Author: Editor

(006SV) ချင်းပြည်နယ်၊ ချင်းလုံ (Chinlung) မြို့တွင် ပထမအကြိမ် ချင်းပြည်ကောင်စီအစည်းအဝေးကို ယနေ့ ကျင်းပခဲ့ပြီး ချင်းပြည်ကောင်စီလုပ်ငန်း ယန္တရားနှင့် မဏ္ဍိုင်သုံးရပ် ဖွဲ့စည်းနိုင်ရေးအတွက် လုပ်ငန်စဉ်များနှင့် လုပ်ငန်းလမ်းညွှန်ချက်များကို ရေးဆွဲချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ ဒီဇင်ဘာလ ၁၁ ရက်တွင် ပထမအကြိမ် ချင်းပြည်ကောင်စီ ညီလာခံသက်တမ်း၏ ပထမအကြိမ် ချင်းပြည်ကောင်စီ အစည်းအဝေးကို ချင်းလုံမြို့တွင် ကျင်းခဲ့ရာ ကောင်စီဝင် ၈၃ ဦး ပါဝင်တက်ရောက်ခဲ့သည်ဟု ချင်းလဲန်းကောင်စီက သတင်းထုတ်ပြန်သည်။ ယင်းအစည်းအဝေးတွင် ချင်းပြည်ကောင်စီ လုပ်ငန်းယန္တရားများ လည်ပတ်နိုင်ရေး၊ ချင်းပြည် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီးရင်ရေးမဏ္ဍိုင် သုံးရပ် ဖွဲ့စည်းနိုင်ရေးအတွက် လုပ်ငန်းစဉ်များနှင့် လုပ်ငန်းလမ်းညွှန်များကို ချင်းပြည်ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ရေးဆွဲချမှတ်ခဲ့သည်ဟု သိရသည်။ “ဦးတည်ချက်က စစ်အာဏာရှင်စနစ် အမြစ်ပြတ်ဖြုတ်ချရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောင်ရေးဆိုတဲ့ အဲဒါတွေ ကို ဟန်ချက်ညီညီ တည်ဆောက်နိုင်ဖို့က စစ်ရေးနဲ့ နိုင်ငံရေးကို ဟန်ချက်ညီဖို့ ဖြစ်တယ်။ နိုင်ငံရေးနဲ့ စစ်ရေး အားကောင်းဖို့ ၊ ချင်းပြည်ကို စုစုစည်းစည်းနဲ့ သွားနိုင်ဖို့ အဓိက ရည်ရွယ်ခြင်းဖြစ်တယ်။ အဲဒီမှာ ချင်းလဲန်းကောင်စီကနေ တစ်ဆင့် အနာဂါတ် ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအထိ ကျနော်တို့ လိုချင်တဲ့ ပက်ကားအစိုးရ ဖြစ်လာတဲ့အထိ တည်ဆောက်သွားဖို့ ဖြစ်ပါတယ်” ချင်းပြည်ကောင်စီ တွဲဖက်အတွင်းရေးမှူး (၁) ဆလိုင်းထက်နီက ခိုနူမ်းသုန်နှင့် ယမန်နေ့က သီးသန့်အင်တာဗျူးတွင် ဖြေကြားထားသည်။ ချင်းအမျိုးသားတည်ဆောက်ရေးနှင့် ချင်းပြည် တည်ဆောက်ရေးလုပ်ငန်းများ ဖော်ဆောင်ရာတွင် တော်လှန်ရေးအပြီးသတ် အောင်နိုင်ရေးအတွက်…

Read More

(005MK) မီဇိုရမ်ပြည်နယ် အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရရှိသော Zoram People’s Movement (ZPM) က အစိုးရသစ်ဖွဲ့ စည်းရန် ၀န်ကြီးချုပ်သစ် Pu Lalduhoma နှင့် သူ၏ ၀န်ကြီးများက ယနေ့မနက်ပိုင်း ၁၁ နာရီတွင် ကျမ်းသစ္စာကျိန်ဆို ခဲ့သည်ကြသည်။ ကျမ်းသစ္စာကျိန်ဆိုသည့်အခမ်းအနားကို မီဇိုရမ်ပြည်နယ် မြို့တော် အိုင်ဇောလ်မြို့ အုပ်ချုပ်ရေးမှူး (Governor) အမ်ယာ Raj Bahwan တွင် ယနေ့ မနက်ပိုင်း ၁၁ နာရီက ကျင်းပခဲ့ကြပြီး ၀န်ကြီးချုပ် Pu Lalduhoma ၊ ၀◌န်ကြီးများအဖွဲ့ (Cabinet of Ministers) ၇ ဦး၊ ပြည်နယ်၀န်ကြီး (Minister of State) ၄ ဦးနှင့် လွှတ်တော်ဉက္ကဌ (Speaker) တို့မှ ကျမ်းသစ္စာကျိန်ဆိုခဲ့ကြသည်။ မီဇိုရမ်ပြည်နယ် ၀◌န်ကြီးချုပ် Pu Lalduhoma သည် India Police Service (IPS) အရာရှိတစ်ဦးလည်းဖြစ်ပြီး အိန္ဒိယ ၀◌န်ကြီးချုပ်ဟောင်း Indira Gandhi ၏ လုံခြုံရေးအရာရှိဖြစ်ခဲ့ဖူးသူဖြစ်သည်။ ထို့အပြင် အိန္ဒိယအစိုးရနှင့် မီဇိုးတော် လှန်ရေးတပ်ဖွဲ့ Mizo National Front (MNF) တို့ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုနိုင်ရေးအတွက်အဓိက ဆောင်ရွက်ခဲ့သူ ထဲက တစ်ဦးလည်းဖြစ်သည်။ သူသည် India Police Service (IPS) မှအနားယူပြီးနောက် နိုင်ငံရေးလောကတွင် ၁၉၈၄ ခုနှစ်ကစ၍ ခြေစုံပစ်၀◌င်ကာ ယခုအခါမီဇီုရမ်ပြည်နယ်တွင် ၀ါအရင့်ဆုံးနိုင်ငံရေးသမားထဲက တစ်ဦးဟုဆိုနိုင်သူဖြစ်သည်။ သူသည်…

Read More

(002MG) ချင်းပြည်နယ်၊ တီးတိန်မြို့နယ် သိုင်းငင်းကျေးရွာက စစ်ကောင်စီတပ် ကင်းစခန်းကို ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF CDM-Siyin က ယနေ့မနက်ပိုင်းတွင် ဝင်ရောက်တိုက်ခဲ့သည်ဟု သိရသည်။တီးတိန်မြို့ ဒေသခံတစ်ဦးက “ဒီနေ့သိုင်းငင်းမှာ တိုက်ပွဲဖြစ်တယ်။ ဖုန်းလိုင်းတွေလည်း မနက်ကတည်းက ပြတ်နေတာ ခုနပဲပြန်ရတာ” ဟု ပြောသည်။ ကလေးမြို့အခြေစိုက် စစ်ကောင်စီတပ်ဖွဲ့ကလည်း သိုင်းငင်းကျေးရွာဘက်ကို လက်နက်ကြီးဖြင့် အဆက်မပြတ် ပစ်ကူနေသည်ဟု သိရသည်။ တိုက်ပွဲအခြေအနေအသေးစိတ်ကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။ သိုင်းငင်းကျေးရွာသည် ကလေး-တီးတိန်-ဖလမ်း ကားလမ်းမပေါ်တွင်တည်ရှိပြီး စစ်ကောင်စီတပ်က ကင်းစခန်းတစ်ခုချပြီး တပ်စွဲထားသည်။ဒီဇင်ဘာလ (၂) ရက်နေ့ကလည်း ချင်းကာကွယ်ရေးတပ်ဖွဲ့ CDM-Siyin မှ သိုင်းငင်းကျေးရွာက စစ်ကောင်စီတပ် ကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်ပြီး စစ်ကောင်စီတပ်ဘက်မှ လေကြောင်းအပါအဝင် လက်နက်ကြီးဖြင့် ပစ်ကူခဲ့သောကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရသည်ဟု သိရသည်။ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF CDM-Siyin က ကလေး-သိုင်းငင်း လမ်းမကြီးကို နိုဝင်ဘာလ ၂၇ ရက်နေ့ကစ၍ ယနေ့ချိန်ထိ ပိတ်ပင်ထားဆဲဖြစ်သည်။

Read More

(006SV) ချင်းပြည်နယ်ကို လွှမ်းခြုံ၍ ပါဝင်သင့်ပါဝင်ထိုက်သူများအားလုံး ပါဝင်နိုင်မည့် ကြားကာလ ချင်းပြည်အစိုးရဖွဲ့စည်းနိုင်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်သော ချင်းလဲန်ကောင်စီ ဖွဲ့စည်းနိုင်ရေးကို အပြည့်အဝထောက်ခံသည်ဟု HPO/CDF-Hualngoram က ထုတ်ပြန်သည်။ စစ်အာဏာရှင်စနစ်ကို တိုက်ပွဲဝင်နေသော မြို့နယ် (သို့မဟုတ်) ဒေသအခြေပြုတော်လှန်ရေးအဖွဲ့များ အချင်းချင်း နှောင့်ယှက် ဟန့်တားမှုမရှိဘဲ အဖွဲ့အသီးသီး၏ နိုင်ငံရေးရပိုင်ခွင့်အား အသိအမှတ်ပြုခြင်းဖြင့် ပိုမိုကောင်းမွန်သော ချင်းပြည်ကို တည်ဆောက်နိုင်လိမ့်မည်ဖြစ်ပြီး ထိုသို့ လုပ်ဆောင်ခြင်းသည် ပိုမိုကျစ်လစ်သော ပူးပေါင်းဖွဲ့စည်းခြင်းဖြစ်သည်ဟု ယူဆကြောင်း ဒီဇင်ဘာလ ၆ ရက်က HPO/CDF-Hualngoram ထုတ်ပြန်လာခြင်းဖြစ်သည်။ ဖွဲ့စည်းမည့် ချင်းလဲန်းကောင်စီမှ ပေးအပ်သော တာဝန်၊ ဝတ္တရားများကို ကျေပွန်စွာ ဆောင်ရွက်မည်ဖြစ်ပြီး ဟွာလ်းငိုးဒေသ ပြည်သူများအနေဖြင့်လည်း HPO/CDF-Hualngoram ၏ လုပ်ဆောင်ချက်များကို ရှုပ်ထွေးမှုမရှိစေရန် အသိပေးအပ်သည်ဟု ဆိုသည်။ ချင်းပြည်တွင် ဖက်ဒရယ်အုတ်မြစ်ချနိုင်ရေးအတွက် ချင်းတော်လှန်ရေးတပ်ဖွဲ့များအားလုံး စည်းလုံးညီညွတ်စွာဖြင့် ပေါင်းစည်းနိုင်ရေးကို လိုလားလျက်ရှိသည်ဟုလည်း ယင်းအဖွဲ့က ထုတ်ပြန်သည်။ ချင်းလဲန်းကောင်စီ ဖွဲ့စည်းနိုင်ရေးအတွက် ချင်းလဲန်းညီလာခံကို ယနေ့ ဒီဇင်ဘာလ ၇ ရက်မှ ၉ ရက်အထိ ကျင်းပနေပြီး ချင်းတော်လှန်ရေးအင်အားစု ၁၄ ဖွဲ့ တက်ရောက်သည်ဟု CDF အဖွဲ့တစ်ခုမှ တာဝန်ရှိသူက ပြောသည်။ ချင်းအမျိုးသားကောင်စီ (မင်းတပ်) (CNC- Mindat/ CDF- Mindat)၊ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF) နှင့် ဇိုမီးဖက်ဒရယ်အစည်းအရုံး (ZFU/PDF-Zoland) ယင်းညီလာခံကို တက်ရောက်မည် မဟုတ်ကြောင်း ဒီဇင်ဘာလ ၅ ရက်က ပူးတွဲ ထုတ်ပြန်ခဲ့သည်။ ကန်ပက်လက်မြို့နယ်ကောင်စီ/ CDF-…

Read More

အိန္ဒိယ-မြန်မာနယ်စပ် စစ်ကိုင်းတိုင်း တမူးခရိုင် ခမ်းပတ်မြို့အရှေ့ဘက်တွင် ကင်းစောင့်နေသော ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့၀င် ၇ ဦးကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးပြီး ၄ ဦး သတ်ဖြတ်ခံရသည်ဟု ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ထိန်းချုပ်မှုအောက်တွင် တည်ရှိသော ခမ်းပတ်မြို့ကို ပြန်လည်သိမ်းပိုက်ရန်အတွက် စစ်ကောင်စီတပ်ဖွဲ့က အင်အား ၂၀၀ ၀◌န်းကျင်ဖြင့် ကလေးမြို့ဘက်မှ ဒီဇင်ဘာလဆန်းက စစ်ကြောင်းထိုး ချီတက်လာပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကလည်း မြို့ကိုကာကွယ်ရန် မြို့ပြင်တွင် အစောင့်များချထားခဲ့ကြသည်။ ဒီဇင်ဘာလ ၅ ရက် ညသန်းခေါင်ယံအချိန်တွင် ခမ်းပတ်မြို့အရှေ့ဘက်တွင် ကင်းစောင့်နေသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၇ ယောက်ကို စစ်ကောင်စီတပ်က အလစ်ငိုက် ၀င်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဒေသတွင်းသတင်းရင်းမြစ် Zofa Journal က ဖော်ပြသည်။ ထို့နောက် အဆိုပါ ၇ ဦးထဲမှ ၄ ဦးကို စစ်ကောင်စီတပ်ဖွဲ့က ဓားဖြင့်လည်လှီးသတ်ဖြတ်ခဲ့ပြီး ၂ ဦးမှာ ပြင်းထန်ဒဏ်ရာများဖြင့် ဒီဇင်ဘာလ ၆ ရက်နေ့တွင် ပြန်လည်တွေ့ရှိခဲ့ကြသည်ဟု သိရသည်။ ကျန်တစ်ဦးမှာ ယနေ့ချိန်ထိ ပျောက်ဆုံးနေဆဲဖြစ်သည်ဟု သိရသည်။ သတ်ဖြတ်ခံရသူ ၄ ဦးမှာ CDF-Tonzang တပ်ရင်း ၂ က ရဲဘော် ၂ ဦး၊ RCDF တပ်ဖွဲ့ကတစ်ဦး နှင့် ပကဖအဖွဲ့ထဲကတစ်ဦးတို့ဖြစ်ကြသည်ဟု Zofa Journal က ဆိုသည်။ အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေး ကလေး-တမူး ကားလမ်းမပေါ်မှာတည်ရှိသော ခမ်းပတ်မြို့ကို ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ဖွဲ့များက နို၀င်ဘာလ ၇ ရက်နေ့က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီတပ်ဖွဲ့က ခမ်းပတ်မြို့အား…

Read More

(002MG) စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် စစ်ကောင်စီက MPT/Atom ဖုန်းလိုင်းများ ဖြတ်တောက်ထားပြီး အူရီဒူး (Ooredoo) ဖုန်းလိုင်းတလိုင်းသာ အသုံးပြုနိုင်သည်ဟု သိရသည်။ ကလေးမြို့တွင် Atom ဖုန်းလိုင်းများဖြတ်တောက်နေသည်မှာ တလနီးပါးရှိလာပြီဖြစ်သည့်အပြင် MPT ဖုန်းလိုင်းမှာ လည်း အသုံးမပြုနိုင်သည်မှာ ၂ ပတ်ခန့်ရှိလာပြီးဖြစ် သည်ဟု သိရသည်။ ကလေးမြို့တာဟန်းရပ်ကွက်တွင် နေထိုင်သူတစ်ဦးက “တယ်လီနော (Atom) လိုင်းမရတာကြာပြီ၊ ကလေးမြို့ထဲမှာတောင် တာဟန်းရပ်ကွက်ဖက်ဆို MPT လုံးဝခေါ်လို့မရဘူး၊ တခြားရပ်ကွက်ဆို ခေါ်လို့ရပြန်ရော၊ အခုက Sim Card ကို တခုပြီးတခု ပြောင်းသုံးနေရတယ်” ဟု ပြောသည်။ ကလေးမြို့သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အားကောင်းသည့်ဒေသဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့သည် မြို့ပေါ်ကိုသာ ထိန်းချုပ်နိုင်တော့သည့်အခြေအနေတွင် ရှိသည်ဟု သိရသည်။ ထို့ကြောင့် ဆက်သွယ်ရေးဖုန်းလိုင်းများကို ယခင်ကလည်း မကြာခဏ ဖြတ်တောက်လေ့ရှိသည်။ ကလေးမြို့တွင် စစ်ကောင်စီတပ်စခန်းနှင့် ၎င်းတို့တပ်စွဲရာအနီးတွင်နေထိုင်သော ပြည်သူများအားလုံး ဒီဇင်ဘာလ ၁၅ ရက်နေ့နောက်ဆုံးထားပြောင်းရွှေ့ကြရန် ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။ ထို့အပြင် ကလေးမြို့နှင့် ကျေးရွာများဘက်သို့ ဆက်သွယ်သော လမ်းကြောင်းများကိုလည်း အသွားအလာပိတ်ပင်ထားပြီး စစ်ရေးအခြေအနေ ပြင်းထန်လာမည်ကို ပြည်သူများက စိုးရိမ်နေကြသည်ဟု သိရသည်။ ကလေးမြို့ထဲက စစ်ကောင်စီ အထိုင်တပ်စခန်းကနေလည်း ညတိုင်းနီးပါး လက်နက်ကြီးများပစ်ခတ်နေပြီး၊ နေ့ခင်းပိုင်းတွင်လည်း လုံခြုံရေးစစ်ဆေးမှု ပိုပိုတင်းကြပ်လာနေသည်ဟု သိရသည်။

Read More

ချင်ပြည်ကောင်စီနှင့် ချင်းပြည်ဖွဲ့စည်းပုံအခြေခံဉပဒေကို ပထမအကြိမ် ချင်းပြည်ကောင်စီညီလာခံတွင် ဒီဇင်ဘာလ ၆ ရက်နေ့က အတည်ပြုဖွဲ့စည်းခဲ့ကြသည်ဟု သိရသည်။ ပထမအကြိမ် ချင်းပြည်ကောင်စီညီလာခံကို ဒီဇင်ဘာလ ၄ ရက်မှ ၇ ရက်နေ့အထိ Victoria Base, Chinland တွင် အောင်မြင်စွာကျင်းပခဲ့ကြပြီး ချင်းအမျိုးသားတပ်ဦးမှ ကိုယ်စားလှယ်များ၊ ချင်းလွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့မှ ကိုယ်စားလှယ်များ၊ မြို့နယ်နှင့်ဒေသအစုအဖွဲ့မှကိုယ်စားလှယ်များ၊ ပြည်တွင်းပြည်ပဧည့်သည်တော်များ စုစုပေါင်း ၂၃၅ ဦး တက်ရောက်ခဲ့သည်ဟု ယနေ့ ဒီဇင်ဘာလ ၇ ရက်နေ့စွဲဖြင့် ချင်းပြည်ကောင်စီညီလာခံက ထုတ်ပြန်သည်။ ယင်းညီလာခံတွင် ချင်းပြည်ဖွဲ့စည်းပုံအခြေခံဉပဒေကို ဒီဇင်ဘာလ ၆ ရက် မနက်ပိုင်း ၁၁ နာရီ ၃၃ မိနစ်တွင် အတည်ပြုကာ ချင်းပြည်ကောင်စီကိုလည်း မွန်းလွဲပိုင်း ၁ နာရီ၂၇ မိနစ်တွင် အတည်ပြုဖွဲ့စည်းပေးခဲ့သည်ဟု ချင်းပြည်ကောင်စီ ညီလာခံက ထုတ်ပြန်သည်။ အသစ်ဖွဲ့စည်းလိုက်သော ချင်းပြည်ကောင်စီအနေဖြင့် ချင်းပြည်လွှတ်တော်၊ ချင်းပြည်အစိုးရအဖွဲ့နှင့် ချင်းပြည်တရားလွှတ်တော်ချုပ်တို့ကို ရက်ပေါင်း ၆၀ အတွင်း ဖွဲ့စည်းသွားမည်ဟုဆိုသည်။ ချင်းပြည်ကောင်စီ၏ ရည်မှန်းချက်ပန်းတိုင်မှာ အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့် အာမခံချက်ရှိသော ချင်းပြည်တည်ဆောက်ရန်၊ နိုင်ငံရေးနှင့်အမျိုးသားတန်းတူ အာမခံချက်ရှိသော ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရန်နှင့် ဒီမိုကရေစီစနစ် တည်ဆောက်ရန်တို့ဖြစ်သည်ဟု သိရသည်။

Read More

(006SV) ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်လာရေးနှင့် ချင်းလဲန်းကောင်စီ ဖွဲ့စည်းနိုင်ရေးအတွက် ချင်းပြည်ကောင်စီ ညီလာခံကို ယခုရက်ပိုင်းတွင် ကျင်းပမည်ဖြစ်ပြီး မင်းတပ်နှင့် ကန်ပက်လက်အပါအဝင် အားကောင်းသည့် ချင်းကာကွယ်ရေးအဖွဲ့  (၄) ဖွဲ့ က တက်ရောက်မည်မဟုတ်ဟု ယင်းအဖွဲ့မှ တာဝန်ရှိသူများက ပြောသည်။ မင်းတပ်မြို့နယ်၊ ဖလမ်းမြို့နယ်၊ တီးတိန်မြို့နယ်နှင့် တွန်းဇံမြို့နယ်တို့ကို ကိုယ်စားပြု့သည့် နိုင်ငံရေးနှင့် တော်လှန်ရေးအဖွဲ့ အစည်းများဖြစ်ကြသော ချင်းအမျိုးသားကောင်စီ (မင်းတပ်) (CNC- Mindat/ CDF- Mindat)၊ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF) နှင့် ဇိုမီးဖက်ဒရယ်အစည်းအရုံး (ZFU/PDF-Zoland) တို့က ယင်းညီလာခံကို တက်ရောက်မည်မဟုတ်ကြောင်း ဒီဇင်ဘာလ ၅ ရက်က ပူးတွဲထုတ်ပြန်ခဲ့သည်။ ချင်းအမျိုးသားတပ်ဦး CNF/CNA က ချင်းလဲန်းကောင်စီ ဖွဲ့စည်းရာတွင် ခြယ်လှယ်လွှမ်းမိုးထားပြီး မျှတမှုမရှိသောကြောင့် မပါဝင်ခဲ့ခြင်းဖြစ်သည်ဟု ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF) ကာကွယ်ရေးဌာနအတွင်းရေးမှူး မိုးဆက်လျန်က ပြောသည်။ “CNF ရဲ့ သူဆွဲထားတဲ့ Constitution ရော၊ ချင်းလဲန်ကောင်စီ ဖွဲ့ထားတဲ့ မူကြမ်းရောက တရားမျှတမှု မရှိတော့ သူရဲ့ လွှမ်းမိုး ခြယ်လှယ်မှု အောက်ကပဲ သွားရမှာ ဒီမိုကရေစီ စံနှုန်းနဲ့လည်း မညီဘူးပေါ့နော်။ အဲဒါကြောင့် ကျနော်တို့ ညှိတယ်။ ချင်းပြည်နယ်ရဲ့ ကောင်းကျိုးကို ပထမ ရှေ့ရှုတာ မဟုတ်ပဲနဲ့လေ အဖွဲ့တစ်ဖွဲ့ရဲ့ ကောင်းကျိုးကိုပဲ ရှေ့ရှု လုပ်တာဆိုတော့ ကျနော်တို့က ချင်းလူမျိုး တွေကို အတူတကွနဲ့ ကောင်းကောင်းမွန်မွန်မှာ ပြည်ထောင်စု နေရာမှာပဲ ဖြစ်ဖြစ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် နေရာမှာပဲ ဖြစ်ဖြစ်…

Read More

(005MK) မြန်မာ့နိုင်ငံရေးအခြေအနေကြောင့် မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးတိမ်းရှောင်ကြသော မြန်မာနိုင်ငံက စစ်ဘေးရှောင်ပြည်သူများအရေးကို အတတ်နိုင်ဆုံး ဆက်လက်ဆောင်ရွက်သွားရန် အိန္ဒိယဗဟိုအစိုးရနှင့် မကြာခင်မှာ တွေ့ဆုံဆွေးနွေးသွားမည်ဟု မီဇိုရမ်ပြည်နယ်မှာ ၀န်ကြီးချုပ်အသစ်ဖြစ်လာမည့် ပူးလာလ်ဒိုအောမ်မာက ပြောသည်။ မီဇိုရမ်ပြည်နယ် အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရရှိပြီး မကြာခင်ရက်ပိုင်းအတွင်း အစိုးရအသစ်ဖွဲ့စည်းတော့မည့် Zoram People’s Movement (ZPM) ပါတီခေါင်းဆောင်လည်းဖြစ် ၀န်ကြီးချုပ်သစ်ဖြစ်လာမည့် ပူးလာလ်ဒိုအောမ်မာသည် အစိုးရသစ်ဖွဲ့စည်းရေးနှင့်ပတ်သက်၍ ယနေ့တွင် မီဇိုရမ်ပြည်နယ်အုပ်ချုပ်ရေးမှူး (Governor) ကို တွေ့ဆုံပြီးနောက် သတင်းထောက်များထံ ထိုကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။ အိန္ဒိယ ပြည်ထဲရေး၀န်ကြီး၊ နိုင်ငံခြားရေးရာ၀န်ကြီးတို့နှင့်လည်း ဖုန်းဖြင့် စကားပြောဆိုရာမှာ မြန်မာစစ်ဘေးရှောင်အရေး၊ အိန္ဒိယ၏ မြန်မာအပေါ်ထားရှိသော ပေါ်လစီ စသည့်အကြောင်းအရာများကိုလည်း ဆွေးနွေးခဲ့ကြသည့်အပြင် နယူးဒေလီမြို့သို့သွားရောက်ပြီး လူကိုယ်တိုင် မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးကာ မြန်မာစစ်ဘေးရှောင်များအတွက် အတတ်နိုင်ဆုံးဆက်လက်ဆောင်ရွက်သွားမည်ဟု ပူးလာလ်ဒိုအောမ်မာက ပြောသည်။ မီဇိုရမ်ပြည်နယ်တွင် ပြီးခဲ့သည့် နို၀င်ဘာလ ၇ ရက်နေ့က ၉ ကြိမ်မြောက် ပြည်နယ် လွှတ်တော်ရွေးကောက်ပွဲကို ကျင်းပခဲ့ကြပြီး အတိုက်ခံပါတီဖြစ်သည့် Zoram People’s Movement (ZPM) က မဲဆန္ဒနယ်မြေ ၄၀ တွင် ၂၇ နေရာမှာ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ပါတီသက်တမ်း ၆ နှစ်သာရှိသေးသည့် Zoram People’s Movement (ZPM) ပါတီသည် ပထမဦးဆုံးအကြိမ် အစိုးရ ဖွဲ့စည်းခွင့်ရရှိမှာြဖစ်သည်။ လာမည့် ဒီဇင်ဘာလ ၈ ရက်နေ့တွင် ပူးလာလ်ဒိုအောမ်မာဦးဆောင်မည့် မီဇိုရမ်ပြည်နယ် အစိုးရသစ်ကို တရား၀င် လက်ခံအတည်ပြုမည်ဖြစ်ပြီး မီဇိုရမ်ပြည်နယ်အုပ်ချုပ်ရေးမှူး (Governor) အိမ်ယာ…

Read More

(002MG) စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ခမ်းပတ်မြို့အမှတ် ၁ ရပ်ကွက်က ပြည်သူများ တောထဲတွင် စစ်ဘေးတိမ်းရှောင်ရင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့များနှင့်တိုးမိပြီး ၇ ဦးကို ပေါ်တာဆွဲဖမ်းဆီးသွားသည်ဟု ခမ်းပတ်မြို့ခံများထံမှ သိရသည်။ ခမ်းပတ်မြို့ အမှတ် ၁ ရက်ကွက်တွင်နေထိုင်သူတစ်ဦးက “သူတို့က လယ်တောမှာအိပ်ကြတာလေ၊ ခုနှစ်ယောက်ဆွဲ ခံရတာ စစ်သားတွေကတောလမ်းပဲသွားတာဆိုတော့ တောထဲမှာအိပ်တဲ့သူတွေ့တာတွေကို ပေါ်တာဆွဲသွားတာ” ဟု ပြောသည်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ထိန်းချုပ်မှုအောက်တွင်ရှိသော ခမ်းပတ်မြို့ကို စစ်ကောင်စီတပ်ဖွဲ့က ပြန်လည်သိမ်းပိုက်ရန်အတွက် အင်အား ၂၀၀ ၀◌န်းကျင်ခန့်ဖြင့် စစ်ကြောင်းထိုးလာခဲ့ရာမှာ ကလေး-တမူးလမ်းမပေါ်က နန်းခေါက် ခေါက်ကျေးရွာအနီးတ၀◌ိုက်သို့ ရောက်ရှိလာကြပြီဟု သိရသည်။ အဆိုပါအခြေအနေကြောင့် ခမ်းပတ်မြိုခံပြည်သူများအကြား စိုးရိမ်မှုမြင့်တက်နေပြီး စစ်ဘေးတိမ်းရှောင်ထွက်ပြေးသူ ပိုမိုများလာကြောင်း သိရသည်။ “အခုကလည်း တအားပြေးကြတယ် တောင်ပေါ်ဖက်၊ တခြားရွာဘက်တွေကို ကလေးငယ်ရှိတဲ့သူတွေ၊ သက်ကြီးရွယ်အိုရှိတဲ့သူတွေ ပိုများတယ်” ဟု ခမ်းပတ်မြို့ခံက ပြောသည်။ ခမ်းပတ်မြို့ ပြည်သူများသည် ယခင်ကလည်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲများကြောင့် မြို့လုံးကျွတ်နီးပါး စစ်ဘေးတိမ်းရှောင်ခဲ့သည်မှာ ၃ ကြိမ်ခန့်ရှိသွားပြီဖြစ်သည်။

Read More