Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»CDF-Mara ရဲဘော် ၄ ဦးကို MDF နှင့် AA က ဖမ်းဆီးထားဟုဆို

CDF-Mara ရဲဘော် ၄ ဦးကို MDF နှင့် AA က ဖမ်းဆီးထားဟုဆို

0
By Editor on January 17, 2024 Headline

(006SV)

ချင်းကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် CDF- Mara တပ်ရင်း (၄) မှ ရဲဘော် (၄) ဦးကို Maraland Defense Force (MDF) နှင့် ရက္ခိုင်တပ်တော် (AA) တို့က ဖမ်းဆီးထားသည်ဟု CDF – Mara က ယနေ့ သတင်းထုတ်ပြန်သည်။

ဇန်နဝါရီလ ၅ ရက်က မီဇိုရမ်ပြည်နယ်၊ လုံပူးကျေးရွာမှ ပထိန်တလန်ကျေးရွာသို့ သွားရာ လမ်းခရီးအတွင်းရှိ ရွှေလိုက်ဝကျေးရွာတွင် CDF- Mara တပ်ရင်း (၄) မှ ဘိတ်နှေချွာ (တပ်ခွဲမှူး) နှင့် ဘွေးယာ (တပ်သား) တို့ကို MDF တပ်ရင်းမှူး တူပါး ဦးဆောင်သည့် တပ်ဖွဲ့မှ ဖမ်းဆီးချုပ်နှောင်ခဲ့သည်ဟု သိရသည်။

CDF- Mara တပ်ရင်း (၄) မှ ရဲဘော် (၂) ဦး ဖမ်းဆီးခံရမှုအတွက် CDF- Mara မှ ဗျူဟာမှူး ဦးထက်ဆန်းနှင့် တပ်ရင်းမှူး ဦးခူးမာ တို့က Maraland Defense Force (MDF) နှင့် ရက္ခိုင်တပ်တော် (AA) တာဝန်ရှိသူများထံ လွှတ်ပေးရန် တောင်းဆိုခဲ့သည်ဟု သိရသည်။

CDF – Mara မှ ဗျူဟာမှူးနှင့် တပ်ရင်းမှူူးတို့ကို လက်နက်ခဲယမ်းမပါဘဲ ရွှေလိုက်ဝကျေးရွာသို့ လာရောက်ရန် လုံခြုံရေးကို တာဝန်ယူမည်ဖြစ်ကြောင်း၊ ရွှေလိုက်ဝကျေးရွာရောက်လျှက် ချက်ချင်းလွှတ်ပေးမည်ဟု AA နှင့် MDF တာဝန်ရှိသူများက ပြောဆိုခဲ့သည်ဟု CDF – Mara က ထုတ်ပြန်သည်။

ဇန်နဝါရီလ ၇ ရက်တွင် CDF Mara မှ ဗျူဟာမှူးနှင့် တပ်ရင်းမှူးတို့သည် ရွှေလိုက်ဝကျေးရွာသို့ သွားရောက်ရာတွင် ၎င်းတို့ကိုပါ ဖမ်းဆီးထားလိုက်သည်ဟု သိရသည်။

MDF ခေါင်းဆောင်များထံ ပြန်လည်လွှတ်ပေးရန် အကြိမ်ကြိမ် တောင်းဆိုခဲ့သော်လည်း တစုံတရာ တုံံ့ပြန်ခြင်းမရှိကြောင်း၊ CDF – Mara မှ ရဲဘော် (၄) ဦး၏ သတင်းအစအနနှင့် ပတ်သက်၍ တစ်ပတ်နီးပါးကြာအထိ မကြားသိရသောကြောင့် မိသားစုဝင်များနှင့် ရဲဘော်များက စိုးရိမ်နေသည်ဟု CDF – Mara က ထုတ်ပြန်သည်။

ယခုကဲ့သို့ ဖမ်းဆီးထားမှုသည် မရာလူမျိုးအချင်းချင်းကြား မလိုလာအပ်သောပြသနာ ကြီးထွားနိုင်ကြောင်း CDF – Mara က သတင်းထုတ်ပြန်သည်။

CDF – Mara တပ်ဖွဲ့ဝင်များ ဖမ်းဆီးခံထားရမှုနှင့် ပတ်သက်၍ MDF တာဝန်ရှိသူများထံ ဆက်သွယ်သော်လည်း လက်ရှိတွင် ဖြေဆို၍ မရသေးကြောင်း ပြောသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

August 28, 2026

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.