Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ချင်း-လူရှိုင်း-ကူကီးမျိူးနွယ်များ အုပ်ချုပ်မှုတစ်ခုအောက်မှာ ပြန်လည်စုစည်းနေထိုင်ရေး ဆောင်ရွက်မည်ဟုဆို
Photo: Aizawl, Mizoram State.

ချင်း-လူရှိုင်း-ကူကီးမျိူးနွယ်များ အုပ်ချုပ်မှုတစ်ခုအောက်မှာ ပြန်လည်စုစည်းနေထိုင်ရေး ဆောင်ရွက်မည်ဟုဆို

0
By Editor on May 30, 2023 Khonumthung

(05MK)

အိန္ဒိယ-မြန်မာ-ဘင်္ဂလားဒေရှ့် ၃ နိုင်ငံတွင် တကွဲတပြားစီနေထိုင်ခဲ့ကြသော ချင်း-လူရှိုင်း-ကူကီးအနွယ်ဝင်များအားလုံး အုပ်ချုပ်မှုတစ်ခုတည်းအောက်တွင် ပြန်လည်စုစည်းနေထိုင်ရေး ဆောင်ရွက်သွားမည်ဟု မီဇိုရမ်ပြည်နယ်တွင်ကျင်းပသော Zofa Inkhawmpui Lian ညီလာခံကသဘောတူဆုံးဖြတ်လိုက်သည်။

Zofa Inkhawmpui Lian ဟုအမည်ပေးထားသော ဇို (ချင်း) မျိုးနွယ်များညီလာခံကို မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့ Vanapa ခန်းမတွင် Zo Reunification Organization (ZORO) အဖွဲ့မှ ဦးဆောင်ပြီး မေလ ၂၆ နှင့် ၂၇ ရက်နေ့မှာ နှစ်ရက်တာကျင်းပခဲ့ကြသည်။

ချင်း-လူရှိုင်း-ကူကီးမျိုးနွယ်စုအားလုံးသည် ဆင်းသက်လာရာတူညီသောမျိုးနွယ်စု တစ်ခုတည်းသာဖြစ်ကြပြီး ဗြိတိသျှ ကိုလိုနီအုပ်ချုပ်မှုစနစ်ကြောင့် အိန္ဒိယ-မြန်မာ-ဘင်္ဂလားဒေရှ့်စသည့် ၃ နိုင်ငံတွင် တကွဲတပြားစီ အုပ်ချုပ်ခံနေကြရသည်ဟု ဆိုသည်။

ဗြိတိသျှကိုလိုနီအုပ်ချုပ်မှုစနစ်က မိမိတို့၏ အခြေခံရပိုင်ခွင့်များကို မတရားရယူသိမ်းပိုက်ခဲ့သည်သာမက မိမိတို့လူမျိုးများကို အိန္ဒိယနိုင်ငံ၊ မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေရှ့်နိုင်ငံတို့တွင် တကွဲတပြားစီ ပိုင်ခြားခဲ့သည့်အပေါ် လက်မခံကြောင်း ယင်းညီလာခံကဆိုသည်။

ထို့ကြောင့် ဗြိတိသျှကိုလိုနီအစိုးရမှ ၁၈၉၂ ခုနှစ်တွင် ကျင်းပခဲ့သော Chin- Lushai Conference ညီလာခံဆုံးဖြတ်ချက်အမှတ်- (၁) အရ Zofate- ချင်း-လူရှိုင်း-ကူကီးအနွယ်ဝင်များသည် အုပ်ချုပ်မှုတစ်ခုအောက်မှာ ပြန်လည်စုစည်း နေထိုင်ရမည်ဟု ကြေညာပြီး ယင်းကိစ္စအားအကောင်ထည်ဖော်ဆောင်ရွက်ရန် အကြမ်းမဖက်သောနည်းလမ်းဖြင့် အဆုံးတိုင်ဆောင်ရွက်သွားမည်ဟု Zofa Inkhawmpui Lian ကဆုံးဖြတ်ခဲ့သည်။

ဗြိတိသျှကိုလိုနီအစိုးရသည် ၁၈၉၂-ခုနှစ် ဇန်နဝါရီလ (၂၅-၂၉) ရက်နေ့တွင် သမိုင်းဝင် ချင်း–လူရှိုင်း ကွန်ဖရင့် (Chin – Lushai Conference) ကို အိန္ဒိယနိုင်ငံ ကလကတ္တားမြို့ Fort Williams တွင် ကျင်းပခဲ့ပြီး ၎င်းတို့၏ စစ်မျက်နှာ အသီးသီးမှ သိမ်းပိုက်အုပ်ချုပ်ပြီးဒေသများမှ ချင်း-လူရှိုင်း-ကူကီး မျိုးနွယ်စုအားလုံးအား စုစည်းပြီး အုပ်ချုပ်ရေးနယ်မြေ တစ်ခုတွင်ထားရှိရန်ဆုံးဖြတ်ခဲ့ကြသည်။

သို့သော်လည်း ယင်းဆုံးဖြတ်ချက်သည် ယနေ့ချိန်ထိအကောင်အထည်ဖော်ဆောင်ရွက်ခြင်းရှိမလာဘဲ ချင်း-လူရှိုင်း-ကူကီး မျိုးနွယ်စုများသည် အိန္ဒိယနိုင်ငံတွင် မီဇိုရမ်ပြည်နယ်၊ မြန်မာနိုင်ငံတွင် ချင်းပြည်နယ်နှင့် ဘင်္ဂလားဒေရှ့်နိုင်ငံတွင် စစ်တေကာင်းတောင်တန်းဒေသ စသည်ဖြင့် တကွဲတပြားစီ နေထိုင်ခဲ့ကြရခြင်းဖြစ်သည်။

အိုင်ဇောလ်မြို့ Vanapa ခန်းမတွင် ကျင်းပသော Zofa Inkhawmpui Lian ညီလာခံတွင် အနယ်အရပ်ရပ်မှ ကိုယ်စားလှယ်များအပြင်၊ မီဇိုရမ်ပြည်နယ်အထက်လွှတ်တော်အမတ် Pu K Vanlalvena, မီဇိုရမ်နိုင်ငံရေးပါတီ အသီးသီးက ကိုယ်စားလှယ်များ၊ ZORO အဖွဲ့ခေါင်းဆောင်များ၊ NUG အစိုးရ လူသားချင်စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာ ငိုင်းတမ်မောင်း၊ ချင်းပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဆလိုင်းလျန်လွယ်၊ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီသဘာပတိအဖွဲ့ဝင် ဆလိုင်းအိုင်ဇက်ခင်တို့လည်း တက်ရောက်ခဲ့ကြသည်။

ညီလာခံသို့တက်ရောက်လာကြသောကိုယ်စားလှယ်များသည် မေလ ၂၇ ရက်နေ့မနက်ပိုင်းတွင် အိုင်ဇောလ်မြို့ Millennium စင်တာမှ Vanapa Hall အထိ “Zofate Inpumkhatna – ပြန်လည်စည်းလုံးခြင်း” ချီတက်လမ်းလျှောက်ခဲ့ကြသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

သင်္ချိုင်းအုတ်ဂူမှာ မီဇိုးဘာသာစကား မသုံးလိုသူများအတွက် သင်္ဂြိုဟ်ခွင့်မရှိကြောင်း Zokhawthar YMA က အသိပေး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.