Author: Editor

တရားဝင်အစိုးရဖြစ်ရေးအတွက် စစ်ကောင်စီက ဦးဆောင်ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲကို ချင်းပြည်နယ် ဖလမ်းမြို့နယ်နှင့် အထက်ချင်းတွင်းဒေသအတွင်း ကျင်းပပြုလုပ်ခြင်းမရှိစေရန် ချင်းအမျိုးသားအဖွဲ့ချုပ် CNO/CNDF က လုံးဝတားမြစ်ထားသည်ဟု ယနေ့ဇန်နဝါရီလ ၁၁ ရက်နေ့စွဲဖြင့် ကြေညာချက် ထုတ်ပြန်လိုက်သည်။ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) စစ်ဌာနချုပ်ရုံး (War Office), Camp Rihli, Chinram ၌ ဇန်နဝါရီလ (၆) ရက်မှ (၉) ရက်နေ့အထိ (၄) ရက်တိုင်တိုင် ကျင်းပပြုလုပ်သော ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့၏ ဒုတိယအကြိမ်မြောက် ညီလာခံအစည်းအဝေးအပြီးတွင် စစ်ကောင်စီ၏ ရွေးကောက်ပွဲနှင့်ပတ်သက်၍ ထိုကဲ့သို့ သဘောထားထုတ်ပြန်လာခြင်းဖြစ်သည်။ “လက်နက်မဲ့ပြည်သူလူထုများကို အကြမ်းဖက်သတ်ဖြတ်၊ ပြည်သူ့အိုးအိမ်များကို အကြောင်းမဲ့မီးရှို့ဖျက်စီး၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအပေါ် စစ်ကြောင်း အဆမတန်ဖြင့် တိုက်ခိုက်နေသည့်အပြင် လေကြောင်းဖြင့်ပါ တိုက်ခိုက်နေသည့် အကြမ်းဖက်စစ်ကောင်စီ၏ တရားဝင်အစိုးရဖြစ်ရေးအတွက် ဦးဆောင်ပြုလုပ်မည့် ရွေးကောက်ပွဲအား ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်နှင့် အထက်ချင်းတွင်းဒေသအတွင်း ပြုလုပ်ခြင်းမရှိရန် CNO/CNDF မှ လုံးဝတားမြစ်သည်။ တားမြစ်သည့်ကြားမှ ထိုရွေးကောက်ပွဲအထမြောက်အောင် ကူညီမည့် မည်သည့်ပုဂ္ဂိုလ်မျိုးမဆို CNO/CNDF မှ ပြင်းထန်စွာ အရေးယူသွားမည်ဖြစ်သည်” ဟု CNO/CNDF ၏ ကြေညာချက်တွင်ဖော်ပြထားသည်။ CNO/CNDF အနေဖြင့် အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေး၊ ချင်းအမျိုးသားတည်ဆောက်ရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်ရေးအတွက် တော်လှန်ရေးအင်အားစုများနှင့်အတူ ဆုံးခန်းတိုင်အောင် ဆက်လက် တိုက်ပွဲဝင်သွားမည်ဟုလည်း ဆိုပါသည်။ ၄ ရက်ကြာကျင်းပပြုလုပ်သော ထိုညီလာခံ အစည်းအဝေးတွင် ကိုယ်စားလှယ်(၆၀)ဦးနှင့် စောင့်ကြည့်လေ့လာသူ (၃၀) ဝန်းကျင်ခန့်၊ စုစုပေါင်း (၉၀) ဦးခန့် တက်ရောက်ခဲ့ကြပြီး ချင်းအမျိူးသားကာကွယ်ရေးတပ်ဖွဲ့ရှိ ဌာနအသီးသီးနှင့် တပ်မဟာ၊…

Read More

ချင်းအမျိုးသားတပ်ဦး CNF/A ဗဟိုဌာနချုပ် ဝိတိုရိယ (Camp Victoria) စခန်းကို စစ်ကောင်စီက ယနေ့ ညနေပိုင်း ၅ နာရီဝန်းကျင်ခန့်က လေကြောင်းကနေ ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီဟာ တိုက်လေယာဉ် ၂ စီးနဲ့ CNF ဗဟိုဌာနချုပ်က မဟာဗျူဟာကုန်းနဲ့ ပြင်ပလူနာဌာနဆေးခန်း၊ ဆေးဂိုဒေါင်ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပြီး ဗုံး ၂ ကြိမ် ကြဲချခဲ့တယ်လို့ ခိုင်လုံတဲ့သတင်းရင်းမြစ်က ဆိုပါတယ်။ “ဒီနေ့ နှစ်လုံးထပ်ပစ်တာ မဟာဗျူဟာကုန်းမှာပစ်တာ ပြီးတော့ ပြင်ပလူနာဌာန ဆေးခန်းတွေ၊ ဆေးဂိုဒေါင်တွေက တော်တော်ပျက်သွားတယ်” လို့ ခိုင်လုံတဲ့သတင်းရင်းမြစ်က ဆိုပါတယ်။ ယနေ့ ထပ်မံဗုံးကြဲတိုက်ခိုက်ခံရမှုမှာ လူထိခိုက်ဒဏ်ရာရရှိတာ မရှိဘူးလို့ သူက ဆက်ပြောပါတယ်။ စစ်ကောင်စီဟာ ယမန်နေ့ ဇန်နဝါရီလ ၁၀ ရက်နေ့ ညနေပိုင်း ၄ နာရီခွဲလောက်မှာ CNF/A ဗဟိုဌာနချုပ်ကို လေကြောင်းကနေ ဗုံး ၅ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ချင်းအမျိုးသားတပ်မတော် တပ်သား ရဲမေ ၂ ဦးအပါအဝင် ၅ ဦး ကျဆုံးခဲ့ရပါတယ်။

Read More

ချင်းအမျိုးသားတပ်ဦး CNF/A ဗဟိုဌာနချုပ် ဝိတိုရိယစခန်း ဗုံးကြဲတိုက်ခိုက်ခံရမှုအပေါ် ပြင်းထန်စွာရှုတ်ချပြီး စစ်ကောင်စီ ကို အမြစ်ပြတ်ချေမှုန်းလိုသည့် ချင်းလူမျိုးများ၏ နာကြည်းမှုနှင့် သန္နိဌာန်ကို ပိုမိုအားသစ်လောင်းပေးရာရောက်သည်ဟု ကြားကာလချင်းအမျိုး သားအတိုင်ပင်ခံကောင်စီ ICNCC ပြောဆိုလိုက်သည်။ ဝိတိုရိယစခန်းအပါအဝင် ချင်းပြည်အတွင်း စစ်ကောင်စီတပ်ဖွဲ့၏ လေကြောင်းမှပစ်ခတ်တိုက်ခိုက်မှုများသည် နိုင်ငံရေးအရ အလွန်ပင် မှားယွင်းသည့်လုပ်ရပ်ဖြစ်ပြီး၊ လူမျိုးရေး အရလည်း ပြန်လည်ဖြေဆည်ရာခက်ခဲသည့် စိတ်ဒါဏ်ရာများကို ပိုမိုနက်ရှိုင်းခိုင်မာသွားစေမည်ဖြစ်သည်ဟု ICNCC ၏ ဇန်နဝါရီလ ၁၀ ရက်နေ့စွဲဖြင့်ထုတ်ပြန်သောကြေညာချက်တွင် ဖော်ပြထားသည်။ “ဤကဲ့သို့ ပြုမူခြင်းအားဖြင့် စစ်ကောင်စီကို အမြစ်ပြတ်ချေမှုန်းလိုသည့် ချင်းလူမျိုးများ၏ နာကြည်းမှုနှင့် သန္နိဌာန်ကို ပိုမိုအားသစ်လောင်းပေးရာ ရောက်ပေသည်။ ချင်းလူမျိုးများအနေဖြင့် စစ်ကောင်စီ ၏ ဖိနှိပ်တိုက်ခိုက်မှုများကို ဆက်၍ တွန်းလှန်ခုခံသွားမည်သာဖြစ်သည်” ဟု ICNCC ၏ ကြေညာချက်တွင်ဖော်ပြထားသည်။ “လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုသည် လူမဆန်သောလုပ်ရပ်ဖြစ်သည်သာမက၊ နိုင်ငံတော်အာဏာကို စစ်တပ်က မတရားလုယူပြီးနောက်ပိုင်းဖြစ်ပေါ်လာသော ချင်းလူမျိုးများအပါအဝင် တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံး၏ သဘောထားနှင့် လိုလားချက်များကို ပြောင်ပြောင်တင်းတင်း မျက်ကွယ်ပြုကာ နိုင်ငံရေးနည်းလမ်းဖြင့် အဖြေမရှာလိုသော စစ်ကောင်စီ၏ သဘောထားအမှန်ကို အတိအလင်း ဖော်ပြချက်လည်းဖြစ်သည်” ဟု ICNCC က ဆိုသည်။ ထို့အပြင် စစ်ကောင်စီအနေဖြင့် ၂၀၂၃ ခုနှစ်ကုန်အထိ အပစ်အခတ်ရပ်စဲမည်ဟု ထုတ်ဖော်ပြောဆိုချက်သည်လည်း အလိမ်အညာသက်သက်သာဖြစ်ကြောင်း ၎င်းတို့ကိုယ်တိုင် ဝန်ခံနေခြင်းပင်ဖြစ်သည်ဟု ICNCC က ပြောဆိုသည်။ ချင်းပြည်နယ် ထန်တလန်မြို့နယ် အိန္ဒိယ-မြန်မာနယ်စပ်အနီးတွင်တည်ရှိသော CNF/A ဗဟိုဌာနချုပ်ကို ယမန်နေ့ ဇန်နဝါရီ ၁၀ ရက် ညနေပိုင်း ၄…

Read More

ချင်းပြည်နယ် ထန်တလန်မြို့နယ် အိန္ဒိယ-မြန်မာနယ်စပ်အနီးတွင်တည်ရှိသော ချင်းအမျိုးသားတပ်ဦး CNF/CNA ဗဟိုဌာန ချုပ် ဝိတိုရိယစခန်းကို စစ်ကောင်စီတပ်က ယနေ့ညနေပိုင်း ၄ နာရီခန့်က တိုက်လေယာဉ်နှင့်ဗုံးကြဲတိုက်ခိုက်မှုတွင် ချင်းအမျိုးသားတပ်မတော်မှ ရဲမေ ၂ ဦးအပါအဝင် ၅ ဦးကျဆုံးခဲ့သည်ဟု သိရသည်။ စစ်ကောင်စီတပ်ဖွဲ့၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျဆုံးသွားသော ချင်းအမျိုးသားတပ်မတော် CNA ရဲဘော် ၅ ဦးမှာ ဆလိုင်းဗန်ရိုပြန်၊ ဆလိုင်းဒုသင်၊ ဆလိုင်ကီလ်မန်၊ မိုင်ငွန်လှေပါရ်နှင့် မိုင်ရွှေလဲန်ပါရ်တို့ဖြစ်ကြသည်။ စစ်ကောင်စီ၏ တိုက်လေယာဉ်သည် ဝိတိုရိယစခန်းကို အနည်းဆုံး ၅ ကြိမ်ခန့်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အိန္ဒိယပိုက်နက် မီဇိုရမ်ပြည်နယ်ဘက်သို့လည်း ဗုံးကျရောက်ပေါက်ကွဲခဲ့သည်ဟု သိရသည်။ Photo Crd

Read More

ကလေးမြို့၊ တာဟန်းရပ်ကွက်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့က သေနတ်ရမ်းသမ်းပစ်ခတ်မှုကြောင့် အနီးရှိ နေအိမ်အတွင်းမှ ပြည်သူတစ်ဦး ကျည်ဆံထိမှန် သေဆုံးခဲ့သည်ဟု သိရသည်။ တာဟန်းရပ်ကွက် ဝယ်စလီဆေးရုံလမ်းထောင့်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းကို ဇန်နဝါရီလ ၉ ရက်နေ့ မနက်ပိုင်း ၁၁ နာရီခန့်တွင် PDF (Kalay) တပ်ဖွဲ့၏ မြို့ပြပျောက်ကြားစစ်ဆင်ရေးတပ်ဖွဲ့ (Operation MoMo) က ရုတ်တရက် ဝင်ရောက်တိုက်ခိုက်ခဲ့ရာတွင် စစ်ကောင်စီတပ်ဖွဲ့က သေနတ်ရမ်းသမ်းပစ်ခတ်မှုကြောင့် အနီးနားရှိနေအိမ်အတွင်း နေထိုင်နေေသာပြည်သူတစ်ဦး ကျည်ဆံထိမှန်သေဆုံးခဲ့ခြင်းဖြစ်သည်ဟု PDF (Kalay) က ထုတ်ပြန်သည်။ ယင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဘက်က သေဆုံးမှုရှိနိုင်သော်လည်း အတည်မပြုနိုင်ကြောင်း၊ ကာကွယ်ရေးတပ်ဖွဲ့ဘက်က အထိခိုက်မရှိပြန်လည်ဆုတ်ခွါနိုင်ခဲ့သည်ဟု ဆိုသည်။ အလားတူ ဇန်နဝါရီလမနက်ပိုင်းကလည်း PDF-Kalay မြို့ပြပျေက်ကြားစစ်ဆေးရေးတပ်ဖွဲ့ (Operation MoMo) မှ တာဟန်းရပ်ကွက်၊ ဒိုးဝန်းချောင်းလမ်းတွင် ကင်းလှည့်သွားလာသော စစ်ကောင်စီတပ်ဖွဲ့များကို အသင့်တပ်ဆင်ထားသောမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၃ ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိနိုင်သည်ဟု သိရသည်။

Read More

ဟားခါးမြို့၊ ချင်းဦးစီးရပ်ကွက်တွင် ယနေ့ ဇန်နဝါရီလ ၁၀ မနက်ပိုင်းတွင် နေအိမ် ၃ လုံး မီးလောင်ပြာကျသွားပြီး လူထိခိုက်သေဆုံးမှုမရှိကြောင်း ဟားခါးမြို့ခံတစ်ဦးက ပြောသည်။ “ကျမတို့သိတဲ့အချိန်က ၁၂ နာရီအကျော်မှာ ၃ အိမ်လောက်လောင်နေပြီ။ လျှပ်စစ်မီးကြောင့်လို့ပြောကြတယ်။ အိမ်ကတိုင်ပဲကျန်တော့တယ်။ လူကပြေးတယ် ပစ္စည်းတွေကဘာမှထုတ်လို့မရဘူး။ မီးသတ်ကားမလာရင် ၄ အိမ်လောက်လောင်မယ်” ဟု ဟားခါးမြို့ခံတစ်ဦးက ပြောသည်။ မီးလောင်မှုဖြစ်ပွားပြီးနောက် မီးငြိမ်းသတ်ရန် မီးသတ်ကား (၃) စီးရောက်လာကာ (၄) အိမ်မြောက်နေအိမ်အား မကူးစက်မှီငြိမ်းသတ်နိုင်ခဲ့သည်ဟု သိရသည်။ အဆိုပါမီးလောင်သည့်နေအိမ်မှာ ဦးဒန်မန်း၊ ဦးဇမ်ဘိတ်နှင့် ဦးမန်းဟရင်တို့နေအိမ်ဖြစ်ကြပြီး စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သိရသည်။

Read More

၂၀၂၃ ခုနှစ်ဟာ ချင်းတစ်မျိုးသားလုံးအတွက် အင်မတန်မှအရေးပါတဲ့ကာလဖြစ်ပြီး ပိုမိုအားကောင်းတဲ့ ချင်းပြည်ထောင် တည်ဆောက်ရေးအတွက် အဓိကကျမယ့်နှစ်ဖြစ်တယ်လို့ ချင်းကာကွယ်ရေးတပ်ပေါင်းစုကော်မတီ CJDC ဥက္ကဌက ပြောဆိုလိုက်ပါတယ်။ CJDC ဥက္ကဌ ဆလိုင်းတလာဟဲက ဇန်နဝါရီလ ၁ ရက်နေ့စွဲနဲ့ထုတ်ပြန်တဲ့ သူရဲ့နှစ်သစ်သဝဏ်လွှာမှာ ၂၀၂၃ ခုနှစ်ဟာ “ချင်းပြည်ထောင်တည်ဆောက်ရေး (Chin Nation- Building) နှစ်” ဆိုတဲ့ ဆောင်ပုဒ်နဲ့ ချင်းအမျိုးသားတော်လှန်းကို ဆက်လက်တိုက်ပွဲဝင်သွားကြရမယ်လို့ဆိုပါတယ်။ အဲဒီလိုတိုက်ပွဲဝင်ကြတဲ့နေရာမှာ ပြည်သူတွေအနေနဲ့ မိမိတို့ဒေသနဲ့ မြို့နယ်အဆင့်များကို ကျော်လွန်ပြီး အမျိုးသားတစ်ရပ်အဆင့်အနေဖြင့် စုစည်းနိုင်ရေးကို အားထုတ်ကြိုးပမ်းကြဖို့ကိုလည်း CJDC ဥက္ကဌ က တိုက်တွန်းထားပါတယ်။ ယခုလိုအရေးကြီးတဲ့ကာလမှာ နေရာဒေသအသီးသီးမှာရှိနေကြတဲ့ ချင်းလူမှုအဖွဲ့အစည်းက တာဝန်ရှိပုဂ္ဂိုလ်တွေ၊ ဘာသာပေါင်းစုံက သာသနာပြုဂ္ဂိုလ်တွေ၊ ဘာသာရေးဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်တွေအနေနဲ့ ယခုဆင်နွှဲနေတဲ့ အမျိုးသားတော်လှန်ရေးမှာ ချင်းပြည်သူတစ်ရပ်လုံး နိုးကြားမှုရှိစေရေးအတွက် ပူးပေါင်းဆောင်ရွက်ကြဖို့ကိုလည်း မေတ္တာရပ်ခံထားပါတယ်။ ၂၀၂၂ ခုနှစ်အတွင်း ချင်းအမျိုးသားတော်လှန်ရေးမှာပါဝင်ကြတဲ့ တော်လှန်ရေးရဲဘော်များအားလုံးနဲ့အတူ CJDC အဖွဲ့ဝင်အသီးသီးထံ ငွေကြေားအားဖြင့်ဖြစ်စေ၊ မိမိတို့တတ်စွမ်းနိုင်တဲ့ အခန်းကဏ္ဍအသီးသီးကနေ ကူညီထောက်ပို့ခြင်းအားဖြင့်ဖြစ်စေ ကျရာတာဝန်ကို ကျေပြွန်စွာ ပါဝင်ထမ်းဆောင်ကြသူများအားလုံးအပေါ် ဦးညွတ်ဂါရဝပြုကြောင်း၊ နောင်အနာဂတ်မှာလည်း ဆထက်ထမ်းပိုး ဆက်လက်ပါဝင်ထမ်းဆောင်ကြဖို့ နှိုးဆော်ထားပါတယ်။ Chinland Joint Defense Committee (CJDC) ဟာ ချင်းအမျိုးသားတပ်ဦး CNF အပါအဝင် နွေဦးတော်လှန်ရေးကနေ ပေါက်ပွားလာကြတဲ့ ချင်းပြည်နယ်က မြို့နယ်နဲ့ ဒေသအလိုက် ဖွဲ့စည်းထားသော ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၈ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ တပ်ပေါင်းစုကြီးဖြစ်ပါတယ်။ Zawgyi ၂၀၂၃ ခုနှစ်ဟာ ချင်းပြည်ထောင်တည်ဆောက်ရေးအတွက်အဓိကကျမယ့်နှစ်ဟု CJDC ဥက္ကဌပြော…

Read More

ချင်းပြည်နယ်၊ မင်းတပ်မြို့အနောက်ဘက် (၅) မိုင်အကွာ တက္ကသိုလ်ကျောင်းဝန်းအနီးမှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်သားတွေက ဒေသခံပြည်သူအမျိုးသား (၃) ဦးကို ဖမ်းဆီးပြီး သတ်ဖြတ်ခဲ့တဲ့ ရုပ်အလောင်းတွေကို မိသားစုဝင်တွေက တွေ့ရှိခဲ့ကြတယ်လို့ သိရပါတယ်။ ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၇ ရက်နေ့က မင်းတပ်မြို့အခြေစိုက် ခလရ ၂၇၄ တပ်ရင်းက စစ်ကောင်စီတပ်ဖွဲ့တွေ ကင်းလှည့်နေစဉ်မှာ အဲဒီပြည်သူ ၃ ဦးကို ဖမ်းဆီးပြီးနောက် သူတို့ထဲက နှစ်ဦးရဲ့ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့ကြပြီး ကျန်တစ်ဦးကိုတော့ ခုထိမတွေ့ရသေးဘူးလို့ မင်းတပ်မြို့ခံတစ်ဦးက ပြောပါတယ်။ “သူတို့မြို့အနီးအနားကင်းလှည့်ရင်းနဲ့တွေ့လို့ဖမ်းတာ။ ၉ မိုင်လောက်မှာဖမ်းပြီး ၄မိုင်လောက်မှာ အလောင်း ပြန်တွေ့တယ်။ တယောက်ကတော့ အသေအချာမသိရသေးဘူး၊ နှစ်ယောက်ကျတော့ သေချာတယ်။ နှစ်ယောက်ရဲ့အလောင်း ကိုပြန်တွေ့တာ ဆွေမျိုးအသိုင်းအဝန်းက” စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးပြီးသတ်ဖြတ်ခံရတဲ့ အဲဒီ ၃ ဦးဟာ လုံးခါး၊ ထန်းရိုးနဲ့ နန်းဂီးကျေးရွာက ပြည်သူတွေဖြစ်ကြတယ်လို့ သိရပါတယ်။ မင်းတပ်မြို့ပေါ်မှာ နယ်မြေခံတပ်ရင်း ၂၇၄ မှာ စစ်ကောင်စီက အင်အားဖြည့်တင်းထားပြီး နေ့တိုင်း လမ်းမပေါ် ကင်းလှည့်စစ်ဆေးမေးမြန်းတာမျိုး ရှိနေတယ်လို့လည်း သိရပါတယ်။ စစ်ကောင်စီရဲ့ ဝါဒဖြန့် Telegram Channel တွေမှာတော့ မင်းတပ်မြို့နယ် ပန်းအော့ကျေးရွာအနီးမှာ ကာကွယ်ရေးတပ်ဖွဲ့နဲ့ ထိတွေ့ပစ်ခတ်မှုရှိပြီးတဲ့နောက် ကာကွယ်ရေးတပ်ဘက်က ကျဆုံးမှုရှိကြောင်းနဲ့ လက်လုပ်တူမီးသေနတ် သိမ်းဆည်းရမိတယ်လို့ ဝါဒဖြန့် စွပ်စွဲထားပါတယ်။ ယခုသတ်ဖြတ်ခံထားရတဲ့ မင်းတပ်ဒေသခံပြည်သူ ၃ ဦးနဲ့ပတ်သက်ပြီး CDF မင်းတပ်ဘက်က တစုံတရာထုတ်ပြန်ထား တာမျိုး မရှိသေးပါဘူး။ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း မကွေးတိုင်း ပခုက္ကူမြို့မှာ ဆေးကုဖို့သွားတဲ့…

Read More

ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) အလှည့်ကျ သဘာပတိအဖွဲ့ဝင် ဆလိုင်းအိုက်ဇက်ခင်နှင့် တွေ့ဆုံမေးမြန်းခြင်း – အပိုင်း (၁) ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်တပ်က အာဏာသိမ်းယူပြီးနောက် နွေးဦးတော်လှန်ရေးစတင်လာခဲ့ကြသည်မှာ ယခုဆိုရင် နှစ်နှစ်နီးပါးရှိလာပြီဖြစ်ပါသည်။ မြန်မာ့နွေဦးတော်လှန်ရေးဘယ်လောက်ထိခရီးပေါက်ပြီလဲ။ လက်ရှိနိုင်ငံရေး၊ စစ်ရေးအခြေအနေကဘယ်လိုရှိနေပါသလဲ။ ဒီကိစ္စနှင့်ပတ်သက်၍ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) အလှည့်ကျ သဘာပတိအဖွဲ့ဝင် ဆလိုင်းအိုက်ဇက်ခင်ကို ခိုနူမ်းသုန်သတင်းဌာနဆက်သွယ်မေးမြန်းထားသည်။ မေး။ ။ ပထမဦးဆုံးအနေနဲ့ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ICNCC ကို ဘယ်လိုစတင်ဖွဲ့စည်းခဲ့ကြလဲ။ ဖြေ။ ။ ဒီ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ICNCC ဆိုတာကတော့ ၂၀၂၁ ဧပြီလထဲမှာ ဒီတော်လှန်ရေးကာလ ချင်းလူမျိုးများရဲ့ နိုင်ငံရေးစုဖွဲ့မှု Platform တစ်ခုအနေနဲ့ ဖွဲ့စည်းခဲ့တာပေါ့နော်။ ဆိုတော့ အဲ့ဒီမှာ ပါတာကတော့ ချင်းအမျိုးသားတပ်ဦး CNF, နောက်ပြီးတော့ ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရပြီးတော့ စစ်ကောင်စီနဲ့ ပူးပေါင်းခြင်းမရှိတဲ့ လွတ်တော်ကိုယ်စားလှယ်တွေ၊ စစ်ကောင်စီနဲ့ ပူးပေါင်းခြင်းမရှိတဲ့ နိုင်ငံရေးပါတီ၊ ချင်းပြည်နယ်အခြေစိုက် နိုင်ငံရေးပါတီတွေ၊ နောက်ပြီးတော့ ဒီ နွေဦးတော်လှန်ရေးမှာ ပါဝင်ဆောင်ရွက်နေကြတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ၊ CDM ကော်မတီ စတာတွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ မေး။ ။ ICNCC အနေနဲ့ အဓိက ဘာတွေလုပ်ဆောင်နေလဲ။ ဘယ်လောက်ထိအရေးပါတဲ့ အဖွဲ့အစည်းဖြစ်လဲ။ ဖြေ။ ။ ဒီတော်လှန်ရေးကာလမှာ ကျွန်တော်တို့လုပ်ရတဲ့ ကိစ္စတွေက နံပါတ် (၁) ကတော့ စစ်အာဏာရှင် စနစ် အပြီးပိုင် ဖြုတ်သိမ်းရေး၊ စစ်အာဏာရှင်စနစ်…

Read More

FactCheck ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၄ ရက်နေ့ နံနက် ၁၁ နာရီအချိန် ကလေးမြို့၊ တာဟန်းရပ်ကွက် ဗိုလ်ချုပ်လမ်းနှင့် ဝယ်စလီဆေးရုံ လမ်းထောင့်တွင် စစ်ဆေးရေးဂိတ်ချထားသော စစ်ကောင်စီတပ်က ပြည်သူ ၂ ဦး စီးနင်းလာသော ဆိုင်ကယ်တစ်စီးကို အကြောင်းမဲ့ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦးသေဆုံးမှုရှိခဲ့သည်ကို စစ်ကောင်စီဝါဒဖြန့် Fact Check ဆိုတဲ့ အကောင့်ကနေ အဲဒီဖြစ်စဉ်ဟာ လုပ်ကြံသတင်းသာဖြစ်ပြီး သေဆုံးမှုမရှိခဲ့ဘူးလို့ သတင်းအမှားကို ဖော်ပြခဲ့ပါတယ်။ Fact Check အကောင့်မှာ ခုလိုဖော်ပြထားပါတယ် “လုပ်ကြံသတင်းတစ်ခုသာဖြစ်ပါတယ်။ ဒီဇင်ဘာလ ၂၄ ရက်နေ့ ကလေးမြို့၊ တာဟန်းရပ်ကွက် ဗိုလ်ချုပ်လမ်းနှင့် ဝယ်စလီဆေးရုံလမ်းထောင့်တွင် စကစတပ်ဖွဲ့ဝင်များမှ ပြည်သူ ၂ ဦးအား ပစ်ခတ်ဖမ်းဆီးတဲ့ဖြစ်စဉ်မရှိကြောင်း ဒေသခံသတင်းများအရ သိရှိရပါတယ်။” လို့ ရေးသားထားတာဖြစ်ပါတယ်။ ကလေးမြို့နယ် ပျဉ်းခုံကြီးကျေးရွာမှာနေထိုင်တဲ့ ပြည်သူနှစ်ဦးဟာ တာဟန်းဈေးအနီးမှာ နာရီပြင်ဖို့အသွား တာဟန်းရပ်ကွက် ဗိုလ်ချုပ်လမ်းနဲ့ ဝယ်စလီဆေးရုံအနီး တောင်ဖီလာလမ်းခွဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကနေ အကြောင်းမဲ့ ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။ အဲဒီဖြစ်စဉ်ကြောင့် ပျဉ်းခုံကြီးကျေးရွာက အသက် ၃၈ နှစ်အရွယ် U Thian Zei Thang ပွဲချင်းသေဆုံးခဲ့ပြီး သူငယ်ချင်းဖြစ်သူ ဦးရာမ်လွေမှာ လက်မောင်းမှာဒဏ်ရရှိခဲ့တယ်လို့ ဦးရာမ်လွေကိုယ်တိုင်က ပြောပါတယ်။ “ကျွန့်တော့သူငယ်ချင်းက မောင်းတာ တားသံ၊အော်သံကြားတော့ ရပ်တာ မသွားခိုင်းတော့ဘူးထင်တယ်ဆိုပြီး သူတို့ကလှမ်းခေါ်တာမျိုးမရှိတော့ သူတို့နဲ့လည်း နည်းနည်း အလှမ်းဝေးသေးတယ် ခေါ်လည်းမခေါ်ဘူးဆိုတော့ နောက်ပြန်လှည့်မယ်ဆိုပြီး လုပ်တဲ့အချိန်မှာ လှမ်းပစ်တာ ကျွန်တော်ရှေ့မှာပဲ ပွဲချင်းဆုံးတာဘာမှလုပ်လို့မရဘူး။ သူတို့မိသားစုရယ် ကျန်ခဲ့တဲ့သားသမီးတွေအတွက် အရမ်းလည်း ဝမ်းနည်းသွားတယ်။…

Read More