(006SV) ချင်းပြည်နယ်၊ မင်းတပ်မြို့အဝင် ဦးဝမ္မသူးမောင်း ပန်းခြံအနီးတွင် စစ်ကောင်စီတပ် ထောင်ထားသည့် မြေမြှပ်မိုင်း နင်းမိ၍ သက်ကြီးအမျိုးသားတစ်ဦး သေဆုံးပြီး အမျိုးသမီးတစ်ဦးမှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။ ယနေ့ စက်တင်ဘာလ ၂၆ ရက် မနက် ၁၀ နာရီခန့်မှာ သက်ကြီး ဒေသခံ ၂ ဦးသည် တောင်ယာသွားစဉ်တွင် စစ်ကောင်စီတပ်က ထောင်ထားသည့် မြေမြှုပ်မိုင်းကို နင်းမိခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။ “မြို့အဝင် ပန်းခြံနားမှာ တောင်ယာသွားတဲ့ သက်ကြီး ဦးလေးတစ်ဦးက စကစ ထောင်ထာတဲ့ နင်းမိုင်းမိပြီ သေဆုံးသွားတယ်။ သူနဲ့ အတူသွားတဲ့ သက်ကြီးပိုင်း အမျိုးသမီးကတော့ ထိခိုက်ဒဏ်ရာ ရရှိမှု နည်းတယ်” ဟု ဒေသခံ သတင်းရင်းမြစ်က ပြော သည်။ ယနေ့ မနက်ပိုင်းတွင် ချင်းကာကွယ်ရေးတပ်ဖွဲ့က မင်းတပ်မြို့ ၂၇၄ တပ်ရင်းထဲသို့ လက်နက်ကြီးဖြင့် လေးကြိမ်ခန့် လှမ်းပစ်ခဲ့ပြီး စစ်ကောင်စီတပ်ကလည်း ၁၂၀ မမ ဖြင့် တိုက်နယ် ၂ ဘက်သို့ ၄ ကြိမ်ခန့် ရမ်းသမ်း၍ ပြန်လည်ပစ်ခတ်ခဲ့သည်ဟု ဒေသခံသတင်း ရင်းမြစ်က ပြောသည်။ “မနက်က CDF ကလက်နက်ကြီး ၄ ချက် ၂၇၄တပ်ရင်းထဲလှမ်းပစ်တယ်လို့ပြောတယ် ထိခိုက်တာတွေ ရှိတယ်တော့ကြားတယ်။ အတိအကျမသိရသေးဘူး” ဟု သူက ပြောသည်။ မင်းတပ်မြို့ပေါ်တွင် စစ်ကောင်စီတပ်နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ – မင်းတပ်တို့အကြား စက်တင်ဘာလ ၂၄ ရက်ညပိုင်းကတည်း ပစ်ခတ်မှုတချို့ ဖြစ်ပွားခဲ့ပြီး…
Author: Editor
ချင်းပြည်နယ် မတူပီမြို့နယ် လိုင်လင်းပီမြို့တွင် ယနေ့စက်တင်ဘာလ ၂၅ ရက်ညနေပိုင်း ၅ နာရီခန့်ကစ၍ စစ်ကောင်စီတပ် ဖွဲ့နှင့် မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (MDF) တိုက်ပွဲဖြစ်ပွားနေသည်ဟု သိရသည်။ ယင်းတိုက်ပွဲကြောင့် မိဘပြည်သူများ လိုင်လင်းပီမြို့သို့ ၀င်ရောက်ခြင်း မပြုလုပ်ရန် စစ်ရေးသတိရှိကြရန်နှင့် နောက်ထပ်အသိပေးထုတ်ပြန်မှုမပြုလုပ်မီ ယခုထုတ်ပြန်ချက်ကို လိုက်နာ ဆောင်ရွက်ကြရန် အလေးအနက်သတိပေးအပ်သည်ဟု MDF က ယနေ့ရက်စွဲဖြင့် ထုတ်ပြန်သည်။ မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (MDF) ပြောရေးဆိုခွင့်ရှိသူ ဒိုဝင်က “ကျွန်တော်တို့ ထိန်းချုပ်နယ်မြေဖြစ်တဲ့ လိုင်လင်းပီမြို့ကို စစ်ကောင်စီတွေက အဝင်ထွက်တွေ ရဲရဲတင်းတင်းလုပ်လာလို့ ကျွန်တ်ောတို့က အဲ့ဒီလုပ်လာတဲ့ အဲ့ဒီစစ်ကောင်စီကို ဝင်ရောက် ထိန်းသိမ်း ဖမ်းဆီးဖို့ လုပ်ရင်းနှင့် ကြိုတင်သတင်းပေါက်ကြားသွားမှုများဖြစ်နေမယ်လား မသိဘူး၊ အဲ့လိုမျိုးဖြစ်သွားတော့ သူတို့က အချိန်မီ လွတ်သွားတယ်။ အဲ့လိုလွတ်သွားတော့ သူတို့ဖက်ကနေ ရမ်းသမ်းပစ်ခတ်မှုတွေလုပ်လာတော့ ကျွန်တော်တို့ဖက်ကလည်း ကြိုကြားလောက်ပါပဲ ပစ်ခတ်မှုတော့ရှိတယ်။ ပြီးရင် ရွာသားတွေလည်း ထိန်လန့်နေရတော့ ပြည်သူတွေ ထိခိုက်၊ အသက်အန္ဒရာယ် ဆုံးရှုံးမှုတွေမကြုံရအောင်လို့ ကျွန်တော်တို့က ကြိုတင်ပြီးမှ သတိပေးတဲ့အနေနဲ့ ထုတ်ပြန်ပေးထားတာ ဖြစ်ပါတယ်” ဟု ပြောသည်။ တိုက်ပွဲဖြစ်ပွားသည့် ဖြစ်စဉ်အခြေအနေများအား ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
(005MK) အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်အစိုးရက မြန်မာနှင့်ထိစပ်နေသော နယ်စပ်တစ်လျှောက် ကီလိုမီတာ ၇၀ ကို ခြံစည်းရိုးခတ်ရန် စီစဉ်နေသည်ဟု သိရသည်။ မဏိပူရ်ပြည်နယ်၀န်ကြီးချုပ် N Biren Singh သည် အိန္ဒိယ-မြန်မာနယ်စပ် ကီလိုမီတာ ၇၀ ခြံစည်းရိုးခတ်ရန် အစီအစဉ်ကို နယ်စပ်လမ်းများအဖွဲ့ Border Roads Organization (BRO)၊ ပြည်နယ်၏ အခြားအကြီးတန်းအရာရှိများနှင့် စက်တင် ဘာလ ၂၄ ရက် တနင်္ဂနွေနေ့က တွေ့ဆုံစဉ် ဆွေးနွေးခဲ့ကြသည်ဟု The Hindustan Times သတင်းဌာနက ဖော်ပြသည်။ ယင်းတွေ့ဆုံမှုသည် နယ်စပ်တစ်ဖက်စီတွင်နေထိုင်ကြသော ပြည်သူများအား တစ်ဖက်နိုင်ငံအတွင်း ၁၆ ကီလိုမီတာအထိ သွားလာခွင့်ပြုသည့် (Free Movement Regime) လွတ်လပ်စွာလှုပ်ရှားသွားလာခွင့်ကို ‘အမြဲတမ်းပိတ်ထားရန်’ ဗဟို အစိုးရကိုတိုက်တွန်းပြီး နောက် တစ်ရက်တွင် အဆိုပါ အစည်းအဝေးကို ကျင်းပခဲ့ခြင်းဖြစ်သည်။ အိန္ဒိယ-မြန်မာ နယ်စပ်တလျှောက် ခြံစည်းရိုးခတ်ရန်စီစဉ်ခြင်းသည် နယ်စပ်ဖြတ်ကျော် တရားမဝင် ၀င်ရောက်လာမှုနှင့် မူးယစ် ဆေးဝါး မှောင်ခိုကူးမှုအား တားဆီးထိန်းချုပ်နိုင်ရန်ဖြစ်သည်ဟု မဏိပူရ်ပြည်နယ် ၀န်ကြီးချုပ်က ပြောကြားခဲ့သည်။ “BRO က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး အင်ဒို-မြန်မာ နယ်စပ်တလျှောက် နောက်ထပ် ကီလိုမီတာ ၇၀ ခြံစည်းရိုး ကာရံဖို့ အစီအစဉ်ကို ညှိနှိုင်းဆွေးနွေးခဲ့ပါတယ်။ အတွင်းရေးမှူးချုပ်၊ DGP နဲ့ ပြည်ထဲရေးဌာနက တာဝန်ရှိသူတွေလည်း ပါဝင်ခဲ့ပါ တယ်။ တစ်ဖက်နိုင်ငံမှ တရားမဝင် မှောင်ခိုကူးသန်းမှုများနှင့် မူးယစ်ဆေးဝါး မှောင်ခိုဝင်ရောက်မှု တိုးလာခြင်းကြောင့် ကျွန်ုပ်တို့၏ နယ်နိမိတ်များကို…
(006SV) စစ်ကောင်စီတပ် အများအပြား အထိနာသည့် ဗာရ်စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲထားသည့် CNDF တပ်မဟာများထဲမှ တပ်မဟာ ၁ ၏ ရဲဘော်များကို မောင်းပြန်တပ်ဆင်ပေးနိုင်ရန်အတွက် CNO/ CNDF မှ သိန်း ၅၀၀၀ ကမ်ပိန်းကို ယနေ့ စတင်ပြုလုပ်သည်ဟု ယင်းအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ “တပ်မဟာ ၁ က ချင်းပြည်နဲ့ စစ်ကိုင်းကြားမှာ ရှိတဲ့ နယ်စပ်ဖြစ်နေတဲ့အတွက် စစ်ရေးစစ်ရာအရမှာ တကယ့် အရေးပါတဲ့ နေရာဖြစ်လို့ပါ။ အဲဒါကြောင့် ကျနော်တို့က ရဲဘော်တွေက လက်နက်အင်အားနည်းနေတော့ စစ်ရေးအတွက် အဓိက ကျတဲ့ နေရာဖြစ်တာရော၊ ရဲဘော်တွေရဲ့ အဝတ်အစားနဲ့ စားဝတ်နေရေးအတွက်ပါ ဒီကမ်ပိန်းကို လုပ်လိုက်ရတာ ဖြစ်ပါတယ်။ ချင်းတို့ရဲ့ တူမီး၊ မောင်းပြန်နဲ့ ပြီး ကမ်းပိန်မှာ စွမ်းအားရှိသ၍ ပါဝင်ပေးကြပါဦးလို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု CNO/CNDF မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းကျုံငိုင်း က ပြောသည်။ အဆိုပါ “ချင်းတို့ရဲ့ တူမီး၊ မောင်းပြန်နဲ့ အပြီ” ရန်ပုံငွေကမ်ပိန်းကို ယနေ့ စက်တင်ဘာလ ၂၅ ရက်မှ နိုဝင်ဘာလ ၁၀ ရက်အထိ ပထမဆုံးအကြိမ်အဖြစ် ပြုလုပ်မှာဖြစ်ပြီး တပ်မဟာ ၁ မှ ရဲဘော်များကို ကာကွယ်ရေးပစ္စည်းများ တပ်ဆင်ပေးနိုင်ရန် သိန်း ငါးထောင်ရရှိရန် မျှော်မှန်းထားခြင်းဖြစ်သည်။ CNDF တပ်မဟာ ၁ သည် ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်အရှေ့ပိုင်းတွင် တည်ရှိပြီး ယင်းတပ်မဟာနယ်မြေအတွင်းရှိ စစ်ကောင်စီ ဗာရ်စခန်းကို ပြီးခဲ့တဲ့ ဧပြီ…
(003PT၊ 006SV) ချင်းပြည်ကောင်စီ ဖွဲ့စည်းထူထောင်ရာတွင် ချင်းတော်လှန်ရေးအင်အားစုများအားလုံး ပါဝင်နိုင်ရေးအတွက် မတက်ရောက်ခဲ့သည့် အဖွဲဝင်များ ပါဝင်လာစေရန် WCCCC ကော်မတီအောက်တွင် ညှိနှိုင်းရေးအဖွဲ့ ဖွဲ့စည်း၍ ဆောင်ရွက်နေသည်ဟု ညှိနှိုင်းရေးအဖွဲ့ ခေါင်းဆောင် Dr. Ngai Tam Mawng က ပြောသည်။ “အဓိကက CJDC မှာ ပါဝင်တဲ့ အဖွဲ့ဝင်တွေကို အခြေပြုပါတယ်။ နောက်ပိုင်းမှာ ဆက်လက်ပြီးတော့ ညှိနှိုင်းသွားဖို့ ရှိပါတယ်။ အခု အစကနေ စပြီးတော့မှ ညှိနှိုင်းရေးအဖွဲ့ကို ဖွဲ့စည်းပြီးတော့ ပါဝင်ပြီးသား အဖွဲ့ဝင်အတွင်းမှာပဲ ဖြစ်ဖြစ်၊ အားလုံးကို ပါဝင်နိုင်အောင် အထဲမှာလည်း ယုံကြည်မှုလည်း တည်ဆောက်ရေးနဲ့ လုပ်ဆောင်သွားမှာဆိုတော့ ညှိနှိုင်းရေးအဖွဲ့လည်း ဖွဲ့ထားတယ်” ဟု Dr. Ngai Tam Mawng က ပြောသည်။ အိန္ဒိယ- မြန်မာနယ်စပ်တစ်နေရာတွင် ပြုလုပ်သည့် ချင်းပြည်ကောင်စီဖွဲ့စည်းရေး မျက်နှာစုံညီ အစည်းအဝေး ကို ချင်းအမျိုးသား တပ်ဦး (CNF)၊ ချင်းလွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်နှင့် ဒေသအခြေပြုအဖွဲ့အစည်း (၁၆)ဖွဲ့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသော်လည်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (၂)ခုက တက်ရောက်ခဲ့ခြင်း မရှိဟု ညှိနှိုင်းရေးအဖွဲ့ ခေါင်းဆောင် က ပြောသည်။ စက်တင်ဘာလ ၇ ရက်မှ ၉ရက်အထိ ကျင်းပပြုလုပ်သည့် ယင်းအစည်းအဝေးပွဲကို ဖလမ်းမြို့နယ်ထဲက ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/ CNDF) နှင့် တီးတိန်းမြို့နယ်ထဲက ဇိုမီးဖက်ဒရယ်ယူနီယံ (ZFU) အဖွဲ့တို့က မတက်ရောက်ခဲ့ခြင်းဖြစ်သည်။ CNO/ CNDF မှ မူဝါဒရေးရာ ပြောရေးဆိုခွင့်ရှိသူ…
(003PT) အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ချင်းပြည်နယ် တီးတိန်နှင့် ရိခေါဒါရ်မြို့ကြားကားလမ်း ပြုပြင်မှု မပြီးသေးသော်လည်း ကားများပြန်လည်သွားလာ၍ရပြီဖြစ်ကြောင်း CDF-Hualngoram လက်အောက် Public Work Department (PWD) အဖွဲ့ဝင်တစ်ဦးကပြောသည်။ “အခုတော့ ပြင်တော့ပြင်နေဆဲပဲ၊ သို့သော် ခရီးအသွားလာတော့ ရတယ်။ ဒါပေမဲ့ လမ်းပြုပြင်နေတုန်းတော့ လမ်းခန တားတာမျိုးတော့ရှိလိမ့်မယ်” ဟု PWD အဖွဲ့ဝင်တစ်ဦးက ပြောသည်။ တီးတိန်-ရိခေါဒါရ်ကြား ကားလမ်းသည် မိုးများပြီးပျက်စီးမှုကြောင့် ကားများသွားလာရန်ခက်ခဲနေသည့် အတွက် ပြီးခဲ့သည့် စက်တင်ဘာလ ၂၂ ကစပြီး ခေတ္တ ကားလမ်းပိတ်ထားပြီး PWD အဖွဲ့မှ ဦးစီးကာ ပြုပြင်မှု လုပ်ဆော င်ခဲ့ခြင်း ဖြစ်သည်။ အိန္ဒိယ-မြန်မာအမှတ် ၂ နယ်စပ်ကုန်သွယ်ရေး တီးတိန်-ရိခေါ်ဒါရ်ကြားလမ်းသည် ယခင် စစ်အာဏာမသိမ်းခင်ထက် ပိုမိုပျက်စီးမှုကြုံတွေ့နေရတာဖြစ်ပြီး လက်ရှိမှာ လမ်းဦးစီးဌာနအပါဝင် ပြင်ထိန်းသူမရှိတာကြေင့် ကားလမ်းများ ပိုမိုပျက်စီးမှုနှင့်ရင်ဆိုင် ကြုံတွေ့နေရသည့်အတွက် CDF-Hualngoram တပ်ဖွဲ့လက်အောက် PWD နှင့် ကုန်သွယ်ရေး အဖွဲ့တို့ပူးပေါင်းကာ ကိုယ်ထူကိုယ်ထဖြင့် ပြုပြင်နေကြခြင်းဖြစ်ကြောင်း သိရသည်။ ကုန်တင်ကားအသွားလာပိုများသည့် အဆိုပါလမ်းကြောင်းသည် အမြဲတမ်းပြင်ထိန်း ပြုပြင်မှုလိုအပ်နေသည့်အပြင် ယခုမိုးတွင်းကာလမှာ ကုန်တင်ကားအပါဝင် ကားအများစုသည် ကားဘီးတွင် ချိန်းကြိုးပတ်ကာ သွားလာနေသည့်အတွက် ကားလမ်းအုံပပျောက်ရုံမက ၁ ပေခွဲ့ခန့် ရွှံ့နွံထူထပ်နေသည်ဟု ဆိုသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၂၁ ရက်နေ့ကလည်း ကားလမ်းပျက်စီးမှုကြောင့် ကုန်တင်းကားအပါဝင် လိုင်းပြေးဆွဲသည့် ကားများ စုစုပေါင်း အစီး ၄၀ ကျော် ပိတ်ဆို့ကာ ခရီးသွားသူများမှာ ယင်းနီးတစ်ဝိုက်ရှိ ကျေးရွာများတွင်…
(006SV+PT) ချင်းတော်လှန်ရေးအတွက် ကြီးမားသည့် အပြောင်းအလဲဖြစ်လာမည့် ချင်းပြည်အစိုးရ ဖွဲ့စည်းပေါ်ပေါက်လာရေးအတွက် ချင်းအမျိုးသားကောင်စီ သို့မဟုတ် ချင်းပြည်ကောင်စီ ဖွဲ့စည်းနိုင်ရန် ချင်းအင်အားစုတွေ ကြိုးစားနေမှုသည် ၂ နှစ်ကျော်ရှိလာပြီးဖြစ်သည်။ နွေဦးတော်လှန်ရေးကာလ မြန်မာနိုင်ငံမှာ ပထမဆုံးပြည်နယ်အစိုးရ ဖွဲ့စည်းနိုင်ဖို့ ချင်းအင်အားစုများ ကြိုးစားခဲ့သော်လည်း ကရင်နီပြည်နယ်အစိုးရ ဖွဲ့စည်း ပြီး လပိုင်းအတော်ကြာမြှင့်သည်အထိ ကောင်စီဖွဲ့စည်းနိုင်ရေးအဆင့်တွင်သာ တန့်နေခဲ့သည်။ ပြီးခဲ့သည့် စက်တင်ဘာလ ဒုတိယပတ်မှာ ချင်းပြည်ကောင်စီဖွဲ့စည်းနိုင်ရေးအတွက် ချင်းအမျိုးသားတပ်ဦး CNF၊ ချင်းလွှတ်တော် ကိုယ်စားလှယ်များ၊ CJDC မှ အဖွဲ့ ၁၆ ဖွဲ့ဖြင့် ဦးဆောင်ဆွေးနွေးပွဲ ပြုလုပ်နေသော်လည်း CNO/ CNDF နှင့် ZFU တို့က ပါဝင် တက်ရောက်ခြင်းမရှိခဲ့ပေ။ ချင်းလဲန်းကောင်စီဖွဲ့စည်းနိုင်ရေး အစည်းအေ၀◌းမှာ တက်ရောက်ခြင်း မရှိသည့် CNO/CNDF ၏ သဘောထားကို CNO/CNDF မှ မူဝါဒရေးရာ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းပီတာထန်းအား ဆက်သွယ်မေးမြန်းထားသည်။ မေး – ချင်းတော်လှန်ရေး အင်အားစုတွေက ချင်းပြည်ကောင်စီ သို့မဟုတ် ချင်းအမျိုးသားကောင်စီ ဖွဲ့စည်းနိုင်ဖို့ ဘယ်လိုကြိုးစားဆောင်ရွက်ခဲ့တယ်ဆိုတာ ရှင်းပြပေးစေလိုပါတယ်။ ဖြေ – မြို့နယ်အလိုက် အဖွဲ့အစည်းတွေ ခေါ်မလား၊ မျိုးနွယ်စုအလိုက် အဖွဲ့အစည်းတွေ ခေါ်မလား၊ စတင်ဖွဲ့စည်းဖို့ တာစူနေ ကတည်းက CSO အဖွဲ့တွေရယ်၊ MP (လွှတ်တော်ကိုယ်စားလှယ်) အစုအဖွဲ့တွေရယ်၊ နိုင်ငံရေး ပါတီတွေရယ် စုဖွဲ့ပြီး ကြား ကာလချင်းအမျိုးသားအတိုင်ပင်ခံ ကောင်စီ ဆိုပြီးတော့မှ ဖွဲ့ခဲ့ကြတယ်။ တစ်နည်းပြောရရင် ချင်းလဲန်းကောင်စီပဲလေ။ အဓိက ကောင်စီဖွဲ့တယ်ဆိုတာက…
(005MK) မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင် Hruaikawn ကျေးရွာအနီးတွင် မူးယစ်ရဲတပ်ဖွဲ့မှ မြန်မာနိုင်ငံသားတစ်ဦးထံ အလေးချိန် ၄ ကီလိုရှိသော Crystal Meth ဟုခေါ်သော စိတ်ကြွမူးယစ်ဆေးတစ်မျိုးကို ယမန်နေ့စက်တင်ဘာလ ၂၁ ရက်ညက ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။ Crystal Meth နှင့်အတူ အဖမ်းခံရသူမှာ ချင်းပြည်နယ် ဖလမ်းမြို့နယ် Bualte ရွာသား အသက် ၃၃ နှစ်အရွယ် Lalrinzauva ဖြစ်ပြီး သူသည် Zokhawthar ကျေးရွာ Bethel စစ်ဘေးရှောင်စခန်းတွင် နေထိုင်သူဖြစ်သည်ဟု မီဇိုရမ်က Bengvarna သတင်းဌာနက ဖော်ပြသည်။ ယခုဖမ်းဆီးရမိသော Crystal Meth သည် မြန်မာနိုင်ငံမှ ၀င်ရောက်လာခြင်းဖြစ်ပြီး မီဇိုရမ်ပြည်နယ်တွင် ရောင်းချရန်မဟုတ်ပဲ အိန္ဒိယပြည်မဘက်သို့ ရောင်းချရန် နယ်စပ်မှ အိုင်ဇောလ်ဘက်သို့ သယ်လာစဉ်မှာ ကျန်ဖိုင်းခရိုင်မှာ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ယခုရက်ပိုင်းအတွင်း မီဇိုရမ်ပြည်နယ်တွင် အိန္ဒိယ-မြန်မာနယ်စပ်မှတဆင့် မူးယစ်ဆေး၀ါး ဘိန်းဖြူနှင့် စိတ်ကြွဆေးပြား ၀င်ရောက်မှု မြင့်တက်နေပြီး မီဇိုရမ်ပြည်နယ်အာဏာပိုင်များကလည်း နေ့တိုင်းလိုလို ဖမ်းဆီးမှုရှိနေသည်။
(003PT၊ 006SV) ခုခံတော်လှန်စစ်အားကောင်းသည့် ချင်းပြည်နယ်တွင် တော်လှန်ရေးအင်အားစုများက ချင်းပြည်ကောင်စီ (Chinland Council) ဖွဲ့စည်းထူထောင်နိုင်ရေးအတွက် ပြင်ဆင်လျက်ရှိပြီး ယင်းအတွက် ဖြစ်မြောက်ရေး ကော်မတီတစ်ရပ်ကို မကြာသေးခင်က ဖွဲ့စည်းခဲ့ကြသည်ဟု သိရသည်။ ချင်းပြည်ကောင်စီဖွဲ့စည်းနိုင်ရေးနှင့်ပတ်သက်၍ ယခုလ ၇ ရက်မှ ၉ ရက်နေ့အထိ အိန္ဒိယ-မြန်မာ နယ်စပ်တနေရာတွင် ချင်းအမျိုးသားတပ်ဦး CNF၊ ချင်းလွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်နှင့်ဒေသအခြေပြု အဖွဲ့အစည်းများမှ ကိုယ်စားလှယ် စုစုပေါင်း (၁၀၈) ဦးတိုသည့် (Pre-Plenary Meeting for Chinland Council) မျက်နှာစုံညီအစည်းအေ၀◌းကို အောင်မြင်စွာကျင်းပခဲ့ကြသည်ဟု Working Committee for Chinland Council Conference (WCCCC) က ယနေ့ စက်တင်ဘာလ ၂၂ ရက်နေ့တွင် ထုတ်ပြန်သည်။ ယင်းမျက်နှာစုံညီအစည်းအေ၀◌းတွင် တော်လှန်ရေးကာလ ချင်းပြည်ဖွဲ့စည်းပုံ အခြေခံဥပဒေ (Chinland Constitution) ပေါ်ပေါ်လာရေး၊ ချင်းပြည်ကောင်စီ (Chinland Council) ဖွဲ့စည်းနိုင်ရေးနှင့် ချင်းပြည်၏ ဥပဒေ ပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီးရင်ရေး မဏ္ဍိုင် (၃) ရပ်ကို ဖွဲ့စည်းထူ ထောင်နိုင်ရေးအတွက် ညီလာခံတစ်ရပ် ခေါ်ယူကျင်းပပြီး ဖော်ဆောင်ရန် တက်ရောက်သူ ကိုယ်စားလှယ်များက သဘောတူခဲ့ကြသည်ဟု သိရသည်။ အဆိုပါညီလာခံခေါ်ယူကျင်းပနိုင်ရေးအတွက် ညီလာခံဖြစ်မြောက်ရေးကော်မတီ Working Committee for Chinland Council Conference (WCCCC) ကို ဖွဲ့စည်းခဲ့ကြခြင်းဖြစ်သည်။ မျက်နှာ စုံညီအစည်းအေ၀◌း၏ တာ၀◌န်ပေးအပ်မှုအရ WCCCC အနေဖြင့် တော်လှန်ရေးကာလ အတွင်း ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေ…
(006SV) မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ကန့်သက်ရွာအနီး အထိုင်ချ တပ်စွဲနေသည့် စစ်ကောင်စီနှင့် ပျူစောထီးပူးပေါင်း စခန်းကုန်းကို ပြည်သူကာကွယ်ရေးတပ် (PDF) နှင့် ချင်းကာကွယ်ရေးတပ် (CDF) များ ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု ယောအမျိုးသား တော်လှန်ရေးတပ်ဖွဲ့ – ထီလင်း (ဂန့်ဂေါခရိုင်တပ်ရင်း – ၁၈) က ထုတ်ပြန်သည်။ စက်တင်ဘာလ ၁၈ ရက် နံနက် ၄ နာရီခွဲခန့်တွင် စစ်ကောင်စီ၏ ပူးပေါင်းစခန်းကုန်းကို တော်လှန်ရေးပူးပေါင်းတပ်များက တိုက်ခိုက်ရာ မိနစ် (၂၀) ခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပျူအပါအဝင် စစ်ကောင်စီတပ်သား (၃) ဦး သေဆုံးခဲ့သည်။ ကျန်စစ်ကောင်စီတပ်ဖွဲ့ဝင်များက စခန်းကို စွန့်ခွာထွက်ပြေးသွားကြပြီး ဒေသကာကွယ်ရေးပူးပေါင်းတပ်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ဂန့်ဂေါခရိုင်တပ်ရင်း ၁၈ က ထုတ်ပြန်သည်။ တိုက်ပွဲမှ ကာဘိုင် (၉) လက်၊ Greener (၆) လက်၊ ကာဘိုင်ကျည်ဘောက် (၁၈) ခု၊ MA ကျည်ဘောက် (၇) ခု၊ ကာဘိုင်ကျည် (၉၀၀)၊ Greener ကျည် ၂၀၀၊ MA ကျည် ၁၅၀ နှင့် အီနာဂါဗုံးသီး (၅) လုံး သိမ်းဆည်းရမိသည်ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်သည်။ ယင်းစခန်းကုန်းတိုက်ပွဲကို ဂန့်ဂေါခရိုင် အမှတ် (၇၊ ၁၈၊ ၁၉ )တပ်ရင်းများ၊ CDF မင်းတပ် တပ်ရင်း (၂)၊ ပုံတောင်ဂဠုန်နှင့် ပုံညာမုန်တိုင်း ပကဖပူးပေါင်းတပ်ဖွဲ့တို့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
