Author: Editor

(005MK) အိန္ဒိယနိုင်ငံ အရှေ့မြောက်ဒေသ မီဇိုရမ်ပြည်နယ်အထွေထွေရွေးကောက်ပွဲမှာ အတိုက်ခံနိုင်ငံရေးပါတီ Zoram People Movement (ZPM) က မဲဆန္ဒနေရာအများစုမှာ အနိုင်ရရှိထားသည်ဟု ဒေသတွင်း ရုပ်သံသတင်းဌာန Zonet က ဖော်ပြသည်။ နို၀င်ဘာလ ၇ ရက်နေ့က ကျင်းပပြီးစီးခဲ့သော မီဇိုရမ်ပြည်နယ်ရွေးကောက်ပွဲ မဲရလာဒ်ကို ယနေ့ ဒီဇင်ဘာလ ၄ ရက်နေ့ မနက်ပိုင်းကစ၍ ရေတွက်ကြရာမှာ မဲဆန္ဒနယ်မြေ ၄၀ တွင် ZPM ပါတီက ၂၇ နေရာ၊ လက်ရှိအစိုးရ MNF ပါတီက ၁၀ နေရာ၊ BJP ပါတီက ၂ နေရာနှင့် INC ပါတီက ၁ တစ်နေရာရရှိခဲ့သည်ဟု Zonet ကဖော်ြပသည်။ အိန္ဒိယ ရွေးကောက်ပွဲကော်မရှင်မှ မီဇိုရမ်ပြည်နယ် ရွေးကောက်ပွဲမှာ အနိုင်ရရှိသော ပါတီကို တရား၀င် ထုတ်ပြန်ကြေညာခြင်းမရှိသေးသော်လည်း မဲရေတွက်မှုအခြေအနေမှာ အပြီးသတ်ပိုင်း ရောက်ရှိသွားပြီဖြစ်သည်။ လက်ရှိ မီဇိုရမ်ပြည်နယ် ၀န်ကြီးချုပ် ပူးဇိုးရမ်းထန်းငါလည်း ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။ မဲရေတွက်သည့် မဲရုံများမှ ရရှိလာသော စာရင်းများအရ Zoram People Movement (ZPM) ပါတီက မဲဆန္ဒနယ်မြေ ၂၇ နေရာမှာ အနိုင်ရရှိကြောင်း သေချာသွားပြီဖြစ်ကာ အစိုးရသစ်ဖွဲ့စည်းနိုင်တော့မည်ဖြစ်သည်ဟု သိရသည်။ Zoram People Movement (ZPM) ပါတီသည် ဒေသအခြေပြု အမျိုးသားရေးပါတီတစ်ခုဖြစ်ပြီး အိန္ဒိယ-မြန်မာ-ဘဂ်လားဒေရှ့်စသည့် ၃ နိုင်ငံတွင် ကွဲပြားနေထိုင်ကြသော ချင်း-လူရှိုင်း-ကူကီး မျိုးနွယ်စုများ ပေါင်းစည်းညီညွတ်ရေးကို လိုလားသော အမျိုးသားရေးပါတီတစ်ခုဖြစ်သည်ဟု…

Read More

(002MG) စစ်ကိုင်းတိုင်း၊ တမူးမြို့နယ် ထန်းတပင်ကျေးရွာတွင် ယမန်နေ့က စစ်ကောင်စီတပ်ဖွဲ့ ဝင်ရောက်ကာ နေအိမ်များမီးရှို့မှုကြောင့် နေအိမ် ၅၀ ခန့် မီးလောင်ပျက်စီးခဲ့ပြီး ယနေ့မနက်တွင်လည်း ထပ်မံမီးရှို့နေသည်ဟု ထန်းတပင်ဒေသခံတစ်ဦးက ပြောသည်။ ထန်းတပင် ဒေသခံက “မနေ့က မီးလောင်တာ ၅၀ လောင်ထားတယ်။ အခုကျတော့ ဒီမနက်ကနေပြန်စတယ် မီးက၊ မီးခိုးတွေလည်း အများကြီးပဲ ကျွန်တော့အိမ်လည်း လောင်သွားပြီ” ဟု ပြောသည်။ ထန်းတပင်ကျေးရွာတွင် ယမန်နေ့က ထွက်မပြေးနိုင်သည့် သက်ကြီးဘိုးဘွား (၇) ဦးကို ယနေ့မနက်ပိုင်းက တမူးမြို့ နင့် လေးမိုင်ဂိတ်တွင် စစ်ကောင်စီတပ်ဖွဲ့က ခေါ်ဆောင်လာပြီး မိသားစုဝင်များက သွားရောက်ခေါ်ယူကြရသည်ဟု ၎င်းတို့ကို ကူညီပေးခဲ့သူကပြောသည်။ ကလေး-တမူးမြို့ကားလမ်းမပေါ်တွင်တည်ရှိသော ထန်းတပင်ကျေးရွာထဲကို ဒီဇင်ဘာလ ၃ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့များ ရောက်ရှိလာကြပြီး ပြည်သူများအားလုံးကို ဘောလုံးကွင်းထဲသို့ခေါ်ဆောင်ကာ နေအိမ်များကို စတင်မီးရှို့ခဲ့ကြခြင်းဖြစ်သည်ဟု သိရသည်။ ယခုလက်ရှိ ထန်းတပင်ကျေးရွာက ပြည်သူများအားလုံသည် အဝတ်တထည်ကိုယ်တခုဖြင့် တမူးမြို့နင့် နီးစပ်ရာတော တောင်တွေထဲ ထွက်ပြေးတိမ်းရှောင်ကြရသည်ဟု သိရသည်။ “တရွာလုံးထွက်ပြေးကြတာဖိနပ်တောင်ယူချိန်မရဘူးတခါထဲထွက်ပြေးကြတာ။ဖမ်းတဲ့သူတွေကျတော့ဘောလုံးကွင်းမှာစု ပြီးတော့ ခဗျားတို့တော့ တမူးဖက်သွားတော့လို့ ပြောတာ။ မနေ့က ဖမ်းတဲ့သူတွေလည်ပြန်လွတ်လိုက်ပြီ။ ပြန်လို့မရသေးဘူး။ ခုကျ တော့ ရွာမှာ စစ်သားတွေကဘုရား ကျောင်းမှာစခန်းချတယ်” ဟု ထန်းတပင်ရွာသားတစ်ဦးက ပြောသည်။ ထန်းတပင်ကျေးရွာက အသက် ၁၃ နစ်အရွယ် အမျိုးသမီးတစ်ဦး ထွက်ပြေးတိမ်းရွောင်ရင်း ပျောက်ဆုံးခဲ့သည့်အပြင် အသက် ၄၅ နစ်အရွယ် အမျိုးသားတစ်ဦး ဒဏ်ရာရှိကာ ရွာခံတစ်ဦးသေဆုံးမှုလည်းရှိသည်ဟု သိရသည်။ ထန်းတပင်ကျေးရွာသည် တမူးမြို့နှင့်…

Read More

(006SV) ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် ယခုနှစ်ထဲမှာ အရပ်သားပြည်သူ ၉ ဦး သေဆုံးပြီး ၃၅ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကာ ဘာသာရေးနှင့် စာသင်ကျောင်းအပါအဝင် လူနေအိမ် ၁၀၀ ကျော် ပျက်စီးသည်ဟု CDF မင်းတပ်က  သတင်းထုတ်ပြန်သည်။ ယခုနှစ်အတွင်း မင်းတပ်မြို့နယ်တွင်း လေကြောင်းတိုက်ခိုက်မှု ၆၇ ကြိမ်ပြုလုပ်ခဲ့ရာ အရပ်သားပြည်သူ ၆ ဦးသေဆုံး၍ ၁၅ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး CDF – မင်းတပ်မှ တပ်ဖွဲ့ဝင် ၂ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်ဟု ယနေ့ ဒီဇင်ဘာလ ၄ ရက်မှာ CDF မင်းတပ်က သတင်းထုတ်ပြန်သည်။ စစ်ကောင်စီ၏ လက်နက်ကြီးဖြင့် အကြိမ်များစွာ ပစ်ခတ်မှုကြောင့်လည်း အရပ်သားပြည်သူ ၃ ဦးသေဆုံး၍ ၂၀ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်၊ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦးလည်း ကျဆုံးခဲ့ပြီး တပ်ဖွဲ့ဝင် ၃ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်ဟု သိရသည်။ “အစည်းအဝေးရှိတဲ့အခါမှာ အဓိက တိုက်ခိုက်တာကို သတိထားမိတယ်။ ရွာတွေမှာ အစည်းအဝေးရှိရင် အဲနေရာကို လေကြောင်းတိုက်ခိုက်တယ်။ လက်နက်ကြီးနဲ့ ပစ်တယ်။ မြို့ကိုပဲ စစ်ကောင်စီက ထိန်းချုပ်ထားတာကို ကျေးရွာတွေ အကုန်လုံးက မင်းတပ် CDF အောက်မှာပဲ ရှိနေတယ်။ မင်းတပ်မြို့နယ်ထဲမှာ မဟာမိတ်တွေက သွားလာတဲ့အခါ မျိုးမှာလည်း တိုက်ခိုက်တာတွေ ရှိတယ်။ အဓိကက အဲဒီ ၂ ချက်ကြောင့်…

Read More

(006SV) ချင်းပြည်နယ် ပလက်ဝမြို့နယ်က “နှုံးဘူးဗျူဟာ” နှင့် “ထရွန်အိုင်ဗျူဟာ” တို့ကို  အပြီးသိမ်းပိုက်နိုင်ရေး တိုက်ပွဲအတွင်း ယမန်နေ့က စစ်ကောင်စီသည် ဂျက်လေယာဉ်ဖြင့် ဓါတုဓါတ်ငွေ့ဗုံးများ အသုံးပြုတိုက်ခိုက်ခဲ့သည် ရက္ခိုင့်တပ်တော် (AA) က သတင်းထုတ်ပြန်သည်။ ဘင်္ဂလားဒေ့ရှ် – အိန္ဒိယ – မြန်မာ သုံးနိုင်ငံနယ်စပ်အနီးမှာတည်ရှိသည့် ပလက်ဝမြို့နယ်ထဲက အခိုင်အမာအထိုင်ချထားသော ယင်းဗျူဟာကုန်းကြီး (၂) ခုကို ရက္ခိုင့်တပ်တော် (AA) က နိုင်ဝင်ဘာလ ၁၄ ရက်တွင် စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ယနေ့ ဒီဇင်ဘာလ ၄ ရက်အထိ ၂၀ ရက်ကျော်ကြာ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေခြင်းဖြစ်သည်။ ယင်းဗျူဟာကုန်းများကို သိမ်းပိုက်ရရှိနိုင်ရေးအတွက် ရက္ခိုင့်တပ်တော် (AA) သည် ထိုးစစ်အရှိန်ကိုလည်း တဖြည်းဖြည်းမြင့်တက်လျက်ရှိနေသောကြောင့် ယမန်နေ့ ဒီဇင်ဘာလ ၃ ရက်တွင် စစ်ကောင်စီသည် ဂျက်တိုက်လေယာဉ်၊ Mi35 ၊ Y 8 ၊ Y 12 တိုဖြင့် လေကြောင်းပစ်ကူ ၃၀ ကျော်အထိ ရှိခဲ့သည်ဟု သိရသည်။ ထို့အပြင် ညနေပိုင်း ၆ နာရီခွဲခန့်တွင် စစ်ကောင်စီသည် ဂျက်တိုက်လေယာဉ်တစ်စီးဖြင့် Chemical Warfare Agents ဓာတုဓာတ်ငွေ့ပါသော ဗုံးများကို အသုံးပြုတိုက်ခိုက်ခဲ့ပြီး ယမန်နေ့က တိုက်ပွဲကာလအတွင်း ထိုးစစ်မှာ အမြင့်ဆုံးဖြစ်သကဲ့သို့ စစ်ကောင်စီကလည်း လေကြောင်းပစ်ကူ အများဆုံး အသုံးပြုခဲ့သော နေ့လည်းဖြစ်သည်ဟု AA ထံမှသိရသည်။ စစ်ကောင်စီသည် ဓါတုဓါတ်ငွေ့ပါသော ဗုံးဖြင့် တိုက်ခိုက်မှုမျိုးကို ရှမ်းမြောက်ဒေသအတွင်းက ၁၀၂၇ စစ်ဆင်ရေး၏…

Read More

(006SV) ချင်းပြည်နယ်၊ မတူပီမြို့မရဲစခန်းမှ တပ်ကြပ်တစ်ဦးသည် လက်နက်အပြည့်အစုံဖြင့် ကလေး ၂ ဦးနှင့်အတူ တမိသားစုလုံး အလင်းဝင်လာခဲ့သည်ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF- မတူပီက သတင်းထုတ်ပြန်သည်။ နိုဝင်ဘာလ ၃၀ ရက်က မတူပီမြို့ပေါ် မြို့မရဲစခန်းမှ တပ်ကြပ် ဦးရန်ရှင်းအောင် (ကိုယ်ပိုင်အမှတ် လ/လ၂၅၀၂၈၆ ) သည် G -3 (၁) လက်၊ ကျည်ဘောက် (၂) ခု၊ ကျည်ဆံ ၁၀၄ တောင့်တို့ကို ယူဆောင်လာခဲ့ပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF – မတူပီထံ အလင်းဝင်လာခဲ့ခြင်းဖြစ်သည်။ လက်နက်ခဲယမ်း အပြည့်အစုံဖြင့် အလင်းဝင်လာခဲ့သော ဦးရန်ရှင်းအောင်တို့ မိသားစုကို CDF – မတူပီက ကျပ်သိန်း (၅၀) ကို ချီးမြှင့်ခဲ့သည်။ မတူပီမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ စစ်သားနှင့် ရဲသားများအနေဖြင့် တော်လှန်ရေးအင်အားစုများနှင့် အမြန်ဆုံးပူးပေါင်းပေးရန် နောက်ဆုံးအကြိမ်အဖြစ် ချင်းကာကွယ်ရေးတပ်ဖွဲ့ – CDF မတူပီက ဒီဇင်ဘာလ ၁ ရက်မှာ သတင်းထုတ်ပြန်သည်။ ပြီးခဲ့သည် နိုဝင်ဘာလ ၂၆ ရက်ကလည်း မတူပီမြို့ရဲစခန်းမှ ရဲတပ်သား မိုးကန့်သည် ၎င်း၏ လေးလသားအရွယ် ကလေးငယ် နှင့်အတူ လက်နက်အပြည့်အစုံဖြင့် တစ်မိသားစုံးလုံး အလင်းဝင်ရောက်လာခဲ့သည်။

Read More

(006SV) ချင်းပြည်နယ်၊ မတူပီမြို့တွင် စခန်းသိမ်းတိုက်ပွဲအထိ စစ်ရှိန်မြှင့်မည့် ကနေဦးတိုက်ပွဲအဖြစ် မြို့အဝင်မှ စစ်ကောင်စီ ကာကင်းကုန်းစခန်းကို ဝင်ရောက်တိုက်ခိုက်ရာ ဗိုလ်ကြီးဖြိုးမင်းထက်အပါအဝင် ၇ ဦး သေဆုံးကြောင်း CDF – မတူပီ၊ ပြန်ကြားရေးမှ တာဝန်ရှိသူက ပြောသည်။ ယမန်နေ့ ဒီဇင်ဘာလ ၁ ရက် မနက် ၉ နာရီခန့်တွင် မတူပီ – မင်းတပ် လမ်းပေါ်ရှိ မတူပီမြို့အဝင်အနီးက စစ်ကောင်စီ ကာကင်းကုန်စခန်းကို သိမ်းပိုက်နိုင်ရန် လက်ဦးမှုယူ၍ စီးနင်းတိုက်ခိုက်ခဲ့သည်ဟု CDF – မတူပီမှ တာဝန်ရှိသူ ပြောသည်။ “အဓိကက သူတို့စခန်းကို ကျနော်တို့ ဝင်စီးတယ်။ အမှန်က ဝင်စီးပြီးမှ အကုန်လုံးကို သိမ်းနိုင်ဖို့ ရည်မှန်းခဲ့တယ်။ ဒါပေမဲ့ ကျနော်တို့ ဆီမှာထက် သူတို့ဆီမှာ လူအင်အားက နည်းနည်းများသွားတယ်။ ။ လက်ဦးမှု ယူပြီးမှ ပစ်နိုင်တဲ့ လူလောက်ပဲ ပစ်တာ၊ အထဲမှာလည်း လူတွေ ထပ်ရှိမှာဆိုတော့ လူအင်အားချင်း မမျှတာနဲ့ ပြန်ဆုတ်လာခဲ့တယ်” ဟု ၎င်းက ပြောသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီမှ ဗိုလ်ကြီး ဖြိုးမင်းထက် အပါအဝင် ၇ ဦး သေဆုံးပြီး MA – 3 (၂) လက်၊ MA – 5 ပစ္စတို (၁) လက်တို့ သိမ်းဆည်းရရှိခဲ့သည်၊ ထိခိုက်ဒဏ်ရာ ရရှိသူအရေအတွက်ကို အတိအကျ မသိသော်လည်း လူနာတင်ကာ ၃ စီးသွားရသည်၊ CDF…

Read More

(006SV) ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ရေဇွာမြို့သိမ်းတိုက်ပွဲအတွင်း ဘာသာရေးအဆောက်အအုံ၊ ဆေးရုံ၊ ကျောင်း၊ ဘဏ်အပါအဝင် နေအိမ်များ ၆၀ ကျော် ထိခိုက်ပျက်စီးခဲ့ပြီး စစ်ဘေးရှောင် ၂၀၀၀ ကျော်ကို ပြန်လည်နေရာချထားရေး အကူအညီများစွာ လိုအပ်နေသည်ဟု ဇိုတုန်ဖက်ဒရယ်ကောင်စီက သတင်းထုတ်ပြန်သည်။ ရေဇွာမြို့ကို စစ်ကောင်စီ၏ ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူနေအိမ် ၄ လုံးမှာ လုံးဝပျက်စီးသွားပြီး နေအိမ် ၆ လုံးနှင့် ZBA Salang ခန်းမဆောင်တို့မှာ ပျက်စီးသွားသည်ဟု ဇိုတုန်ဖက်ဒရယ်ကောင်စီက နိုဝင်ဘာလ ၃၀ ရက်က ထုတ်ပြန်သည်။ ထို့အပြင် ဘာသာရေး အဆောက်အအုံများ၊ ဆေးရုံး၊ ကျောင်း၊ ဘဏ်ရုံး အပါအဝင် နေအိမ်များ စုစုပေါင်း ၆၀ ကျော်သည် အမိုးအကားများ ပျက်စီးသွားသည်ဟု ဆိုသည်။ ရေဇွာမြို့သိမ်းတိုက်ပွဲကြောင့် စစ်ဘေးရှောင်နေရသော ဒေသခံ ပြည်သူ ၂၀၀၀ ကျော် နေရပ်အမြန်ဆုံး ပြန်လာနိုင်ရေးအတွက် မြို့တွင်းရှင်းလင်းရေးများ ဆောင်ရွက်နေပြီး၊ ပျက်စီးသွားသော နေအိမ်များ၊ အများပြည်သူနှင့် သက်ဆိုင်သော အဆောက် အအုံများနှင့် စစ်ဘေးရှောင်များ ပြန်လည်နေရာချထားရေးအတွက် အကူအညီများစွာ လိုအပ်နေသည်ဟု ဇိုတုန်ဖက်ဒရယ် ကောင်စီက ထုတ်ပြန်သည်။ ZZLMS ချင်းညီနောင်များဖြစ်သော CDF-Zotung, Zophei, CDF- Lautu ၊ CDF- Mara၊ CDF-Senthang တို့နှင့်အတူ ချင်းအမျိုးသားတပ်မတော် CNF/CNA ၊ CDF မတူပီ တပ်ရင်း ၂ စသည့် ချင်းပူးပေါင်းတပ်ဖွဲ့သည် ZZLMS Operation ဖော်ဆောင်၍…

Read More

(006SV) ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း “နှုံးဘူး” နှင့် “ထရွန်အိုင်ဗျူဟာကုန်း” တို့ကို အပြီးသိမ်း ပိုက်နိုင်ရေးအတွက် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသည်ဟု မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့က သတင်းထုတ်ပြန်သည်။ ဘင်္ဂလားဒေ့ရှ် – အိန္ဒိယ – မြန်မာ သုံးနိုင်ငံနယ်စပ်အနီးမှာ တည်ရှိသည့် ပလက်ဝမြို့နယ်ထဲက ယင်းစစ်စခန်း (၂) ခုကို ရက္ခိုင့် တပ်တော် (AA) က နိုင်ဝင်ဘာလ ၁၄ ရက်က စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ယနေ့ နိုဝင်ဘာလ ၃၀ ရက်အထိ ၁၇ ရက်ကြာ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေခြင်းဖြစ်သည်။ နိုဝင်ဘာလ ၂၀ ရက်က ပလက်ဝမြို့နယ်၊ ကုလားတန်မြစ်ဖျားဒေသဖြစ်သည့် တရွန်အိုင်ရွာအထက်ပိုင်း ၆ မိုင်က မီးဇာရွာကို စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၉ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။ စစ်ကောင်စီသည် ယင်းဗျူဟာများကို လေကြောင်းပစ်ကူများသာမက အခြားတပ်ရင်းများမှလည်း လက်နက်ကြီးများဖြင့် ပစ်ကူနေကြောင်း AA ၏ သတင်းထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။ ထို့အပြင် ရခိုင်ပြည်နယ်၊ ပေါက်တောမြို့တွင်လည်း စစ်ကောင်စီနှင့် AA တပ်ဖွဲ့တို့ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီက ကြည်း၊ ရေ၊ လေ ထိုးစစ်ဖြင့် တန်ပြန်တိုက်ခိုက်နေသည်၊ ပေါက်တောမြို့ပေါ်ရှိ နေအိမ်များ မီးလောင်ပျက်စီးမှုများရှိသည်ဟု ညီနောင်မဟာမိတ်သုံးဖွဲ့က သတင်းထုတ်ပြန်သည်။ ၁၀၂၇ စစ်ဆင်ရေး၏ စစ်ရှိန်နှင့်အတူ တစ်နိုင်ငံလုံး ပူးပေါင်းပါဝင်သော စစ်ဆင်ရေးကြီးအဖြစ် အသွင်ပြောင်း အားကောင်းလာပြီး စစ်ကောင်စီကို အပြီးသတ် ဖြိုလှဲနိုင်ရန် ညီနောင်မဟာမိတ်…

Read More

(002MG) စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင် ဒီဇင်ဘာလအတွင်း တိုက်ပွဲပြင်းထန်လာနိုင်သည်ဟု လူထုအကြား စိုးရိမ်မှုမြင့်တက်လာနေသောကြောင့် ကလေးမြို့ပေါ်ရပ်ကွက်က ပြည်သူတချို့မှာ ကျေးရွာဘက်သို့ စစ်ဘေးတိမ်းရှောင်သူ ပိုများလာသည်ဟု သိရသည်။ ကလေးမြို့ခံတစ်ဦးက “ ဒီဇင်ဘာ (၁၅) နေ့မတိုင်ခင် ထွက်ရမယ်လို့ပြောကြတာနဲ့ အိမ်နားက စစ်ဘေးလာရှောင်သူတွေလဲ သူတို့ရှာဖက်မှာ နည်းနည်းအဆင်ပြေလာပြီး၊ ဒီမြို့တွင်းမှာလည်း ဆိုးလာမယ်ဆိုပြီး ပြန်ကြတယ်၊ နောက်ပြီး တချို့တွေဆိုရင်လည်း အထုတ်အပိုးနဲ့ ကျေးရွာဖက်ကိုသွားကြတယ်” ဟုပြောသည်။ ကလေးမြို့နယ်တွင် စစ်ရေးအရှိန်မြင့်တင်လာတော့မည်ဖြစ်သောကြောင့် စစ်ကောင်စီတပ်ဖွဲ့များ တပ်စွဲနေရာယူထားသည့် နေရာအနီး၊ စကစတပ်ရင်း၊ တပ်စခန်းများ၊ စကစဂိတ်များ၊ရဲစခန်းများအပါအဝင် ပျူစောထီးကျေးရွာအနီးတို့တွင် နေထိုင် သည့်ပြည်သူများ ဒီဇင်ဘာလ ၁၅ ရက်နေ့မတိုင်ခင် အမြန်ပြောင်းရွှေ့ကြရန် ပြီးခဲ့သည့် နိုဝင်ဘာလ (၂၆) ရက်နေ့က ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။ ထိုကဲ့သို့ ထုတ်ပြန်ပြီးသည့်အချိန်ကစ၍ ကလေးမြို့ပေါ်တွင်နေထိုင်ကြသော ပြည်သူအများစုမှာ နေ့စဉ်နှင့်အမျှ စိုးရိမ်မှု ပိုမို မြင့်တက်လာနေပြီး စစ်ကောင်စီတပ်စခန်းအနီးတွင် နေထိုင်သူများသာမက မြို့တွင်းနေထိုင်သူများသည် ကျေးရွာဘက်သို့ ပြောင်းရွှေ့ခဲ့ကြခြင်းဖြစ်သည်။ ထို့အပြင် ကလေးမြို့ထဲသို့ ကျေးရွာများဘက်မှ စစ်ဘေးရှောင်လာကြသူများမှာလည်း မိမိကျေးရွာဘက်သို့ ပြန်လည်အခြေချနေထိုင်သူများလာကြောင်း သိရသည်။ တာဟန်းရပ်ကွက်၊ မူးယစ်ရုံးအနီးတွင်နေထိုင်သူပြည်သူတစ်ဦးက ”သူတို့တပ်စွဲထားတဲ့နေရာနဲ့ ကိုက် (၅၀၀) လောက်မှာ ရှောင်ပါလို့ပြောတယ်။ အိမ်က သူတို့တပ်စွဲတဲ့နေရာနဲ့ အရမ်းနီးတာဆိုတော့ ကျမတို့တော့ ရှောင်ရမယ်။ အိမ်ဘေးကတွေ လည်း ရှောင်ကုန်ပြီ” ဟု ပြောသည်။ တဖက်တွင်လည်း စစ်ကောင်စီတပ်ဖွဲ့က ပြည်သူများ နေရပ်စွန့်ခွါထွက်ပြေးတိမ်းရှောင်ပါက နေအိမ်များ မီးရှို့ဖျက်ဆီးမည်ဟု ခြိမ်းခြောက်မူများလည်းရှိနေသည်။

Read More

(006SV) ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ရေဇွာမြို့ကို “ZZLMS စစ်ဆင်ရေး” အဖြစ် ဖော်ဆောင်၍ CNA နှင့်CDF ချင်းကာကွယ်ရေး ပူးပေါင်းတပ်များက ယနေ့တွင် အပြီးသိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းအများအပြားနှင့် စစ်ကောင်စီတပ်သားများကို အရှင်ဖမ်းဆီးရမိသည်ဟု  CDF – Zotung က ပြန်ကြားရေးတာဝန်ခံ ဆလိုင်းဒယ်နီက ပြောသည်။ “အော်ပရှင်းရဲ့ ငါးရက်မြောက်နေ့မှာ သိမ်းနိုင်တာပါ။ ကျနော်တို့ တမြို့လုံးကို အားလုံး ထိန်းချုပ်နိုင်ပြီ။ ကျနော်တို့ ဒီ ၁၀၂၇ စစ်ဆင်ရေး နောက်ဆက်တွဲပေါ့နော်။ အဲဒီကနေ အားလုံး စခန်းသိမ်းဖို့ ပြင်ကြတယ်။ အဲဒီကနေ အားလုံးပူးပေါင်းပြီးတော့ ကျနော်တို့ ချင်းပြည်နယ် လွတ်မြောက်လာမယ့် မြို့တစ်ခု တည်ဆောက်နိုင်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သိမ်းတာပါ” ဟု CDF – Zotung က ပြန်ကြားရေးတာဝန်ခံ ဆလိုင်းဒယ်နီက ပြောသည်။ ရေဇွာမြို့သိမ်းတိုက်ပွဲကို “ZZLMS စစ်ဆင်ရေး” ဟု အမည်ပေးပြီး ZZLMS ညီနောင်ချင်းတပ်ဖွဲ့ဟုခေါ်သော CDF-Zotung, Zophei, CDF- Lautu ၊ CDF- Mara၊ CDF-Senthang နှင့် ချင်းအမျိုးသားတပ်မတော် CNA/ CNF ၊ CDF မတူပီ ပူးပေါင်းတပ်များက နိုဝင်ဘာလ ၂၅ ရက်တွင် စတင်တိုက်ခိုက်ရန် ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။ နိုဝင်ဘာလ ၂၅ ရက်မှ စတင်၍ ရေဇွာမြို့ပြည်သူများ နေရပ်စွန့်ခွာစစ်ဘေးရှောင်ကြရပြီး နိုဝင်ဘာလ ၂၆ ရက်မှစတင်၍ ချင်းအမျိုးသားတပ်မတော် CNA နှင့် CDF ချင်းပူးပေါင်းတပ်ဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကာ…

Read More