Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ဖလမ်းမြို့တွင် ခရစ္စမတ်နှင့် နှစ်သစ်ကူးပွဲတော်ကို စည်ကားသိုက်မြိုက်စွာမကျင်းပရန် ဖလမ်းခရစ်ယာန်ဂိုဏ်းပေါင်းစုံက ထုတ်ပြန်

ဖလမ်းမြို့တွင် ခရစ္စမတ်နှင့် နှစ်သစ်ကူးပွဲတော်ကို စည်ကားသိုက်မြိုက်စွာမကျင်းပရန် ဖလမ်းခရစ်ယာန်ဂိုဏ်းပေါင်းစုံက ထုတ်ပြန်

0
By Editor on November 13, 2023 Khonumthung

(002MG) 

ခရစ်ယာန်ဘာသာဝင်များအထွဋ်အမြတ်ထားရှိသော ခရစ္စမတ်ပွဲတော်နှင့် နှစ်သစ်ကူးပွဲတော်များကို စည်ကားသိုက်မြိုက်စွာ ပျော်ပွဲရွှင်ပွဲသဘောအနေဖြင့် မကျင်းပရန် ဖလမ်းမြို့ ခရစ်ယာန်ဂိုဏ်းပေါင်းစုံဆရာတော်များမိတ်သဟာရအဖွဲ့  (FCMF) က ထုတ်ပြန်သည်။

ယနေ့ နို၀င်ဘာလ ၁၃ ရက်နေ့စွဲဖြင့် ထုတ်ပြန်သော FCMF ၏ ထုတ်ပြန်ချက်ထဲတွင် ဖလမ်းမြို့တွင် ခရစ္စမတ်ကာလအတွင်း မြို့၊ လူနေအိမ်နှင့် ဘုရားကျောင်းအဆောက်အအုံ အပြင်ပိုင်းနေရာများအား အလှဆင်ခြင်း၊ စားသောက်ပွဲများ ဆူညံစွာ ကျင်းပခြင်း၊ လှည့်လည်ဆုတောင်း သီချင်းဆိုခြင်း (Carol Singing) များ မပြုလုပ်ကြရန် ဖော်ပြထားသည်။

”ခရစ္စမတ်ပွဲလုံးဝမလုပ်ဖို့ပြောတာမဟုတ်ဘူး၊ ခရစ္စမတ်ပွဲရယ်၊ နှစ်သစ်ကူးကြိုဆိုတဲ့ပွဲတွေဆိုရင် လုပ်နိုင်တဲ့သူရှိရင် မိမိရဲ့ဘုရား ကျောင်းထဲမှာ အေးအေးဆေးဆေးပဲ ဘုရားကိုကိုးကွယ်ခြင်း၊ချီးမွှမ်းခြင်းအားဖြင့်ပဲအသုံးပြုဖို့ထုတ်တာဖြစ်တ ယ်။ပျှော်ပွဲရွှင်ပွဲသဘောအနေနဲ့ လုံးဝမလုပ်ဖို့။ ဒီအချိန်က ကျွန်တော်တို့နိုင်ငံမှာ မတည်ငြိမ်ဖြစ်နေတဲ့အချိန်မှာ မြို့ထဲမှာ ပုံမှန်ဘဝပုံစံမျိုးဖြစ်နေတာကို ကျွန်တော်တို့မလိုချင်ဘူး။” ဟု ဖလမ်းခရစ်ယာန်ဂိုဏ်းပေါင်းစုံဆရာတော်များမိတ်သဟာရ အဖွဲ့ဝင် ဆရာတော်တပါးက ပြောသည်။

လက်ရှိနိုင်ငံရေးအခြေအနေ၊ စစ်ရေးအခြေအနေများကြောင့် ပြည်သူများ စစ်ဘေးဒုက္ခကြောင့် စစ်ရှောင်နေရချိန်၊ ဝမ်းနည်း ပူးဆွေးနေရချိန်နှင့် နေအိမ်မီးလောင်မှုများကြုံနေရသည့်အချိန်တွင် မြို့ပေါ်တွင်နေထိုင်သောပြည်သူများအနေဖြင့် ပျော်ပွဲ ရွှင်ပွဲကျင်းပခြင်းမျိုးမပြုလုပ်ရန် တားမြစ်ထားခြင်းဖြစ်သည်ဟု သိရသည်။

ချင်းပြည်နယ်တွင် ကိုဗစ်ကပ်ရောဂါနှင့် လက်ရှိနိုင်ငံရေးအခြေအနေအမျိုးမျိုးကြောင့် ခရစ်ယာန်များ မြတ်နိုးတန်ဖိုးထား သောပွဲနေ့ရက်များ မကျင်းပနိုင်သည်မှာ ၃ နှစ်ခန့်ရှိလာပြီဖြစ်ဖြစ်သည်။

“ခရစ္စမတ်ပွဲ၊နှစ်သစ်ကူးပွဲတွေက ခရစ်ယာန်တွေအတွက်ဆိုရင် အဓိကကျတဲ့ပွဲတခုလိုဆိုတော့ တိုင်းပြည်အခြေအနေက ဒီအချိန်အခါမှာ ဒါမျိုးလုပ်ရင်တော့ ပြည်သူလူထုတွေအတွက်လည်း မကောင်းဘူးပေါ့၊ အဲ့ဒါကြောင့် မလုပ်တာအကောင်း ဆုံးပဲပေ့ါ ကျွန်တော်မြင်တယ်” ဟု ခရစ်ယာန်ပါစတာတစ်ဦးကပြောသည်။

ချင်းပြည်နယ် ဟားခါးမြို့ပေါ်တွင်လည်း ခရစ္စမတ်ပွဲနှင့်နှစ်သက်ကူးပွဲတော်များကို စည်စည်ကားကားဖြင့်မကျင်းပရန် ဟားခါးမြို့ ခရစ်ယာန်ဂိုဏ်းပေါင်းစုံဓမ္မအမှုတော်ဆောင်များအဖွဲ့(HCMF) က နိုဝင်ဘာလ ၁၁ ရက်နေ့က ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကျဆုံးသူ ရဲဘော်တချို့လည်းရှိခဲ့ကာ စစ်ကောင်စီ ဘက်က ငါးယောက်ထက်မနည်း ကျဆုံးခဲ့သည် ဟု CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက အာအက်အေသတင်းဌာနကို အတည်ပြုဖြေကြားသည်။

စစ်ကောင်စီဘက်မှ ဗိုလ်မှူးတစ်ဦးအပါအဝင် ခုနှစ်ယောက် လက်နက်ချခဲ့ပြီး အများစုမှာ အိန္ဒိယနိုင်ငံဘက် ထွက်ပြေးသွားသူများလည်းရှိသည်ဟု ဆလိုင်းထက်နီက အတည်ပြုထားသည်။

ယင်းတပ်စခန်း ၂ ခုသည် အိန္ဒိယ- မြန်မာ အမှတ် ၂ ကုန်သွယ်ရေးစခန်းတည်ရှိရာ ရိခေါဒါရ်မြို့တွင်ရှိသောကြောင့် စစ်ကောင်စီ၏ ကုန်သွယ်ရေးနှင့် စီးပွားရေကို ဖြတ်တောက်လို၍ သိမ်းခြင်းဖြစ်သည်ဟု သိရသည်။ 

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ လေကြောင်းပစ်ကူနှင့် လက်နက်ကြီးပစ်ကူ အများအပြားအသုံးပြုခဲ့သောကြောင့် အရပ်သားပြည်သူ ၁၀ ယောက်ခန့် ဒဏ်ရာရရှိခဲ့ပြီး အိန္ဒိယနိုင်ငံဘက်တွင်လည်း လက်နက်ကြီးများ ကျရောက်ခဲ့သောကြောင့် စစ်ဘေးရှောင်တစ်ဦးသေဆုံးကာ ကလေးတစ်ဦးနှင့် လူကြီးတစ်ဦး ဒဏ်ရာများရရှိခဲ့သည်ဟု သိရသည်။

တိုက်ပွဲကြောင့် ရိဒ်ခေါ်ဒါရ်မြို့ ဒေသခံပြည်သူများအားလုံး တဖက်အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့ စစ်ဘေးရှောင်နေရသည်ဟုသိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

သင်္ချိုင်းအုတ်ဂူမှာ မီဇိုးဘာသာစကား မသုံးလိုသူများအတွက် သင်္ဂြိုဟ်ခွင့်မရှိကြောင်း Zokhawthar YMA က အသိပေး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.