Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»အိန္ဒိယဘက်ကို ထွက်ပြေးပြီး မြန်မာကိုပြန်ပို့ခံရသော စစ်ကောင်စီတပ်သားများ ရခိုင်စစ်မျက်နှာကို ပြန်ပို့ခံရ

အိန္ဒိယဘက်ကို ထွက်ပြေးပြီး မြန်မာကိုပြန်ပို့ခံရသော စစ်ကောင်စီတပ်သားများ ရခိုင်စစ်မျက်နှာကို ပြန်ပို့ခံရ

0
By Editor on January 22, 2024 Khonumthung

(006SV)

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တိုက်ပွဲများမှ အိန္ဒိယနိုင်ငံဘက်ကို ထွက်ပြေးလွတ်မြောက်သွားသော စစ်ကောင်စီတပ်သားများသည် ရခိုင်ပြည်နယ်ထဲက တိုက်ပွဲများတွင် ပြန်လည်တိုက်ပွဲဝင်နေကြောင်း ရက္ခိုင်တပ်တော် (AA) က သတင်းထုတ်ပြန်သည်။

ပလက်ဝမြို့နယ်က စခန်းသိမ်းတိုက်ပွဲများတွင် စစ်ကောင်စီတပ်သားများသည် အိန္ဒိယနိုင်ငံဘက်သို့ ထွက်ပြေးလွတ်မြောက်သွားသော စစ်ကောင်စီတပ်သား (၄၀၀) ကျော်ထဲက အများစုတို့သည် ရခိုင်ပြည်နယ်ထဲက စစ်မျက်နှာများတွင် ပြန်လည်တိုက်ပွဲဝင်နေကြသည်ဟု ဇန်နဝါရီလ ၂၁ ရက်ညပိုင်းမှာ AA က ထုတ်ပြန်သည်။

ပလက်ဝမြို့နယ်ထဲက တိုက်ပွဲများတွင် စစ်ကောင်စီမှ အရာရှိ ၃၆ ဦးနှင့် တပ်သား ၂၄၀ ခန့်သည် ဇန်နဝါရီလ ၁၇ ရက်က အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ထဲကို ထပ်မံထွက်ပြေးလွတ်မြောက်သွားကြပြီး ယနေ့ ဇန်နဝါရီလ ၂၂ ရက်တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ စစ်ကောင်စီလေကြောင်းလိုင်းဖြင့် ရောက်ရှိမည်ဟု All India Radio News သတင်းက ဖော်ပြထားသည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၂၉ ရက်ကလည်း အိန္ဒိယ-မြန်မာနယ်စပ်အနီး၊ ပလက်ဝမြို့နယ်ထဲ ပွိုင့် ၃၇၇ စစ်စခန်းကို ရက္ခိုင်တပ်တော် AA က သိမ်းပိုက်ရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅၁ ဦးမှာ အိန္ဒိယဘက်သို့ ထွက်ပြေးခိုလှုံခဲ့သည်ဟု သိရသည်။

၂၀၂၃ ခုနှစ် နို၀င်ဘာလတွင် စစ်ကောင်စီတပ်သား ၁၀၀ ကျော်ကို မီဇိုရမ်ပြည်နယ်မှ မဏိပူရ်ပြည်နယ် မိုးရေးမြို့သို့ ပို့ဆောင်ကာ ထိုမှတဆင့် မြန်မာကို ပြန်ပို့ခဲ့ကြပြီးဖြစ်သည်။

ထို့နောက် ယခုနှစ် ဇန်န၀◌ါရီလ ၂ ရက်နေ့တွင် စစ်ကောင်စီတပ်သား ၁၅၁ ဦးကိုလည်းကောင်း၊ ဇန်န၀◌ါရီလ ၉ ရက် နေ့က စစ်ကောင်စီတပ်သား ၁၀၄ ဦးကိုလည်ကောင်း အိုင်ဇောလ်မြို့ Lengpui လေဆိပ်တွင် စစ်ကောင်စီတပ် လေကြောင်းက လာရောက်ခေါ်ထုတ်ခဲ့ပြီးဖြစ်သည်။

ပြီးခဲ့သည့် ၃ လအတွင်း စစ်ကိုင်း၊ ချင်း၊ ရခိုင်ပြည်နယ်တို့တွင် စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုတို့ တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားရာမှ အိန္ဒိယဘက်သို့ ထွက်ပြေးခိုလှုံသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀၀ ကျော်အထိ ရှိခဲ့သည်ဟု အိန္ဒိယသတင်းဌာနတွေက ဖော်ပြကြသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မလေးရှားသွားရာလမ်း၌ ကွယ်လွန်ခဲ့သူ Tg. Pau Lam Kim ၏ သူငယ်ချင်း ၃ ဦး ကလေးမြို့သို့ ဘေးကင်းစွာ ပြန်လည်ရောက်ရှိ

ချင်းပြည်နယ်တွင် စစ်အစိုးရလက်အောက်ခံအခြေခံကျောင်းများဖွင့်လှစ်၊ ကျောင်းတက်ရောက်သူ လူဦးရေ နှစ်သောင်းကျော်ရှိဟု ဆို

မင်းတပ်နှင့် ကန်ပက်လက်ကို စစ်တပ်က အင်အား ၂၀၀၀ ခန့်ဖြင့် ထိုးစစ်ဆင်နေဟု CPU ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.