မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ၂၂ လအတွင်းမှာ စစ်ကောင်စီကြောင့် ချင်းလူမျိုး ၃၅၀ ကျော် သေဆုံးခဲ့ရပြီး ချင်းပြည်နယ်အတွင်းရှိ အိခြေ ၁၅၀၀ ကျော် မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရသည်ဟု ချင်းရေးရာအဖွဲ့ချုပ် (ICA) က ဒီဇင်ဘာလ ၁ ရက်နေ့က ထုတ်ပြန်သည်။ စစ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၁ ရက်နေ့ကစ၍ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့အထိ (၂၂) လအတွင်း စစ်ကောင်စီကြောင့် ချင်းလူမျိုး (၃၅၅) ဦး အသက်ဆုံးရှုံးခဲ့ရပြီး ချင်ပြည်နယ်အတွင်း၌ အိမ်ခြေစုစုပေါင်း (၁၅၀၅) ကို စစ်ကောင်စီတပ်များက မီးရှို့ဖျက်ဆီးခဲ့ကြသည်ဟု ချင်းရေးရာအဖွဲ့ချုပ်က ဆိုသည်။ “ချင်းပြည်နယ်မှာ လူဦးရေ ၅ သိန်းလောက်ပဲရှိတယ်။ နောက်ပြီးချင်းပြည်နယ်ဟာ မြန်မာနိုင်ငံမှာ အဆင်းရဲဆုံးနဲ့ ဖွံ့ဖြိုးမှုအနည်းဆုံး ပြည်နယ်ဖြစ်တယ်။ ဒါကြောင့် အချိုးအစားအနေနဲ့ တွက်လိုက်ရင် သတ်ခံရတဲ့လူဦးရေက အလွန်မြင့်မားပြီး၊ ဆုံးရှုံးခဲ့ရတဲ့ အိုးအိမ်အအောက်အအိုး ပစ္စည်းတွေရဲ့ တန်ဖိုးကလည်း အရမ်းများပါတယ်” ဟု ICA လက်ထောက်ညွှန်ကြားရေးမှူး Salai Van Sui San က ပြောသည်။ စစ်ကောင်စီကြောင့် အသက်ဆုံးရှုံးသူ (၃၅၅) ဦးထဲတွင် အပြစ်မဲ့ပြည်သူ (၁၆၇) ဦး (ကျား-၁၃၂၊ မ-၃၅) ပါဝင်ပြီး ထိုအထဲတွင် (၁၈) နှစ်အောက် ကလေးသူငယ် ယောကျာ်းလေး (၁၉) ဦးနှင့် မိန်းကလေး (၅) ဦး စုစုပေါင်း (၂၄) ဦးပါဝင်ကာ (၆)…
Author: Editor
ချင်းအမျိုးသားတပ်မတော် CNA ၏ တပ်မဟာ ၃ နယ်မြေအတွင်း၌ CNA ဦးဆောင်သော ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ နိုဝင်ဘာလအတွင်းဖြစ်ပွားသော တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၅၅ ဦးကျော်ကို ရှင်းလင်းသုတ်သင်နိုင်ခဲ့သည်ဟု ချင်းအမျိုးသားတပ်ဦး CNF က နိုဝင်ဘာလ ၃၀ ရက်စွဲဖြင့် ကြေညာချက်ထုတ်ပြန်သည်။ ချင်းပြည်နယ် ဟားခါး – ထန်တလန်မြို့အကြားနှင့် ဟားခါးမြို့တွင်းတို့၌ စစ်ကောင်စီတပ်ဖွဲ့ကို CNA နှင့်ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၅၅ ဦးကျော်သေဆုံးခဲ့ပြီး လက်နက် ၉ လက်နှင့်ခဲယမ်းများ သိမ်းဆည်းနိုင်ခဲ့သည်ဟု သိရသည်။ အဆိုပါတိုက်ပွဲများအတွင်း အထိနာနေသော စစ်ကောင်စီတပ်ဖွဲ့သည် တိုက်လေယာဉ်နှစ်စီးနှင့် တိုက်ပွဲသုံးရဟတ်ယာဉ် သုံးစီးတို့ဖြင့် လာရောက်ပစ်ခတ်သည့်အပြင် ဟားခါးမြို့အခြေစိုက် ဗျူဟာကုန်း (Rung tlang)မှ လက်နက်ကြီးများဖြင့် နေ့စဉ်ပစ်ခတ်ခဲ့သည်ဟု CNF ကဆိုသည်။ တစ်လတာတိုက်ပွဲတွင် ချင်းအမျိုးသားတပ်မတော်မှ ရဲဘော်တစ်ဦးသည် တိုင်းပြည်နှင့်လူမျိုးအတွက် အသက်ပေးလှူခဲ့သည်ဟု ချင်းအမျိုးသားတပ်ဦးက ထုတ်ပြန်ထားသည်။
ချင်းပြည်နယ် ဖလမ်းမြို့နယ် နှင့် စစ်ကိုင်းတိုင်းကလေးမြို့နယ်တို့တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ၃ လအတွင်း တိုက်ပွဲပေါင်း ၁၂ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၃၇ ဦး သေဆုံးခဲ့သည်ဟု ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF) ကထုတ်ပြန်သည်။ CNO/CNDF တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့တို့သည် ပြီးခဲ့သည့် စက်တင်ဘာလမှ နိုဝင်ဘာလအထိ ၃ လအတွင်း ဖလမ်းမြို့နယ် သီဘွာလ်ကျေးရွာတွင် တိုက်ပွဲ ၉ ကြိမ်၊ သူဖေကျေးရွာတွင် တစ်ကြိမ်နှင့် ကလေးမြို့တွင် ၂ ကြိမ် စုစုပေါင်း ၁၂ ကြိမ် ဖြစ်ပွားခဲ့ကြသည်။ ထိုတိုက်ပွဲများတွင် စစ်ကောင်စီဘက်က ၃၇ ဦးသေဆုံးခဲ့ပြီး CNO/CNDF ဘက်မှ အကျအဆုံးမရှိခဲ့ပဲ ထိခိုက်ဒဏ်ရာရရှိသူ ၅ ဦးရှိခဲ့သည်ဟု သိရသည်။ စစ်ကောင်စီတပ်ဖွဲ့သည် သီဘွာလ်ကျေးရွာတိုက်ပွဲတွင် နိုဝင်ဘာလ (၁၅) ရက် နေ့မှစ၍ နိုဝင်ဘာ (၂၃) ရက်နေ့အထိ လေကြောင်းအသုံးပြုပြီး သာလွန်အင်အားဖြင့် အပြင်းအထန် တိုက်ခိုက်ခဲ့သည်ဟု သိရသည်။ စစ်ကောင်စီတပ်ဖွဲ့က ပစ်ခတ်သောအမျိုးအမည်မသိ မီးကျဉ်ပုံစံလက်နက်ကြီးကြောင့် သီဘွာလ်ကျေးရွာရှိ နေအိမ်သုံးလုံးမီးလောင်ကျွမ်းခဲ့ပြီး ဘွာလ်သဲကျေးရွာမှ စိတ်မနှံ့သူ အမျိုးသားတစ်ဦးအား သတ်ဖြတ်ကာ စိတ်မနှံ့သူ အမျိုးသမီးတစ်ဦးအား ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု CNO ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
FactCheck ဒီသတင်းအမှားကို La Yaung ဆိုတဲ့အကောင့်ကနေပြီး“ထိုင်း-မြန်မာနယ်စပ်မြို့ မြဝတီ ဝေါ်လေလမ်းကြီး ပွင့်သွားခဲ့ပါပြီ။ ဝေါ်လေလမ်းပိုင်းကို ဒုက္ခပေးနေတဲ့ KNU တို့ရဲ့ သေ့ဘောဘိုးစခန်းလည်း ကျသွားခဲ့တဲ့အတွက် ကူးသန်းရောင်းဝယ်ရေးကုန်စည်ပို့ဆောင်ရေးတွေလည်း ကောင်းကောင်းလုပ်နိုင်ပါပြီ… ဒီလိုဖြစ်လာဖို့ နယ်စပ်ဒေသရှိ အကြမ်းဖက်သမားများချုပ်ငြိမ်းရေး မြန်မာနဲ့ ထိုင်းနိုင်ငံတို့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေလုပ်ခဲ့တယ်လို့လည်း သိရပါတယ်..ထိုင်းနိုင်ငံကလည်း သူတို့ရဲ့ အိမ်နီးချင်းကောင်း ပီသမှုကို ပြသပြီး နှစ်နိုင်ငံချစ်ကြည်ရေးကိုဆက်လက်ခိုင်မြဲစေခဲ့ပါပြီ.. လမ်းပြန်ပွင့်သွားတဲ့အတွက် ဒီလမ်းကနေ စားဝတ်နေရေး၊ စီးပွားရေးလုပ်ငန်းတွေ ဆက်တိုက်လုပ်နိုင်တော့မှာ ဖြစ်ပါတယ်..ပြည်သူတွေအတွက် အခုလို ပျော်ရွှင်မှုတွေယူဆောင်လာပေးတဲ့အတွက် နစကအစိုးရနဲ့ ထိုင်းနိုင်ငံအစိုးရကို ကျေးဇူးအထူးတင်မိပါတယ်.. တိုက်ပွဲရှောင်ပြည်သူများကိုလည်း ကိုယ့်အိမ်ကိုယ့်ယာကို အရောက်ပို့ပေးနိုင်ခဲ့ပါပြီ” ဆိုပြီး Video နဲ့တကွရေသားဖော်ပြထားတာဖြစ်ပါတယ်။ Video Link>>https://www.facebook.com/100088472161190/videos/847060909749512/ ဒီသတင်းနဲ့ပတ်သက်ပြီး VOA သတင်းဌာနမှာရေးသားဖော်ပြထားတာက “ပြီးခဲ့တဲ့ မေလက လက်လွှတ်ခဲ့ရတဲ့ ကရင်ပြည်နယ် ကေအန်ယူတပ်မဟာ (၆) ထိန်းချုပ်ရာ ဒူးပလာယာခရိုင်ထဲက သေဘောဘိုးစခန်းနေရာကို ဒီရက်ပိုင်း ပြန်လည်ထိန်းချုပ်လိုက်တဲ့အကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားသလို သေဘောဘိုးနဲ့ အနီးတဝိုက် ကျေးရွာတွေကနေ စစ်ဘေးတိမ်းရှောင်နေသူတွေ နေရပ်ပြန်လာကြဖို့ ပြောဆိုထားပါတယ်။ ဒါပေမဲ့ နေရပ်ပြန်တဲ့ပြည်သူ အနည်းအကျဉ်းသာရှိပြီး အများစုကတော့ တည်ငြိမ်မှုမရှိသေးတဲ့အတွက် မပြန်ရဲကြဘူးလို့ ပြောပါတယ်။” ကရင်ပြည်နယ် မြဝတီမြို့ တောင်ဘက်က သေ့ဘောဘိုးနဲ့ဘလယ်ဒိုကျေးရွာအနီးမှာ စစ်ကောင်စီတပ်တွေနဲ့ KNLA ကရင်အမျိုးသားလွတ်မြောက်ရေးတပ်၊ KNDO ကရင်အမျိုးသားကာကွယ်ရေးတပ်နဲ့ PDF ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့စတဲ့ ပူးပေါင်းတပ်တွေဟာ မေလ ၁၇ ရက်နေ့က တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး ကရင်အမျိုးသားအစည်းအရုံး ပူးပေါင်းတပ်တွေက မေလ ၁၈ ရက်နေ့မှာ သိမ်းယူခဲ့ပါတယ်။” လို့…
ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF-Kalay) ၏ ဆေးတပ်ဖွဲ့ဝင် အမျိုးသမီး ၉ ဦးကို စစ်ကောင်စီတပ်ဖွဲ့က ကလေးအကျဉ်းထောင် တရားရုံတွင် ထောင်ဒဏ် ၁၂ စီ ပြစ်ဒဏ်ချမှတ်ခဲ့သည်ဟု သိရသည်။ ၎င်းတို့သည် ပြီးခဲ့သည့်အောက်တိုဘာလဆန်းပိုင်းက ကလေးအကျဉ်းထောင်တွင်း တရားရုံတွင် အကြမ်း ဖက်တိုက်ဖျက်မှုဥပဒေပုဒ်မ ၅၀- ည၊ ပုဒ်မ-၅၂- က နှင့် နိုင်ငံဆူပူအောင် လှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ- ၅၀၅-(က)-(ဂ) တို့ဖြင့် စုစုပေါင်း ထောင်ဒဏ် ၁၂ နှစ်စီ ပြစ်ဒဏ်စီရင်ခံရခြင်းဖြစ်သည်ဟု မိသားစုနှင့်နီးစပ်သူတစ်ဦးက ပြောသည်။ “၅၀ ညနဲ့ ၁၀ နှစ် ၅၂ က ၅ နှစ် အဲဒါတပေါင်းတည်းဆိုတော့ ၁၀ နှစ်ချလိုက်တာ ပြီးတော့ ၅၀၅ (က) ရော (ဂ) ရောအဲဒါတပေါင်းတည်း ၂ နှစ် အကုန်လုံး ၁၂ နှစ်ပေါ့ တပြေးညီချလိုက်တာ အင်တိုင်းလေးထောင်မှာပဲ၊” ဟု မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ ကလေး PDF ဆေးတပ်ဖွဲ့ဝင် အမျိုးသမီး (၉) ဦးသည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၆ ရက်က ကလေးမြို့ အနောက်တောင်ဖက်ရှိ PDF (Kalay) တပ်ရင်း ၃ စခန်းကို စစ်ကောင်စီတပ်ဖွဲ့က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနှင်းရာတွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ အဆိုပါ စခန်းစီးနှင်းမှုဖြစ်စဉ်တွင် PDF (Kalay) တပ်ရင်း ၃ မှ ရဲဘော် ၂ ဦးနှင့် ဆေးတပ်ဖွဲ့ဝင်အမျိုးသမီးတစ်ဦးတို့…
ဘင်္ဂလားဒေရှ့်နိုင်ငံ စစ်တကောင်းတောင်တန်းဒေသတွင် ဘင်္ဂလားဒေရှ့်စစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) ပူးပေါင်းတပ်ဖွဲ့က Kuki-Chin National Army (KNA) တပ်ဖွဲ့အား ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသခံချင်း (ဇိုး) မျိုးနွယ်စု အမြောက်အများ မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးတိမ်းရှောင်လာခဲ့ကြရာ ယခုလက်ရှိတွင် စစ်ဘေးရှောင်ပြည်သူ ၂၉၃ ဦးရှိသည်ဟု သိရသည်။ စစ်ဘေးရှောင်များသည် Bawm ချင်းမျိုးနွယ်စုများဖြစ်ကြပြီး မီဇိုရမ်ပြည်နယ်တောင်ပိုင်း လောင်တလိုင်ခရိုင် Parva-၃ ကျေးရွာတွင် ခိုလုံလျှက်ရှိကာ အမျိုးသား ၁၃၂ ဦး၊ အမျိုးသမီး ၁၆၁ ဦး စုစုပေါင်း ၂၉၃ ဦးရှိပြီး ယင်းတို့ အနက်အသက် ၁၈ နှစ်အောက် ၁၄၈ ဦးပါဝင်သည်ဟု မီဇိုရမ်နေ့စဉ်ထုတ် Vanglaini သတင်းစာတွင် ဖော်ပြသည်။ ယခုလက်ရှိတွင် ၎င်းတို့သည် Parva ကျေးရွာ ရပ်ရွာခန်းမဆောင်၊ အစိုးရအထက်တန်းကျောင်း၊ မိုကြိုကျောင်း၊ ကျန်းမာရေးဌာနအဆောက်အဦးတို့တွင် နေရာချထားကြပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို မီဇိုရမ်ပြည်နယ် အစိုးရအဖွဲ့နှင့် အစိုးရမဟုတ်သော အဖွဲ့အစည်း (NGO) တို့မှ လိုအပ်သောအစီအမံများ ဆောင်ရွက်ပေးခဲ့ကြသည်ဟု သတင်းစာကဆိုသည်။ လောင်းတလိုင်လူငယ်များအသင်း (CYLA) နှင့် Doctor without Borders အဖွဲ့မှတာဝန်ရှိသူများကလည်း နိုဝင်ဘာလ ၂၈ ရက်နေ့က Parva ကျေးရွာသို့သွားရောက်ကာ စစ်ဘေးရှောင်များအား အခမဲ့ကျန်းမာရေးစစ်ဆေးမှုပြုလုပ်ကာ ဆေးဝါးနှင့် ရိက္ခာတချို့ကူညီထောက်ပံ့ပေးခဲ့ကြသည်ဟု သိရသည်။ ဘင်္ဂလားဒေရှ့်နိုင်ငံ စစ်တကောင်းတောင်တန်းဒေသ (Chittagong Hill Tracts) တွင် ချင်း (ဇိုး) မျိုးနွယ်စု ၆ စု (Bawm, Miria,…
ရက်သတ္တပတ် (၂) ပတ် ကျော်ကြာ ဖြတ်သန်းသွားလာခြင်းမပြုရန် (ယာယီ) ပိတ်ပင်ထားသည့် တမူး-ကလေး အာရှလမ်းမကြီးကို ပြန်လည်ဖွင့်ပေးလိုက်ပြီဟု PDF-Tamu တပ်ရင်း ၃ က ယနေ့နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။ ကလေး-တူမး အာရှလမ်းမကြီးပေါ်တွင် ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်း၊ တပ်ဖွဲ့များနှင့် စစ်ကောင်စီတို့ကြား စစ်ရေးတင်းမာမှု အခြေအနေများ ဖြစ်ပွားခဲ့မှုကြောင့် မိဘပြည်သူများထိခိုက်နစ်နာမှုမရှိစေရန် ခမ်းပတ်မြို့မှ ကလေးမြို့အထိ အာရှလမ်းမကြီးကို အသုံးပြု ဖြတ်သန်းသွားလာခွင့်ကို PDF-Tamu က နှစ်ပတ်ကျော်ခန့် ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။ ယခုအခါ တမူးမြို့မှ ကလေးမြို့အထိ အာရှလမ်းပိုင်းမှာတော့ စစ်ကောင်စီ၏ လက်အောက်ခံများ နယ်မြေလှုပ်ရှားမှု လျော့နည်းလာသဖြင့် မိဘ ပြည်သူများ၏ စားဝတ်နေရေး၊ လူမှုရေး၊ ကျန်းမာရေးနှင့် ကုန်စည်စီးဆင်းမှုများနှင့် အခြားသော မြန်မာနိုင်ငံအောက်ပိုင်း မြို့ကြီးများအထိ ယနေ့ (၂၉.၁၁.၂၀၂၂) ရက်နေ့မှစတင်ကာ ပြန်လည်၍ ကုန်သွယ်စီးဆင်း ဖြတ်သန်းသွားလာနိုင်ပြီဟု အသိပေးကြေညာအပ်သည်ဟု PDF-Tamu တပ်ရင်း ၃ ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ချင်းပြည်နယ် မတူပီမြို့တွင် ယနေ့နိုဝင်ဘာလ ၂၉ ရက်နေ့ မနက်ပိုင်းက မြေမြုပ်မိုင်းနင်းမိမှုကြောင့် အရပ်သားပြည်သူတစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ မြေမြုပ်မိုင်းပေါက်ကွဲမှုကြောင့် သေဆုံးသူမှာ အသက် (၅၆) နှစ်ရွယ် ဦးရာပဲန်းဟုသိရပြီး ယနေ့ မနက်ပိုင်း ၉ နာရီခန့်က ဇနီးသည်နှင့်အတူ ခြံထဲသို့အတူသွားကြရာမှ မြေမြုပ်မိုင်းနင်းမိကာ ဦးရာပဲန်းမှာ သေဆုံးခဲ့ရပြီး ဇနီးဖြစ်သူမှာလည်း ခြေထောက်ဒဏ်ရာကြောင့် မတူပီမြို့ ပြည်သူ့ဆေးရုံတွင် တင်ထားရသည်ဟု ဒေသခံတစ်ဦးက ပြောသည်။ “သူက နွားနောက်ခြံရှိတယ် အကောင်ကများတယ်။ အခုက ဒုတိယအကြိမ်သွားတာဖြစ်မှာပေါ့ လင်မယားနှစ်ယောက်သွားပြီးတော့ ဒီနေ့သွားကြည့်ကြတော့ သူ့အမျိုးသား ဦးရာပဲန်းက မိုင်းမိပြီးပေါက်လို့ ၁ နာရီလောက်အသက်ရှိတယ် အခုတော့ ဆုံးသွားပြီ။ သူ့အမျိုးသမီးက ခြေထောက်မှာ ဒဏ်ရာရသွားတယ်။” ဟု မတူပီမြို့ခံတစ်ဦးက ပြောသည်။ အဆိုပါ မိုင်းပေါက်ကွဲသည့်နေရာသည် မတူပီမြို့အခြေစိုက် ခလရ ၃၀၄ တပ်ရင်းအနီးတွင်ဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့၏ စစ်ဆေးရေးဂိတ်လည်းရှိသည်ဟု သိရသည်။ မတူပီမြို့ လောင်ဗန်းရပ်ကွက်တွင်နေထိုင်သည့် ဦးရာပဲန်းသည် ဆက်သွယ်ရေးဝန်ထမ်းတစ်ဦးဖြစ်ပြီး ကွယ်လွန်ချိန်တွင် သား (၂) ယောက်နှင့် ဇနီးကျန်ခဲ့ကြောင်း သိရသည်။
ချင်းပြည်နယ် ဖလမ်းမြို့နယ် ရိခေါဒါရ်မြို့ အိန္ဒိယ-မြန်မာနယ်စပ်အမှတ် ၂ နယ်စပ်ကုန်သွယ်ရေးတံတားအနီးရှိ ရဲကင်း ယမန်နေ့ည သံခေါင်ယံကျော်က မီးလောင်ကျွမ်းခဲ့သည်ဟု သိရသည်။ “မီးလောင်တာ ည ၁၁ – ၁၂ နာရီ ကြားလောက်မှာ စလောင်တာ ဘယ်သူဘယ်ဝါက မီးရှိုတာလည်းဆိုတာမသိဘူး။ ဘေးအိမ်တွေ ကူးဆက်လောင်တာတွေတော့မရှိဘူး၊ မီးကို မနေ့ည ညအချိန်မှာပဲ ပြန်ငြိမ်းသတ်နိုင်ခဲ့တယ်။” ဟု အခင်းနီးရှိ ဒေသခံတစ်ဦးက ဆိုသည်။ အဆိုပါ ရဲကင်းသည် နွေဦးတော်လှန်ရေးဖြစ်ပွားသည့်နောက်ပိုင်းတွင် တာဝန်ထမ်းဆောင်သည့်ရဲတစ်ယောက်မှမရှိတော့ပဲ နယ်စပ်ဒေသတွင် ငွေလွဲလုပ်ကိုင်နေကြသူများ၊ ကုန်တင်ကုန်ချလုပ်သည့် အလုပ်သမားများ နားနေရာစခန်းအဖြစ် အသုံးပြုကြသည်ဟု သိရသည်။ “အဲဒီအဆောက်အဦးက သေးသေးလေးပဲ အရင်တုန်းက ရဲတွေနေတာလေ၊ အခုတော့ ရဲ ကော် လဝက တွေလည်း တစ်ယောက်မှမရှိတော့ဘူးလေ၊ ဒီတိုင်းပဲနေနေတာ ငွေလွဲတွေ၊ အလုပ်သမားတွေက နားနေရာစခန်းအဖြစ် အသုံးပြုကြတယ်လေ၊ ဘယ်သူတွေ မီးရှို့လိုက်လဲမသိဘူး” ဟု နယ်စပ်နေဒေသခံတစ်ဦးက ပြောသည်။ မီးလောင်ကျွမ်းရသည့်အကြောင်းကိုလည်း မသိရသော်လည်း ရှို့မီးဖြစ်နိုင်သည်ဟု ဒေသခံများက ပြောသည်။
FactCheck ဒီသတင်းအမှားကို ယွိမ်းနွဲ့ပါ ဆိုတဲ့အကောင့်ကနေပြီး “ဝေါလေ ဂွင်ထဲက ကရင်သူပုန်ကတော့ Mi 35 ပစ်ချက်တွေနဲ့ ယနေ့ အကျဆုံး အတော်များတယ် သူပုန်လော်ဘီနဲ့ အကြမ်းဖက်အားပေး မီဒီညာတွေကတော့ သတင်းအမှောင်ချထားတယ် ဝေါလေဂွင်ထဲမှာ ကတဲ့ပွဲမှာ ပွိုင့်စစ်ကြောင်းက စစ်သည် ၃ ဦး Drone Bomb ထိပြီး နိုင်ငံတော် အတွက်ဘအသက်ပေးလှုသွားခဲ့တယ်။ ပွဲစပြီးမကြာလိုက်ဘူး Mi 35 တွေ ရောက်လာပြီး လိုက်သမတာ သူပုန်တွေ အကျဆုံးများစွာနဲ့ အလောင်းတောင်မကောက်နိုင်ပဲဆုတ်ခွာထွက်ပြေးခဲ့ရတယ်။ (နိုင်ငံတော်အတွက် အသက်ပေးကာကွယ်သွားသော စစ်သည် ၃ ဦးအား လက်တင် အလေးပြုပါတယ်။)” လို့ ရေးသားဖော်ပြထားတာဖြစ်ပါတယ်။ ဒီကိစ္စကိုပတ်သက်ပြီး စုံစမ်းစစ်ဆေးကြည့်ရာမှာတော့ အဲဒီဒေသမှာ စစ်ကောင်စီတပ်နှင့် KNU, ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွားမှုရှိပေမယ့် ပြည်သူ့ကာကွယ်ရေးဘက် အဲဒီလို အများအပြားကျဆုံးတာမရှိခဲဘဲ စစ်ကောင်စီတပ်ဘက်ကသာ သေဆုံးမှုများခဲ့တာဖြစ်ပါတယ်။ KNU ရဲ့ထုတ်ပြန်ချက်ထဲမှာတော့ “ကရင်အမျိုးသားအစည်းအရုံး (KNU) ဒူးပလာယာခရိုင် တပ်မဟာ (၆) နယ်မြေထဲမှာ KNLA ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့အကြား အခုနိုဝင်ဘာလ ရက်ပေါင်း (၂၀) ကျော်အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေထဲမှာ စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံး များပြားနေပြီး လက်ရှိမှာလည်း တိုက်ပွဲတွေ ပြင်းထန်နေတယ်” လို့ ထုတ်ပြန်ထားပါတယ်။ “ပြီးခဲ့တဲ့ နိုဝင်ဘာ (၁) ရက်နေ့က (၂၄) ရက်နေ့အထိ KNLA ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲကြီး၊ တိုက်ပွဲငယ်ပေါင်း (၂၁) ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ (၃၃) ဦး သေဆုံးပြီး…