ချင်းပြည်နယ် ထန်တလန်မြို့တွင် ယမန်နေ့ကဖြစ်ပွားသည့် တိုက်ပွဲအတွင်း CDF-Thantlang မှ ရဲဘော် ၂ ဦး ကျဆုံးခဲ့သည်ဟု သိရသည်။ ဖေဖော်ဝါရီလ ၁၆ ရက်နေ့မနက်ပိုင်းက ထန်တလန်မြို့ TBC ဘုရားကျောင်းဝင်းအတွင်းခြေကုပ်ယူထားသော စစ်ကောင်စီတပ်ဖွဲ့ကို ချင်းအမျိုးသားတပ်မတော် CNA နဲ့ CDF-Thantlang တပ်ဖွဲ့တို့မှ ဝင်ရောက်စီးနင်းတိုက်ခိုက်စဉ်မှာ CDF-Than tlang မှရဲဘော် ဆလိုင်းဗန်ထာဘိခ်နှင့် ဆလိုင်းမောစီဗန်ဘွဲ့ဟုပ်တို့ ကျဆုံးခဲ့သည်ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့နှင့် နီးစပ်သောသတင်းရင်းမြစ်ထံမှ သိရသည်။ ထန်တလန်မြို့တွင် ဖေဖော်ဝါရီဆန်းပိုင်းကစပြီး စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့အကြား တိုက်ပွဲများ တောက်လျှောက်ဖြစ်ပွားကာ စစ်ကောင်စီတပ်ဖွဲ့များ ခြေကုပ်ယူထားသော ရဲစခန်းနှင့် ထွေအုပ်ရုံးတို့ကို ချင်းကာကွယ်ရေးတပ်ဖွဲ့ဘက်က သိမ်းပိုက်ခဲ့သည်။ စစ်ကောင်စီတပ်ဖွဲ့အနေဖြင့် ထန်တလန်မြို့အား ပြန်လည်ထိန်းချုပ်နိုင်ရန် စစ်ကူများဖြည့်တင်းကာ လက်နက်ကြီးနှင့် လေကြောင်းပစ်ကူများဖြင့် အပြင်းအထန်ပြန်လည်တိုက်ခိုက်ခဲ့သည်။ ယမန်နေ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တိုက်ပွဲတွင်လည်း စစ်ကောင်စီတပ်ဖွဲ့က တိုက်လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် အကြိမ်ပေါင်းများစွာပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
Author: Editor
ရေး – ဆလိုင်းယောမာန် (၁) တော်လှန်ရေး (၂) နှစ်ပြည့်တော့မယ်။ စကစနဲ့ ERO, CDF, PDF တွေလည်း အချင်းချင်း တီးမိခေါက်မိ ရှိကြပြီ။ တော်လှန်ရေး အင်အားစု အကုန်လုံးကလည်း မအလနဲ့ စကစကို ၂၀၂၃ မှာ အပြီးဖြိုမယ်လို့ ကြုံးဝါးထားကြတယ်။ တချိန်တည်းမှာပဲ အကြမ်းဖက် စကစဟာ မင်းတပ်ကို တိုက်ပွဲမရှိဘဲ လေယာဉ်ဗုံးကြဲ၊ ဟောင်ဝစ်ဇာတွေနဲ့ ကျေးရွာတွေဆီ ပစ်ခတ်လာတယ်။ စွန်တောင်ရွာနားက နေအိမ်တွေကို ၂၁.၁. ၂၀၂၃ ရက်နေ့ ည ၁၂ နာရီ ဝန်းကျင် ဗုံးကြဲတယ်။ သူတို့အပိုင်တွက်ထားတယ်။ ဒဏ်ရာရသူများမယ်၊ သေဆုံးသူတွေ ရှိမယ်ပေါ့။ ၂၂ ရက်နေ့မနက်ကျတော့ ဝမ္မသူးတိုက်နယ်ဆေးရုံကို ဟောင်ဝစ်ဇာ လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်တယ်။ စကစ လူယုတ်မာတွေ ဆေးရုံဆိုတာ၊ အပြစ်မဲ့ပြည်သူထိခိုက်မယ်ဆိုတာ မကြည့်တော့ဘူး။ ဒဏ်ရာရသူတွေကို ဆေးကုပေးနေကြမှာဆိုပြီး ရွာထဲကတိုက်နယ်ဆေးရုံကို ဦးတည်ပြီး လက်နက်ကြီး ပစ်ကြတာ။ ၂၃ ရက်နေ့ကျတော့ စစ်ရှောင်တွေကူညီပေးနေတဲ့ IDP အဖွဲ့သားတွေ စုဝေးရာ ပလိပ်ထွီ ဘုန်းကြီးကျောင်းကို ဆက်လက်ပြီး လေယဉ်နဲ့ ပစ်ခတ်၊ ဗုံးကြဲတိုက်ခိုက်မှု လုပ်ပြန်တယ်။ ၂၀၂၃ ဇန်နဝါရီလအတွင်းမှာတင် (၇၊ ၈၊ ၂၁၊ ၂၃) ၄ ရက်အတွင်း ဗုံးကြဲမှု (၈) ကြိမ် လုပ်ခဲ့တယ်။ သေဆုံးသူ မရှိခဲ့ဘူး။ ထိခိုက် ဒဏ်ရာရသူ၊ နေအိမ်အချို့ပျက်စီးတာပဲ ရှိတယ်။ စကစရဲ့ အကြံယုတ် ကုန်ကျစရိတ်နဲ့တွက်ရင် မှန်းချက်နဲ့ နှမ်းထွက်မကိုက်ဘူး…
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင်း ပစ်ခတ်တိုက်ခိုက်မှုဖြစ်စဉ်ကြောင့် တစ်လနီးပါး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသော ပြည်သူ (၅) ဦးသည် ယနေ့မွန်းလွဲပိုင်းက ကတိခံဝန်ချက်လက်မှတ်ထိုးကာ ပြန်လွတ်မြောက်လာကြပြီဖြစ်သည်။ “အခုပဲ သူတို့အိမ်ကို ပြန်လွတ်တယ်၊ သူတို့လွတ်တဲ့ပုံစံက ခံဝန်ချက်နဲ့ သူတို့အမျိုး ၂ ယောက်စီနဲ့ အာမခံနဲ့သူတို့ထွက်တာ၊ ၅ ယောက်စလုံးလွတ်လာတယ်။ သူတို့က ရမာန် နှစ်ခါယူရတယ်ဆိုတော့ တစ်လဝန်းကျင် အချုပ်ခန်းထဲမှာနေရတယ် ကျန်းမာရေးအခြေအနေတော့ ကောင်းပါတယ်။” ဟု ဖလမ်းမြို့ခံတစ်ဦးက ပြောသည်။ ယနေ့ လွတ်မြောက်လာသူ (၅) ဦးမှာ ဆလိုင်းငွန်ဆွီးထန်၊ ဦးသင်မှုန်၊ ဒေါ်ရန်နွမ်၊ ဒေါ်နိုင်ကိပ်ပါရ်နှင့် ဆလိုင်းဟရန်လျန်အွယ်တို့ ဖြစ်ကြသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၁၈ ရက်ညနေပိုင်းက ဖလမ်းမြို့၊ ဖါရ်ထောက်ရပ်ကွက်ရှိ ကျောင်းလုံခြုံရေးယူထားသည့် ရဲတပ်ဖွဲ့ကို ချင်းအမျိုးသားတပ်မတော် CNA တပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် အနီးအနားရှိ အရပ်သားပြည်သူ ၂၄ ဦး ဖမ်းဆီးခံရကာ ၁၉ ဦး ပြန်လွတ်ပေးခဲ့ပြီး အထက်ပါ ၅ ဦးကို ဆက်လက်ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။ ၎င်းတို့အနေဖြင့် နိုင်ငံရေးနှင့်ပက်သက်ခြင်း၊ တော်လှန်ရေးတွင် လူကိုယ်တိုင်နှင့် တော်လှန်ရေးကို အားပေးထောက်ပံ့ပေးခြင်းတို့တွင် ပါဝင်ခြင်းမပြုရန်၊ ပါဝင်ပတ်သက်ခြင်းရှိပါက အချိန်မရွေး ဖမ်းဆီးခံရမည်ဟူသည့် ကတိခံဝန်ချက် လက်မှတ်ထိုးကာ စစ်ကောင်စီက ပြန်လွတ်ပေးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ချင်းပြည်နယ် ဟားခါးမြို့အခြေစိုက် ၂၆၆ တပ်ရင်းမှ တပ်သား ၂ ဦးသည် ယနေ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် လက်နက်ခဲယမ်းများနှင့်အတူ CDF-Senthang တပ်ဖွဲ့ထံသို့ အလင်းဝင်ရောက်ခဲ့သည်ဟု သိရသည်။ အဆိုပါတပ်သား ၂ ဦးသည် MA 2 သေနတ် ၁ လက်၊ ကျည်၊ ဗုံးသီး၊ နင်းမိုင်းနှင့် ထောင်မိုင်းများဖြင့် လာရောက်ပူးပေါင်းကာ ထိုက်တန်သောဆုကြေးငွေများချီးမြှင့်၍ လုံခြုံသောနေရာသို့ ပို့ဆောင်ခဲ့သည်ဟု CDF-Senthang က ထုတ်ပြန်သည်။
ပြည်တွင်း/ပြည်ပရှိ ချင်းအမျိုးသားတစ်ရပ်လုံးအနေဖြင့် ချင်းအမျိုးသားတပ်ဦး၊ ချင်းအမျိုးသားတပ်မတော်နှင့်အတူ အာဏာရှင် ဆန့်ကျင်တော်လှန်ရေးတွင် မိမိတတ်ကျွမ်းရာကဏ္ဍအသီးသီးမှ တတပ်တအားပူးပေါင်းပါဝင်ကြရန် ချင်းအမျိုးသားတပ်ဦး CNF က တောင်းဆိုလိုက်သည်။ ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ကျရောက်မည့် ၇၅ နှစ်မြောက်စိန်ရတု ချင်းအမျိုးသားနေ့နှင့်ပတ်သက်၍ ချင်းအမျိုးသားတပ်ဦးက ယနေ့တွင်ကြေညာချက်တစ်စောင်ထုတ်ပြန်ကာ ထိုကဲ့သို့ တောင်းဆိုလိုက်ခြင်းဖြစ်သည်။ ချင်းအမျိုးသားတပ်ဦးအနေဖြင့် လက်ရှိဆင်နွဲနေသော တော်လှန်ရေးစစ်ပွဲကို အမျိုးသားလွတ်မြောက်ရေးအောင်ပွဲအဖြစ်ခံယူလျက် နိုင်ငံရေး ဦးတည်ချက်၊ ယုံကြည်ချက်တူညီသော ညီနောင်လက်နက်ကိုင်မဟာမိတ်များ၊ NUG၊ ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့်အတူ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး ချင်းအမျိုးသားတည်ဆောက်ရေးနှင့် ချင်းပြည်ထောင်တည်ဆောက်ရေးကိုလည်း Stakeholders များနှင့်အတူ ဆက်လက်အကောင်အထည်ဖော်သွားမည်ဟု ယင်းကြေညာချက်တွင် ဖော်ပြသည်။ နွေဦးတော်လှန်ရေးတွင် သွေးမြေကျခဲ့ရသော အာဇာနည်များ၊ ဒဏ်ရာရ ရဲဘော်ရဲဘက်များအားလုံးအပေါ် လေးစားဂါရဝပြုကြောင်းနှင့် လူမှုဒုက္ခပေါင်းစုံ ရင်ဆိုင်ကြုံတွေ့နေရသော ပြည်သူအားလုံးအပေါ် လေးစားစာနာကြောင်း အလေးအနက်ဖော်ပြလိုသည်ဟု CNF က ဆိုသည်။ ဖေဖော်ဝါရီလ ၂၀ ရက် ချင်းအမျိုးသားနေ့သည် နယ်ချဲ့ဆန့်ကျင်ရေးနှင့် အမျိုးသားလွတ်မြောက်ရေးအပါအဝင် မျိုးနွယ်စုအကြီးအကဲများ၏ မိမိနယ်မြေအလိုက်မိရိုးဖလာကျင့်သုံးလာခဲ့သည့် အမွေဆက်ခံအုပ်ချုပ်ရေး စနစ်ဟောင်းမှ ချင်းလဲန်တစ်ခုလုံးကို စုစည်း၍ အမျိုးသားကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရှိသည့် ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်သစ်ဖြင့် ကျင့်သုံးအုပ်ချုပ်ရန် ဆုံးဖြတ်ချက်ချမှတ်နိုင်ခဲ့သည့် သမိုင်းဝင်နေ့ထူးနေမြတ်ဖြစ်သည်နှင့်အညီ အနှစ်သာရရှိရှိ ကျင်းပနိုင်ကြပါစေကြောင်း မေတ္တာပို့သအပ်ပါသည်ဟု ချင်းအမျိုးသားတပ်ဦးက ထုတ်ပြန်ထားသည်။
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းမြို့တွင် ချင်းအမျိုးသားတစ်ဦးက ဇနီးဟောင်းဖြစ်သူကို သေနတ်ဖြင့်ပစ်သတ်မှု ယမန်နေ့ညနေပိုင်းက ဖြစ်ပွားခဲ့သည်။ ဖေဖော်ဝါရီလ ၁၅ ရက် ညနေပိုင်း ၆ နာရီ ၄၅ မိနစ်ခန့်တွင် ချင်းအမျိုးသား ဦးဘွဲ့ရိုပြန်းသည် ကျန်ဖိုင်းမြို့ ကာနန်ရပ်ကွက်တွင်နေထိုင်သော ဇနီးဟောင်းဖြစ်သူ အသက် ၄၃ နှစ်အရွယ် ဒေါ်ရှန်းငွန်ပါရ်၏ နေအိမ်သို့ဝင်ရောက်ကာ စကားများကြရာမှ ခါးချိူးသေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ အခင်းဖြစ်ပွားပြီးနောက် ဦးဘွဲ့ရိုပြန်းသည် အိန္ဒိယ-မြန်မာနယ်စပ် ဇိုခေါထာရ်ဘက်သို့ ထွက်ပြေးသွားပြီး ချင်းပြည်နယ်ဘက်သို့ ဝင်ရောက်သွားသည်ဟု သိရသည်။ ဦးဘွဲ့ရိုပြန်းသည် ယခင်က ယာဉ်မောင်းလေ့ရှိပြီး ဘိန်းဖြူသယ်ယူမှုကြောင့် ဖမ်းဆီးထောင်ကျဖူးသူတစ်ဦးလည်းဖြစ်ကာ ကျန်ဖိုင်းမြို့ ကာနန်ရပ်ကွက်ကနေ မောင်းထုတ်ခံထားရသူဖြစ်သည်ဟု ကျန်ဖိုင်းကလာသောသတင်းရင်းမြစ်ကဆို သည်။ အသတ်ခံရသော ဒေါ်ရှန်းငွန်ပါရ်တွင် သားသမီး ၃ ဦးကျန်ရစ်ခဲ့ပြီး အငယ်ဆုံးသားမှာ ညဏ်ရည်မသန်စွမ်းသူဖြစ်သည်ဟု သိရသည်။
ရေး – Salai Van Cung Lian (UK) နိဒါန်း ချင်းအမျိုးသားနေ့ကို ကျင်းပတဲ့အခါတိုင်း မိန့်ခွန်းများတွင် ဘာကြောင့်ကျင်းပရသလဲဆိုတာကို အမြဲပြောလေ့ရှိပေမယ့် အဓိပ္ပါယ်ဖွင့်ဆိုပုံခြင်းမတူကြပါဘူး။ တချို့က… တိုက်သူကြီး၊ ရွာသူကြီး စနစ်ကနေ ဒီမိုကရေစီစနစ်ပြောင်းလဲအသုံးပြုဖို့ ဆုံးဖြတ်တဲ့နေ့၊ တချို့ကတော့… ဖလမ်းမြို့မှာ လူထုငါးထောင်တွေ့ဆုံပြီး ဆုံးဖြတ်တာဖြစ်တဲ့အတွက် စည်းလုံးမှု ပြယုဒ်ဖြစ်လို့… စသဖြင့်ပြောဆိုကြ သည်။ တချို့ကလည်း… ဘိုးဘွားတွေ နှစ်ပေါင်းများစွာ ကျင့်သုံးလာခဲ့တဲ့ တိုက်သူကြီး၊ ရွာသူကြီး စနစ်ကို ဖျက်သိမ်းတာဖြစ်တဲ့နေ့ကို ချင်းအမျိုးသားနေ့လို့ မခေါ်သင့်ကြောင်း ပြောကြသည်။ ဒါကြောင့် ချင်းသမိုင်းအကျဉ်းချုပ်နဲ့ ချင်းအမျိုးသားနေ့ရဲ့အနှစ်သာရကို ပြန်သုံးသပ်ကြည့်ချင်ပါတယ်။ ချင်းအမျိုးသားနေ့ဟာ ၁၉၅၁ ခုနှစ်အောက်တိုဘာလ (၉) ရက်နေ့တွင်ကျင်းပသော ချင်းရေးရာဝန်ကြီး အစည်းအဝေးမှ ဖြစ်ပေါ်လာသည့် အချက်ကို အာလုံးသိပြီးဖြစ်သည်။ ထို့ကြောင့် ချင်းမျိုးသားနေ့ အကြောင်းလေ့လာရာတွင် ကျွနု်ပ်သည် ချင်းရေးရာဝန်ကြီးအစည်းအဝေး၏ ဆွေးနွေးချက်နှင့်ဆုံးဖြတ်ချက်ကိုသာ စူးစိုက်ဖော်ပြသွားမည်ဖြစ်သည်။ လွပ်လပ်ပြီးခေတ်၊ချင်းရေးရာဌာန၏ ကြိုးပမ်းမှုများ ၁၉၅၁ ခုနှစ်၊ အောက်တိုဘာလ (၉) ရက်နေ့ ချင်းရေးရာကောင်စီ အစည်းအဝေးအကြောင်း မဖော်ပြမီ တွင် ချင်းရေးရာဌာန၏ လွတ်လပ်ပြီးကာလ ကြိုးပမ်းချက်များအားဖော်ပြလိုပါသည်။ ၁၉၄၈ခုနှစ်၊ ဇန္နဝါရီလ (၄) ရက်နေ့တွင် မြန်မာနိုင်ငံသည် ဗြိတိသျှလက်အောက်မှလွတ်လပ်ရေးရရှိခဲ့သည်။ ၁၉၄၇ ခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ အပိုဒ် – ၅၊ ချင်းဝိသေသတိုင်းအခန်း၊ ပုဒ်မ – ၁၉၆၊ ၁၉၇၊ ၁၉၈ တို့အရ ချင်းရေးရာကောင်စီ၊ ချင်းရေးရာဌာနနှင့် ချင်းရေးရာဝန်ကြီးတို့ပေါ်ပေါက်လာခဲ့ပါသည်။ ချင်းရေးရာဌာနရဲ့ ပထမဆုံးလုပ်ငန်းအနေဖြင့် ချင်းတောင်တန်းတွင် ရှေးယခင်ခေတ်အဆက်ဆက်မှ…
စစ်အုပ်ချုပ်ရေး (မာရှယ်လော) ကြေညာခံထားရသော ချင်းပြည်နယ်မှာ ဘာသာရေးအသင်းတော်တွေအနေနဲ့ ဘုရားကျောင်းတက် ဝတ်ပြုကိုးကွယ်မှု အစီစဉ်ပြုလုပ်မယ်ဆိုရင် စစ်ကောင်စီထံ တစ်ပတ် ကြိုတင်ခွင့်ပြုချက်တောင်းဖို့ လိုအပ်တယ်လို့ သိရပါတယ်။ စစ်ကောင်စီဟာ ချင်းပြည်နယ်က မြို့နယ် ၇ မြို့နယ်ကို ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၂ ရက်နေ့က စစ်အုပ်ချုပ်ရေးကြေညာခဲ့ပြီးနောက် ဖေဖော်ဝါရီလ ၄ ရက်နေ့မှာတော့ စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မြို့နယ်တွေဖြစ်တဲ့ ဟားခါး၊ ဖလမ်း၊ တီးတိန်၊ ထန်တလန်၊ တွန်းဇံ၊ ကန်ပက်လက်နဲ့ မတူပီမြို့နယ်တို့မှာ ညမထွက်ရအမိန့်နဲ့ လူ ၅ ဦးထက် ပိုမစုရအမိန့်ကို ဆက်လက်ထုတ်ပြန်ခဲ့ပါတယ်။ ဒီလိုအမိန့်ထုတ်ပြန်ချက်တွေကြောင့် ခရစ်ယာန်ဘာသာဝင် ၈၀ ရာခိုင်နှုန်းကျော်ရှိတဲ့ ချင်းပြည်နယ်မှာ ဘုရားကျောင်း ပုံမှန်တက်ဖို့အခက်အခဲနဲ့ရင်ဆိုင်နေကြရတာဖြစ်ပြီး စစ်ကောင်စီရဲ့ ခွင့်ပြုချက်မရှိရင် ဘုရားကျောင်းတက်ရောက်ခွင့်တောင် မရှိတော့တဲ့အနေအထားမှာရှိနေတယ်လို့ ဖလမ်းမြို့က ခရစ်ယာန်သင်းအုပ်ဆရာတော်တစ်ပါးက ပြောပါတယ်။ “သူတို့ပြောချက်အရဆိုရင် မာရှယ်လောထုတ်ထားတဲ့အတွက်ကြောင့် လူ ၅ ဦးထက်ပိုတဲ့ဟာက အကုန်လုံးခွင့်ပြုချက်တင်ရမယ်လို့ဆို တနင်္ဂနွေဝတ်ပြုဖို့အတွက် ခွင့်ပြုချက်တင်ရမယ်ဆိုပြီး အသင်းတော်တွေကို အကြောင်းကြားလို့ ဝတ်ပြုစည်းဝေးလုပ်ဖို့ တင်ရတယ်၊ ကျနော်တို့ဘုရားကျောင်းဆိုရင် ဘယ်ချိန်ကနေ ဘယ်ချိန်ထိ လူဘယ်နှစ်ယောက်တက်မယ် အဲလိုတင်ရတယ်၊ အဲဒါကျမှပဲ တနင်္ဂနွေနေ့မှာ သူတို့ရဲ့ခွင့်ပြုချက်အရ ကျနော်တို့ ပြန်တက်ရမှာဖြစ်တယ်၊ သူတို့ရဲ့ တစုံတရာထုတ်ပြန်ချက် မရှိမချင်းတော့ ဒီတိုင်းပဲတင်ရမယ်ဆိုပြီး ဒီက တာဝန်ရှိပုဂ္ဂိုလ်တွေက ညွှန်းကြားထားတယ်။ ခွင့်ပြုချက်မရဘဲနဲ့တော့ ဝတ်ပြုစည်းဝေးခွင့်၊ ဘုရားကျောင်း မတက်နိုင်တဲ့သဘော ဖြစ်သွားတယ်” ခရစ်ယာန်သင်းအုပ်ဆရာ တော်တစ်ပါးက ပြောပါတယ်။ အသင်းတော်တာဝန်ရှိသူတွေအနေနဲ့ တနင်္ဂနွေနေ့ ဘုရားကျောင်းဝတ်ပြုမယ့်အစီစဉ်အတွက် တနင်္လာနေ့တိုင်းမှာ ခရိုင်ထွေအုပ်ရုံးကို တစ်ပတ် ကြိုတင်ခွင့်ပြုချက် တင်ပြရမယ်လို့ ဖေဖော်ဝါရီလ…
အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်တွင် ဝင်ရောက်ခိုလုံနေကြသော မြန်မာစစ်ဘေးရှောင်ပြည်သူများကို ပြည်နယ်အစိုးရက ယာယီခိုလုံခွင့်ကဒ် ထုတ်ပေးရန် သဘောတူထားသည်ဟု သိရသည်။ မြန်မာနိုင်ငံရေး၊ စစ်ရေးအခြေအနေကြောင့် မဏိပူရ်ပြည်နယ်ဘက်သို့ ထွက်ပြေးခိုလုံနေကြသော မြန်မာနိုင်ငံက စစ်ဘေးရှောင်ပြည်သူများအား မဏိပူရ်ပြည်နယ်အစိုးရက ဖမ်းဆီးထောင်ချမှုများလုပ်ဆောင်နေသည့်အပေါ် ဒေသအတွင်း အရပ်ဖက်အဖွဲ့အစည်းများက မြန်မာစစ်ဘေးရှောင်များအား ယာယီနေထိုင်ခွင့်ပြုရန် တင်ပြတောင်းဆိုမှုကို မဏိပူရ်ပြည်နယ်ဝန်ကြီးချုပ်က သဘောတူခဲ့သည်ဟု စစ်ဘေးရှောင်အရေး ကူညီပေးနေသော Burma Refugee Committee Kabaw Valley အဖွဲ့နာယက ဦးထန်ဆေးက ပြောသည်။ “ကျနော်တို့ကော်မတီအနေနဲ့ပြည်နယ်ဝန်ကြီးကိုတွေ့ဆုံခွင့်ရခဲ့တယ် ပြည်နယ်ဝန်ကြီးချုပ်ကိုလိပ်မူပြီး စာတင်ပြခဲ့တယ် အဲဒီမှာအချက် ၄ ချက်ပါတယ် ကျနော်တို့ဒုက္ခသည်တွေဟာ တရားမဝင်ခိုးဝင်တဲ့သူတွေမဟုတ်ဘူး အာဏာသိမ်းတဲ့အတွက် စစ်ဘေးဒုက္ခသည်တွေဖြစ်တယ် ဒါကြောင့်မို့လို့ စစ်ဘေးရှောင်ဒုက္ခသည်အဖြစ်သတ်မှတ်ပေးဖို့ ရန်အတွက်တင်ပြ မီဇိုရမ်ပြည်နယ်လိုပဲ ဒုက္ခသည်အသိမှတ်ပြုကဒ်ထုတ်ပေးဖို့ရန်အတွက်တင်ပြတယ်၊ ဖမ်းထားတဲ့စစ်ဘေးရှောင်တွေ ကိုလည်း အမြန်ဆုံးပြန်လွှတ်ပေးဖို့ ဗမာပြည်ကိုပြန်မပို့ဖို့တင်ပြတယ် ကျနော်တို့တင်ပြပြီး တစ်ပတ်လောက်အကြာမှာ မိုးရေးမှာရှိတဲ့ အဖွဲ့အစည်း ၅ ဖွဲ့ကနေပြီးတော့မှ လက်မှတ်ထိုးပြီးတော့ထပ်ပြီးတင်ပြတယ်၊ ဒုက္ခသည်ယာယီခိုလုံခွင့်ကဒ်ထု တ်ပေးမယ်ဆိုတဲ့ဟာ ဝန်ကြီးချုပ်ရဲ့သဘောတူညီချက်အရဖြစ်လာတယ်လို့ကြားရတယ် သို့ပေမယ့် ဝန်ကြီးချုပ်ရဲ့လက်မှတ်နဲ့ တရားဝင်အမိန့်ထုတ်ပြန်တာမရှိသေးပါဘူး” ဟု ဦးထန်ဆေးက ပြောသည်။ မိုးရေးမြို့အခြေစိုက် အရပ်ဖက်အဖွဲ့စည်းများဖြစ်သော Hill Tribal Council ၊ Kuki Students’ Organi zation ၊ Kuki Women Union and Human right ၊ Model Youth Club နှင့် Kuki Khanglai Lawmpi စသည့် အဖွဲ့စည်းက မဏိပူရ်ပြည်နယ်ဝန်ကြီးချုပ်ထံ လိပ်မူပြီး စာရေးသားပေးပို့ခဲ့ကြခြင်းဖြစ်သည်ဟု သိရသည်။…
စစ်ကိုင်းတိုင်း ကလေးမြို့ တောင်ဖီလာရပ်ကွက်အနီးတွင် ယမန်နေ့ မနက်ပိုင်း ၉ နာရီခန့်က လက်ဘက်ရည်ဆိုင်ကပြန်လာသော အငြိမ်းစားဗိုလ်ကြီးတစ်ယောက်ကို ပြည်သူ့ကွာကွယ်ရေးတပ်ဖွဲ့ (မြို့ပြပျောက်ကျား) တပ်ဖွဲ့က သုတ်သင်ရှင်းလင်ခဲ့သည်ဟု သိရသည်။ စစ်ကောင်စီ၏ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိန်းရေးဦးစီဌာန လက်ထောက်ညွန်ကြားရေးမှူးလည်းဖြစ် အငြိမ်းစားဗိုလ်ကြီး ငွေဇင်သည် ဖေဖော်ဝါရီလ ၁၃ ရက် မနက်ပိုင်း တောင်ဖီလာရပ်ကွက် ကျန်စစ်သာလမ်းတွင် လက်ဘက်ရည်ဆိုင်မှအပြန်လမ်းမှာ Operation MoMo မြို့ပြပျောက်ကျားတပ်ဖွဲ့က ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟု ယင်းအဖွဲ့ကထုတ်ပြန်သည်။ အငြိမ်းစားဗိုလ်ကြီးထံမှ သေနတ်တစ်လက်၊ ကျည်ဘောက် ၄ ခု၊ ကျည်ဆံ၊ လက်ပစ်ဗုံး၊ ကားတစ်စီးနှင့် စာရွက်စာတန်းများလည်း သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။
