Author: Editor

မြန်မာ့နွေဦးတော်လှန်ရေးကို ကမ္ဘာက ပိုမိုအာရုံစိုက်လာစေရန် “ We are the world” သီချင်းဖြင့် လှုံ့ဆော်ခဲ့ကြသော ချင်း-မီဇိုးအနုပညာရှင်များစုပေါင်းထားသော “ Chinlung Chhuak Artist” အဖွဲ့ကို အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ချီးကျူးဂုတ်ပြုလိုက်သည်။ သတင်းအချက်အလက်ပေါင်းများစွာ အလွန်လျင်မြန် လွတ်လပ်စွာ စီးဆင်းနေသော ယနေ့လို ၂၁ ရာစုတွင် အကြောင်းကိစ္စတစ်ခုကို နိုင်ငံတကာအာရုံစူးစိုက်မှု အမြဲရယူနိုင်ရန် မလွယ်ကူသည့်အချိန်တွင် Chinlung Chhuak Artist အဖွဲ့က အနုပညာဖန်တီးမှုစွမ်းအားဖြင့် ရယူပေးနိုင်ခဲ့သည်ဟု ဒူဝါလရှီးလက သူ၏လူမှုကွန်ယက်စာမျက်နှာတွင် မတ်လ ၁၁ ရက်နေ့မှာ ဖော်ပြထားသည်။ “သက်တမ်း ၂ နှစ်ရှိလာတဲ့ ကျွန်တော်တို့ မြန်မာ့နွေဦးတော်လှန်ရေးအကြောင်းကို ကမ္ဘာ့မီဒီယာထဲ စဉ်ဆက်မပြတ် စီးမြောပါဝင်နေအောင် လုပ်ဖို့ အရေးကြီးတယ်ဆိုတာ သတိထားမိပါတယ်၊ ကျွန်တော်တို့ ပြည်သူတွေဟာ စစ်အာ ဏာရှင်တိုက်ပွဲရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ နိုင်ငံတကာရဲ့ ထောက်ခံပံ့ပိုးမှု လိုအပ်လို့ပဲဖြစ်ပါတယ် ကမ္ဘာ့စိတ်ဝင်စားမှုကို မြန်မာ့နွယ်ဖွား ချင်းတိုင်းရင်းသား လူငယ်တွေ ဦးဆောင်တဲ့ Chinlung Chhuak Artist အဖွဲ့က သူတို့ရဲ့ အနုပညာဖန်တီးမှု စွမ်းအားနဲ့ ရယူပေးနိုင်ခဲ့တာကို တွေ့ရပါတယ်” ဟု ဖော်ပြထားသည်။ ချင်း-မီဇိုးအနုပညာရှင်များစုပေါင်းဖွဲ့ထားသော Chinlung Chhuak Artist အနေဖြင့် ကမ္ဘာကျော် မိုက်ကယ်ဂျက်ဆင်၏ “We are the world” သီချင်းကို ဗားရှင်းအသစ်နှင့် Cover ပြန်လည်သီဆိုကာ အမေ့လျှော့ခံနေရသော မြန်မာ့နွေဦးတော်လှန်ရေးကို ကမ္ဘာကပိုမိုစိတ်ဝင်စားလာပြီး အာရုံစူးစိုက်မှုရှိလာစေရန် ဖေဖော်ဝါရီလ ၃ ရက်နေ့က…

Read More

ကလေးမြို့မှ ချင်းပြည်နယ်ဘက်သို့ တက်လာသည့် စစ်ကောင်စီတပ်ဖွဲ့များသည် မတ်လ ၁၁ ရက်နေ့ မနက် ၈ နာရီခွဲခန့်က CDF-CDM Siyin နှင့် MEDF ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ကာ စစ်ကောင်စီတပ်သား ၆ ဦးပွဲချင်းသေဆုံးခဲ့ပြီး ၂၁ ဦး ဒဏ်ရာများရရှိခဲ့သည်ဟု သိရသည်။ ချင်းပြည်နယ် ဖလမ်းဘက်သို့ဦးတည်လာသော စစ်ကောင်စီတပ်ဖွဲ့သည် ယင်းနေ့တရက်တည်းတွင် မနက်ပိုင်း ၈ နာရီခွဲမှ ညနေပိုင်း ၄ နာရီအထိ (၁၀) ကြိမ်တိုင် မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်မှ အထိအခိုက်အသေအပျောက်များသည်ဟု Chinland Defense Force CDM Siyin မှ သတင်းထုတ်ပြန်ထားသည်။ အဆိုပါ စစ်ကောင်စီတပ်ဖွဲ့များသည် မတ်လ ၇ ရက်နှင့် ၉ ရက်နေ့က သံချပ်ကာ ၂ စီးအပါအဝင် ကားအစီး ၃၀ ကျော်ဖြင့် ကလေးမြို့မှ ချင်းတောင်ဘက်သို့ တက်လာခဲ့ကြခြင်းဖြစ်သည်။ ကလေး- တီးတိန်လမ်းမကို အများပြည်သူများ ပြန်လည်အသုံးပြုနိုင်ပြီဖြစ်သော်လည်း ဟားခါး၊ ဖလမ်း-သိုင်းငင်းလမ်းပိုင်းကိုမှု လုံးဝသွားလာခြင်းမပြုလုပ်ရန် Chinland Defense Force CDM Siyin ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Read More

စစ်ကောင်စီတပ်ဖွဲ့၏ သံချပ်ကာကားအပါအဝင် ရိက္ခာများတင်ဆောင်လာသည်ဟု ယူဆရသော ကားအစီး ၃၀ ခန့်သည် ယနေ့မနက်ပိုင်းက ကလေးမြို့မှ ချင်းပြည်နယ်ဘက်သို့ တက်လာပြီး ဖလမ်း ဟားခါးဘက်သို့ သွားရောက်မည်ဟု ယူဆကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ဘက်ကပြောဆိုသည်။ “၇ ရက်နေ့ကထွက်လာတဲ့အဖွဲ့ ဒီနေ့မနက်ပိုင်းမှာ သိုင်းငင်းလမ်းခွဲရောက်ပြီ။ သူတို့က ခြေလျင်နဲ့ ကားလမ်းအတိုင်းရော တောလမ်းအတိုင်းရောနှင်လာတယ်။ ဒီနေ့ ၉ ရက်နေ့မှာ ကားနဲ့ အင်အား ၁၀ဝ လောက် ထပ်တက်လာတယ်၊ သံချပ်ကားလည်းပါလာတယ် သိုင်းငင်းလမ်းခွဲမှာ ပထမ တက်တဲ့အဖွဲ့နဲ့ နောက်တက်တဲ့ အဖွဲ့တွေပေါင်းနေတယ်။ ဖလမ်း၊ ဟားခါးဖက်ကိုဆက်သွားမယ်လို့ သတင်းရထားတယ်။” ဟု PDF-Zoland က တာဝန်ရှိသူတစ်ဦးက ပြောသည်။ စစ်ကောင်စီတပ်ဖွဲ့သည် မတ်လ ၇ ရက်နေ့က ကလေးမြို့မှ ချင်းပြည်နယ်ဘက်သို့ ခြေလျှင်ဖြင့်တက်လာခဲ့ကြပြီး ယနေ့ ၉ ရက်နေ့တွင် သံချပ်ကာကားအပါအဝင် ချောဆွဲခံထားရသော အရပ်သားကုန်တင်ကား အစီး ၃၀ ခန့်ဖြင့် ချင်းပြည်နယ်သို့ ထပ်မံချီတက်လာခြင်းဖြစ်သည်။ “သူတို့အနောက်ကနေပါလာတဲ့ကားတွေက စစ်သုံးကားတွေမဟုတ်ပဲနဲ့ အရပ်သားကားတွေဖြစ်နေတယ်၊ ဒီလိုကားသုံးတာက လူသားဒိုင်းသုံးတာ သူတို့သတ္တိကြောင်တဲ့အလုပ်လုပ်တယ် ပြည်သူတွေကိုဒီအတိုင်း ထိုးကျွေးလိုက်တဲ့သဘော၊ ဘာမှ သိက္ခာမရှိတဲ့အလုပ်တွေလုပ်နေတဲ့သဘောလို့ပဲပြောရမယ်။” PDF-Zoland က တာဝန်ရှိသူက ပြောသည်။ အဆိုပါစစ်ကောင်စီတပ်ဖွဲ့သည် သိုင်ငင်းကျေးရွာမှတဆင့် ဖလမ်းမြို့ဘက်သို့ ဆက်လက်ချီတက်သွားပြီး သိုင်ငင်းနှင့် ဇောင်ကောင်ရွာကြား Bekan ရွာတွင် ညအိပ်ကြသည်ဟု သတင်းရင်းမြစ်တချိူ့က ဆိုသည်။ ယခုကဲ့သို့ စစ်ကောင်စီစစ်ကြောင်း ချင်းပြည်နယ်ဘက်သို့ တက်လာသည့်အတွက်ကြောင့် ဒေသခံကာကွယ်ရေးအဖွဲ့များနှင့် နေရာမရွေး၊ အချိန်မရွေး တိုက်ပွဲဖြစ်လာနိုင်ဖွယ်ရှိကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဘက်က ဆိုသည်။

Read More

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်မှာ ယနေ့ မတ်လ ၉ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့နှင့် CNA, CDF-Paletwa တပ်ဖွဲ့တို့ ဆက်လက်တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား ၈ ဦးသေဆုံးပြီး ၁၅ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ယနေ့ မတ်လ ၉ ရက်နေ့တွင် လိုင်လင်းပီမြို့မှ မတူပီမြို့နယ် ထယ်ဘွေ့စခန်းသို့ စစ်အင်အားဖြည့်တင်းလာသည့် စစ်ကောင်စီစစ်ကြောင်းကို ပလက်ဝမြို့နယ် ကိန်းကန်းကုန်ကျေးရွာနှင့် စခီဟာကျေးရွာကြားရှိ လာကီချောင်းတနေရာတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် CNA, CDF-Paletwa တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု CDF-Paletwa တပ်ဖွဲ့က ထုတ်ပြန်သည်။ စစ်ကောင်စီတပ်ဖွဲ့နှင့် CNA, CDF-Paletwa တို့သည် မနက်ပိုင်း ၁၀ နာရီ ၅၄ မိနစ်မှ ၁၁ နာရီ ၄၁ မိနစ်ကြားတွင်တစ်ကြိမ်၊ နေ့လယ် ၁၂ နာရီ ၂၀ မိနစ်မှ ၁၂ နာရီမိနစ် ၄၀ ကြားတွင်တစ်ကြိမ် ဖြစ်ပွားသော အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၈ ဦးသေဆုံးကာ ၁၅ ဦးပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြသည်ဟု CDF-Paletwa က ဆိုသည်။ အဆိုပါတိုက်ပွဲတွင် အထိအခိုက်မရှိ ကောင်းမွန်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု CDF-Paletwa က ထုတ်ပြန်သည်။ ယမန်နေ့ မတ်လ ၈ ရက်နေ့ကလည်း ပလက်ဝမြို့နယ် ကိန်းကန်းကုန်ကျေးရွာနှင့် စခီဟာကျေးရွာကြားရှိ ဗာမီချောင်းလမ်းခုလတ်တွင် စစ်ကောင်စီတပ်နှင့် CDF-Paletwa တပ်ဖွဲ့တို့တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးခဲ့သည်။

Read More

ချင်းပြည်နယ်၊ ဟားခါးမြို့ နိုင်ငံကူးလက်မှတ်ထုတ်ပေးသည့်ရုံးတွင် လျှောက်ထားသူ ကြိတ်ကြိတ်တိုးနေပြီး လျှောက်လွှာဖောင်ရရှိဖို့ပင် ခက်ခဲနေသည်ဟု ပါတ်စ်ပို့လျှောက်ထားသူများထံမှ သိရသည်။ ပါတ်စ်ပို့လျှောက်မည့်သူများသည် မနက် ၄ နာရီကတည်းက ရုံးရှေ့ကို လာစောင့်နေကြသူတွေရှိပြီး မနက် ၆ မတိုင်မီ အယောက် ၂၀၀ ကျော်တန်းစီစောင့်နေဆိုင်းနှင့်ပြီဖြစ်ကာ လျှောက်လွှာရရှိဖို့မလွယ်ကြောင်း ပါတ်စ်ပို့လျှောက်ထား သူတစ်ဦးကပြောသည်။ “ဖောင်ရဖို့ အရမ်းခက်တယ်။ လျှောက်လွှာရဖို့ အရေး တစ်နေကုန်ပါပဲ။ ကံကောင်းရင် လျှောက်လွှာရမယ်၊ ကံမပါရင်တော့ မရဘူးပေါ့နော်။ ဒီနေ့တော့ နေ့လည်ပိုင်လောက်မှာ စိတ်ရှည်ရှည်နဲ့ တန်းစီစောင့်နေတဲ့ကျွန်တော်တို့ကို ဖောင်တွေ ဝေပေးတယ် ဒါတောင် မတ်လ ၂၀ ကနေ ၂၄ ရက်အတွက်သာ ရတော့တယ်။” ဟု သူကပြောတယ်။ ပါတ်စ်ပို့အတွက် လျှောက်လွှာဖောင်ရရှိရန်ပင် အလွန်ခက်ခဲသည့်အတွက် ရုံးပြင်ပမှာ လျှောက်လွှာများ ပြန်ရောင်းချမှုများလည်းရှိနေပြီး တစ်စောင်ကို ကျပ်ငွေ ၃၀,၀၀၀ ကနေ ကျပ်ငွေ ၁၀၀,၀၀၀ အထိပေါက်ဈေးရှိသည်ဟုလည်း သိရသည်။ ဟားခါးမြို့ ပါတ်စ်ပို့ရုံးမှာ ယခင်က လူကိုယ်တိုင်လျှောက်လွှာယူရပြီး အချက်အလက်တွေကိုယ်တိုင်ဖြည့်ကာ လျှောက်ထားကြသော်လည်း နောက်ပိုင်းတွင် ပွဲစားများနှင့် လုပ်ကြသူများလာပြီး ကျပ်ငွေ ၃ သိန်းကနေ ၁၀ အထိ ကုန်ကျသူများလည်းရှိသည်ဟု ဟားခါးမြို့ဒေသခံတစ်ဦးက ပြောသည်။ ပါတ်စ်ပို့ကို ကိုယ်တိုင်ပြုလုပ်မယ်ဆိုပါက နိုင်ငံသားကဒ်ပြား ၄/ ကိုင်စောင်သူများအတွက် ကျပ်ငွေ ၅၀,၀၀၀ ကုန်ကျပြီး နိုင်ငံသားကဒ်ပြား ၅/ ကိုင်စောင်သူများသည် နယ်ခြားဖြစ်သည့်အတွက် ကျပ်ငွေ ၁၈၀,၀၀၀ ကုန်ကျကြောင်း သိရသည်။ ယခုကဲ့သို့ ဟားခါးမြို့ နိုင်ငံကူးလက်မှတ်ထုတ်ပေးသည့်ရုံးတွင် ကြိတ်ကြိတ်တိုးနေရခြင်းမှာ ချင်းပြည်နယ်သာမက…

Read More

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်မှာ မတ်လ ၈ ရက် နေ့လည်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့နှင့် CDF-Paletwa တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးပြီး ၁၁ ယောက် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မတ်လ ၈ ရက်နေ့တွင် လိုင်လင်းပီမြို့မှ မတူပီမြို့နယ် ထယ်ဘွေ့စခန်းသို့ စစ်အင်အားဖြည့်တင်းလာသည့် စစ်ကောင်စီစစ်ကြောင်းကို ပလက်ဝမြို့နယ် ကိန်းကန်းကုန်ကျေးရွာနှင့် စခီဟာကျေးရွာကြားရှိ ဗာမီချောင်း လမ်းခုလတ်တနေရာတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု CDF-Paletwa တပ်ဖွဲ့က ထုတ်ပြန်သည်။ နေ့လယ် ၁ နာရီမှ ၂ နာရီခွဲအထိ တစ်နာရီကျော်ကြာဖြစ်ပွားသော အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးကာ ၁၁ ဦးပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြသည်ဟု CDF-Paletwa က ဆိုသည်။ အဆိုပါတိုက်ပွဲတွင် အထိအခိုက်မရှိ ကောင်းမွန်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု CDF-Paletwa က ထုတ်ပြန်သည်။

Read More

မြန်မာနိုင်ငံကနေတဆင့် တင်သွင်းလာတယ်လို့ ယူဆရတဲ့ ထူးခြားဆန်းပြားသော တောရိုင်းတိရစ္ဆာန်မျိုးစိတ်များ (exotic wildlife species) ကို မီဇိုရမ်ရဲတပ်ဖွဲ့က ယမန်နေ့ညက ဖမ်းဆီးရမိသည်ဟု သိရပါတယ်။ အဆိုပါတိရစ္ဆာန်မျိုးစိတ်များကို မီဇိုရမ်ပြည်နယ် Khawzawl-Rabung လမ်း Tualpui Junction မှာ ယာဉ်တစ်စီးကို မီဇိုရမ်ရဲတပ်ဖွဲ့က စစ်ဆေးရာမှာ ဖမ်းဆီးရမိခဲ့တာလို့ သိရပါတယ်။ ယင်းတိရစ္ဆာန်မျိုးစိတ်များနှင့်အတူ ဇိုခေါထာရ်ကျေးရွာနေ ယာဉ်မောင်း Vanlalrawn ကို ဖမ်းဆီးထားတယ်လို့ သိရပါတယ်။ ယခုဖမ်းဆီးရမိတဲ့ တရိစ္ဆာန်မျိုးစိတ်များမှာ ငှက်မျိုးစိတ် ၁၃ မျိုးနှင့် မျောက် ၄ ကောင်တို့ဖြစ်ပြီး ကျန်ဖိုင်းမြို့ Custom Preventive Force ထံ ဥပဒေကြောင်းအရ ဆက်လက်ဆောင်ရွက်ရန် အပ်နှံခဲ့ကြသည်ဟု မီဇိုရမ်ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

Read More

မတူပီမြို့နယ် ပညာရေးဘုတ်အဖွဲ့၏ ဦးဆောင်မှုဖြင့် မတူပီမြို့နယ်အတွင်း ဖော်ဆောင်နေသော ကြားကာလ ပြည်သူ့ပညာရေးအတွက် ရံပုံငွေရှာဖွေပွဲ တေးဂီတဖျော်ဖြေရေးအစီစဉ်တရပ်ကို မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့ CYLA ခန်းမတွင် မတ်လ ၁၁ ရက်နေ့၌ ကျင်းပပြုလုပ်ကြမည်ဟု သိရသည်။ ကြားကာလ ပြည်သူ့ပညာရေး ဆက်လက်ရှင်သန်လည်ပတ်နိုင်ရန်နှင့် ခက်ခဲသည့်ကျောင်းသားများတွက် ကျောင်းသုံးကိရိယာများ အဆင်ပြေချောမွေ့စေရန်ဆိုသည့် ရည်ရွယ်ချက်ဖြင့် ယခုကဲ့သို့ ရံပုံငွေရှာဖွေမှုအစီစဉ်ကို ပြုလုပ်ရခြင်းဖြစ်သည်ဟု မတူပီမြို့နယ် ပညာရေးဘုတ်အဖွဲ့မှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။ “၂၀၂၃ ခုနှစ် ပညာသင်နှစ်အတွက် ကျောင်းသား/ကျောင်းသူများနဲ့ ကြားကာလပညာရေး ဆက်လက်လည်ပတ်နိုင်ရေးအတွက် ခုလိုရံပုံငွေရှာဖွေဖို့ ခုလိုစီစဉ်ရတာဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။ ယင်းတေးဂီတဖျော်ဖြေရေးအစီစဉ်တွင် နိုင်ငံကျော်အဆိုတော် ဒေးဗစ်လိုင်နှင့်အတူ Matupians အဖွဲ့၊ အဆိုတော် Esther Saudaw တို့ ပါဝင်ဖျော်ဖြေကြမည်ဖြစ်ပြီး မတူပီမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသော ဦး Pathang, ဦး Lal Min Thang ၊ ဦး Ral Peng နှင့် ဘုတ်အဖွဲ့အကြံပေး ဆရာကြီး ဦးလှပိုး (TEO-ငြိမ်း) တို့မှလည်း Short Speech များ ပြောကြားမည်ဟု သိရသည်။ နိုင်ငံတကာမှပြည်သူများ ပါဝင်ကြည့်ရှုနိုင်ရန် Matupians Page မှ Live လွှတ်တင်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။ မတူပီမြို့နယ် ပညာရေးဘုတ်အဖွဲ့၏ ဦးဆောင်မှုဖြင့် မတူပီမြို့နယ်အတွင်း ကြားကာလပြည်သူ့ပညာရေး ကျောင်းပေါင်း ၁၄၀ ကျော် ဖွင့်လှစ်နိုင်ခဲ့ကြပြီး ကျောင်းသူကျောင်းသားပေါင်း ၉၀၀၀ ကျော်ကို ကျောင်းဆရာ၊ဆရာမ ၄၀၀ ကျော်ဖြင့် ပညာသင်ကြားပေးနိုင်ခဲ့သည်ဟု သိရသည်။

Read More

အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ် အင်ဖားမြို့အကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်းခံထားရသော မြန်မာစစ်ဘေးရှောင် ၃ ဦးကို မတ်လ ၂ ရက်နေ့က အာမခံဖြင့် ပြန်လွတ်လာကြသည်ဟု သိရသည်။ အာမခံဖြင့် လွတ်မြောက်လာသူများမှာ အသက် ၇၂ နှစ်အရွယ် ဦးဇမ်ခေါဆေးဒန်းထန်၊ အသက် ၂၀ ရွယ် ဝီလီယံနှင့် အသက် ၂၃ နှစ်အရွယ် Sonminthang တို့ဖြစ်ကြပြီး ၎င်းတို့သည် ပြီးခဲ့သည့် ဇန်နဝါရီလတုန်းက မိုးရေးမြို့နယ်တွင် စစ်ဘေးရှောင် အယောက် ၈၀ ကျော်နှင့်အတူ ဖမ်းဆီးခံခဲ့ရသူများဖြစ်ကြသည်။ ဦးဇမ်ခေါဆေးဒန်းထန်သည် ကျန်းမာရေးအခြေအနေမကောင်းသည့်အတွက် အာမခံဖြင့် ပြန်လည်လွတ်မြောက်လာခြင်းဖြစ်ပြီး ဝီလီယံနှင့် Sonminthang တို့မှာ ကျောင်းနေရွယ်လူငယ်များဆိုသည့် ခြွင်းချက်ဖြင့် အာမခံနှင့် ပြန်လွတ်ပေးခဲ့ခြင်းဖြစ်သည်ဟု မြန်မာစစ်ဘေးရှောင်ကူညီရေးအသင်း နာယဂ ဦးထန်ဆေးက ပြောသည်။ ယခုလက်ရှိတွင် အင်ဖားမြို့အကျဉ်းထောင်တွင် မြန်မာနိုင်ငံက စစ်ဘေးရှောင် ၁၀၀ ကျော်ခန့် ဖမ်းဆီးထိန်းသိမ်းခံနေရဆဲဖြစ်ပြီး ကျန်းမာရေးစောင့်ရှောက်မှု အားနည်းသည့်အတွက် အသက်အန္ဓာရယ် စိုးရိမ်ရသူများလည်းရှိသည်ဟု ၎င်းက ဆက်ပြောသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၆ ရက်နေ့ကလည်း အသက် ၃၂ နှစ်အရွယ် ဦးလမ်းခေါချွမ်ဂွေသဲမှာ အင်ဖားမြို့အကျဉ်းထောင်ထဲမှာ ရုတ်တရက် သေဆုံးခဲ့ရပြီးဖြစ်သည်။

Read More

စစ်အာဏာသိမ်းမှု ၂ နှစ်တာကာလအတွင်း ချင်းအမျိုးသားများပေါ် လူ့အခွင့်အရေးချိုးဖောက်ခံရမှုနှင့် အကြမ်းဖက်ကျုးလွန်ခံရမှုတို့ကြောင့် အသက်မပြည့်ကလေးငယ်နှင့် ဓမ္မအမှုတော်ဆောင်များအပါအဝင် ချင်းလူမျိုး ၃၈၀ ကျော် သေဆုံးခဲ့ရသည်ဟု Institute of Chin Affairs (ချင်းရေးရာအဖွဲ့ချုပ်) က ထုတ်ပြန်သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကစ၍ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအထိ ၂ နှစ်တာကာလအတွင်းမှာ စစ်ကောင်စီက ၎င်းတို့အာဏာတည်မြဲရေးအတွက် ချင်းလူမျိုးများအပေါ် သေနတ်အစစ်၊ ကျည်အစစ်၊ ဗုံးအစစ်များ၊ လက်နက်ကြီးများ (RPG၊ ၄၀ မမ၊ ၆၀ မမ) ဂျက်ဖျက်တာများအသုံးပြုကာ လူ့အခွင့်အရေးချိူးဖောက်မှုနှင့် ရာဇဝတ်မှုအမျိုးမျိူးကျူးလွန်ခဲ့ သည်ဟု မတ်လ ၂ ရက်နေ့က ချင်းရေးရာအဖွဲ့ချုပ်ကထုတ်ပြန်သည်။ ချင်းရေးရာအဖွဲ့ချုပ်၏ အဆိုအရ စစ်ကောင်စီ၏ မတရားသတ်ဖြတ်ခံ ရမှုကြောင့် ချင်းလူမျိုးသေဆုံးမှု ၂၀၂၁ ခုနှစ်အတွင်း ၁၆၄ ဦး၊ ၂၀၂၂ ခုနှစ်အတွင်း ၁၉၅ ဦးနှင့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ ၂၄ ဦး စုစုပေါင်း ၃၈၃ ဦးရှိခဲ့သည် ဟု သိရသည်။ အဆိုပါသေဆုံးသည့် ချင်းလူမျိူး ၃၈၀ ကျော်တွင် ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင် ၂၃၀ ကျော်နှင့် အရပ်သားပြည်သူ ၁၂၀ ကျော်ပါဝင်ပြီး ထိုအထဲတွင် (၁၈) နှစ်အောက် ကလေးသူငယ် ယောကျာ်းလေး (၁၉) ဦးနှင့် မိန်းကလေး (၅) ဦး စုစုပေါင်း (၂၄) ဦးပါဝင်ကာ (၆) လ…

Read More