Author: Editor

(006SV) ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ခလရ – ၃၀၄ လက်အောက်ခံ အထိုင်ချစခန်းဖြစ်သည့် ထယ်ဘွေစခန်းသိမ်းတိုက်ပွဲမှ လက်နက်ကြီးများအပါအဝင် လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရမိထားပြီး ဖွက်ထားသည့် လက်နက်ခဲယမ်း များကိုလည်း ရှာဖွေနေဆဲဖြစ်ကြောင်း CDF – မတူပီမှ တာဝန်ရှိသူက ပြောသည်။ “တက်လာတဲ့ ဓါတ်ပုံက အမှန်လို့လည်း ပြောလို့ရတယ်။ ဒါပေမဲ့ အရေအတွက် အတိအကျ မဟုတ်သေးပါဘူး။ အရေအတွက် အတိအကျရရင် ထုတ်ပေးဖို့ ရှိပါတယ်။ လက်နက်ကြီးတွေလည်း သိမ်းဆည်းရမိတယ်။ လက်နက်ခဲ ယမ်းကို ထုတ်ပြန်ချက်ပြန်လုပ်မှာပါ။ ဖွက်ထားတဲ့ လက်နက်ခဲယမ်းတွေကိုလည်း ရှာဖွေနေတုန်းပါ”ဟု CDF မတူပီမှ တာဝန်ရှိသူက ပြောသည်။ ထယ်ဘွေးစခန်းမှ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ချင်းကာကွယ်ရေးပူးပေါင်းတပ်မှ လိုက်လံ တိုက်ခိုက်လျက်ရှိပြီး ဒီဇင်ဘာလ ၂၁ ရက် ယမန်နေ့ညအထိ မတူပီမြို့ စစ်ကောင်စီတပ်မှ စစ်ကူများ လွှတ်ထားသကဲ့သို့ လက်နက်ကြီးပစ်ကူ အများအပြားလည်း ပေးနေသည်ဟု သိရသည်။ ထွက်ပေါ်လာသော ဓါတ်ပုံများအရ RPG ကျည် ၄၀ ကျော်၊ ၆၀ မမ – ၁၀ လုံး၊ MA ကျည်ဆံပေါင်း ထောင်ချီနှင့် ဆက်စပ်လက်နက်ခဲယမ်းအများပြားကို သိမ်းဆည်းရမိထားသည်။ ဒီဇင်ဘာလ ၁၈ ရက်က စတင်ခဲ့သည့် ထယ်ဘွေးစခန်းသိမ်းတိုက်ပွဲကို CDF – Matupi၊ CNO (CNDF)၊ CDF – Mindat၊ CDF – Loutu ချင်းပူးပေါင်းတပ်များမှ ဖော်ဆောင်ခဲ့ခြင်းဖြစ်ပြီး CDF – မင်းတပ်မှ…

Read More

(006SV) ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့နယ်က ဒေသခံပြည်သူတွေဟာ သဘာဝဘေးဒဏ်နဲ့ ပိုးမွှားဒဏ်တွေကြောင့် စပါးနဲ့ စိုက်ခင်းတွေ ပျက်စီးပြီး အစာရေစာ ရှားပါးမှုက ပိုဆိုးဝါးလာပါတယ်။ ဒေသခံပြည်သူတွေရဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေ အဆင်မပြေမှုဟာ အခြေခံ စားဝတ်နေရေး မဖူလုံမှုကို ဖြစ်ပေါ်လာပြီး သားသမီးတွေရဲ့ ပညာရေးတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ၊ ရပ်ရွာအရေးနဲ့ လူမှုရေးကိစ္စတွေကိုပါ သက်ရောက်လာသလို ချင်းပြည်နယ်က စစ်အာဏာရှင်တော်လှန်ရေးကိုပါ ရိုက်ခတ်လာနေပါတယ်။ ပင်းလောင်း၊ ငလွယ်၊ အထက်လှယ်၊ ကောက်တူ၊ ခေးလောင်း၊ မရွှီ၊ ပန်းကွင်းနဲ့ မာကြားစု စတဲ့ ဝိတိုရိယတောင် ဝန်းကျင်းက ဒီကျေးရွာတွေရဲ့ ဒေသခံ (၆၀၀) ခန့်ဟာ ဒီနှစ်မှာ စပါး၊ ပြောင်း၊ ဆတ်ဝါတွေကို တောင်ယာစိုက်ပျိုးခဲ့ကြပေမယ့် အများအပြား ပျက်စီးခဲ့ပါတယ်။ “ဝိတိုရိယဝန်းကျင်းမှာ ဒီနှစ်က မိုးများလို့ သဘာဝဘေးဒဏ်ကြောင့် ပိုးဒဏ်ကြောင့် စပါးတွေလည်း ပျက်စီးနေတယ်။ ပြောင်း တွေလည်း ပိုးစားလို့ အဖူးလည်း မထွက်ဘူး။ အဲလို ခက်ခဲတယ်။ ဆတ်ဝါဆိုရင်လည်း မိုးများလို့၊ ပြောင်းဆိုရင် လည်း မိုးများလို့ လဲလို့ အနှံလည်းမထွက်၊ ဆတ်ဝါတွေလည်း မိုးများလို့ လည်လို့ အနှံမထွက်၊ ကျနော်တို့ ဝိတိုရိယဝန်း ကျင်မှာတော့ ဒီနှစ်ကတော့ အစားရေစာ ရှားပါးဖို့ ဖြစ်ပါတယ်။ ခေါင်းပါးဖို့ ဖြစ်ပါတယ်” လို့ အဲဒီက ဒေသအခြေအနေကိုသိတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး တောင်ဇလပ်နီက ပြောပါတယ်။ စစ်အာဏာသိမ်းမှု ၃ နှစ်နီးပါး ရှိလာချိန်မှာ ကန်ပက်လက်မြို့နယ်က ပြည်သူတွေဟာ အခြေခံစားနပ် ရိက္ခာတွေ မဖူလုံးတဲ့အတွက် လက်ရှိမှာ…

Read More

(006SV) ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) လမ်းကြောင်းဖြင့် ချင်းနိုင်ငံရေး ဆက်သွားရန် ချင်းအမျိုးသားကောင်စီ (မင်းတပ်) (CNC- Mindat/ CDF- Mindat)၊ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF) နှင့် ဇိုမီးဖက်ဒရယ်အစည်းအရုံး (ZFU/PDF-Zoland)တို့ တွေ့ဆုံဆွေးနွေးနေကြောင်း CNO/CNDF မှ ဒုတိယဥက္ကဌ (၁) ဆလိုင်းပီတာထန်းက ပြောသည်။ ဒီဇင်ဘာလ ၁၅ ရက်နှင့် ၁၆ ရက်တို့မှာ လွတ်မြောက်နယ်မြေတစ်နေရာတွင် ချင်းလဲန်းပူးပေါင်းကာကွယ်ရေးကော်မတီ (Chinland Joint Defense Committee- CJDC) အဖွဲ့ဝင်များ တွေ့ဆုံဆွေးနွေးမှုအပြီး CJDC ကို ဖျက်သိမ်းပြီးနောက် ဒီဇင်ဘာလ ၁၇ ရက်က အဆိုပါ (၃) ဖွဲ့တို့ စစ်ရေးနှင့် နိုင်ငံရေးပူးပေါင်းဆောင်ရွက်ရန် တွေ့ဆုံကြခြင်းဖြစ်သည်။ “လက်ရှိနိုင်ငံရေးအခင်းအကျင်းမှာ အထူးသဖြင့် အခုချင်းလဲန်းကောင်စီလို့ ပြောနေတဲ့ လမ်းကြောင်းက ကျနော်တို့ အတွက် ချင်းပြည်တစ်ခုလုံးအတွက် လမ်းမမှန်ဘူးလို့ ကျနော်တို့ ယူဆတဲ့ အဖွဲ့တွေလည်း ဖြစ်တဲ့အခါ ကျနော်တို့ရဲ့ အတွေးအမြင်ကို ဖလှယ်တာလည်း ပါပါတယ်။ အနာဂါတ်မှာ ချင်းပြည်ကို ဘယ်လိုမျိုး သွားကြ မလဲဆိုတာကို ဆွေးနွေးပြီးမှ တိုင်ပင်တာလည်း ရှိပါတယ်။ ကျနော်တို့ကတော့ အရင်ကတည်းက ရှိနှင့်နေပြီးသာ လမ်းကြောင်းဖြစ်တဲ့ ICNCC လမ်းကြောင်းကနေပဲ ချင်းပြည် စည်လုံးရေးကို သွားကြမယ်ဆိုတဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ရှိပါတယ်။ ဒါပေမဲ့ သက်ဆိုင်ရာအဖွဲ့အစည်း အသီးသီးကို ညှိနှိုင်းပြောဆိုပြီးမှပဲ ဒါတွေက အတည်ဖြစ်လာမှာဆိုတော့ အကြမ်းဖျင်းအနေနဲ့က ကျနော်တို့ ဒီညှိနှိုင်းတာနဲ့ပတ်သက်ပြီး ချင်းပြည်ရဲ့ နိုင်ငံရေးလမ်းကြောင်းကို ICNCC လမ်းကြောင်းကနေ…

Read More

(003PT) ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်အတွင်းက တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ဘေးတိမ်းရှောင်နေကြရတဲ့ ဒေသခံပြည်သူတွေဟာ စား၀တ်နေရေးအခက်ခဲ ကြုံတွေ့နေကြရပြီး အရေးပေါ် လူသားချင်းစားနာမှုအထောက်ထား အကူညီ လိုအပ်နေတယ်လို့ ပလက်ဝ ကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီက ဒီဇင်ဘာလ ၁၈ ရက်နေ့က ထုတ်ပြန်ပါတယ်။ ပလက်ဝမြိုနယ်၊ ဆမီးမြို့က စစ်ကောင်စီ အခိုင်အမာစခန်းချထားတဲ့ “ဗျူဟာကုန်း” ကို ဒီဇင်ဘာလ (၁၄) ရက်နေ့က ရက္ခိုင့်တပ်တော် (AA) က တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်က လက်နက်ကြီး၊ လေကြောင်းပစ်ကူအမြောက်အမြားနဲ့ အပြင်းအထန် ခုခံစစ်သုံးခဲ့တာကြောင့် ဆမီးမြို့ဒေသခံများ အားလုံးနီးပါးဟာ ဘေးလွတ်ရာကျေးရွာတွေကို ထွက်ပြေး တိမ်းရှောင်ကြရတာလို့ ပလက်ဝ ကိုယ်ပိုင်အုပ်ချုပ်သောခရိုင်ကောင်စီ တာ၀န်ရှိသူ ဆလိုင်းမျိုးထိုက်က ပြောပါတယ်။ “ဆမီးအထက်ပိုင်းမှာက စစ်ရှောင်လူဦးရေက ရွာမှာလူဦးရေတွေထက် များများသွားတာ။ ဥပမာ ရွာက လူဦးရေ တစ်ရာ နှစ်ရာ ရှိတဲ့ရွာတွေမှာ အခုက စစ်ရှောင်တွေက နှစ်ရာ သုံးရာလောက်ရောက်တဲ့အချိန်မှာ သူတို့ရဲ့ တစ်နှစ်စာ လောင် ထားတဲ့ ဆန်ပေါ့နော်၊ စပါးတွေကတော့ တစ်လလောက်သာကျွေးရင်တော့ အမှန် ငတ်ဖို့ကိန်းရောက်တဲ့အနေထားဖြစ်ပေါ့။ အဓိကတော့ စားဝတ်နေရေးပါ။ ကျန်းမာရေးစောင့်ရှောက်မှု။ သူတို့ရဲ့နေဖို့ အမိုးအကာ တွေပေါ့နော် ဒါတွေက အခုလက်တလောမှာ အရေးပေါ်လိုအပ်ချက်တွေဖြစ်တယ်” ဟု ဆလိုင်းမျိုးထိုက်က ပြောသည်။ ဆမီးမြို့ဟာ လူဦးရေ ၅၀၀၀ ၀န်းကျင်လောက်ရှိတဲ့မြို့ဖြစ်ပြီး ယခင် ၂၀၁၈ ခုနှစ်က ရက္ခိုင့်တပ်တော် AA နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲကြောင့် ပလက်၀မြို့နယ်ထဲက ဒေသခံပြည်သူ ၃၀၀၀ ၀န်းကျင်ဟာလည်း ဆမီးမြို့ပေါ်မှာ စစ်ဘေးရှောင်စခန်းမှာ…

Read More

(002MG)စစ်ကိုင်းတိုင်း၊ တမူးမြို့နယ် ခမ်းပတ်မြို့ကို စစ်ကောင်စီတပ်ဖွဲ့က ပြန်လည်သိမ်းပိုက်ရန် ထိုးစစ်ဆင်တိုက်ခိုက်လာချိန်မှာ လေကြောင်းဖြင့် ၅ ရက်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ခမ်းပတ်မြို့ အမှတ် ၁ ရပ်ကွက်က ဘုန်းကြီးကျောင်း အပါအ၀င် လူနေအိမ် အလုံး ၃၀ ကျော် မီးလောင်ထိခိုက်ပျက်စီးသွားသည်ဟု သိရသည်။ခမ်းပတ်မြို့က အမျိုးသားတစ်ဦးက “အမှတ် ၁ ရပ်ကွက် ကားလမ်းအရှေ့ဖက် ဘုန်းကြီးကျောင်းနားဝန်းကျင် အိမ်ခြေ ၃၀ လောက်ရှိမှာ၊ အပေါ်ကနေ ဗုံးလာကြဲလို့လောင်သွားတာ တအိမ်ပြီးတအိမ် ကူးသွားတာ” ဟုပြောသည်။စစ်ကောင်စီတပ်ဖွဲ့သည် ခမ်းပတ်မြို့ကို ဒီဇင်ဘာလ ၁၀ ရက်နေ့ကစပြီး မြေပြင်စစ်ကြောင်းသာမက လေကြောင်းဖြင့် အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လေကြောင်းဖြင့် ၅ ရက်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခံရသောကြောင့် လူနေအိမ်အမြောက်အများ ထိခိုက်ပျက်စီးခဲ့ခြင်းဖြစ်သည်။ အဆိုပါစစ်ကြောင်းထိုးလာသည့် စစ်ကောင်စီအင်အား ၂၀၀ ခန့်ကို အမှတ် ၁ စစ်ဒေသကွပ်ကဲမူဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ကိုင်းတိုင်း အထူးတပ်ရင်းများ၊ ခရိုင်တပ်ရင်းများ၊ ပကဖ နှင့် တော်လှန်ရေးမဟာမိတ် တပ်ဖွဲ့များက တွန်းလှန်တိုက်ထုတ်ခဲ့ရာမှာ ဒီဇင်ဘာလ ၁၆ ရက်နေ့က တပ်ပျက်ကာ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်ဟု ကာကွယ်ရေးဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရက သတင်းထုတ်ပြန်ထားသည်။၎င်းအပြင် MA-10 RPG 7 တစ်လက်၊ MG-3 တစ်လက်၊ MA-S1 MK2 တစ်လက်အပါအဝင် လက်နက်မျိုးစုံ (၁၇) လက် သိမ်းပိုက်ရရှိခဲ့သည့်အပြင် အရာရှိတစ်ဦးအပါအဝင် စစ်ကောင်စီတပ်သား အလောင်း ၁၀ လောင်းကျော်တွေ့ထားသည်ဟု ဖော်ပြထားသည်။လက်ရှိ ခမ်းပတ်မြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိတော့သည့်အတွက် အမှတ် ၁ ရပ်ကွက်မှလွဲပြီး ကျန်ရပ်ကွက်မှ…

Read More

(006SV) ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ပလက်ဝလမ်းမပေါ်ရှိ စစ်ကောင်စီ ထယ်ဘွေးအထိုင်ချစခန်းကို ဆင်ဖြူတိုက်ပွဲအမည်ဖြင့် စခန်းသိမ်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စခန်းစွန့်ခွာပြေးသော စစ်ကောင်စီတပ်ဖွဲ့ကို ချင်းပူးပေါင်းတပ်က လိုက်လံရှာဖွေတိုက်ခိုက်နေသည်ဟု CDF- မတူပီ သတင်းနှင့် ပြန်ကြားရေးဌာနမှ တာဝန်ရှိသူက ပြောသည်။ “ထွက်ပြေးနေတဲ့ သူတို့ကို လိုက်လံရှာနေတာ၊ အချိန်မရွေးတော့ တွေ့တဲ့ နေရာမှာ ပစ်ခတ်မှုတွေ ရှိလိမ့်မယ်။ တိုက်ပွဲက အချိန်မရွေး ပြန်ဖြစ်နိုင်သေးတဲ့အတွက် ပြည်သူတွေ သတိနဲ့နေပေးကြဖို့၊ စခန်းသိမ်းပြီးဆိုပြီး ကိုယ့်ရွာကို ပြန်တော့မယ်ဆိုပြီး မဖြစ်ဖို့ လိုတယ်။ ကျနော်တို့က ရှင်းလင်းစရာတွေ လုပ်စရာတွေ အများကြီးလုပ်ရဖို့ ရှိသေးတယ်။ အမြန်ဆုံး ပြည်သူတွေကို ထယ်ဘွေးရွာမှာရော ပလက်ဝလမ်းတလျှောက်က ရွာတွေက ပြည်သူတွေ အမြန်ဆုံး ကိုယ့်ရွာမှာ ပြန်နေနိုင်ဖို့ ဆောင်ရွက်နေပါတယ်” ဟု CDF မတူပီ သတင်းနှင့် ပြန်ကြားရေးဌာနမှ ဆလိုင်းနိုင်ဂျွန်က ပြောသည်။ ဒီဇင်ဘာလ ၁၈ ရက် နံနက် ၇ နာရီခွဲမှစတင်၍ ထယ်ဘွေးကျေးရွာက ခြေလျင်တပ်ရင်း၊ ခလရ (၃၀၄)လက်အောက်ခံ ထယ်ဘွေး အထိုင်ချ စစ်စခန်းကို ဆင်ဖြူတိုက်ပွဲ (Vui Bawk) စစ်ဆင်ရေးအမည်ပေးပြီး CDF မတူပီ၊ CNO/CNDF၊ CDF- မင်းတပ်၊ CDF – Lautu တို့က ပူးပေါင်းတိုက်ခိုက်ခဲ့သည်။ ဒီဇင်ဘာလ ၁၉ ရက် နံနက် ၉ နာရီတွင် စစ်ကောင်စီစခန်းကို အပြီးသိမ်းပိုက်နိုင်ခဲ့ပြီး CDF – မတူပီအလံကို စိုက်ထူနိုင်ခဲ့သည်ဟု သိရသည်။ ချင်းပူးပေါင်းတပ်က ထယ်ဘွေးစစ်စခန်းတိုက်ပွဲတွင်…

Read More

(002MG)ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့နယ် ထယ်ဘွေးကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို ယနေ့ ဒီဇင်ဘာလ ၁၉ ရက် မနက် (၁၁) နာရီတွင် CDF-မတူပီနှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု CDF-မတူပီ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ “သိမ်းပိုက်နိုင်ပါပြီ၊ အလံလွင့်ထူနိုင်ပါပြီ။ အထိအခိုက်အကျဆုံးက အတည်ပြုလို့မရနိုင် သေးဘူး။ အချိန်ယူတာက ၁၂ ရက်နေ့ကစပြီးတော့ စစ်ဆင်ရေးလှုပ်ရှားမူလုပ်တယ်။ တကယ့် ပစ်ခတ်တာက မနေ့ကပဲစပြီးတော့ လက်တွေ့လုပ်နိုင်တယ်” ဟု CDF-မတူပီ ပြောရေးဆိုခွင့်ရှိသူကပြောသည်။ မတူပီ-ပလက်၀ ကားလမ်းမပေါ်တွင်တည်ရှိသော ထယ်ဘွေးကျေးရွာက စစ်ကောင်စီတပ်စခန်းကို CDF-Matupi မှ ဦးဆောင်ကာ ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များဖြစ်ကြသည့် CNO/CNDF, CDF-Lautu, CDF-Mindat တို့က စခန်းသိမ်းတိုက်ပွဲ ဆင်နွဲခဲ့ကြခြင်းဖြစ်သည်။အဆိုပါ ထယ်ဘွေးစခန်းတွင် စစ်ကောင်စီတပ်အင်အား ၄၀ နီးပါးသာရှိပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့များ သေဆုံးမှုအခြေအနေ မသိရသေးကြောင်း၊ ထွက်ပြေးသွားသူများလည်းရှိသည်ဟု သိရသည်။ ယမန်နေ့ကတော့ ထယ်ဘွေးစခန်းတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဗန်ကိုင်းကျေးရွာက အရပ်သားပြည်သူ ၄ ဦး သေဆုံးခဲ့သည်။

Read More

ချင်းပြည်နယ် ဟားခါးမြို့နယ် ဘုံဇုံးကျေးရွာက စစ်ကောင်စီတပ် စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၈ ဦးသေဆုံးပြီး ၆ ဦးကို အရှင်ဖမ်းဆီးရမိကာ ၂၄ ဦးထွက်ပြေးသွားသည်ဟု သိရသည်။ ချင်း-မကွေးအစပ် ဟားခါး-ဂန့်ဂေါကားလမ်းမပေါ်တွင်တည်ရှိသော ဘုံဇုံးကျေးရွာက စစ်ကောင်စီတပ်စခန်းကို ချင်းအမျိုးသားတပ်မတော် CNA, CDF-Hakha, CDF-Thantlang နှင့် CDF-KKG ပူးပေါင်းတပ်ဖွဲ့က ယမန်နေ့ ဒီဇင်ဘာလ ၁၈ ရက်နေ့ မနက်ပိုင်းက ၀င်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။ ဘုံဇုံးကျေးရွာက စစ်ကောင်စီတပ်စခန်းတွင် အင်အား ၃၈ ဦးရှိပြီး ယင်းအနက် ၈ ဦးသေဆုံး၊ ၆ ဦးကို အရှင်ဖမ်းဆီးရမိကာ ၂၄ ဦး ထွက်ပြေးလွတ်မြောက်သွားသည်ဟု CNA သတင်းရင်းမြစ်ကဆိုသည်။ စခန်းသိမ်းတိုက်ပွဲတွင် ချင်းကာကွယ်ရေးတပ်ဖွဲ့များက လက်နက်ခဲယမ်းအအမြောက်အများကိုလည်း သိမ်းဆည်းရမိခဲ့သည်။

Read More

(003PT) ချင်းပြည်နယ် မတူပီမြို့နယ်တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ယနေ့ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် အမျိုးသမီးတစ်ဦးအပါအ၀င် အရပ်သားပြည်သူ ၄ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိသည်ဟု သိရသည်။ မတူပီ-ပလက်၀လမ်းပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့၏ ထယ်ဘွေ့တပ်စခန်းကို ယနေ့မနက်ပိုင်းတွင် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်ဘက်က အထိနာနေသည့်အတွက် မွန်းလွဲပိုင်း ၂ နာရီခန့်တွင် စစ်ကောင်စီက လေကြောင်းကနေ ပစ်ကူခဲ့ခြင်းဖြစ်သည်။ ထိုသို့ လေကြောင်းတိုက်ခိုက်မှုကြောင့် ထယ်ဘွေ့စခန်းနှင့် ၃ မိုင်ခန့်အကွာတွင်ရှိသော ဗန်ကိုင်းကျေးရွာထဲက အမျိုး သမီးတစ်ဦးအပါအ၀◌င် အရပ်သား ၄ ဦးသေဆုံးကာ တစ်ဦးမှာ ပြင်းထန်ဒဏ်ရာနှင့် အရေးပေါ်ကုသမှုခံယူနေကြောင်း မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ သတင်းနဲ့ ပြန်ကြားရေးတာ၀န်ခံ ဆလိုင်းပါထောင်းက ပြောသည်။ “ကနဦးသိထားတာက‌တော့ သုံးကြိမ် ဗုံးကတော့ကြဲထားတယ်။ ထေဘွေးမှာ တစ်ကြိမ်၊ ပြီးတော့ လေဆင်းမှာ တစ်ကြိမ်၊ ပြီးတော့ ဗန်ကိုင်းမှာ တစ်ကြိမ်ပေါ့။ ပွဲချင်းသေဆုံးတာကတော့ ၂ ဦးပေါ့နော်၊ ဒဏ်ရာရတာက ၃ ဦး၊ အဲ့ထဲက နှစ်ဦးက ပြန်ပြီးဆုံးသွားတော့ သေဆုံးသူက လေးဦးဖြစ်သွားတယ်။ အကုန်လုံးကတော့ ဗန်ကိုင်းရွာက ပြည်သူတွေပါပဲ” မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ သတင်းနဲ့ ပြန်ကြားရေးတာ၀န်ခံ ဆလိုင်းပါထောင်းက ပြောသည်။ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူများမှာ အသက် ၇၈ နှစ်အရွယ်ရှိ ဦး Len Law ၊ အသက် ၅၂ နှစ်အရွယ်ရှိ ဦး Chang Sai နှင့် အသက် ၅၅ နှစ်အရွယ်…

Read More

(003PT) ချင်းပြည်နယ် ဖလမ်းမြို့ပေါ်တွင် စစ်ကောင်စီတပ်နှင့် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNDF တို့ ယနေ့ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားရာ စစ်ကောင်စီတပ်ဘက်က အရာရှိတစ်ဦးသေဆုံးခဲ့သည်ဟု သိရသည်။ ဖလမ်းမြို့အခြေစိုက် စစ်ကောင်စီတပ်ဖွဲ့များသည် မြို့တွင်းပြည်သူများနှင့် ကုန်တင်ကားများအား အမျိုးမျိုး ဒုက္ခပေးနေသည့်အတွက် သွားရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းကျုံးငိုင်းကပြောသည်။ “သူတို့က မြို့တွင်းမှာပြည်သူတွေကို ဒုက္ခပေးတဲ့ပုံစံမျိုးဖြစ်တယ်။ ဘာဖြစ်လို့လည်းဆို‌တော့ ဒီမဟာမြိုင်လမ်းပိတ်တော့ ဒီမန္ဒလေးဖက်က ကားကြီးတွေ ဒီချင်းပြည်နယ် ဟားခါးဖက်ကနေ ကလေး အဲ့လိုသွားကြတာ။ အဲ့မှာ သူတို့ ကားကြီး တွေကို တစ်စီးကို တစ်သိန်း နှစ်သိန်း အဲ့လိုကောက်တာမျိုးတွေရှိတယ်။ နောက်ပြီးတော့ မြို့တွင်းမှာ တွေ့တဲ့ကားတွေကို ချောဆွဲပြီးတော့ သူတို့ကြိုက်တဲ့ဟာအတင်းအဓမ္မခိုင်းတာမျိုးရှိတယ်၊ နောက်ပြီးတော့ ပိုက်ဆံပေးတာလည်းမဟုတ်ဘူး။ အဲ့ကားသမားတွေကပဲ ဝယ်ပေးရတာ။ နောက်ပြီးတော့ တွေ့တဲ့လူကို ပိုက်ဆံဘယ်လောက်ပေးပါ ဟင်းသွားဝယ်ပေးပါ ဆိုပြီး အတင်းအဓမ္မခိုင်းတာမျိုးရှိတဲ့အတွက် ကျွန်တော်တို့က ခုလို ဖော်ဆောင်ရခြင်းဖြစ်ပါတယ်” ဟု ဆလိုင်းကျုံးငိုင်းက ပြောသည်။ စစ်ကောင်စီတပ်ဖွဲ့နှင့် CNDF တပ်ဖွဲ့တို့သည် ယနေ့မနက် ၁၀ နာရီခန့်တွင် ကျင်မွလ်ရပ်ကွက် စေတီအနီးတစ်၀◌ိုက်တွင် တစ်ကြိမ်၊ မွန်းလွဲပိုင်း ၁ နာရီခန့်တွင် မြို့ထဲလမ်းဆုံအနီးတွင်တစ်ကြိမ် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်က ဗိုလ်ကြီးရဲလင်း သေဆုံးခဲ့သည်ဟု သိရသည်။

Read More