Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»နဂိုမူလရပ်တည်ချက်ဖြင့် နွေဦးတော်လှန်ရေးမှာ စစ်အုပ်စုကို ပြန်လည်တိုက်ခိုက်လာသော ကလလတကို CNF ကြိုဆို

နဂိုမူလရပ်တည်ချက်ဖြင့် နွေဦးတော်လှန်ရေးမှာ စစ်အုပ်စုကို ပြန်လည်တိုက်ခိုက်လာသော ကလလတကို CNF ကြိုဆို

0
By Editor on July 5, 2023 Khonumthung

Salai Vakok

ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) မှ နဂိုမူလနိုင်ငံရေး ရပ်တည်ချက်လမ်းစဉ်ဖြင့် စစ်အုပ်စု ကို ပြန်လည်တော်လှန်ခုခံသွားမည်ကိုကြိုဆိုပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုထူထောင်ရေးအတွက် ကလလတနှင့်အတူ တိုက်ပွဲဝင်မည်ဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး CNF က ဇူလိုင်လ ၃ ရက်က ထုတ်ပြန်သည်။ 

နှစ်ပေါင်း ၃၀ ကျော်ကြာ စစ်အုပ်စုနှင့် လက်တွဲလာခဲ့သော ကလလတသည် စစ်အုပ်စု၏ မြန်မာ့နိုင်ငံရေးအပေါ် ရပ်တည်ချ က်သဘောထားအမှန်ကိုသိရှိပြီး ယခုကဲ့သို့ စစ်အုပ်စုကို တကျော့ပြန်တော်လှန်တိုက်ပွဲဝင်လာခဲ့ခြင်းကို စံနမူနာယူလျက် စစ်အုပ်စုနှင့် နိုင်ငံရေး၊ စစ်ရေး၊ ပူးပေါင်းဆောင်ရွက်ခြင်း မပြုလုပ်ရန် ချင်းအမျိုးသားတပ်ဦးက တိုက်တွန်းသည်။

တော်လှန်ရေးကာလ တိုင်ပြည်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အကြပ်တည်းဆုံးချိန်တွင် ကလလတ၏ တကျော့ပြန် တော်လှန်စစ်သည် နိုင်ငံရေးယုံကြည်ချက်၊ ခံယူချက် တူညီသော တော်လှန်ရေးအင်အားစုများအတွက် အားသစ်တရပ် ထပ်မံရရှိသည်ဟု CNF က ဆိုသည်။ 

ထို့အပြင် စစ်အာဏာရှင်ကို ဖြုတ်ချပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး ပြည်သူဘက်မှ ရပ်တည်၊ ပူးပေါင်းကာ စစ်အုပ်စုကို တော်လှန်တိုက်ပွဲဝင်ကြရန် ချင်းအမျိုးသားတပ်ဦး (CNF) က တိုက်တွန်းသည်။ 

လွတ်လပ်မှု၊ တန်းတူမှုနှင့်တရားမျှတမှုရှိပြီး ကိုယ်ပိုင်ပြဌာန်းခွင့် အာမခံချက် အပြည့်အဝရှိသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်ရေးအတွက် ကလလတအပါအဝင် ညီနောင်တော်လှန်ရေးမိတ်ဖက်များနှင့်အတူ အဆုံးတိုင် တိုက်ပွဲဝင်သွားမည်ဟု သိရသည်။ 

ကလလတသည် ဇွန်လ ၁၃ ရက် ကရင်နီပြည်၊ မယ်စဲ့မြို့က စစ်ကောင်စီတပ်စခန်းတွေကို ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNU/KNLA) တို့နှင့်အတူ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီ ဇူလိုင်လ ၁ ရက်မှာ စစ်အုပ်စုကို ပြန်လည်တိုက်ခိုက်နေပြီဟု တရားဝင်ထုတ်ပြန်ခဲ့သည်။

ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) သည် အရင်စစ်အစိုးရလက်ထက် ၁၉၉၄ ခုနှစ်မှာ စစ်အုပ်စုနှင့် ငြိမ်းချမ်းရေးယူခဲ့ပြီးနောက်ပိုင်းမှာ နယ်ခြားစောင့်တပ် အသွင်ပြောင်းခဲ့ခြင်းဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် တီးတိန်-ရိဒ်ကြား လမ်းပိုင်းဆိုးရွားစွာပျက်စီး

အားကောင်းသော လေဖိအားနည်းရပ်ဝန်းသည် ချင်းပြည်ကို ဖြတ်ကျော်နေပြီး ချင်း၊ ရခိုင်အပါအဝင် တိုင်းနှင့်ပြည်နယ်အချို့တွင် မိုးကြီးမည်

ထန်တလန်မြို့နယ်တွင် နိုဝင်ဘာလ ၃၀ ရက်နေ့အထိ ငါးဖမ်းခြင်း ပိတ်ပင်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
October 2, 2026

ရခိုင်ပြည်သူ အစုအပြုံလိုက်သေဆုံးရသော ကျောက်တော်ဗုံးကြဲခံရမှု CNF က အပြင်းအထန် ရှုတ်ချ

October 2, 2026

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် တီးတိန်-ရိဒ်ကြား လမ်းပိုင်းဆိုးရွားစွာပျက်စီး

October 2, 2026

ချင်းပြည်မှာ သဘာဝဘေးဒဏ်နှင့် ရင်ဆိုင်နေရပြီဟု ချင်းလူမှုဖွံ့ဖြိုးရေးဝန်ကြီးပြော

September 30, 2026

မံဆောင်းတံတားတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တီးတိန်သို့ ပြန်လည်ဆုတ်ခွာ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.