမ်မှာဆိုရင် ရေကျက်အေးတည်ပြီး တော့မှ သောက် ကြတော့တယ်၊ လူများတော့ တရက်ကို တဗူးကုန်တဲ့နေ့တွေလည်းရှိတော့ အရင်လို ဝယ်ဖို့ကမလွယ်ပါဘူး”…

Read More

(006SV) ချင်းပြည်နိုင်ငံရေး အခင်းအကျင်းအပြောင်းအလဲများ၊ ပါဝါအပြောင်းအလဲများကို ပိုနားလည်ပြီး ချင်းပြည် တည် ဆောက် ရေးတွင် အထောက်အကူ ပြုနိုင်ရန် အလို့ငှာ “ပါဝါတည်ရာ၊ လာရာ၊ လားရာဖြန့်ကျက်ရာ လေ့လာဆန်းစစ်မှု” စာတမ်းတစ်စောင်ကို Institute of Chinland Studies (ICS) က ထုတ်ပြန်သည်။ နွေဦးတော်လှန်ရေးသည် တနိုင်ငံလုံး၏ နိုင်ငံရေးမျက်နှာစာ အပြောင်းအလဲဖြစ်သည့် နည်းတူ ချင်းပြည်တွင်လည်း သမိုင်း တစ်လျှောက် မကြုံဖူးသေးသည့် နိုင်ငံရေးသစ်နှင့် အခင်းအကျင်းသစ်ဖြင့် အင်အားစုအသစ်များ ပေါ်ထွန်း အားကောင်းလာ ခြင်းသည် အထူးအလေးထားရမည့်အချက်ဖြစ်ကြောင်း စာတမ်းက ဆိုသည်။ လက်ရှိ ချင်းနိုင်ငံရေး အခင်းအကျင်းသည် ဗဟိုနိုင်ရေး အစီအမံမှ ကင်းလွတ်သည့် ချင်းပြည်တည်ဆောက်ရေးဖြစ်စဉ် စတင်ခြင်း ဖြစ်ကြောင်း၊ လက်ရှိအချိန်မှာ အလွှာပေါင်းစုံ၏ အမျိုးသားရေး၊ နိုင်ငံရေး နိုးကြားအားကောင်းမှုကို အခွင်းအလမ်းအဖြစ် အသုံးချ၍ နိုင်ငံရေးပဋိညာဉ်သစ်တစ်ခု တည်ဆောက်ရန် အကောင်းဆုံး အခြေအနေဖြစ်သည်ဟု စာတမ်းတွင် သုံးသပ်ထားသည်။ ICS ၏ “ပါဝါတည်ရာ၊ လာရာ၊ လားရာဖြန့်ကျက်ရာ လေ့လာဆန်းစစ်မှု” စာတမ်းကို မေလ ၄ ရက်က အွန်လိုင်းမှတစ်ဆင့်၊ တာဝန်ရှိသူများ၏ ဆွေးနွေးမှုဖြင့် ထုတ်ပြန်ခဲ့သည်။ ချင်းပြည်၏ နိုင်ငံရေး အားကောင်းလာမှု၊ အမျိုးသားရေး နိုးကြားမှုက အခြေအနေသစ် ၃ ခုကို ဖြစ်ပေါ်စေခဲ့ကြောင်း ICS စာတမ်းက ဆိုသည်။ ပထမအချက်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အသစ်များ ပေါ်ပေါက်လာရာ သက်ဆိုင်ရာ မြို့နယ်၊ ဒေသ၊ မျိုးနွယ်စုများ၏ အရေးကြီးအခန်း ကဏ္ဍတစ်ခု ဖြစ်လာခဲ့သည်ဟု…

Read More

004SS ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်တွင် လေပြင်းတိုက်ခတ်၍ မိုးသီးများကြွေကျမှုကြောင့် ကျေးရွာ ၁၀ ရွာဝန်းကျင်ရှိ စစ်ဘေးရှောင်စခန်းအပါအဝင် လူနေအိမ် ၅၀၀ ကျော် အမိုးလန်ပျက်ဆီးခဲ့ကြောင်း ထန်တလန်မြို့နယ် စစ်ဘေးရှောင်များအရေး ဆောင်ရွက်ပေးနေသူများထံမှ သိရသည်။ ယမန်နေ့ မေလ ၅ ရက်နေ့ ည ၁၁ နာရီဝန်းကျင်ခန့်က မိုးရွာသွန်းကာ လေပြင်းတိုက်ခတ်ပြီး မီုးသီးများပါ အများအပြားကြွေကျသောကြောင့် လူနေအိမ်ရာနှင့်ချီ ပျက်စီးခဲ့သည့်အပြင် အသက် ၆၇ အရွယ် အဘွားတစ်ဦးမှာ မစိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ “မနေ့ညက မိုးရွာတယ်၊ လေပြင်းတိုက်တယ်၊ ပြီးတော့ မိုးသီးလဲကျတယ်လေ၊ နေအိမ်တော်ပျက်စီးတယ်၊ တချို့က အမိုးလန်ပျက်စီးတာပေါ့ တချို့ စစ်ရှောင်စခန်းတွေဆို မိုးကာတွေနဲ့နေတာဆိုတော့ ပေါက်ပြဲကုန်တာပေါ့နော်၊ ပြီးတော့ အဘွားတစ်ယောက် မိုးသီးကျလို့ ထိခိုက်ထားတယ်၊ ဘယ်လိုဒါဏ်ရာမျိုးရတယ်ဆိုတာ‌တော့ သေချာမသိရသေးဘူး၊ ဒါပေမဲ့သိပ်တော့မစိုးရိမ်ရဘူး ဆေးရုံတော့ သွားပြရတဲ့အခြေအနေပေါ့နော်” ဟု ထန်တလန်မြို့နယ်အတွင်း စစ်ဘေးရှောင်များအရေး ဆောင်ရွက်ပေးနေသူတစ်ဦးက ပြောသည်။ လေပြင်းတိုက်ခတ်၍ မိုးသီးများကြွေကျမှုကြောင့် ထန်တလန်မြို့နယ် Zahnak တောင်ကြောရှိ Bungkhua တွင် စစ်ရှောင် နေအိမ် ၁၄၆ လုံး၊ Thangzang A, B တွင် ၇၀ ကျော်၊ Sihhmuh တွင် ၃၅ လုံး၊ Fungkah တွင် ၃၁ လုံး၊ Lungler တွင် ၈၀ ကျော်၊ Ralpel တွင် ၁၀ လုံး ၊ Ruakhua တွင် ၅၂ လုံးနှင့်…

Read More

(006SV) မရာနယ်မြေ အုပ်ချုပ်ရေးကောင်စီ (MTC) ၏ ဌာနအသီးသီးနှင့် တိုက်နယ်ကိုယ်စားလှယ်များသည် ပြီးခဲ့သည့် ရက်က ကျင်းပသော အစည်းအဝေးတွင် မရာနယ်မြေ တည်ငြိမ်အေးချမ်းရေးနှင့် ငြိမ်းချမ်းရေးကို အထူးအဆိုပြု တင်သွင်းခဲ့ကြပြီး အလေးအနက်ထား ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။ ထို့အပြင် ကောင်စီအစည်းအဝေးတွင် မရာနယ်မြေ တည်ငြိမ်အေးချမ်းရေးအပါအဝင် ကာကွယ်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ အထွေထွေအုပ်ချုပ်ရေးနှင့် အခြားအရေးကြီး အဆိုပေါင်း (၃၂) ခုကို ကိုယ်စားလှယ် အသီးသီးမှ တင်သွင်းခဲ့ပြီး အကြေအလည် ဆွေးနွေးခဲ့ကြောင်း မရာနယ်မြေအုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်သည်။ စခန်းသိမ်းတိုက်ပွဲ ဖော်ဆောင်မှုများတွင် စစ်ရေးဆိုင်ရာ အကူအညီများ ပေးသည့် ရက္ခိုင့်တပ်တော် (AA) အပါအဝင် MTC/ MDF တို့နှင့် အကျပ်အတည်းကာလတွင် အတူတကွ ရပ်တည်ပေးခဲ့သည့် CNC/ CDF – မင်းတပ်နှင့် ချင်းညီနောင်တို့ကို အထူးကျေးဇူးတင်ရှိပြီး လက်ရှိအစည်းအဝေးတွင် မှတ်တမ်းတင်ပါကြောင်း ထုတ်ပြန်သည်။ အာဏာရှင်စနစ် မှန်သမျှ ဖြုတ်ချရေး၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အပါအဝင် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးတွင် ULA/ AA၊ CNC/ CDF – မင်းတပ်၊ ချင်းညီနောင်အဖွဲ့၊ ICNCC တို့အပြင် ရည်ရွယ်ချက်တူညီသော အင်အားစုများနှင့် တော်လှန်ရေးပြီးဆုံးသည်အထိ လက်တွဲ တိုက်ပွဲဝင်သွားမည်ဟု MTC က ထုတ်ပြန်သည်။ အစည်းအဝေးတွင် ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ တချို့ရာထူးကို အတည်ပြုခြင်းတို့အပြင် လစ်လပ်ရာထူးတာဝန်များကို ပြန်လည်ရွေးကောက်ခြင်း၊ အတည်ပြုခြင်းတို့ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ဧပြီလ ၃၀ ရက်မှ မေလ ၂…

Read More

ကလေးမြို့မြောက်ပိုင်း ပြည်တော်သာကျေးရွာအနီးတွင် ယနေ့ညနေပိုင်းက အမျိုးသမီးတစ်ဦး မိုင်းနင်းမိ၍ သေဆုံးသွားသည်ဟု သိရသည်။ သေဆုံးသူမှာ အသက် ၄၀ ဝန်းကျင်အရွယ်ခန့်ရှိသော Nu Hau Kum Mang ဟု သိရပြီး ရွာအဝင်လမ်းတွင် မိုင်းနင်းမိခြင်းဖြစ်သည်ဟု သိရသည်။ မိုင်းကြောင့် ညာဘက်ခြေထောက်ပြတ်ထွက်သွားပြီးနောက် သွေးထွက်လွန်၍ သေဆုံးသွားခြင်းဖြစ်သည်ဟု ဒေသတွင်း မီဒီယာ Zofa Journal ကဖော်ပြသည်။ ကလေး-လက်ပံချောင်းကားလမ်းမပေါ်တွင်တည်ရှိသော ပြည်တော်သာကျေးရွာတွင် ဧပြီလ ၃၀ ရက်နေ့ကစ၍ စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ကို တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့က ကျေးရွာနေအိမ်များကို မီးတင်ရှို့ခဲ့သည်။ မေလ ၂ ရက်နေ့တုန်းကလည်း ပြည်တော်သာရွာထဲကျန်ခဲ့သော မသန်စွမ်းအမျိုးသား ၂ ဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့သည်။ ဒေသခံပြည်သူများအားလုံးမှာ ဘေးလွတ်ရာတောတောင်များတွင် စစ်ဘေးတိမ်းရှောင်နေကြရဆဲဖြစ်သည်။

Read More

ရေး – Salai Van Cung Lian (UK)  နိဒါန်း ဗြိတိသျှအင်ပါယာ ချင်းတောင်ကို သိမ်းပိုက်ရန်အတွက် ကြိုပမ်းစဉ် ချင်းလူမျိုးများနှင့် တိုက်ပွဲမြောက်များစွာ တိုက်ခဲ့ရသည်။ ထိုတိုက်ပွဲတွေထဲမှ စီးယင်းနယ် ယနေ့ Voklak ရွာနားတွင် ဖြစ်ပွားသော Taitan/ ရှာလ်လုမ်းတိုက်ပွဲသည် အပြင်းထန်ဆုံးတိုက်ပွဲဖြစ်သည်။ ထိုတိုက်ပွဲတွင် စီးယင်းချင်း မှ သူရဲကောင်းစစ်သည် ၂၇ ဦး တို့သည် သူတို့၏ ဘိုးဘွား စဉ်ဆက်ပိုင်ဆိုင်ခဲ့သည့် မြေကိုကာကွယ်ရင်း တိုက်ပွဲဝင်ရာတွင် အသက်ပေးလှူခဲ့ရသည်။ ဗြိတိသျှစစ်တပ်မှလည်း အရာရှိတစ်ဦးနှင့် စစ်သား ၃ ယောက်ကျရှုံးခဲ့ရသည်။ နောက်ပြီး ဗြိတိသျှအရာရှိ Surgeon. Captain Ferdinand Le Quesne သည် ကမ္ဘာ့စစ်ဘက်သူရသတ္တိဆိုင်ရာ စွမ်းရည်ဘွဲ့တံဆိပ်များတွင် အမြင့်မားဆုံးဖြစ်သော Victoria Cross တံဆိပ်ဖြင့်ဂုဏ်ပြုခြင်းခံရသည်။ ဒီနှစ်ဆိုရင် ဒီသမိုင်းဝင် ရှာလ်လုမ်းတိုက်ပွဲကြီးဟာ ၁၃၅ နှစ်ပြည့်ပြီဖြစ်သည်နှင့်အမျှ ဤတိုက်ပွဲအကြောင်းကို ဖော်ပြသွားမည်ဖြစ်သည်။ နောက်ခံသမိုင်း၁၈၈၅ ခုနှစ်မှာ ဗြိတိသျှအင်ပါယာဟာ မြန်မာတစ်နိုင်ငံလုံးကို သိမ်းပိုက်ပြီးနောက်မှာ ချင်းလူမျိုးတွေနဲ့ ဆက်သွယ်မှုရှိလာခဲ့သည်။ ဖလမ်းကောင်စီခေါင်းဆောင် Pu Con Bik (ဗိုလ်စွန်ပက်) ချင်းတွင်းနိုင်ငံရေးအရာရှိ Captain F.D. Raikes တို့သည် ၁၈၈၇ မတ်လနဲ့ ၁၈၈၈ ဇန်နဝါရီလတို့မှာ တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ကြသည်။ နောက်ပြီး Capt. Raikes သည် စီးယင်းကိုယ်စားလှယ် ငါးဦးတို့နှင့် ကလေးမြို့ဘုန်းကြီးကျောင်းတွင် ၁၈၈၇ ဒီဇင်ဘာလ ၂၆ ရက်နေ့မှာ တွေ့ဆုံခဲ့ကြသည်။ ကမ်ဟောင် (Kamhau)…

Read More

(006SV) ချင်းပြည်နယ်၊ တီးတိန်မြို့နယ်တွင် ချင်းအမျိုးသားတပ်မတော် (CNF/CNA) ဦးဆောင်သည့် ချင်းပူးပေါင်းတပ်ဖွဲ့နှင့် ဇိုမီး တော်လှန်ရေးတပ် (ZRA- EC) တို့ ၃ ရက်ကြာ တိုက်ပွဲဖြစ်ပွားပြီး ZRA စခန်း (၂) ခုကို သိမ်းပိုက်ခဲ့ကြောင်း ချင်းအမျိုးသားတပ်ဦး CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကပြောသည်။ “ချင်းပြည်မြောက်ပိုင်းက မြို့ထဲမှာ ရှိနေတဲ့ အထိုင်စခန်းတစ်ခုကို စစ်ဆင်ရေးလုပ်ဖို့ အသွားမှာ အဲဒီလမ်းတစ်ဝက်မှာ ZRA က ကျနော်တို့ကို ကြားဖြတ်ပြီး မိုင်းထောင် တိုက်ခိုက်တယ်။ အဲဒါနဲ့ သူတို့ကို ရှင်းတာက အကောင်းဆုံးပဲ ဆိုပြီး တော့ ကျနော်တို့ စခန်းထိ သွားရှင်းလင်းခဲ့တာဖြစ်ပါတယ်။ အဲဒီအနားမှာ ကျနော်တို့ရဲ့ စစ်ဆင်ရေး လမ်းကြောင်း ပေါ်မှာ သူတို့က ရှိနေတဲ့အတွက် ကျနော်တို့က ပြန်တိုက်ခိုက်နေတာ ဒီနေ့နဲ့ဆိုရင် ၃ ရက်မြောက်မှာ စခန်း ၂ ခုကို သိမ်းလိုက်တယ်” ဟု ဆလိုင်းထက်နီက ပြောသည်။ ချင်းပြည်မြောက်ပိုင်းက မြို့တစ်မြို့ကို စစ်ဆင်ရေးပြုလုပ်ရန် CNA ဦးဆောင်သော ချင်းပူးပေါင်းတပ်က ပြင်ဆင်ဆောင်ရွက်စဉ် မေလ ၁ ရက်နေ့က Zomi Revolutionary Army- Eastern Command (ZRA-EC) က မိုင်ဆွဲ၍ ချုံခိုတိုက်ခိုက်မှုနှင့်အတူ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ကြသည်။ ယင်းတိုက်ပွဲတွင် ZRA- EC ၏ စခန်းငယ်တစ်ခုဖြစ်သည့် အဲလိဇာတ် စခန်းကို ချင်းပူးပေါင်းတပ်က သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။ ထို့နောက် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခဲ့ပြီး ယနေ့ မေလ…

Read More