ချင်းပြည်နယ် ဖလမ်းမြို့အနီးရှိ စစ်ကောင်စီတပ်ဖွဲ့၏ ဗာရ်းစခန်းကို ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNDF က ဧပြီလ ၁၀ ရက်နေ့ မနက်ပိုင်းက ဝင်ရောက်စီးနင်းသိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၁၄ ဦးသေဆုံးကာ ၁၁ ယောက်အရှင်ဖမ်းဆီးခေ ါ်ဆောင်သွားသည်ဟုသိရသည်။ ဗာရ်းစခန်းကို ယင်းနေ့ မနက်ပိုင်း လင်းအားကြီးချိန် ၅ နာရီခန့်တွင် CNDF တပ်ဖွဲ့က အလစ်ငိုက် ဝင်ရောက်တိုက်ခိုက်ကာ တစ်နာရီကျော်ကြာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စခန်းကိုသိမ်းပိုက်နိုင်ခဲ့ကြပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၄ ယောက်သေဆုံးကာ ၁၁ ယောက်ကိုအရှင်ဖမ်းဆီးရမိသည်ဟု ချင်းအမျိုးသားအဖွဲ့ချုပ် CNO/CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းကျူံငိုင်းက ပြောသည်။ “ဗာရ်းစခန်းကို မနက် ၅ နာရီလောက်ကနေစပစ်တာ တစ်နာရီခွဲလောက် ဆက်တိုက်ပစ်ပြီးတဲ့အချိန်မှာ ကျွန်တော်တို့ ဗာရ်းစခန်းကို သိမ်းပိုက်နိုင်တယ်၊ စစ်ကောင်စီဘက်က အကျဆုံးတော်တော်များများရှိတယ်၊ ပြီးတော့ စစ်ကောစီတပ်သား ၁၁ ယောက်လောက်ကို အရှင်ဖမ်းမိရတာတွေလည်းရှိတယ်၊ လက်နက်တစ်ချို့လည်း သိမ်းဆည်းရမိတာလည်း ရှိတယ်ပေါ့နော်။ ကျွန်တော်တို့ဘက်ကတော့ မိုင်းမတော်တစဖြစ်ပြီးတော့ ကျသွားတာရှိတယ်။” ဟု ဆလိုင်းကျူံငိုင်းက ပြောသည်။ ကလေး-ဖလမ်းကားလမ်းမပေါ် မဏိပူရမြစ်နဘေးတွင်တည်ရှိသော ဗာရ်းကျေးရွာတွင် အင်အား ၃၀ ခန့်ဖြင့် စခန်းချတပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့သည် ခရီးသားပြည်သူများနှင့် ဒေသခံများအတွက် အနှောက်အယှက်ဖြစ်သည့်အတွက် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆလိုင်းကျူံငိုင်း ကပြောသည်။ “ဒီဗာရ်းစခန်းဆိုတာက ပြည်သူလူထုကို တော်တော်အနှောက်ယှက်ပေးတဲ့စခန်းဖြစ်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ အတင်း ပိုက်ဆံကောက်တာမျိုးတွေ၊ ပြည်သူလူထုတွေ အကြပ်တည်းဖြစ်အောင် လုပ်တဲ့အတွက်လည်း ဖြစ်တယ်ပေါ့နော်။ ဒီလမ်းမကြီးပေါ်မှာရှိတဲ့အတွက် အနှောက်ယှက်တော်တော်ဖြစ်တယ် အဲ့တာကြောင့် ကျွန်တော်တို့ တိုက်တာပါ။” ဟု ဆလိုင်း ကျူံငိုင်းကပြောသည်။ ယင်းစခန်းသိမ်းတိုက်ပွဲတွင်…
Author: Editor
အိန္ဒိယနိုင်ငံ မဏီပူရ်ပြည်နယ် လန်ကားမြို့တွင် မြန်မာနိုင်ငံသား ယက္ကန်းအလုပ်သမားများ ဧပြီလ ၆ ရက်နေ့ နေ့လည် ၁ နာရီကျော်ခန့်က ဖမ်းဆီးခံခဲ့ရသည်ဟု သတင်းရရှိသည်။ လန်ကားမြို့တွင် ယက္ကန်းအလုပ်လုပ်ကိုင်နေကြသော မြန်မာနိုင်ငံသားများကို မဏိပူရ်ပြည်နယ် ရဲတပ်ဖွဲ့က ယင်းနေ့ မွန်းလွဲပိုင်း ၁ နာရီကျော်ခန့်တွင် အလုပ်ရုံထဲ ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးခံရသူ ၂၀ ကျော်ရှိသည်ဟု ယက္ကန်းအလုပ်သမားတစ်ဦးကပြောသည်။ “ဘာကြောင့်ဖမ်းတယ်ဆိုတာတော့ သေချာမသိသေးဘူးဗျ ကျွန်တော့သူငယ်ချင်းတောင် ကိုယ်လွတ်ရုံးပြေးခဲ့ရတာ မပြေးနိုင်တဲ့သူတွေ ဖမ်းတာခံလိုက်ရတယ် ကျွန်တော့အထင်ယက္ကန်းရုံ (၃) ရုံကိုဝင်ဖမ်းတာ အဖမ်းခံရတာကအယောက် (၂၀) ကျော်မယ်ထင်တယ် စရင်းကတော့ အတိအကျမသိရသေးဘူး” ဟု လန်ကားမြို့က မြန်မာယက္ကန်းအလုပ်သမားတစ်ဦးက ပြောသည်။ ယခုနောက်ဆုံးသိရသည့်သတင်းအရ အဖမ်းခံရသူများမှာ အမျိုးသား ၆ ယောက်၊ အမျိုးသမီး ၁၁ ယောက်နှင့် ကလေး ၆ ယောက်တို့ဖြစ်ကြပြီး စုစုပေါင်း ၂၃ ယောက်ရှိသည်ဟု သိရသည်။ မဏိပူရ်ပြည်နယ်အစိုးရသည် သူ့ပြည်နယ်အတွင်း စစ်ဘေးတိမ်းရှောင်လာကြသော မြန်မာနိုင်ငံသားများနှင့် ယက္ကန်းအလုပ်သမားများကို ယခင်ကလည်း မကြာခဏ ဖမ်းဆီးခဲ့သည်။ မဏိပူရ်ပြည်နယ်အစိုးရသည် ပြီးခဲ့သည့်မတ်လ ၂၆ ရက်နေ့က မြန်မာစစ်ဘေးရှောင်ပြည်သူများနှင့် တွေ့ဆုံကာ စစ်ဘေးရှောင်များအား ယာယီကဒ်များထုတ်ပေးကာ စစ်ဘေးရှောင်စခန်းများလည်း တည်ဆောက်ပေးမည်ဟု ပြောဆိုခဲ့သည်။ သို့သော်လည်း ယခုအခါ လန်ကားမြို့က မြန်မာနိုင်ငံသား ယက္ကန်းအလုပ်သမားများကို မဏိပူရ်ရဲတပ်ဖွဲ့က ပြန်လည်ဖမ်းဆီးနေခဲ့ခြင်းဖြစ်သည်။
ဖလမ်း-ဟားခါးကြား ကားလမ်းမပေါ်တွင်တည်ရှိသော ရမ်ထလို (Ramthlo) ကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က ယနေ့ ဧပြီလ ၆ ရက်နေ့တွင် မီးရှို့ကာ လူနေအိမ် ၆ လုံး မီးလောင်ပျက်စီးခဲ့သည်ဟု CNDF က သတင်းထုတ်ပြန်သည်။ ယမန်နေ့ကလည်း ဖလမ်း-ဟားခါးကြား တလန်ဇာရ် (Tlangzar) ကျေးရွာက လူနေအိမ် ၇ လုံးကို စစ်ကောင်စီတပ်က မီးရှို့ဖျက်စီးခဲ့ပြီးဖြစ်သည်။ မတ်လ ၂၁ ရက်နေ့က ဖလမ်းမြို့မှ ဟားခါးမြို့ဘက်သို့ ထွက်ခွါလာသော စစ်ကောင်စီ စစ်ကြောင်းနှင့် ထောက်ပို့ယာဉ်သည် မိုင် ၄၀ ဝန်းကျင်ခန့်သာရှိသော ဖလမ်း-ဟားခါးကြားကို ၂ ပတ်ခန့်ကြာမြင့်ပြီဖြစ်ကာ လမ်းခရီးတွင်လည်း ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ၏ ကြားဖြတ်တိုက်ခိုက်မှုကြောင့် အကျအဆုံးများကာ အထိနာနေပြီဟုသိရသည်။ Video Crd- CNDF
စစ်ကောင်စီတပ်ဖွဲ့က အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည့် ကလေးမြို့မြောက်ပိုင်း ပျဉ်းတောဦးကျေးရွာတွင် ယနေ့မနက်ပိုင်းက ရုပ်အလောင်း ၃ လောင်း တွေ့ရှိခဲ့ကြသည်ဟု သိရသည်။ ယနေ့ဧပြီလ ၆ ရက်နေ့မနက်ပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပျဉ်းတောဦးကျေးရွာထဲကို နယ်မြေရှင်းလင်းရေးဝင်ရောက်ချိန်တွင် ပျဉ်းတောဦးမှ နန်းစောင်းပုရွာဘက်သွားသောလမ်းတွင် ရုပ်အလောင်း ၃ လောင်း တွေ့ရှိခဲ့ကြသည်ဟု သိရသည်။ အဆိုပါရုပ်အလောင်း ၃ လောင်းထဲက တစ်ဦးမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးဖြစ်သည်ဟု သိရပြီး ကျန် ၂ ဦးမှာ အရပ်သားပြည်သူဖြစ်နိုင်သည်ဟု ယူဆကြသည်။ ၎င်းတို့သည် ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် ညှင်းပန်းနှိပ်စက်ခံထားရသောကြောင့် မည်သူမည်ဝါမှန်း မသိနိုင်သေးကြောင်း သိရသည်။ စစ်ကောင်စီတပ်ဖွဲ့သည် ပျဉ်းတောဦးကျေးရွာထဲက နှစ်ခြင်းအသင်းတော်ဘုရားကျောင်းတစ်ကျောင်းအပါအဝင် လူနေအိမ်များလည်း ဖျက်ဆီးခဲ့ကြသည်။
စစ်ကောင်စီတပ်ဖွဲ့၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးမြို့မြောက်ပိုင်း ပျဉ်းတောဦးကျေးရွာက လူနေအိမ် ၆ လုံးခန့် မီးလောင်ပျက်စီးခဲ့သည်ဟု သိရသည်။ ပြီးခဲ့သည့် မတ်လ ၃၁ ရက်နေ့ကစ၍ ဧပြီလ ၃ ရက်နေ့အထိ ကလေးမြို့မြောက်ပိုင်း ပျဉ်းတောဦးကျေးရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့တိုက်ပွဲဖြစ်ကြားခဲ့ကြပြီး စစ်ကောင်စီတပ်ဖွဲ့၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် ပျဉ်းတောဦးကျေးရွာက လူနေအိမ် ၆ အိမ်ခန့် မီးလောင်းခဲ့သည့်အပြင် ၁၀ ထက်မနည်း ထိခိုက်ပျက်စီးခဲ့သည်ဟု CDF-KKG တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “လက်နက်ကြီးကျပြီးတော့ လုံးဝလောင်သွားတာက ၆ အိမ်လောက်၊ လက်နက်ကြီးကျပြီးတော့ တပိုင်းတစပျက်စီးတဲ့ နေအိမ်က ၁၀ အိမ်ထက်မနည်းရှိတယ်။ လေကြောင်းပစ်ကူနဲ့ ကလေးမြို့ကနေ လက်နက်ကြီး၊ လက်နက်ငယ် ထိတဲ့ဟာတွေဖြစ်ပါတယ်” ဟု CDF-KKG တပ်ဖွဲ့မှတာဝန်ရှိသူက ပြောသည်။ ပျဉ်းတောဦးကျေးရွာသည် ကလေးမြို့မှ ၁၂ မိုင်ခန့်ကွာဝေးပြီး အိမ်ခြေ ၈၀၀ ကျော်ခန့်ရှိကာ ချင်းလူမျိုးများနေထိုင်သည့် ရွာကြီးတစ်ရွာဖြစ်သည်။ ဒေသခံပြည်သူများအားလုံးသည် ကလေးမြို့ပေါ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်လျှက်ရှိကြသည်။ ယနေ့မနက်ပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက နယ်မြေရှင်းလင်းရေးဝင်ရောက်သည့်အချိန်တွင် ပျဉ်းတောဦးကျေးရွာတွင် အမည်မသိအရပ်သား ၂ ဦး၏ရုပ်အလောင်းကို တွေ့ရှိခဲ့ကြသည်ဟု သိရသော်လည်း အသေးစိတ်အခြေအနေ မသိရသေးပေ။
ကလေးမြို့မြောက်ပိုင်းဒေသ ပျဉ်းတောဦးကျေးရွာအနီးတဝိုက်တွင် ဖြစ်ပွားသောတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၇ ဦး သေဆုံးခဲ့သည်ဟု CDF-KKG က ယမန်နေ့ ဧပြီလ ၅ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ ကလေးမြို့မြောက်ပိုင်းဒေသတွင် မတ်လ ၃၁ ရက်နေ့က နန်းစောင်းပုကျေးရွာမှ ချီတက်လာသော စကစနှင့် ပျူစောထီးတပ်ဖွဲ့နှင့် CDF-KKG တို့အကြား ကနဦးတိုက်ပွဲတရပ် ပျဉ်းတော်ဦးသုသာန်တွင် ၃ နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။ အဆိုပါတိုက်ပွဲတွင် TCDF, CNDF, PDF Kalay, HNB, CR, PDA, ပကဖ, CDM Siyin စသည့် တော်လှန်ရေးတပ်ဖွဲ့များက ပါဝင်အားဖြည့်လာပြီးနောက် တိုက်ပွဲပိုမိုပြင်းထန်လာပြီး စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးပစ်ကူသာမက တိုက်ခိုက်ရေးရဟတ်ယာဉ်များအသုံးပြုကာ ဝေဟင်မှတိုက်ခိုက်မှုများပါ ပြုလုပ်ခဲ့သည်ဟု CDF-KKG က ဆိုသည်။ ယင်းတိုက်ပွဲတွင် သေဆုံးနေသော စစ်ကောင်စီတပ်သား အလောင်း ၇ လောင်းကို မျက်မြင်တွေ့ရှိခဲ့ကြပြီး MA3 ကျည်ဘောက်တစ်ခု၊ ၅.၅၆ ကျည် ၂၀ တောင့်၊ ဓါးတစ်လက်နှင့် ကျောပိုးအိတ်အပါအဝင် အသုံးအဆောင်ပစ္စည်းများအား သိမ်းဆည်းရမိသည်ဟု CDF-KKG က ထုတ်ပြန်သည်။ CDF-KKG ဘက်က ရဲဘော်တစ်ဦးသည် မစိုးရိမ်ရဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ ဧပြီလ ၁ ရက်နေ့တွင်လည်း နယ်မြေရှင်းလင်းရေးလုပ်ဆောင်ခဲ့ရာတွင် MA3 ကျည်ဘောက်တစ်ခုနှင့် ၅.၅၆ ကျည် ၈ တောင့် ထပ်မံသိမ်းဆည်းနိုင်ခဲ့သည်ဟု ဆိုသည်။ ဧပြီလ ၂ ရက်နှင့် ၃ ရက်နေ့တို့တွင်လည်း စစ်ကောင်စီတပ်ဖွဲ့နှင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အထိနာသဖြင့်…
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် မြောက်ပိုင်းဒေသတွင် စစ်ကောင်စီတပ်ဖွဲ့က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေမှုကြောင့် ကျေးရွာ ၁၀ ခုကျော်က ဒေသခံပြည်သူ ၃ သောင်းနီးပါးခန့်သည် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။ စစ်ကောင်စီတပ်ဖွဲ့သည် ကလေးမြို့နယ်မြောက်ပိုင်းဒေသကို မတ်လကုန်ပိုင်းက စတင်ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့ပြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့နှင့် မတ်လ ၃၁ ရက်နေ့ကစ၍ ပျဉ်းတောဦးကျေးရွာအနီးတွင် တောက်လျှောက် တိုက်ပွဲဖြစ်ပွားခဲ့ကြရာတွင် စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုအပြင် လက်နက်ကြီးများဖြင့် အပြင်းအထန် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထိုကဲ့သို့ အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်ခံရမှုကြောင့် ကလေးမြို့မြောက်ပိုင်းဒေသက ကျေးရွာ ၁၀ ခုကျော်က ဒေသခံပြည်သူများသည် ကလေးမြို့ပေါ်ဘက်သို့ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောသည်။ “စစ်ကောင်စီတွေက မတ်လ ၃၀ ရက်နေ့ကတည်းက ချမ်းသာကြီးဘက်ကနေ တက်လာတာပေါ့နော်၊ အဲနေ့က စစ်ရှောင်မများဘူး သူတို့ပြန်သွားကြတယ်၊ နောက်နေ့ ၃၁ ရက်နေ့မှ တိုက်ပွဲက တော်တော်ပြင်းထန်သွားတာ အဲဒါနဲ့ စစ်ရှောင်တာ အခုထိပေါ့၊ ရွာမှာ လူမရှိသလောက်ပါပဲ တစ်ချို့တစ်လေ လူငယ်ပိုင်းပဲ အိမ်စောင့်သဘောနဲ့ ကျန်ခဲ့တာ၊ စကစ ကလဲ သင်္ကြန်တိုင်ခင် ဒီဘက်ကို မရမက ဝင်ချင်နေတဲ့ပုံဆိုတော့ ဒီချိန်မှာက တိုက်ပွဲလည်း ပြင်းထန်နေတော့ သူတို့အတွက် လုံးဝရှောင်လိုက်တာ ကောင်းတယ်။” ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူကပြောသည်။ ရွာလုံးကျွတ် စစ်ဘေးတိမ်းရှောင်နေကြရသော ကျေးရွာများမှာ အောင်ရွာ၊ မင်းလှ၊ ညောင်ကုန်း၊ ပျဉ်တောဦး၊ မြောက်ချောတော၊ လက်ပံချောင်း၊ ချင်းစု၊ သာယာကုန်း၊ နန်းချောင်း၊ ပြည်တော်သာ၊ ချမ်းသာကြီး စသည့်ကျေးရွာများဖြစ်ကြပြီး ယင်းကျေးရွာများအားလုံးသည် ချင်းလူမျိုးအများစုနေထိုင်သော…
ချင်းပြည်နယ်၊ ဖလမ်းမြို့နှင့် ဟားခါးမြို့အကြား ကားလမ်းမပေါ်တွင်တည်ရှိသော တလန်ဇာရ် (Tlangzar) ကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က ဧပြီလ ၃ ရက်နေ့က မီးရှို့ခဲ့ပြီး အိမ်ခြေ ၆ လုံးခန့် မီးလောင်ပျက်စီးခဲ့သည်ဟု သိရသည်။ ဖလမ်းမြို့မှ ဟားခါးမြို့သို့ ချီတက်လာသော စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့တို့သည် တလန်ဇာရ်ကျေးရွာအနီးတွင် ယမန်နေ့ ၁၁ နာရီမှ နေ့လည် ၁၂ နာရီအထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်က တလန်ဇာရ်ရွာက နေအိမ်များ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု ရှေ့တန်းရောက် ချင်းကာကွယ်ရေး ရဲဘော်တဦးက ပြောသည်။ “ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ ထိတွေ့မူရှိတယ် တောက်လျှောက်တိုက်ပွဲ ဖြစ်နေတယ်၊ ဖလမ်းကနေလည်း လက်နက်ကြီး အမြဲတမ်းပစ်ကူတယ်။ အဝေးက နေမြင်ရတယ်ဆိုတော့ ၆ အိမ်လောက်တော့ ခန့်မှန်းထားတယ် အတိအကျ မသိနိုင်သေးဘူး။ ကျွန်တော်တို့ သူတို့အနီးအနားမှာ မသွားရဲသေးဘူးဆိုတော့။” ဟု ရှေ့တန်းရောက် ချင်းကာကွယ်ရေးရဲဘော်တဦးက ပြောသည်။ ဧပြီလ ၁ ရက်နေ့ကလည်း စစ်ကောင်စီတပ်မှ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ဖလမ်းမြို့နှင့် ၁၀ မိုင်ခန့်ဝေးသော Tlangrawn ကျေးရွာက လူနေအိမ် ၂၀ ဝန်းကျင်ခန့် သွပ်မိုး၊ အကာအရံများ ဖျက်ဆီးခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် မတ်လ ၉ ရက်နေ့ကတည်းက စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ ချင်းတောင်ဘက်သို့ တက်လာသည့် စစ်ကောင်စီယာဉ်တန်းသည် လက်ရှိ ဖလမ်းမြို့နယ် ရမ်ထလိုရွာနှင့် တလန်ဇာရ်ကြားတွင် ရောက်ရှိနေပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့တို့နှင့် တိုက်ပွဲဆက်လက်ဖြစ်ပွားနေခြင်းဖြစ်သည်။ “သူတို့တက်လာတာက သုံးပတ်လောက်ကြာပြီပေါ့ သူတို့ဗျူဟာအရ ဖြစ်နိုင်တာပေါ့နော့ သူတို့တက်လာမယ့်လမ်းကြောင်းတွေမှာ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေလည်း အကုန်လုံးရှိတယ်ဆိုတော့…
ကလေးမြို့မြောက်ဘက် ပျဉ်းတောဦး(Tuingo) ကျေးရွာဘက်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား ထိတွေ့ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး ညနေပိုင်း ၄ နာရီခန့်ကစ၍ စစ်ကောင်စီက တိုက်လေယာဉ်၊ စစ်သုံးရဟတ်ယာဉ် Mi35 အပြင် လက်နက်ကြီးဖြင့် အကြီးအကျယ် ထိုးစစ်ဆင်နွှဲနေသည်ဟု သိရသည်။ စစ်ကောင်စီတပ်ဖွဲ့သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များရှိသည်ဟု ယူဆရသောနေရာများကို တိုက်လေယာဉ်ဖြင့် ဗုံးကြဲခဲ့သည့်အပြင် Mi35 ရဟတ်ယာဉ်နှင့်လည်း တိုက်ခိုက်ခဲ့သည်။ ထို့အပြင် ကလေးမြို့ အမြောက်တပ်ဘက်ကနေလည်း ၁၂၀ မမ လက်နက်ကြီးများဖြင့် အကြိမ်ကြိမ်ပစ်ကူခဲ့သည်ဟု သိရသည်။ စစ်ကောင်စီတပ်ဖွဲ့၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် ပျဉ်းတောဦးကျေးရွာထဲက နေအိမ်တချိူ့ ထိမှန်မီးလောင်မှုများလည်းရှိနေသည်ဟု သိရသည်။ ယခုနောက်ဆုံးရရှိသည့်သတင်းအရ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပျဉ်းတောဦးကျေးရွာထဲသို့ ဝင်ရောက်နေပြီဟု သိရသည်။ ပျဉ်းတောဦးကျေးရွဘက်တွင် ပြီးခဲ့သည့်မတ်လ ၃၁ ရက်နေ့ကတည်းက စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တောက်လျှောက် တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး ထောင်နှင့်ချီသော ဒေသခံပြည်သူများလည်း ရွာလုံးကျွတ် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြရသည်။
မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင်အတွင်းရှိ မြန်မာစစ်ဘေးရှောင်ပြည်သူများအနေဖြင့် မိမိတို့၏နိုင်ငံသားစိစစ်ရေးကပ်ပြား (မှတ်ပုံတင်) များကို ဧပြီလ ၁၅ ရက်နေ့မတိုင်ခင် သက်ဆိုင်ရာ ရပ်/ကျေးအဆင့် စစ်ဘေးရှောင်ကော်မတီများထံ အပ်နှံရမည်ဟု ကျန်ဖိုင်းခရိုင်အုပ်ချုပ်ရေးမှူး Pu James Lalrinchhana က အသိပေးထုတ်ပြန်လိုက်သည်။ ကျန်ဖိုင်းခရိုင်အဆင့် စစ်ဘေးရှောင်ကော်မတီ District Level Committee on Myanmar Refugees ဥက္ကဌလည်းဖြစ်သည့် Pu James Larinchhana က မြန်မာစစ်ဘေးရှောင်များလိုက်နာရမည့် စည်းမျဉ်းစည်းကမ်းဥပဒေနှင့်ပတ်သက်သော အချက် ၅ ချက်ကို ဧပြီလ ၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့ရာတွင် မြန်မာစစ်ဘေးရှောင်များအားလုံး မှတ်ပုံတင်အပ်နှံရမည်ဆိုသောအချက်လည်း ပါဝင်လာခြင်းဖြစ်သည်။ ကျန်ဖိုင်းခရိုင်အတွင်းရှိ မြန်မာစစ်ဘေးရှောင်များအားလုံးအနေဖြင့် မိမိတို့၏ နိုင်ငံသားစိစစ်ရေးကပ်ပြား (မှတ်ပုံတင်) များကို ဧပြီလ ၁၅ ရက်နေ့မတိုင်ခင် ရပ်/ကျေးအဆင့် စစ်ဘေးရှောင်ကော်မတီအဖွဲ့ထံ အပ်နှံရမှာဖြစ်ပြီး ယင်းမှတ်ပုံတင်များကို ရပ်/ကျေးအဆင့် စစ်ဘေးရှောင်ကော်မတီအဖွဲ့က ကောင်းမွန်စွာထိန်းသိမ်းထားမည်ဟု ခရိုင်အုပ်ချုပ်ရေးမှူး၏ အသိပေးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ယခုကဲ့သို့ မြန်မာစစ်ဘေးရှောင်များ မှတ်ပုံတင်အပ်နှံရန်လုပ်ဆောင်ရသည့်အကြောင်းရင်းကိုမူ ယင်းထုတ်ပြန်ချက်တွင် ဖေဖော်ပြထားခြင်းမရှိသော်လည်း စစ်ဘေးရှောင်များ မိမိသဘောဖြင့် ပြောင်းရွှေ့နေထိုင်ခြင်း၊ ပြစ်မှုတစ်ခုခုကျူးလွန်ပါက မြန်မာနိုင်ငံဘက်သို့ လွယ်လင့်တကူထွက်ပြေးခြင်းမရှိစေရန်နှင့် ပြစ်မှုကျူးလွန်သူများအားဖမ်းဆီးအရေးယူမှုပိုင်းတွင် အထောက်အကူပြုလာစေရန် စီစဉ်ဆောင်ရွက်ခြင်းဖြစ်နိုင်သည်ဟု စစ်ဘေးရှောင်အရေးကူညီသူတချိူ့က ယူဆထားကြသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ကျန်ဖိုင်းမြို့တွင် ချင်းအမျိုးသား ဦးဘွဲ့ရိုပြန်းက ဇနီးဟောင်းဖြစ်သူ အသက် ၄၃ နှစ်အရွယ် ဒေါ်ရှန်းငွန်ပါရ်ကို နေအိမ်တွင် သေနတ်ဖြင့်ပစ်သတ်ခဲ့ပြီးနောက် နယ်စပ်မှတဆင့် မြန်မာနိုင်ငံဘက်သို့ ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး ယနေ့ချိန်ထိ ဖမ်းဆီးအရေးယူနိုင်ခြင်း မရှိခဲ့ပေ။ ထို့အပြင်…
