ချင်းပြည်နယ် ဟားခါးမြို့က အမျိုးသမီးတစ်ဦးအပါအ၀င် အရပ်သားပြည်သူ ၂ ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဉပဒေ ပုဒ်မများဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၇ မှ တစ်သက်အထိကျခံရန် စက်တင်ဘာလ ၂၉ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့၏ စစ်ခုံရုံးက ပြစ်ဒဏ်ချမှတ်ခဲ့သည်ဟု သိရသည်။ ဟားခါးမြို့တွင်နေထိုင်သူ ဒေါ်ဗျက်မွှေဆုန်ကို CDF တပ်ဖွဲ့များအား ငွေကြေးများထောက်ပံ့ပေးအပ်ခဲ့သည်ဆိုသည့် စွပ်စွဲချက်ဖြင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဉပဒေပုဒ်မ ၅၀(ည) အရ ထောင်ဒဏ်တစ်သက်ကျခံစေရန် စစ်ခုံရုံးက ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု စစ်ကောင်စီ၀◌ါဒဖြန့် Fifty Two News က ဓာတ်ပုံနှင့်တကွ ယနေ့ဖော်ပြလာခဲ့သည်။ အလားတူ ဟားခါးမြို့နေ ဗန်ဗျက်ကျဲအိုကိုလည်း PDF တပ်ဖွဲ့များအား ၎င်းနေအိမ်တွင်တည်းခိုစေပြီး လက်နက် ခဲယမ်းများ ၀◌ယ်ယူရန် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ရှာဟာမြိုသို့ လမ်းပြနှင့် စကားပြန်ပြုလုပ်ပေးခဲ့ခြင်းကြောင့်ဟုဆိုကာ အကြမ်း ဖက်မှုတိုက်ဖျက်ရေးဉပဒေပုဒ်မ ၅၂(က) အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၇ နှစ်ချမှတ်ခဲ့သည်ဟုဆိုသည်။ ထို့အပြင် ဟားခါးမြို့နေ မောင်ငယ် ကိုလည်း ဟားခါးတက္ကသိုလ်၀◌န်းအတွင်းရှိ ဉပဒေဌာန စာသင်ဆောင်နှင့် ရူပဗေဒပညာဌာန စာသင်ကျောင်းတို့အတွင်း ကျောင်းပိုင်ပစ္စည်းများ အကြိမ်ကြိမ်၀င်ရောက်ခိုးယူမှုကြောင့်ဟုဆိုကာ ၁၉၄၇ ခုနှစ် ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးအက်ဉပဒေပုဒ်မ ၆(၁) ပါ ပြဌာန်းချက်အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၇ နှစ်ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်ဟု စစ်ကောင်စီ၀◌ါဒဖြန့် Fifty Two News မှာ ဖော်ပြထားသည်။
Author: Editor
(006SV) ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှာ စစ်ကောင်စီတပ်က အရပ်သားများကို မတရားစွပ်စွဲ ဖမ်းဆီးမှုများ ပိုမိုပြုလုပ်လာနေပြီး တစ်လအတွင်း အရပ်သားပြည်သူ ၆၀ ဦးကို ဖမ်းဆီး၍ ၅၀ ဦးကို ပြန်လွှတ်ပေးသော်လည်း ၁၀ ဦးကို ဖမ်းဆီးထားဆဲဟု သိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလအတွင်း မင်းတပ်မြို့၏ နေရာ ၆ ခုမှ အရပ်သားပြည်သူ ၆၀ ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး မြို့ပေါ် ဘဝသစ်အရပ်၊ အရှေ့ပြင်အရပ်နှင့် အနောက်ပြင်အရပ်တို့မှ အရပ်သား ၁၀ ဦးကို ပြန်လည် လွှတ်ပေးခြင်း မရှိသေးကြောင်း CDF – မင်းတပ်က အောက်တိုဘာလ ၁ ရက်က ထုတ်ပြန်သည်။ မင်းတပ်မြို့ပေါ်တွင် ရေနှင့် မီးပြတ်တောက်နေသည့်အပြင် စစ်ကောင်စီတပ်က အရပ်သားများကို ပိုမိုခြိမ်းခြောက်လာမှုကြောင့် ပြည်သူအများစုက မြို့ကို စွန့်ခွာ၍ လုံခြုံသည့် နေရာများကို ပိုမိုရွေ့ပြောင်းလာနိုင်ပြီး မြို့က ယခင်ထက် ခြောက်ကပ်လာမည့် အလားအလာရှိ သည်ဟု မင်းတပ်မြို့ခံတစ်ဦးက ပြောသည်။ “ရေလည်း မရှိ၊ မီးလည်း မရှိ ကြားထဲမှာ လုံခြုံရေးအရလည်း ခြိမ်းခြောက်ခံရတဲ့အခါမှာ မြို့ကို စွန့်ခွာတဲ့ လူတွေက များလာမယ်။ မင်းတပ်မြို့ကတော့ ခြောက်ကပ်လာမယ့် အလားအလာတော့ ရှိပါတယ်။ စစ်ကောင်စီကလည်း ရန်သူကို ရန်သူလို မြင်၊ ပြည်သူကို ပြည်သူလို မြင်ပြီးမှ ဆက်ဆံဖို့ကတော့ ကောင်းမယ်။ သူတို့လည်း သူတို့ ယူဆမှုနဲ့ သွားကြတယ်ဆိုတော့ ပြည်သူတွေကတော့ တော်တော်လေး ရေရှည်ဆက်ပြီး မြို့ပေါ်မှာ နေထိုင်ဖို့ကတော့…
(004SS) ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့ အခြေစိုက် စစ်ကောင်စီလက်အောက်ခံ ဒုတပ်ကြပ်တစ်ဦးအပါအဝင် ရဲတပ်ဖွဲ့ဝင် လေးဦးကို အောက်တိုဘာလ ၂ ရက် ယမန်နေ့ နံနက်ပိုင်းက ဖမ်းဆီးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ် PDF Zoland မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ အဆိုပါရဲတပ်ဖွဲ့၀◌င် ၄ ဦးသည် တီးတိန် – ရိဒ်လမ်းမပေါ်က ခရီးသွား အရပ်သားပြည်သူများထံ အဆမတန် ငွေကြေးတောင်းခံလေ့ရှိပြီး ပြည်သူများအား ဒုက္ခပေးနေသည့်အတွက် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု PDF-Zoland တာ၀န်ရှိသူတစ်ဦးကပြောသည်။ “သူတို့က ဒီတီးတိန်မြို့ထဲမှာ ပြည်သူတွေကိုအနှောက်အယှက်ပေးတယ် ပြီးရင် ကားသမားတွေကို ငွေကြေးတွေ အဆမတန်တောင်းတယ်ပေါ့နော်။ ခုချိန်မှာ ကုန်ဈေးနှုန်းကလဲ အဆမတန်မြှင့်တက်လာတဲ့အတွက် ပြည်သူတွေ တော်တော်လေးကို အကြပ်အတည်းဖြစ်နေတာ၊ အဲလို ဒုက္ခရောက်ေနတာကို လက်ပိုက်မကြည့်နိုင်လို့ ဝင်ရောက် ဖမ်းဆီးတာဖြစ်တယ်“ ဟု PDF-Zoland မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ၎င်းတို့သည် တီးတိန်မြို့အခြေစိုက် စစ်ကောင်စီလက်အောက်ခံ ရဲများဖြစ်ပြီး တီးတိန်မြို့အနီးတစ်ဝိုက်ရှိ အချို့ ကုန်တင်ကားသမားများထံ သိန်းနှင့်ချီကောက်ခံလေ့ရှိသလို ကားအသွားအလာနည်းသည့်နေ့များမှာလည်း ခရီးသွားပြည်သူများအား ကြုံရင်ကြုံသလို ရစ်ကာ ငွေကြေးကောက်ခံလေ့ရှိေကြာင်း သိရသည်။ ထို့ကြောင့် တီးတိန်-လမ်ဇန်းရွာကြား လမ်းမတစ်နေရာတွင် အလစ်ငိုက် ၀◌င်ဖမ်းခဲ့ခြင်းဖြစ်သည်ဟု PDF-Zoland တာ၀◌န်ရှိသူကပြောသည်။ “ကျွန်တော်တို့ အလစ်ငိုက် ဝင်ဖမ်းတာပေါ့နော်။ သူတို့ ကျွန်တော်တို့ရှိမယ်လို့မထင်မဲ့နေရာမှာပေါ့ ကြိုပြီးစောင့်တယ်။ သူတို့ရောက်လာတော့ သေနတ်ချိန်ပြီး ခင်ဗျားတို့ ဘာမှမလုပ်နဲ့၊ ကျွန်တော်တို့ဘာမှ မလုပ်ဘူး၊ ဝပ်နေဝပ်နေဆိုပြီး အဲလို ခေါ်သွားတာ” ဟု သူကပြောသည်။ ဖမ်းဆီးခံရသူများမှာ ရဲဒုတပ်ကြပ် ကျော်သူရစိုး၊ ခုပ်ခန်တုန်း၊ စည်သူမိုးနဲ့…
(003PT) စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ် မော်လိုက်ကလေးအကျဥ်းထောင်တွင် အကျဉ်းချခံရသည့် နိုင်ငံရေးအကျဥ်းသား များမှာ ဆေးကုသခွင့် မရရှိကြသည့်အပြင် လူ့အခွင့်အရေးချိုးဖောက်မှုများ ခံနေကြရသည်ဟု ကလေးမြို့ ပင်မသပိတ် အင်အားစု (Kalay Township Strike Committee) အဖွဲ့က ယနေ့ စက်တင်ဘာလ ၂၉ ရက်နေ့တွင် ထုတ်ပြန်သည်။ ယခုနှစ် ဧပြီလ ၁၆ ရက်နေ့က ကလေးမြို့တွင် တော်လှန်သကြန်ဆင်နွှဲကာ စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခဲ့သော ကလေးမြို့နယ် သပိတ်ကော်မတီ အဖွဲ့ဝင် ကိုသန်းစိုးဦး (ခ) ကိုဂွတို၊ ကိုမျိုးကိုဝင်း (ခ) ကိုမျိုးကို၊ မနှင်းစံ (ခ) အိစံ နှင့်၊ မကျန်ဒိတ်ကိမ်တို့ ၄ ဦးသည် စစ်ကြောရေးတွင် ညှင်းပန်းနှိပ်စက်ခံခဲ့ရသော ဒဏ်ကြောင့် အရေးပေါ် ဆေးကုသမှုများ လိုအပ်သော်လည်း စစ်ကောင်စီက ဆေးကုသခွင့်မပေးခဲ့ကြောင်း ကလေးမြို့ ပင်မသပိတ် အင်အားစုက ဆိုသည်။ ၎င်းတို့ ၄ ဦးသည် ဆေးကုသခွင့်မရရှိကြသည့်အပြင် ပုဒ်မ ၅၀၅(က) ဖြင့် ထောင်ဒဏ် ၂ နှစ်စီ၊ ပုဒ်မ ၅၀(ည)၊ ၅၀(စျ) နှင့် ၅၂(က) စသည့် ပုဒ်မ တို့ဖြင့် ထောင်ဒဏ် ၁၀ နှစ်စီ အသီးသီးပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ကြရသည်။ ယခုလက်ရှိတွင်လည်း မော်လိုက်ကလေးအကျဉ်းထောင်ထဲတွင် မျက်စိနှာကူးစက်ရောဂါ ပျံ့ပွားလျက်ရှိပြီး အကျဉ်းသားများအနေဖြင့် ဆေးကုသခွင့်လည်း မရရှိကြကြောင်း ကလေးမြို့ ပင်မသပိတ်အင်အားစုက ဆိုပါသည်။ ထို့အပြင် မော်လိုက်ကလေး အကျဥ်းထောင်သို့ အခြားဒေသမှ အဓမ္မဖမ်းဆီးခံရ၍ ရောက်ရှိလာကြသော နိုင်ငံရေးအကျဉ်း သားများမှာ…
(004SS) စစ်ကိုင်းတိုင်း ကလေးမြို့အနောက်တောင်ပိုင်း မြို့လှရပ်ကွက်တွင် စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးများ ပစ်ခတ်မှုကြောင့် ယနေ့စက်တင်ဘာလ ၂၉ ရက်မနက်ပိုင်းက ဒေသခံ အမျိုးသမီး တစ်ဦး ပွဲချင်းသေဆုံးခဲ့ပြီး အမျိုးသား ၃ ဦး ဒဏ်ရာရရှိကြောင်း ဒေသခံများထံမှသိရသည်။ “အင်ဂါနေ့ကနေစပြီး တိုက်ပွဲစဖြစ်တာပေါ့နော်၊ ဒီနေ့ညနေမှာတောင်မှ ကလေးမြို့ထဲကနေ ၁၂၀ မမ နဲ့ လှမ်းထုနေတာ လက်နက်ကြီးသံတွေကြားနေရတယ်။ လက်နက်ကြီးကြောင့် မြို့လှရပ်ကွက်က အမျိုးသမီး ဗိုက်ပွင့်ပြီး ပွဲချင်းဆုံးသွားတယ်၊ နောက် အမျိုးသား ၃ ယောက် လဲ ထိခိုက်ထားတယ်၊ စကစကတော့ ပြည်သူတွေနေတဲ့ရွာတွေ၊ ရပ်ကွက်တွေမှာ ရမ်းသမ်း ပစ်ခတ်တာ များတယ်’’ ဟု ဒေသခံတစ်ဦးက ပြောသည်။ လက်နက်ကြီးကြောင့် အမျိုးသား ၃ ဦး၏ ထိခိုက်မှု ဒါဏ်ရာအခြေအနေကိုတော့ အတိအကျ မသိရပေ။ လွန်ခဲ့သည့် စက်တင်ဘာလ ၂၆ ရက်နေ့မှ စတင်ကာ ယနေ့အထိ စစ်ကောင်စီတပ်ဖွဲ့နှင့် ၎င်းတို့၏ လက်ေ၀ခံ ပျူစောထီး ပူပေါင်းတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား ကလေးမြို့အနောက်တောင်ပိုင်းတွင် ထိတွေ့ပစ်ခတ်မှုများ ဖြစ်ပွားကာ စစ်ရေးတင်းမာလျက်ရှိနေပြီး စစ်ကောင်စီတပ်ဖွဲ့မှ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခြင်းဟု သိရသည်။ စက်တင်ဘာ ၂၈ ရက်ညပိုင်းကလည်း စစ်ကောင်စီတပ်က ပစ်ခတ်သော လက်နက်ကြီးကြောင့် တပ်ဦးတီတာရပ်ကွက်နေ အရပ်သား ၂ ဦးထိခိုက်ခဲ့သည်ဟုသိရသည်။ ထို့အပြင် ယင်းနေ့ညနေပိုင်းတွင် မွန်းလိုင်ရပ်ကွက်က အသက် ၁၂ နှစ်အရွယ် ကလေးငယ်တစ်ဦးလည်း ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးခဲ့သည်။ အလားတူ စက်တင်ဘာ ၂၇ ရက်နေ့ကလည်း ကလေးမြို့နယ်တောင်ပိုင်း…
(006SV) ချင်းပြည်နယ်၊ မင်းတပ်မြို့အခြေစိုက် ခလရ ၂၇၄ တပ်ရင်းက တိုက်နယ် ၄ သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်နေမှုကြောင့် ကလေးငယ် (၂) ဦး ထိခိုက်ဒဏ်ရာများ ရရှိသွားပြီး နေအိမ်တချို့လည်း ပျက်စီးသွားသည်ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့ – မင်းတပ်က ယနေ့ သတင်းထုတ်ပြန်သည်။ ယနေ့ စက်တင်ဘာလ ၂၉ ရက်က မင်းတပ်မြို့နယ်အတွင်းရှိ တိုက်နယ် ၄ ဘက်သို့ မင်းတပ်မြို့ပေါ်က ခလရ ၂၇၄ တပ်ရင်းမှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ အသက် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးနှင့် အသက် ၁၀ နှစ်အရွယ် ယောင်္ကျားလေးတစ်ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်သည်။ ယင်းသို့ လက်နက်ကြီးနှင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သားနေအိမ် တစ်လုံးနှင့် အိမ်သာ (၂) လုံးတို့မှာ ထိခိုက်ပျက်စီး သွားသည်ဟု သိရသည်။ မင်းတပ်မြို့ ခလရ ၂၇၄ တပ်ရင်းက မည်သည့်အတွက်ကြောင့် လက်နက်ကြီးများ ရမ်းတမ်းပစ်ခတ်နေမှုနှင့် ထိဒဏ်ရာဒဏ်ရာ ရရှိသွားသော ကလေးငယ် ၂ ဦး၏ အခြေအနေကို မင်းတပ် တော်လှန်ရေးအင်အားစုများထံ ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပြီး ဆက်သွယ်၍ မရသေးပါ။ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ ရက်က မင်းတပ်မြို့အဝင်တွင် စစ်ကောင်စီထောင်ထားသည့် မြေမြှုပ်မိုင်းကြောင့် တောင်ယာသွားသော သက်ကြီးပိုင်း အရပ်သားတစ်ဦး ထိခိုက်သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာများရရှိခဲ့သော ဇနီးဖြစ်သူကို ခလရ ၂၇၄ တပ်ရင်းက ဆေးကုသပေးနေသည်ဟု မင်းတပ်မြို့ပြည်သူအုပ်ချုပ်ရေးမှ တာဝန်ရှိသူ ကိုယောမာန်က ပြောသည်။ စက်တင်ဘာလ ၂၄ ရက်က…
(003PT) မြန်မာ့နွေဦးတော်လှန်ရေးတွင် ပြည်သူအားလုံး မိမိတတ်နိုင်သည့်ဖက်မှ ပူးပေါင်းပါ၀င်ကြရန် CDF-Hakha Central Council က ဒုတိယအကြိမ်မြောက် လူထုညီလာခံအပြီးတွင် ဖိတ်ခေါ်လိုက်သည်။ CDF-Hakha Central Council သည် ဒုတိယအကြိမ် လူထုညီလာခံကို စက်တင်ဘာလ ၂၁ ရက်နေ့မှ ၂၂ ရက်နေ့အထိကျင်းပခဲ့ပြီး စစ်အာဏာရှင်ကို အမြစ်ပြတ်သည်အထိ ဆက်လက်တော်လှန်တိုက်ပွဲ၀င်ရန် မူ၀ါဒနှင့် လမ်းစဉ်များ ချမှတ်ခဲ့ကြသည်ဟု စက်တင်ဘာလ ၂၈ ရက်နေ့စွဲဖြင့် CDF-Hakha Central Council က ထုတ်ပြန်သည်။ နွေဦးတော်လှန်ရေးသည် စစ်အာဏာရှင်လက်အောက်မှ လွတ်လပ်ရေးကိုမြတ်နိုးသော လူသားတိုင်းအတွက် နောက်ဆုံးတိုက်ပွဲဖြစ်ပြီး တော်လှန်ရေးကာလအတွင်း နိုင်ငံနှင့်လူမျိုးအတွက် အသက်ပေးဆပ်ခဲ့ရသော အာဇာနည်သူရဲကောင်းများကို လေးစားဂုဏ်ပြုရင်း ပြည်သူများအားလုံး မိမိတတ်နိုင်သည့်ဖက်မှ ပူးပေါင်းပါ၀င် တိုက်ပွဲဆင်နွှဲကြရန် ဖိတ်ခေါ် ကြောင်း ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ဖော်ြပထားသည်။ CDF-Hakha Central Council သည် တိုင်းပြည်နှင့်လူမျိုးလွတ်လပ်ပြီး စစ်မှန်သော Federal Democracy နိုင်ငံတော် တည်ဆောက်နိုင်ရေးအတွက် CNF/A ၏ လမ်းညွန်မှုနင့် လူထုထောက်ခံအားပေးမှုအရ ပေါ်ထွက်လာသော တော်လှန်ရေး အဖွဲ့အစည်းတစ်ခုဖြစ်ပြီး CNF/A ၊ Chinland Council၊ NUG အစိုးရနှင့် အခြားသော တော်လှန်ရေးအဖွဲ့များနှင့်လည်း ချိတ်ဆက်ပြီး တော်လှန်တိုက်ပွဲဝင်နေသည်ဟု ဆိုသည်။ လူဦးရေ ၃၅၀ ကျော်တက်ရောက်သော ဒုတိယအကြိမ်မြောက် လူထုညီလာခံတွင် ဌာနအသီးသီးမှ လုပ်ငန်းနှင့် ငွေစရင်းအစီရင်ခံစာများ တင်ပြခြင်းအပါဝင် ဖွဲ့စည်းပုံ ပြန်လှန်ပြုပြင် အတည်ပြုခြင်း၊ CDF-Hakha Council ကို CDF-Hakha…
(004SS) ကလေးမြို့အနောက်ဘက် မွန်းလိုင်ရပ်ကွက်တွင် ယနေ့ညနေပိုင်းက ဗုံးတစ်လုံးပေါက်ကွဲပြီး ၁၂ နှစ်အရွယ် ကလေးငယ် တစ်ဦး သေဆုံးမှု ဖြစ်ပွားခဲ့သည်ဟု သိရသည်။ ယနေ့ စက်တင်ဘာလ ၂၈ ရက်နေ့ ညနေပိုင်း ၅ နာရီဝန်းကျင်ခန့်တွင် မွန်းလိုင်ရပ်ကွက်ရှိ နှစ်ခြင်းဘုရားကျောင်းအနီးတွင် မြေပြင်တိုက်ပွဲ ဖြစ်ပွားခြင်းမရှိပဲ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးကပြောသည်။ “ဒီနေ့ညနေက ဗုံးတစ်လုံးပေါက်တယ် အကျယ်ကြီးပဲ၊ ကျွန်မတို့ရပ်ကွက်မှာ တိုက်ပွဲဖြစ်တာမျိူးတော့လဲ မရှိဘူး၊ ကလေးငယ်တစ်ယောက် ထိတယ်၊ ယောကျာ်းလေးပဲ ဘယ်သူဆိုတာတော့ သေချာမသိရသေးဘူး” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ ကလေးမြို့အနောက်တောင်ပိုင်း မြို့လှ၊ အင်ဒိုင်းကုန်းရပ်ကွက်ဘက်တွင် စက်တင်ဘာလ ၂၆ ရက်နေ့ကတည်းက စစ်ကောင်စီတပ်ဖွဲ့များ လူနေရပ်ကွက်ထဲတွင် ခြေကုပ်ယူတပ်စွဲလာပြီးနောက် ယမန်နေ့ကလည်း တိုက်ပွဲဖြစ်ပွားကာ စစ်ရေးတင်းမာလျက်ရှိသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၂၂ ရက်နေ့ မနက်ပိုင်း ၈ နာရီဝန်းကျင်ကလည်း ကလေးမြို့၊ ကြို့သုံးပင်ရပ်ကွက်တွင် မိုင်း ၃ လုံးပေါက်ကွဲမှုကြောင့် အရပ်သား ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ၎င်း တို့ ၅ ဦးသည် ပြင်းထန်ဒါဏ်ရာရရှိခဲ့ကြပြီး အချို့မှာ ခွဲစိတ်ကုသမှုခံယူရသည်အထိ ဒါဏ်ရာပြင်းထန်ခဲ့ကာ ဆေးရုံတွင် ဆေးကုသမှုခံယူေနကြရဆဲဖြစ်သည်ဟု သိသည်။
(006SV) ချင်းပြည်နယ်၊ ကန်ပက်လက်မြို့အဝင် ဆိုင်းဘုတ်ပေါ်တွင် ချင်းပြည်အလံနှင့် CDF – ကန်ပက်လက်အလံတို့ကို လွှင့်ထူထားသည်ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့- ကန်ပက်လက်က ထုတ်ပြန်သည်။ “ကိုယ့်မြို့ကိုယ် စိုးမိုးတော့မယ်လို့ နမိတ်ပြလိုခြင်းဖြစ်တယ်။ ကိုယ့်မြို့ကို ကိုယ်ပိုင်တယ် ဆိုတာကို ပြသလိုခြင်းဖြစ်တယ်။ လူသူမနေတော့တဲ့ မြို့ပျက်ကြီးလိုများဖြစ်နေတဲ့ ကန်ပက်လက်မြို့လေးကို ကျနော်တို့ ပြန်ပိုင်ချင်တယ်၊၊၊ ပြန်နေချင်တယ်။ အရင်လို ပြန်လည်စိုပြေစေချင်တယ်။ ဒါကြောင့် ပြန်ပိုင်ဆိုင်ဖို့ ရည်ရွယ်ပါတယ်” ဟု CDF – ကန်ပက်လက်မှ တပ်မဟာမှူး ဆလိုင်းထွန်းလိန်ထန်က ပြောသည်။ ယနေ့ စက်တင်ဘာ ၂၈ ရက်တွင် ကန်ပက်လက်မြို့ အဝင်လမ်းမပေါ်ရှိ “လောက်နူးမြေ ကန်ပက်လက်မြို့မှ လှိုင်လှဲစွာ ကြိုဆိုပါ” ဟူ၍ ရေးထားသည့် ဆိုင်းဘုတ်ကြီးပေါ်တွင် CDF ကန်ပက်လက် ရဲဘော်များက ချင်းပြည်နယ်အလံနှင့် CDF- ကန်ပက်လက်အလံတို့ကို လွှင်ထူထားခြင်းကို ဓါတ်ပုံများနှင့်တကွ ထုတ်ပြန်ခြင်းဖြစ်သည်။ ခုခံပြောက်ကျားစစ်မှ စခန်းသိမ်းထိုးစစ်ဆင်မှုများ ပြုလုပ်နိုင်ရန် အချိန်ရောက်လာပြီဖြစ်၍ ဒရုန်းအပါအဝင် လက်နက်ကြီး၊ လက်နက်ငယ်များ၊ ခဲယမ်းများ ဖြည့်တင်းနိုင်ရန် “ဝိတိုရိယသူရဲကောင်း စုပေါင်းအားသစ်လောင်း” ရန်ပုံငွေလှုပ်ရှားမှု ကမ်ပိန်းကို ဩဂုတ် ၃၁ ရက်မှ အောက်တိုဘာ ၁၅ ရက်ထိ CDF ကန်ပက်လက်က ပြုလုပ်နေပါသည်။
(006SV) ချင်းပြည်နယ် ကန်ပက်လက်မြို့ပေါ်တွင် စစ်ကောင်စီတပ်စွဲထားသည့် ထွေအုပ်ဦးစီးရုံးနှင့် ပညာရေးမှူးရုံးတို့ကို စီးနင်းတိုက် ခိုက်ရာ စစ်ကောင်စီက ၃ ဦးထက်မနည်းသေဆုံးပြီး မြို့ပေါ်စစ်ရေးတင်းမာနေဆဲဖြစ်သောကြောင့် ပြည်သူများသတိပြုနေထိုင် ကြရန် CDF- ကန်ပက်လက်၊ တပ်မဟာမှူး ဆလိုင်းထွန်းလိန်ထန်က ပြောသည်။ ယမန်နေ့ စက်တင်ဘာလ ၂၇ ရက် မနက် ၆နာရီတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် တပ်စွဲထားသည့် စစ်ကောင်စီ တပ်ကို ချင်းကာကွယ်ရေးတပ်ဖွဲ့ – ကန်ပက်လက်က ရုတ်တရက်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သူက ပြောသည်။ “ထွေအုပ်ရုံးကို သိမ်းပိုက်နိုင်ဖို့နဲ့ ပြန်လည်ရယူနိုင်ဖို့ မစ်ရှင်နဲ့ ချဉ်းကပ်ပြီး တိုက်ခိုက်ခဲ့ပါတယ်။ တိုက်ပွဲက နာရီ ငါးပတ်လောက် ကြာသွားပါတယ်။ ကျနော်တို့က လက်နက်ချကြပါ။ ပူးပေါင်းကြပါလို့ အော်သတိပေးခဲ့တယ်။ သူတို့ဘက်က စခန်းမကျရေးကို ဦးတည်ခဲ့ကြတယ်။ ခံပြီးတော့ ပစ်နေကြတယ်။ အထဲမှာ ငိုသံ၊ အော်သံတွေလည်း ကျနော်တို့ ကြားရတယ်။ ကျနော်တို့မှာက လက်နက်ကြီး ပစ်ကူမရှိတော့ အထဲထိ ဝင်လုံးဖို့မှာ အဆင်မပြေတော့ ဆုတ်ခွာခဲ့ရတယ်” ဟု တပ်မဟာမှူးဆလိုင်းထွန်းလိန်ထန် က ပြောသည်။ တိုက်ပွဲတွင် စစ်ကောင်စီမှ ၃ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိကာ CDF- ကန်ပက်လက်က အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည် ဟု သူက ပြောသည်။ ထွေအုပ်ဦးစီးဌာနရုံးကို ပြန်လည်သိမ်းပိုက်ရန် အခွင့်သာခဲ့သော်လည်း လက်လုပ်လက်နက်ကြီးမှာ တိကျမှု မရှိခြင်း၊ လက်နက် ကြီးပစ်ကူနှင့် ဒရုန်းပစ်ကူ မပေးနိုင်ခြင်းတို့ကြောင့် ဆုတ်ခွာခဲ့ရသည်ဟု သိရသည်။ “ကျနော်တို့မှာ လက်နက်ကြီး၊ ဒရုန်းနဲ့ စနိုက်ဘာတွေပေါ့နော်။ ဒီလိုမျိုး…