SV ချင်းပြည်နယ်၊ မရာဒေသက MDF နှင့် CDF- Mara မရာချင်းလူမျိုးကြားပြသနာတွင် CNA ဦးဆောင်သည့် ချင်းကာကွယ်ရေးတပ်ဖွဲ့များ ဆက်လက်ပူးပေါင်း တိုက်ခိုက်နေပါက မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ MDF/ MTC ဘက်မှ စတင် ပူးပေါင်းတိုက်ခိုက်တော့မည်ဟု ချင်းညီနောင်အဖွဲ့ ထုတ်ပြန်လာသည်။ ဖေဖော်ဝါရီလ ၂ ရက်မှစတင်၍ မရာဒေသအတွင်းမှာ CNA နှင့် ချင်းပူးပေါင်းတပ်ဖွဲ့များသည် MDF ၏ စခန်းတစ်ခုကို ဒရုန်းများအသုံးပြုပြီး အကြိမ်ကြိမ် ထိုးစစ်ဆင် တိုက်ခိုက်မှုများ ပြုလုပ်နေခြင်း၊ ၎င်းထိုးစစ်ဆင်မှုတွင် ဒါရ်လင်းကျေးရွာသားများကို လူသားဒိုင်းအဖြစ်အသုံးပြုနေခြင်းကို ချင်းညီနောင်မှ ကန်ကွန့်ကြောင်း ယမန်နေ့ ဖေဖော်ဝါရီလ ၃ ရက်မှာ ထုတ်ပြန်လာခြင်းဖြစ်သည်။ ထုတ်ပြန်ချက်တွင် သဘောထား ငါးချက်ပါရှိမှာ မရာညီအစ်ကို အချင်းချင်းကြား ဖြစ်ပွားသော ကိစ္စတွင် တခြားအဖွဲ့များမှ လက်နက်အင်အားဖြင့် ဝင်ရောက်ပါဝင်စွက်ဖက်ခြင်းထက် စားပွဲဝိုင်းပေါ်တွင် ကူညီ ညှိနှိုင်းဖြေရှင်းပေးရန် လိုလားသည်ဟု ဆိုသည်။ စစ်အာဏာရှင်ကို တော်လှန်နေသည့် ချင်းညီအစ်ကို အချင်းချင်းကြား ပြသနာကို လက်နက်ဖြင့် ဖြေရှင်းမှုကို မလိုလာကြောင်း၊ မိမိတို့ လက်နက်ကိုင်ရသည့် မူလရပ်တည်ချက်နှင့် တော်လှန်ရေး လုပ်သည့် ရည်ရွယ်ချက်ကို ပြန်လည်သုံးသပ်ကြရန်လိုအပ်သည်ဟု ချင်းညီနောင်အဖွဲ့က ထုတ်ပြန်သည်။ ချင်းပြည်သူများအကြား ပြသနာမီး ဆက်လက်မကူးစက်စေရန် မိမိတို့ ဒေသအသီးသီးကို ချက်ချင်း ပြန်လည်ဆုတ်ခွာရန် လိုအပ်ကြောင်း၊ တခြားမျိုးနွယ်စုလက်နက်ကိုင်အဖွဲ့များအနေဖြင့်လည်း မရာအချင်းချင်းကြား ပြသနာကို ငြိမ်းချမ်သည့် နည်းလမ်းဖြင့်သာ ပါဝင်ကြစေလိုကြောင်း ထုတ်ပြန်သည်။ မရာမျိုးနွယ်စု ပြသနာတွင် CNA နှင့် တခြား CDF များ…
Author: Editor
(006SV) ချင်းလဲန်းကောင်စီ – CC က ချင်းပြည်အစိုးရဖွဲ့စည်းခြင်းကို အသိအမှတ်မပြုဘဲ လုံးဝ ကန့်ကွက်ကြောင်း ကြားကာလ ချင်းအမျိုုးသား အတိုင်ပင်ခံကောင်စီ – ICNCC က ယနေ့ ဇန်နဝါရီလ ၃ ရက်မှာ ထုတ်ပြန်ကြေညာသည်။ ICNCC သည် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်အစိတ်အပိုင်း (၂) ကြားကာလ ဖွဲ့စည်းပုံအခြခံဥပဒေဆိုင်ရာအရ တစ်ခုတည်းသော တရားဝင် ချင်းပြည်နယ်ကိုယ်စားပြု ဖက်ဒရယ်ယူနစ်အဖြစ် ရပ်တည်သော ကောင်စီဖြစ်ပြီး ICNCC ကသာ ချင်းပြည်အစိုးရကို ဖွဲ့စည်းပိုင်ခွင့်ရှိကြောင်း ထုတ်ပြန်လာခြင်းဖြစ်သည်။ ချင်းပြည်တွင် ချင်းအမျိုးသားတပ်ဦး (CNF) ဦးဆောင်သည့် ချင်းလဲန်းကောင်စီ ပေါ်ပေါက်လာပြီးနောက် ချင်းလူထုနှင့် တော်လှန်ရေးအဖွဲ့များအကြား မညီမညွတ်မှုများ၊ စိတ်ဝမ်းကွဲပြားမှုများ၊ ချင်းလက်နက်ကိုင်အချင်းချင်းအကြား ပဋိပက္ခများ ဆိုးဆိုးဝါးဝါး ဖြစ်ပွားလာသည်ဟု ICNCC က ဆိုသည်။ ချင်းပြည်အတွင်း ချင်းအမျိုးသားညီညွတ်ရေးကို တည်ဆောက်နေသောကာလတွင် အစိုးရဖွဲ့ခြင်းမျိုး မလုပ်ရန် ပြည်တွင်း/ပြည်ပ ချင်းပြည်သူများနှင့် ချင်းတော်လှန်ရေးအဖွဲ့များက အကြိမ်ကြိမ် သတိပေး၊ အကြံပြုခဲ့သော်လည်း ချင်းလန်းကောင်စီက ချင်းပြည်အစိုးရ ဖွဲ့စည်းလိုက်ကြောင်း ICNCC ထုတ်ပြန်သည်။ ချင်းလဲန်းကောင်စီ၏ ချင်းပြည်အစိုးရ ဖွဲ့စည်းကြောင်း ကြေညာလာခြင်းသည် ချင်းအမျိုးသား စည်းလုံးညီညွတ်ရေးကို လွန်စွာမှ အဟန့်အတာဖြစ်စေသည်ဟု ICNCC က ဆိုသည်။ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ အခြားတော်လှန်ရေးအင်အားစုများနှင့်လည်း ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် ယနေ့အချိန်ထိ ပူးပေါင်း၍ အတူတကွ ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်သည်။ NUCC ထံသို့ ကိုယ်စားလှယ်များ စေလွှတ်ထားပြီး…
MGချင်းပြည်နယ်တောင်ပိုင်း မတူပီ-မင်းတပ်လမ်းပိုင်းသို့ အင်အား (၂၀၀) ခန့်ဖြင့် ဖေဖော်ဝါရီလ (၁) နေ့က စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ကို ချင်းလဲန်ကာကွယ်ရေးတပ်ဖွဲ့ – မတူပီက ပဒေသာမိုင်းဆွဲ တိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီတပ်သား (၆) ဦး ပြင်းထန်ဒဏ်ရာရှိခဲ့သည်ဟု ချင်းလဲန်ကာကွယ်ရေးတပ်ဖွဲ့ – မတူပီက ဆလိုင်းနိုင်ဂျွန်ကိမ်းက ပြောသည်။ဆလိုင်းနိုင်ဂျွန်ကိမ်းက “ဘယ်နစ်ယောက်သေတယ်ဆိုတာ အတည်ပြုလို့မရပေမယ့် သေချာတာက တယောက်က လုံးဝ ခြေထောက်နစ်ဖက်ပြတ်သွားတယ်၊ နောက်တယောက်က ခြေထောက်တဖက်ပြတ်တယ်၊ မျက်စိလုံးဝ ဒဏ်ရာရတယ်၊ နောက် (၃) ယောက်က ကြီးကြီးကျယ်ကျယ် ဒဏ်ရာရတယ် အားလုံးက လုံးဝပြင်းထန်တဲ့ ဒဏ်ရာရရှိကြတယ်” ဟု ပြောသည်။၎င်းအပြင် မတူပီမြို့အခြေစိုက် မင်းတပ်-မတူပီလမ်းပေါ်တွင် တပ်စွဲထားသည့် ခလရ (၃၀၄) တပ်ရင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အထိနာသောကြောင့် မတူပီမြို့နယ်၊ ချန်းပြန်းကျေးရွာမှ လူနေအိမ်အားလုံးနီးပါး မီးရိူ့ဖျက်စီးခဲ့သည်။အဆိပါ မတူပီမြို့နင့် (၇) မိုင်ခန့် ကွာဝေးသည့် ချန်းပြန်းကျေးရွာတွင် အိမ်ခြေ (၆၀) ကျော်ရွိပြီး စစ်ကောင်စီတပ် ဖွဲ့ဝင်များ၏ မီးရိူ့မူကြောင့် အိမ်ခြေ (၉) အိမ်လောက်သာကျန်ရွိကာ ကျေးရွာရွိပြည်သူအားလုံးမှာ အချိန်မီ စစ်ဘေးရွောင်တိမ်းနိုင်ခဲ့သည်ဟု သိရသည်။လက်ရွိတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား (၁၀၀) ခန့်မွာ မြို့ပေါ်ပြန်လည်ဆိုတ်ခွာသွားကြသော်လည်း ကျန်အင်အား (၁၀၀) ခန့်သည် ချန်ပြန်းကျေးရွာတွင် ကျန်ရွိသေးသောကြောင့် တိုက်ပွဲ အချိန်မရွေးဖြစ်နိုင်ကာ ပြည်သူများအနေဖြင့် မတူပီ-မင်းတပ်လမ်းအား အသုံးပြုခရီးထွက်ခြင်း၊ တောထွက်ခြင်း၊ ခြံသွားခြင်းများ မပြုလုပ်ကြရန် ချင်းလဲန်ကာကွယ်ရေးတပ်ဖွဲ့ – မတူပီက ထုတ်ပြန်ထားပါသည်။
(002MG) စစ်အာဏာသိမ်းမှု ၃ နှစ်တာကာလအတွင်း ချင်းပြည်နယ်တွင် တော်လှန်ရေးတပ်ဖွဲ့များက စစ်ကောင်စီတပ်စခန်း ၂၄ ခုကို သိမ်းပိုက်ခဲ့ကြပြီး စစ်ကောင်စီက ရဲစခန်း ၁၂ ကိုလည်း စွန့်လွှတ်ခဲ့သည်ဟု ချင်းရေးရာအဖွဲ့ချုပ် (Institute of Chin Affairs) ကထုတ်ပြန်သည်။ ၂၀၂၁ ခုနှစ်ဖော်ဖော်၀◌ါရီလ ၁ ရက် စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် ၃ နှစ်အတွင်း ချင်းပြည်နယ်တွင် စစ်ကောင်စီ နှင့် တော်လှန်ရေးအင်အားစုများအကြား တိုက်ပွဲပေါင်း ၉၀၀ ကျော်ဖြစ်ပွားခဲ့ရာမှာ စစ်ကောင်စီ၏ အမာခံခြေကုပ်ယူထား သောစခန်းများအပါအ၀◌င် တပ်စခန်းပေါင်း ၂၄ ခုကို သိမ်းပိုက်နိုင်ခဲ့ကြသည်ဟု ဖေဖော်၀◌ါရီလ ၁ ရက်နေ့ကထုတ်ပြန် သော ချင်းရေးရာအဖွဲ့ချုပ်၏ အစီရင်ခံစာတွင်ဖော်ပြသည်။ ချင်းပြည်နယ်အတွင်း တော်လှန်ရေးတပ်ဖွဲ့များသိမ်းပိုက်ထားသည့် စစ်ကောင်စီတပ်နှင့် ရဲစခန်းများမှာ ကန်ပက် လက်မြို့နယ်ထဲက မကွီအိမ်နူးရဲစခန်း၊ ထန်တလန်မြို့ရဲစခန်းနှင့် လုံလဲရ်တပ်စခန်း၊ ဖလမ်းမြို့နယ် ဗာရ်တပ်စခန်း၊ ရိခေါဒါရ်အမှတ်(၁) နှင့် (၂)တပ်စခန်း၊ သွီဘွာလ်တပ်စခန်း၊ ထင်းရှူးတပ်စခန်း၊ ခမ်းပတ်မြို့ရဲနှင့်တပ်စခန်း၊ တီးတိန်မြို့ နယ်ထဲက ကနေဒီ တောင်တပ်စခန်းနှင့် သိုင်းငင်းတပ်စခန်း၊ မတူပီမြို့နယ်ထဲက လိုင်းလင်းပီမြို့တပ်စခန်း၊ ရေဇွာတပ် စခန်း၊ ထယ်ဘွေ တပ်စခန်း၊ ဟားခါးမြို့နယ်ထဲက ဘုံဇုံးတပ်စခန်း၊ ပလက်၀မြို့နယ်ထဲက တရွန်အိုင်ဗျူဟာကုန်းတပ် စခန်း၊ နူံးဘူးဗျူဟာကုန်းတပ်စခန်း၊ ပွိုင့်(၃၇၇) ခ၀◌ဲဗျူဟာကုန်းတပ်စခန်း၊ ရှင်းလက်၀တပ်စခန်း၊ တောင်ရှည် ဗျူဟာတပ်စခန်း၊ ခလရ(၂၈၉) တပ်ရင်းဌာနချုပ်၊ ခန်ခတောင်ဗျူဟာတပ်စခန်း၊ မီး၀တပ်စခန်း နှင့် နှမဒါဗျူဟာတပ်စ ခန်းတို့ဖြစ်သည်ဟု ချင်းရေးရာအဖွဲ့ချုပ်ကဖော်ပြသည်။ ပလက်၀မြို့နယ်က စစ်ကောင်စီတပ်စခန်းများကို ရက္ခိုင့်တပ်တော် AA က…
(006SV) ချင်းပြည်နယ်၊ မရာဒေသတွင် CNA ၊ CDF- Mara အပါအဝင် ချင်းပူးပေါင်းတပ်ဖွဲ့ (၇) ဖွဲ့နှင့် မရာလဲန်း ကာကွယ်ရေးတပ်ဖွဲ့ MDF/ MTC တို့အကြား စစ်ရေးအရှိန်မြင့်လာပြီးနောက် အချင်းချင်းတိုက်ပွဲများ (၃) ရက်ကြာ အပြင်းအထန် ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။ CNA၊ CDF- Mara ၊CDF- Paletwa၊ CDF- Thanglang၊ CDF – Zophei၊ CDF- Lautu နှင့် CDF – Senthang စသည့် ချင်းပေါင်းတပ်ဖွဲ့က MDF တပ်ဖွဲ့၏ စခန်းတစ်ခုကို ဇန်နဝါရီလ ၃၁ ရက်မှ စတင်၍ ယနေ့ ဖေဖော်ဝါရီလ ၂ ရက်အထိ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ (MDF/ MTC) အထွေထွေအတွင်းရေးမှူးက ပြောသည်။ “CNA နဲ့ CDF- Mara နဲ့ မဟာမိတ်တွေက ဒီနေ့ကတော့ ဒရုန်းနဲ့တင် မဟုတ်ပဲနဲ့ လက်နက်နဲ့ပါ လာတိုက်နေ တာပါ။ အခုလည်း တိုက်နေကြတယ်။ အခုလောလောဆယ်ကတော့ MDF ကိုအပြတ်ချေမှုန်းမယ်၊ မရာနယ်မြေမှာ ချင်းပြည် နယ်မှာ မမြင်စေရမယ်ဆိုတဲ့ သဘောထားနဲ့ CNA ဦးဆောင်ပြီးတော့ CDF- Mara နဲ့ မဟာမိတ်များက စခန်းကို လာပြီး NUG က ထောက်ပံ့တဲ့ လက်နက်တွေ၊ ဒရုန်းတွေနဲ့ လာတိုက်ခိုက်နေတာဖြစ်ပါတယ်” ဟု (MDF/ MTC) အထွေထွေအတွင်းရေးမှူးက ပြောသည်။ ဇန်နဝါရီလ…
(006SV) ချင်းပြည်နယ်၊ ပလက်ဝမြိုနယ်၊ ဒိုင်ရ်ဒေသအတွင်း ဗိုလ်ကြီး၊ ဗိုလ်နှင့် ထောက်လှမ်းရေးအရာရှိအပါအဝင် စစ်ကောင်စီတပ်သား ၁၅ ဦးကို အစုအပြုံလိုက် ဖမ်းဆီးရမိကြောင်း CDF – Daai မှ တာဝန်ရှိသူက ပြောသည်။ “ကျနော်တို့ ထိန်းချုပ်နယ်မြေထဲကို ထွက်ပြေးလာကြတာပေါ့။ ထွက်ပြေးလာတဲ့ ပုံစံကို ကြည့်ရတာ တစ်နေရာမှာ တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်ပြီးတော့မှ အဲဒီကနေ ကိုယ်လွတ်ရုန်းလာတဲ့ သဘောလို့ ယူဆယ်။ တချို့ကစခန်းစွန့်ခွာပြီး ပြေးလာ တာဖြစ်နိုင်တယ်။ ကျနော်တို့ ဆီကို ခြေဦးတည့်ရာ ပြေးလာတော့ ကျနော်တို့က နယ်မြေရှင်းလင်းရေး လုပ်ရင်းနဲ့ ဖမ်းမိ တာဖြစ်ပါတယ်” ဟု CDF – Daai မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ ဇန်နဝါရီလ ၃၀ ရက်က CDF- Daai ထိန်းချုပ်နယ်မြေအတွင်း စစ်ကောင်စီတပ်ဖွဲ့မှ သုံးပွင့်ဗိုလ်ကြီး (၁) ဦး၊ နှစ်ပွင့်ဗိုလ် (၁) ဦးနှင့် ထောက်လှန်းရေးအရာရှိ (IO) တစ်ဦးအပါအဝင် တပ်ကြပ်ရဲဘော် (၁၅) ဦးတို့ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ ယင်းတို့အထဲမှ စစ်ကောင်စီတပ်သား (၃) ဦးမှာ ဒဏ်ရာများပြင်းထန်ပြီး တပ်သား (၂) ဦးမှာ သာမန်ဒဏ်ရာများ ရရှိထားသောကြောင့် ဆေးကုသမှုများ ပြုလုပ်ပေးနေကြောင်း၊ ယင်းတို့ကို နိုင်ငံတကာ စစ်ဖက်ဆိုင်ရာ ဥပဒေ ဂျီနီဗာကွန်ဗန်ရှင်နှင့်အညီ ကောင်းမွန်စွာ ထိန်းသိမ်းထားကြောင်း CDF- Daai မှ တာဝန်ရှိသူက ပြောသည်။ ဖမ်းဆီးရမိသူများမှာ တပ်မ – ၁၁ လက်အောက်ခံ ခမရ…
(006SV) ချင်းပြည်အတွင်း စစ်ရေးနှင့် နိုင်ငံရေးများ အကွဲအပြဲဖြစ်ပွားနေချိန်တွင် CDF – ကန်ပက်လက်မှ တပ်ရင်း (၅) ခုသည် “ချင်းညီနောင်” မဟာမိတ်အဖွဲ့နှင့် အတူတကွ လက်တွဲတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း တပ်ရင်း (၅) ဖွဲ့က ဘုံသဘောထား ထုတ်ပြန်သည်။ CDF – ကန်ပက်လက်၏ တပ်ရင်း (၇) ရင်းထဲက တပ်ရင်း (၅) ရင်းဖြစ်သည့် Victoria တပ်ရင်း၊ Vakok တပ်ရင်း၊ Tumee တပ်ရင်း၊ Khonu တပ်ရင်းနှင့် Mahuyar တပ်ရင်းတို့က ဇန်နဝါရီလ ၃၁ ရက်မှာ ပူးတွဲထုတ်ပြန်လာခြင်းဖြစ်သည်။ ခိုနူမ်းသုန်းသတင်းဌာနက CDF – ကန်ပက်လက်မှ ရဲဘော်တစ်ဦးနှင့် တခြားတာဝန်ရှိသူတစ်ဦးကို ဆက်သွယ်မေးမြန်းရာတွင် ယင်းပူးတွဲထုတ်ပြန်ချက်မှာ မှန်ကန်ကြောင်း၊ အခြေအနေရှုပ်ထွေးနေမှုများကြောင့် ၎င်းတို့အနေဖြင့် မဖြေဆိုနိုင်သေးကြောင်း ပြောသည်။ CNF/CNA ၊ ချင်းကာကွယ်ရေးအဖွဲ့ (CDF) တချို့နှင့် ချင်းလွှတ်တော်အမတ်တချို့သည် ချင်းလဲန်းကောင်စီဖွဲ့စည်းပြီး ချင်းပြည်လူထုနှင့် ချင်းလက်နက်ကိုင်တပ်ဖွဲ့ အားလုံးမပါဘဲ မိမိအလိုကျ ဥပဒေရေးဆွဲအတည်ပြုခြင်း၊ သက်ဆိုင်ရာမြို့နယ်ဒေသ၏ သဘောထားမပါဘဲ နီးစပ်ရာလူကို ဆွဲခေါ်ကာ ချင်းပြည်အစိုးရဖွဲ့ရန် ပြင်ဆင်နေသည်ဟု ယင်းတပ်ရင်း (၅) ရင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ CDF-Kanpetlet တွင် တပ်ရင်း ၇ ရင်းရှိသည့်အနက် တပ်ရင်း ၅ ရင်းရှိပြည်သူများနှင့် ရဲဘော်များမှ ထိုကိစ္စကို လုံး၀လက်မခံကြောင်း ဖော်ပြထားသည်။ ထို့ကြောင့် ၂၀၂၁ ဩဂုတ်လ ၂၄ ရက်မှာ အခိုင်အမာ မဟာမိတ်ဖွဲ့ခဲ့သူများဖြစ်သည့် လက်ရှိ ချင်းညီနောင်အဖွဲ့…
(005MK) အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းမြို့အနီးတွင် မြန်မာဘက်မှ တင်သွင်းလာသည်ဟုယူဆရသော ရှားပါးတိရိစ္ဆာန်မျိုးစိတ်များကို အာသံရိုင်ဖယ်နှင့် သစ်တောဌာနတာ၀န်ရှိသူများက ဖမ်းဆီးရမိကြောင်း သိရသည်။ အာသံရိုင်ဖယ်နှင့် သစ်တောဌာနတို့မှ ကျန်ဖိုင်းမြို့ DC Complex ကားလမ်းပေါ်တွင် ဇန်န၀ါရီလ ၃၁ ရက်နေ့က မီဇိုရမ်ဒေသခံအမျိုးသား ၂ ဦးထံမှ အဆိုပါရှားပါးတိရိစ္ဆာန်များကို ဖမ်းဆီးခဲ့ကြခြင်းဖြစ်သည်။ ဖမ်းဆီးရမိသော တိရိစ္ဆာန်များမှာ Solomon Cockatoo ၁၀ ကောင်၊ Posque’s Parrot ၂ ကောင်၊ လိပ် ၉ ကောင်၊ မြွေ ၁၀ ကောင်၊ Marmoset Monkey ၂ ကောင် နှင့် အိမ်မြောင်အမျိုးအစား ၁၆ ကောင်တို့ဖြစ်သည်ဟု မီဇိုရမ်သတင်း မှာဖော်ပြထားသည်။ ယခုဖမ်းဆီးရမိသည့် တိရိစ္ဆာန်များ၏ ကာလတန်ဖိုးမှာ ရူပီးငွေ သိန်း ၆၀ ကျော်ခန့်ရှိသည်ဟုသိရသည်။ အဖမ်းခံရသူ ၂ ဦးကိုလည်း တရားဉပဒေကြောင်းအရအရေးယူရန် အမှုဖွင့်ထားကြောင်းသိရသည်။
(005MK) အိန္ဒိယ-မြန်မာနယ်စပ်တလျှောက်ကို ခြံစည်းရိုးခတ်ပြီး နယ်စပ်တဖက်တချက်စီ လွတ်လပ်စွာ ဖြတ်သန်းသွားလာခွင့် Free Movement Regime (FMR) ဖျက်သိမ်းမည့်အစီစဉ်ကို ကန့်ကွက်သည့်အနေဖြင့် အိန္ဒိယ ၀န်ကြီးချုပ် Narendra Modi နှင့် ပြည်ထဲရေး၀န်ကြီး Amit Shah တို့၏ ရုပ်ပုံကို မီဇိုးကျောင်းသားသမဂ္ဂ (MZP) က မီးရှို့ခဲ့ကြသည်။ ဇန်န၀ါရီလ ၃၁ ရက်နေ့က အိုင်ဇောလ်မြို့ရှိ မီဇိုးကျောင်းသားသမဂ္ဂ (MZP) ရုံးရှေ့တွင် အိန္ဒိယ၀န်ကြီးချုပ် Narendra Modi နှင့် ပြည်ထဲရေး၀န်ကြီး Amit Shah တို့၏ ရုပ်ပုံကို မီးရှို့ခဲ့ကြခြင်းဖြစ်သည်။ ချင်း (ဇိုး) မျိုးနွယ်စုများသည် မိမိတို့ဆန္ဒအရမဟုတ်ဘဲ နိုင်ငံတကာနယ်နိမိတ်မျဉ်း ၃ ခု အိန္ဒိယ-မြန်မာ-ဘဂ်လာဒေရှ့် နိုင်ငံ တို့တွင် ပိုင်းခြားခံခဲ့ကြရသည့်အပြင် အိန္ဒိယနိုင်ငံထဲမှာလည်း ပြည်နယ်အသီးသီးမှာ ထပ်မံပိုင်းခြားနေထိုင်ခဲ့ကြရသည်ဟု MZP က ဆိုသည်။ “ကျနော်တို့ဇိုး (ချင်း) မျိုးနွယ်တွေကို ပိုင်းခြားစေတဲ့ နယ်နိမိတ်မျဉ်းတွေဟာ မိမိတို့သဘောဆန္ဒမပါဘဲ ဗြိတိသျှအစိုးရက သတ်မှတ်ခဲ့တာဖြစ်ပါတယ်၊ ဒါကြောင့် မိမိတို့အနေနဲ့ ဘယ်လိုနည်းနဲ့မှ လက်ခံလို့မရဘူး” ဟု MZP က ဆိုသည်။ ထို့ကြောင့် အိန္ဒိယအစိုးရက နယ်စပ်တလျှောက်ခြံစည်းခတ်ပြီး လွတ်လပ်စွာဖြတ်သန်းသွားခွင့် FRM ဖြတ်သိမ်းမည့်ကိစ္စ ကို ဆက်လက်ဆန့်ကျင်သွားမည်ဖြစ်ကြောင်း MZP ကပြောသည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ မီဇိုးကျောင်းသားသမဂ္ဂ (MZP) အနေဖြင့် ဇန်န၀◌ါရီလ ၂၂ ရက် နေ့ကလည်း အိန္ဒိယ၀န်ကြီးချုပ်ထံ အိပ်ဖွင့်ပေးစာပေးပို့ခဲ့ပြီးဖြစ်သည်။ မီဇိုရမ်ပြည်နယ်အခြေစိုက် Zo Reunification Organization…
(006SV) ချင်းလဲန်းကောင်စီက ချင်းပြည် အစိုးရအဖွဲ့ကို ၀န်ကြီးချုပ်နှင့် ၀န်ကြီးဌာန ၁၄ ခုဖြင့် ဖွဲ့စည်းကြောင်း ယနေ့ နွေဦးတော်လှန်ရေး ၃ နှစ်ပြည့်မြောက်သည့် ဖေဖော်၀ါရီလ ၁ ရက်နေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။ ချင်းပြည်ကောင်စီညီလာခံ ပထမသက်တမ်း၊ ဒုတိယအကြိမ် ချင်းပြည်ကောင်စီအစည်းအေ၀◌းကို ဇန်န၀◌ါရီလ ၃၀ ရက်မှ ၃၁ ရက်နေ့အထိ ချင်းလုံမြို့တွင်ကျင်းပပြုလုပ်ရာတွင် ချင်းပြည်အစိုးရအဖွဲ့၊ ချင်းပြည်တရားလွှတ်တော်ချုပ် နှင့် ချင်းပြည်လွှတ်တော်အပါအ၀◌င် မဏ္ဍိုင်ကြီး (၃) ရပ်ကို အတည်ပြုဖွဲ့စည်းလိုက်ပြီဟု ချင်းလဲန်းကောင်စီက ယနေ့ထုတ် ပြန်သည်။ ကောင်စီ၀◌င် ၁၀၀ ဦးတက်ရောက်သော အဆိုပါအစည်းအေ၀◌းတွင် ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးချယ် တင်မြှောက်ရေးကော်မတီမှ အဆိုပြု တင်သွင်းသော ချင်းပြည်အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ ရှေ့နေချုပ်၊ စာရင်းစစ်ချုပ်၊ ချင်းပြည် တရားလွှတ်တော်ချုပ်၊ တရားသူကြီးချုပ်နှင့် တရားသူကြီးများကို အတည်ပြုခဲ့ခြင်းဖြစ်သည်။ အမျိုးသားကိုယ်ပိုင် ပြဌာန်းခွင့် အာမခံချက် ရှိသော ချင်းပြည် တည်ဆောက်ရေး၊ ချင်းအမျိုးသား တည်ဆောက်ရေးတွင် ချင်းအမျိုးသားပိုက်နက်နယ်မြေနှင့် ချင်းအမျိုးသားတစ်ရပ်လုံးကို ကာကွယ်စောင့်ရှောက်နိုင်ရေး၊ စစ်ရေးတွင် အမျိုးသားတပ်မတော်တည်ဆောက်ရေးနှင့် ချင်းအမျိုးသား လှုပ်ရှားမှုတွင် ချင်းပြည်သူလူထုတစ်ရပ်လုံး လက်တွဲ ပူးပေါင်း ပါဝင်ရေးတို့ကို အကောင်အထည်ဖော်သွားမည်ဟုဆိုပါသည်။ ချင်းပြည်ကောင်စီက ချမှတ်သည့် ရည်မှန်းချက် ပန်းတိုင်၊ မဟာဗျူဟာနှင့် နည်းဗျူဟာများကို ချင်းပြည်အစိုးရအဖွဲ့ အပါအဝင် မဏ္ဍိုင်ကြီး (၃) ရပ်က အကောင်အထည်ဖော် ဆောင်ရွက်မည်ဟု သိရသည်။ ချင်းပြည်ကောင်စီသည် မဏ္ဍိုင်ကြီး (၃) ရပ်ကို အခြေခံ၍ တော်လှန်ရေးကာလ ချင်းပြည်လူထု၏ ရေးရာ ကိစ္စအဝဝကို…
