Author: Editor

ချင်းပြည်နယ် ဟားခါးမြို့အခြေစိုက် စစ်ကောင်စီတပ်ရင်း ၂၆၆ မှ တပ်သား ၃ ဦးသည် လက်နက်နှင့်အတူ CDF-Senthang ထံသို့ ခိုလှုံခဲ့ကြသည်ဟု သိရသည်။ အဆိုပါတပ်သား ၃ ဦးသည် ၎င်းတို့နှင့်အတူ MA1 တစ်လက်၊ ကျည်ဘောက်၊ ကျည်ဆံနှင့် လက်ပစ်ဗုံးတို့ပါလာပြီး ထိုက်သင့်သော ဆုကြေားများချီးမြှင့်ကာ လုံခြုံသည့်နေရာသို့ ပို့ဆောင်ပေးခဲ့သည်ဟု CDF-Senthang က ယနေ့ ထုတ်ပြန်သည်။

Read More

စစ်ကိုင်းတိုင်း တမူးမြို့က အမျိုးသမီးတစ်ဦး သတ်ခံရသည့် ဖြစ်စဉ်သည် စစ်ဘက်ဆိုင်ရာကျင့်ဝတ်နှင့် သွေဖည်ပြီး ကျူးလွန်သူ မည်သူမဆို အရေးယူမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရက NUG က ဒီဇင်ဘာ ၅ ရက်နေ့က ထုတ်ပြန်လိုက်သည်။ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အဆိုပါဖြစ်စဉ်အသေးစိတ်နှင့် ဖြစ်စဉ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်သားများ ပါဝင်ပတ်သက်ခြင်းရှိ/မရှိ စုံစမ်းစစ်ဆေးခြင်းလုပ်ငန်းများကို စစ်ဘက်ဆိုင်ရာ ဥပဒေများနှင့်အညီ လုပ်ဆောင်သွားရန် သက်ဆိုင်ရာ စစ်ရေးတာဝန်ရှိသူများအား ညွန်ကြားထားပြီဖြစ်သည်ဟု ဆိုပါသည်။ အဆိုပါဖြစ်စဉ်သည် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်စည်းကမ်းများအရ လုံးဝလက်သင့်မခံနိုင်သည့် ကိစ္စရပ်ဖြစ်သောကြောင့် ဖြစ်စဉ်နှင့်ပတ်သက်သည့် ကွင်းဆက်များကို စုံစမ်းဖော်ထုတ်သွားမည်ဖြစ်ပြီး ကျူးလွန်ခဲ့သူ မည်သူ့ကိုမဆို ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူမည်ဟု NUG ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ တမူးမြို့တွင် ဒလန်ဟုဆိုသော အမျိုးသမီးတစ်ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သတ်ဖြတ်ခဲ့သည့် ရုပ်သံဖိုင်သည် စစ်ကောင်စီနှင့်နီးစပ်သော တယ်လီဂရန်ချန်နယ်များတွင် ဒီဇင်ဘာ ၃ ရက်နေ့ ညပိုင်းက စတင်ပျံ့နှံ့လာခဲ့ရာ လူသုံးများသော Facebook လူမှုကွန်ရက်စာမျက်နှာပေါ်မှာပါ ပျံ့နှံ့လာကာ ဝေဖန်မှုအမျိုးမျိုး ထွက်ပေါ်လာခဲ့သည်။ အဲဒီဖြစ်စဉ်နှင့်ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့က စုံစမ်းစစ်ဆေးမှုများဆောင်ရွက်ပြီး ယခုကဲ့သို့ ထုတ်ပြန်လာခြင်းလည်းဖြစ်သည်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးနှင့် ပြည်သူ့ခုခံတွန်းလှန်စစ်ဆင်နွှဲရာတွင် စစ်ဘက်ဆိုင်ရာဥပဒေများ စစ်ရေးညွန်ကြားချက်များနှင့်အညီသာ စီမံဆောင်ရွက်ကြရန်လိုအပ်ပြီး စစ်ကောင်စီအနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အား ၎င်းတို့ကဲ့သို့အကြမ်းဖက်မှုအား ပြုလုပ်နေသည်ဟု ပုံဖော်ရန်ကြိုးစားနေသည့် ထောင်ချောက်ထဲသို မကျရောက်မိစေရန် အထူးသတိချပ်ရမည်ဟု NUG ကဆိုသည်။ စစ်ကောင်စီတပ်ဖွဲ့မှ ကျူးလွန်နေသော စစ်ရာဇဝတ်မှုများ၊ လူမဆန်သောရက်စက်ကြမ်းကြုတ်မှုများကို အပြီးတိုင် အဆုံးသတ်နိုင်ရေး စစ်ရေးနည်းလမ်းဖြင့် တော်လှန်တိုက်ပွဲဝင်နေကြရသော်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များကဲ့သို့ အသိတရားမဲ့ တရားလက်လွတ်ပြုကျင့်သူများ မဖြစ်စေရေးကိုလည်း ဂရုပြုကြရန်…

Read More

အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ်တောင်ပိုင်း ရှာဟာခရိုင်တွင် မြန်မာနိုင်ငံသား ၄ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ အာသံရိုင်ဖယ်တပ်ဖွဲ့က ဒီဇင်ဘာလ ၃ ရက်နေ့က ဖမ်းဆီးခဲ့သည်ဟု သိရသည်။ ရှာဟာခရိုင် တွီပန်းကျေးရွာဘက်တွင် တရားမဝင်ပစ္စည်းများ သယ်ဆောင်မည်ဟု တိကျသောသတင်းအချက်အလက် ရရှိမှုအပေါ်အခြေခံ၍ အာသံရိုင်ဖယ်နှင့် တွီပန်းရဲတပ်ဖွဲ့တို့သည် ဒီဇင်ဘာလ ၃ ရက်နေ့က စစ်ဆင်ရေးတရပ်ဆောင်ရွက်ရာတွင် ထိုကဲ့သို့ဖမ်းဆီးရမိခြင်းဖြစ်သည်ဟု အာသံရိုင်ဖယ်တပ်ဖွဲ့က ထုတ်ပြန်သည်။ တွီပန်းစစ်ဆေးဂိတ်ကို ကင်ဘိုဆိုင်ကယ် ၃ စီးဖြင့် ရှောင်ကွင်းရန်ကြိုးစား၍ မောင်းနှင်လာသော အဆိုပါမြန်မာနိုင်ငံသား ၄ ဦးကို ရပ်တန့်စစ်ဆေးရာတွင် လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းများကို ဖမ်းဆီးရမိခြင်းဖြစ်သည်ဟု အာသံ ရိုင်ဖယ်တပ်ဖွဲ့ကဆိုသည်။ မြန်မာနိုင်ငံသား ၄ ဦးနှင့်အတူ ပွိုင့် ၂၂ ရိုင်ဖယ်သေနတ် ၂ လက်၊ ကျည်ဆံ၊ ပြောက်ကျားဝတ်စုံ၊ စစ်ဖိနပ်၊ အိုင်ကွန်နှင့် ယမ်းမှုန်တို့ ဖမ်းဆီးရမိခဲ့သည်ဟု အာသံရိုင်ဖယ်တပ်က ထုတ်ပြန်သည်။ ၎င်းတို့ ၄ ဦးကို တွီပန်းရဲစခန်းသို့ လွဲပြောင်းခဲ့သည်ဟု သိရသည်။ အာသံရိုင်ဖယ်တပ်ဖွဲ့သည် မီဇိုရမ်ပြည်နယ်နှင့် ချင်းပြည်နယ်နယ်စပ်တွင် စစ်ဆေးရေးဂိတ်များထားရှိကာ လုံခြုံရေးစစ်ဆေးမှုများ တင်းတင်းကျပ်ကျပ်ဖြင့် ဆောင်ရွက်လျှက်ရှိပြီး ယခင်ကလည်း လက်နက်ခဲယမ်းများ မကြာခဏ ဖမ်းဆီးလေ့ရှိသည်။

Read More

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ၂၂ လအတွင်းမှာ စစ်ကောင်စီကြောင့် ချင်းလူမျိုး ၃၅၀ ကျော် သေဆုံးခဲ့ရပြီး ချင်းပြည်နယ်အတွင်းရှိ အိခြေ ၁၅၀၀ ကျော် မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရသည်ဟု ချင်းရေးရာအဖွဲ့ချုပ် (ICA) က ဒီဇင်ဘာလ ၁ ရက်နေ့က ထုတ်ပြန်သည်။ စစ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၁ ရက်နေ့ကစ၍ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့အထိ (၂၂) လအတွင်း စစ်ကောင်စီကြောင့် ချင်းလူမျိုး (၃၅၅) ဦး အသက်ဆုံးရှုံးခဲ့ရပြီး ချင်ပြည်နယ်အတွင်း၌ အိမ်ခြေစုစုပေါင်း (၁၅၀၅) ကို စစ်ကောင်စီတပ်များက မီးရှို့ဖျက်ဆီးခဲ့ကြသည်ဟု ချင်းရေးရာအဖွဲ့ချုပ်က ဆိုသည်။ “ချင်းပြည်နယ်မှာ လူဦးရေ ၅ သိန်းလောက်ပဲရှိတယ်။ နောက်ပြီးချင်းပြည်နယ်ဟာ မြန်မာနိုင်ငံမှာ အဆင်းရဲဆုံးနဲ့ ဖွံ့ဖြိုးမှုအနည်းဆုံး ပြည်နယ်ဖြစ်တယ်။ ဒါကြောင့် အချိုးအစားအနေနဲ့ တွက်လိုက်ရင် သတ်ခံရတဲ့လူဦးရေက အလွန်မြင့်မားပြီး၊ ဆုံးရှုံးခဲ့ရတဲ့ အိုးအိမ်အအောက်အအိုး ပစ္စည်းတွေရဲ့ တန်ဖိုးကလည်း အရမ်းများပါတယ်” ဟု ICA လက်ထောက်ညွှန်ကြားရေးမှူး Salai Van Sui San က ပြောသည်။ စစ်ကောင်စီကြောင့် အသက်ဆုံးရှုံးသူ (၃၅၅) ဦးထဲတွင် အပြစ်မဲ့ပြည်သူ (၁၆၇) ဦး (ကျား-၁၃၂၊ မ-၃၅) ပါဝင်ပြီး ထိုအထဲတွင် (၁၈) နှစ်အောက် ကလေးသူငယ် ယောကျာ်းလေး (၁၉) ဦးနှင့် မိန်းကလေး (၅) ဦး စုစုပေါင်း (၂၄) ဦးပါဝင်ကာ (၆)…

Read More

ချင်းအမျိုးသားတပ်မတော် CNA ၏ တပ်မဟာ ၃ နယ်မြေအတွင်း၌ CNA ဦးဆောင်သော ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ နိုဝင်ဘာလအတွင်းဖြစ်ပွားသော တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၅၅ ဦးကျော်ကို ရှင်းလင်းသုတ်သင်နိုင်ခဲ့သည်ဟု ချင်းအမျိုးသားတပ်ဦး CNF က နိုဝင်ဘာလ ၃၀ ရက်စွဲဖြင့် ကြေညာချက်ထုတ်ပြန်သည်။ ချင်းပြည်နယ် ဟားခါး – ထန်တလန်မြို့အကြားနှင့် ဟားခါးမြို့တွင်းတို့၌ စစ်ကောင်စီတပ်ဖွဲ့ကို CNA နှင့်ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၅၅ ဦးကျော်သေဆုံးခဲ့ပြီး လက်နက် ၉ လက်နှင့်ခဲယမ်းများ သိမ်းဆည်းနိုင်ခဲ့သည်ဟု သိရသည်။ အဆိုပါတိုက်ပွဲများအတွင်း အထိနာနေသော စစ်ကောင်စီတပ်ဖွဲ့သည် တိုက်လေယာဉ်နှစ်စီးနှင့် တိုက်ပွဲသုံးရဟတ်ယာဉ် သုံးစီးတို့ဖြင့် လာရောက်ပစ်ခတ်သည့်အပြင် ဟားခါးမြို့အခြေစိုက် ဗျူဟာကုန်း (Rung tlang)မှ လက်နက်ကြီးများဖြင့် နေ့စဉ်ပစ်ခတ်ခဲ့သည်ဟု CNF ကဆိုသည်။ တစ်လတာတိုက်ပွဲတွင် ချင်းအမျိုးသားတပ်မတော်မှ ရဲဘော်တစ်ဦးသည် တိုင်းပြည်နှင့်လူမျိုးအတွက် အသက်ပေးလှူခဲ့သည်ဟု ချင်းအမျိုးသားတပ်ဦးက ထုတ်ပြန်ထားသည်။

Read More

ချင်းပြည်နယ် ဖလမ်းမြို့နယ် နှင့် စစ်ကိုင်းတိုင်းကလေးမြို့နယ်တို့တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ၃ လအတွင်း တိုက်ပွဲပေါင်း ၁၂ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၃၇ ဦး သေဆုံးခဲ့သည်ဟု ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF) ကထုတ်ပြန်သည်။ CNO/CNDF တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့တို့သည် ပြီးခဲ့သည့် စက်တင်ဘာလမှ နိုဝင်ဘာလအထိ ၃ လအတွင်း ဖလမ်းမြို့နယ် သီဘွာလ်ကျေးရွာတွင် တိုက်ပွဲ ၉ ကြိမ်၊ သူဖေကျေးရွာတွင် တစ်ကြိမ်နှင့် ကလေးမြို့တွင် ၂ ကြိမ် စုစုပေါင်း ၁၂ ကြိမ် ဖြစ်ပွားခဲ့ကြသည်။ ထိုတိုက်ပွဲများတွင် စစ်ကောင်စီဘက်က ၃၇ ဦးသေဆုံးခဲ့ပြီး CNO/CNDF ဘက်မှ အကျအဆုံးမရှိခဲ့ပဲ ထိခိုက်ဒဏ်ရာရရှိသူ ၅ ဦးရှိခဲ့သည်ဟု သိရသည်။ စစ်ကောင်စီတပ်ဖွဲ့သည် သီဘွာလ်ကျေးရွာတိုက်ပွဲတွင် နိုဝင်ဘာလ (၁၅) ရက် နေ့မှစ၍ နိုဝင်ဘာ (၂၃) ရက်နေ့အထိ လေကြောင်းအသုံးပြုပြီး သာလွန်အင်အားဖြင့် အပြင်းအထန် တိုက်ခိုက်ခဲ့သည်ဟု သိရသည်။ စစ်ကောင်စီတပ်ဖွဲ့က ပစ်ခတ်သောအမျိုးအမည်မသိ မီးကျဉ်ပုံစံလက်နက်ကြီးကြောင့် သီဘွာလ်ကျေးရွာရှိ နေအိမ်သုံးလုံးမီးလောင်ကျွမ်းခဲ့ပြီး ဘွာလ်သဲကျေးရွာမှ စိတ်မနှံ့သူ အမျိုးသားတစ်ဦးအား သတ်ဖြတ်ကာ စိတ်မနှံ့သူ အမျိုးသမီးတစ်ဦးအား ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု CNO ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Read More

FactCheck ဒီသတင်းအမှားကို La Yaung ဆိုတဲ့အကောင့်ကနေပြီး“ထိုင်း-မြန်မာနယ်စပ်မြို့ မြဝတီ ဝေါ်လေလမ်းကြီး ပွင့်သွားခဲ့ပါပြီ။ ဝေါ်လေလမ်းပိုင်းကို ဒုက္ခပေးနေတဲ့ KNU တို့ရဲ့ သေ့ဘောဘိုးစခန်းလည်း ကျသွားခဲ့တဲ့အတွက် ကူးသန်းရောင်းဝယ်ရေးကုန်စည်ပို့ဆောင်ရေးတွေလည်း ကောင်းကောင်းလုပ်နိုင်ပါပြီ… ဒီလိုဖြစ်လာဖို့ နယ်စပ်ဒေသရှိ အကြမ်းဖက်သမားများချုပ်ငြိမ်းရေး မြန်မာနဲ့ ထိုင်းနိုင်ငံတို့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေလုပ်ခဲ့တယ်လို့လည်း သိရပါတယ်..ထိုင်းနိုင်ငံကလည်း သူတို့ရဲ့ အိမ်နီးချင်းကောင်း ပီသမှုကို ပြသပြီး နှစ်နိုင်ငံချစ်ကြည်ရေးကိုဆက်လက်ခိုင်မြဲစေခဲ့ပါပြီ.. လမ်းပြန်ပွင့်သွားတဲ့အတွက် ဒီလမ်းကနေ စားဝတ်နေရေး၊ စီးပွားရေးလုပ်ငန်းတွေ ဆက်တိုက်လုပ်နိုင်တော့မှာ ဖြစ်ပါတယ်..ပြည်သူတွေအတွက် အခုလို ပျော်ရွှင်မှုတွေယူဆောင်လာပေးတဲ့အတွက် နစကအစိုးရနဲ့ ထိုင်းနိုင်ငံအစိုးရကို ကျေးဇူးအထူးတင်မိပါတယ်.. တိုက်ပွဲရှောင်ပြည်သူများကိုလည်း ကိုယ့်အိမ်ကိုယ့်ယာကို အရောက်ပို့ပေးနိုင်ခဲ့ပါပြီ” ဆိုပြီး Video နဲ့တကွရေသားဖော်ပြထားတာဖြစ်ပါတယ်။ Video Link>>https://www.facebook.com/100088472161190/videos/847060909749512/ ဒီသတင်းနဲ့ပတ်သက်ပြီး VOA သတင်းဌာနမှာရေးသားဖော်ပြထားတာက “ပြီးခဲ့တဲ့ မေလက လက်လွှတ်ခဲ့ရတဲ့ ကရင်ပြည်နယ် ကေအန်ယူတပ်မဟာ (၆) ထိန်းချုပ်ရာ ဒူးပလာယာခရိုင်ထဲက သေဘောဘိုးစခန်းနေရာကို ဒီရက်ပိုင်း ပြန်လည်ထိန်းချုပ်လိုက်တဲ့အကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားသလို သေဘောဘိုးနဲ့ အနီးတဝိုက် ကျေးရွာတွေကနေ စစ်ဘေးတိမ်းရှောင်နေသူတွေ နေရပ်ပြန်လာကြဖို့ ပြောဆိုထားပါတယ်။ ဒါပေမဲ့ နေရပ်ပြန်တဲ့ပြည်သူ အနည်းအကျဉ်းသာရှိပြီး အများစုကတော့ တည်ငြိမ်မှုမရှိသေးတဲ့အတွက် မပြန်ရဲကြဘူးလို့ ပြောပါတယ်။” ကရင်ပြည်နယ် မြဝတီမြို့ တောင်ဘက်က သေ့ဘောဘိုးနဲ့ဘလယ်ဒိုကျေးရွာအနီးမှာ စစ်ကောင်စီတပ်တွေနဲ့ KNLA ကရင်အမျိုးသားလွတ်မြောက်ရေးတပ်၊ KNDO ကရင်အမျိုးသားကာကွယ်ရေးတပ်နဲ့ PDF ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့စတဲ့ ပူးပေါင်းတပ်တွေဟာ မေလ ၁၇ ရက်နေ့က တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး ကရင်အမျိုးသားအစည်းအရုံး ပူးပေါင်းတပ်တွေက မေလ ၁၈ ရက်နေ့မှာ သိမ်းယူခဲ့ပါတယ်။” လို့…

Read More

ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF-Kalay) ၏ ဆေးတပ်ဖွဲ့ဝင် အမျိုးသမီး ၉ ဦးကို စစ်ကောင်စီတပ်ဖွဲ့က ကလေးအကျဉ်းထောင် တရားရုံတွင် ထောင်ဒဏ် ၁၂ စီ ပြစ်ဒဏ်ချမှတ်ခဲ့သည်ဟု သိရသည်။ ၎င်းတို့သည် ပြီးခဲ့သည့်အောက်တိုဘာလဆန်းပိုင်းက ကလေးအကျဉ်းထောင်တွင်း တရားရုံတွင် အကြမ်း ဖက်တိုက်ဖျက်မှုဥပဒေပုဒ်မ ၅၀- ည၊ ပုဒ်မ-၅၂- က နှင့် နိုင်ငံဆူပူအောင် လှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ- ၅၀၅-(က)-(ဂ) တို့ဖြင့် စုစုပေါင်း ထောင်ဒဏ် ၁၂ နှစ်စီ ပြစ်ဒဏ်စီရင်ခံရခြင်းဖြစ်သည်ဟု မိသားစုနှင့်နီးစပ်သူတစ်ဦးက ပြောသည်။ “၅၀ ညနဲ့ ၁၀ နှစ် ၅၂ က ၅ နှစ် အဲဒါတပေါင်းတည်းဆိုတော့ ၁၀ နှစ်ချလိုက်တာ ပြီးတော့ ၅၀၅ (က) ရော (ဂ) ရောအဲဒါတပေါင်းတည်း ၂ နှစ် အကုန်လုံး ၁၂ နှစ်ပေါ့ တပြေးညီချလိုက်တာ အင်တိုင်းလေးထောင်မှာပဲ၊” ဟု မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ ကလေး PDF ဆေးတပ်ဖွဲ့ဝင် အမျိုးသမီး (၉) ဦးသည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၆ ရက်က ကလေးမြို့ အနောက်တောင်ဖက်ရှိ PDF (Kalay) တပ်ရင်း ၃ စခန်းကို စစ်ကောင်စီတပ်ဖွဲ့က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနှင်းရာတွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ အဆိုပါ စခန်းစီးနှင်းမှုဖြစ်စဉ်တွင် PDF (Kalay) တပ်ရင်း ၃ မှ ရဲဘော် ၂ ဦးနှင့် ဆေးတပ်ဖွဲ့ဝင်အမျိုးသမီးတစ်ဦးတို့…

Read More

ဘင်္ဂလားဒေရှ့်နိုင်ငံ စစ်တကောင်းတောင်တန်းဒေသတွင် ဘင်္ဂလားဒေရှ့်စစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) ပူးပေါင်းတပ်ဖွဲ့က Kuki-Chin National Army (KNA) တပ်ဖွဲ့အား ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသခံချင်း (ဇိုး) မျိုးနွယ်စု အမြောက်အများ မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးတိမ်းရှောင်လာခဲ့ကြရာ ယခုလက်ရှိတွင် စစ်ဘေးရှောင်ပြည်သူ ၂၉၃ ဦးရှိသည်ဟု သိရသည်။ စစ်ဘေးရှောင်များသည် Bawm ချင်းမျိုးနွယ်စုများဖြစ်ကြပြီး မီဇိုရမ်ပြည်နယ်တောင်ပိုင်း လောင်တလိုင်ခရိုင် Parva-၃ ကျေးရွာတွင် ခိုလုံလျှက်ရှိကာ အမျိုးသား ၁၃၂ ဦး၊ အမျိုးသမီး ၁၆၁ ဦး စုစုပေါင်း ၂၉၃ ဦးရှိပြီး ယင်းတို့ အနက်အသက် ၁၈ နှစ်အောက် ၁၄၈ ဦးပါဝင်သည်ဟု မီဇိုရမ်နေ့စဉ်ထုတ် Vanglaini သတင်းစာတွင် ဖော်ပြသည်။ ယခုလက်ရှိတွင် ၎င်းတို့သည် Parva ကျေးရွာ ရပ်ရွာခန်းမဆောင်၊ အစိုးရအထက်တန်းကျောင်း၊ မိုကြိုကျောင်း၊ ကျန်းမာရေးဌာနအဆောက်အဦးတို့တွင် နေရာချထားကြပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို မီဇိုရမ်ပြည်နယ် အစိုးရအဖွဲ့နှင့် အစိုးရမဟုတ်သော အဖွဲ့အစည်း (NGO) တို့မှ လိုအပ်သောအစီအမံများ ဆောင်ရွက်ပေးခဲ့ကြသည်ဟု သတင်းစာကဆိုသည်။ လောင်းတလိုင်လူငယ်များအသင်း (CYLA) နှင့် Doctor without Borders အဖွဲ့မှတာဝန်ရှိသူများကလည်း နိုဝင်ဘာလ ၂၈ ရက်နေ့က Parva ကျေးရွာသို့သွားရောက်ကာ စစ်ဘေးရှောင်များအား အခမဲ့ကျန်းမာရေးစစ်ဆေးမှုပြုလုပ်ကာ ဆေးဝါးနှင့် ရိက္ခာတချို့ကူညီထောက်ပံ့ပေးခဲ့ကြသည်ဟု သိရသည်။ ဘင်္ဂလားဒေရှ့်နိုင်ငံ စစ်တကောင်းတောင်တန်းဒေသ (Chittagong Hill Tracts) တွင် ချင်း (ဇိုး) မျိုးနွယ်စု ၆ စု (Bawm, Miria,…

Read More

ရက်သတ္တပတ် (၂) ပတ် ကျော်ကြာ ဖြတ်သန်းသွားလာခြင်းမပြုရန် (ယာယီ) ပိတ်ပင်ထားသည့် တမူး-ကလေး အာရှလမ်းမကြီးကို ပြန်လည်ဖွင့်ပေးလိုက်ပြီဟု PDF-Tamu တပ်ရင်း ၃ က ယနေ့နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။ ကလေး-တူမး အာရှလမ်းမကြီးပေါ်တွင် ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်း၊ တပ်ဖွဲ့များနှင့် စစ်ကောင်စီတို့ကြား စစ်ရေးတင်းမာမှု အ‌ခြေအနေများ ဖြစ်ပွားခဲ့မှုကြောင့် မိဘပြည်သူများထိခိုက်နစ်နာမှုမရှိစေရန် ခမ်းပတ်မြို့မှ ကလေးမြို့အထိ အာရှလမ်းမကြီးကို အသုံးပြု ဖြတ်သန်းသွားလာခွင့်ကို PDF-Tamu က နှစ်ပတ်ကျော်ခန့် ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။ ယခုအခါ တမူးမြို့မှ ကလေးမြို့အထိ အာရှလမ်းပိုင်းမှာတော့ စစ်ကောင်စီ၏ လက်အောက်ခံများ နယ်မြေလှုပ်ရှားမှု လျော့နည်းလာသဖြင့် မိဘ ပြည်သူများ၏ စားဝတ်နေရေး၊ လူမှုရေး၊ ကျန်းမာရေးနှင့် ကုန်စည်စီးဆင်းမှုများနှင့် အခြားသော မြန်မာနိုင်ငံအောက်ပိုင်း မြို့ကြီးများအထိ ယနေ့ (၂၉.၁၁.၂၀၂၂) ရက်နေ့မှစတင်ကာ ပြန်လည်၍ ကုန်သွယ်စီးဆင်း ဖြတ်သန်းသွားလာနိုင်ပြီဟု အသိပေးကြေညာအပ်သည်ဟု PDF-Tamu တပ်ရင်း ၃ ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Read More