Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»နဂိုမူလရပ်တည်ချက်ဖြင့် နွေဦးတော်လှန်ရေးမှာ စစ်အုပ်စုကို ပြန်လည်တိုက်ခိုက်လာသော ကလလတကို CNF ကြိုဆို

နဂိုမူလရပ်တည်ချက်ဖြင့် နွေဦးတော်လှန်ရေးမှာ စစ်အုပ်စုကို ပြန်လည်တိုက်ခိုက်လာသော ကလလတကို CNF ကြိုဆို

0
By Editor on July 5, 2023 Khonumthung

Salai Vakok

ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) မှ နဂိုမူလနိုင်ငံရေး ရပ်တည်ချက်လမ်းစဉ်ဖြင့် စစ်အုပ်စု ကို ပြန်လည်တော်လှန်ခုခံသွားမည်ကိုကြိုဆိုပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုထူထောင်ရေးအတွက် ကလလတနှင့်အတူ တိုက်ပွဲဝင်မည်ဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး CNF က ဇူလိုင်လ ၃ ရက်က ထုတ်ပြန်သည်။ 

နှစ်ပေါင်း ၃၀ ကျော်ကြာ စစ်အုပ်စုနှင့် လက်တွဲလာခဲ့သော ကလလတသည် စစ်အုပ်စု၏ မြန်မာ့နိုင်ငံရေးအပေါ် ရပ်တည်ချ က်သဘောထားအမှန်ကိုသိရှိပြီး ယခုကဲ့သို့ စစ်အုပ်စုကို တကျော့ပြန်တော်လှန်တိုက်ပွဲဝင်လာခဲ့ခြင်းကို စံနမူနာယူလျက် စစ်အုပ်စုနှင့် နိုင်ငံရေး၊ စစ်ရေး၊ ပူးပေါင်းဆောင်ရွက်ခြင်း မပြုလုပ်ရန် ချင်းအမျိုးသားတပ်ဦးက တိုက်တွန်းသည်။

တော်လှန်ရေးကာလ တိုင်ပြည်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အကြပ်တည်းဆုံးချိန်တွင် ကလလတ၏ တကျော့ပြန် တော်လှန်စစ်သည် နိုင်ငံရေးယုံကြည်ချက်၊ ခံယူချက် တူညီသော တော်လှန်ရေးအင်အားစုများအတွက် အားသစ်တရပ် ထပ်မံရရှိသည်ဟု CNF က ဆိုသည်။ 

ထို့အပြင် စစ်အာဏာရှင်ကို ဖြုတ်ချပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး ပြည်သူဘက်မှ ရပ်တည်၊ ပူးပေါင်းကာ စစ်အုပ်စုကို တော်လှန်တိုက်ပွဲဝင်ကြရန် ချင်းအမျိုးသားတပ်ဦး (CNF) က တိုက်တွန်းသည်။ 

လွတ်လပ်မှု၊ တန်းတူမှုနှင့်တရားမျှတမှုရှိပြီး ကိုယ်ပိုင်ပြဌာန်းခွင့် အာမခံချက် အပြည့်အဝရှိသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်ရေးအတွက် ကလလတအပါအဝင် ညီနောင်တော်လှန်ရေးမိတ်ဖက်များနှင့်အတူ အဆုံးတိုင် တိုက်ပွဲဝင်သွားမည်ဟု သိရသည်။ 

ကလလတသည် ဇွန်လ ၁၃ ရက် ကရင်နီပြည်၊ မယ်စဲ့မြို့က စစ်ကောင်စီတပ်စခန်းတွေကို ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNU/KNLA) တို့နှင့်အတူ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီ ဇူလိုင်လ ၁ ရက်မှာ စစ်အုပ်စုကို ပြန်လည်တိုက်ခိုက်နေပြီဟု တရားဝင်ထုတ်ပြန်ခဲ့သည်။

ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) သည် အရင်စစ်အစိုးရလက်ထက် ၁၉၉၄ ခုနှစ်မှာ စစ်အုပ်စုနှင့် ငြိမ်းချမ်းရေးယူခဲ့ပြီးနောက်ပိုင်းမှာ နယ်ခြားစောင့်တပ် အသွင်ပြောင်းခဲ့ခြင်းဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

မြန်မာလိဂ်မှာ ကစားနေသော Chinland FC မှ ချင်းကစားသမား တစ်ပတ်နီးပါးကြာ ပျောက်ဆုံးနေ

ကလေး- တီးတိန်- ဖလမ်း ကားလမ်းပိုင်း ဂိတ်ကြေးပေးဆောင်မှုများသောကြောင့် ကားခမြင့်တက်နေဆဲ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

August 28, 2026

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.