(002MG) စစ်ကိုင်းတိုင်း ကလေးမြို့၊ ဗိုလ်ချုပ်လမ်းမ ဘူတာလမ်းခွဲအနီးတွင် ယနေ့မွန်းလွဲပိုင်းက စစ်ကောင်စီတပ်ဖွဲ့က အရပ်သားပြည်သူတစ်ဦးကို ပစ်သတ်ခဲ့သည်ဟု သိရသည်။ တိုက်ပွဲဖြစ်ပွားပြီး စစ်ရေးအခြေအနေတင်းမာနေသော ကလေးမြို့တွင် စစ်ကောင်စီတပ်ဖွဲ့သည် ယနေ့မနက်ပိုင်းကတည်းက ဗိုလ်ချုပ်လမ်းမအတိုင်း အရှေ့မှ အနောက်ဘက်ကို စစ်ကားများဖြင့် လှည့်လည်ကာ လမ်းမပေါ်က တွေ့သမျှလူများကို ပစ်ခတ်ခဲ့သည်ဟု သိရသည်။ သေဆုံးသူမှာ အိတ်စွပ် (Kawlkulh) ကျေးရွာမှ အသက် ၅၂ နှစ်အရွယ် Pu Lalengliana ဖြစ်ပြီး ကလေးမြို့သို့ ဘုရားကျောင်းကိစ္စဖြင့်အသွား ဘူတာလမ်းခွဲတွင် စစ်ကောင်စီ၏ သေနတ်ပစ်ခတ်မူကြောင့် ဘယ်ဖက်ရင်ဘတ်တွင် ဒဏ်ရာရရှိကာ သေဆုံးခဲ့ရသည်ဟု သေဆုံးသူ၏ သားဖြစ်သူက ပြောသည်။ “ဘူတာလမ်းခွဲ မရောက်ခင်မှာ စစ်သားတွေက သေနတ်ဖောက်တာ အဖေက ပွဲချင်းမသေဘူး၊ ဆိုင်ကယ်နဲ့နည်းနည်းသွားပြီး စမ်းမြို့နားမှာ လဲကျသွားတော့ လူငယ်တွေကတွေ့ပြီး ဖုန်းမှာ အဖေတို့ရုံးကဖုန်းတွေ့လို့ ဆက်တာ အဲ့ဒီချိန်ကျမှ သိရတာ၊ အလောင်းကတော့ အိမ်ရောက်လာပြီ” ဟု သားဖြစ်သူက ပြောသည်။ ယနေ့တရက်တည်းတွင် စစ်ကောင်စီတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် နောက်ထပ်ပြည်သူတစ်ဦးလည်း သေဆုံးကာ မည်သူ မည်၀ါဖြစ်ကြောင်းနှင့် ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိသည်ဟု သိရသော်လည်း ခိုနူမ်းသုန်အနေဖြင့် သီးခြား အတည်ပြု၍မရခဲ့ပေ။ ကလေးမြို့ပေါ် အနီးတဝိုက်တွင် ဖေဖော်ဝါရီ ၂၁ နေ့စတင်ပြီး ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲနှင့်စစ်ကောင်စီတို့ တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ယခုတစ်ပတ်အတွင်း အရပ်သား ပြည်သူ ၇ ဦးခန့် သေဆုံးခဲ့ပြီးဖြစ်သည်။ ယမန်နေ့ကလည်း ချင်း-စစ်ကိုင်းအစပ် ချင်းပြည်နယ် ခိုင်ကမ်းမြို့ရဲစခန်းရှေ့တွင် အသက် ၃၉…
Author: Editor
(006SV) ချင်းပြည်နယ်၊ မင်းတပ်မြို့ ခလရ – ၂၇၄ တပ်ရင်းမှ လှေးကောင်းကျေးရွာဘက်ကို လက်နက်ကြီးဖြင့် ပစ်ခတ်မှုများကြောင့် ကလေးငယ် ၂ ဦးကို ထိမှန်ပြီး ထိခိုက်ဒဏ်ရာများ ရရှိကြောင်း ဒေသခံများက ပြောသည်။ ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက် မနက် ၇ နာရီခန့်က မင်းတပ်မြို့ ခလရ ၂၇၄ တပ်ရင်းမှ ၁၂၀ မမ လက်နက်ကြီးဖြင့် ၈ ကြိမ်ခန့် လှေးကောင်းကျေးရွာဘက်သို့ ပစ်ခိုက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မင်းတပ်ဒေသခံ ကိုလောရင့်က ပြောသည်။ “မင်းတပ် CDF က လည်း ထုတယ်။ သူတို့ စစ်ကောင်စီကလည်းပြန်ထုတယ်။ လှေးကောင်းကျေးရွာထဲ ကျတာ ၈ လုံးလောက် ကျတယ်။ အပြန်အလှန်ထုနေကြတာ၊ အချက်ပေါင်းများတယ်” ဟု ကိုလောရင့်က ပြောသည်။ ချင်းကာကွယ်ရေးတပ်ဖွဲ့ – မင်းတပ်ကလည်း ခလရ – ၂၇၄ တပ်ရင်းထဲကို လက်နက်ကြီးဖြင့် ၅ ချက်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ဒဏ်ရာ ရရှိသူများမှာ အသက် ၁၂ နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် အသက် ၁၆ နှစ်အရွယ် ကလေးငယ်တစ်ဦးတို့ဖြစ်ပြီး ဒဏ်ရာ ရရှိမှု အသေးစိတ်ကို မသိရသေးကြောင်း မင်းတပ်မြို့ခံ ကိုဟာကလေးက ပြောသည်။ ထို့အပြင် အရပ်သားနေအိမ်တစ်လုံးလည်း ထိခိုက်ပျက်စီးကြောင်း၊ ဒေသခံပြည်သူများအနေဖြင့် စစ်ကောင်စီ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများကို သတိနှင့် နေကြရန် တော်လှန်ရေးအင်အားစုများက သတိပေးထားသည်။ မင်းတပ်မြို့နယ်တွင် စစ်ကောင်စီတပ်က အရပ်သားပြည်သူများ ဖမ်းဆီးမှုရှိနေပြီး…
(004SS) ချင်းပြည်နယ် ဟားခါးမြို့နယ်အတွင်း နွေရာသီကာလ ၃ လအတွင်း ကျေးငှက်နှင့် သားကောင်များ ပစ်ခတ်ခြင်း၊ အမဲလိုက် ခြင်းမပြုလုပ်ကြရန် Chinland Defense Force, Hakha Central Council က သတိပေးချက် ထုတ်ပြန်သည်။ ကျေးငှက် တိရိစ္ဆာန် သားကောင်များသည် အများအားဖြင့် နွေရာသီကာလအတွင်း သားကောင်ပေါက်ဖွားသည့် ရာသီဖြစ် သောကြောင့် လာမည့် မတ်လ ၁ ရက်နေ့မှ မေလ ၃၁ ရက်နေ့အထိ ၃ လတာ ကာလအတွင်း ဟားခါးမြို့နယ်အတွင်း အမဲလိုက်ခြင်း၊ သားကောင်ပစ်သတ်ခြင်းများလုံးဝမပြုလုပ်ရန် CDF-Hakha ဗဟိုကောင်စီက ဖေဖော်၀◌ါရီလ ၂၆ ရက်နေ့စွဲဖြင့် ထုတ်ပြန်ခြင်းဖြစ်သည်။ ထုတ်ပြန်ချက်အား လိုက်နာခြင်းမရှိဘဲ ဖောက်ဖျက်သူများရှိပါက အမဲလိုက်ရာတွင် အသုံးပြုသည့် လက်နက်များ သိမ်းဆည်း မည့်အပြင် လုပ်ထုံးလုပ်နည်းအရ အရေးယူသွားမည်ဖြစ်ကြောင်းသိရသည်။ “ဒါက တကယ်ကို လိုက်နာသင့်တဲ့အရာဖြစ်တယ် ဘာဖြစ်လို့လဲဆိုတော့ ဒီရာသီက တောငှက်နဲ့ သားကောင်များ သားပေါက် ဖွားတဲ့ရာသီ ဖြစ်တယ်လေ၊ ဉပမာတစ်နှစ်အတွင်း အကောင် ၂၀၊ ၃၀ ပွားမဲ့ဟာ ကိုယ်ပစ်လိုက်လို့ မှ သန္ဒေတည်နေတဲ့ အကောင်တွေပစ်လိုက်မိရင် ကိုယ့်နယ်မှာ သားကောင်တွေ ဘယ်လောက် ဆုံးရှုံးသွားမလဲေပါ့၊ ဆိုတော့ အခုလို သတိပေးချက်ကို လိုက်နာသင့်တယ်” ဟု ယခင်က အမဲလိုက်ဖူးသူ ဟားခါးဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ အလားတူ ချင်းပြည်နယ် ထန်တလန်မြို့နယ် CDF-Zophei နယ်မြေအတွင်းမှာလည်း ကျေးငှက်နဲ့ သားကောင် များကို မပစ်သတ်ကြရန် ၂၀၂၄ ခုနှစ်နှစ်ဆန်းပိုင်းကတည်းက…
(006SV) စစ်ကိုင်းတိုင်း၊ ကလေးမြို့အတွင်းနှင့် ကလေးမြို့ပတ်ဝန်းကျင်ဒေသများကို စစ်ရေးအရှိန်အဟုန် တိုးမြှင့်တိုက်ခိုက်တော့မည် ဖြစ်သောကြောင့် ဒေသခံပြည်သူများ ကလေးမြို့အတွင်းမှ အမြန်ဆုံး ထွက်ခွာရှောင်ပေးကြရန် ကလေးခရိုင်ပြည်သူ့ကာကွယ်ရေး အဖွဲ့က သတင်းထုတ်ပြန်လိုက်သည်။ ဖေဖော်ဝါရီလ ၂၆ ရက်စွဲဖြင့် နောက်ဆုံးသတိပေး နှိုးဆော်ချက်ဟုဆိုကာ ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက်က ကာကွယ်ရေးဝန် ကြီးဌာန၊ ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ခြင်းဖြစ်ကြောင်း ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “အဲဒီထုတ်ပြန်ချက်က အတည်ဖြစ်ပါတယ်ခင်ဗျာ။ နောက်ဆက်တွဲတွေကိုလည်း တရားဝင်ထုတ်ပြန်ပေးသွားဖို့တွေ ရှိပါသေးတယ်” ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။ ကလေးမြို့အတွင်းနှင့် ကလေးမြို့ပတ်ဝန်းကျင်ဒေသများကို စစ်ရေးအရှိန်အဟုန် တိုးမြှင့်တိုက်ခိုက်တော့မည်ဖြစ်၍ ကလေးမြို့ အတွင်းက မိဘပြည်သူများ အသက်အိုးအိမ်စည်းစိမ် ထိခိုက်နစ်နာမှုများ မဖြစ်စေရန် ကလေးမြို့အတွင်းမှ ထွက်ခွာကာ အမြန်ဆုံး ရှောင်ရှားကြပါရန် ယင်းထုတ်ပြန်ချက်တွင် ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က တိုက်တွန်းနှိုးဆော်ထားသည်။ ကလေးမြို့အတွင်းနှင့် ကလေးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူ့ရင်ခွင်အား နီးစပ်ရာတော်လှန်ရေး အဖွဲ့အစည်းများနှင့် ဆက်သွယ်၍ အမြန်ဆုံး ခိုလှုံကြရန်လည်း ကလေးခရိုင်-ပကဖက သတိပေးထားသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် တစ်တိုင်းပြည်လုံးအတိုင်းအတာအရ မိမိတို့ဘက်သို့ စစ်ဦးချိုးနှိမ်ခံထားရခြင်း၊ စစ်ပွဲတိုင်း ရှုံးနေခြင်း၊ စစ်သည်အင်အား ချိနဲနေခြင်း၊ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက် ကောင်းစားရေးအတွက် ဘဝနှင့် အသက်များအား စတေးနေရခြင်း၊ နိုင်ငံတကာနှင့် မိဘပြည်သူ အပေါင်းတို့၏ စစ်ဆုပ်ရွံရှာခြင်းကို ခံနေရခြင်းတို့ကို နာလည်းသဘောပေါက် သင့်ကြောင်း ထုတ်ပြန်ချက်ဆိုပါသည်။ ပြီးခဲ့သည့် နှစ်ကုန်ပိုင်းကလည်း ရဲစခန်း၊ စစ်တပ်ဂိတ်၊ စစ်တပ်တပ်စွဲရာ နေရာများနှင့် ပျူစောထီးရွာအနီးရှိ ဒေသခံများကို ဒီဇင်ဘာလ ၁၅…
(004SS) ချင်းပြည်နယ် တောင်ပိုင်း၊ မင်းတပ်မြို့နယ်တွင် စစ်ကောင်စီတပ်က အရပ်သားပြည်သူများ ဖမ်းဆီးမှုရှိနေပြီး တချို့ကို ပြန်လွှတ်ပေးသော်လည်း တချို့ကိုတော့ ၂၇၄ တပ်ရင်းထဲ ဆက်လက်ထိန်းသိမ်းထားသည်ဟု သိရသည်။ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ မနက်အစောပိုင်း ၆ နာရီဝန်းကျင်ခန့်တွင် မင်းတပ်မြို့အနီးရှိ ရွီတွီးရွာနှင့် ပန်းအော့ရွာသို့ အင်အား ၅၀ ကျော်ရှိသော စစ်ကောင်စီတပ်ဖွဲ့များဝင်ရောက်ကာ အသက် ၁၃ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအ၀င် အရပ်သားပြည်သူ ၁၃ ဦးခန့်ဖမ်းဆီးခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။ “သူတို့က ရွီတွီးတို့ ပန်းအော့ရွာတွေကိုဝင်တာပေါ့နော်၊ အရင်ဦးဆုံး ရွီတွီးကိုဝင်တာလေ အဲမှာ ၄ ယောက်ဖမ်းတယ်၊ ပြီးတော့ တခြားရွာတွေလဲ ဝင်ပြီးမှ စစ်ဆေးကြတယ်လို့ပြောတယ်။ မေန့က စုစုပေါင်းအဖမ်းခံရတာ ၁၃ ယောက်ရှိတယ် အဲထဲမှာ ၁၀ ယောက်ကို ပန်းအော့ရွာထိပ်ရောက်တော့ လွှတ်ပေးတယ် ၃ ယောက်ကိုခေါ်သွားကြတယ်” ဟု ဖမ်းဆီးခံရသူနှင့်နီးစပ်သူ အမျိုးသမီးတစ်ဦးက ပြောသည်။ စစ်ကောင်စီက ပြန်မလွှတ်ဘဲ ဖမ်းဆီးခေါ်ဆောင်သွားသူများမှာ အမျိုးသမီး ၁ ဦးနှင့် အမျိုးသား ၂ ဦးဖြစ်ကြပြီး ၎င်းတို့အနက် အမျိုးသားတစ်ဦးထံ အိုင်ကွန် ဖမ်းမိခြင်းကြောင့် ရိုက်နှက်ခံခဲ့ရကာ မင်းတပ်မြို့အခြေစိုက် ခလရ ၂၇၄ သို့ ခေါ်ဆောင်သွားကြောင်း သိရသည်။ “ဖမ်းတဲ့ထဲက ယောကျာ်းလေး တစ်ယောက်ကိုတော့ အိုင်ကွန်နဲ့အတူ ဖမ်းမိတယ်လို့ေပြာတယ်၊ ဒါနဲ့ဖမ်းထားတဲ့ တခြားသူတွေကို တဘက်လှည့်ခိုင်းထားပြီး အဲတစ်ယောက်ကို အမျိုးမျိုးနှိပ်စက်ကြတယ်။ ပြီးမှ မိန်းခလေးတစ်ယောက်နဲ့ ယောကျာ်းလေး ၁ ယောက်နဲ့ ခေါ်သွားကြတယ်” ဟု…
(006SV) စစ်ကောင်စီက စစ်မှုမထမ်းမနေရဥပဒေကို ပြဌာန်းပြီး နှစ်ပတ်နီးပါးအကြာတွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ ZFU/PDF Zoland ထံကို စစ်အာဏာသိမ်းမှုကို တော်လှန်ရန် လူငယ်လူရွယ် ၁၀၀ ကျော် ထပ်မံဝင်ရောက်လာကြောင်း PDF Zoland မှ ပြောရေးဆိုခွင့်ရှိသူ ကိုထော်နီက ပြောသည်။ ဖေဖော်ဝါရီလ ၁၀ ရက် စစ်မှုမထမ်းမနေရ ဥပဒေပြဌာန်းအပြီး ဝင်ရောက်လာသူများတွင် အမျိုးသမီး ၂၀ ရာခိုင်နှုန်း၊ အမျိုးသား ၈၀ ရာခိုင်နှုန်း ရှိနေပြီး စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှ အများဆုံး ဝင်ရောက်လာကာ နယ်မျိုးစုံက လူငယ်လူရွယ်များ ရောက်လာကြကြောင်း ၎င်းက ပြောသည်။ “အခုတလောက လာဝင်တဲ့ လူတွေ များနေတယ်ဆိုတော့ အဆောင်တွေရော၊ အစစအရာရာပေါ့နော်။ မိုးကားတွေ တဲတွေ ဆောက်ဖို့ လိုတယ်။ ဖိနပ်တွေ လိုတယ်။အင်္ကျီတွေ လိုတယ်။ လက်နက်ပိုင်းရော၊ အစားအသောက်ပိုင်း၊ အဆောင်တွေက အစ ရုန်းကန်နေဆဲပဲ။ အစစအရာရာအတွက် ရုန်းကန်းနေရဆဲပဲ” ဟု PDF- Zoland ပြောရေးဆိုခွင့်ရှိ သူက ပြောသည်။ ယင်းဥပဒေ မပြဌာန်းမှီကလည်း စစ်အာဏာရှင်တော်လှန်ရေးအတွက် ZFU/PDF Zoland ထံကို လူငယ်လူရွယ် ၈၀ ကျော်က ဝင်ရောက်ထားကြောင်းလည်း သူက ပြောသည်။ လာရောက်ကြသူများတွင် လူငယ်နှင့် ကျောင်းသား ပိုများပြီး လူကြီးပိုင်းက နည်းပါးကြောင်း၊ တချို့မှာ အသက်မပြည့် သေးသူများပင် လာရောက်ကြသောကြောင့် လက်မခံချင်သော်လည်း ၎င်းတို့မှာ အိမ်မပြန်ချင်၍ စခန်းမှာ နေခွင့် ပေးထားရကြောင်း သိရသည်။ လက်ရှိတွင် အသစ်ရောက်လာသော…
(006SV) စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်က စခန်းသိမ်းစစ်ဆင်ရေးအတွင်း ကျဆုံးသွားသော CNDF ဒုတိယစစ်ဦးစီးချုပ်နှင့် ရဲဘော်များ၏ ရုပ်အလောင်းများ ပြန်မရဘဲ စစ်ကောင်စီက မီးရှို့ဖျက်ဆီးခံလိုက်ရကြောင်း CNO/ CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းကျုံးငိုင်က ပြောသည်။ CNO/CNDF ဒုတိယစစ်ဦးစီချုပ် ဆလိုင်းဒေးဗစ်နယူး (ခ) Joshua ၊ ရဲမေ ရွှေနွန်ကိမ် (ခ) A Nge နှင့် ရဲဘော် အာမောစ်ဗန်နိုက်လျန် (ခ) Amos တို့ ရုပ်အလောင်းများကို စစ်ကောင်စီအရာရှိအပါအဝင် ရုပ်အလောင်းများဖြင့် အလဲအလှယ်ပြုလုပ်ရန် ဆွေးနွေးခဲ့သော်လည်း အစီအစဉ် မဖြစ်မြောက်ခဲ့ကြောင်း သိရသည်။ “အလောင်းက မရတော့ဘူး။ မီးရှို့ပစ်လိုက်ကြတယ်။ သိပ်ပြီးတော့လည်း မျှော်လင့်ချက်လည်း မထားတော့ဘူး။ အလောင်းကို လဲဖို့ ၊ ဗိုလ်ကြီးတစ်ယောက်ရဲ့ အလောင်းနဲ့ ကျနော်တို့ သုံးယောက်ရဲ့ အလောင်းနဲ့ လဲဖို့ ရှိခဲ့သေးတယ်။ သူတို့ဘက်က ပြန်ရုတ်သွားတယ်” ဟု CNO/ CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းကျုံးငိုင်က ပြောသည်။ CNO/CNDF ဒုတိယစစ်ဦးစီချုပ် နှင့် ရဲဘော်များအတွက် ဇန်နဝါရီလ ၂၄ ရက်က ဆုတောင်းပွဲကို ပြုလုပ်ခဲ့ပြီး ၎င်းအတွက် အထိန်းအမှတ် ကျောက်တိုင်ကိုလည်း ပြုလုပ်သွားရန်ရှိကြောင်း သိရသည်။ ဖေဖော်ဝါရီလ ၂၂ ရက်က ကလေးမြို့နယ်အတွင်းက တပ်ရင်းတစ်ခုမှ ရဲဘော်များနှင့် တွေ့ဆုံအပြီးတွင် ဖေဖော်ဝါရီလ ၂၃ ရက်က သတင်းပေါက်ကြားပြီး အောင်သာယာကျေးရွာအနီးမှာ စစ်ကောင်စီနှင့် ပျူစောထီးများက စောင့်ကြို၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဆိုင်ကယ်တစ်စီးဖြင့် ဒုစစ်ဦးစီးချုပ်နှင့် ရဲဘော်တို့…
(002MG) စစ်ကိုင်းတိုင်း၊ကလေးမြို့နှင့် ချင်းပြည်နယ် ခိုင်ကမ်းမြို့ ရဲစခန်းတို့တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးပူး ပေါင်းတပ်ဖွဲ့တို့ ယနေ့မနက်ပိုင်းကစ၍ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည် ဟု သိရသည်။ ကလေးမြို့ခံတစ်ဦးက “အမြောက်ကတော့ မနက်အစောကြီးကတည်းက တောက်လျှောက်ထုနေတယ် ဆက်တိုက်ပဲ၊ တိုက်လေယာဉ်နဲ့မြောက်ပိုင်းလဲလည်းကြဲသွားတယ်၊မြို့ထဲမှာလဲ သူတို့က ကားတွေကို သံပြားတွေနဲ့အပြည့်ကာထားတာ သံလုံးကားလို့ခေါ်ကြတာအဲ့ကားတွေ၊အိမ်စီးကာတွေနဲ့ မြို့ထဲမှာ အရှေ့အ နောက်သွားလိုက်နဲ့ ပြီးရင် ဒကစ ထဲဝင်လိုက် နဲ့ ရူပ်နေတာပဲ” ဟု ပြောသည်။ ကလေးမြို့မြောက်ပိုင်းတွင်ရှိသည့် ဆည်တော်ဦးကျေးရွာ၊ကျောင်းတိုက်ကျေးရွာ၊အောင်မြင်သာ (သဲကုန်းတန်း) ကျေးရွာနှင့် ကလေး-ချင်းအစပ် ခိုင်ကမ်းမြို့တို့တွင် တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့သည် ကလေးမြို့ တွင်းမှ လက်နက်ကြီးဖြင့် အဆက်မပြတ်ပစ်ကူနေပြီး ခိုင်ကမ်းမြို့ဖက်တွင် လက်နက်ကြီးကျရောက်ပေါက်ကွဲမူကြောင့် လူနေအိမ်များ ထိခိုက်ပျက်စီးသည့်အပြင် အမျိုးသားတစ်ဦး လက်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ခိုင်ကမ်းမြို့ဒေသခံတစ်ဦးက ပြောသည်။ ခိုင်ကမ်းမြိုခံတစ်ဦးက “သောကြာနေ့ မနက်ပိုင်းတုန်းက လူငယ်တွေက ထွက်တော့လို့လာပြောတာ တချို့က ထွက်တယ်၊မထွက်တဲ့သူတွေလည်း ရှိတယ်၊ဒီနေ့တော့ဖြစ်ပြီလေ။ကိုးမိုင်ရဲစခန်းအရှေ့ဖက်မှာ လမ်းကြား ဖက်တွေမှာ လက်နက်ကြီးတွေကျတာ အိမ်တွေလည်း ပျက်စီး တယ်၊ဘယ်နှစ်အိမ်ပျက်စီးလဲဆိုတာ ထွက်မကြည့်ရဲသေးဘူး။ ဖြစ်နေတုန်းဆိုတော့” ဟု ပြောသည်။ လက်ရှိတွင် ကလေးမြို့အနောက်ဖက် ကိုးမိုင်တွင်နေထိုင်ကြသည့် ပြည်သူများနှင့် ခိုင်ကမ်းမြို့ခံတို့သည် နီးစပ်တောထဲ ထွက်ပြေးတိမ်းရှောင်နေကြရပြီး တိုက်ပွဲအတွင်း ပိတ်မိနေသူများလည်းရှိသည်ဟု ဒေသခံများထံမှ သိရသည်။ ဖေဖော်ဝါရီလ ၂၁ နှင့် ၂၃ ရက်နေ့ကလည်း ကလေးမြို့ပေါ်နှင့် မြို့အနီးတဝှိက်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီအခြေစိုက်စခန်းရှိသည့် စက္ကန့်ရွာ၊ကံကြီးရွာနှင့် ကံသာရွာကျေးရွာတို့ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့က…
စစ်ကောင်စီအဖွဲ့၀င် ဒေါက်တာမှုထန်၏ ဟားခါးမြို့က နေအိမ်ကို ပြည်သူပိုင်အဖြစ် သိမ်းဆည်းလိုက်ကြောင်း CDF-Hakha က ဖေဖော်၀ါရီလ ၂၅ ရက်နေ့က ထုတ်ပြန်သည်။ ဒေါက်တာမှုထန်သည် စစ်ကောင်စီနှင့်လက်တွဲပူပေါင်းသည်သာမက ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁၅ ရက်က ဟားခါးမြို့ရှိ မြို့တော်ခန်းမမှာ စစ်ကောင်စီက ကျင်းပရန် စီစဉ်နေသော ရွေးကောက်ပွဲမှာ ပြည်သူများ ပူးပေါင်း ပါဝင်ကြဖို့ စည်းရုံးခဲ့သောကြောင့် ဟားခါးမြို့ ဆပ်သာလမ်း (Sakta Lam) ရှိသူ၏ နေအိမ်ကို ပြည်သူပိုင်အဖြစ် သိမ်းဆည်းခဲ့ခြင်းဖြစ်သည်ဟု CDF-Hakha က ထုတ်ပြန်သည်။ ဒေါက်တာမှုထန်၏ နေအိမ်ကို တော်လှန်ရေးကာလအတွင်း လိုအပ်သလိုအသုံးပြုသွားမည်ဟုလည်း CDF-Hakha က ဆိုသည်။ ချင်းပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌလည်းဖြစ် ဒေါက်တာမှုထန်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်အဖြစ် ၂၀၂၃ ခုနှစ် ဖေဖော်၀ါရီလ ၁၇ ရက်နေ့က ခန့်အပ်ခံရသူဖြစ်သည်။ သူ၏ဇာတိမြို့ ထန်တလန်ကို စစ်ကောင်စီက ပြာပုံအတိဖြစ်အောင် မီးရှို့ဖျက်ဆီးခဲ့သော်လည်း စစ်ကောင်စီနှင့် ပူးပေါင်းလက်တွဲသည့်အပေါ် ချင်းပြည်သူများ၏ အပြင်းအထန်ေ၀ဖန်မှုခံနေရသူလည်းဖြစ်သည်။ ထို့အပြင် ဒေါက်တာမှုထန်နှင့် စစ်ကောင်စီထိပ်ပိုင်းခေါင်းဆောင် ၃ ဦးအပါအ၀င် လက်နက်ပွဲစား ကုမ္ပဏီ ၂ ခုတို့ကို ဥရောပသမဂ္ဂက EU က ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့က ပိတ်ဆို့အရေးယူခဲ့သည်။
စစ်ကိုင်းတိုင်း ကလေးခရိုင်အတွင်းရှိ စစ်ကောင်စီအခြေစိုက်စခန်းများကို ပြည်သူ့ကာကွယ်ရေးကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ၃ ရက်တာတိုက်ခိုက်မှုတွင် ဗိုလ်ကြီးတစ်ဦးအပါအ၀င် စစ်ကောင်စီတပ်သား ၁၅ ဦးသေဆုံးခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ အမှတ် ၁ စစ်ဒေသက ယနေ့ (ဖေဖော်ဝါရီ ၂၅ ) ရက်တွင် ထုတ်ပြန်သည်။ ကလေးခရိုင်အတွင်းရှိ စစ်ကောင်စီ အခြေပြုစခန်းများဖြစ်ကြသော စက္ကန့်ရွာ၊ ကံကြီးရွာနှင့် ကံသာရွာတို့ကို ကလေးခရိုင် တပ်ရင်းများ၊ အထူးလှုပ်ရှား တပ်ရင်းများ၊ ကလေးခရိုင် မိုင်းတပ်ဖွဲ့၊ ကလေးခရိုင်/မြို့နယ် ပကဖ၊ ကလေးမြို့ပြစီမံချက် (UG) တပ်ဖွဲ့၊ VOKOK(PDF) တပ်ရင်း၊ CNDF TZ Vapual၊ RKDF၊ CDF (KKG)၊ HNB၊ GRF၊ S2UG၊ EFDF၊ TCDF၊ CDF-CDM siyin ပူးပေါင်းအဖွဲ့တို့မှ ဖေဖော်ဝါရီလ ၂၁ ရက်မှ ၂၃ ရက်ထိ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ဗိုလ်ကြီး မင်းခန့်ဇင် ဦးစီးသော ဒကစ (ကလေး) လက်အောက်ရှိ စက္ကန့်ရွာ၊ ကံကြီးရွာနှင့် ကံသာရွာတို့မှ စစ်ကောင်စီ အခြေပြုစခန်းများကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြပြီး စစ်ကောင်စီဘက်မှ ဗိုလ်ကြီး (၁) ဦးအပါအဝင် (၁၅) ဦး သေဆုံးပြီး (၁၀) ဦး ထိခိုက်ဒဏ်ရာရသည်။ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ရဲဘော် (၂) ဦး ကျဆုံးခဲ့သည်။ တိုက်ပွဲအတွင်း လက်နက်ငယ် (၁၀) လက်၊ RPG-7 (၁) လက်၊ ၆၀ မမ ပြောင်းတို (၁) လက်၊…
