Author: Editor

(004SS) အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ အင်ဖားထောင်တွင် ထိန်းသိမ်းခံရသော မြန်မာနိုင်ငံသား ၃၈ ဦးကို မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်လိုက်ပြီဟု မဏိပူရ်ပြည်နယ် ဝန်ကြီးချုပ် အဲန်ဘရန်ဆင်းက ဇွန်လ ၁၁ရက်နေ့က X လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။ “ဒီနေ့မှာ မြန်မာနိုင်ငံသား ၃၈ ဦးကို သူတို့နိုင်ငံ မြန်မာပြည်သို့ ပို့လိုက်ပြီဖြစ်ပါတယ်။ မိုးရေးမြို့ရှိ ICP ကနေတဆင့် မြန်မာ နိုင်ငံ တာဝန်ရှိသူတွေထံ လုံခြုံချောမွေ့စွာ လွဲပြောင်းပေးအပ်ပြီးဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ် အဲန်ဘီရန်းဆင်းက ရေးသားထားသည်။ နေရပ်ပြန်ပို့ခံရသော မြန်မာ ၃၈ ဦးတို့မှာ ကလေးငယ် ၁၀ ဦး၊ အမျိုးသမီး ၈ ဦးနှင့် အမျိုးသား ၂၀ ဦးတို့ဖြစ်ကြောင်း သိရပြီး ဒုတိယအသုတ်အနေဖြင့် မြန်မာပြည်သို့ ပြန်ပို့ခံရခြင်းဖြစ်သည်။ ၎င်းတို့ကို အင်ဖားထောင်မှ အိန္ဒိယ – မြန်မာနယ်စပ် မိုးရေးမြို့သို့ မော်တော်ကားဖြင့် ခေါ်ဆောင်သွားပြီး နှစ်နိုင်ငံ ချစ်ကြည်ရေး နယ်စပ်တံတားမှတဆင့် တမူးမြို့ဘက်သို့လွှဲပြောင်းပေးရာ မြန်မာဘက်က လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီဌာန (လဝက) က လက်ခံခဲ့ကြောင်းသိရသည်။ မဏိပူရ်ပြည်နယ်တွင် အလုပ်လုပ်ကိုင်ရန် ရောက်ရှိခဲ့သည့် မြန်မာနိုင်ငံသားများအပါအဝင် စစ်ဘေးရှောင်ပြည်သူများကို တရားဝင်နေထိုင်ခွင့် အထောက်အထားမရှိသဖြင့် ဒေသအာဏာပိုင်များက ဖမ်းဆီးခဲ့ပြီးနောက် ထောင်ဒဏ်များ ချမှတ်ခံခဲ့ရခြင်း ဖြစ်သည်။ ပြီးခဲ့သည့် မေလ ၂ ရက်နေ့ကလည်း အင်ဖာထောင်တွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် အမျိုးသမီး နှင့် ကလေးငယ် ၃၉ ဦး ကို ပထမအသုတ်အဖြစ် မိုးရေးမြို့မှတဆင့် တမူးမြို့ဘက်သို့…

Read More

(006SV) ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်အတွင်းက ကျေးရွာတစ်ရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် သက်ကြီးပိုင်းအမျိုးသမီး (၁) ဦး သေဆုံးပြီး ဒေသခံပြည်သူ (၅) ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း CDF- ကန်ပက်လက်မှ တာဝန်ရှိသူက ပြောသည်။ “ဆက်တိုက် ၃ ကြိမ်ပစ်သွားတယ်။ ပစ်သွားတဲ့ ပုံစံက ပထမ ၁ ကြိမ်ပစ်တယ်။ ပထမဟာက ပေါင် ၃၀၀ လည်းဖြစ်နိုင်တယ်။ ပေါင် ၅၀၀ လည်းဖြစ်နိုင်တယ်။ ပြီးရင် သီးသန့် နောက်တစ်ခေါက်ပြန်လာပစ်တယ်။ ဝဲပတ်ပြီး ပြန်ပစ်တာပါ” ဟု CDF -ကန်ပက်လက်မှ တာဝန်ရှိသူက ပြောသည်။ အသက် ၇၆ နှစ်အရွယ် ဒေသခံ အမျိုးသမီး (၁) ဦးသေဆုံးပြီး ဒေသခံအမျိုးသား (၃) ဦးနှင့် အမျိုးသမီး (၂) ဦးတို့ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။ ယင်းကျေးရွာတွင် မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းမှ မရှိသကဲ့သို့ စစ်ရေးလှုပ်ရှားမှုများလည်း မရှိဘဲ ကျေးရွာနှင့် ပြည်သူများကို ရည်ရွယ်ချက်ရှိရှိဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း CDF- ကန်ပက်လက်မှ တာဝန်ရှိသူက ပြောသည်။ “အဲကို ပစ်ရင် ပြည်သူရှိတယ်ဆိုတာ သူတို့ သိတာပဲ။ သိရက်နဲ့ ပစ်တာဆိုတော့ ရည်ရွယ်ချက်ရှိရှိနဲ့ ပစ်တာလို့ ပြောလို့ရတယ်” ဟု ၎င်းက ပြောသည်။ အိမ်ခြေ ၅၆ အိမ်ရှိသော ၎င်းကျေးရွာကို စစ်ကောင်စီက ဗုံး ၃ လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပထမတစ်လုံးမှာ စာသင် ကျောင်းအနား…

Read More

(002MG) ချင်းပြည်နယ်မြို့တော် ဟားခါးမြို့ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လူသွားလူလာများသည့် နေရာများတွင် ရှောင်တခင်စစ်ဆေးမှုများ ခတ်စိတ်စိတ်ပြုလုပ်လာနေပြီး လက်ကိုင်ဖုန်းများတွင် VPN ဆော့ဝဲ အသုံးပြုမှု ရှိ/မရှိကို တင်းကြပ်စွာ စစ်ဆေးမှုများပြုလုပ်နေကြောင်း သိရသည်။ စစ်ကောင်စီတပ်ဖွဲ့သည် ယခုရက်ပိုင်းအတွင်းကစ၍ VPN အသုံးပြုခြင်း ရှိ/မရှိ စစ်ဆေးမှုကို ပြုလုပ်လာခြင်းဖြစ်ပြီး အထူးသဖြင့် လူငယ်များကိုပစ်မှတ်ထား စစ်ဆေးနေသည်ဟု ဟားခါးမြို့ခံ အမျိုးသမီးတစ်ဦးကပြောသည်။ “ဆေးရုံလမ်းခွဲနားတဝိုက်မှာ သူတို့က တွေ့တဲ့သူတိုင်းကို မစစ်ဘူး၊ နည်းနည်းလူကြီးပိုင်းတွေဆို မစစ်ဘူး၊ လူငယ် ယောကျ်ားလေးပိုင်းဆိုရင် ပိုစစ်တယ်၊ အပြင်သွားရင် VPN app ကို ဖျက်တယ်၊ ပြန်ရောက်မှ ပြန်သွင်းရတယ်၊VPN ကြောင့်ဖမ်းတဲ့သူလည်းရှိတယ်ကြားတယ်” ဟု ဟားခါးမြို့ခံအမျိုးသမီးကပြောသည်။ ဟားခါးမြို့ပေါ် ဆေးရုံလမ်းခွဲ၊ လမ်းစုံ၊ နာရီစင်၊ အ.ထ.က (၁) နှင့် အ.ထ.က (၃) စာသင်ကျောင်း လမ်းမပေါ်တို့တွင် စစ်ကောင်စီလက်အောက်ခံ ရဲနှင့် စစ်သားများက စစ်ဆေးမှုများ နေ့စဉ်နီးပါးပြုလုပ်လေ့ရှိသည်ဟု သိရသည်။ ပြီးခဲ့သည့် ဇွန်လ (၁၀) ရက်နေ့ကလည်း ဟားခါးမြို့ပေါ်တနေရာတွင် လူငယ်လင်မယား (၂) ဦးကို စစ်ဆေးရာတွင် ၎င်းတို့ဖုန်းတွင် VPN ဆော့ဝဲ တွေ့ရှိမှုကြောင့် စစ်ကာင်စီတပ်ဖွဲ့များက ဖမ်းဆီးကာ ဒဏ်ငွေပေးဆောင်ခိုင်းခဲ့သည်ဟု သိရသည်။ “သူတို့ဖမ်းတဲ့သူတွေကို ပိုက်ဆံတောင်းတယ် မပေးရင် မလွတ်ဘူးဆိုတဲ့သဘော အဓိက သူတို့ (စကစ) တွေက VPN ကို လုံးဝမသုံးစေချင်တာ၊VPN တွေကို အများဆုံးစစ်ဆေးတယ်၊ နောက်ပြီး လူငယ်တွေ ဟုတ်လားမဟုတ်ဘူးလားဆိုပြီး ဓာတ်ပုံတွေလဲရှာကြတယ်” ဟု ဟားခါးမြို့ခံတစ်ဦးက…

Read More

(006SV) ချင်းပြည်နယ်အတွင်း အာရက္ခတပ်တော် (ULA/AA) က စစ်ရေးလှုပ်ရှားမှုနှင့် အတင်းအကြပ် အုပ်ချုပ်ရေးဖော်ဆောင်နေမှုများကို ရပ်တန့်ပေးပါရန် ချင်းလဲန်းကောင်စီက တောင်းဆိုလိုက်သည်။ ULA/ AA အနေဖြင့် ချင်းပြည်အတွင်း စစ်ရေးလှုပ်ရှားမှုများ၊ စစ်ရေးဖော်ဆောင်မှုများကို ရှောင်ရှားပေးရန်နှင့် ချင်းအမျိုး သားပိုင်နက်နယ်မြေအတွင်း ပြည်သူလူထု၏ သဘောထား ဆန္ဒမပါဘဲ အတင်းအကြပ် အုပ်ချုပ်ရေး ဖော်ဆောင်ခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်ခြင်းများ လုပ်ဆောင်နေမှုသည် တိုင်းရင်းသားအချင်းချင်းကြား မလိုလားအပ်သော လူမျိုးရေးနှင့် စစ်ရေး ပဋိပက္ခများကို ဖြစ်ပေါ်လာနိုင်သောကြောင့် ရပ်တန့်ပေးပါရန် အလေးအနက် တိုက်တွန်းကြောင်း ဇွန်လ ၁၀ ရက်နေ့မှာ ချင်းလဲန်းကောင်စီက ကြေညာချက်ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ ချင်းလဲန်းကောင်စီအတွင်းရေးမှူး ဆလိုင်းပေါလ်က “ကျနော်တို့က တိုင်းရင်းသာ ညီအစ်ကိုချင်းဖြစ်တယ်။ ဘုံရန်သူကို တိုက်နေတာ ဖြစ် တယ်။ တမျိုးသားလုံး လွတ်မြောက်ဖို့ လုပ်နေတဲ့အချိန်မှာ အသေးမွှာ လေးတွေက အစ ၊ ဂရုတစိုက်နဲ့ အပြန်အလှန်လေးစား ဆောင်ရွက်ရမှာဖြစ်လို့ အိမ်နီးချင်းဖြစ်တဲ့ ULA/ AA အနေနဲ့ ဒီလို လုပ်ရပ်တွေကို ရှောင်ရှားပေးဖို့ မေတ္တာရပ်ခံပြီး တိုက်တွန်းနှိုး ဆော်တာဖြစ်တယ်။ ဒါက ကျနော်တို့က ULA/AA ကို စစ်ရေးအရ ၊ နိုင်ငံရေးအရ သွားပြီး စိန်ခေါ်တဲ့အပိုင်းတွေ ဆောင်ရွက် နေတာ မဟုတ်ပါဘူးလို့ ပြောချင်ပါတယ်။ ကျနော်တို့က တွေ့ဆုံဆွေးနွေး နိုင်ရေးကို ချဉ်းကပ်တာဖြစ်ပါတယ်။ ပလက်ဝတစ်ခုလုံး ကို စစ်ကောင်စီ ကင်းစင်ရေးပြုလုပ်ပေးတဲ့ ULA/AA ကို ကျေးဇူးတင် သလို သူတို့အနေနဲ့ ချင်းပြည်တစိတ်တပိုင်းကို ကိုင်တွယ်တာမှာ…

Read More

(006SV) ချင်းပြည်နယ်၊ တီးတိန်မြို့ကို စစ်ကောင်စီတပ်နှင့် ချင်းတော်လှန်ရေးတပ်ဖွဲ့တို့ ထက်ဝက်ခန့်စီ အပြိုင်ထိန်းချုပ်စိုးမိုးထားကြပြီး မြို့ပေါ်က အရပ်သားနေအိမ် ၇၀ ကျော်မှာ မီးရှို့ဖျက်စီးခံရထားရကြောင်း တီးတိန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။ တီးတိန်မြို့ပေါ်က စစ်ကောင်စီစခန်းတွေကို ချင်းညီနောင်စစ်ဆင်ရေးအဖြစ် PDF – Zoland နှင့် CNDF တို့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီအခြေစိုက်ထားသော မိုက်ခရိုဝေ့စ်စခန်းနှင့် လျပ်စစ်ရုံးတို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး မြို့ပေါက် ထက်ဝက်ခန့်ကို စိုးမိုးထားကြောင်း သိရသည်။ စစ်ကောင်စီတပ်သည် တီးတိန်မြို့ပေါ် ၄ နေရာမှာ အထိုင်စခန်းချထားရာမှ လက်ရှိတွင် ခလရ ၂၆၉ တပ်ရင်းစခန်းနှင့် ရဲစခန်းကုန်းတို့တွင် ရှိနေဆဲဖြစ်ပြီး မြို့ပေါ် မြောက်ဘက်ပိုင်းကို ထိန်းချုပ်ထားနိုင်ဆဲဖြစ်ကြောင်း သိရသည်။ “တိုက်ပွဲအခြေအနေက ခုထိတော့ ပြောဖို့ ခက်နေပါတယ်။ သူတို့ဘက်က ထိုးစစ်ဆင်တာတို့ ရှိခဲ့ရင် ကျနော်တို့ဘက်ကနေတော့ တိုက်ဖို့တော့ အဆင်သင့်ပေါ့။ အခုက သူတို့က စခန်းထဲမှာ နေတာဆိုတော့ သူတို့ ဒီတိုင်းပဲ နေဦးမယ်ဆိုရင် ကျနော်တို့ ထိန်းချုပ် တဲ့ ရပ်ကွက်ထဲမှာပဲ နေပြီးမှ တစ်နေ့မှာတော့ ဒီတော်လှန်ရေးကို ပြီးတဲ့အထိ ဆက်ဆောင်ရွက်သွားဖို့ ရှိတယ်” ဟု တီးတိန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ Jabeg က ပြောသည်။ တီးတိန်မြို့ တိုက်ပွဲနှင့် ပတ်သက်၍ မည်ကဲ့သို့ ဆက်ဖြစ်လာမည်ကို လတ်တလောမှာ ပြော၍ မရသေးကြောင်း ၎င်းက ပြောသည်။ တွန်းဇံမြို့နှင့် ကျီခါးမြို့ကို ချင်းပြည်အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၊ ချင်းပူးပေါင်းတပ်ဖွဲ့များက မေလ ၂၃ ရက်နေ့က အလုံးစုံ…

Read More

(006SV) ချင်းပြည်နယ်အတွင်း စစ်ကောင်စီ၏ ပြည်နယ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်နေသော လုပ်ငန်းရှင်နှင့် အဖွဲ့အစည်းများကို ပြင်းထန်စွာ အရေးယူဆောင်ရွက်မှုများ ပြုလုပ်တော့မည်ဖြစ်ကြောင်း ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့က ထုတ်ပြန်လိုက်သည်။ စစ်ကောင်စီ၏ တင်ဒါလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နေသော လုပ်ငန်းရှင်များ၊ အဖွဲ့အစည်းများ သို့မဟုတ် လူပုဂ္ဂိုလ်များအနေဖြင့် ချက်ချင်းရပ်တန့်ရန် ချင်းပြည်အစိုးရအဖွဲ့က ထုတ်ပြန်သည်။ တားမြစ်ချက်ကို လိုက်နာခြင်းမရှိပါက ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဇွန်လ ၁၁ ရက်က ထုတ်ပြန်လာခြင်းဖြစ်သည်။ ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့သည် စစ်ကောင်စီကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားပြီးဖြစ်သောကြောင့် ၎င်းတို့နှင့် ပူးပေါင်း၍ မည်သည့်လုပ်ငန်းမဆို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းမပြုရန် ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။ ချင်းပြည်နယ်တွင် စစ်ကောင်စီသည် ၎င်းတို့အဖွဲ့အစည်း ရေရှည်တည်တံ့နိုင်ရေးအတွက် တင်ဒါလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်ကို ချင်းပြည်အစိုးရက သိရှိပြီးဖြစ်ကြောင်း ထုတ်ပြန်သည်။

Read More

စစ်ကောင်စီလက်အောက် ပညာရေးဝန်ကြီးဌာနက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းကို ယနေ့ဇွန်လ ၁၁ ရက်နေ့မနက်ပိုင်းမှာ ထုတ်ပြန်ခဲ့ရာတွင် ချင်းပြည်နယ်တွင် အောင်မြင်သူ ၃၃၈ ဦးရှိခဲ့သည်ဟု သိရသည်။ ချင်းပြည်နယ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို အထူးအစီစဉ်ဖြင့်ထပ်မံဖြေဆိုသူအပါအဝင် ကျောင်းသား/ ကျောင်းသူ ၄၃၅ ဦးက ဝင်ရောက်ဖြေဆိုခဲ့ကြပြီး ယင်းအနက် ၃၃၈ ဦး အောင်မြင်ခဲ့ခြင်းဖြစ်သည်။ မြို့နယ်အလိုက်အောင်စာရင်းများမှာ ဟားခါးမြို့နယ်တွင် ၂၇ ဦး၊ ဖလမ်းမြို့နယ်တွင် ၈၃ ဦး၊ တီးတိန်မြို့နယ်တွင် ၁၁၁ ဦး၊ တွန်းဇံမြို့နယ်တွင် ၁၁ ဦး၊ ကျီခါးမြို့နယ်တွင် ၆၈ ဦး၊ မင်းတပ်မြို့နယ်တွင် တစ်ဦးနှင့် မတူပီမြို့နယ်တွင် ၃၇ ဦးတို့ အောင်မြင်ခဲ့ကြသည်။ ယမန်နှစ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ကျောင်းသား/ကျောင်းသူ ၂၈၂၄ ဦးက ဖြေဆိုခဲ့ကြရာ ၂၀၄၅ ဦးက တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အောင်မြင်ခဲ့ကြပြီး တစ်နိုင်ငံလုံးတွင် အောင်ချက် ၇၂.၄၂ ရာခိုင်နှုန်းဖြင့် စတုတ္ထမြောက်အဆင့်ရှိခဲ့သည်။

Read More

(002MG) ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နှင့် တွန်းဇံမြို့ကြားတွင် တည်ရှိသော ဇလွေချောင်းကူး ကွန်ဂရစ်တံတားကို ယနေ့ ဇွန်လ (၁၀) ရက်နေ့မွန်းလွဲပိုင်းတွင် စစ်ကောင်စီက လက်နက်ကြီးဖြင့် ဖောက်ခွဲဖျက်ဆီးလိုက်သည်ဟု သိရသည်။ တီးတိန်မြို့မှ ချင်းပြည်နယ်မြောက်ပိုင်းအစွန်ဆုံးဒေသ တွန်းဇံမြို့နှင့် ကျီခါးမြို့တို့ကို ဆက်သွယ်သွားလာရာတွင် အဓိကအသုံးပြုသည့် ဇလွေချောင်းကူးတံတားကို စစ်ကောင်စီက လက်နက်ကြီးအမြောက်ဖြင့် ဖောက်ခွဲခဲ့ခြင်းဖြစ်သည်။ တွန်းဇံမြို့ဒေသခံ အမျိုးသမီးတဦးက “တီးတိန်ကနေ စကစတွေက ဗုံးနဲ့ဖောက်ခွဲလိုက်တာ အခုက ကျိုးသွားတယ်ဆိုတော့ ပြည်သူတွေအတွက် အားလုံးထိခိုက်တယ်။ တအားစိတ်မကောင်းဘူး လမ်းပန်းဆက်သွယ်ရေးကအစ စားဝတ်နေရေးကအစ ဘယ်ကနေသွားမလဲ၊ ဘယ်လိုလုပ်မလဲဆိုတာ စဉ်းစားလို့မရတော့ဘူး” ဟု ပြောသည်။ ဇလွေချောင်းကူးတံတားသည် တွန်းဇံမြို့မှ ၁၃ မိုင်ခန့်အကွာတွင် တည်ရှိပြီး အလယ်မှာ ပိုင်းဖြတ်ကျိုးသွားသည့်အတွက် ဖြတ်သန်းသွားလာ၍မရတော့ကြောင်း သိရသည်။ တွန်းဇံမြို့နှင့် ကျီခါးမြို့တို့သည် ချင်းပြည်အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက မေလ ၂၃ ရက်နေ့က အလုံးစုံသိမ်းပိုက်ခဲ့ကြပြီး စစ်ကောင်စီတပ်ဖွဲ့များသည် စစ်ရှုံး၍ တီးတိန်မြို့သို့ ထွက်ပြေးသွားခဲ့ကြသည်။ တွန်းဇံမြို့နှင့် ကပ်လျှက်ရှိသော တီးတိန်မြို့တွင် မေလ ၂၆ ရက်ညကစ၍ ချင်းညီနောင်တပ်ဖွဲ့က မြို့သိမ်းတိုက်ပွဲများ ဆက်လက်ဖော်ဆောင်ခဲ့ပြီးနောက် စစ်ရေးအခြေအနေများ တင်းမာနေဆဲဖြစ်သည်။ ထို့ကြောင့် တီးတိန်မြို့တွင် စစ်ကူများမလာနိုင်ရန်နှင့် ရိက္ခာများပြတ်လပ်ပြီး ပြည်သူများဒုက္ခရောက်စေရန် ရည်ရွယ်၍ စစ်ကောင်စီက ယခုကဲ့သို့ တီးတိန်မြို့နှင့် ဆက်သွယ်သော အရေးကြီးသည့် တံတားများကို ဖျက်ဆီး ခြင်းဖြစ်နိုင်သည်ဟု ဒေသခံများကပြောသည်။ ဇွန်လ ၈ ရက်နေ့ကလည်း တီးတိန်မြို့နှင့် ရိခေါဒါရ်မြို့ကို ဆက်သွယ်သော အိန္ဒိယ-မြန်မာ အမှတ် ၂ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်က…

Read More

(002MG) စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မင်းကြီးဟိုတယ်ရေကူးကန်တွင် ဖမ်းဆီးခံရသော လူငယ်များထဲမှ အသက်မပြည့်သေးသူ မိန်းကလေးနှင့် လူငယ်အချို့သည် ကတိခံဝန်ချက်ဖြင့် ယနေ့မနက်ပိုင်းတွင် ပြန်လည် လွတ်မြောက်လာကြကြောင်း သိရသည်။ ကလေးမြို့ သဇင်ရပ်ကွက် ဗိုလ်ချုပ်လမ်းမဘေးတွင်တည်ရှိသော မင်းကြီးဟိုတယ် ရေကူးကန်တွင် အပန်းဖြေရေကူးနေကြသော လူငယ်အယောက် ၂၀ ဝန်းကျင်ခန့်ကို ဇွန်လ ၉ ရက်နေ့ မွန်းလွဲပိုင်း ၂ နာရီခန့်တွင် စစ်ကောင်စီတပ်ဖွဲ့များက ဝင်ရောက်ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။ ဆယ်ကျော်သက်အရွယ်အများစုပါဝင်သော အဆိုပါလူငယ်များကို ကလေးမြို့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) ဝင်းထဲသို့ ခေါ်ဆောင်သွားခဲ့ပြီးနောက် ယနေ့မနက်ပိုင်းတွင် အသက်မပြည့်သည့် မိန်းကလေးနှင့် လူငယ်တချို့တို့ကို ကတိခံဝန်ချက်ထိုးခိုင်းကာ ပြန်လွှတ်ပေးလိုက်သည်ဟု ကလေးမြို့ဒေသခံတစ်ဦးက ပြောသည်။ ကလေးမြို့ခံက “ဒီမနက်က မိန်းကလေးနဲ့ အသက်မပြည့်သေးတဲ့သူတချို့ ပြန်လွတ်တယ်၊ အသက်ပြည့်မှီတဲ့သူတွေကျတော့ စစ်မူထမ်းဖို့ခေါ်ရင် အချိန်မရွေးလိုက်ပါ့မယ်လို့ ခံဝန်ကတိထိုးပြီး လွတ်တယ်၊ တချို့ကျတော့ ပြန်မလွတ်သေးဘူး” ဟု ပြောသည်။ သို့သော်လည်း အဖမ်းခံရသည့်အယောက် ၂၀ ထဲတွင် ဘယ်နှစ်ယောက်ပြန်လည်လွတ်မြောက်လာသည်ကိုမူ အတိအကျ မသိရသေးကြောင်း ၎င်းက ဆက်ပြောသည်။ ယနေ့ (ဇွန် ၁၀) ရက်နေ့ မနက်ပိုင်းတွင်လည်း စစ်ကောင်စီတပ်ဖွဲ့သည် အရပ်သားပြည်သူများ ထပ်မံဖမ်းဆီးမှုရှိနေပြီး ထရပ်ကားတစီးဖြင့် (ဒ.က. စ) ထဲတွင် ခေါ်ဆောင်သွားသည်ဟု သိရသည်။ စစ်ကောင်စီတပ်ဖွဲ့သည် ကလေးမြို့ပေါ်တွင် စစ်မှုထမ်းရန်အတွက် အရပ်သားပြည်သူများ ဖမ်းဆီးမှုများရှိနေပြီး မြို့ပေါ်တွင်လည်း ယခင်ထက် စစ်ဆေးရေး တင်းကြပ်စွာ လုပ်ဆောင်နေကြောင်း သိရသည်။

Read More

(005MK) မီဇိုရမ်ပြည်နယ်တောင်ပိုင်း လောင်တလိုင်ခရိုင်အတွင်းရှိ စစ်ဘေးရှောင်များ အခမဲ့ဆေးကုသရေးနှင့် မိုးတွင်းကာလ ဆန်ထောက်ပံ့နိုင်‌ရေးအတွက် လောင်တလိုင်ခရိုင်အဆင့် စစ်ဘေးရှောင်များကူညီရေးကော်မတီက ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။ လောင်တလိုင်ခရိုင် အုပ်ချုပ်ရေးမှူး Pu Cheemala Siva Gopal Reddy ဦးဆောင်မှုဖြင့် မြန်မာနှင့် ဘဂ်လားဒေရှ့် စစ်ဘေးရှောင်များကူညီရေး ခရိုင်အဆင့် ကော်မတီအစည်းအဝေးကို ဇွန်လ ၇ ရက်နေ့က ပြုလုပ်ခဲ့ကြပြီး မြန်မာ နှင့် ဘဂ်လာဒေရှ့်နိုင်ငံတို့မှ ဝင်ရောက်လာကြသော စစ်ဘေးရှောင်များ၏ အခြေအနေကို ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။ စစ်ဘေးရှောင်များအတွက် အခမဲ့ဆေးဝါးကုသဖြန့်ဝေခြင်း၊ ကာကွယ်ဆေးထိုးနှံခြင်း နှင့် ခြင်ထောင်များဖြန့်ဝေခြင်း များကို ကျန်းမာရေးဌာနကပြုလုပ်လေ့ရှိပြီး လာမည့်ရက်ပိုင်းအတွင်းမှာလည်း Chamdur ‘P’ နှင့် Vaṭhuampuiah ကျေးရွာတွင် အခမဲ့ဆေးကုသမှုဆက်လက်ပြုလုပ်သွားမည်ဟု သိရသည်။ ထို့အပြင် စစ်ဘေးရှောင်များအကြား ကူးစက်တတ်သောရောဂါများ မပြန့်ပွားစေရေးအတွက် စစ်ဘေးရှောင်များ၏ အခြေအနေများကို မျက်ခြေမပျက်စောင့်ကြည့်လေ့လာရန်လည်းဆွေးနွေးခဲ့ကြသည်ဟု မီဇိုရမ်ပြည်နယ်ပြန်ကြားရေး ဌာနကထုတ်ပြန်သည်။ ယခုမိုးတွင်းကာလအတွင်း ရိက္ခာ (ဆန်) ဖူလုံရေးဆောင်ရွက်ရာတွင် မြန်မာနှင့် ဘဂ်လာဒေရှ့်နိုင်ငံတို့မှ စစ်ဘေးရှောင် ပြည်သူများအတွက်လည်း ထည့်သွင်စဉ်းစားရန်ဆွေးနွေးပြောဆိုခဲ့ကြသည်ဟုသိရသည်။ လောင်တလိုင်ခရိုင်ထဲတွင် ယခုလက်ရှိ မြန်မာစစ်ဘေးရှောင် ၅၉၂၂ ဦး ခိုလှုံလျက်ရှိပြီး အမျိုးသား ၁၈၆၀ ဦး၊ အမျိုး သမီး ၂၀၄၉ ဦးနှင့် အသက် ၁၈ နှစ်အောက်ကလေးငယ် ၂၀၁၃ ဦးရှိသည်ဟု အစိုးရမှတ်တမ်းအရသိရသည်။ ၎င်းတို့သည် စစ်ဘေးရှောင်စခန်း ၃၈ ခု နှင့် ကျေးရွာပေါင်း ၅၅ ရွာမှာ ခိုလှုံနေကြသည်ဟုသိရသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဝင်ရောက်လာသော ချင်းအနွယ်ဝင်စစ်ဘေးရှောင်များမှာ…

Read More