(02HH) ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့ပေါ်နှင့် ကျေးလက်ဒေသအားလုံးနီးပါးကို နယ်မြေထိန်းချုပ်နိုင်ပြီဟု CDF-Kanpetlet ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ “မြို့ပေါ်မှာတော့ စစ်ကောင်စီဖက်က ယန္တရားတွေလုံးဝမလည်ပတ်နိုင်ဘူး၊ ကျောင်းလည်းမဖွင့်နိုင်ဘူး။ သူတို့မြို့ တွင်းမှာ တောင်မှ သူတို့လွတ်လွတ်လပ်လပ် နေလို့မရဘူး။ ကျွန်တော်တို့မြို့အနီးအနားမှာတော့ လုံးဝကိုနေရာယူပြီးမှ ပြန်လည် ထိန်းချုပ်နိုင်တယ်၊ တခြားနယ်တွေလည်း အကုန်လုံးကျွန်တော်တို့ ထိန်းချုပ်နိုင်တယ်လို့ပြောလို့ရတယ်” ဟု ၎င်းက ပြောသည်။ စစ်ကောင်စီတပ်ဖွဲ့သည် ကန်ပက်လက်မြို့ပေါ်ရှိ အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနရုံး၊ အ.ထ.က ကျောင်း၊ ရန်အောင် စေတီနှင့် မြို့နယ်ပညာရေးမှူးရုံးတို့မှာသာ ခြေကုတ်နေရာယူတပ်စွဲထားနိုင်တော့သည်ဟု သိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၂၀ ရက်နေ့ကလည်း CDF-Kanpetlet မှ မြို့တွင်းစစ်ကောင်စီတပ်ဖွဲ့များ တပ်စွဲထားသော နေရာများကို စစ်ကြောင်း ၅ ကြောင်းဖြင့်တပြိုင်တည်းသွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးခဲ့ကာ ဒဏ်ရာရှိသူများလည်းရှိသည်ဟု သတင်းထုတ်ပြန်ထားသည်။ ကန်ပက်လက်မြို့ပေါ်တွင် စစ်ကောင်စီတပ်နှင့် CDF-Kanpetlet တပ်တို့ကြား မြို့တွင်းတိုက်ပွဲဖြစ်ပွား မှုပြင်းထန်လာပြီး နောက် မြို့ထဲနေပြည်သူအားလုံးနီးပါး စစ်ဘေးတိမ်းရှောင်နေကြရပြီး လက်ရှိ မြို့ပေါ်တွင် နေထိုင်သူ အိမ်ခြေ (၂၀) သာရှိ တော့သည်ဟု CDF-Kanpetlet မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ “ကျွန်တော်တို့က ထုတ်ပြန်ချက်တွေထုတ်တဲ့အချိန်မှာ လှုံခြုံတဲ့နေရာတွေမှာနေပြီးမှ နေရာတွေ ရွေ့ပြောင်းပေး ဖို့ညွန် ကြားထားတယ်၊ မြို့ထဲမှာ အများကြီးတော့ မရှိတော့ဘူးအကုန်လုံးစစ်ဘေးရှောင်နေရာရောက်ကုန်ပြီ။ အခုနေတဲ့သူ တွေလည်း တိုက်ပွဲတွေပြင်းထန်ရင်တော့ စစ်ဘေးရှောင်ရမှာပဲ။” ဟု ပြောသည်။ ကန်ပက်လက်မြို့တွင် တိုက်ပွဲများဆက်လက်ပြင်းထန်လာနိုင်သောကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့များ တပ်စွဲထားသည့်နေရာ အနီးတွင် နေထိုင်ခြင်းမပြုလုပ်ကြရန် CDF-Kanpetlet က ထုတ်ပြန်ထားသည်။…
Author: Editor
(006SV) အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင် ထိပ်ပိုင်းစစ်ခေါင်းဆောင် ၁၀ ဦးကို ချင်းပြည်နယ်၊ ထန်တလန်မြို့တွင် စစ်ရာဇဝတ်ကျူးလွန်ခဲ့မှုအတွက် တရားစွဲဆိုနိုင်ရန် ချင်းတိုင်းရင်းသား ငါးဦးက ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့က တရားရေးဌာနတွင် ယနေ့မှာ စတင်လျှောက်ထားသည်ဟု သိရသည်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်၊ ထန်တလန်မြို့မှာ အရပ်သားပြည်သူများကို သတ်ဖြတ်မှု၊ အလောင်းများကို ဖျက်ဆီးမှု၊ နေအိမ်ရာပေါင်းများစွာနှင့် ဘုရားကျောင်းများကို မီးရှို့ဖျက်ဆီးမှု၊ လူသားစာနာအကူအညီများကို လက်နက်တစ်ခု ကဲ့သို့ အသုံးချမှုများကြောင့် ထိပ်ပိုင်းစစ်ခေါင်းဆောင် ၁၀ ဦးကို တရားစွဲဆိုလိုက်ခြင်းဖြစ်သည်ဟု ချင်းလူ့အခွင့်အရေးအဖွဲ့က ထုတ်ပြန်သည်။ “စစ်ကောင်စီတပ်တွေက ပါစတာအပါအဝင်ခရစ်ယာန်ပြည်သူတွေကို သတ်ဖြတ်တာ၊ ဘုရားကျောင်းတွေနဲ့ ဘာသာရေး အဆောက်အဦးတွေကို မီးရှို့ဖျက်ဆီးတာတွေကို စနစ်တကျ ကျူးလွန်းခဲ့တာဖြစ်တယ်။ စစ်တပ်ရဲ့ မြန်မာပြည်က ခရစ်ယာန် တွေကို ဒီလိုဆက်လက်ကျူးလွန်နေမှုနဲ့ ပတ်သက်လို့ ကျနော်တို့ တရားမျှတမှု ရရှိဖို့ ဖိလစ်ပိုင်က ပြည်သူတွေလည်း ထောက်ခံကူညီပေးကြပါ” ဟု တရားစွဲသည့် ချင်းတိုင်ရင်းသား ငါးဦးထဲက တစ်ဦးဖြစ်သူ Salai Ling က ပြောသည်။ Salai Ling သည် ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ၏ ဒုတိယအမှူဆောင်ဒါရိုက်တာ တစ်ဦးလည်းဖြစ်ပါသည်။ စစ်ကောင်စီ၏ သတ်ဖြတ်ခြင်း ခံရသော နှစ်ချင်းခရစ်ယာန်အဖွဲ့ အသင်းလူကြီး ပူးရာလ်တူ၏ သမီးနှင့် ပါစတာကျုုံးဗျက်ဟုမ်၏ ဦးလေးအပါအဝင် ချင်းတိုင်းရင်သား ငါးဦးတို့က ထန်တလန်မြို့မှာ ကျူးလွန်ခဲ့သည့် စစ်ကောင်စီ၏ စစ်ရာဇဝတ်မှုများကို နိုင်ငံ တကာလွတ်လပ်စွာ တရားစီရင်ပိုင်ခွင့် (Universal Jurisdiction) အရ တရားစွဲဆိုရန်…
(006SV) ချင်းကာကွယ်ရေးတပ်ဖွဲ့ – ထန်တလန်၏ ပထမအကြိမ်ညီလာခံကို ထန်တလန်မြို့နယ်အတွင်းရှိ တစ်နေရာမှာ ၃ ရက်တာ ကျင်းပခဲ့ပြီး ချင်းအမျိုုးသားတို့၏ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးအပါအဝင် အချက် (၃) ချက်ကို အတည်ပြု သတ်မှတ်ခဲ့ကြောင်း CDF ထန်တလန်က သတင်းထုတ်ပြန်သည်။ ပထမအကြိမ်မြောက်ညီလာခံကို အောက်တိုဘာလ ၁၈ ရက်မှ ၂၀ ရက်ထိ တပ်ရင်းကိုယ်စားလှယ်များ၊ ဒေသကိုယ်စားလှယ်များ၊ ရပ်ရွာတာဝန်ခံ ကိုယ်စားလှယ်များနှင့် အထူးဧည့်သည်များအပါအဝင် ၁၉၀ ကျော် တက်ရောက်ခဲ့ပြီး ကျင်းပပြီးစီးခဲ့သည်ဟု အောက်တိုဘာလ ၂၄ ရက်က သတင်းထုတ်ပြန်ခြင်းဖြစ်သည်။ ညီလာခံမှ စစ်အာဏာရှင်စနစ်အား အမြစ်ဖြုတ်ချေမှုန်းရေး၊ ချင်းအမျိုးသားတို့၏ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ပြန်လည်တည်ထောင်ရေးတို့ကို အတည်ပြု သတ်မှတ်ခဲ့သည်ဟု သိရသည်။ ထို့အပြင် တော်လှန်ရေးကာလအတွင်း ပြည်သူများ၏ ဘေးကင်းလုံခြုံမှုကိုလည်း အထူးဦးစားပေး ဆောင်ရွက်ရန် ညီလာခံက ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။ ညီလာခံအတွင်း ဆက်လက်လုပ်ဆောင်မည့် လုပ်ငန်းများကို ဆွေးနွေးခြင်းနှင့် ဦးဆောင်မည့်သူများ ပြန်လည်ရွေးချယ်ခြင်းတို့ကို ဆွေးနွေးဆုံးဖြတ်မှုများလည်း ပြုလုပ်ခဲ့သည်ဟု သိရသည်။ CDF ထန်တလန်က ရည်မှန်းချက်များ ဆက်လက်အကောင်အထည်ဖော်နိုင်ရေးအတွက် အင်တိုက်အားတိုက် တိုက်ပွဲဝင်နိုင်ရန် ပြည်တွင်း/ပြည်ပ ပြည်သူများ ဘဏ္ဍာရေးပိုင်းတွင် ပိုမိုပံ့ပိုးကူညီပေးကြရန်လည်း ထပ်မံတိုက်တွန်းထားသည်။
(006SV) ချင်းပြည်နယ်၏ ၇၅ ရာခိုင်နှုန်းနှင့်အထက်ကို ထိန်းချုပ်စိုးမိုးထားသည့် ချင်းကာကွယ်ရေးတပ်ဖွဲ့များသည် မြို့ပေါ်တွင်သာ အခြေစိုက်ထားနိုင်သော စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်၊ သိမ်းယူနိုင်ရေး လက်နက်ခဲယမ်းများ ဖြည့်တင်းနိုင်ရန် ကြိုးစားနေချိန်တွင် ထောက်ပံ့ရရှိမှု ပိုနည်းလာသည်ဟု ချင်းတော်လှန်ရေးအင်အားစုများက ပြောသည်။ ခုခံတော်လှန်ရေးကာလ ၂ နှစ်ခွဲကျော်လာချိန်တွင် ထောက်ပို့ရဲဘော်များ၏ ကူညီထောက်ပံ့နိုင်မှုနှင့် ပြည်တွင်း/ပရှိ ပြည်သူများ၏ ငွေကြေးထောက်ပံ့မှုများမှာ ပိုမိုလျော့နည်းလာသည့်အတွက် ချင်းကာကွယ်ရေးတပ်ဖွဲ့များမှာ အခက်အခဲများ ပိုကြုံတွေ့လာ ရသည်။ ချင်းတောင်ပိုင်းက ချင်းကာကွယ်ရေးတပ်ဖွဲ့ – ကန်ပက်လက်သည် မြို့ပေါ်စခန်းသိမ်းတိုက်ပွဲများ ပြုလုပ်နိုင်ရန် ဒရုန်းအပါအဝင် လက်နက်ခဲယမ်းများ ဝယ်ယူနိုင်ရေးအတွက် “ဝိတိုရိယသူရဲကောင်း စုပေါင်းအားသစ်လောင်း”သိန်း ၅၀၀၀ကမ်ပိန်းကို ပြည်တွင်း/ပ အကူအညီများဖြင့် ၄၅ ရက်ပြုလုပ်ရာ ၄၁ ရာခိုင်နှုန်းသာ ရရှိခဲ့သည်ဟု ယင်းအဖွဲ့က တာဝန်ရှိသူ ပြောသည်။ “ကျနော်တို့ ကမ်ပိန်းကို ခက်ခက်ခဲခဲနဲ့ လုပ်ဆောင်နေရတာပါ။ ၄၅ ရက် သတ်မှတ်ထားပေမယ့် သတ်မှတ် ထားတဲ့ တာဂစ်ရဲ့ ၄၁ ရာခိုင်နှုန်းပဲ ပြည့်မိတဲ့အတွက် ကျနော်တို့ ၁၅ ရက် ထပ်ထိုးထားပါတယ်။ တော်လှန်ရေးကာလ တစ်ခုလုံးကို ခြုံပြောရရင် နည်းနည်း ကျလာတယ်။ ထောက်ပို့တွေ ပိုင်းမှာလည်း အဲလိုဆိုတော့ သတ်မှတ်ထားတဲ့ တာဂစ်က ၄၁ ရာခိုင်နှုန်းဆိုတော့ အားနည်းတယ်” ဟု CDF- ကန်ပက်လက်မှ တာဝန်ရှိသူက ပြောသည်။ ကမ်ပိန်းကာလကို အောက်တိုဘာလ ၃၁ ရက်ထိ ထပ်တိုးထားပြီး လတ်တလောတွင် ၅၅ ရာခိုင်နှုန်းထိ ရရှိထားသည်။ တပ်ရင်း ၇ ရင်းဖြင့်…
(006SV) ဆိုင်ကလုန်းမုန်တိုင်း “ဟမွန်း”ကြောင့် ချင်းပြည်နယ်နှင့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တို့တွင် မိုးကြီးနိုင်ပြီး ရုတ်တရက်ရေကြီး ခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်သည်ဟု စစ်ကောင်စီ၏ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ် ပြန်သည်။ ယနေ့ မနက်ပိုင်း တိုင်းထွာချက်များအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေကို စစ်တကောင်းမြို့အနီးမှ ဝင်ရောက်လာသော ဆိုက်ကလုန်းမုန်တိုင်း “ဟမွန်း” (HAMOON) သည် လာမည့် ၂၄ နာရီအတွင်း မီဇိုရမ်ပြည်နယ်တွင် ကုန်းတွင်းမုန်တိုင်း ငယ်အဖြစ်လည်းကောင်း၊ ချင်းပြည်နယ်နှင့် အိန္ဒိယနယ်စပ်တွင် အားကောင်းသော လေဖိအားနည်း ရပ်ဝန်းအဖြစ်မှ အားလျော့နိုင်သည်ဟု သိရသည်။ “ဟမွန်း”ဆိုင်ကလုန်းမုန်တိုင်းကြောင့် ချင်းပြည်နယ်အပါအဝင် တိုင်းနှင့်ပြည်နယ် (၇) ခုတွင် နေရာအနှံအပြား မိုးထစ်ချုန်း ရွာသွန်းနိုင်ပြီး နေရာကွက်၍ မိုးကြီးနိုင်သည်ဟု မိုးဇလက ထုတ်ပြန်ထားသည်။ ဆိုင်ကလုန်းမုန်တိုင်းအရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပြီး ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသော ပြည်သူအနေဖြင့် မြေပြိုမှုအန္တရာယ်များ၊ မြစ်ငယ်နှင့် ချောင်း ငယ်အနီးတွင် နေထိုင်ကြသူများ ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင် သတိပြု နေထိုင်ကြရန် နှိုးဆော်ထားသည်။ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်မြောက်ပိုင်းတို့သည် ဆိုက်ကလုန်းမုန်တိုင်း “ဟမွန်း” ၏ အဝန်းအဝိုင်းအတွင်းသို့ ကျနေရာက်နေသောကြောင့် မုန်တိုင်းသက်ရောက်မှုကို ခံစားရမည်ဖြစ်ပြီး ယင်းမုန်တိုင်းကို အဝါရောင်အဆင့် သတ်မှတ်ထားသည်ဟု သိရသည်။ နောက် ၂ ရက်အတွင်းမှာလည်း ချင်းနှင့် ရခိုင်ပြည်နယ်အပါအဝင် တိုင်းနှင့်ပြည်နယ် ၁၂ ခုမှာ နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုပ်ရွာမည်ဟု ထုတ်ပြန်ထားသည်။
ရေး – 001RB “ဆန်ကုန်မှာကို အမြဲစိုးရိမ်ရတယ် ထမင်းကျန်တွေကိုလည်း မလွှင့်ပစ်ရဲဘူး ထမင်းချက်တဲ့အခါမှာ ပြန်ပြန်ပြီး ရောချက်ရတယ်” လို့ ပုံမှန်လခ၀င်ငွေမရှိတော့တဲ့ ဒေါ်နီလန်း (နာမည်လွဲ) ဟာ သူတို့မိသားစုညနေစာ စားဖို့အတွက် ဆန်တွေ ပြာနေ ရင်း ပြောဆိုနေတာပါ။ မိသားစု၀င် ၃ ယောက်ရှိတဲ့ သူတို့မိသားစုဟာ ဆန်တစ်အိတ်ကို ခြိုးခြံချွေတာပြီးစားရင် တစ်လကျော်ကျော် လောက်စားရ ပြီး သူများလို မိသားစု၀င်သိပ်မများတာကြောင့် ခံသာသေးတယ်လို့ဆိုရမှာပါ။ ဒေါ်နီလန်းတို့ ဇနီးမောင်နှံဟာ ချင်းပြည်နယ် မတူပီမြို့နယ်ကဖြစ်ကြပြီး စစ်အာဏာသိမ်းမှုမဖြစ်ပွားခင်ကတော့လင်မယား နှစ်ယောက်စလုံး အစိုးရ၀န်ထမ်းကျောင်းဆရာ၊ဆရာမတွေပါ။ အဲဒီအခါတုန်းကတော့ လင်မယားနှစ်ယောက်စလုံး ပုံမှန် လစာ၀င်ငွေလေးတွေရှိကြတော့ စား၀တ်နေရေးအတွက် အဆင် ပြေနေပေမယ့် စစ်ဘေးရှောင်စခန်းရောက်တဲ့နောက်ပိုင်မှာတော့ အတော်လေးအခက်အခဲနဲ့ကြုံနေရတယ်လို သူမက ဆိုပါတယ်။ “ရွာမှာကျတော့ နည်းနည်းပါးပါးကိုယ်ရတဲ့လစာလေးနဲ့ အေးဆေးနေလို့ရတယ်ပေါ့ ဒီမှာကျတော့ စိတ်ပင်ပန်းလူပင်ပန်းရ တယ် သူများလုပ်သလိုလဲ မလုပ်တတ်ဘူး အဲဒီခါကျလို့ရှိရင် စိတ်လည်းပင်ပန်းတယ် လူလည်းပင်ပန်းတယ် စိတ်ဆင်းရဲ ရတယ် ကိုယ်ကမလုပ်လို့ရှိရင်လည်း မစားရပြန်ဘူး အတော်လေးစိတ်ဖိစီးမှုများတယ်၊ အဆင်ပြေသလိုလုပ်ကြရတာပေါ့ မလောက်လို့ရှိရင်လည်း လောက်သလိုစားကြရတာပေါ့” သူတို့မိသားစုဟာ အခြားသော မြန်မာနိုင်ငံကစစ်ဘေးရှောင်တွေနည်းတူ အိန္ဒိယနိုင်ငံအရှေ့မြောက်ဒေသ မီဇိုရမ်ပြည်နယ်ထဲက စစ်ဘေးရှောင်စခန်းတစ်ခုမှာနေထိုင်ကြရတာပါ။ အစပိုင်းမှာတော့ မီဇိုရမ်ပြည်နယ်ရဲ့မြို့တော် အိုင်ဇောလ်နဲ့ မိုင် ၃၀ လောက်ေ၀◌းတဲ့ Sihhmui ကျေးရွာထဲမှာ အိမ်ငှားပြီး နေထိုင်ခဲ့ကြ ပေမယ့် လစဉ်အိမ်ငှါးခပေးဖို့ဆိုတာ သူတို့တွက်ကြီးမားတဲ့၀◌န်ထုတ်တစ်ခုလိုဖြစ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ Sihhmui ကျေးရွာတာ၀◌န်ရှိသူတွေက စစ်ဘေးရှောင်တွေအတွက် မြေနေရာပေးလာပြီး စစ်ဘေးရှောင်တွေကကိုယ့်ဘာသာကိုယ်အိမ်ဆောက်ကြပြီး နေထိုင်လာကြတဲ့အခါမှာ အိမ်ငှါးခအတွက် စိုးရိမ်သောကမဖြစ်ရတော့ဘူးလို့ ဆိုပါတယ်။ ပေ…
(006SV) ကန်ပက်လက်မြို့နယ်က ခေါ်နူမ်းစုမ်အမျိုးသားဥယျာဉ်အပါအဝင် ထိန်းသိမ်းရေးတောများမှ သစ်တောထွက်ပစ္စည်းများ ရှာဖွေစုဆောင်ခြင်းနှင့် ရောင်းဝယ်ခြင်းများကို တားမြစ်ကန့်သတ်လိုက်ပြီးတွေ့ရှိပါက အရေးယူသွားမည်ဟု ကန်ပက် လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်သည်။ “သစ်ခွပန်းတွေနဲ့ ပတ်သက်ပြီး ဒီလိုနယ်မြေကျူးကျော်ပြီး ရှာဖွေတာတို့ သစ်ခွပန်းတွေ ရှာဖွေချိန်မှာ သစ်ပင်ခုတ်တာတွေက အရမ်းများတော့ ကျနော်တို့ ထိန်းသိမ်းဖို့က ထုတ်ပြန်တာဖြစ်ပါတယ်” ဟု ပြည်သူအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးနိုင်ချွဲက ပြောသည်။ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်ထဲက ထိန်းသိမ်းရေးတောများတွင် စည်းကမ်းမဲ့ သစ်ပင်များခုတ်လဲခြင်း၊ နယ်မြေကျူး ကျော်ပြီး သစ်တောထွက်ပစ္စည်းအမျိုးမျိုးကို တရားမဝင် ရှာဖွေစုဆောင်းခြင်းနှင့် ရောင်းဝယ် ဖောက်ကား ခြင်းများ ပိုများ လာသည်ဟု သိရသည်။ ထို့ကြောင့် သစ်ခွပန်းအမျိုးမျိုးနှင့် ချိတ်များ အပါအဝင် သစ်တောထွက်ပစ္စည်းများကို တားမြစ်ပိတ်ပင်လိုက် ခြင်းဖြစ်ပြီး တားမြစ်ချက်အား ချိုးဖောက်သူများကို အရေးယူဆောင်ရွက်သွားမည်ဖြစ်သောကြောင့် အများပြည်သူများ ကြိုတင်သိရှိစေရန် အောက်တိုဘာလ ၂၁ရက်မှာ ကြိုတင်ထုတ်ပြန်လိုက်ခြင်းဖြစ်သည်ဟု အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။ “စစ်ဆေးရေးဂိတ်တွေ ဖမ်းမိရင်တော့ သိမ်းဆည်းမှာပဲ။ သိမ်းဆည်းပြီးတော့မှ ကျနော်တို့ အရေးယူတဲ့အပိုင်းမှာတော့ တားမြစ်ချိုးဖောက်မှုက အခုတော့ မရှိသေးဘူး။ ထိုက်သင့်တဲ့ အရေးယူမှုတွေကို လုပ်သွားမယ်” ဟု အတွင်းရေးမှူး ဦးနိုင်ချွဲက ပြောသည်။ ခေါ်နူးစုမ်အမျိုးသားဥယျာဉ်အပါအဝင် ထိန်းသိမ်းရေးတောများမှ သစ်တောထွက်ပစ္စည်းများကို နီးစပ်ရာ ကျေးရွာများနှင့် မြို့နယ်များမှ ပြည်သူများက ကျူးကျော်ပြီး ရှာဖွေမှုများ ပြုလုပ်လေ့ရှိသည်ဟု သိရသည်။ အရေးယူမှု ဆောင်ရွက်မည့် ဆုံးဖြတ်ချက်များကို မြို့နယ်လုံးဆိုင်ရာ စုံညီအစည်းအဝေးများတွင် ချမှတ်ပြီးဖြစ်သကဲ့သို့ သက်ဆိုင်ရာဒေသ/ နယ်မြေအလိုက် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များကိုလည်း ညွှန်ကြားချက်များ…
ချင်းပြည်နယ် ကန်ပက်လက်မြို့ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့များ ခြေကုတ်ယူထားသော နေရာ ၄ ခုကို ချင်းကာကွယ်ရေး တပ် ဖွဲ့ CDF-Kanpetlet တပ်ဖွဲ့က တပြိုင်တည်း၀င်ရောက်တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီဘက်က ၂ ဦးသေဆုံးခဲ့သည်ဟု သိရသည်။ စစ်ကောင်စီတပ်ဖွဲ့များ တပ်စွဲထားသော ကန်ပက်လက်မြို့ပေါ် က အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနရုံး၊ အ.ထ.က ကျောင်း၊ ရန်အောင်စေတီနှင့် မြို့နယ်ပညာရေးမှူးရုံးတို့ကို အောက်တိုဘာလ ၂၀ ရက်နေ့မနက် ၆ နာရီမှ ၁၁ နာရီအထိ CDF-Kanpetlet တပ်ဖွဲ့က စစ်ကြောင်း ၅ ကြောင်းခွဲကာ တပြိုင်တည်း သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု CDF-Kanpetlet က ထုတ်ပြန်သည်။ ယင်းပစ်ခတ်တိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်က ၂ ဦးသေဆုံး၊ ဒဏ်ရာရရှိသူများလည်းရှိပြီး CDF-Kanpetlet တပ်ဖွဲ့ ဘက်ကတော့ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွါနိုင်ခဲ့သည်ဟု ဆိုသည်။ ကန်ပက်လက်မြို့ပေါ်တွင် တိုက်ပွဲများဆက်လက်ပြင်းထန်လာနိုင်သောကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ များ ခြေကုတ်ယူတပ်စွဲထားသောနေရာနှင့် အနီးတ၀◌ိုက်တွင် နေထိုင်ခြင်းမပြုကြရန် CDF-Kanpetlet တပ်ဖွဲ့က တောင်းဆိုထားသည်။ Photo – CDF Kanpetlet
(006SV) စစ်အာဏာသိမ်းမှု ၂ နှစ်ခွဲကျော်ကာလအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ရဲ့ နည်းလမ်းမျိုးစုံနဲ့ သတ်ဖြတ်ခံရ မှုကြောင့် ကလေးငယ် နဲ့ အမျိုးသမီးတွေအပါအ၀င် ချင်းလူမျိုး ၅၀၀ ကျော်သေဆုံးခဲ့ ရပြီလို့ ချင်းရေး ရာအဖွဲ့ချုပ် (ICA)က အောက်တိုဘာလ ၁၀ ရက်နေ့က အစီရင်ခံစာထုတ်ပြန်လိုက်ပါတယ်။ ခုခံတော်လှန်စစ်အားကောင်းတဲ့ ချင်းပြည်နယ်မှာ ဘာကြောင့် အရပ်သားနဲ့ ချင်းလက်နက်ကိုင်တပ်ဖွဲ့ သေဆုံးမှုမြင့် တက်နေရတာဘာပါလဲ၊ လက်ရှိချင်းပြည်နယ်က စစ်ရေးအခြေအနေနဲ့ အလားအလာ ဘယ်လိုဖြစ်လာနိုင်ပါသလဲ၊ ဒီကိစ္စနဲ့ပတ်သက်ပြီး ချင်းရေးရာအဖွဲ့ချုပ်(ICA) လက်ထောက်ညွန်ကြား ရေးမှူး Salai Van Sui San ကို ခိုနူမ်းသုန်သတင်းဌာန က ဆက်သွယ် မေးမြန်းထားသည်။ မေး – စစ်ကောင်စီကြောင့် ချင်းပြည်နယ်က အရပ်သားပြည်သူ သေဆုံးမှုတွေဟာ ဘယ်လိုဖြစ်ပွားခဲ့ပါသလဲ။ ICA – အာဏာသိမ်းပြီး ၂နှစ်ကျော်အတွင်းမှာ ချင်းအမျိုးသားတွေ သေဆုံးမှုက ၅၂၈ ဦးရှိတယ်။ အရပ်သားပြည်သူတွေ သေဆုံးမှုက ၂၇၁ ဦးအထိ ရှိတယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြနေစဉ် စစ်တပ်က သေနတ်နဲ့ပစ်သတ်တာ ၁၀ ဦး ရှိတယ်။ သာမန် အရပ်သား၊ တိုက်ပွဲမှာ မပါပဲနဲ့ တောင်ယာသွားရင်၊ အလုပ်လုပ်ရင်း စစ်တပ်စစ်ကြောင်းနဲ့ တိုးလို့ အသတ်ခံရတာက ၇၈ ဦး ရှိပါတယ်။ လူသားဒိုင်းအဖြစ်အသုံးပြုတာက အယောက် ၁၀၀ ကျော်ရှိတယ်။ အဲထဲမှာ အသတ်ခံရတာက ၉ ဦးထိ ရှိတယ်။ ဖမ်းခံရပြီး ထောင်ထဲမှာ အလောင်းပြန်ကောက်ရတာက ၅ ဦးအထိ ရှိတယ်။ မတရားဖမ်းဆီးမှုနဲ့ မုဒိမ်းကျင့် သတ်ဖြတ်တာ စုစုပေါင်းက ၂၆ ဦးထိ ရှိပါတယ်။ မြေမြုပ်မိုင်းကြောင့် သေဆုံးမှုက ၂၁ ဦး ရှိတယ်။ ဘာသာရေးနဲ့ သက်ဆိုင်သူတွေ သင်းထောက် လူကြီးတွေ အသတ်ခံရတာက ၈ ဦး ရှိတယ်။ လေကြောင်းတိုက်ခံရမှုကြောင့် သေဆုံးသူက ပြည်သူ ၂၈ ဦးရှိပါတယ်။ ပြည်သူ သေဆုံးမှုထဲမှာ အမျိုးသမီး ၃၈ ဦးနဲ့ အမျိုးသား ၁၇၉ ဦး၊ အသက်မပြည့်သေးတဲ့ ၁၈ နှစ်အောက် ကလေးငယ်က ၂၄ ဦးထိ ရှိပါတယ်။ မေး – အသက်မပြည့်သေးတဲ့ ၁၈ နှစ်အောက်ကလေးငယ်တွေဟာ ဘယ်လိုကြောင့် ဒီလိုသေဆုံးမှု များပြားခဲ့ရပါသလဲ။ ICA – ဒီကလေးငယ်တွေ အများဆုံး သေဆုံးရတာက လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်မှုပေါ့နော်။ အဲမှာ အဖြစ်များတယ်။ ပြီးတော့ လေကြောင်းက ဗုံးကြဲချိန်မှာကလေးတွေက မပုန်းခိုတတ်တာရော ၊ မိဘတွေက မကာကွယ်ပေးလိုက်နိုင်တာရော၊ တချို့ဆိုရင် သားအမိ ၂ဦးလုံး အသက်ဆုံးရှုံးတာတွေ ရှိပါတယ်။ မေး – မြေမြုပ်မိုင်းကြောင့် သေဆုံးမှုတွေလည်း များပြားတယ်လို့ ဆရာတို့ အစီရင်ခံစာက ဆိုပါတယ်။ ဘယ်လိုအခြေအနေတွေ ကြောင့်ပါလဲခင်ဗျာ။ ICA – မြေမြှုပ်မိုင်းကြောင့် ပြည်သူတွေ သေဆုံးရတာက ၂၁ ဦးထိ ရှိတယ်။ အများစုက ချင်းပြည်သူတွေက တောင်ယာ တစ်နှစ်မလုပ်ရင် စားဖို့က အခက်အခဲရှိသွားပြီး အဲချိန်မှာ တောင်ယာသွားချိန်မှာ စစ်ကောင်စီထောင်တဲ့ မိုင်းကို နင်းမိကြတာ ဖြစ်ပါတယ်။ ဒီဟာက စစ်ကောင်စီမိုင်းလို့ ပြောနိုင်တာက ပေါက်ကွဲအားက လက်လုပ်မိုင်း မဟုတ်တဲ့အတွက်ကြောင့် စစ်ကောင်စီမိုင်းလို့ ပြောနိုင်ခြင်းဖြစ်ပါတယ်။ မေး – တော်လှန်ရေး ၂ နှစ်ခွဲကျော်မှာ CDF တပ်ဖွဲ့ဝင် အများအပြား ကျဆုံးခဲ့တယ်လို့ သိရတယ်။ ဘယ်လိုအခြေအနေတွေနဲ့ ဘာကြောင့်ပါလဲ။ ICA – အောက်တိုဘာလ ၁ ရက်အထိ ဒေသခံခုခံတော်လှန်ရေးတပ်ဖွဲ့တွေ ကျဆုံးမှုက ၃၁၁ ဦးအထိ ရှိပါတယ်။ အဲ ၃၁၁ ဦးက အမျိုးသမီးက ၁၅ ဦးနဲ့ ကျန်တာက အမျိုးသားရဲဘော်တွေ ဖြစ်တယ်။ ၂၀၂၁ ခုနှစ်ထဲမှာ ၇၇ ဦး ကျဆုံးတယ်။ ၂၀၂၂ မှာ ၁၁၀ ဦးကျဆုံးတယ်။ ၂၀၂၃ အောက်တိုဘာ ၁ ရက်အထိ ၉၀ ကျော် ကျဆုံးတာကို တွေ့ရတယ်။ ဒီဟာကို ကြည့်ခြင်းအားဖြင့် ၂၀၂၃ ခုနှစ် ၉ လပိုင်းအထိ သေဆုံးမှုဟာ အရင် ၂ နှစ်ထက် သေဆုံးမှု ရာခိုင်နှုန်း များနေတာကို တွေ့ရတယ်။ ဒီဟာက ဘာလို့လဲဆိုတော့ ဒီနှစ်ထဲမှာ လေကြောင်း တိုက်ခိုက်မှုတွေ ပိုအသုံးများလာတာကို တွေ့ရတယ်။ ကျနော်တို့ ချင်းအမျိုးသားတော်လှန်ရေး တပ်တွေမှာ လေကြောင်း အသုံးပြုစရာလည်း မရှိဘူး။ လေယာဉ်ကို ပစ်ရမယ့် ဟာ (လက်နက်)လည်း မရှိဘူး။ ဒီဟာကို ပင်မရန်သူကဲ့သို့ သဘောထားပြီးမှ သာလွန်အင်အားတွေ သုံးပြီးမှ ဒီလေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်လာတဲ့အတွက်ကြောင့် ဒီနှစ်ထဲမှာ ကျနော်တို့ ချင်းအမျိုးသား တော်လှန်ရေးတပ်ဖွဲ့တွေ သေဆုံးမှုတွေ ပိုများလာတာကို တွေ့ရပါတယ်။ မေး – ဘာသာရေးခေါင်းဆောင်တွေ ဖမ်းဆီးတာ၊ သတ်ဖြတ်တာတွေ ပြုလုပ်ခံရပါတယ်။ ဘာသာရေး အဆောက်အဦး တွေလည်း အများအပြားမီးရှို့ဖျက်စီးခံရပါတယ်။ စစ်ကောင်စီဟာ ဘယ်လိုတွေ ကျူးလွန်နေပါသလဲ။ ICA – ဘာသာရေးအဆောက်အဦးမှာ ၁၀၁ လုံးအထိ ဖျက်ဆီးထားတာကို တွေ့ရတယ်။ သူတို့က ဘာသာရေးအဆောက် အဦးထဲမှာ တပ်သွားစွဲတာကို တွေ့ရပါတယ်။ သူတို့က တပ်စွဲရုံနဲ့ မလုံလောက်ပဲနဲ့ ဘာသာရေးအဆောက်အဦးထဲမှာ ရှိတဲ့ အရာဝတ္တုပစ္စည်းတွေကို ဖျက်စီးတယ်။ လိုချင်တာကို ယူတယ်။ အဲဒါမျိုုးတွေ အများကြီး တွေ့ရတယ်။ ပြီးရင် ခရစ်ယာန်ဘုန်း ကြီးအပါအဝင် သင်းထောက်လူကြီးတွေကို သတ်ဖြတ်တာက ၈ ဦးထိ ရှိနေပါတယ်။ ခရစ်ယာန်ပါစတာ တစ်ဦးကို မတရား ထောင်ဒဏ် နှစ် ၂၀ ချမှတ်တာလည်း ရှိပါတယ်။ ခုလို ဘာသာရေးအဆောက်အဦးနဲ့ ဘာသာရေးဆရာတွေကို ရက်ရက်စက်စက် လုပ်တာက နိုင်ငံတကာဥပဒေကို စိန်ခေါ်နေပြီးလားပေါ့။ စာသင်ကျောင်းဆောင်တွေ၊ ဘာသာရေးအဆောက်အဦးတွေကို ခုလို လုပ်နေတာက နိုင်ငံတကာဥပဒေကို စစ်ကောင်စီက သိသိသာသာစိန်ခေါ်နေတာ တွေ့ရတယ်။ ဒါက ခရစ်ယာန်ကိုမှ မဟုတ်ပါဘူး။ စစ်ကိုင်းမှာဆိုရင်လည်း ဗုဒ္ဓ ဘာသာရေးအဆောက်အဦးတွေ၊ ဘုန်းကြီးကျောင်းတွေကို ကြိုက်သလို တပ်စွဲတယ်၊ မီးရှို့တယ်။ အဲလိုမျိုးတွေ အများကြီး တွေ့ရတယ်။ ဒါက နိုင်ငံတကာလူသားချင်းစာနာမှု ဥပဒေနဲ့ ဂျီနီဗာကွန်ဗန်းရှင်းတွေကို ချိုးဖောက်နေတာ တွေ့ရပါတယ်။ ဒါကို တာဝန်ရှိတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ အနေနဲ့လည်း လက်ပိုက်ကြည့်နေရမယ့်အချိန်၊ Statement ထုတ် နေရမယ့်အချိန် မဟုတ်တော့ပဲနဲ့ တကယ့်လက်တွေ့ ထိရောက်တဲ့ အရေးယူမှုတွေ လုပ်ဆောင်ဖို့ အရမ်းကို လိုအပ်နေပါပြီ။ မေး – စစ်ကောင်စီတပ်ဟာ ချင်းအမျိုးသားတွေရဲ့ နေအိမ်နဲ့ အဆောက်အဦးအမြောက်အများကို မီးရှို့ဖျက်စီးခဲ့ပါတယ်။ ဒါကရော ဘယ်လိုဥပဒေတွေကို ချိုးဖောက်ရာ ရောက်ပါသလဲ။ ICA – ချင်းပြည်နယ်အပါအဝင် ချင်းလူမျိုးတွေ နေထိုင်တဲ့ နေရာတွေမှာ ချင်းအမျိုးသားတွေ ပိုင်ဆိုင်တဲ့ အဆောက်အဦးတွေ ဖျက်စီးတာက ၂၁၀၀ ကျော်အထိ ရှိနေပြီ။ ဒါက International Human Law ကို သိသိသာသာ ချိုးဖောက်နေတာ တွေ့ရပါ တယ်။ ဘာလို့လည်းဆိုတော့ နိုင်ငံတကာဥပဒေမှာ စစ်ပွဲနဲ့ မသက်ဆိုင်တဲ့ နေရာ၊ ပြည်သူတွေ နေတဲ့အဆောက်အဦးတွေ၊ စာသင်ကျောင်းတွေ၊ ဘာသာရေးအဆောက်အဦးတွေကို လုံးဝဖျက်စီးပိုင်ခွင့် မရှိပါဘူး။ တပ်စွဲပိုင်ခွင့်လည်း မရှိဘူး။ ဒါပေမဲ့ စစ်ကောင်စီတွေက ဒါတွေကို သိသိသာသာ ချိုးဖောက်နေတာ တွေ့ရပါတယ်။ မေး – စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ ချင်းပြည်နယ်က အရပ်သားပြည်သူတွေအပေါ် ဘယ်လို သက်ရောက်မှုတွေ ရှိနေပါသလဲ။ ICA – လေကြောင်းတိုက်ခိုက်မှုက ၂၀၂၃ မှာ ပိုစိပ်လာတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသကာကွယ်ရေးတပ်ဖွဲ့မှာ လေကြောင်းရန်ကို ကာကွယ်တိုက်ခိုက်မယ့် လက်နက်လည်း မရှိပါဘူး။ မရှိတဲ့အတွက် ပြည်သူတွေက ပုန်းရတာပဲ လုပ်ရတယ်။ သူတို့ကို ကာကွယ်ပေးနိုင်တဲ့ သူ မရှိဘူး။ ဒါပေမဲ့ လေကြောင်းတိုက်ခိုက်မှု အကြိမ်ကြိမ်ပြုလုပ်နေတဲ့အတွက် အရပ်သားပြည်သူတွေ သေဆုံးမှုက ပိုပိုတိုးလာတာ တွေ့ရပါတယ်။ မေး – စစ်ကောင်စီတပ်ဟာ ချင်းပြည်သူ အမျိုးသမီး ငယ်တွေကို အုပ်စုဖွဲ့ မုဒိမ်းကျင့်ခဲ့ရုံသာမက အသက်ကိုပါ သတ်ဖြတ်ခဲ့ပါ တယ်။ ဘယ်တပ်တွေက ကျူးလွန်ခဲ့တာပါလဲ။ ICA – စစ်ကောင်စီတပ်တွေက ချင်းအမျိုးသမီး ၆ ဦးအထိကို အုပ်စုဖွဲ့ မုဒိန်းကျင့်ခဲ့ရုံသာမကပဲနဲ့ အသက်ကိုပါ သတ်ဖြတ်ခဲ့တဲ့ အနေအထားမှာ ရှိပါတယ်။ ဒါက စစ်ကောင်စီက စစ်ကြောင်းထိုးလာချိန်မှာ အကြောင်းကြောင်းကြောင့် ထွက်ပြေးဖို့ မရလိုက်တဲ့ အမျိုးသမီးငယ်တွေကို သူတို့ စိတ်ပါရင် ပါသလို ရက်ရက်စက်စက်နဲ့ မုဒိန်းကျင့်တယ်။ သတ်ဖြတ်တာတွေ ကြုံတွေ့နေရတယ်။ ဘယ်တပ်ရင်းတွေက ကျူးလွန်းသလဲဆိုတာတော့ ပြောဖို့ ခက်တယ်။ တချို့ ဟာတွေက ခလရ – ၂၆၈ ကလည်းများတယ်။ တချို့က စစ်ကောင်စီက တပ်အင်အား မလုံလောက်တော့ တပ်ပေါင်းစုံလို့ ခေါ်ရမှာပေါ့ ဒီတပ်ရင်းတွေ ပူးပေါင်းပြီး စစ်ကြောင်း ထိုးလာတာတွေ တွေ့ရတယ်။ မေး – ဒီအစီရင်ခံစာထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ဖြည့်စွက်ပြောကြားချင်တာပြောပါခင်ဗျာ။ ICA – ဒါက ၂ နှစ်ခွဲကျော်တွင်းမှာ ချင်းပြည်သူတွေရဲ့ သေဆုံးမှု ဖြစ်ပါတယ်။ ဒါတွေကို ကြည့်ချင်းအားဖြင့် တော်လှန်ရေးမှာ အသက်ပေါင်း မြောက်များစွာ ပေးဆပ်ရပြီးပြီဆိုတာ သိသိသာသာ၊ ထင်ထင်ရှားရှား တွေ့နိုင်ပါတယ်။ ဒါကြောင့် အသက်ပေး ဆပ်ရတဲ့ ချင်းအမျိုးသားတွေအတွက် နိုင်ငံတကာအဖွဲ့အစည်းကရော NUG ဘက်ကရော အာမခံချက်တွေ ပေးနိုင်မလဲဆိုတဲ့ ဟာကို တချက်ပြန်သုံးသပ်ဖို့ လိုအပ်နေပါပြီ။ ဘာလို့လည်းဆိုတော့ အသက်တွေ ပေးသွားရတာ ချင်းအမျိုးသားရေးအတွက် ဘာမှမရမယ့် အသက်ပေးဆပ်မှုမျိုးကိုတော့ ကျနော်အနေနဲ့ မဖြစ်စေချင်ဘူး။ ကျနော်တို့ ပေးလိုက်တဲ့ အသက်တွေက အဓိပ္ပါယ် ရှိတဲ့ ပေးဆပ်မှုပဲ ဖြစ်စေချင်တယ်။ အခုလည်း ဖြစ်နေပါတယ်။ ချင်းအမျိုးသားတွေ ခုလိုမျိုးအသက်ပေးဆပ်နေခြင်းအားဖြင့် မြေပေါ်မှာ စီးကျနေတဲ့ သူတို့ရဲ့ သွေးက အလကား အလဟသမဟုတ်ပါဘူး။ ဒီသွေးရဲ့ အော်ခေါ်သံကို တချိန်ချိန် ပြန်ကြားရမှာပါ။ ဒီတော်လှန်ရေးကို အောင်နိုင်ဖို့ ဘယ်နည်းလမ်းကို သုံးရမလဲဆိုတာကို တော်လှန်ရေးခေါင်းဆောင်တွေ၊ နိုင်ငံရေးခေါင်းဆောင် ဆရာတွေက တိတိကျကျ ၊ ကုန်ခဲ့တဲ့ အချိန်တွေကို ပြန်သုံးသပ်ပြီးမှ ဘယ်လိုအချိုးအကွေးတွေ ပြုလုပ်ရမယ်ဆိုတာ သေသေ ချာချာပြန်လည် ဆန်းစစ်သုံးသပ်ဖို့ အရမ်းကို လိုအပ်နေပြီလို့ ကျနော်အနေနဲ့ တိုက်တွန်းချင်ပါတယ်။ ဒီလိုပြောလိုက်ခြင်းအားဖြင့် တော်လှန်ရေးကို ရပ်တန့်မယ်၊ အရှုံးပေးမယ်လို့ ပြောလိုခြင်း မဟုတ်ပါဘူး။ တော်လှန်ရေးကို ဘယ်လိုအရှိန်မြှင့်ပြီးတော့ ပြည်သူ…
(006SV) ချင်းလဲန်းကောင်စီဖွဲ့စည်းနိုင်ရေးအတွက် ချင်းလဲန်းဖွဲ့စည်းပုံအခြေခံဥပဒေအတည်ပြုနိုင်ရန် ယခု အောက်တိုဘာလထဲတွင် တွေ့ ဆုံဆွေးနွေးမှုများ ထပ်မံပြုလုပ်မည်ဟု ချင်းလဲန်ကောင်စီဖွဲ့စည်းနိုင်ရေးအလုပ်အဖွဲ့ (WCCCC) ခေါင်းဆောင် Pu Ram Kulh Cung က ပြောသည်။ “ချင်းဖွဲ့စည်းပုံ အခြေခံဥပဒေကို မူကြမ်းရေးဆွဲထားတယ်။ အဲဒီမူကြမ်းကိုသက်ဆိုင်ရာ မိခင်အဖွဲ့အစည်းတွေ အားလုံးက လေ့ လာစရာတွေ၊ ပြင်ဆင်စရာ၊ ဖြည့်စွက်စရာတွေ လုပ်နေတယ်။ ဒီလထဲမှာ အလုပ်အဖွဲ့အစည်းအဝေး ထပ်ထိုင်ဖို့ ရှိတယ်။ အားလုံး အဆင်ပြေတယ်ဆိုရင် နားလည်မှု ရတယ်ဆိုရင် နောက်ဆက်တွဲ အနေနဲ့ ချင်းလဲန်းကောင်စီကို ဖွဲ့စည်းဖို့ ဖြစ်ပါတယ်။ ချင်းလဲန်း ကောင်စီကနေပဲ ချင်းလဲန်း လွှတ်တော်၊ ချင်းလဲန်းအစိုးရနဲ့ ချင်းလဲန်တရားလွှတ်တော် ချုပ်တွေကို ဖွဲ့စည်းဆောင် ရွက်သွားမှာ ဖြစ်ပါတယ်” ဟု WCCCC အဖွဲ့ခေါင်းဆောင် Pu Ram Kulh Cung က ပြောသည်။ ချင်းလဲန်ကောင်စီဖွဲ့စည်းနိုင်ရေးအလုပ်အဖွဲ့ ကော်မတီ၏ ခေါင်းဆောင်အဖြစ် တာဝန်ယူထားသည့် CNF/ CN A ၏ အထွေထွေ အတွင်းရေးမှူး (၁) Pu Ram Kulh Cung က Chinland Information Center နှင့် အင်တာဗျူးမှာ ဖြေကြားခဲ့ခြင်းဖြစ်သည်။ WCCCC အဖွဲ့တွင် လွှတ်တော်ကိုယ်စားလှယ်များဘက်မှ တစ်မြို့နယ်ကို တစ်ဦး၊ CNF/ CN A ဘက်မှ ငါးဦး၊ မြို့နယ်နှင့် ဒေသ အခြေပြုဖွဲ့စည်းထားသည့် အုပ်ချုပ်ရေးနှင့် ကာကွယ်ရေးဘက်မှ ကိုယ်စားလှယ်တစ်ဦးစီဖြင့် ဖွဲ့စည်းထားသည်ဟု သိရသည်။…
