Author: Editor

(002MG) စစ်ကိုင်းတိုင်း၊ ကလေးမြို့မြောက်ပိုင်းဒေသကို စစ်ကြောင်းထိုးဝင်ရောက်နေသော စစ်ကောင်စီတပ်ဖွဲ့က ကျေးရွာများကို တရွာပြီးတရွာမီးတင်ရှို့နေပြီး ကျေးရွာပေါင်း ၆ ရွာက လူနေအိမ်ခြေရာနှင့်ချီ မီးလောင်ပျက်စီးခဲ့ရပြီဟု သိရသည်။ စစ်ကောင်စီတပ်ဖွဲ့သည် ကလေးမြောက်ပိုင်းဒေသကို ဧပြီလဆန်းပိုင်းကစတင်စစ်ကြောင်းထိုးဝင်ရောက်လာကာ ပြည်သူ့ကာကွယ်ရေးပူပေါင်းတပ်ဖွဲ့များနှင့် နေ့စဉ်ရက်ဆက်တိုက်ပွဲဖြစ်ပွားနေပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်ကျေးရွာ များကိုပါ စစ်ကောင်စီက မီးပတ်ရှို့နေသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ “တောက်လျှောက်မီးရှို့တာ၊ စစ်ကြောင်းထိုးပြီးမှ သူတို့ကိုယ်တိုင်ပဲ ထိတွေ့မှုရှိရှိ/မရှိရှိ သူတို့တွေက မီးရှို့တာ။ ဖြစ်တဲ့နေရာပဲရှို့မယ်ဆိုရင် သူတို့ (၃) နေရာလောက်ပဲရှိမှာ အခုက ပတ်ခြာလည်ရှို့တာကိုး၊ ရွာတွေက မီးရှို့ တာပဲမြင်ရတယ်၊ ဘယ်လောက်လောက် မီးထဲပါသွားလဲဆိုတာ တပ်ဖွဲ့ဝင်တွေ ဝင်လို့မရသေးတော့ မသိရသေးဘူး” ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲဝင်တဦးက ပြောသည်။ ဧပြီလဆန်းကစ၍ ယနေ့ ဧပြီလ ၂၆ ရက်နေ့အထိ ကလေးမြို့မြောက်ပိုင်းဒေသက ပျဉ်းခုံကြီး၊ ဟံသာ၊ ယောက်ချိုကွင်း၊ နန်းချောင်း၊ ဆည်ကြီး နှင့် ချင်း-ကလေးအစပ် တီးတိန်မြို့နယ် မိုင်နွဲကျေးရွာတို့ကို စစ်ကောင်စီက မီးရှိုခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီတပ်ဖွဲ့၏ မီးရှို့မှုကြောင့် ပျဉ်းခုံကြီးရွာက ဘုရားကျောင်း ၅ ကျောင်းအပါအဝင် အိမ်ခြေ ၄၀၀ နီးပါး၊ ဟံသာ ကျေးရွာနှင့် ယောက်ချိုကွင်းကျေးရွာတွင် အိမ်ခြေ ၃၀ ကျော် နှင့် မိုင်နွဲကျေးရွာတွင် ဘုရားကျောင်း ၂ ကျောင်း အပါ အဝင် အိမ်ခြေ ၅၀ ခန့် မီးလောင်ပျက်စီးခဲ့သည်ဟု သိရသည်။ နန်းချောင်းကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဧပြီလ ၂၄ ရက်နေ့ကစ၍ ထိတွေ့ တိုက်ပွဲဖြစ်ပွားပြီးနောက် ဧပြီလ…

Read More

(006SV) မြန်မာ့နွေဦးတော်လှန်ရေး ၃ နှစ်ကျော်လာချိန်တွင် ချင်းတော်လှန်ရေးအင်အား စုများသည် ချင်းပြည်နယ်၏ နယ်မြေအများစုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြပြီး စစ်ရေးအရအောင်မြင်မှု အတိုင်းအတာတစ်ခုအထိရှိလာပြီဟုသိရသည်။ နွေးဦးတော်လှန်ရေးအစကနဦးပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့၏ အကြီးအကျယ်ထိုးစစ်တိုက်ခိုက်မှုခံခဲ့ရသော ချင်းတောင်တွင် ယခုအခါ စစ်ကောင်စီတပ်ဖွဲ့၏ ထိုးစစ်ဆင်တိုက်ခိုက်မှုများ သိသိသာသာလျှော့နည်းလာပြီး တိုက်ပွဲဖြစ်ပွားမှု လည်း ယခင်ကထက် နည်းပါးလာသည်ကိုတွေ့ရသည်။ ယခုလက်ရှိချင်းပြည်နယ်၏ စစ်ရေးအခြေအနေ၊ စစ်ကောင်စီတပ်ဖွဲ့၏ အနေအထားများ၊ လတ်တလော ရင်ဆိုင်နေရသော စိန်ခေါ်မှုများနှင့်ပတ်သက်၍ ချင်းအမျိုးသားတပ်ဦး CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကို ခိုနူမ်းသုန်သတင်းဌာနက ဆက်သွယ်မေးမြန်းထားသည်။ မေး – ခုဆိုရင် တူမီးနဲ့စတင်ခဲ့တဲ့ တော်လှန်ရေးဟာ ၃ နှစ်ကျော်လာပါပြီ။ ကျနော်တို့ ချင်းပြည်တော်လှန်ရေး ရည်မှန်းချက်အနေနဲ့ ဘယ်လောက်အတိုင်အတာထိ ရောက်နေပြီးလို့ ပြောလို့ ရမလဲ။ ဖြေ – ၃ နှစ်တာတော်လှန်ရေးတိုက်ပွဲမှာက ကျနော်တို့ အောင်မြင်မှုနဲ့ပတ်သက်ရင် ချင်းပြည်နယ် ၉ မြို့နယ်က မြို့ပေါ် မှာပဲ စစ်ကောင်စီက တပ်ထိုင်နိုင်တဲ့ အနေအထားပဲ ရှိတော့တယ်။ တခြားဒေသတွေ အားလုံးကတော့ ပြည်သူကနေ စိုးမိုးထားနိုင်ပြီ၊၊ ရာခိုင်နှုန်းနဲ့ တွက်ကြတော့ ၁၀၀ မှာ ၇၅ ရာခိုင်နှုန်းတော့ ကျနော်တို့ရဲ့ ထိန်းချုပ်စိုးမိုးမှု အောက်မှာ ရှိနေတယ်။ အဲဒီထဲမှာ ဒေသအုပ်ချုပ်ရေးတွေကို သူ့ဟာနဲ့ သူ ၊ အဲသလိုမျိုး ဖော်ဆောင်နိုင်တဲ့ အဆင့်ပေါ့။ ဒါပေမယ့် ကျနော်တို့ လိုချင်တာက စစ်အာဏာရှင် အပြုတ်တိုက်ရေး ဆိုတော့ အားလုံးတစ်စုံလုံးကို ထိန်းချုပ်နိုင်ဖို့က ကျနော် တို့မှာ တာဝန်အများကြီး ရှိနေသေးတယ်။ အဲဒီအတွက်…

Read More

(005MK) အမေရိကန်အခြစိုက် ချင်းနှစ်ခြင်းအသင်းတော် (Chin Baptist Churches USA) မှ တာဝန်ရှိသူများသည် မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် ပူးလာလ်ဒိုအောမ်မာနှင့် တွေ့ဆုံးပြီး Chief Minister Relief Fund အတွက် ရူပီးငွေ ၃ သိန်းပေးအပ်လှူဒါန်းခဲ့သည်သည်ဟု သိရသည်။ CBCUSA မှတာဝန်ရှိသူတစ်ချို့သည် မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်ကို သူ၏ ရုံးခန်းတွင် ဧပြီလ ၂၄ ရက်နေ့က သွားရောက်တွေ့ဆုံခဲ့ကြပြီး မြန်မာနိုင်ငံကစစ်ဘေးရှောင်များအား ကူညီစောင့်ရှောက်သည့်အပေါ် ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့ကြပြီး ဝန်ကြီးချုပ်ကယ်ဆယ်ရေးရန်ပုံငွေအတွက် ရူပီးငွေ ၃ သိန်းပေးလှူခဲ့တာဖြစ်သည်ဟု သိရသည်။ Chin Baptist Churches USA အဖွဲ့သည် အမေရိကန်ရောက် ချင်းနှစ်ခြင်းအသင်းတော်များဖြင့်ဖွဲ့စည်းထားသော ဘာသာရေးအဖွဲ့အစည်းဖြစ်ပြီး အသင်းတော်ပေါင်း ၁၂၀ နှင့် အသင်းသူအသင်းသား လူဦးရေ ၃၃၀၀၀ ဝန်းကျင်ရှိသည်ဟု သိရသည်။ အမေရိကန်အခြေစိုက် CBANA ကလည်း ဧပြီလ ၂၀ ရက်နေ့က မီဇိုရမ်ပညာရေးဝန်ကြီးထံ ရူပီးငွေ ၈ သိန်း ၅ သောင်း ပေးအပ်လှူဒါန်းခဲ့ကြသည်။

Read More

(005MK) အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကြား နယ်စပ်ဖြတ်ကျော် ဝင်/ထွက်သွားခွင့်ပိတ်ပင်မှုကို အိန္ဒိယဗဟိုအစိုးရက ပြန်လည်ရုပ်သိမ်းလိုက်ပြီး ယနေ့မွန်းလွဲပိုင်းကစ၍ ရိ-ဇိုခေါထာရ် ချစ်ကြည်ရေးတံတားကိုလည်း ပြန်လည်ဖွင့်ပေးလိုက်ပြီဟု သိရသည်။ အိန္ဒိယနိုင်ငံမှာ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲကျင်းပမှုကို အကြောင်းပြကာ အိန္ဒိယ-မြန်မာ အမှတ် ၂ နယ်စပ်ကုန် သွယ်ရေးစခန်း တည်ရှိရာ ရိဒ်-ဇိုခေါထာရ် ချစ်ကြည်ရေး တံတားကို ဧပြီလ ၁၇ ရက်မှ ၁၉ ရက်နေ့အထိ ပိတ်ပင်ခဲ့သည်။ ရွေးကောက်ပွဲ ကျင်းပပြီးစီး၍ ဧပြီလ ၂၀ ရက်နေ့ မွန်းလွဲပိုင်းမှာ ရိဒ်-ဇိုခေါထာရ် ချစ်ကြည်ရေး တံတားကို ပြန်ဖွင့်ခဲ့ သော်လည်း အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာန၏ အမိန့်အရဟုဆိုကာ အာသံရိုင်ဖယ်တပ်ဖွဲ့က နှစ်နိုင်ငံဝင်ထွက်သွား လာခွင့်ကို တင်းကြပ်လိုက်ပြီး မြန်မာဘက်ခြမ်းက ကျောင်းသူ၊ ကျောင်းသားနှင့် ကျန်းမာရေးဆိုင်ရာ အရေးပေါ် အခြေအနေများကိုသာ ခြွင်းချက်အဖြစ် နယ်စပ်ဖြတ်ကျော်ခွင့်ပြုထားခဲ့ခြင်းဖြစ်သည်။ အာသံရိုင်ဖယ်တပ်ဖွဲ့က မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင်ထဲက နယ်စပ်အနီးကျေးရွာများမှ ရပ်ရွာလူကြီးများ၊ အုပ်ချုပ်ရေးအဖွဲ့များအား ခေါ်ယူတွေ့ဆုံကာ အိန္ဒိယ-မြန်မာနယ်စပ်ကို ဧပြီလ ၂၀ ရက်မှ ၃၀ ရက်နေ့အထိ နားလည်မှု ကာလအဖြစ်သတ်မှတ်ကာ ဝင်ထွက်သွားလာခွင့်ပြုထားမည်ဖြစ်သော်လည်း မေလ ၁ ရက်နေ့ကစ၍ ပိတ်ပင်သွားမည်ဟု ပြောဆိုခဲ့သည်။ သို့သော်လည်း ယနေ့ဧပြီလ ၂၅ ရက်နေ့မွန်းလွဲပိုင်းတွင် အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေးစခန်း ချင်းပြည်နယ် ဖလမ်း မြို့နယ်က ရိခေါဒါရ်မြို့နှင့် မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင် ဇိုခေါထာရ်ကျေးရွာကြား ရိ-ဇိုခေါထာရ် နယ်စပ်ဂိတ် တံတား ကို အိန္ဒိယဘက်က ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်ဟု မီဇိုရမ်ရုပ်သံသတင်းဌာန Zonet က ကြေညာသည်။ ယနေ့မွန်းလွဲပိုင်းကစ၍ ရိ-ဇိုခေါထာရ်…

Read More

(005MK) ကလေးမြို့မြောက်ပိုင်း ပျဉ်းတောဦး (Tuingo) ကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့မှ ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားတစ်ဦးထပ်မံသေဆုံးပြီး တစ်ဦးမှာပြင်းထန်ဒဏ်ရာရရှိကြောင်းသိရသည်။ ယနေ့ဧပြီလ ၂၅ ရက်နေ့လည်ပိုင်းတွင် ပျဉ်းတောဦးကျေးရွာထဲ စစ်ကောင်စီ၏ လက်နက်ကြီး ၂ ကြိမ် ကျရောက်ပေါက်ကွဲခဲ့ပြီး ပထမအကြိမ်ပေါက်ကွဲမှုတွင် ဆိုင်ကယ်စီးနေသောအမျိုးသားနှစ်ဦးထိမှန်ကာ တစ်ဦးမှာသေဆုံးသွားပြီး ကျန်တစ်ဦးမှာလည်း စိုးရိမ်ဒဏ်ရာအပြင်းအထန်ရရှိကြောင်း ဒေသခံများထံမှသိရသည်။ “မနေ့က ရွာထဲမှာလက်နက်ကြီးကျပြီး သေဆုံးမှုတွေကြောင့် တရွာလုံးဝမ်းနည်းပူဆွေးနေကြတဲ့အချိန်မှာ ဒီကနေ့မှာလည်း ရွာထဲကို လက်နက်ကြီး ၂ နေရာမှာထပ်မံကျလာတယ် တစ်ယောက်ကတော့သေသွားတယ်၊ ကျန်တဲ့တစ်ယောက်တော့ အသက်ကယ်လို့အချိန်မီနိုင်မယ်လို့မျှော်လင့်ရတယ်’’ ဟု ပျဉ်းတောဦးဒေသခံတစ်ဦးက သူ၏လူမှုကွန်ယက်စာမျက်နှာတွင်ဖော်ပြထားသည်။ ဒုတိယအကြိမ်ကျရောက်ပေါက်ပွဲမှုတွင် လူထိခိုက်မှုမရှိသော်လည်း လူနေအိမ်တစ်လုံးထိမှန်ကာ မီးလောင်ပြာကျခဲ့ရသည်ဟုသိရသည်။ ကလေးမြို့မှ ၁၂ မိုင်ခန့်ကွာဝေးသော ပျဉ်းတောဦးကျေးရွာတွင် ယမန်နေ့ညနေပိုင်း ၄ နာရီခန့်က လက်နက်ကြီး ၃ ကြိမ်ကျရောက်ပေါက်ကွဲခဲ့ပြီး ၁၀ နှစ်အရွယ်ကလေးငယ် ၂ ဦးနှင့် အဘိုးအိုတစ်ဦး သေဆုံးခဲ့သည်။ စစ်ကောင်စီတပ်ဖွဲ့သည် ယခုဧပြီလဆန်းပိုင်းကစ၍ ကလေးမြို့မြောက်ပိုင်းဒေသ ကလေး-လက်ပံချောင်း ကားလမ်းမပေါ်ရှိ ကျေးရွာများဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး ပျဉ်းခုံကြီး၊ ယောက်ချိုကွင်း၊ မိုင်နွဲ စသည့်ကျေးရွာများကို မီးရှို့ဖျက်စီးခဲ့သည်။ ဒေသခံပြည်သူများသည် နီးစပ်တောတောင်များ၊ ကလေးမြို့ပေါ်နှင့် အိန္ဒိယ-မြန်မာနယ်စပ်ဘက်တို့တွင် ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။

Read More

(005MK) အိန္ဒိယဗဟိုအစိုးရ ပြည်ထဲရေးဝန်ကြီးဌာန၏ အမိန့်အရ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကြား နယ်စပ်ဖြတ်ကျော် ဝင်/ထွက်သွားလာခွင့်ကို မေလ ၁ ရက်နေ့ကစ၍ တင်းတင်းကြပ်ကြပ်ဖြင့် ပိတ်ပင်တော့မည်ဟု အာသံရိုင်ဖယ်တပ်ဖွဲ့ကပြောသည်။ အာသံရိုင်ဖယ်တပ်ဖွဲ့မှတာဝန်ရှိသူများသည် ယမန်နေ့ဧပြီလ ၂၃ ရက်နေ့က မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းမြို့ရှိ ၎င်းတို့ ဌာနချုပ်တွင် နယ်စပ်အနီးကျေးရွာများဖြစ်ကြသော Tlangsam, Zote, Ngur, Ruantlang နှင့် Hmunhmeltha ကျေးရွာများမှ ရပ်ရွာလူကြီးများ၊ ကျန်ဖိုင်းမြို့မီဇိုးလူငယ်အသင်း၊ ရပ်ကျေး အုပ်ချုပ်ရေးမှူးအဖွဲ့များအား ခေါ်ယူတွေ့ဆုံခဲ့ ကြသည်ဟု သိရသည်။ ယင်းတွေ့ဆုံဆွေးနွေးပွဲတွင် ဗဟိုအစိုးရပြည်ထဲရေးဝန်ကြီးဌာန၏ အမိန့်အရ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲကြောင့် နယ်စပ်ပိတ်ထားခဲ့ရကြောင်း၊ ဆက်လက်ပိတ်ပင်သွားမည်ဖြစ်သည့်အတွက် ယခုဧပြီလမကုန်ခင်အထိ နားလည်မှုဖြင့် နှစ်နိုင်ငံသားများ နာရီပေါင်း ၇၂ နာရီကြာ သုံးရက်အတွင်း နယ်စပ်ဖြတ်ကျော်နေထိုင်ခွင့်ပြုမည်ဟု အာသံရိုင်ဖယ် တပ်ဖွဲ့ ကပြောဆိုကြောင်း မီဇိုရမ်သတင်းမှာ ဖော်ပြထားသည်။ အကယ်၍ အခြေအနေအမျိုးမျိုးကြောင့် ၇၂ နာရီထက်ကျော်လွန်ပြီး နေထိုင်မည်ဆိုပါက သက်ဆိုင်ရာတာဝန်ရှိသူများထံ ခွင့်တောင်းရမည်ဖြစ်ပြီး ခွင့်ပြုချက်တောင်းခံခြင်းမရှိသူများကို အရေးယူသွားမည်ဟု ပြောဆိုကြောင်း မီဇိုရမ်သတင်းမှာ ဖော်ပြထားသည်။ မေလ ၁ ရက်နေ့ကစ၍ အိန္ဒိယ-မြန်မာနယ်စပ်က လမ်းကြောင်းများအားလုံး ပိတ်ပင်သွားမည်ဖြစ်ပြီး အကယ်၍အရေး ပေါ်အခြေအနေများရှိခဲ့ပါက စနစ်တကျဖြင့်စာရင်းမှတ်တမ်းများပြုစုကာ သွားလာခွင့်ပြုမည်ဟု ဆိုသည်။ ယခုကဲ့သို့ လုပ်ဆောင်ရခြင်းသည် မြန်မာနိုင်ငံသားများက နယ်စပ်မှတဆင့် မီဇိုရမ်ပြည်နယ်ကိုဖြတ်သန်း၍ မူးယစ်ဆေးဝါး အလုံးအရင်းတင်သွင်းနေမှုအား တားဆီးနိုင်ရန်ရည်ရွယ်ခြင်းဖြစ်သည်ဟု အာသံရိုင်ဖယ်တပ်ဖွဲ့ ကပြောဆိုသည်။ အိန္ဒိယနိုင်ငံမှာ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲကျင်းပမှုကို အကြောင်းပြကာ အိန္ဒိယ-မြန်မာအမှတ် ၂ နယ်စပ်ကုန် သွယ်ရေးစခန်း တည်ရှိရာ ရိဒ်-ဇိုခေါထာရ် ချစ်ကြည်ရေး တံတားကို…

Read More

(005MK) ကလေးမြို့မြောက်ပိုင်း ပျဉ်းတောဦး (Tuingo) ကျေးရွာတွင် ယနေ့ညနေပိုင်း ၄ နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့က ပစ်ခတ်လိုက်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ကလေးငယ် ၂ ဦးအပါအဝင် အရပ်သားပြည်သူ ၃ ဦး သေဆုံးခဲ့သည်ဟု သိရသည်။ ယနေ့ ဧပြီလ ၂၄ ရက်ညနေပိုင်း ၄ နာရီခန့်တွင် ပျဉ်းတောဦးကျေးရွာထဲ လက်နက်ကြီးကျည် ၂ နေရာတွင် ကျရောက်ပေါက်ကွဲကာ အသက် ၁၀ နှစ်ဝန်းကျင်ခန့်ရှိသော ကလေးငယ် ၂ ဦးနှင့် အသက် ၆၅ နှစ်အရွယ်ခန့်ရှိသော အမျိုးသားတစ်ဦးတို့ သေဆုံးခဲ့ခြင်းဖြစ်သည်။ နောက်ထပ်ကလေးငယ်တစ်ဦးမှာလည်း လက်နက်ကြီးကျည်ကြောင့် ပြင်းထန်ဒဏ်ရာရရှိပြီး စိုးရိမ်ရသည်ဟု သိရသည်။ ကလေး-လက်ပံချောင်း ကားလမ်းမပေါ်တွင်တည်ရှိသော ပျဉ်းတောဦးကျေးရွာသည် ကလေးမြို့မှ ၁၂ မိုင်ခန့်ကွာဝေးပြီး ချင်းလူမျိုးများနေထိုင်သည့် ကျေးရွာဖြစ်သည်။ ကလေးမြို့မြောက်ပိုင်း နန်းချောင်းကျေးရွာအနီးတွင် ယနေ့မနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်က ကလေးမြို့ပေါ်မှ လက်နက်ကြီး များဖြင့် အဆက်မပြတ်ပစ်ကူခဲ့သည်ဟု သိရသည်။ စစ်ကောင်စီတပ်ဖွဲ့သည် ယခုဧပြီလဆန်းပိုင်းကစ၍ ကလေးမြို့မြောက်ပိုင်းဒေသ ကလေး-လက်ပံချောင်း ကားလမ်းမပေါ်ရှိ ကျေးရွာများဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး ပျဉ်းခုံကြီး၊ ယောက်ချိုကွင်း၊ မိုင်နွဲ စသည့်ကျေးရွာများကို မီးရှို့ဖျက်စီးခဲ့သည်။ ဒေသခံပြည်သူများသည် နီးစပ်တောတောင်များ၊ ကလေးမြို့ပေါ်နှင့် အိန္ဒိယ-မြန်မာနယ်စပ်ဘက်တို့တွင် ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။

Read More

(002MG) ချင်းပြည်နယ် ၊ မတူပီမြို့နယ်တွင် စစ်ကောင်စီမှ အထူးအစီစဉ်တရပ်အနေဖြင့် ပြန်လည်ကျင်းပမည့် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရန် ကျောင်းသူ၊ကျောင်းသား (၄၅) ဦး စာရင်းပေးသွင်းထားပြီဟု ချင်းပြည်နယ် ပညာရေးမူးထံမှ သိရသည်။ ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ ၁၁ မှ ၁၉ ရက်နေ့အတွင်း ကျင်းပပြီးစီးခဲ့ပြီးဖြစ်သော်လည်း အချို့‌ေဒသများတွင် လုံခြုံရေးအရ စာမေးပွဲဖြေဆိုခွင့်မရရှိခဲ့သည့် ကျောင်းသူ/ကျောင်းသားများအတွက် အထူး အစီအစဉ်ဖြင့် ပြန်လည် ကျင်းပရန် စစ်‌ေကာင်စီက စီစဉ်ခြင်းဖြစ်ပြီး ချင်းပြည်နယ် မတူပီမြို့တွင်လည်း ကျင်းပ ကြမည်ဖြစ်သည်။ ချင်းပြည်နယ် ပညာရေးမူး ဆရာဘီးကူးဒူးက “စာမေးပွဲက ပြန်လုပ်မှာ မတူပီ အ.ထ.က (၂) မှာပဲ၊ အခု ဒီနေ့အထိ (၄၅) ယောက် သတင်းပို့ပြီ ပလက်ဝကရော၊ လိုင်လင်းပီဖက်ကရော၊ (၂၆) ရက်နေ့အထိ ဝန်ကြီးက လက်ခံခိုင်း တယ်ဆိုတော့ လူဦးရေက တိုးရင်လဲတိုးမယ်၊ ပြောလို့မရဘူးနော်၊ နိုင်ငံတော်က အကြောင်းအမျိုးမျိုးကြောင့် မဖြေဆိုနိုင်တဲ့သူတွေကို အထူးအစီစဉ်နဲ့လုပ်ပေးတာပါ” ဟု ပြောသည်။ တက္ကသိုလ်ဝင်စားမေးပွဲကို ဧပြီလ ၂၉ ရက်မှ မေလ ၆ ရက်နေ့အထိ ကျင်းပပေးမည်ဖြစ်ပြီး မတူပီမြို့တွင် ဖြေဆိုရန် စာရင်းပေးသွင်းသူများမှာ ပလက်၀၊ ဆမီး၊ လိုင်လင်းပီမြို့မှ ကျောင်းသူ၊ ကျောင်းသားအများစုဖြစ်သည်ဟု သိရသည်။ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် သွားရောက်သော ကျောင်းသူ ကျောင်းသားတချို့ကို မတူပီမြို့အဝင်တွင် တော်လှန် ရေးတပ်ဖွဲ့တချို့မှ ဝင်ခွင့်မပြုသည့်အတွက် ပြန်လှည့်ခဲ့ရသူများလည်းရှိသည်ဟု ဆမီးမြို့တစ်ဦးကပြောသည်။ ဆမီးမြို့ခံတဦးက “လွတ်လွတ်လပ်လပ်သွားလို့ရတယ်လို့ ပြောတော့ သွားတာ၊…

Read More

(006SV) ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အခြေစိုက်၊ CDF – မင်းတပ်၏ တော်လှန်ရေး ၃ နှစ်တာကာလတွင် မင်းတပ်မြို့နယ်၏ ၈၀ ရာခိုင် နှုန်းကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီး တပ်မဟာမှူး ဆလိုင်းထန်းတိတ်မာန်အပါအဝင် ရဲဘော် ၆၅ ဦး ကျဆုံးခဲ့ရကာ ၂၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ တော်လှန်ရေး ၃ နှစ်တာကာလအတွင်း မင်းတပ်မြို့နယ်မှာ တိုက်ပွဲပေါင်း ၂၅၂ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ရာချီလည်း သေဆုံးခဲ့ကြောင်း CDF – မင်းတပ်၊ သတင်း၊ ပြန်ကြားရေးနှင့် မှတ်တမ်းဌာနမှူး ဇလပ်သွေးက ပြောသည်။ “မင်းတပ်မြို့နယ်အတွင်း ပြည်သူများနဲ့ မြန်မာနိုင်ငံတဝန်းက ပြည်သူများကို နည်းမျိုးစုံဖြင့် အကြမ်းဖက်နှိပ်စက် သတ်ဖြတ်နေတဲ့ စစ်ကောင်စီကို ကျနော်တို့ ချင်းကာကွယ်ရေးတပ်ဖွဲ့ – မင်းတပ်မှ ချေမှုန်းနေသည့်နည်းတူ အာဏာရှင်စနစ်ကို တော်လှန်နေသည့် မည်သည့်အဖွဲ့နဲ့မဆို လက်တွဲဆောငရွက်လျက်ရှိပြီး ချင်းတော်လှန်ရေးအင်အားစုများအကြား စည်းလုံးညီညွတ်ရေး အားကောင်းလာစေရန် တိုက်ပွဲအရှိန်အဟုန် မြှင့်တင်နိုင်ရန်ကြိုးစားဆောင်ရွက်လျက်ရှိပါတယ်” ဟု ကိုဇလပ်သွေးက ပြောသည်။ မင်းတပ်မြို့နယ်တွင် တော်လှန်ရေးနှင့်ပတ်သက်သည်ဟူ၍ စွပ်စွဲမှုဖြင့် ပြည်သူ တစ်ရာကျော်ကို စစ်ကောင်စီကဖမ်းဆီးခဲ့ပြီး အခုချိန်ထိ ပြန်လွှတ်ပေးခြင်း မရှိသေးကြောင်း CDF – မင်းတပ်၏ ယနေ့ ၃ နှစ်ပြည့်အခမ်းအနားတွင် ပြောသည်။ ၃ နှစ်အတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် တိုက်ပွဲနှင့် မသက်ဆိုင်သည့် ကလေးငယ် အပါအဝင် ပြည်သူ ၅၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဘုရားကျောင်း ၈ လုံး၊ ဘုန်းကြီးကျောင်း ၄…

Read More

(004SS) ချင်းပြည်နယ် ဟားခါးမြို့ရှိ စစ်ကောင်စီခန့်ဝန်ကြီးများသည် လုံခြုံရေးအခြေအနေကြောင့် ဝန်ကြီးများအိမ်ယာတွင် မနေရဲကြတော့ဘဲ ချင်းဦးစီးရပ်ကွက်ရှိ တိုက် ၉ လုံးတွင် ပြောင်းရွှေ့နေထိုင်နေကြကြောင်း သတင်းရရှိသည်။ ဧပြီလ ၁၂ ရက်နေ့က ဝန်းကြီးများအိမ်ယာမှ ဟားခါးမြို့ထဲသို့ရုံးတက်ရန်ထွက်လာစဉ် ၎င်းတို့ယာဉ်တန်းကို CDF-Hakha တပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ပြီးနောက် ယခုကဲ့သို့မြို့ထဲသို့ပြောင်းရွှေခဲ့ကြခြင်းဖြစ်သည်ဟု ဒေသခံများထံမှသိရသည်။ “ဟိုတစ်ခါ ဝန်ကြီးတွေ အပစ်ခံရတယ်လေ၊ စစ်ခွေးတွေက သူတို့အိမ်ရာမှာ မနေရဲကြတော့ဘူးနဲ့ တူတယ်။ ခုဒီဘက်မြို့ထဲ ပြောင်းလာကြပြီလေ၊ တိုက် ၉ လုံးမှာ၊ သိပ်မကြာသေးဘူး အခု တစ်ပါတ်မပြည့်သေးဘူး” ဟု ဟားခါးမြို့ဒေသခံတစ်ဦးက ပြောသည်။ တိုက် ၉ လုံးအိမ်ယာသည် ၂၀၁၀ ခုနှစ်တုန်းက ယခုဝန်ကြီးများအိမ်ယာ မပြီးစီးသေးခင်က ချင်းပြည်နယ်ဝန်ကြီးများ နေထိုင်ခဲ့သည့် အိမ်ယာဖြစ်ပြီး နောက်ပိုင်းတွင် ဌာနဆိုင်ရာအရာရှိများ နေထိုင်ကြသည်။ တိုက် ၉ လုံးအိမ်ယာတွင် နေထိုင်နေသော ဌာနဆိုင်ရာဝန်ထမ်းများအား မြန်မာ့စီးပွားရေးဘဏ်ရုံးအရှေ့ သုံးထပ်တိုက် ဝန်ထမ်းကွာတာနှင့် ခရိုင်စုပေါင်းရုံးနောက်ဖေးရှိ ဝန်ထမ်းကွာတာများသို့ ပြောင်းရွှေ့ခိုင်းထားကြောင်း ဒေသခံများထံများထံမှ သိရသည်။ ယမန်နေ့ ဧပြီလ ၂၃ ရက်နေ့တွင် စစ်ကောင်စီ ဟတ်စကီးတစ်စင်း ဟားခါးမြို့ပေါ်သို့ဆင်းသက်ကာ ဧပြီလ ၁၂ ရက်နေ့က တိုက်ခိုက်ခံရခြင်းကြောင့် ဒါဏ်ရာရရှိသူများအား ခေါ်ဆောင်သွားကြောင်း သိရသည်။ ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF-Hakha သည် ဟားခါးမြို့တစ်ခုလုံး ထိန်းချုပ်နိုင်ရေးအတွက် ရုန်းတောင်စစ်ဆင်ရေးကို ဖော် ဆောင်လျှက်ရှိပြီး ဧပြီလ ၁၂ ရက်နေ့က စစ်ကောင်စီခန့်ဝန်ကြီးများစီးလာသောယာဉ်တန်းကို ဒရုန်းတွေနှင့် တိုက်ခိုက်မှုတွင် လူမှုရေးနှင့် စီးပွားရေးဝန်ကြီးအပါအဝင် ၆ ဦး…

Read More