Author: Editor

(03PT) ချင်းပြည်နယ်၊ ပလက်ဝမြို့တွင် တစ်ပတ်ကျော်ကြာ မိုးသည်းထန်စွာရွာသွန်းကာ ကုလားတန်မြစ်ရေ မြင့်တက်လာပြီး မြစ်နားရှိ နေအိမ်အချို့ ရေလွှမ်းမိုးခြင်းကြောင့် ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးနေကြရသည် ဟု ဒေသခံတစ်ဦးက ပြောသည်။ “မြစ်ကမ်းနားမှာရှိတဲ့ အိမ်တွေကျတော့ ပြောင်းရတယ်။ အခုက ရေမြုပ်တော့လေး။ တစ်ချို့က အိမ်ခေါင်မိုးအထိ မြုပ်တာရှိတယ်။ သူတို့က မြစ်ကမ်းနားနဲ့ အရမ်းနီးတော့လေ” ဟု ဒေသခံတစ်ဦးက ပြောသည်။ ပလက်၀မြို့သည် ကုလားတန်မြစ်ကမ်းနဘေးတွင်တည်ရှိသည့် မြို့ဖြစ်ပြီး တပတ်ခန့်ကြာ အဆက်မပြတ် မိုးရွာသွန်းကာ မြစ်ရေမြင့်တက်လာခြင်းဖြစ်သည်။ မြစ်ရေမြင့်တက်လာမှုကြောင့် ပလက်ဝမြို့၊ မြို့မရပ်ကွက်ရှိ စိုက်ပျိုးရေးကွင်းတွင် နေထိုင်ကြသည့် စစ်ရှောင်စခန်းအချို့မှာလည်း ရေမြုပ်သွားခြင်းကြောင့် ဘေးလွတ်ရာသို့ ခိုလုံနေကြရပြီး နေရာထိုင်ခင်းနှင့် စားဝတ်နေရေး အခက်ခဲကြုံတွေ့နေကြရသည်ဟု သိရသည်။ Photo Crd – CJ

Read More

(05MK) ကလေးမြို့မြောက်ဘက် ကလေး-လက်ပံချောင်းကားလမ်းမပေါ် တွင် ယနေ့မွန်းလွဲပိုင်း ၁ နာရီ၀န်းကျင်ခန့်က ဗုံးပေါက်ကွဲကာ အရပ်သားတစ်ဉီး သေဆုံးခဲ့သည်ဟု သိရသည်။  ကလေး-လက်ပံချောင်း ကားလမ်းမပေါ်တွင်တည်ရှိသော ညောင်တော (Tlangzawl) ကျေးရွာ သချိုင်းကုန်းအနီးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး ၃ ဉီး ထိခိုက်ဒဏ်ရာရရှိကာ ဒိုး၀◌ိုင်းချောင်းကျေးရွာသား အသက် ၁၈ နှစ်အရွယ် Lalpianpuia သည် ပြင်းထန်ဒဏ်ရာကြောင့် ယနေ့ မွန်းလွဲပိုင်း ၂ နာရီ ၄၀ မိနစ်ခန့်တွင် သေဆုံးခဲ့သည်ဟု ဒေသတွင်းသတင်း Zofa Journal ကဖော်ြပသည်။ ၎င်းတို့သည် ပျဉ်းတောဉီးကျေးရွာသို့ နွားသွားယူပြီး ပြန်လာသည့်အချိန် ညောင်တောကျေးရွာ သချိုင်းကုန်းအနီး လမ်းဘေး တွင်ထောင်ထားသော မိုင်းကို နွားက နင်းမိ၍ ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိခဲ့ကြခြင်းဖြစ်သည်။ ဒဏ်ရာရရှိသူ ၃ ဉီးအနက် Lalpianpuia သည် ပြင်းထန်ဒဏ်ရာကြောင့် သေဆုံးခဲ့ပြီး ကျန်နှစ်ဉီးမှာလည်း ဆေးရုံတွင် ကုသမှုခံယူနေကြောင်း သိရသည်။ မိုင်းနင်းမိသည့် နွားမှာလည်း သေလုနီးပါးဒဏ်ရာရရှိသည့်အတွက် သတ်လိုက်ကြသည်ဟု သိရသည်။ ကလေး-လက်ပံချောင်းကားလမ်းသည် ကလေးမြို့မြောက်ပိုင်းဒေသနှင့် ဆက်သွယ်ရာတွင် အဓိကအသုံးပြုသော ကားလမ်းမကြီးဖြစ်သည်။ ယခုပေါက်ကွဲသည့်မိုင်းမှာ မည်သည့်တပ်ဖွဲ့များမှ ထောင်ထားသည့် မိုင်းဖြစ်သည်ကိုမူ မသိရပေ။

Read More

(06SV) ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့မှ မကွေးတိုင်း၊ လောင်းရှည်မြို့ဘက်သို့ ပြန်ဆင်းသော စစ်ကောင်စီတပ်သည် ကျင်ဒွေး- လောင်းရှည်လမ်းမပေါ်ရှိ ကျေးရွာများမှ ဒေသခံပြည်သူပိုင်ပစ္စည်းများကို ဖျက်ဆီး၍ တန်ဖိုးကြီးပစ္စည်းကို ယူဆောင်သွားကြသည်ဟု ချင်းကာကွယ်ရေးတပ်- ကန်ပက်လက်အဖွဲ့၊ ခေါ်နူး တပ်ရင်းက သတင်းထုတ်ပြန်သည်။  အင်အား ၅၀ ခန့်ရှိသော စစ်ကောင်စီစစ်ကြောင်းသည် ကျင်ဒွေးလမ်းမပေါ်ရှိ မဆာတွီ၊ မောချောင်း၊ လှိုင်ဒုတ်ရွာ ဟောင်း၊ လှိုင်ဒုတ်ရွာသစ်၊ ထန်းကုန်း စသော ကျေးရွာများအတွင်းရှိ အိမ်တွင်း ပရိဘောဂများ၊ ဘာသာရေး ကျောင်းနှင့် စာသင် ကျောင်းမှ ပစ္စည်းများကို ယူဆောင်သွားသည်ဟု ဩဂုတ်လ ၇ ရက်က ထုတ်ပြန်သည်။ ပြည်သူများ၏ အိမ်မွေးတိရစ္ဆာများကိုလည်း သတ်စားကြပြီး အရေအတွက် မည်မျှ သတ်စားသွားသည်ကို ဒေသခံပြည်သူများ စစ်ရှောင်နေရသောကြောင့် အတိအကျ မသိနိုင်သေးကြောင်း ခေါ်နူးတပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ စစ်ကောင်စီတပ်သည် လမ်းမီးတိုင်များကို ဖျက်စီးခြင်း၊ ဘက္ထရီ၊ ဆိုလာ၊ သေတ္တာ၊ ဗီရို၊ ပျဉ်များစသော တန်းဖိုးရှိ ပစ္စည်းများကို ယူဆောင်သွားသည်ဟု သိရသည်။ ကျင်ဒွေးသို့ ရိက္ခာပို့ရန် အင်အား ၃၀၀ ကျော်၊ စစ်ကား ၂၇ စီးဖြင့် ထိုးစစ်ဆင်ခဲ့သော စစ်ကြောင်းသည် ဇူလိုင် ၃၁ ရက်မှာ မဆာတွီသို့ ပြန်ဆင်းလာပြီး ၎င်းရွာတွင် ညအိပ်စဉ် နေအိမ် တစ်လုံးကို အသုံံးပြု၍ စစ်ကောင်စီတပ်သား အလောင်းကို မီးရှို့သွားခဲ့သည်ဟု ခေါ်နူးတပ်ရင်းက သတင်းထုတ်ပြန်သည်။ ဩဂုတ်လ ၂ ရက်တွင် မဆာတွီကျေးရွာမှ…

Read More

(06SV) ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် နိုင်ငံရေးဦးဆောင်အဖွဲ့အဖြစ် ဒေသတွင်းအမြင့်ဆုံးအာဏာကျင့်သုံးမည့် ချင်းအမျိုးသားကောင်စီ (မင်းတပ်) ကို စတင်ဖွဲ့စည်းလိုက်သည်ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်သည်။  လက်ရှိတွင် စစ်အာဏာရှင်တော်လှန်ရေး အတိုင်းအတာတစ်ခုထိ အောင်အောင်မြင်မြင် ခရီးပေါက်လာသော အချိန်ဖြစ်၍ နိုင်ငံရေး ဦးဆောင်အဖွဲ့ အရေးတကြီး လိုအပ်လာသောကြောင့် ဩဂုတ်လ ၆ ရက်မှာ စတင်ဖွဲ့ စည်းလိုက်သည်ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ကိုယောမာန်က ပြောသည်။ “နိုင်ငံရေးမပါတဲ့ တော်လှန်ရေးက အဆင်မပြေဘူးလေ။ အနာဂါတ်ဖက်ဒရယ် ဒီမိုကရေစီကို ဘယ်လိုသွားကြမယ်။ NUG နဲ့ ဘယ်လိုစကားပြောမယ်။ ပြည်သူ့အစိုးရပေါ်လာခဲ့ရင် ပြည်နယ်အစိုးရနဲ့ ဘယ်လိုချိတ်ဆက်မယ်ဆိုတာကို ကာကွယ်ရေးကလည်း သူ့ဟာသူ သွားလို့ မရဘူး။ ပအဖကလည်း သူ့ဟာသူ သွားလို့ မရဘူး။ ကာကွယ်ရေးနဲ့ပအဖ နဲ့လည်း လက်ဝါးချင်းရိုက်ပြီး လုပ်လို့ မရဘူး။ ဒီတော့ ချင်းအမျိုးသားကောင်စီဆိုတာ CDM အစုအဖွဲ့ရော၊ ကာကွယ် ရေးရော၊ ပအဖရော၊ ပြည်ပက တတ်သိပညာရှင်တွေ၊ တော်လှန်ရေးကိုကူညီနေတဲ့ ပြည်ပက အဖွဲ့အစည်းအသီးသီး၊ ပြည်တွင်းပြည်ပ အကုန်လုံးစုပေါင်းထားတဲ့ နိုင်ငံရေးဦးဆောင်အဖွဲ့ဖြစ်တယ်။ နိုင်ငံရေးလမ်းစဉ်တွေ ချမှတ်ဖို့၊ ဖက်ဒရယ်ဒီမိုကရေစီ အရေးတွေပေါ့နော်။ အဲလိုမျိုးတွေကို ဦးဆောင်ဖို့ပေါ့လေ။ အဲဒါတွေကို ဦးဆောင်ဖော်မဲ့ နိုင်ငံရေး ဦးဆောင်အဖွဲ့ပါ” ဟု ကိုယောမာန်က ပြောသည်။ ချင်းအမျိုးသားကောင်စီ (မင်းတပ်) သည် အနာဂါတ် ချင်းလူမျိုးများအတွက် နိုင်ငံရေးလမ်းစဉ်များ ချမှတ်နိုင်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီအရေး၊ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးရေး၊ တန်းတူရေး၊ အခြေခံလူ့အခွင့်အရေးတို့ကို အာမခံ ချက်ပေးမည့် မူဝါဒလုပ်ငန်းစဉ်များ…

Read More

(03PT) ချင်းပြည်နယ် ဖလမ်းမြို့နယ်တွင် တရားဥပဒေစိုးမိုးရေးနှင့် မှုခင်းကျဆင်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ချင်းပြည်နယ်ပြည့်သူ့ရဲတပ်ဖွဲ့၏ ဦးဆောငမှုဖြင့် သြဂုတ်လ ၆ ရက်နေ့က ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။  ယင်း တရားဥပဒေစိုးမိုးရေးနှင့် မှုခင်းကျဆင်းရေးဆိုင်ရာ အသိပညာပေး ဟောပြောဆွေးနွေးမှုတွင် ချင်းပြည် နယ်ပြည်သူ့ရဲတပ်ဖွဲ့၊ ဖလမ်းမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့၊ ဒု-မြို့နယ်မှူး အပါဝင် ဖလမ်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ ခေါင်းဆောင်တို့ ပူးပေါင်းကာ မြို့နယ်အတွင်းရှိ ပြည်သူများနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ချင်းပြည်နယ်ပြည်သူ့ရဲတပ်ဖွဲ့သည် လွန်ခဲ့သည် ဇွန်လက ပြည်နယ်အဆင့်ရှိသော အခြေခံစစ်ရေးပြ၊ အမှုစစ်၊ နိုင်ငံတကာဥပဒေ၊ လူ့အခွင့်ရေး၊ ဖက်ဒရယ် ရဲတပ်ဖွဲ့စနစ်၊ နိုင်ငံတကာရဲတပ်ဖွဲ့ကျင့်ဝတ်နှင့် ဥပဒေဘာသာရပ်များကို လေ့ကျင့်သင်ကြားသည့် သင်တန်းပို့ချခဲ့ပြီးနောက် ချင်းပြည်နယ်အတွင်း တရားဥပဒေစိုးမိုးရေးဆိုင်ရာ လုပ်ငန်းကို စတင်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လကလည်း ချင်းပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့၊ ကန်ပလက်မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့မှ ကန်ပလက်မြို့နယ်အတွင်းရှိ ပြည်သူများနှင့် တွေ့ဆုံကာ မြို့နယ်အတွင်း တရားဥပဒေ စိုးမိုးနိုင်ရေးနှင့် မှုခင်းများကျဆင်းရေးဆိုင်ရာ အသိပညာ ဟောပြောဆွေးနွေးမှုတစ်ရပ် ပြုလုပ်ခဲ့ကြောင်း သိရသည်။ ချင်းပြည်နယ်ပြည်သူ့ရဲတပ်ဖွဲ့သည် အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ပြည်ထဲရေးနှင့် လူမှုကြီးကြပ်ရေးဝန်ကြီးဌာန လက်‌အောက်ရှိ ပြည်သူ့ရဲတပ်ဖွဲ့ နှင့် ပူးပေါင်းကာ တရားဥပဒေစိုးမိုးရေး ဆိုင်ရာများကို ဆောင်ရွက်လက်ရှိကြောင်းလည်း သိရသည်။

Read More

(03PT) ချင်းပြည်နယ် ဟားခါးမြို့ တွင် ပြီးခဲ့သည့် ဇူလိုင်လအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့က ပြည်သူနေအိမ် ၉ လုံးကို ချိပ်ပိတ်သိမ်းဆည်းခဲ့သည်ဟု ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ကပြောသည်။  ဟားခါးမြို့ Hakha Thar ရပ်ကွက်ရှိ နေအိမ် ၉ လုံးကို တော်လှန်ရေး အဖွဲ့များနှင့် ပတ်သက် ဆက်နွယ်မှု ရှိသည်ဟုဆိုကာ စစ်ကောင်စီက ချိပ်ပိတ်ကာ နိုင်ငံတော်ပိုင်အဖြစ် သိမ်းဆည်းထားခြင်း ဖြစ်ကြောင်း သိရသည်။ “တကယ်တမ်းဆိုရင်တော့ လူပုဂ္ဂိုလ်တစ်ဦးက သူ့ရွေးချယ်မှုနဲ့ ဒီစစ်အာဏာရှင်ကို ဆန့်ကျင်ပြီး‌တော့ တော်လှန်ရေးထဲဝင်တာပဲဖြစ်ဖြစ်၊ CDM ဝင်တာပဲဖြစ်ဖြစ် သူတို့ရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့ သူတို့ရွေး ချယ်ကြတာလေ၊ သူတို့ရဲ့ ကိုယ်ပိုင်ရွေးချယ်တဲ့ဟာက မိသားစုနဲ့ မဆိုင်ဘူးပေါ့နော်။ ဆိုတော့ မိသားစုတစ်စုမှာ လူတစ်ယောက်က သူ့ရဲ့ကိုယ်ပိုင်‌ရွေးချယ်မှုနဲ့ လုပ်တာ၊ သူ့ရဲ့မိသားစုတွေအပေါ် အခုလို ဒီလိုမျိုးလုပ်တာက အကြမ်းဖက်တဲ့ လုပ်ရပ်ဖြစ်ပါတယ်” ဟု ချင်းလူ့အခွင့်ရေးအဖွဲ့က ဆလိုင်းမန်ဟရဲလျန် က ပြောသည်။ စစ်ကောင်စီတပ်ဖွဲ့က ယင်း နေအိမ် ၉ လုံးကို အကြမ်းဖက်မှု ကျူးလွန်သူတစ်ဦးအား ပုန်းအောင်းခွင့်ပေးခြင်းနှင့် ယာယီနေထိုင်ခွင့်ပေးသည်ဟုဆိုကာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂ အရ နေအိမ် အဆောက်အဦးပိုင်ရှင်အား အရေးယူမည့်အပြင် ပုဒ်မ ၅၆ အရ နေအိမ် အဆောက်အဦးကို နိုင်ငံတော်ပိုင်ဘဏ္ဍာအဖြစ် သိမ်းဆည်းမည်ဟု ဖော်ြပထားသည်။ ထို့အပြင် စစ်ကောင်စီသည် ဟားခါးမြို့တွင်းလည်း လုံခြုံရေး တင်းကြပ်စွာချထားပြီး ပြည်သူများအနေဖြင့် အကြမ်းဖက်မှုတွင် ပါဝင်သူများအား သိရှိပါက အကြောင်းကြားအသိပေးရန် အသံချဲ့စက်များဖြင့် မြို့တွင်း…

Read More

(04SS) တမူးမြို့နယ်၊ ခါမ်းပါတ်မြို့နှင့် အနီးတဝိုက်တွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည့် ပြည်သူအချို့ မှာ မိမိနေရပ်သို့ ပြန်လည်ရောက်ရှိလာကြပြီဟု ဒေသခံများထံမှ သိရသည်။ ကလေး-တမူးကားလမ်းမပေါ်တွင်တည်ရှိသော ခါမ်းပါတ်မြို့တွင် ပြီးခဲ့သည့် ဇူလိုင် ၂၂ ရက်နေ့က စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့မှုကြောင့် ခါမ်းပါတ်မြို့ အပါအ၀◌င် အနီးနားကကျေးရွာများသည် ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်ခဲ့ကြရခြင်းဖြစ်သည်။ ဒေသခံပြည်သူများ စစ်ဘေးတိမ်းရှောင်နေစဉ်အတွင်း ‌ခမ်းပါတ်မြို့ထဲတွင် သူခိုးများကျင်လည်နေခဲ့ပြီး နေအိမ် ဖောက်ထွင်းခံရမှု၊ ဆိုင်ခန်းများ ဖောက်ထွင်းမှုများပြားခဲ့သည့်အပြင် စပါးစိုက်ပျိုးချိန်ဖြစ်သည့်အတွက် ဒေသခံ ပြည်သူများတောင်ယာလုပ်ငန်းများလုပ်ကိုင်နိုင်ရန်အတွက် ဩဂုတ်လ ၂ ရက်နေ့က ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့ဘက်မှ အိမ်ပြန်နိုင်ပြီ အကြောင်းကြားခဲ့ခြင်းကြောင့် ဒေသခံတော်တော်များများ မိမိနေရပ်သို့ ပြန်သွား ကြသည်ဟု စစ်ဘေးတိမ်းရှောင်ရာမှ ပြန်လည်ရောက်ရှိလာသူ တစ်ဦးက ပြောသည်။ “အဓိကတော့ ကျွန်တော်တို့မရှိတဲ့ချိန်အတွင်း မြို့ထဲမှာ သူခိုးတွေပေါတယ်။ အိမ်ဖောက်တာ၊ ဆိုင်ခန်း တေဖောက်ထွင်းတာတွေများခဲ့တယ်၊ အခု လောလောဆယ်မှာလဲ တိုက်ပွဲက ငြိမ်နေပြီပေါ့နော်။ ပြီးတော့ စပါးမစိုက်ရသေးတဲ့သူတွေလဲ များတယ်ဆိုတော့ စပါးစိုက်နိုင်ဖို့ အချိန်ပေးနိုင်ဖို့ ဒေသခံတွေက ကာကွယ်ရေး တပ်ဖွဲ့တေစီမှာ တောင်းဆိုထားတာလဲရှိတယ်ပေါ့နော်။ ဒါကြောင့်လဲ ဒေသကာကွယ်ရေးဘက်ကနေ ဒေသခံတွေ အထူးသဖြင့် အမျိုးသားတွေပေါ့နော် အိမ်ပြန်လာဖို့ အကြောင်းကြားတော့ ကျွန်တော်တို့ဆို ကလေးတွေနဲ့ ဒီနေ့ပြန်လာရဲကြတာပေါ့။ အားလုံးတော့ ပြန်မလာကြသေးဘူး ဒါပေမဲ့ အခုက အိမ်ပြန် လာတဲ့သူ‌‌ေတွ များပါတယ်” ဟု ၎င်းကပြောသည်။ ခါမ်းပါတ်မြို့ခံများ စစ်ဘေးတိမ်းရှောင်နေစဉ်အတွင်း အိမ်ဖောက်ထွင်းမှု ဆိုင်ခန်းဖောက်ထွင်းမှု များပြားခဲ့ပြီး ပျောက်ဆုံးသည့် ပမာဏကိုတော့ အတိအကျ မသိရသေးကြောင်း…

Read More

(04SS) စစ်ကိုင်းတိုင်း ကလေးမြို့၊ တောင်ဖီလာရပ်ကွက်တွင် လမ်းသွားလမ်းလာ ဆိုင်ကယ်နှင့် ကားများ စစ်ဆေးကာ ငွေကြေး တောင်းခံနေသည့် စစ်ကောင်စီတပ်ဖွဲ့များ ပစ်ခတ်ခံရပြီး ၄ ဦး သေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။ ယမန်နေ့ ဩဂုတ် ၃ ရက်‌‌‌ေန့ မနက်ပိုင်း ၉ နာရီဝန်းကျင်၌ တောင်ဖီလာရပ်ကွက် အ.ထ.က- ၂ ကျောင်းအနီးတွင် စစ်ကောင်စီတပ်ဖွဲ့များသည် လမ်းသွားလမ်းလာ ကားနှင့် ဆိုင်ကယ်များထံ ငွေကြေးတောင်းခံနေစဉ် အသင့် စောင့်ကြို နေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ မိုင်းဖောက်ခွဲပြီးနောက် နှစ်ဘက် ပစ်ခတ်မှု ဖြစ်ပွါးခဲ့ခြင်းဟု သိရသည်။ “စစ်သား‌‌‌ေတွက နောက်တန်းဘက်မှာ ကားရော ဆိုင်ကယ်ရော စစ်နေတာ ပြီးတော့ ပိုက်ဆံတောင်းတယ်။ အဲမှာ ရွာဘက်ပြန်မယ့် skat ကားတစ်စီးကို စစ်သားတွေက စစ်ဆေးပြီး‌‌ေတာ့ သူတို့ ပစည်းတွေရော ထုတ်ခိုင်းတယ် အဲမှာ ကာကွယ်ရေးတပ်ဖွဲ့တွေက စစ်သားတွေကို စပစ်တယ်။ ပစ်ခတ်သံကြားတော့ အဲကားလည်း အမြန်ထွက်ပြေးပြီးတော့ ကားပေါ်က ပစည်းတွေလဲ လမ်းတလျှောက်မှာ ပြန့်ကျဲသွားတယ်။ ပြီးတော့ အဲမှာ စစ်သားတစ်ယောက် ပိုက်မှာပစ်ခံရတော့ သေသွားတယ်” ဟု ကလေးမြို့ ဒေသခံတစ်ဦးက ပြောသည်။ ထို့နောက် အဆိုပါပစ်ခတ်မှုတွင် ဒါဏ်ရာပြင်းထန်သည့် စစ်သား ၃ ဦးလည်း ထပ်မံသေဆုံးသွားကြောင်း သိရသည်။ စစ်ကောင်စီတပ်များသည် ကလေးမြို့တွင် လမ်းသွားလမ်းလာ ကားနှင့် ဆိုင်ကယ်များအား နေ့တိုင်းလိုလို စစ်ဆေးမှုပြုလုပ်ကာ ငွေကြေးတောင်းခံမှုများ မကြာခဏ ပြုလုပ်လေ့ရှိသောကြောင့် ဒေသခံများအပြင်ထွက်လျှင် စိုးရိမ်မှုများနှင့် ရင်ဆိုင်နေကြရကြောင်း သိရသည်။

Read More

(06SV) ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေး- လောင်းရှည်လမ်းပိုင်းအတွင်း စစ်ကောင်စီတပ် ထောင်ထားသော မြေမြှပ်မိုင်းများကို နယ်မြေရှင်းလင်းရေးဆောင်ရွက်နေစဉ် မိုင်းမတော်တဆ ပေါက်ကွဲမှုကြောင့် တပ်ရင်း ၃ တပ်ရင်းမှူးဟောင်း ကျဆုံးခဲ့သည်ဟု ချင်းကာကွယ်ရေးတပ်- ကန်ပက်လက်က ထုတ်ပြန်သည်။ ဩဂုတ်လ ၃ ရက်က ကျင်ဒွေး- လောင်းရှည် လမ်းပိုင်းကို ပြည်သူများ ပြန်လည်သွားလာနိုင်ရေးအတွက် နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်နေစဉ် မိုးမတော်တဆ ပေါက်ကွဲမှုကြောင့် အသက် ၂၉ နှစ်အရွယ် ရဲဘော် ဆလိုင်းအွမ်ဂေ ကျဆုံးသွားရခြင်းဖြစ်သည်။ “အများကြီး ဆုံးရှုံးလိုက်ရတယ်။ ပထမဆုံးလက်နက်ကိုင် တော်လှန်မှု ဖြစ်တဲ့အခါမှာ အစောဆုံး သင်တန်းတွေ တက်ပြီးတော့ ဦးဆောင်ခဲ့တယ်။ ကျင်ဒွေးကို ထောက်ပို့စစ်ကြောင်း သွားတဲ့ဟာက လောင်းရှည်အထိ ပြည်သူတွေ သွားလာလို့ ရအောင် နယ်မြေရှင်းလင်းရေး၊ မိုင်းရှင်းလင်းရေး ပြန်လုပ်ရတယ်။ ပြန်လုပ်တဲ့ ပထမရက်မှာပဲ မိုင်းပေါက်ကွဲမှုကြောင့် မတော်တဆနဲ့ ထိခိုက်ပြီးမှ ကျဆုံးသွားပါတယ်” ဟု CDF – ကန်ပက်လက် တပ်မဟာမှူး ထွန်းလိန်းထန်းက ပြောသည်။ ရဲဘော် ဆလိုင်းအွမ်ဂေသည် လက်ရှိတွင် CDF – ကန်ပက်လက်၏ မိုင်းဌာနမှာ မိုင်းကျွမ်းကျင်ရဲဘော်အဖြစ် ပြန်လည်တာဝန်ထမ်းဆောင်နေပြီး တော်လှန်ရေးအစောပိုင်းကာလတွင် CDF ကန်ပက်လက်၊ တပ်ရင်း – ၃ (တူမီးတပ်ရင်း)တွင် တပ်ရင်းမှူးတာဝန်ထမ်းဆောင်ခဲ့သည်ဟု သိရသည်။ ကျင်ဒွေး- လောင်းရှည် လမ်းပိုင်းတွင် စစ်ကောင်စီတပ် ထောင်ထားသော မိုင်းများကို အားလုံး ရှင်းလင်းမှု မပြီးသေးသည့်အတွက် ပြည်သူများအနေဖြင့် အသုံးမပြုကြရန်နှင့် ပြန်လည်အသုံးပြု၍ ရသော…

Read More

(02HH) ချင်းပြည်နယ်တွင် မိုခါဆိုင်ကလုန်မုန်တိုင်း ဝင်ရောက်တိုက်ခတ်ခဲ့ပြီး (၃) လကြာအထိ ကူညီထောက်ပံ့မှု အပြည့်အဝ မရရှိနိုင်သေးသောကြောင့် ပျက်စီးဆုံးရှုံးမှု အများဆုံးမြို့နယ်တို့တွင် နေအိမ်များ ပြန်ပြုပြင်ရန် အိမ်ဆောက်ပစ္စည်းများ လိုအပ်နေသေးကြောင်း သိရသည်။ အဆိုပါမြို့နယ်တို့တွင် နိုင်ငံတကာနှင့် ပြည်တွင်းအလှူရှင်များ၏ ထိရောက်စွာ ကူညီကယ်ဆယ်မှု မရရှိနိုင်သည့်ပြင် စစ်ကောင်စီ၏ နယ်မြေပိတ်ပင်ခြင်း အခက်အခဲများကြောင့် မုန်းတိုင်းသင့်ပြည်သူများအတွက် အကူအညီရရှိရန် ပိုမိုခက်ခဲရခြင်းဖြစ်ကြောင်း ချင်းပြည်နယ် ICNCC အဖွဲ့ဝင် ဆလိုင်းမင်းညို က ပြောသည်။ “အဓိက ရန်ပုံငွေအခက်အခဲဖြစ်တယ်၊ စစ်ကောင်စီကနေတဆင့် NGO ကချိတ်ဆက်ပြီး၊ ထောက်ပံ့မယ်ဆိုတဲ့အပိုင်းမှာ သူတို့က ပိတ်ပင်တားမြစ်မှုတွေ ရှိတယ်၊ ဒီအပိုင်းတွေမှာ လူသားစာနာပံ့ပိုးမှု အဖွဲ့အစည်းတွေက လွယ်လွယ်ကူကူ ဝင်ရောက်နိုင်ဖို့ အခက်အခဲနဲ့၊ လွတ်လွတ်လပ်လပ် သွားလာခွင့်မရှိတဲ့အတွက် များစွာ ကျွန်တော်တို့ ခက်ခဲဖြစ်တယ်၊ သာမန်ကာလမဖြစ်တဲ့အတွက် တော်လှန်ရေးကာလ အစိုးရကလည်း လောလောဆယ် ရန်ပုံငွေအခက်ခဲအရ ပံ့ပိုးမှုအပိုင်းတွေမှာ တော်တော်လေး ပြန့်ကြတ်ရတော့ အခက်အခဲဖြစ်တယ်” ဟု ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီအဖွဲ့ဝင် ဆလိုင်းမင်းညို ကပြောသည်။ ချင်းပြည်နယ်အတွင်း မေလ (၁၄) နေ့က ဝင်ရောက်တိုက်ခတ်ခဲ့သော မုန်တိုင်းကြောင့် တွန်းဇံမြို့နယ်မှလွဲပြီး ကျန် (၈) မြို့နယ်တွင် အိမ် ၂၇၇၄ လုံး၊ စာသင်ကျောင်း ၁၈၅ ကျောင်း၊ ဘာသာရေး အဆောက်အအုံ ၁၀၂ ကျောင်း၊ ကျန်းမာရေး အဆောက်အ အုံ ၁၂ လုံး၊ စပါးကျီ ၂၅၉ လုံး၊ ခန်းမဆောင်နှင့် အခြား အဆောက်အအုံ…

Read More