Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»တောထဲကို စစ်ဘေးရှောင်သော ခမ်းပတ်မြို့ဒေသခံ ၇ ဦးကို စစ်ကောင်စီက ဖမ်းဆီး

တောထဲကို စစ်ဘေးရှောင်သော ခမ်းပတ်မြို့ဒေသခံ ၇ ဦးကို စစ်ကောင်စီက ဖမ်းဆီး

0
By Editor on December 6, 2023 Khonumthung

(002MG)

စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ခမ်းပတ်မြို့အမှတ် ၁ ရပ်ကွက်က ပြည်သူများ တောထဲတွင် စစ်ဘေးတိမ်းရှောင်ရင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့များနှင့်တိုးမိပြီး ၇ ဦးကို ပေါ်တာဆွဲဖမ်းဆီးသွားသည်ဟု ခမ်းပတ်မြို့ခံများထံမှ သိရသည်။

ခမ်းပတ်မြို့ အမှတ် ၁ ရက်ကွက်တွင်နေထိုင်သူတစ်ဦးက “သူတို့က လယ်တောမှာအိပ်ကြတာလေ၊ ခုနှစ်ယောက်ဆွဲ ခံရတာ စစ်သားတွေကတောလမ်းပဲသွားတာဆိုတော့ တောထဲမှာအိပ်တဲ့သူတွေ့တာတွေကို ပေါ်တာဆွဲသွားတာ” ဟု ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ထိန်းချုပ်မှုအောက်တွင်ရှိသော ခမ်းပတ်မြို့ကို စစ်ကောင်စီတပ်ဖွဲ့က ပြန်လည်သိမ်းပိုက်ရန်အတွက် အင်အား ၂၀၀ ၀◌န်းကျင်ခန့်ဖြင့် စစ်ကြောင်းထိုးလာခဲ့ရာမှာ ကလေး-တမူးလမ်းမပေါ်က  နန်းခေါက် ခေါက်ကျေးရွာအနီးတ၀◌ိုက်သို့ ရောက်ရှိလာကြပြီဟု သိရသည်။

အဆိုပါအခြေအနေကြောင့် ခမ်းပတ်မြိုခံပြည်သူများအကြား စိုးရိမ်မှုမြင့်တက်နေပြီး စစ်ဘေးတိမ်းရှောင်ထွက်ပြေးသူ ပိုမိုများလာကြောင်း သိရသည်။

“အခုကလည်း တအားပြေးကြတယ် တောင်ပေါ်ဖက်၊ တခြားရွာဘက်တွေကို ကလေးငယ်ရှိတဲ့သူတွေ၊ သက်ကြီးရွယ်အိုရှိတဲ့သူတွေ ပိုများတယ်” ဟု ခမ်းပတ်မြို့ခံက ပြောသည်။

ခမ်းပတ်မြို့ ပြည်သူများသည် ယခင်ကလည်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲများကြောင့် မြို့လုံးကျွတ်နီးပါး စစ်ဘေးတိမ်းရှောင်ခဲ့သည်မှာ ၃ ကြိမ်ခန့်ရှိသွားပြီဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

မြန်မာလိဂ်မှာ ကစားနေသော Chinland FC မှ ချင်းကစားသမား တစ်ပတ်နီးပါးကြာ ပျောက်ဆုံးနေ

ကလေး- တီးတိန်- ဖလမ်း ကားလမ်းပိုင်း ဂိတ်ကြေးပေးဆောင်မှုများသောကြောင့် ကားခမြင့်တက်နေဆဲ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

August 28, 2026

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.