Author: Editor

ကလေးမြို့ အနောက် မြောက်ပိုင်း၊ နန်းချောင်းရွာကို ယမန်နေ့ ဒီဇင်ဘာ ၁၂ နံနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ကြောင်းထိုးဝင်ရောက်လာပြီး ဘုရားကျောင်းအပါအဝင် နေအိမ် ၁၉ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း CNO အထက်ချင်းတွင်းဒေသ ကော်မတီအဖွဲ့ကထုတ်ပြန်သည်။ ယမန်နေ့မနက်ပိုင်းက ပျူစောထီးများနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဆည်တော်ဦးရွာမှတဆင့် နန်းချောင်းရွာကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့များဖြင့် ထိတွေ့မှုဖြစ်ပွါးကြောင်းသိရပြီး တိုက်ပွဲအခြေနေ အသေးစိတ်မသိရပေ။

Read More

မြန်မာ့နွေးဦးတော်လှန်ရေးမှာ စစ်အာဏာရှင်စနစ်ကို တော်လှန်နေကြသော ချင်းပြည်နယ်က မရာမျိုးနွယ်စုထဲက လက်နက်ကိုင်အဖွဲ့ ၂ ဖွဲ့ဖြစ်တဲ့ Chinland Defense Force- Mara(CDF-Mara) နဲ့ Mara Administrative Territorial Council – MATC/MDF တပ်ဖွဲ့တို့ဟာ ယခင်အစောပိုင်းကတည်းက အငြင်းပွားမှုတွေ ဖြစ်ပွားနေခဲ့ရာကနေ အောက်တို ဘာလ ၃ ရက်နေ့ကစလို့ နှစ်ဖက်အကြားစစ်ရေး အခြေအနေတင်းမှာလာခဲ့ပြီးနောက် အောက်တိုဘာလ ၉ ရက်နေ့က ငဖိုင်ပီးကျေးရွာမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြပါတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်ပိုင်း နိုင်ငံတဝန်းလုံးမှာ စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင်ဆန့်ကျင် တော်လှန်ခဲ့ကြပြီး ချင်းပြည်နယ်မှာလည်း မြို့နယ်ကိုအခြေခံပြီး ဖွဲ့စည်းတဲ့ လက်နက်ကိုင်အဖွဲ့နဲ့ မျိုးနွယ်စုကိုအခြေခံပြီး ဖွဲ့စည်းတဲ့ လက်နက်ကိုင်တပ်ဖွဲ့စုစုပေါင်း ၁၈ ဖွဲ့ကျော်ရှိပါတယ်။ CDF-Mara နဲ့ MATC/MDF တို့ဟာ မရာမျိုးနွယ်စုကို အခြေခံပြီး ဖွဲ့စည်းထားတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်ကြပါတယ်။ ဘာကြောင့် မျိုးနွယ်စုတူ လက်နက်ကိုင်တပ်ဖွဲ့တွေအကြား ပဋိပက္ခဖြစ်နေရတာပါလဲ။ သူတို့တပ်ဖွဲ့ ၂ ဖွဲ့ကြား မပြေလည်မှု တွေ၊ အငြင်းပွားမှုတွေက ဘာကြောင့်ပါလဲ။ ဖြေရှင်းဖို့ ဘယ်လိုလုပ်ဆောင်ဖို့လိုအပ်ပါသလဲ။ ဒီကိစ္စနဲ့ပတ်သက်ပြီး CDF-Mara ရဲ့ အကြံပေးပုဂ္ဂိုလ်ဖြစ်တဲ့ Salai Bawi Kung ကို ခိုနူမ်းသုန်ကဆက်သွယ်မေး မြန်းထားပါတယ်။ မေး။ ။ CDF-Mara နဲ့ MATC-MDF အကြားက အဓိကအငြင်းပွားမှုက ဘာလဲ။ မရာမျိုးနွယ်စုအချင်းချင်းကြားမှာ ဘာကြောင့် ခုလို ပဋိပက္ခတွေ ဖြစ်နေရတာလဲ။ အဖြ။ ။ မူဝါဒမတူဘူး၊ လူက မူဆွဲတယ်၊ မူကပဲလူတွေကို သက်ရောက်တယ်။…

Read More

ကလေးမြို့ တောင်ဇလပ်ရပ်ကွက် BMB KTV နှင့် မာဆပ်ဆိုင်သို့ လာရောက်သည့် ကလေးခရိုင် မြန်မာ့စီးပွါးရေးဘဏ်မန်နေဂျာအပါဝင် ၃ ဦးတို့ကို ဒီဇင်ဘာ ၁၀ ရက်နေ့က PDF (Kalay) တပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ကလေးမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့ (KPS) က သတင်းထုတ်ပြန်သည်။ ဖမ်းဆီးခံရသူများမှာ ကလေးခရိုင်မြန်မာ့စီးပွါးရေးဘဏ် မန်နေဂျာ ထွန်းထွန်းနိုင်၊ အငယ်တန်းစာရေး ငြိမ်းခန့်ဇော်နှင့် တပ်ကြပ် မင်းဇော်ဦးတို့ ဖြစ်ပြီး ဒီဇင်ဘာလ ၁၀ မွန်းလွဲ ၁ နာရီက အဆိုပါ KTV ၌ ၎င်းတို့ ၃ ဦး ရောက်နေကြောင်း တာဝန်သိပြည်သူများ၏ သတင်းပေးမှုကြောင့် PDF Kalay တပ်ဖွဲ့ဝင်များမှ သွားရောက်စီးနင်းတိုက်ခိုက် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးရမိသည့် တရားခံများအား တပ်ဖွဲ့ ထိန်းချုပ်ရာနယ်မြေသို့ ခေါ်ဆောင်စဉ် တပ်ကြပ်မင်းဇော်ဦးမှာ ပြန်လည်ခုခံ၍ ထွက်ပြေးရန်ပြုလုပ်သဖြင့် အသေပစ်ခတ်ဖမ်းဆီးခဲ့ကြောင်းလည်း KPS ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဖမ်းဆီးခံရသည့် မန်နေဂျာ ထွန်းထွန်းနိုင်သည် အာဏာသိမ်းစက ဘဏ်ဝန်ထမ်းများ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင် မပါဝင်ကြရန်နှင့် ပါဝင်သူများကို ခြိမ်းခြောက်ခဲ့သူဖြစ်ကြောင်း သိရသည်။ ဖမ်းဆီးရမိထားသော တရားခံများအား အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ရဲချုပ်ရုံး၏ ညွှန်ကြားချက်အရ ကလေးမြို့နယ် တရားသူကြီးအဖွဲ့သို့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က) ဖြင့် တရားစွဲတင်ပို့နိုင်ရေး စီစဉ်ဆောင်ရွက်ထားကြောင်းနှင့် နိုင်ငံတကာလူ့အခွင့်အရေးစံချိန်စံနှုန်းများနှင့်အညီ ကောင်းမွန်စွာထိန်းသိမ်းထားကြောင်း KPS က သတင်းထုတ်ပြန်ထားသည်။ VOK

Read More

ကလေးမြို့အနောက်မြောက်ဘက် နန်းချောင်းကျေးရွာက လူနေအိမ် ၃ လုံးကို စစ်ကောင်စီတပ်ဖွဲ့က ယနေ့နံနက်ပိုင်း ၇ နာရီဝန်းကျင်ခန့်က မီးရှို့ခဲ့ကြသည်ဟု သိရသည်။ ယနေ့နံနက်ပိုင်း ၆ နာရီလောက်ကစ၍ ကလေးမြို့ တာဟန်းရပ်ကွက်မှ လက်ပံချောင်းကျေးရွာဘက်သွားသည့် လမ်းမကြီးအနီးဘက်တွင်တည်ရှိသော နန်းချောင်းကျေးရွာသို့ အင်အား ၁၅၀ ခန့်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့များ ဝင်ရောက်လာပြီး လက်နက်ကြီး လက်နက်ငယ်သံများဆက်တိုက်ထွက်ပေါ်ခဲ့သည်ဟု ချင်းအမျိုးသားအဖွဲ့ချုပ် (အထက်ချင်းတွင်း ဒေသကော်မတီ) က သတင်းထုတ်ပြန်သည်။ အဆိုပါဖြစ်စဉ်ကြောင့် နန်းချောင်းကျေးရွာသားအားလုံးထွက်ပြေးတိမ်းရှောင်နေကြရပြီး စစ်ကောင်စီတပ်သားများ ရွာထဲတွင် ရှိနေသေးသည့်အတွက် တာဟန်း-လက်ပံချောင်းကားလမ်းအား ဖြတ်သန်းသွားလာမည့်သူများ သတိထားသွားလာကြရန် ချင်းအမျိုးသားအဖွဲ့ချုပ် (အထက်ချင်းတွင်း ဒေသကော်မတီ) က တောင်းဆိုထားသည်။

Read More

ကလေးမြို့အနောက်တောင်ဘက် အင်ဒိုင်းကုန်းကျေးရွာတွင် ဒီဇင်ဘာလ ၇ ရက်နေ့က လူနေအိမ်ကို မီးရှို့သည့် စစ်ကောင်စီတပ်ဖွဲ့ကို PDF (Kalay) တပ်ဖွဲ့က မိုင်းခွဲတိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်သား ၁၅ ဦးထက်မနည်း သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်ဟု PDF (Kalay) က ထုတ်ပြန်သည်။ အင်အား ၁၀၀ ခန့်ရှိသော စစ်ကောင်စီတပ်ဖွဲ့သည် ဒီဇင်ဘာလ ၇ ရက်နေ့က ကလေးမြို့ မြို့လှရပ်ကွက်မှ စစ်ကြောင်း ၂ ကြောင်းခွဲကာ အင်ဒိုင်းကုန်းကျေးရွာဘက်သို့ ရောက်ရှိပြီးနောက် နေအိမ်တစ်လုံးအား မီးရှို့ဖျက်ဆီးခဲ့သည်အပြီးတွင် နောက်ထပ်နေအိမ်တစ်လုံး ထပ်မံမီးရှို့ရန် ပြင်ဆင်နေချိန်တွင် PDF (Kalay) မိုင်းတပ်ဖွဲ့မှ အသင့်တပ်ဆင်ထားသော မိုင်း ၄ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ မိုင်းခွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၁၅ ဦးထက်မနည်း သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ပြီး လူနာတင်ကား ၂ စီးဖြင့် လာရောက်သယ်ဆောင်သွားခဲ့ကြသည်ဟု PDF (Kalay) ကဆိုသည်။ မိုင်းခွဲတိုက်ခိုက်မှုပြုလုပ်သည့်နေရာအနီး၌ ဖြတ်သန်းသွားလာသူ ပြည်သူ ၃ ဦး မိုင်းထိမှန်ခဲ့သည့်အပေါ် အနူးအညွတ်တောင်းပန်ကြောင်းနှင့် ပြည်သူများအနေဖြင့် လုံခြုံရေးအထူးသတိပြု၍ စစ်ကောင်စီကို ဝေးဝေးမှ ကြိုတင်ရှောင်ရှားကြရန်လည်း PDF (Kalay) က မေတ္တာရပ်ခံထားသည်။

Read More

မန္တလေးမြို့၊ ဖလမ်းနှစ်ခြင်းခရစ်ယာန်အသင်းတော်မှ သင်းအုပ်ဆရာတော်ကြီး သိက္ခာတော်ရဆရာ သျှန်းလျှန်ဆန်း (Rev- Thian Lian Sang) ကို စစ်ကောင်စီက ယမန်နေ့ ဒီဇင်ဘာလ ၇ ရက်နေ့က အလုပ်ကြမ်းနှင့် ထောင်ဒဏ် နှစ် ၂၀ ကျော် အမိန့်ချမှတ်လိုက်သည်ဟု သိရသည်။ သိက္ခာတော်ရဆရာ သျှန်းလျှန်ဆန်းကို စစ်ကောင်စီတပ်ဖွဲ့က ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့က မန္တလေးမြို့နေအိမ်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ယခုနှစ် ဇွန်လ ၁၅ ရက်နေ့က ပုဒ်မ ၅၀၅ (က) ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့ပြီးနောက် ဒီဇင်ဘာလ ၇ ရက်နေ့တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ၄၉ (က) ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် နှစ် ၂၀ ထပ်မံချမှတ်ကာ စုစုပေါင်းထောင်ဒဏ် ၂၃ နှစ် အမိန့်ချမှတ်ခံရခြင်းဖြစ်သည်ဟု ဆရာတော်၏ မိသားစုဝင်တစ်ဦးက ပြောသည်။ “၅၀၅ (က) ရယ် ၄၉ (က) ရယ် ပုဒ်မနှစ်ခုနဲ့စွဲထားတာ။ ၅၀၅(က) က ဒီနှစ် ဇွန်လ ၁၅ ရက်နေ့က အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ်ချထားတာ။ ၄၉ (က) က မနေ့ကမှ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် အနှစ် ၂၀ ချထားတာ၊ နှစ်ခုပေါင်းရင်တော့ ၂၃ နှစ်ဖြစ်သွားတယ်” ဟု ဆရာတော်၏ မိသားစုဝင်ကပြောသည်။ အသက် ၄၂ နှစ်အရွယ်ရှိသည့်…

Read More

ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲကြောင့် လုံခြုံရေးအကြောင်းပြချက်ဖြင့် စစ်ကောင်စီတပ်ဖွဲ့က လနှင့်ချီပတ်ပင်ထားသည့် ပလက်ဝ-ကျောက်တော်ရေလမ်းကြောင်းကို ဒီဇင်ဘာလ ၃ ရက်နေ့က ပြန်ဖွင့်လိုက်ပြီဟု သိရသည်။ ချင်းပြည်နယ် ပလက်ဝမြို့နှင့် ရခိုင်ပြည်နယ် ကျောက်တော်မြို့ကိုဆက်သွယ်သော ရေလမ်းကြောင်းကို စစ်ကောင်စီတပ်ဖွဲ့က စစ်ရေးအကြောင်းပြချက်ဖြင့် ၃ လကျော်ကြာ ပိတ်ပင်ခဲ့ခြင်းဖြစ်ပြီး မကြားသေခင်ရက်ပိုင်းက AA နှင့် စစ်ကောင်စီအကြား လူသားချင်းစာနာမှုဆိုင်ရာ ယာယီအပစ်ခတ်ရပ်စဲခဲ့ပြီးနောက် ယခုကဲ့သို့ ရေလမ်းကြောင်းများ ပြန်လည်ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။ “ထွက်ခွင့်ရှိတယ်ဆိုတော့ စနေနေ့ကတော့ တစ်စီးထွက်တယ်။ ဒီနေ့ပြန်ဆင်းလာတယ်။ ရေကြောင်းပို့ဆောင်ဆက်သွယ်ရေးကပဲ အစိုးရပိုင်ပေါ့ နှစ်စီးရှိတယ်။ သူက ဇက်ပုံစံ ကားတွေပို့တဲ့ဟာ မနေ့ကခရီးသည်တွေလည်းများတယ်။ ထော်လာဂျီတွေရော၊ ဆိုင်ကယ်၊ ကုန်တွေ၊ စားစရာတွေရော တင်ကြတာပဲ။” ဟု ပလက်ဝမြို့ဒေသခံတစ်ဦးက ပြောသည်။ ပလက်ဝ-ကျောက်တော် ရေလမ်းကြောင်းကို စစ်ကောင်စီတပ်က စစ်ရေးအကြောင်းပြချက်ဖြင့် လနှင့်ချီ ပိတ်ပင်းထားခဲ့သည့်အတွက် ပလက်ဝမြို့တွင် အခြေခံစားသောက်ကုန်များ၊ ဆန်၊ ဆီ၊ ဆားနှင့် လောင်စာဆီများ ပြတ်လပ်ခဲ့ရပြီး ဒေသခံပြည်သူများ အခက်ကြုံခဲ့ကြရသည်။ ယခုကဲ့သို့ ပလက်ဝ-ကျောက်တော် ရေလမ်းကြောင်းများ ပြန်လည်ဖွင့်ပေးသည့်အတွက် ဒေသခံများအတွက်သာမက စစ်ဘေးရှောင်များအတွက်လည်း ရိက္ခာသယ်ယူရေးမှာ အဆင်ပြေလာနိုင်ကြောင်း စစ်ဘေးရှောင်ကူညီရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးကပြောသည်။ “ပြည်သူလူထုဖက်ကစဉ်းစားပေးရင်တော့ ကောင်းတာပေါ့။ တိုက်ပွဲရှောင်တွေက အခု ရိက္ခာပြတ်နေပြီဆိုတော့ ကျွန်တော်တို့လည်း တိုက်ပွဲရှောင်တွေအတွက် ရိက္ခာပြန်တင်လို့ရတာပေါ့၊ ရိက္ခာမပြတ်လပ်တော့ဘူးပေါ့။ မြို့ခံတွေအတွက်ရော အရင်တုန်းက အရမ်းကြပ်တဲ့ဟာတွေ နည်းနည်း ချောင်ချောင်လည်လည်ဖြစ်သွားမယ်လို့ ယုံကြည်ရပါတယ်” ဟု ၎င်းကပြောသည် ပလက်ဝ-ကျောက်တော်ရေလမ်းကြောင်း ပြန်ဖွင့်ပြီဟုဆိုသော်လည်း စစ်ကောင်စီပိုင် မြန်မာ့ရေကြောင်းမှ ဇက်ရေယာဉ်တစီးသာ သွားလာခွင့်ပြုပြီး…

Read More

ချင်းပြည်နယ် ဟားခါးမြို့အခြေစိုက် စစ်ကောင်စီတပ်ရင်း ၂၆၆ မှ တပ်သား ၃ ဦးသည် လက်နက်နှင့်အတူ CDF-Senthang ထံသို့ ခိုလှုံခဲ့ကြသည်ဟု သိရသည်။ အဆိုပါတပ်သား ၃ ဦးသည် ၎င်းတို့နှင့်အတူ MA1 တစ်လက်၊ ကျည်ဘောက်၊ ကျည်ဆံနှင့် လက်ပစ်ဗုံးတို့ပါလာပြီး ထိုက်သင့်သော ဆုကြေားများချီးမြှင့်ကာ လုံခြုံသည့်နေရာသို့ ပို့ဆောင်ပေးခဲ့သည်ဟု CDF-Senthang က ယနေ့ ထုတ်ပြန်သည်။

Read More

စစ်ကိုင်းတိုင်း တမူးမြို့က အမျိုးသမီးတစ်ဦး သတ်ခံရသည့် ဖြစ်စဉ်သည် စစ်ဘက်ဆိုင်ရာကျင့်ဝတ်နှင့် သွေဖည်ပြီး ကျူးလွန်သူ မည်သူမဆို အရေးယူမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရက NUG က ဒီဇင်ဘာ ၅ ရက်နေ့က ထုတ်ပြန်လိုက်သည်။ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အဆိုပါဖြစ်စဉ်အသေးစိတ်နှင့် ဖြစ်စဉ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်သားများ ပါဝင်ပတ်သက်ခြင်းရှိ/မရှိ စုံစမ်းစစ်ဆေးခြင်းလုပ်ငန်းများကို စစ်ဘက်ဆိုင်ရာ ဥပဒေများနှင့်အညီ လုပ်ဆောင်သွားရန် သက်ဆိုင်ရာ စစ်ရေးတာဝန်ရှိသူများအား ညွန်ကြားထားပြီဖြစ်သည်ဟု ဆိုပါသည်။ အဆိုပါဖြစ်စဉ်သည် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်စည်းကမ်းများအရ လုံးဝလက်သင့်မခံနိုင်သည့် ကိစ္စရပ်ဖြစ်သောကြောင့် ဖြစ်စဉ်နှင့်ပတ်သက်သည့် ကွင်းဆက်များကို စုံစမ်းဖော်ထုတ်သွားမည်ဖြစ်ပြီး ကျူးလွန်ခဲ့သူ မည်သူ့ကိုမဆို ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူမည်ဟု NUG ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ တမူးမြို့တွင် ဒလန်ဟုဆိုသော အမျိုးသမီးတစ်ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သတ်ဖြတ်ခဲ့သည့် ရုပ်သံဖိုင်သည် စစ်ကောင်စီနှင့်နီးစပ်သော တယ်လီဂရန်ချန်နယ်များတွင် ဒီဇင်ဘာ ၃ ရက်နေ့ ညပိုင်းက စတင်ပျံ့နှံ့လာခဲ့ရာ လူသုံးများသော Facebook လူမှုကွန်ရက်စာမျက်နှာပေါ်မှာပါ ပျံ့နှံ့လာကာ ဝေဖန်မှုအမျိုးမျိုး ထွက်ပေါ်လာခဲ့သည်။ အဲဒီဖြစ်စဉ်နှင့်ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့က စုံစမ်းစစ်ဆေးမှုများဆောင်ရွက်ပြီး ယခုကဲ့သို့ ထုတ်ပြန်လာခြင်းလည်းဖြစ်သည်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးနှင့် ပြည်သူ့ခုခံတွန်းလှန်စစ်ဆင်နွှဲရာတွင် စစ်ဘက်ဆိုင်ရာဥပဒေများ စစ်ရေးညွန်ကြားချက်များနှင့်အညီသာ စီမံဆောင်ရွက်ကြရန်လိုအပ်ပြီး စစ်ကောင်စီအနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အား ၎င်းတို့ကဲ့သို့အကြမ်းဖက်မှုအား ပြုလုပ်နေသည်ဟု ပုံဖော်ရန်ကြိုးစားနေသည့် ထောင်ချောက်ထဲသို မကျရောက်မိစေရန် အထူးသတိချပ်ရမည်ဟု NUG ကဆိုသည်။ စစ်ကောင်စီတပ်ဖွဲ့မှ ကျူးလွန်နေသော စစ်ရာဇဝတ်မှုများ၊ လူမဆန်သောရက်စက်ကြမ်းကြုတ်မှုများကို အပြီးတိုင် အဆုံးသတ်နိုင်ရေး စစ်ရေးနည်းလမ်းဖြင့် တော်လှန်တိုက်ပွဲဝင်နေကြရသော်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များကဲ့သို့ အသိတရားမဲ့ တရားလက်လွတ်ပြုကျင့်သူများ မဖြစ်စေရေးကိုလည်း ဂရုပြုကြရန်…

Read More

အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ်တောင်ပိုင်း ရှာဟာခရိုင်တွင် မြန်မာနိုင်ငံသား ၄ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ အာသံရိုင်ဖယ်တပ်ဖွဲ့က ဒီဇင်ဘာလ ၃ ရက်နေ့က ဖမ်းဆီးခဲ့သည်ဟု သိရသည်။ ရှာဟာခရိုင် တွီပန်းကျေးရွာဘက်တွင် တရားမဝင်ပစ္စည်းများ သယ်ဆောင်မည်ဟု တိကျသောသတင်းအချက်အလက် ရရှိမှုအပေါ်အခြေခံ၍ အာသံရိုင်ဖယ်နှင့် တွီပန်းရဲတပ်ဖွဲ့တို့သည် ဒီဇင်ဘာလ ၃ ရက်နေ့က စစ်ဆင်ရေးတရပ်ဆောင်ရွက်ရာတွင် ထိုကဲ့သို့ဖမ်းဆီးရမိခြင်းဖြစ်သည်ဟု အာသံရိုင်ဖယ်တပ်ဖွဲ့က ထုတ်ပြန်သည်။ တွီပန်းစစ်ဆေးဂိတ်ကို ကင်ဘိုဆိုင်ကယ် ၃ စီးဖြင့် ရှောင်ကွင်းရန်ကြိုးစား၍ မောင်းနှင်လာသော အဆိုပါမြန်မာနိုင်ငံသား ၄ ဦးကို ရပ်တန့်စစ်ဆေးရာတွင် လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းများကို ဖမ်းဆီးရမိခြင်းဖြစ်သည်ဟု အာသံ ရိုင်ဖယ်တပ်ဖွဲ့ကဆိုသည်။ မြန်မာနိုင်ငံသား ၄ ဦးနှင့်အတူ ပွိုင့် ၂၂ ရိုင်ဖယ်သေနတ် ၂ လက်၊ ကျည်ဆံ၊ ပြောက်ကျားဝတ်စုံ၊ စစ်ဖိနပ်၊ အိုင်ကွန်နှင့် ယမ်းမှုန်တို့ ဖမ်းဆီးရမိခဲ့သည်ဟု အာသံရိုင်ဖယ်တပ်က ထုတ်ပြန်သည်။ ၎င်းတို့ ၄ ဦးကို တွီပန်းရဲစခန်းသို့ လွဲပြောင်းခဲ့သည်ဟု သိရသည်။ အာသံရိုင်ဖယ်တပ်ဖွဲ့သည် မီဇိုရမ်ပြည်နယ်နှင့် ချင်းပြည်နယ်နယ်စပ်တွင် စစ်ဆေးရေးဂိတ်များထားရှိကာ လုံခြုံရေးစစ်ဆေးမှုများ တင်းတင်းကျပ်ကျပ်ဖြင့် ဆောင်ရွက်လျှက်ရှိပြီး ယခင်ကလည်း လက်နက်ခဲယမ်းများ မကြာခဏ ဖမ်းဆီးလေ့ရှိသည်။

Read More