(005MK) ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းတောင်တန်းဒေသတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးအတွက် လက်နက်ကိုင်တိုက်ပွဲ၀င်နေသော ကူကီး-ချင်းအမျိုးသားတပ်ဦး (KNF) နှင့် ဘင်္ဂလားဒေ့ရှ်အစိုးရတာ၀န်ရှိသူများ မတ်လ ၅ ရက်နေ့က ဒုတိယအကြိမ်မြောက် ငြိမ်းချမ်းရေးဆွေးနွေးခဲ့ကြသည်ဟု သိရသည်။ ယင်းငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ဘင်္ဂလားဒေ့ရှ်အစိုးရကိုယ်စား Peace Establishment Committee (PEC) ဉက္ကဌ အပါအ၀င် တာ၀န်ရှိ ၁၃ ဦးနှင့် KNF ဘက်မှ ကိုယ်စားလှယ် ၈ ဦး တက်ရောက်ခဲ့ကြပြီး ဆွေးနွေးမှုရလာဒ် အခြေ အနေကောင်းမွန်ကြောင်း KNF မှ ဗိုလ်မှူးကြီး ဆော်လမွန်ကပြောဆိုသည်ဟု All India Radio News ကဖော်ပြထားသည်။ ငြိမ်းချမ်းရေးဆွေးနွေးနေစဉ်ကာလအတွင်း နှစ်ဖက်အပစ်အခတ်ရပ်စဲထားမည်ဖြစ်ပြီး တတိယအကြိမ်မြောက်ဆွေး နွေးပွဲ ပြုလုပ်ရန်အတွက်လည်း ဘင်္ဂလားဒေ့ရှ်အစိုးရကိုယ်စားလှယ်များက ကမ်းလှမ်းထားသည်ဟု သိရသည်။ ကူကီး-ချင်းအမျိုးသားတပ်ဦး (KNF) နှင့် ဘင်္ဂလားဒေ့ရှ်အစိုးရ တာ၀န်ရှိသူများ ၂၀၂၃ ခုနှစ် နို၀င်ဘာလ ၅ ရက်နေ့မှာ ပထမအကြိမ် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲကို ကျင်းပခဲ့ကြပြီးဖြစ်သည်။ ဘင်္ဂလားဒေရှ့်နိုင်ငံ စစ်တကောင်းတောင်တန်းဒေသ (Chittagong Hill Tracts) တွင် ချင်း (ဇိုး) မျိုးနွယ်စု ၆ စု (Bawm, Miria, Khumi, Lushai, Khiang, Pang) တို့နေထိုင်ကြပြီး ၎င်းတို့၏ ယဉ်ကျေးမှုအသွင်အပြင်များ ထိန်းသိမ်းစောင့် ရှောက်ရန်၊ မြေယာသိမ်းပိုက်မှုကို ကာကွယ်ရန်နှင့် ခေတ်နောက်ကျသောဒေသနှင့် ဘင်္ဂလားဒေ့ရှ် စစ်တကောင်းတောင် တန်းဒေသရှိ လူ့အဖွဲ့အစည်းငယ်များ သဟဇာတဖြစ်မှုနှင့် ငြိမ်းချမ်းရေးကို ထူထောင်ရန် Kuki-Chin Development Organization…
Author: Editor
(002MG) ချင်းပြည်နယ်၊ တီးတိန်မြို့ပေါ် မြို့မရပ်ကွက်တွင် ယနေ့မနက်ပိုင်း ၁၁ နာရီ၀န်းကျင်ခန့်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကာ သားအမိ ၂ ဦးထိခိုက်ဒဏ်ရာရရှိသည်ဟုသိရသည်။ မြို့မရပ်ကွက်နှင့် စကောလမ်းရပ်ကွက်အစပ်နားက ချောင်းအနီးမှာပေါက်ကွဲမှုဖြစ်ပွားခြင်းဖြစ်ပြီး ချောင်းထဲ ရေချိုးနေသော (၃) နှစ်အရွယ်ကလေးနှင့်မိခင်ဖြစ်သူတို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ တီးတိန်မြို့ခံတစ်ဦးက “ချောင်းထဲမှာ ဝါးရုံရှိတယ် အဲ့နားမှာ ပေါက်ကွဲတာ၊ သူတို့ သားအမိ (၂) ယောက် ရေချိုးနေတဲ့ အချိန်ဆိုတော့ ကလေးအမေကဦးခေါင်းထိတယ် အခုနထိတော့ သတိမရသေးဘူး၊ (၂) ယောက်စလုံးကို ဆေးရုံပို့ထားတယ်” ဟု ပြောသည်။ ပေါက်ကွဲမူကြောင့် အနီးအနားက နေအိမ်အနည်းငယ်ပျက်စီးသွားသည်ဟုသိရကာ စစ်ကောင်စီတပ်ဖွဲ့ ၀င်များ ရောက်လာကာ စစ်ဆေးမူများပြုလုပ်ခဲ့ကြောင်း သိရသည်။
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်အတွင်း စစ်ကောင်စီစခန်းများကို တိုက်ခိုက်ရာတွင် ရက္ခိုင့်တပ်တော် AA အား စစ်ကူခေါ်ယူခြင်းကို ကန်ပက်လက်တိုက်နယ် ၂ ခုမှ ပြည်သူများကကန့်ကွက်ကြောင်း ယမန်နေ့က ထုတ်ပြန်ကြသည်။ ကန်ပက်လက်မြို့နယ်အတွင်းမှ တိုက်နယ် (၅) နှင့် တိုက်နယ် (၇) မှ ဒေသခံပြည်သူများက ကန့်ကွက်ခြင်းဖြစ်ကြောင်း မတ်လ ၆ ရက်မှာ ထုတ်ပြန်ချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။ ရက္ခိုင့်တပ်တော် (AA) ကို ကန်ပက်လက်မြို့နယ်ထဲ လာရောက်စစ်ကူရန် ဖိတ်ခေါ် မှုကြောင့် တိုက်နယ်အမှတ် (၅) ဒေသအတွင်း ရက္ခိုင့်တပ်တော် AA နေထိုင်ခြင်း၊ သွားလာလှုပ်ရှားမှုများကို လုံးဝ လက်မခံ ကြောင်း၊ ပြသနာ တစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ဖိတ်ခေါ်သူများ၏ တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် ဖြေရှင်းရမည် ဖြစ်ကြောင်း တိုက်နယ်အမှတ် (၅) ဒေသ ပြည်သူလူထု၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ တိုက်နယ်အမှတ် (၇) ဒေသတွင်လည်း ရက္ခိုင့်တပ်တော် (AA) က မတ်လဆန်းပိုင်းမှစ၍ စစ်အင်အားအလုံးအရင်းဖြင့် ရောက်ရှိနေကြောင်း၊ AA/ ULA တပ်ဖွဲ့များ မိမိဒေသအတွင်း နေထိုင်ခြင်း၊သွားလာ လှုပ်ရှားခြင်းများကို လုံးဝ လက်မခံ ကြောင်း တိုင်နယ်အမှတ် (၇) ဒေသခံပြည်သူများက ထုတ်ပြန်ကြောင်း သိရသည်။
(004SS) ချင်းပြည်နယ် တီးတိန်မြို့နယ် လမ်ဇန်းကျေးရွာအနီးတွင် စစ်ဘေးရှောင်များ သယ်ဆောင်လာသော ပေါင်မုန့်ကား တစ်စီး တိမ်းမှောက်မှု ဖြစ်ပွားကာ ၂ ဦး ပွဲချင်းသေဆုံးပြီး ကလေး ၅ ဦးအပါအ၀င် ယာဉ်ပေါ်စီးနှင်းပါလာသူများ အားလုံးလည်း ထိခိုက်ဒါဏ်ရာရရှိ ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ မတ်လ ၆ ရက်နေ့ ညနေ ၃ နာရီခန့်က ကလေးမြို့မှ အိန္ဒိယ-မြန်မာနယ်စပ် ရိခေါဒါရ်မြို့သို့ စစ်ဘေးတိမ်းရှောင်လာသည့်ပြည်သူများအား တင်ဆောင်သော မော်တော်ယာဉ်သည် တီးတိန်မြို့အကျော် လမ်ဇန်းကျေးရွာအနီးမှာ တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးကပြောသည်။ “ကားက ပေါင်မုန့်ကားပေါ့နော် ကျမမြင်တုန်းက အရှိန်တော်တော်ပြင်းတယ်၊ အရှိန်မထိန်းနိုင်လို့ဖြစ်မယ်၊ အဲလိုနဲ့ ကျမတို့ရွာ UPC ဘုရားကျောင်းအောက်ကို ထိုးဆင်းသွားတာ။ ကျတဲ့နေရာက ပေ ၂၀-၃၀ လောက်မှာ ရှိမယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ ကားမတော်တဆမှုကြောင့် အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦး ပွဲချင်းသေဆုံးသွားကာ မည်သူမည်ဝါဖြစ်ကြောင်း မသိရသော်လည်း လမ်ဇန်း ZYA မှ ရုပ်အလောင်းထားရှိရန် အခေါင်းပြင်ဆင်ပေးကြောင်း သိရသည်။ ထို့နောက် ကလေး ၅ ယောက်အပါအဝင် ဒါဏ်ရာရရှိသူများအားလုံး တီးတိန်မြို့ ပြည်သူ့ဆေးရုံသို့ ချက်ချင်း ပို့ဆောင်ပေး ကြောင်း ကိုယ်တိုင်ကူညီပေးနေသူ အမျိုးသမီးတစ်ဦးက ပြောသည်။ “ထိခိုက်တဲ့သူတွေအားလုံးလိုလို သတိမရကြဘူး၊ ၁၀ နှစ်အောက် ကလေးငယ် ၅ ယောက်လဲ ပါတယ် သူတို့ အများစုက ခေါင်းထိကြတယ် ကြည့်ရတာ အသက် စိုးရိမ်ဖွယ်ရှိတယ်…
(006SV) နိုင်ငံရေး စစ်ရေးအရ ပူးပေါင်းဆောင်ရွက်ရန်အတွက် ချင်းညီနောင်အဖွဲ့တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ – ကန်ပက် လက်က ယနေ့မှစတင်၍ အဖွဲ့ဝင်အဖြစ် ပူးပေါင်းပါဝင်ပြီးဖြစ်ကြောင်း ချင်းညီနောင်က သတင်းထုတ်ပြန် လိုက်သည်။ ချင်းညီနောင်အဖွဲ့ဝင်များနှင့် CDF – ကန်ပက်လက် တို့သည် ချင်းညီနောင်တွင် ပူးပေါင်းပါဝင်လာနိုင်ရန် အကြိမ်ကြိမ် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပြီးနောက် ၂၀၂၄ ခုနှစ်၊ မတ်လ ၆ ရက်မှ စ၍ “ချင်းညီနောင်” အဖွဲ့ဝင်ဖြစ် ပူးပေါင်းပါဝင်ကြောင်း ချင်းညီနောင်က ထုတ်ပြန်သည်။ ချင်းညီနောင်အဖွဲ့တွင် ဇိုမီးဖက်ဒရယ်အစည်းအရုံး (ZFU/ PDF- Zoland)၊ ချင်းအမျိုးသားကောင်စီ (မင်းတပ်) (CNC/ CDF – Mindat)၊ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/ CNDF) ၊ မရာအုပ်ချုပ်ရေး ကောင်စီ (MTC/ MDF) တို့ပါ၀◌င်ပြီး ယခုအခါ ချင်းကာကွယ်ရေးတပ်ဖွဲ့ – ကန်ပက်လက် (CDF- Kampetlet) က ပါဝင်လာခြင်းဖြစ်သည်။ “ချင်းညီနောင်” လက်ခံကိုင်စွဲထားသော တရားမျှတခြင်း၊ တန်းတူညီမျှခြင်း၊ မိမိကံကြမ္မာ မိမိဖန်တီးခွင့်ရှိခြင်း အစရှိသည့် ဘုံသဘောတူညီချက်များနှင့်အညီ CDF – ကန်ပက်လက်က ပူးပေါင်းပါဝင်ခြင်းဖြစ်ကြောင်း သိရသည်။ ယနေ့ ထုတ်ပြန်ချက်တွင် ချင်းညီနောင်မှာ အဖွဲ့ဝင်အသစ်အဖြစ် CDF – ကန်ပက်လက်က ပါဝင်လာသည်ဟု ထုတ် ပြန်လာသော်လည်း ကန်ပက်လက်မြို့နယ်ကောင်စီကို ပါဝင်ခြင်း ရှိ၊ မရှိကို ခိုနူမ်းသုန်အနေဖြင့် အတည်ပြု နေဆဲဖြစ်သည်။ “ချင်းညီနောင်” အနေဖြင့် ချင်းပြည်အရေး၊ ချင်းတစ်မျိုးသားလုံးအရေး နှင့်…
(004SS) စစ်အာဏာသိမ်းမှု ၃ နှစ်ကျော်ကာလအတွင်း ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်နှင့် ဟားခါးမြို့နယ်အတွင်းမှ စစ်ကောင်စီ လက်အောက်ခံ စစ်သားနှင့် ရဲ အယောက် ၄၀ ခန့်သည် ၎င်းတို့ထံသို့ အလင်းဝင်ရောက်လာကြောင်း CDF-Hakha မှ တာဝန်ရှိသူကပြောသည်။ CDF- Hakha မှ တာဝန်ရှိသူတစ်ဦးက “အာဏာသိမ်းခါစကတော့ CDM ပြုလုပ်တဲ့ စစ်သားနဲ့ရဲ တော်တော်များတယ် အဲဒီနောက် ကျွန်တော်တို့ဆီ တစ်ယောက်စ နှစ်ယောက်စနဲ့ အလင်းဝင်လာတဲ့သူကတော့ ဒီနေ့အထိ ၄၀ ဝန်းကျင် ရှိတယ်ဗျ” ဟု ပြောသည်။ ပြီးခဲ့သည့်မတ်လ ၂ ရက်နေ့ကလည်း ချင်းပြည်နယ် ဟားခါးမြို့ပေါ်ရှိ စစ်ကောင်စီလက်အောက်ခံ ရဲတပ်သားတစ်ဦးသည် CDF-Hakha ထံလက်နက်အပြည့်အစုံဖြင့် အလင်းဝင်လာခဲ့သည်ဟုသိရသည်။ အဆိုပါရဲတပ်သားသည် သေနတ် ၁ လက်၊ ကျည်ဆံ ၃၀၀ ကျော်၊ ကျည်ဘောက်စ် ၂ ခု၊ လက်ပစ်ဗုံး ၂ လုံး၊ ကျည်ကာ ၁ ထည်နှင့်အတူ CDF-Hakha ထံအလင်းဝင်လာခြင်းဖြစ်ပြီး ၎င်းအား ဆုငွေလက်ဆောင် ငွေသား ကျပ်သိန်း ၅၀ ချီးမြှင့်ကာ လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးကြောင်း သိရသည်။ ၃ နှစ်တာကာလအတွင်း CDF-Hakha တပ်ဖွဲ့ထံ အလင်း၀◌င်ကြသူအယောက် ၄၀ ခန့်တွင် စစ်သားထက် ရဲတပ်သားများ ပိုများပြီး လက်နက်အပြည့်အစုံဖြင့်၀◌င်လာသူများကို ဆုငွေများချီးမြှင့်ပေးလေ့ရှိသည်ဟု သိရသည်။ “ကျွန်တော်တို့ဆီ အလင်းဝင်ကြတဲ့သူထဲမှာ တချို့က လက်နက်မပါဘဲ ကိုယ်လွတ်ရုန်းလာကြသူတွေရှိတာပေါ့နော်၊ ထက်ဝက်လောက်ကတော့ လက်နက်တွေနဲ့အလင်းဝင်ကြတာပေါ့။ သူတို့ကိုကျတော့ ဆုငွေ သိန်း ၅၀…
(006SV) ချင်းပြည်နယ်၊ ချင်းတော်လှန်ရေးအင်အားစုများကြား နိုင်ငံရေးသဘောထားကွဲလွဲမှုများကြောင့် မတူပီမြို့အခြေစိုက် CDF – မတူပီ တပ်ဖွဲ့သည် ချင်းလဲန်းကောင်စီ (CC)နှင့် ကြားကာလချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (ICNCC) တို့တွင် ပူးပေါင်းပါဝင်ရန် သဘောထားကွဲလွဲပြီးနောက် တပ်မဟာ (၂) ခုအဖြစ် ပြင်ဆင်ဖွဲ့စည်းလိုက်ကြောင်း သိရသည်။ ဖေဖော်ဝါရီလ ၂၃ ရက်မှ ၂၅ ရက်အထိ မတူပီမြို့နယ်အတွင်းမှ ဌာနဆိုင်ရာများ၊ အရပ်ဖက် တော်လှန်ရေးအင်အား စုများ အပါအဝင် တပ်ရင်း အသီးသီးမှ တပ်မှူးများဖြင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ – မတူပီ၏ တတိယအကြိမ်မြောက် ညီလာခံ အစည်းအဝေးကို ကျင်းပပြီးနောက် CDF- မတူပီကို တပ်မဟာ (၁) နှင့် (၂) အဖြစ် ခွဲခြားကာ ပြင်ဆင်ဖွဲ့စည်းလိုက်ကြခြင်းဖြစ်သည်။ “ဒီချင်းနိုင်ငံရေးမှာ ICNCC တို့ ချင်းလဲန်းကောင်စီတို့ ဖြစ်လာတဲ့အခါ အဓိက တပ်မဟာ – ၂ ကတော့ ချင်းလဲန်း ကောင်စီကို ထောက်ခံတဲ့ အဖွဲ့ဖြစ်တယ်။ တပ်မဟာ – ၁ ကတော့ ချင်းလဲန်းကောင်စီမှာ မပါဝင်ချင်သေးတဲ့ အခြေ အနေဖြစ်တယ်။ ဒါကြောင့်မို့လို့ တပ်မဟာ ၁ နဲ့ ၂ ရယ်လို့ လုပ်ထားတာပါ။ ချင်းလဲန်းကောင်စီကို ထောက်ခံတဲ့ အဖွဲ့ကနေပြီးတော့ ကော်မတီမှာ ပါဝင်ဖို့ ဆိုရင် လုံးဝ အကုန်လုံး ပါဝင်လို့ ရတယ်။ ချင်းလဲန်းကောင်စီရဲ့ လိုအပ်ချက် ကော်မတီပိုင်းဆိုင်ရာမှာလည်း အကုန်လုံး ပါဝင်ခွင့်ရှိမယ်” ဟု CDF – မတူပီ၊…
(006SV) ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ မရာဒေသက ချင်းတော်လှန်ရေးတပ်ဖွဲ့အချင်းချင်းကြား တိုက်ပွဲများတွင် ပါဝင် ကူညီခြင်းနှင့် ဝင်ရောက်တိုက်ခိုက်ပေးခြင်းများ လုံးဝ မရှိကြောင်း ရက္ခိုင်တပ်တော် AA က ပြောသည်။ ရက္ခိုင်တပ်တော် (AA) က ယနေ့ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ “ဒီတိုက်ပွဲတွေထဲမှာ ကျနော်တို့ ပံ့ပိုးပါဝင်နေတာလည်း လုံးဝ (လုံးဝ) မရှိဘူးဆိုတာကို အခိုင်အမာ ပြေလိုပါတယ်။ ဒီလိုကိစ္စမှာ သူတို့ မရာအချင်းချင်းဖြစ်တဲ့ ကိစ္စဆိုတော့ သူတို့အထဲကနေ သူတို့ အချင်းချင်းကြားက ပြသနာဖြစ်တယ်။ ကျနော်တို့ လုံးဝ ပါဝင်ကူညီတာမျိုး၊ ဝင်ရောက်တိုက်ခိုက်တာမျိုး လုံးဝ မရှိပါဘူးလို့ အခိုင်အမာ ပြောလိုပါတယ်” ဟု ရက္ခိုင့်တပ်တော် AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောသည်။ မရာဒေသက တိုက်ပွဲများတွင် ရက္ခိုင်တပ်တော် AA က ပါဝင်တိုက်ခိုက်နေသည်ဟု သတင်းများ ထွက်ပေါ်နေခြင်းမှာ ကောလဟာလသာဖြစ်ပြီး နိုင်ငံရေးအရ အပုတ်ချတိုက်ခိုက်ရန် ရည်ရွယ်၍ လုပ်ဆောင်ခြင်းသာ ဖြစ်ကြောင်း AA ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ အာဏာသိမ်းစစ်ကောင်စီကို ဘုံရန်သူအဖြစ် တိုက်ခိုက်နေရသော လက်ရှိအခြေအနေတွင် တော်လှန်ရေး တပ်ဖွဲ့ အချင်းချင်းကြား၊ အထူးသဖြင့် သက်ဆိုင်ရာ မျိုးနွယ်စုများကြားထဲတွင် အချင်းချင်းပဋိပက္ခတိုက်ပွဲများကို ရက္ခိုင့် တပ်တော် AA အနေဖြင့် လုံးဝ အားမပေးကြောင်း ၎င်းက ပြောသည်။ ရက္ခိုင်တပ်တော် AA ၏ ပလက်ဝမြို့နယ်အတွင်းက စစ်ကောင်စီစခန်းသိမ်းတိုက်ပွဲများတွင် မရာလဲန်းကာ ကွယ်ရေး တပ်ဖွဲ့ (MDF) တပ်ဖွဲ့က ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ပြီး AA နှင့်…
(006SV) ချင်းပြည်နယ်ထဲက ပလက်ဝမြို့နယ်ကို ပလက်ဝဒေသမှာ နေထိုင်သူများက ပိုင်ဆိုင်ပြီး ပလက်ဝမြို့နယ် လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုး တက်ရေးအတွက် အစီအမံများ ရေးဆွဲကာ အားလုံးပါဝင်သည့် အုပ်ချုပ်ရေးအစီအစဉ်များကို လုပ်ဆောင်သွား မည်ဖြစ်ကြောင်း ရက္ခိုင်တပ်တော် (AA) က ပြောသည်။ ယနေ့ မတ်လ ၄ ရက်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲမှာ ရက္ခိုင့်တပ်တော် (AA) က ၎င်း၏ ပလက်ဝမြို့နယ်နှင့် ပတ်သက်၍ မူဝါဒများကို ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။ “ပလက်ဝဒေသကို ဘယ်သူပိုင်လဲဆိုရင် ပလက်ဝဒေသမှာ နေတဲ့လူတွေ ပိုင်ပါတယ်။ ပလက်ဝကို ပလက်ဝဒေသခံတွေ ပိုင်တယ်။ ကျနော်တို့ဘက်က ရှင်းရှင်းလင်းလင်းနဲ့ ပြောချင်တယ်။ ပလက်ဝဒေသမှာ နေတဲ့ လူမျိုးစုတွေထဲက သင့်တော်တဲ့ လူတွေကို အုပ်ချုပ်ရေးအဖွဲ့တွေထဲမှာ တာဝန်ပေးထားဖို့ စီစဉ်ထားတာရှိပါတယ်။ ပလက်ဝဒေသ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ တည်ငြိမ်အေး ချမ်းရေးအတွက် လုံခြံရေးကိုလည်း တာဝန်ယူပြီးရင် ဖွံဖြိုးတိုးတက်ဖို့နဲ့ အားလုံးကို တန်းတူရေတူ စီမံခန့်ခွဲနိုင်အောင် အားလုံးကို ပူးပေါင်းဆောင်ရွက်နိုင်ဖို့ အစီအစဉ်တွေကို ချမှတ်နေတာဖြစ်ပါတယ်” ဟု ရက္ခိုင်တပ်တော် AA ၊ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောသည်။ ပလက်ဝမြို့ ရပ်မိရပ်ဖများထဲမှ သင့်လျော်သော လူမျိုးစုများမှ ဒေသခံများကိုလည်း ရက္ခိုင်တပ်တော် (AA/ ULA)၏ အုပ်ချုပ်ရေးမှာ ပူးပေါင်း လုပ်ကိုင်ကြရန် ဖိတ်ခေါ်ထားကြောင်း ခိုင်သုခက ပြောသည်။ ပလက်ဝဒေသကို သူပိုင်သည်၊ ငါပိုင်သည်ဟု ပြောနေကြခြင်းထက် ပလက်ဝဒေသကို စစ်အာဏာရှင် လက်အောက်က လွတ် မြောက်ပြီး ပလက်ဝဒေသ၏ ဖွံ့ဖြိုးရေး၊ တည်ငြိမ်ရေးနှင့်…
(005MK) အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် စစ်ဘေးခိုလုံနေကြသော မြန်မာနိုင်ငံသား စစ်ဘေးရှောင် ၃၂၀၀၀ ကျော်ရှိသည်ဟု မီဇိုရမ်ပြည်ထဲရေး၀◌န်ကြီးကပြောသည်။ ယခုလက်ရှိကျင်းပနေသော မီဇိုရမ်ပြည်နယ် ၉ ကြိမ်မြောက်လွှတ်တော်အစည်းအေ၀းတွင် စစ်ဘေးရှောင်အရေးနှင့် ပတ်သက်၍ မေးမြန်းမှုကို ပြည်ထဲရေး၀န်ကြီး Pu K. Sapdanga က စာဖြင့်ပြန်လည်ဖြေကြားရာတွင် မီဇိုရမ်ပြည်နယ်တွင် ယခုလက်ရှိ စစ်ဘေးရှောင်ဦးရေ ၄၂၅၇၆ ဦးရှိပြီး ယင်းအနက် မြန်မာနိုင်ငံကစစ်ဘေးရှောင် ၃၂၁၆၁ ဦးရှိသည်ဟု ဖော်ပြထားသည်။ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်ဖေဖော်၀ါရီလ ၁ ရက် စစ်အာဏာသိမ်းမှုဖြစ်ပွားသည့်အနောက်ပိုင်းကစ၍ ယခုနှစ် ဖေဖော်၀◌ါရီလ ၃ ရက်နေ့အထိစာရင်းအရ မြန်မာစစ်ဘေးရှောင်မှာ ၃၂၁၆၁ ဦးရှိသည်ဟုဆိုသည်။ မဏိပူရ်ပြည်နယ်အတွင်း ဖြစ်ပွားသည့် လူမျိုးရေးအဓိကရုဏ်းကြောင့် ကူကီး (ဇိုး) မျိုးနွယ်စုများ မီဇိုရမ်ပြည်နယ်ထဲ စစ်ဘေးခိုလုံသူမှာ ၉၂၄၉ ဦး ရှိပြီး ဘဂ်လားဒေရှ့်နိုင်ငံအတွင်း စစ်ရေးပဋိပက္ခကြောင့် စစ်တကောင်းတောင်တန်းဒေသမှ ထွက်ပြေးခိုလုံလာသူ ဇိုး (ချင်း) မျိုးနွယ်စု ၁၁၆၇ ဦးရှိသည်ဟု သိရသည်။ မြန်မာနိုင်ငံနှင့် မဏိပူရ်ပြည်နယ်တို့မှ ထွက်ပြေးလာကြသော စစ်ဘေးရှောင်များသည် မီဇိုရမ်ပြည်နယ် ခရိုင်အသီးသီးတွင် နေထိုင်လျှက်ရှိကြပြီး စစ်တကောင်းတောင်တန်းဒေသထွက်ပြေးလာသူများသည် လောင်တလိုင်ခရိုင်ထဲ နေထိုင်ကြသည်ဟု သိရသည်။ မီဇိုရမ်အစိုးရအနေဖြင့် စစ်ဘေးရှောင်များအား ဇီ၀အချက်အလက်မှတ်တမ်းကောက်ယူခြင်းမရှိသော်လည်း ခရိုင်အသီး သီးရှိအစိုးရတာ၀◌န်ရှိသူများက ၎င်းတို့ဒေသတွင်ရောက်ရှိလာကြသော စစ်ဘေးရှောင်များ၏ စာရင်းများကောက်ယူကာ ပြည်ထဲရေး၀န်ကြီးထံ တင်ပြလေ့ရှိသည်ဟု Pu Sapdanga ကပြောသည်။ မြန်မာစစ်ဘေးရှောင်များအတွက် အိန္ဒိယဗဟိုအစိုးရက ရူပီးငွေ သိန်း ၃၀၀ ထောက်ပံ့ပေးခဲ့ပြီးဖြစ်သော်လည်း မဏိပူရ် ပြည်နယ်မှ စစ်ဘေးရှောင်လာသူများအတွက်မူ ယနေ့ချိန်ထိ…
