Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ချင်းလဲန်းကောင်စီမှာ ချင်းအင်အားစုများအားလုံး ပါဝင်လာစေရန် ညှိနှိုင်ရေးအဖွဲ့ ဖွဲစည်းဆောင်ရွက်နေ

ချင်းလဲန်းကောင်စီမှာ ချင်းအင်အားစုများအားလုံး ပါဝင်လာစေရန် ညှိနှိုင်ရေးအဖွဲ့ ဖွဲစည်းဆောင်ရွက်နေ

0
By Editor on September 26, 2023 Headline

(003PT၊ 006SV)

ချင်းပြည်ကောင်စီ ဖွဲ့စည်းထူထောင်ရာတွင် ချင်းတော်လှန်ရေးအင်အားစုများအားလုံး ပါဝင်နိုင်ရေးအတွက် မတက်ရောက်ခဲ့သည့် အဖွဲဝင်များ ပါဝင်လာစေရန် WCCCC ကော်မတီအောက်တွင် ညှိနှိုင်းရေးအဖွဲ့ ဖွဲ့စည်း၍ ဆောင်ရွက်နေသည်ဟု ညှိနှိုင်းရေးအဖွဲ့ ခေါင်းဆောင် Dr. Ngai Tam Mawng က ပြောသည်။

“အဓိကက CJDC မှာ ပါဝင်တဲ့ အဖွဲ့ဝင်တွေကို အခြေပြုပါတယ်။ နောက်ပိုင်းမှာ ဆက်လက်ပြီးတော့ ညှိနှိုင်းသွားဖို့ ရှိပါတယ်။ အခု အစကနေ စပြီးတော့မှ ညှိနှိုင်းရေးအဖွဲ့ကို ဖွဲ့စည်းပြီးတော့ ပါဝင်ပြီးသား အဖွဲ့ဝင်အတွင်းမှာပဲ ဖြစ်ဖြစ်၊ အားလုံးကို ပါဝင်နိုင်အောင် အထဲမှာလည်း ယုံကြည်မှုလည်း တည်ဆောက်ရေးနဲ့ လုပ်ဆောင်သွားမှာဆိုတော့ ညှိနှိုင်းရေးအဖွဲ့လည်း ဖွဲ့ထားတယ်” ဟု Dr. Ngai Tam Mawng က ပြောသည်။

အိန္ဒိယ- မြန်မာနယ်စပ်တစ်နေရာတွင် ပြုလုပ်သည့် ချင်းပြည်ကောင်စီဖွဲ့စည်းရေး မျက်နှာစုံညီ အစည်းအဝေး ကို ချင်းအမျိုးသား တပ်ဦး (CNF)၊ ချင်းလွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်နှင့် ဒေသအခြေပြုအဖွဲ့အစည်း (၁၆)ဖွဲ့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသော်လည်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (၂)ခုက တက်ရောက်ခဲ့ခြင်း မရှိဟု ညှိနှိုင်းရေးအဖွဲ့ ခေါင်းဆောင် က ပြောသည်။ 

စက်တင်ဘာလ ၇ ရက်မှ ၉ရက်အထိ ကျင်းပပြုလုပ်သည့် ယင်းအစည်းအဝေးပွဲကို ဖလမ်းမြို့နယ်ထဲက ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/ CNDF) နှင့် တီးတိန်းမြို့နယ်ထဲက ဇိုမီးဖက်ဒရယ်ယူနီယံ (ZFU) အဖွဲ့တို့က မတက်ရောက်ခဲ့ခြင်းဖြစ်သည်။ 

CNO/ CNDF မှ မူဝါဒရေးရာ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းပီတာထန်းက “မပါဝင်ခဲ့ရတဲ့ အကြောင်းက  အခုအစည်းအဝေးကို ခေါ်တဲ့ CNF ရဲ့ အပေါ်မှာ ယုံကြည်မှု မတည်ဆောက်နိုင်တာပါတယ်။ ဘာလို့လဲဆိုတော့ ICNCC နဲ့ CJDC နဲ့ ပူးပေါင်းပြီးတော့မှ ကြိုစားခဲ့ကြတဲ့ “ဆင်ပြောင်ကြီး အမြီးကြမှ ထစ်”သွားတဲ့ ဟာကို နားမလည်နိုင်ဘူး။ CNF သာ အဲဒီအချိန်တုန်းက  ပူးပေါင်း ပါဝင်ခဲ့မယ်ဆိုရင် ခုချိန်မှာ ချင်းလဲန်းကောင်စီက ထွက်ပြီးနေလောက်ပြီ။ 

ကယားပြည်နယ်ထက်ကို ချင်းပြည်အစိုးရက အရင် ဖွဲ့နေလောက်ပြီ။ အဲဒီအချိန်တုန်းက ဘာကြောင့် သူ မပါဝင်ခဲ့တာလဲဆိုတာကို နားမလည်နိုင်ဘူး ဖြစ်နေတယ်။ ကျနော်တို့ နားမလည်ပေမယ့် သေချာတာက အဲဒီအချိန်တုန်းက သူ မပါဝင်ခဲ့ပဲ ထွက်သွားပြီးတော့မှ သူရဲ့ အတောင်အောက်ကနေ သီးခြားထပ်ဖွဲ့ဖို့ လုပ်လာတဲ့အခါမှာ။ အခုကြည့်ပါ၊ အကြိုညှိနှိုင်းအစည်းအဝေးကနေ ဘာထပ်လုပ်ရလဲဆိုတော့ ဖြစ်မြောက်ရေး ကော်မတီ ထပ်ဖွဲ့နေရတယ်။ အစကနေ ပြန်လုပ်နေရတယ်။ ဟိုအရင်က ကျနော်တို့ ဆွဲထားတဲ့ CJDC ၁၈ ဖွဲ့၊ မျိုးနွယ်စု ခေါင်းဆောင်၊ မြို့နယ်ခေါင်းဆောင်တွေရဲ့ ကြားထဲမှာ သဘောထား အမြဲတမ်း ကွဲလွဲနေရတဲ့ ဟာတွေ ၊ အဲဒီ ၁၈ ဖွဲ့လုံး သဘောတူညီတဲ့ Draft (မူကြမ်း) တစ်ခု ထပ်ရလာဖို့ ဆိုတာ လွယ်တဲ့ကိစ္စတော့ မဟုတ်ဘူး။ ဒါပေမဲ့ အခုက သူက အစကနေ ပြန်ပြီးတော့ လုပ်နေရ တာပါ။ အဲဒါတွေက ဘာအတွက်လည်းဆိုတာ ကျနော်တို့ နားမလည်နိုင်ဘူး။ ယုံကြည်မှုလည်း မတည်ဆောက်နိုင်ဘူး” ဟု ပြောသည်။ 

ချင်းအမျိုးသားတပ်ဦး (CNF/CNA) က The Father of All စိတ်ဓါတ်ကို လျော့ပြီး One among us စိတ်သဘောဖြင့် ဆောင်ရွက်ပါက CNO/ CNDF ဘက်မှ လက်ခံကြိုဆိုပြီသားဖြစ်ပြီး အစ်ကိုကြီး နေရာမှာ ထားသည်ဟု သူက ပြောသည်။ 

ကျင်းပခဲ့သည့် မျက်နှာစုံညီအစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များနှင့် CNF မှ ချင်းပြည်ဖွဲ့စည်းပုံအတွက် ရေးဆွဲထား သည့် မူကြမ်းတစ်ခုကို ဖရိန် (Frame) တစ်ခုအနေဖြင့် တင်ပြခဲ့ပြီး တက်ရောက်ခဲ့သော ကိုယ်စားလှယ် (၁၀၈)ဦးက ဆွေးနွေးခဲ့ ကြသည်ဟု Dr. Ngai Tam Mawng က ပြောသည်။ 

ချင်းလဲန်းကောင်စီညီလာခံအလုပ်အဖွဲ့ကော်မတီ (Working Committee for Chinland Council Conference -WCCCC)ကို စက်တင်ဘာလ ၂၂ ရက်စတင်ဖွဲ့စည်းပြီးနောက် ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များနှင့်အညီ ချင်းပြည်အခြေခံဥပဒေကို ရေးဆွဲမည်၊ ထို့နောက် ယင်းဥပဒေနှင့်အညီ ချင်းလဲန်ကောင်စီကို ဖွဲ့စည်းမည်ဖြစ်သည်။ 

ချင်းလဲန်းကောင်စီဖွဲ့စည်းရာတွင် ချင်းအင်အားစုများ အားလုံးပါဝင်ရေးအတွက် မပါဝင်လာသေးသည့် အဖွဲ့ဝင်များအပြင် ချင်းတော်လှန်ရေးအင်အားစုများနှင့် တွေ့ဆုံညှိနှိုင်းမှုများ လုပ်ဆောင်ရန်၊ ယုံကြည်မှုများ တည်ဆောင်နိုင်ရန် ညှိနှိုင်းရေးအဖွဲ့ကို ဖွဲ့စည်းရန် စက်တင်ဘာလ ၂၂ရက်က ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။

ထိုကြောင့် ချင်းလဲန်းကောင်စီညီလာခံ ကျင်းပြုလုပ်နိုင်ရေးအတွက် လိုအပ်သည့် ပြင်ဆင်မှုများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေပြီး ယင်းမှတဆင့် ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေး မဏ္ဍိုင် (၃)အပါအဝင် ချင်းပြည်အစိုးရကို ဖွဲ့စည်းမည်ဖြစ်ပါသည်။ 

ချင်းလဲန်ကောင်စီညီလာခံကျင်းပရေးကော်မတီတွင် လွှတ်တော်ကိုယ်စားလှယ်များဘက်မှ တစ်မြို့နယ်ကို တစ်ဦး၊ CNF/ CN A ဘက်မှ ငါးဦး၊ မြို့နယ်နှင့် ဒေသအခြေပြုဖွဲ့စည်းထားသည့် အုပ်ချုပ်ရေးနှင့် ကာကွယ်ရေးဘက်မှ ကိုယ်စားလှယ်တစ်ဦးစီ ပါဝင်သည်ဟု ယင်းကော်မတီမှ တာဝန်ရှိသူက ရှင်းပြသည်။ 

ချင်းပြည်ဖွဲ့စည်းပုံ အပြီးသတ် ရေးဆွဲနိုင်ရေးနှင့် ချင်းလဲန်းကောင်စီညီလာခံ အမြန်ဆုံးခေါ်ယူနိုင်ရေးအတွက် ဆွေးနွေးပွဲများ ကိုလည်း လာမည့် လများတွင် ထပ်မံကျင်းပပြုလုပ်မည်ဟု သိရသည်။ 

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ချင်းတော်လှန်ရေးအစုအဖွဲ့ (၄)ခုဖြင့် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) ကို ဖွဲ့စည်း ခဲ့ပြီး ယင်းမှတစ်ဆင့် ချင်းပြည်အစိုးရ ဖွဲ့စည်းနိုင်ရန် ဆောင်ရွက်ခဲ့သော်လည်း အဆုံးမသတ်နိုင်ခဲ့ပါ။ 

ထို့နောက် ချင်းကာကွယ်ရေးတပ်ဖွဲ့ (၁၈) ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် CJDC အနေဖြင့်လည်းကောင်း၊ CJDC နှင့် ICNCC တို့ ပူးပေါင်းထားသည့် အဖွဲ့အနေဖြင့် လည်းကောင်း ချင်းလဲန်းကောင်စီနှင့် ချင်းပြည်အစိုးရ ပေါ်ပေါက်ရေး ဆောင်ရွက်ခဲ့သော်လည်း မအောင်မြင်ပဲ ဖြစ်နေခဲ့သည်။ 

ချင်းတော်လှန်ရေးအင်အားစုများသည် ချင်းလဲန်းကောင်စီ ဖွဲ့စည်းနိုင်ရေး ဆောင်ရွက်နေသည်မှာ ၂ နှစ်ကျော် ကြာမြင့်လာပြီး ဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

ကလေးလူငယ်များကို လက်နက်ကိုင်အဖွဲ့များက အဓမ္မစစ်မှုထမ်းစေခြင်းကို ကန့်ကွက်ကြောင်း ချင်းပညာရေးစီဒီအမ်အဖွဲ့ ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.