Author: Editor

#Interview ချင်းပြည်နယ် ဖလမ်းမြို့နယ်အတွင်းမှာ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF) ပညာရေးဌာန၏ ဦးဆောင်မှုဖြင့် ကျေးရွာပေါင်း ၁၄၀ ကျော်မှာ အခြေခံပညာကျောင်းများဖွင့်လှစ်ပြီး ကျောင်းသူကျောင်းသားပေါင်း ၈၀၀၀ ကျော်ကို ပညာသင်ကြားပေးနေသည်ဟု သိရသည်။ ယင်းကိစ္စနှင့်ပတ်သက်၍ CNO ၏ ပညာရေးဌာနမှ အတွင်းရေးမှူးကို ဆက်သွယ်မေးမြန်းထားသည်။ မေး။ ။ CNO ရဲ့ ဦးဆောင်မှုနဲ့ ဖလမ်းမြို့နယ်အတွင်းမှာ ကျောင်းများ ပြန်လည်ဖွင့်လင့်နိုင်ခဲ့ပြီဖြစ်ကြောင်းသိရတယ်။ ခုလက်ရှိအနေအထားမှာ ကျေးရွာဘယ်နှစ်ရွာမှာ ကျောင်းပေါင်း ဘယ်လောက် ဖွင့်လှစ်နိုင်ခဲ့ပြီလဲ။ အဖြေ။ ။ ဟုတ်ပြီကျောင်းက ၁၄၀၊ နှစ်ကျောင်းထပ်ဖွင့်တယ်ဆိုတော့ ၁၄၂ ကျောင်းပေါ့။ အမေး။ ။ အဲဒီကျောင်းတွေက ဘယ်ချိန်တုန်းကစပြီး ဖွင့်လှစ်ခဲ့ကြပါလဲ။ အဖြေ။ ။ ကျောင်းဖွင့်တာကြတော့ တစ်ချို့ရွာတွေဆိုလိုရှိရင်တော့ ၂၀၂၂ ဇန်နဝါရီလကနေ စပြီးဖွင့်တဲ့ ကျောင်းတွေလည်းရှိတယ်၊ အများစုကကြတော့ ဇွန်လနဲ့ဇွန်လိုင်လမှာ ဖွင့်လှစ်ခဲ့ကြတယ်။ အမေး။ ။ ချင်းအမျိုးသားကာကွယ်ရေးတပ်မတော်ရဲ့ ထိန်းချုပ်နယ်မြေတွင် ရွာပေါင်းဘယ်လောက်ရှိလဲ။ အဖြေ။ ။ အခုကျွန်မတို့ ကျောင်းလည်ပတ်နေတာ ဖလမ်းမြို့နယ်ထဲကပိုများတာပေါ့နော်။ ဒီ CNO/CNDF ကကျတော့ ကလေး-ကဘော်တွေလည်းပါတယ်ပေါ့နော်။ တစ်ချို့နေရာတွေလည်း ပါတယ်ဆိုတော့ အဲ့ဘက်ခြမ်းမှာ ကျွန်မတို့ အတိကျ စာရင်းမရသေးဘူးပေါ့နော်။ ခုလောလောဆယ် ဖလမ်းမြို့နယ်မှာဆိုလို့ရှိရင် ရွာပေါင်း ၁၇၉ ရွာရှိတယ်၊ အဲ့ဒီထဲမှာ ရွာတစ်ရွာ က ရွာပျက်ဆိုတော့ ၁၇၈ ရွာရှိတယ်ပေါ့နော်၊ အဲ့ဒီ ၁၇၈ ရွာမှာ ၁၆ ရွာကိုကြ‌တော့ နယ်မြေမထိန်းချုပ်တဲ့ဒေသ (Non-dominion area) ထဲမှာ ကျွန်မတို့ ထည့်ထားတယ်။…

Read More

မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်၊ ဘုံးဘောကျေးရွာတွင် နေထိုင်ကြသော အရှိုချင်းအမျိုးသမီးနှစ်ဦးသည် ၃ ရက်ကြာပျောက်ဆုံးပြီးနောက် အောက်တိုဘာလ ၉ ရက်နေ့က အသတ်ခံထားရသော ရုပ်အလောင်းအား တွေ့ရှိခဲ့ကြသည်ဟု သိရသည်။ အသတ်ခံရသူနှစ်ဦးမှာ အသက် ၁၄ နှစ်အရွယ် မိုင်နှောင်ပါလှနှင့် အသက်၂၁ နှစ်အရွယ် မိုင်ရွှေဇင်ရဲ (ခေါ်) မခင်ဝင်းတို့ဖြစ်ကြပြီး အောက်တိုဘာလ ၆ ရက်နေ့က ဂုတ်ကြီးရွာမှ ဘုံးဘောကျေးရွာသို့ အပြန်လမ်းတွင် ပျောက်ဆုံးသွားခဲ့ပြီး အောက်တိုဘာလ ၉ ရက်နေ့တွင် သေဆုံးလျှက်ရှိနေသော ၎င်းတို့၏ ရုပ်အလောင်းကို မြေလတ်ရွာအပြင်တွင် တွေ့ရှိခဲ့ကြသည်ဟု ဆွေမျိုးတော်စပ်သူတစ်ဦးက ပြောသည်။ “၆ ရက်နေ့မှာ ပျောက်သွားတာ၊ ရွာတွေပေါင်းပြီးမှရှာကြလို့ ၉ ရက်နေ့ကျမှ ပြန်တွေ့တာ မြေလတ်ရွာဆိုတာရှိတယ် အဲဒီရွာရဲ့အပြင်မှာတွေ့တာ ဒဏ်ရာတွေရှိတယ်လို့ပြောတယ်၊ အခုကတော့ သူတို့ကို မီးသဂြိုလ်လိုက်ပြီ၊ ဘယ်လိုကြောင့် ပျောက်သွားတယ်ဆိုတာမသိရဘူး” ဟု ဆွေမျိုးတော်စပ်သူက ပြောသည်။ မိုင်ရွှေဇင်ရဲသည် ရပ်ရွာထဲတွင် ကလေးငယ်များအား စာသင်ပြပေးနေသော မူကြိုဆရာမတစ်ဦးဖြစ်ပြီး မိုင်နောင်ပါလှသည် (၇) တန်းကျောင်းသူတစ်ဦးဖြစ်သည်ဟု သိရသည်။ ငဖဲမြို့နှင့် မိုင် ၃၀ ခန့်ကွာဝေးသော ဘုံးဘောကျေးရွာသည် အရှိုချင်းလူမျိုးများနေထိုင်သည့် ကျေးရွာဖြစ်ပြီး ငဖဲမြို့နယ်တွင် အရှိုချင်းလူမျိုးများနေထိုင်သည့် ၁၀ ရွာကျော်ရှိသည်ဟု သိရသည်။ အလောင်းတွေ့ရှိသည့် မြေလတ်ရွာတွင် စစ်ကောင်စီတပ်ဖွဲ့ တပ်မ ၈၈ တပ်စွဲလေ့ရှိပြီး ဂုတ်ကြီးရွာတွင်လည်း စစ်ကောင်စီ နယ်မြေရဲစခန်းတစ်ခုရှိသည့်အပြင် အနီးအနားပတ်ဝန်းကျင်ကျေးရွာများတွင်လည်း စစ်ကောင်စီတပ်ဖွဲ့များ စစ်ရေးလှုပ်ရှားမှုရှိပြီး ယခုသေဆုံးမှုနှင့်ပတ်သက်၍ မည်သည့်လက်ချက်ဖြစ်သည်ကိုမူ အတိအကျ မသိရသေးပေ။

Read More

ချင်းပြည်နယ်၊ မတူပီမြို့ အရှေ့ခိုဘွေရပ်ကွက်တွင်နေထိုင်သည့် အမျိုးသားတစ်ဦးသည် ယနေ့အောက်တိုဘာလ ၁၀ ရက် မနက်ပိုင်း ၁၁ နာရီခန့်က မြေမြိုပ်မိုင်းနင်းမိ၍ သေဆုံးခဲ့သည်ဟု မတူပီကလာသော သတင်းများအရ သိရသည်။ အရှေ့ခိုဘွေရပ်ကွက်တွင်နေထိုင်သည့် အသက် ၃၈ နှစ်အရွယ် ဦးလားဒိန်းလျန်သည် ယနေ့မနက်ပိုင်း ၁၁ နာရီခန့်က လည်မြိုချောင်းတံတားအနီးရှိ ဝဥခြံထဲတွင် ပေါင်းရှင်းနေစဉ် မြေမြိုမိုင်းနင်းမိ၍ ခြေတဖက်ပြတ်သွားပြီး သွေးထွက်လွန် သေဆုံးသွားခဲ့သည်ဟု မတူပီသတင်းများ နေ့စဉ်ရေးသားထုတ်လွှင့်နေသော Matupi Revolution News သတင်းက ဖော်ပြသည်။ သေဆုံးသူ လားဒိန်းလျန်တွင် ဇနီးသည်နှင့် သားသမီး ၃ ဦးကျန်ရစ်ခဲ့သည်ဟု သိရသည်။

Read More

ချင်းပြည်နယ် ထန်တလန်မြို့နယ်တွင် ယနေ့ အောက်တိုဘာလ ၁၀ ရက် မနက်ပိုင်းက မိုင်းမတော်တဆပေါက်ကွဲမှုကြောင့် CDF-Thantlang တပ်ဖွဲ့မှ ရဲဘော် ၂ ဦး ကျဆုံးခဲ့သည်ဟု သိရသည်။ အဆိုပါမိုင်းမတော်တဆပေါက်ကွဲမှုကြောင့် CDF-Thantlang တပ်ရင်း ၄ မှ ရဲဘော် ၄ ဦး ဒဏ်ရာရရှိခဲ့ကြပြီး ၎င်းတို့အနက် ရဲဘော် ၂ ဦးမှာ ဒဏ်ရာကြောင့် သေဆုံးသွားခဲ့ကြသည်ဟု Chin Broadcasting Network (CBN) သတင်းဌာနက ဖော်ပြသည်။ မိုင်းမတော်တဆမှုကြောင့် ကျဆုံးသွားသော ရဲဘော်နှစ်ဦးမှာ Tum Bawi Tling နှင့် Biak Tha Peng တို့ဖြစ်ကြသည်ဟု သိရသည်။ ထန်တလန်မြို့နယ် လုံလဲရ်ကျေးရွာက စစ်ကောင်စီတပ်စခန်းကို ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့က ချင်းအမျိုးသားတပ်မတော် CNA နှင့် ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့များက သိမ်းယူခဲ့ကြစဉ်တွင် သိမ်းဆည်းရမိသော မိုင်းများကို နေထုတ်လှန်းရာတွင် ယခုကဲ့သို့မတော်တဆပေါက်ကွဲမှု ဖြစ်ပွားခြင်းဖြစ်သည်ဟု သိရသည်။

Read More

ချင်းပြည်နယ်၊ ဟားခါးမြို့မရဲစခန်း၌ တာဝန်ထမ်းဆောင်သော စစ်ကောင်စီရဲသား မောင်နီမန်သည် အောက်တိုဘာ ၈ ရက်နေ့က သေနတ် ၂ လက်၊ ကျည်အပြည့်အစုံဖြင့် CDF-Senthang ထံသို့ အလင်းဝင်ခဲ့ကြောင်း သိရသည်။ ပြည်သူ့တော်လှန်ရေးဖက်သို့ ပူးပေါင်းလာသော မောင်နီမန်အား CDF-Senthang မှ နွေထွေးစွာကြိုဆိုပြီး ဆု​ကြေးငွေ ကျပ်သိန်း (၁၀ဝ) ချီး​မြှင့်ပြီး လုံခြုံသည့်နေရာသို့ ပို့ဆောင်ပေးခဲ့သည်ဟု CDF-Senthang က ထုတ်ပြန်သည်။

Read More

FactCheck ဒီသတင်းအမှားကို Artice-11 News ဆိုတဲ့ အကောင့်ကနေပြီး “မနေ့က ညနေ ၃ နာရီခန့်က ဟားခါးမြို့၊ ထာရ် (၂) ရပ်ကွက်၊ မြို့မဈေးအနီး ဗျက်ကျုံးနုံဟာ လမ်းလျှောက်လာစဉ် CDF/PDF များထောင်ထားတဲ့ မိုင်းကိုနင်းမိပြီး ဒဏ်ရာပြင်ထန်းစွာရရှိကာ အသက်အန္တရာယ် စိုးရိမ်ရကြောင်းသိရတယ်” လို့ ရေးသားထားတာဖြစ်ပါတယ်။ ဒီမြေမြုပ်နိုင်းနင်းမိတဲ့ဖြစ်စဉ်ကတော့ မှန်ပေမယ့် CDF/PDF ဘက်က ထောင်ထားတဲ့မိုင်းကြောင့်မဟုတ်ဘဲ စစ်ကောင်စီတပ်ဖွဲ့ဘက်က ထောင်ထားတဲ့မြေမြုမိုင်းကို နင်းမိတာဖြစ်နိုင်တယ်လို့ ဟားခါးမြို့ခံတစ်ဦးက ပြောပါတယ်။ မိုင်းနင်းမိသူ ဉီးဗျက်ကျုံးနဲ့ နီးစပ်သူတစ်ဉီးက “ဟားခါးမြို့ပေါ် ဟားခါးထာရ်ရပ်ကွက်မှာနေထိုင်တဲ့ အသက် ၃၀ အရွယ် ဦးဗျက်ကျူံးဟာ အောက်တိုဘာလ ၁ ရက်နေ့က တောထဲကို ဟင်းထွက်ရှာသွားနေစဉ်မှာပဲ မြေမြုပ်မိုင်းနင်းမိခဲ့ပြီးနောက် ဟားခါးမြို့ ပြည်သူ့ဆေးရုံမှာ ခွဲစိတ်ကုသမှုခံယူပြီး ဘယ်ဖက်ခြေထောက် ဖြတ်ခံလိုက်ရတယ်” လို့ ပြောပါတယ်။ ဒါကြောင့် မိုင်းနင်းမိခဲ့တာဟာ သတင်းအမှားဖော်ပြထားသလို မြို့မဈေးအနီးမှာမဟုတ်ပါဘူး။ အဲ့ဒီမြေမြှုပ်မိုင်းဟာ စစ်ကောင်စီတပ်ဖွဲ့ဘက်က ထောင်ထားတဲ့ မိုင်းဖြစ်နိုင်တယ်လို့ ဒေသခံများက ယူဆနေကြပြီး Khonumthung အနေနဲ့ကတော့ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်မှာ မြေမြှုပ်မိုင်းကြောင့် ဒေသခံ အနည်းဆုံး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ရဲ့ ဖော်ပြချက်များအရ သိရပါတယ်။

Read More

ချင်းလူမျိုးနွယ်စုတစ်ခုဖြစ်သည့် ငေါန် မျိုးနွယ်စုများ၏ ရိုးရာကောက်ရိတ်သိမ်းပွဲကို အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့တွင် အောက်တိုဘာလ ၆ ရက်နေ့က ရိုးရာအတီးအဆိုအကများဖြင့် ကျင်းပပြုလုပ်ခဲ့ကြသည်ဟု သိရသည်။ ငေါန်ဘာသာစကားဖြင့် Dawng Sawm Puai ဟုခေါ်သော ရိုးရာကောက်ရိတ်သိမ်းပွဲအခမ်းအနားကို Mizoram Ngawn Community ဦးဆောင်မှုဖြင့် အိုင်ဇောလ်မြို့ Mualhoih Picnic Sport နေရာတွင် ကျင်းပပြုလုပ်ခဲ့ကြပြီး ငေါန်ရိုးရာအက များဖြစ်သော လိုင်လင်အက၊ ဘုန်ဝိုင်းအကတို့ ဖြင့် ပျော်ရွှင်စွာကျင်းပခဲ့ကြသည်ဟု သိရသည်။ Mizoram Ngawn Community မှ ဦးဆောင်သူတစ်ဦးက “လူငယ်အပေါင်းတို့ လူမျိုးမခွဲခြားပဲနဲ့ ဆက်လက်ပြီးတော့ ကျွန်တော်တို့ ဒုက္ခရောက်နေတဲ့အချိန်မှာ လူမျိုး၊ စိတ်ဓာတ်၊ စည်းကမ်းနဲ့ ကျွန်တော်တို့ ဆက်လက်ပြီးတော့မှ တစ်စုတည်း ဖြစ်နိုင်အောင် ကြိုးစားခြင်းမှ ဒီပွဲတော်ကို ပြုလုပ်ခြင်းဖြစ်ပါတယ်” ဟု ပြောသည်။ ကောက်ရိတ်သိမ်းပွဲသည် ချင်းဘိုးဘွားများ၏ ဓလေ့ထုံးတမ်းစဉ်လာဖြစ်သော ပြောင်း၊ ကောက်ပဲသီးနှံရိတ်သိမ်းပြီးနောက် ရှေးဘိုးဘွားများက ကောင်းကင်ကြယ်ကိုကြည့်ကာ စက်တင်ဘာလအကုန် အောက်တိုဘာလစမ်း လပြည့်နေ့တွင် ပွဲလမ်း သဘင်ကို ကျင်းပလေ့ရှိကြသည်။ ထိုကောက်ရိတ်သိမ်းပွဲတွင် ဆင်းရဲချမ်းသာ အဆင့်အတန်းခွဲခြားမှုမရှိပဲ တစ်ရွာလုံး စည်းစည်းလုံးလုံးဖြင့် ထိုလပြည့်ညတွင် မီးပုံပွဲ ရိုးရာအတီးအမုတ်များနင့် သီချင်းများသီဆိုကာ ကခုန်လေ့ရှိကြသည်။ ချင်းလူမျိုးများအနေဖြင့် မိမိတို့၏ရိုးရာဓလေ့ဖြစ်သော ဘိုးဘေးတို့၏ ထုံးတမ်းအစဉ်လာများအား ထိန်းသိမ်းကာကွယ်သည့်အနေဖြင့် မိမိတို့ရောက်ရှိသည့်နေရာတိုင်းတွင် ကိုယ့်ရိုးရာပွဲတော်များအား အလေးအမြတ်ထားကျင်းပပြုလုပ်ရန် အရေးကြီးသည်ဟု ငေါန် ရိုးရာကောက်ရိတ်သိမ်းပွဲ စီစဉ်သူက ပြောဆိုပါသည်။ ယမန်နေ့က ကျင်းပပြုလုပ်သော ငေါန်ရိုးရာကောက်ရိတ်သိမ်းပွဲတော်အခမ်းအနားတွင် Guy from Chin…

Read More

သြစတေးလျနိုင်ငံ အထက်လွှတ်တော်အမတ် Dean Smith သည် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့သို့ ရောက်ရှိလာပြီး မြန်မာနိုင်ငံက စစ်ဘေးရှောင်အရေးနှင့်ပတ်သက်၍ မီဇိုရမ်ပြည်နယ်အကြီးအကဲအုပ်ချုပ်ရေးမှူး (Governor) နှင့် အောက်တိုဘာလ ၆ ရက်နေ့ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ မီဇိုရမ်ပြည်နယ် အုပ်ချုပ်ရေးမှူး Hari Babu Kambhampati သည် သြစတေးလျအထက်လွှတ်တော်အမတ်ကို Raj Bhavan တွင် လက်ခံတွေ့ဆုံခဲ့ပြီး မြန်မာ့နိုင်ငံရေးအခြေအနေကြောင့် မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးတိမ်းရှောင်လာကြသော စစ်ဘေးရှောင်ပြည်သူများ၏ အခြေအနေများ ပြောဆိုဆွေးနွေးခဲ့ကြသည်ဟု မီဇိုရမ်ပြည်နယ်အစိုးရပြန်ြကားရေးဌာနက ထုတ်ပြန်သည်။ ယင်းတွေ့ဆုံမှုတွင် Dean Smith က သူ့အနေဖြင့် မီဇိုရမ်ပြည်နယ်သို့ လာရောက်ရသည့်အကြောင်းရင်းတစ်ခုမှာ မြန်မာနိုင်ငံက စစ်ဘေးရှောင်ပြည်သူများအရေးနှင့်ပတ်သက်၍ လာရောက်ခြင်းဖြစ်ကြောင်း စစ်ဘေးရှောင်ပြည်သူများအတွက် ဆောင်ရွက်ထားမှုအခြေအနေများအား မီဇိုရမ်ပြည်နယ် အုပ်ချုပ်ရေးမှူးကို မေးမြန်းခဲ့သည်။ မီဇိုရမ်ပြည်နယ်အုပ်ချုပ်ရေးမှူးကလည်း မြန်မာ့နိုင်ငံရေးအခြေအနေကြောင့် မြန်မာနိုင်ငံသားအမြောက်အများ မီဇိုရမ်ပြည်နယ်သို့ စစ်ဘေးရှောင်လာကြပြီး အများစုမှာ ချင်းပြည်နယ်က ချင်းလူမျိုးများဖြစ်ကြကြောင်း၊ မီဇိုရမ်ပြည်သူများအနေဖြင့်လည်း အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ခဲ့ကြသည့်အပြင် အစိုးရအနေဖြင့်လည်း အရေးကြီးသည့်ကိစ္စရပ်များတွင် လုပ်ဆောင်ပေးလေ့ရှိသည်ဟု ပြန်လည်ဖြေကြားခဲ့သည်။ Dean Smith ကလည်း ချင်းနှင့် မီဇိုးလူမျိုးများသည် ညီအကိုများဖြစ်သည်ဟု သိရှိနားလည်ထားကြောင်း၊ သြစတေးလျနိုင်ငံတွင်လည်း ချင်းလူမျိုးအမြောက်အများနေထိုင်ကြပြီး အစိုးရကလည်း ဂရုစိုက်ပေးကြောင်းပြောဆိုခဲ့သည်။ အိန္ဒိယနိုင်ငံသည် မိတ်ဆွေကောင်းဖြစ်သည့်နည်းတူ မြန်မာနိုင်ငံက စစ်ဘေးရှောင်များအား ကောင်းမွန်စွာ ကြည့်ရှုစောင့်ရှောက်ပေးရန်လည်း သြစတေးလျ အထက်လွှတ်တော်အမတ်က တောင်းဆိုခဲ့သည်။ သြစတေးလျအထက်လွှတ်တော်အမတ်သည် မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် ပူးဇိုးရမ်းထန်းငါးကိုလည်း သူ၏ရုံးခန်းတွင် တွေ့ရှိခဲ့သည်အပြင် မီဇိုရမ်ပြည်နယ်တွင် အင်အားအကြီးဆုံး လူမှုအဖွဲ့အစည်း မီဇိုးလူငယ်များအသင်း (CYMA) ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည်ဟု သိရသည်။

Read More

ချင်းပြည်နယ်၊ တီးတိန်မြို့ စကောလမ်းရပ်ကွက်တွင် အောက်တိုဘာလ ၃ ရက်နေ့ ည ၉ နာရီကျော်ကျော်ခန့်က မိုင်းပေါက်ကွဲမှုကြောင့် လင်မယားနှစ်ဦးထိမှန်ပြီး ယောကျာ်းဖြစ်သူ ပွဲချင်းသေဆုံးကာ ဇနီးဖြစ်သူမှာ အပြင်းအထန် ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ “ညမှာ သူတို့အိမ်ရှေ့မှာ ကွဲတယ်။ သူကတော့ ဆုံးသွားတယ် သူ့အမျိုးသမီးတော့ တော်တော်လေးပြင်းထန်တယ်၊ အခြေအနေက စိုးရိမ်စရာဖြစ်တယ်လို့ပြောတယ်၊ ၂၆၉ တပ်ရင်းအောက် တပ်ရင်းနဲ့ နီးနီးလေးပဲ အဲ့ကနေလမ်းလျှောက်ရင် မကြာဘူး။ အခုဖြစ်တဲ့နေရာက လမ်းမကြီးရဲ့ဘေး တပ်ရင်းက အပေါ်နားလေး။ သူ့ကတော့ ဗမာလူမျိုးပါ ဒီမှာနေတာကြာပြီ ကျွန်တော်ငယ်ငယ်လေးကတည်းကပဲ သူ့ကိုလည်း ကျွန်တော်တွေ့ဖူးပါတယ်” ဟု တီးတိန်မြို့ခံတစ်ဦးက ပြောသည်။ အဆိုပါ မိုင်းပေါက်ကွဲမှုဖြစ်ပွာသည့်နေရာမှာ တီးတိန်မြို့၊ စကောလမ်းရပ်ကွက် စစ်ကောင်စီတပ်ရင်း ၂၆၉ တပ်ရင်းအောက် ဒေါ်စန်းချိုထမင်းဆိုင်ရှေ့တွင်ဖြစ်သည်။ ယခုမိုင်းပေါက်ကွဲမှုသည် စစ်ကောင်စီတပ်ဖွဲ့ဘက်က ထောင်ထားသည့်မိုင်းဖြစ်နိုင်သည်ဟု ဒေသခံများက ယူဆနေကြသည်။ သေဆုံးသူအမျိုးသားမှာ အသက် (၅၀) ဝန်းကျင်ရှိသည်ဟု သိရပြီး ဒဏ်ရာရှိသူအမျိုးသမီးမှာ ကလေးမြို့ ကုတင် (၁၀၀) ဆံ့ စစ်ဆေးရုံသို့ ဆေးကုသမှုခံယူနေသည်ဟု သိရသည်။ ပြီးခဲ့သည့်ရက် အောက်တိုဘာလ ၁ ရက်နေ့ကလည်း ဟားခါးမြို့ပေါ်ရှိ၊ ဟားခါးထာရ်ရပ်ကွက်တွင်နေထိုင်သော အသက် ၃၀ အရွယ် ဦးဗျက်ကျုံးသည် တောထဲတွင် ဟင်းရှာသွားစဉ် မြေမြုပ်မိုင်းနင်းမိပြီး ဘယ်ဖက်ခြေထောက် ဖြတ်ခံခဲ့ရသည်။ ချင်းလူ့အခွင့်အရေးအဖွဲ့၏ ဖော်ပြချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်တွင် မြေမြုပ်မိုင်းကြောင့် ဒေသခံ အနည်းဆုံး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရှိခဲ့ကြသည်ဟု သိရသည်။

Read More

စစ်ကိုင်းတိုင်း ကလေးမြို့က ချင်းလူမှုကူညီရေးအသင်းတစ်ခုအတွက် အလှူရှင်တစ်ဦးမှ လှူဒါန်းသော ကားတစ်စီးကို ရွှေဘိုမြို့ စစ်ဆေးရေးဂိတ် စစ်ကောင်စီတပ်ဖွဲ့များက ဖမ်းဆီးခဲ့ပြီး ယနေ့ချိန်ထိ ပြန်မရသေးကြောင်း သိရသည်။ Toyota Alphard အမျိုးအစားဖြစ်သည့် အဆိုပါကားကို အလှူရှင်တစ်ဦး၏ လှူဒါန်းမှုဖြင့် ရန်ကုန်မြို့တွင် သွားရောက်ဝယ်ယူခဲ့ပြီး ပြီးခဲ့သည့်စက်တင်ဘာလ ၁ ရက်နေ့က အငှားယာဉ်မောင်းနှင့်လွှတ်ကာ ကလေးမြို့သို့ အပြန်လမ်းတွင် စစ်ကိုင်းတိုင်း ရွှေဘိုမြို့အဝင်ဂိတ်တွင် စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးကာ သိမ်းဆည်းခဲ့ခြင်းဖြစ်သည်ဟု ချင်းလူမှုကူညီရေးအသင်းဝင်တစ်ဦးထံမှ သိရသည်။ “အဲမှာ စစ်ဆေးတဲ့သူ (စစ်သား) က ကား driver ကို ခင်ဗျားက ချင်းလား၊ ဗမာလားဆိုပြီး မေးတယ်တဲ့၊ ကားသမားက ဗမာလို့ပြောတော့၊ ခင်ဗျားက ချင်းဆိုရင် ဒီမှာတင်သတ်ပစ်မှာ၊ ချင်းတွေက အားလုံး သူပုန်တွေ ဘာလို့ သူပုန်ကားမောင်းတာလဲ၊ တောခိုတဲ့လူတွေနဲ့ ခင်ဗျားတို့ အချိတ်အဆက်ရှိသလား၊ ဘာညာနဲ့ မေးတော့တာပေါ့ ခင်ဗျား မုံရွာကဆိုတော့ မုံရွာမှာပြန်လိုက်၊ ကားကတော့ သိမ်းထားလိုက်မယ်ဆိုပြီး ပြောပြီးမှ ကားသမားကလည်း မုံရွာကို ထွက်သွားတယ်လို့ သတင်းကြားတယ်” ဟု ချင်းလူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။ အဆိုပါကားသည် ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာနမှ ထုတ်ပေးသော မော်တော်ယာဉ်မှတ်တင်သက်သေခံလက်မှတ်လည်း ရှိထားသော်လည်း စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ လူမှုရေးအသင်းကားအား ဖမ်းဆီးခံရပြီးနောက် ၆ ရက်မြောက်နေ့တွင် သက်ဆိုင်ရာ ဌာနဆိုင်ရာသို့ အကြောင်းကြားပြီး ရွှေဘိုမြို့အထိ လိုက်သွားကာ ပြန်လည်ရရှိနိုင်ရန် တောင်းခံခဲ့သော်လည်း ယနေ့အထိ ပြန်လည်ရရှိခြင်းမရှိကြောင်း သိရသည်။ ချင်းလူမှုကူညီရေးအဖွဲ့ဝင်က “ကျွန်တော်တို့က ဘယ်သူမဆို လူမျိုးဘာသာမရွေးဘဲနဲ့ ကူညီပေးတဲ့ ပရဟိတအဖွဲ့ဖြစ်တယ်၊…

Read More