(003PT) ချင်းပြည်နယ် ဖလမ်းမြို့နယ် ရိခေါဒါရ်မြို့တွင် စစ်ကောင်စီတပ်နှင့် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွားကာ ဒေသခံပြည်သူများအားလုံး တဖက် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရ ပြီး စစ်ဘေးရှောင် ၁၀ ယောက်ထက်မနည်းလည်း လက်နက်ကြီးစထိမှန် ဒဏ်ရာရရှိခဲ့ကြသည်ဟု သိရသည်။ အိန္ဒိယ-မြန်မာနယ်စပ် အမှတ် ၂ ကုန်သွယ်ရေးစခန်းတည်ရှိရာ ရိခေါဒါရ်မြို့က စစ်ကောင်စီတပ်စခန်းကို ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က ယမန်နေ့ နို၀င်ဘာလ ၁၂ ရက်ညက ၀င်ရောက်စီးနင်းတိုက်ခိုက်ရာမှာ ယနေ့နေ့လည်ပိုင်းအထိ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ “ဒီမနက် ၅ နာရီလောက်ကနေ တိုးလာတာ သေနတ်သံတွေက။ အခုလည်း တိုက်ပွဲဖြစ်နေဆဲပဲ။ မနေ့ညကနေ တစ်ချို့ တစ်ဝက် တွေက ဒီဖက် အိန္ဒိယနိုင်ငံ၊ မီဇိုရမ် Zokhawthar ဖက်မှာ တိမ်းရှောင်နေကြတာ။ ဆွေမျိုးတွေအိမ်မှာ ပြီးရင် တစ်ချို့တွေ တဲထိုးကြတာပေါ့ အဲ့မှာ သွားနေကြတာ။ ပြီးရင် မထွက်တဲ့သူတွေကလည်း ဒီမနက်မှာ ၅ မှာတန်းထ လာပြီးတော့ အကုန်လုံး ဒီဖက် တစ်ဖက်နိုင်ငံ မီဇိုရမ် Zokhawthar မှာအားလုံးထွက်ပြေးနေကြတာ အခုက အိမ်မှာ တစ်ယောက်မျှ မရှိတော့ဘူး” ဟု ရိခေါဒါရ်မြို့ဒေသခံတစ်ဦးက ပြောသည်။ အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့က ၎င်းတို့တပ်စခန်းမှ လက်နက်ကြီးများပစ်ခတ်မှုနှင့် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် တဖက်အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ဇိုခေါထာရ်ကျေးရွာသို့ ကျရောက်ပေါက်ကွဲကာ စစ်ဘေးရှောင် ၁၀ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။ “ဒဏ်ရာရတဲ့သူတွေက အဲ့ဒီ တီချောင်ဘေးနားက စစ်ရှောင်တွေဖြစ်ကြတယ်။ အခုဆိုရင် ၁၀…
Author: Editor
(006SV) ချင်းပြည် CDM မူဝါဒ (မူကြမ်း) အတည်ပြုနိုင်ရေးနှင့် လူသာချင်းစာနာထောက်ထားရေး အကူအညီပေးနိုင်ရေးတို့ကို ကြားကာ လ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ ICNCC က ယမန်နေ့က ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ နိုဝင်ဘာလ ၈ ရက်က ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (ICNCC)၏ ပုံမှန်ကောင်စီအစည်းအဝေးတွင် ဆွေးနွေးခဲ့ ကြောင်း ယနေ့ နိုဝင်ဘာလ ၉ ရက်မှာ ICNCC က သတင်းထုတ်ပြန်သည်။ ယင်းအစည်းအဝေးတွင် ချင်းပြည် တစ်ပတ်တာ နိုင်ငံရေးအခြေအနေနှင့် ကောင်စီ၏ လုပ်ငန်းဆောင်ရွက်မှုများ ရှင်းတင်ပြပြီး စစ်ရှိန်မြှင့်တင်နေသည့်ကာလအတွင်း ချင်းပြည်နယ်မှာ အရပ်သား ထိခိုက်မှု လျှော့ချရေး၊ လူသားစာနာမှုအအကူအညီများ ပံ့ပိုးပေးနိုင်ရေးနှင့် ကောင်စီ၏ ထုတ်ပြန်ချက်အမှတ် (၆/၂၀၂၃) ထုတ်ပြန်နိုင်ရေးတို့ကိုလည်း ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း သိရသည်။ အစည်းအဝေးကို ICNCC အလှည့်ကျ သဘာပတိများ၊ အတွင်းရေးမှူးအဖွဲ့ဝင်များနှင့် အစုအဖွဲ့အသီးသီးမှ ကောင်စီဝင်များ စုစုပေါင်း ၂၃ ဦး တက်ရောက်ခဲ့သည်ဟု သိရသည်။ ထို့အပြင် နိုဝင်ဘာလ ၈ ရက်မှာပင် ICNCC နှင့် NUG အစိုးရအဖွဲ့၊ လူသားစာနာဝန်ကြီးဌာနမှ တာဝန်ရှိသူများက နိုင်ငံအနှံ စစ်ရှိန်မြှင့်နေသော ကာလအတွင်း ချင်းပြည်နယ်မှာ အရပ်သားထိခိုက်မှု လျော့ချရေးနှင့် လူသားစာနာမှု အကူအညီများ ပံ့ပိုးပေးနိုင်ရေးတို့ကို ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နိုင်ရန် ဆွေးနွေးခဲ့ကြသည်ဟု NUG လူသားစာနာဝန်ကြီးဌာနက ထုတ်ပြန်သည်။ နိုဝင်ဘာလ ၇ ရက် မင်းတပ်မြို့နယ်တွင် လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် နေအိမ်ပျက်စီးမှုနှင့် ထိခိုက်ဒဏ်ရာ ရရှိသူများကို…
(006SV) ချင်းပြည်နယ်၊ တီးတိန်မြို့ပေါ်တွင် ယမန်နေ့က မိုင်းမတော်တဆမှုဖြစ်ပြီး ကားပေါ်ပါလာသည့် ချင်းအမျိုးသားတပ်ဦး CNF/CNA မှ ရဲဘော် ၃ ဦးကျဆုံးသွားသည်ဟု CNF/CNA မှ သတင်းရင်းမြစ်နှင့် တီးတိန်ဒေသခံတစ်ဦးက ပြောသည်။ နိုဝင်ဘာလ ၇ ရက်က ညနေ ၆နာရီခွဲကျော်တွင် တီးတိန်မြို့၊ Lawi Bual ရပ်ကွက်တွင် ချင်းအမျိုးသားတပ်ဦး CNF/CNA မှ ရဲဘော်များ စီးနင်းလာသည့် တိုယိုတာဟိုင်းလတ်ကားတွင် မိုင်းမတော်တဆဖြစ်၍ ပေါက်ကွဲသွားခြင်းဖြစ်ပြီး ကားတစ်စီးလုံး ကြေမွပျက်စီးသွားသကဲ့သို့ ကားပေါ်ပါလာသည့် ရဲဘော်များလည်း ကျဆုံးသွားခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်များက ပြောသည်။ “တီးတိန်ဘက်ကို စစ်ဆင်ရေးအတွက် သွားတဲ့အချိန်မှာ ကားထဲမှာ မိုင်းတွေ သယ်သွားရတယ်။ အဲဒီမှာ မိုင်းက မတော်တဆဖြစ်ပြီး ပေါက်ကွဲသွားတဲ့သဘောလို့ သိရတယ်၊ ကားထဲမှာပါတဲ့ ရဲဘော် ၃ ဦးလည်း ကျဆုံးသွားတာပေါ့” ဟု CNF/CNA မှ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ မိုင်းမတော်တဆပေါက်ကွဲမှုကြောင့် ချင်းအမျိုးသားတပ်ဦး CNF/CNA မှ ဒု-ဗိုလ် ဆလိုင်း အဲလစ်မာ (Salai Elishma )၊ ဆလိုင်း ရိုနာလ် (Salai Ronald)၊ ဆလိုင်းဂျိုးဆွ (Salai Joshua) တို့ ကျဆုံးသွားသည်။ ထို့အပြင် ဘေးအနီးက နေအိမ်ငါးလုံးခန့်သည် အမိုးအကာနှင့် မုန်ပြတင်းများ အနည်းငယ် ပျက်စီးသွားပြီး ဆိုင်ကယ်တစ်စီးလည်း ပျက်စီးသွားသည်ဟု သိရသည်။ “မနေ့က ပေါက်ကွဲအသံကြားတာပဲ ရှိတယ်။ အနီးဝန်းကျန်က လူတွေ ပြောတာက ပေါက်ကွဲပြီးတော့ ကားကို မီးလောင်သွားတာပေါ့နော်။…
(006SV) ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ မကွီအိမ်နူးမြို့ကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ အရပ်သားပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ဘာသာရေးအဆောက်အဦးနှင့် နေအိမ်အများအပြား ထိခိုက်ပျက်စီးသွား သည်ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့ – မင်းတပ်က သတင်းထုတ်ပြန်သည်။ “တပ်ရင်း တပ်ဖွဲ့လည်း မရှိ၊ စစ်ကြောင်း အသွားအလားလည်း မရှိဘူး။ ဘာကြောင့် ဗုံးကြဲသလဲ မသိဘူး။ ညနေ ၃ ခွဲလောက်မှာ လေကြောင်း တိုက်ခိုက်မှု ၂ ကြိမ် ရှိတယ်။ ပြည်သူ ၃ ဦးက မစိုးရိမ်ရ ဒဏ်ရာတွေ ရတယ်။ နီးစပ်ရာ ဆေးခန်းတွေမှာ ကုသနေ ရတယ်” ဟု မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချပ်ရေးအဖွဲ့မှ တာဝန်ရှိသူ ကိုယောမာန်က ပြောသည်။ ယမန်နေ့ နိုဝင်ဘာလ ၇ ရက် ညနေ ၃ နာရီခွဲက မကွီအိမ်နူးမြို့ကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လေကြောင်း တိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့ရာ အရပ်သားနေအိမ် ၁၃ လုံး၊ သာသနာအဆောက်အဦး ၄ လုံး၊ ကျောင်းဆောင် ၂ လုံးတို့ ထိခိုက်ပျက်စီးသွားခဲ့သည်ဟု CDF- မင်းတပ်ကလည်း ထုတ်ပြန်ထားသည်။ မင်းတပ်ခရိုင်၊ မကွီအိမ်နူးမြို့သည် မင်းတပ်၊ မတူပီ၊ ကန်ပက်လက်၊ ပလက်ဝ စသည့် မြို့နယ်တွေ၏ နယ်စပ်တွေမှာ တည်ရှိနေ သည့် မြို့ကလေးဖြစ်သည်ဟု သိရသည်။ ပြီးခဲ့သည် နိုဝင်ဘာလ ၄ ရက်က မင်းတပ်မြို့နယ်…
(003PT၊ 006SV) ချင်းပြည်နယ်အစပ် မကွေးတိုင်း၊ ဆောမြို့တွင် CDF – ကန်ပက်လက်၊ တူမီးတပ်ရင်း၏ ဒု-တပ်ရင်းမှူးနှင့် ၎င်း၏ ဖခင်ဓမ္မအမှူတော် ဆောင်ပါစတာတို့ကို စစ်ကောင်စီတပ်ဖွဲ့က ယနေ့ နံနက်ပိုင်းက သတ်ဖြတ်သွားခဲ့သည်ဟု CDF – ကန်ပက်လက်မှ တာဝန်ရှိသူနှင့် ဒေသခံများက ပြောသည်။ ကန်ပက်လက်မြို့နယ်အတွင်း စစ်ဘေးရှောင်နေရသည့် ခရစ်ယာန်ဓမ္မအမှူတော်ဆောင် ပါစတာ ဦးမန်ကွီးသည် ယနေ့ နိုဝင်ဘာလ ၇ ရက် နံနက်ပိုင်းတွင် ဆောမြို့သို့ရောက်ရှိ၍ အသိမိတ်ဆွေတစ်ဦးနှင့် စကားပြောနေစဉ် အရပ်ဝတ်ဖြင့် စစ်သားတစ်ဦး ရောက်ရှိလာပြီး အနီးကပ် ဦးခေါင်းကို ပစ်သတ်သွားခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်များက ပြောသည်။ “တော်တော်များများ သုံးသပ်တာက ဒလန်က သတင်းပေးတယ်လို့ ထင်ကြတယ်။ ဆောရဲ့ အနေအထားက ပုံမှန်ဆိုရင် စစ်သားတွေက ဆင်းမလာဘူး။ မနက်မှ ရုတ်တရက်ကြီး စစ်သားတွေက ဆင်းလာပြီး သူတို့ တာဂစ် (Target) ထားတဲ့ ပါစတာကို ရွေးသတ်သွားတယ်” ဟု CDF – ကန်ပက်လက်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ပါစတာကို ပစ်သတ်သည့်အခြေအနေမှာ စစ်ကောင်စီတပ်ဖွဲ့က သတင်းအတိအကျရရှိပြီး စနစ်တကျ သတ်ဖြတ်သွားခြင်းဖြစ်နိုင်သည်ဟု ဒေသခံများက ယူဆကြသည်။ ပါစတာကို ပစ်ခတ်ချိန်တွင် အနီးဝန်းကျင်မှ အရပ်သားများကို လှည့်ပတ်ပစ်ခတ်သော်လည်း အရပ်သားများ ထိခိုက်မှုမရှိဘဲ ထွက်ပြေးလွတ်မြောက်ကြသည်ဟု ဒေသခံ သတင်းရင်းမြစ်များက ပြောသည်။ ပါစတာကို ပစ်ခတ်ပြီးနောက် ၆ မိနစ်ဝန်းကျင်တွင် အရပ်ဝတ်စစ်သားအပြင် စစ်သား (၂၀) ကျော်မှာ ရုတ်တရက် ထွက်ပေါ် လာကြပြီး…
(002MG) စစ်ကိုင်းတိုင်း၊ တမူးမြို့နယ် ခါမ်းပါတ်မြို့ကို ယနေ့ နိုဝင်ဘာလ ၇ ရက် မနက်ပိုင်းတွင် ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့ များက အပြည့်အ၀ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။ ကလေး-တမူးကားလမ်းမပေါ်တွင်တည်ရှိသော ခါမ်းပါတ်မြို့က စစ်ကောင်စီ ရဲစခန်းကို နို၀◌င်ဘာလ ၃ ရက်နေ့က သိမ်းပိုက်ခဲ့ကြပြီးနောက် စစ်ကောင်စီတပ်ကုန်းစခန်းကို ယနေ့တွင် ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များက ထပ်မံသိမ်းပိုက်ကာ တမြို့လုံးကို ထိန်းချုပ်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ “သိမ်းတော့သိမ်းနိုင်ပြီ၊ အခုက စခန်းကလူတွေက အကုန်လုံးထွက်ပြေးသွားကြတာ ဘယ်သူမှမရှိတော့တာ” ဟု ခမ်းပတ် မြို့စခန်းသိမ်းတိုက်ပွဲတွင် ပါ၀◌င်သော CNO Upper Chindwin Region-UCR တာ၀◌န်ရှိသူတစ်ဦးက ပြောသည်။ မြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်က လေကြောင်းဖြင့်အကြိမ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟုသိရသည်။ ခါမ်းပါတ်မြို့ သိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်က သေဆုံးမှုအခြေအနေကိုတော့မသိရသေးပေ။ ခါမ်းပတ်မြို့သိမ်းတိုက်ပွဲနှင့်ပတ်သက်၍ အမျိုးသား ညီညွှတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ (စစ်ရုံးချုပ်) ကလည်း ကလေး-တမူး အာရှအဝေးပြေးလမ်းပေါ်ရှိ ခမ်းပတ်မြို့ကို နိုဝင်ဘာလ (၃) ရက်မှ စတင်၍ ဝိုင်းပတ်တိုက်ခိုက်ခဲ့ရာ ယနေ့ နံနက်တွင် နယ်မြေလုံခြုံရေးအတွက် ရှင်းလင်းမှုများ ဆောင်ရွက်လျက် အပြီးသတ် သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်သည်။ ခါမ်းပါတ်မြို့ကို အမှတ် (၁) စစ်ဒေသ၊ တမူးခရိုင် ကွပ်ကဲမှုအစီအစဥ်ဖြင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နှင့်တော်လှန်ရေးအဖွဲ့များက အပြည့်အဝ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ တော်လှန်ရေးအဖွဲ့များအနက် တမူးခရိုင် တပ်ရင်း (၂) ၊ စစ်ဒေသအထူး တပ်ရင်း (၂) ၊ အမှတ်…
(006SV) ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ စောင်ထီယားကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့ကို CDF မတူပီ တပ်ရင်း ၂ မှ စောင့်ကြိုတိုက်ခိုက်ရာ စစ်ကောင်စီမှ ၂ဦး သေဆုံး၊ တစ်ဦး ဒဏ်ရာများ ရရှိပြီး စစ်ရေးတင်းမာနေဆဲဖြစ်သည်ဟု ချင်းကာ ကွယ်ရေးတပ်ဖွဲ့ – မတူပီမှ တာဝန်ရှိသူက ပြောသည်။ ယမန်နေ့ နိုဝင်ဘာလ ၆ ရက် ညနေပိုင်းတွင် မတူပီ- ငလိုင်ကျေးရွာကြားရှိ စောထီယားကျေးရွာလမ်းခွဲသို့ မတူပီအခြေစိုက် စစ်ကောင်စီတပ်မှ အင်အား ၆၀ ခန့်ဖြင့် စစ်ကြောင်း ၂ ကြောင်းခွဲပြီး စစ်ကြောင်းထိုးလာခဲ့ရာ CDF – မတူပီ တပ်ရင်း ၂ နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု CDF- မတူပီမှ တာဝန်ရှိသူက ပြောသည်။ “မကြာခဏ မတူပီတပ်ရင်း ၂ နဲ့ကတော တိုက်ပွဲတွေ ဖြစ်နေတယ်။ စစ်ရေးအရ သူတို့နဲ့ နီးနီးကပ်ကပ် ရှိတဲ့အတွက် သူတို့ နယ်မြေလုံခြုံရေးအရသော်လည်းကောင်း၊ မတူပီကို တပ်အင်အားဖြည့်ဖို့ လမ်းကြောင်း ရှင်းတာလည်း ဖြစ်နိုင်ပါတယ်။ စစ်ရေးကတော့ နှစ်ဖက်တင်းမာတဲ့ အခြေအနေမှာပဲ ရှိနေပါတယ်” ဟု သူက ပြောသည်။ မတူပီမြို့ ခရလ – ၁၄၀၊ ခရလ – ၃၀၄ နှင့် မတူပီစစ်ဗျူဟာ၏ ပူးပေါင်းစစ်ကြောင်းနှင့် CDF မတူပီ တပ်ရင်း ၂ တို့၏ တိုက်ပွဲတွင် စစ်ကောင်စီဘက်က တပ်ကြပ် ၁ ဦးနှင့် တပ်သား ၁ ဦး…
(002MG) စစ်ကိုင်းတိုင်း ကလေးနှင့် တမူးမြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ ရဲစခန်း ၃ ခုကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့က သိမ်းပိုက်နိုင်ခဲ့ပြီး စစ်သုံ့ပန်းနှင့် လက်နက်ခဲယမ်းတချို့လည်း သိမ်းဆည်းရမိသည်ဟု သိရသည်။ နို၀◌င်ဘာလ ၃ ရက်နေ့မနက်အစောပိုင်းက တမူးနှင့် ကလေးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းအနည်းဆုံး ၆ ခုကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက တပြိုင်တည်း၀င်ရောက်တိုက်ခိုက်ခဲ့ရာမှာ တမူးမြို့နယ်ထဲက ခမ်းပတ်မြို့ ရဲစခန်း၊ ၀◌ိတုတ်ကျေးရွာရဲစခန်း နှင့် ကလေးမြို့နယ်ထဲက မြောက်စည်းကျေးရွာ ရဲစခန်းတို့ကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ် သည်ဟု ကာကွယ်ရေးတပ်ဖွဲ့များထံမှသိရသည်။ “ကလေးမြို့နယ်မှာက မြောက်စည်းသိမ်းနိုင်တယ်၊ ၀◌ိတုတ်သိမ်းနိုင်ပြီ၊ ခမ်းပတ်က တ၀◌က်ကျန်တယ် ရဲကင်းသိမ်းပြီ တပ်ကုန်းကျန်တာပေါ့ အဲဒီ ၄ နေရာမှာ ၃ ခုကတော့ သိမ်းနိုင်ပြီ” စခန်းသမ်းတိုက်ပွဲတွင်ပါ၀◌င်သော CNDF-Vakok တပ်ရင်း တာ၀န်ရှိသူကပြောသည်။ မြောက်စည်းရဲစခန်းတိုက်ပွဲသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဘက်က ၁၀ ယောက်ထက်မနည်းသေဆုံးခဲ့ပြီး စစ်သုံ့ပန်း တချို့နှင့် လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။ ထို့အပြင် ရာဇဂြိုလ် ရဲဘက်စခန်းကိုလည်း သိမ်း ပိုက်ကာ ထောင်သားများကိုလည်း လွှတ်ပေးခဲ့သည်ဟု သိရသည်။ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များအနေဖြင့် ခမ်းပတ်မြို့ရဲစခန်းကိုသိမ်းပိုက်နိုင်ခဲ့သော်လည်း စစ်ကောင်စီတပ်ဖွဲ့များ နောက်ထပ်တပ်စွဲထားသော တပ်ကုန်းကိုတော့ သိမ်းပိုက်နိုင်ခြင်းမရှိသေးပဲ ဆက်လက်ကြိုးစားနေဆဲဖြစ်သည်ဟု သိရသည်။ ကလေးမြို့နယ်တောင်ပိုင်း၊ မြောက်စည်းရဲစခန်းသိမ်းတိုက်ပွဲတွင် ချင်းအမျိုးသားကာကွယ်ရေးတပ် CNDF- Vakok တပ်ရင်းမှ အသက် (၁၉) နှစ်အရွယ် Salai Thawng Tha Cung (ခ) Cung Te နှင့် RKDF မှ အသက်…
SV ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း စစ်အာဏာရှင်ကို ခုခံတိုက်ခိုက်နေသည့် ချင်းကာကွယ်ရေးတပ်ဖွဲ့ – ပလက်ဝ၏ ရဲဘော်၊ ရဲမေ ၂၅၀ ထက်မနည်းမှာ တောစီးဖိနပ် မရှိဘဲ စစ်ရေးလှုပ်ရှားနေရသောကြောင့် အခက်အခဲကြုံတွေ့နေရပြီး အရေးပေါ်လို အပ်နေသည်ဟု ပလက်ဝမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးဥက္ကဌ ဆလိုင်းမျိုးထိုက်က ပြောသည်။ “ရဲဘော် ၂၅၀ အတွက် ဆိုတာကလည်း များများလှူရင်တော့ များများ ဝယ်လို့ ရနိုင်တာပေါ့နော်။ ၂၅၀ ရရင်လည်း ကျနော်တို့ အတွက် အများကြီး ခံသာတာပေါ့လေ။ ကျန်တာကို အဆင်ပြေသလို ဖဲ့ထုတ်ပြီး ဝယ်လို့ ရတာပေါ့။ အခုအရေးပေါ်လိုအပ်နေတဲ့ အရံ ၂၅၀ သာရရင် မြေပြင်မှာရှိတဲ့ ရဲဘော်တော်တော်များများကို အဆင်ပြေစေတယ်” ဟု ဆလိုင်းမျိုးထိုက်က ပြောသည်။ CDF- ပလက်ဝ၏ ရဲဘော်ရဲမေများသည် တောစီးဖိနပ် မရှိ၍ အရေးပေါ် လိုအပ်နေသောကြောင့် နည်းလမ်းရှာကြံပြီး ပို့ပေးခဲ့ သော်လည်း ရဲဘော်ထက်ဝတ်မျှ မလောက်ငှပဲ ရှိနေသည်၊ ကျန်ရဲဘော်များ ဖိနပ်မရှိဘဲ စစ်ရေးလှုပ်ရှားနေရသောကြောင့် ပြည်တွင်း၊ ပြည်ပ ပြည်သူများ၏ အကူအညီများ လိုအပ်နေသည်ဟု သူက ပြောသည်။ ဆလိုင်းမျိုးထိုက်သည် ပလက်ဝမြို့နယ်၏ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သကဲ့သို့ ပလက်ဝမြို့နယ် ပြည်သူ့ အုပ်ချုပ် ရေးဥက္ကဌလည်းဖြစ်သည်။ တချို့ရဲဘော်များသည် တောစီးဖိနပ်မရှိဘဲ နေရသည်မှာ အချိန်ကြာမြှင့်လာပြီး တောစီးဖိနပ် မလုံလောက်မှုမှာ တော်လှန်ရေး စတင်ကတည်းက အခက်အခဲအဖြစ် ရှိနေခဲ့သည်၊ လက်ရှိတောစီးဖိနပ်များမှာလည်း ၃လခန့် အသုံးပြုလိုက်ပါက လုံးဝ ပျက်စီးသွားပြီး အရေးပေါ်တောစီးဖိနပ်အရန်အဖြစ်လည်း ရဲဘော်၊ ရဲမေများမှာ မရှိကြကြောင်း စုံစမ်းသိရှိရသည်။…
ရေး – Salai Vakok “မောပန်းလွန်တဲ့ ဘဝတွေ၊ ဘယ်အချိန်ပြီးဆုံးမှာလဲ ၊ ခါးသီး လွန်တဲ့ အရပ်မှာ မနေချင်တော့ဘူး၊ ရှေ့ဆက်ရမယ့် လမ်းဟာ ဘယ်အချိန်အဆုံးသတ်ရမှာလဲ၊ ပြီးဆုံးသွားမယ့်နေ့တွေ ကြိုမျှော်လင့်ရင်း” ဒီသီချင်းက ချင်းလဲန်းတောင်တန်းတွေပေါ်မှာ အာဏာသိမ်းမှုကို ခုခံတွန်းလှန်နေတဲ့ ရဲဘော်၊ ရဲမေတွေ နေ့စဉ် ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ခံစားရေးဖွဲ့ထားတာပါ။ တော်လှန်ရေးရဲဘော်တွေ အကုန်လုံး နားဆင်ဖို့၊ ရည်ရွယ်ရေးဖွဲ့သီဆိုတာဖြစ်သလို ပြည်တွင်း/ပြည်ပ ပြည်သူတွေလည်း ချင်းရဲဘော်လေးတွေအကြောင်းကို ပိုနားလည်စေဖို့လည်း ရည်ရွယ်ပါတယ်။ ရေးဖွဲ့သီဆို သူက ချင်းကာကွယ်ရေးတပ်ဖွဲ့ – ကန်ပက်လက်က ရဲဘော် ဆလိုင်းကီးဘွေပါ။ အသက် ၂၄ နှစ်အရွယ် သမိုင်း တတိယနှစ်ကျောင်းသား ဆလိုင်းကီးဘွေဟာ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ဆန္ဒပြပွဲတွေမှာ စတင်ပါဝင်ခဲ့ပြီး တူးမီးတော်လှန်ရေးအထိ လက်နက်စွဲကိုင်ခဲ့သူပါ။ “နေ့တိုင်း ညတိုင်းခက်ခဲမှုတွေ၊ စခန်းတွေမှာ ကျနော်တို့ ထမင်းနပ်မမှန်တာတွေလည်း ရှိတယ်။ ဒီလိုမျိုးအခြေအနေဆိုးတွေနဲ့ ကြုံလာတဲ့အခါ ပိုပြီးတော့ ခံစား၊ ခံပြင်းလာတဲ့အချိန်မှာ ရေးစပ်ခဲ့တာ။ ဒီသီချင်းလေးက အနယ်နယ်အရပ်ရပ်မှာရှိတဲ့ ပြည်သူတွေနဲ့ ပြည်ပမှာရှိတဲ့ ပြည်သူ ပြည်သားတွေ အကုန်လုံး၊ ရဲဘော်တွေနဲ့ ထောက်ပို့တပ်သားတွေ အကုန်လုံး၊ ကျနော်တို့ စိတ်ခံစားချက်လေးကို ပေါ်လွင်စေအောင် ရေးစပ်ခဲ့တာဖြစ်တဲ့အတွက် ဒီသီချင်းလေးကနေ ကျနော်တို့ CDF ကန်ပက်လက်ကို ဆက်ထောက်ခံပေးဖို့ မျှော်လင့်ပါတယ်” လို့ CDF ကန်ပက်လက် ရဲဘော်ဆလိုင်းကီးဘွေက ပြောပါတယ်။ “ရင်ဆိုင်နေမယ့် အားမလျော့စိတ်တွေနဲ့ ရှင်သန်နေမယ် တို့တွေ အနာဂါတ်အတွက် ၊အိမ်အို မြို့လေးကို…
