Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ထန်တလန်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ပြီဟု စစ်ကောင်စီ ထုတ်ပြန်လာ

ထန်တလန်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ပြီဟု စစ်ကောင်စီ ထုတ်ပြန်လာ

0
By Editor on October 30, 2023 Khonumthung

ချင်းပြည်နယ် ထန်တလန်မြို့ကို အောက်တိုဘာလ ၂၉ ရက်မှာ ပြန်လည်ထိန်းချုပ်နိုင်ပြီဟု စစ်ကောင်စီက ထုတ်ပြန်လာသည်။ 

စစ်ကောင်စီတပ်ဖွဲ့အနေဖြင့် ထန်တလန်မြို့တွင် အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေး (Counter-Terrorism Operation) ကို စနစ်တကျဆောင်ရွက်ခဲ့ရာမှာ ရက်ပေါင်း ၉၀ ခန့်အကြာ အောက်တိုဘာလ ၂၉ ရက် သတင်းကျွတ်လပြည့်နေ့ ညနေပိုင်းမှာ အောင်မြင်စွာထိန်းချုပ်နိုင်ခဲ့ပြီဟု ယနေ့အောက်တိုဘာလ ၃၀ ရက်နေ့တွင် စစ်ကောင်စီလက်အောက်ခံ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက ကြေညာခဲ့သည်။

စစ်ကောင်စီတပ်ဖွဲ့အနေဖြင့် ဩဂုတ်လကစ၍ ပထမဆင့်အနေဖြင့် ဟားခါးမြို့မှ ၄ မိုင်ခန့်ကွာ‌ေ၀◌းသော သီမြစ်ချောင်း ကူးတံတားအထိ ကနဦးခြေကုတ်ရယူကာ၊ ဒုတိယဆင့်အနေဖြင့် သီမြစ်ချောင်းကူးတံတားမှတဆင့် ထန်တလန်မြို့အ၀◌င် နေရာထိလည်းကောင်း၊ တတိယဆင့်အနေဖြင့် ထန်တလန်မြို့ ပြည်သူ့ဆောက်လုပ်ရေးရုံးနှင့် CB ဘဏ်အထိလည်းကောင်း၊ စတုတ္ထနှင့် နောက်ဆုံးဆင့်အဖြစ် ဆေးရုံကုန်း၊ အခြေခံပညာအထက်ကျောင်းတို့ကို အဆင့်ဆင့်သိမ်းပိုက်ကာ တမြို့လုံးကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်ဟု စစ်ကောင်စီကဆိုသည်။ 

တိုက်ပွဲအတွင်း ချင်းအမျိုးသားတပ်မတော် CNF/CNA ဘက်က တပ်ဖွဲ့၀◌င်တချို့ကျဆုံး ဒဏ်ရာရရှိကြသည့်အပြင် လက် နက်ကြီး လက်နက်ငယ်မျိုးစုံ ၁၈ လက်ကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု စစ်ကောင်စီကဖော်ပြထားသည်။

ထန်တလန်မြို့တွင်  ၂၀၂၁ ခုနှစ် စက်တင်ဘာလကစ၍ စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲ ဖြစ်ပွားလာခဲ့ပြီးနေက် စစ်ကောင်စီတပ်ဖွဲ့က အကြိမ်ကြိမ်မီးရှို့ခဲ့မှုကြောင့် တမြို့လုံးနီးပါး မီးလောင်ပြာကျခဲ့ရသည့်အပြင် ဒေသခံပြည်သူများအားလုံးလည်း ထန်တလန်မြို့ကိုစွန်ခွါကာ အိန္ဒိယနှင့် နယ်စပ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။ 

စစ်ကောင်စီတပ်ဖွဲ့၏ မီးရှို့မှုကြောင့် ထန်တလန်မြို့ထဲက ဘုရားကျောင်းများအပါအ၀◌င် လူနေအိမ်ခြေ နှစ်ထောင်နီးပါးခန့် ပြာကျခဲ့ရပြီး မြို့ထဲတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့များသာ အခြေချတပ်စွဲကာ တိုက်ပွဲပြင်းထန်သော ရှေ့တန်းစစ်မြေပြင်တခုဖြစ်လာခဲ့သည်။

ထန်တလန်မြို့နယ်သည် ချင်းအမျိုးသားတပ်ဦး CNF/CNA ဗဟိုဌာနချုပ် ၀◌ိတိုရိယစခန်းအခြေစိုက်ရာနေရာဖြစ်သည်။

ယခုကဲ့သို့ ထန်တလန်မြို့ကို ပြန်လည်ထိန်းချုပ်ပြီဟု စစ်ကောင်စီက ထုတ်ပြန်လာသည့်ကိစ္စနှင့်ပတ်သက်၍ ချင်းအမျိုးသား တပ်ဦး CNF ဘက်ကို မေးမြန်းရန်ကြိုးစားသော်လည်း ဆက်သွယ်၍မရသေးပေ။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

မြန်မာလိဂ်မှာ ကစားနေသော Chinland FC မှ ချင်းကစားသမား တစ်ပတ်နီးပါးကြာ ပျောက်ဆုံးနေ

ကလေး- တီးတိန်- ဖလမ်း ကားလမ်းပိုင်း ဂိတ်ကြေးပေးဆောင်မှုများသောကြောင့် ကားခမြင့်တက်နေဆဲ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

August 28, 2026

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.