Author: Editor

ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ CDF-Zotung စစ်ဦးစီးချုပ်နှင့် ရဲဘော် ၂ ဦးကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးပြီး ဇူလိုင်လ ၂၇ ရက်နေ့က ချင်း-မကွေးနယ်စပ် ရမ်းစီးကျေးရွာတွင် သတ်ဖြတ်မီးရှို့ခဲ့ကြသည်ဟု သိရသည်။ ချင်း-မကွေးနယ်စပ် မတူပီမြို့နယ် ဇိုတုန်နယ်မြေ ရမ်းစီးကျေးရွာဘက်တွင် ဇူလိုင် ၁၈ ရက်နေ့ကစ၍ စစ်ကောင်စီတပ်ဖွဲ့များ ဂန့်ဂေါမြို့နယ်ဘက်မှ စစ်ကြောင်းထိုးလာသည့်အတွက် ကျေးရွာအတွင်း ကျန်ရှိနေသေးသော ရွာသားများအား ခေါ်ထုတ်ရန်အသွားမှာ စစ်ကောင်စီတပ်နှင့် တိုးမိကာ ၎င်းတို့ ၃ ဦး အဖမ်းခံခဲ့ကြရခြင်းဖြစ်သည်ဟု CDF-Zotung Supreme Council မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “၂၂ ရက်နေ့မှာ စစ်တပ်ကဝင်လာတော့ ရွာသားတော်တော်များများ ပုန်းထားပြီးပြီ၊ မထွက်ပြေးသေးတဲ့လူတွေ ဘယ်လိုရှိသလဲဆိုတာ တချက်သွားကြည့်တာ စစ်တပ်က တောထဲမှာချူံခိုထားတယ် အဲဒီမှာ သူတို့ ၃ ယောက် အဖမ်းခံသွားတာဖြစ်တယ်” ဟု CDF-Zotung Supreme Council မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ဖမ်းဆီးသတ်ဖြတ်ခံရသူများမှာ CDF-Zotung တပ်ဖွဲ့မှ စစ်ဦးစီးချုပ် Paaw That Ceu၊ ရဲဘော် Paaw Thang Cin Mang နှင့် ကျေးရွာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင် Paaw Aung Min Thang တို့ဖြစ်ကြသည်။ စစ်ကောင်စီတပ်က ၎င်းတို့ ၃ ဦးကို ဇူလိုင်လ ၂၂ ရက်နေ့မှာ ဖမ်းဆီးပြီးနောက် ချက်ချင်းမသတ်ဘဲ ညှင်းပန်းနှိပ်စက်ပြီး နောက်ဇူလိုင် ၂၇ ရက်နေ့ကျမှ ရမ်းစီးကျေးရွာအစွန်ဘက်တွင် သတ်ဖြတ်ကာ မီးရှို့ခဲ့ကြခြင်းဖြစ်သည်ဟု သိရသည်။ မီးရှို…

Read More

မလေးရှားနိုင်ငံ ကွာလာလမ်ပူရ်မြို့တွင် ချင်းအမျိုးသားတစ်ဦးသည် သူ၏ ကလေး ၃ ယောက်နှင့်အတူ တံတားပေါ်မှခုန်ချ၍ ကိုယ့်ကိုကိုယ်အဆုံးစီရင်မှုတစ်ခု သြဂုတ်လ ၂ ရက်နေ့က ဖြစ်ပွားခဲ့သည်ဟု သိရသည်။ အသက် ၃၈ နှစ်အရွယ်ရှိဖြစ်သော ဦး Cholei သည် ကွာလာလမ်ပူရ်မြို့ MRR2 အဝေးပြေးလမ်းမ ဂုံးကျော်တံတားတွင် သူ၏ သားသမီး ၃ ယောက်ဖြစ်သော အသက် ၈ နှစ်အရွယ်သမီး Vadetisoh၊ အသက် ၆ နှစ်အရွယ်သား Vabiechose နှင့် အသက် ၃ နှစ်အရွယ် Shadrah Vabiechopha နှင့်အတူ ခုန်ချခဲ့ကြသည်ဟု သိရသည်။ မလေးရှားတွင်နေထိုင်သည့် ချင်းအမျိုးသားတစ်ဦးက “ဖခင်ဖြစ်သူက သာမန်လူလိုမဟုတ်ဘဲ စိတ်မမှန်သူလို့လည်းကြားရတယ်၊ သူ့မိန်းမပဲ အလုပ်လုပ်တယ်။ ဖခင်က အိမ်မှာ ကလေးထိန်းတယ်။ ည ၁၀ နာရီလောက်ကနေ ကလေးတွေနဲ့အတူ အိမ်ကနေထွက်သွားတာ မနက်ပိုင်းရောက်တော့ အခုလိုဖြစ်သွားတာပဲတွေ့ရတယ်” ဟု ပြောသည်။ ဦး Cholei သည် သူ့ကလေးငယ်များကို တံတားပေါ်မှ အရင်တွန်းချပြီးနောက် သူကိုယ်တိုင်းလည်း တံတားပေါ်မှ ခုန်ချကာ အဆုံးစီရင်လိုက်ခြင်းဖြစ်နိုင်သည်ဟု ယူဆရသည္။ အဆိုပါဖြစ်စဉ်ကြောင့် ဦး Cholei နှင့် သမီး Vadetisoh၊ သား Vabiechose တို့ အခင်းဖြစ်ရာနေရာတွင် သေဆုံးကာ အငယ်ဆုံးသာမှာမူ ဒဏ်ရာအပြင်းအထန်ရရှိကာ Selayang ဆေးရုံ ICU တွင် ကုသမှုခံယူလျှက်ရှိကြောင်း သိရသည်။ ဦး Cholei သည် ချင်းပြည်နယ် ထန်တလန်မြို့နယ် မီးဖူ(စ်)ဂိုတလာ…

Read More

စစ်ကိုင်းတိုင်း ကလေးမြို့နယ် နည်းပညာတက္ကသိုလ်ကနေ တောင်ပိုင်းဘက်ကို စစ်ကြောင်းထိုးလာတဲ့ အင်အား ၂၀၀ ဝန်းကျင်လောက်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က သြဂုတ်လ ၂ ရက်နေ့က တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က အကျဆုံးများပြီး အထိနာနေတယ်လို့ သိရပါတယ်။ ကလေး-ဂန့်ဂေါလမ်းမအတိုင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို သာယာကုန်းကျေးရွာအနီးမှာ PDF (Kalay) တပ်ရင်း ၁၊ ၂၊ ၅၊ ၆၊ ပ.က.ဖ (ကလေး) ၊ CNDF ၊ CDF (KKG) နဲ့ RKDF ပူးပေါင်းတပ်ဖွဲ့တွေက သြဂုတ်လ ၂ ရက်နေ့က စတင်ဖြတ်တောက် တိုက်ခိုက်ခဲ့ပြီး နံနက် ၆ နာရီခွဲကနေ မွန်းလွဲ ၃ နာရီ ခန့်အထိ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ကြ တယ်လို့ PDF (Kalay) က ထုတ်ပြန်ပါတယ်။ အဲဒီတိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်သားအနည်းဆုံး ၁၅ ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Kalay-PDF တပ်ရင်း-၁ မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ “မနေ့က မနက်ခြောက်နာရီခွဲလောက်မှာ ကျွန်းချောင်းနဲ့ သာယာကုန်းကြားမှာ ထိတွေ့မှုစဖြစ်တယ် သာယာကုန်းရွာအဝင်နားမှာ ပြန်ပြီးထိတွေ့မှုပြန်ဖြစ်တယ် ညနေခြောက်ခွဲအထိ၊ စစ်ကောင်စီဘက်က ၂၀ လောက်တော့ကျတယ် GTI ကျောင်းဝင်းထဲကို ၁၅ လောင်းပဲသယ်သေးတယ်ဆိုတော့ ကျန်တဲ့အလောင်းကိုတော့ ညမှနောက်ထပ်ကားနဲ့ လာ သယ်တာရှိသေးတာဆိုတော့ ဘယ်လောက်လဲမသိရသေးဘူး အနည်းဆုံး ၁၅ ယောက်ဖြစ်မယ်” ဟု Kalay-PDF တပ်ရင်း-၁ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ စစ်ကောင်စီတပ်ဖွဲ့တွေဟာ သြဂုတ်လ…

Read More

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်မှာ ကျောင်းသူ၊ ကျောင်းသားတွေ လိုက်ပါလာတဲ့ စက်လှေတစ်စီးကို စစ်ကောင်စီတပ်က ပစ်ခတ်မှုကြောင့် ကျောင်းသား ၂ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ ပလက်ဝမြို့နယ် တုံးမဝကျေးရွာအခြေခံပညာကျောင်းမှာ ကျောင်းတက်ပြီး ကုလားတန်မြစ်ကြောင်းအတိုင်းပြန်လာတဲ့ ရီမဝကျေးရွာက ကျောင်းသူ၊ ကျောင်းသားတွေ လိုက်ပါလာတဲ့ စက်လှေတစ်စီးကို ယနေ့ သြဂုတ်လ ၂ ရက်နေ့မှာ နှမတာကျေးရွာဆိပ်ကမ်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့က ပစ်ခတ်ခဲ့တာကြောင့် အသက် ၁၂ နှစ်အရွယ် ၅ တန်းကျောင်းသား ၂ ဦး သေဆုံးခဲ့တာလို့ပလက်ဝမြို့က ဒေသခံတစ်ဦးက ပြောပါတယ်။ စစ်ကောင်စီတပ်ရဲ့ပစ်ခတ်မှုကြောင့် သေဆုံးသူတွေဟာ ရီးမဝကျေးရွာက အသက် ၁၂ နှစ်အရွယ် ၅ တန်းကျောင်းသား တွေဖြစ်ကြတဲ့ မောင်နေမင်းထွန်းနှင့် မောင်အောင်သန်းမြတ်တို့ ဖြစ်ကြပါတယ်။ ဒဏ်ရာရရှိတဲ့ ၃ ဦးကတော့ အသက် ၁၂ နှစ်အရွယ် ၅ တန်းကျောင်းသားနှင့်ကျောင်းသူ မောင်အောင်လင်းဝင်း (နောက်ကျောဒဏ်ရာ)၊ မခင်ကြည်အောင် (ခြေထောက်ဒဏ်ရာ) နှင့် အသက် ၅၄ နှစ်အရွယ် အထွေထွေဝန်ထမ်း ဦးပဒူး (ယာလက်မောင်းနဲ့ နားရွက်အနီးတဝိုက်ထိ) တို့ဖြစ်ကြတယ်လို့သိရပါတယ်။ အဲဒီစက်လှေမှာ ကျောင်းသူ၊ ကျောင်းသားအနည်းဆုံး ၁၀ ယောက်လောက်ပါလာတယ်လို့သိရပြီး ဒဏ်ရာရရှိတဲ့သူ ၃ ယောက်ဟာ ယနေ့ည ၇ နာရီခွဲလောက်မှာ ပလက်ဝမြို့ ပြည်သူ့ဆေးရုံကို ရောက်ရှိပြီလို့ သိရပါတယ်။ ယမန်နေ့ သြဂုတ်လ ၁ ရက်နေ့က နှမတာကျေးရွာအနီးတဝိုက်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြပြီးနောက်…

Read More

ချင်းပြည်နယ်ဟားခါးမြို့မှ ထန်တလန်မြို့ကိုသွားသည့် သီမြစ်ချောင်းအနီးတဝိုက်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းဒေသ ပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့တို့ ဇူလိုင်လ ၃၀ ရက်နေ့ကစ၍ ယနေ့ထိ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဖွဲ့ဘက်က လက်နက်ကြီးနှင့် အကြိမ်ကြိမ် ပစ်ခတ်နေသည်ဟု သိရသည်။ ဟားခါးမြို့အခြေစိုက် စစ်ကောင်စီတပ်ဖွဲ့သည် ဇူလိုင်လ ၂၇ ရက်နေ့က ဟားခါးမြို့မှ ၇ မိုင်ခန့်ကွာဝေးသော ဟားခါး-ထန်တလန်ကြား သီမြစ်ချောင်းဖက်တွင် တပ်အင်အားဖြည့်တင်းကာ စစ်ရေးလှုပ်ရှားလာပြီးနောက် ဇူလိုင် ၃၀ ရက်နေ့ကစ၍ ချင်းအမျိုးသားတပ်မတော် CNA၊ CDF-Zophei,CDF-Hakha,CDF-Thantlang စသည့် ချင်းပူးပေါင်းကာကွယ်တပ်ဖွဲ့တွေနှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အဆိုပါတိုက်ပွဲတွင် ဟားခါးမြို့ ရုန်းတောင်တွင်တပ်စွဲထားသော ၂၆၆ တပ်ရင်းနှင့် လွတ်လပ်ရေးကျောက်တိုင်ကနေလည်း လက်နက်ကြီးများဖြင့် တောက်လျှောက်ပစ်ကူနေပြီး လက်နက်ကြီးပေါက်ကွဲသံ အကြိမ်ကြိမ်ကြားခဲ့ရသည်ဟု ဟားခါးမြို့ခံတစ်ဦးက ပြောသည်။ “၃၀ ရက်နေ့ကနေစဖြစ်တာ ဒီနေ့လည်းဖြစ်တယ် မနေ့ကဆိုရင် ဟားခါးကနေ လက်နက်ကြီးနဲ့ အချက်သုံးဆယ်လောက် ပေါက်ကွဲတယ် စကစဖက်တွေက ဖောက်တာ၊ တော်တော်လေး လက်နက်ကြီးတွေတော့သုံးတယ်၊ ဒီနေ့လည်း ခြောက်ကြိမ်လောက်ကွဲတယ်” ဟု ဟားခါးမြို့ခံတစ်ဦးက ပြောသည်။ စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းပူပေါင်းကာကွယ်ရေးတပ်ဖွဲ့တို့သည် ယမန်နေ့ သြဂုတ်လ ၁ ရက်နေ့ မွန်းလွဲပိုင်း ၂ နာရီခွဲမှ ည ၈ နာရီအထိ တနေကုန်နီး တိုက်ပွဲပြင်းထန်ခဲ့ပြီး ယနေ့ သြဂုတ်လ ၂ ရက်နေ့တွင်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့သည်။ အဆိုပါတိုက်ပွဲကြောင့် စစ်ကောင်စီတပ်ဖွဲ့ဘက်က အကျအဆုံးရှိခဲ့သည်ဟု သိရသော်လည်း အတည်ပြုနိုင်ခြင်းမရှိသေးပေ။ ယနေ့ မွန်းလွဲပိုင်း ၃ နာရီကျော်ကျော်ခန့်ကလည်း ဟားခါးမြို့ ပြည်တော်သာရပ်ကွက်ရှိ မြို့မရဲစခန်းဘက်တွင် သေနတ်ပစ်ခတ်သံများ ထွက်ပေါ်ခဲ့ပြီး…

Read More

ချင်းပြည်နယ် ဟားခါးမြို့တွင် စစ်ကောင်စီတရားရုံးက အမျိုးသမီးတစ်ဦးအပါဝင် အရပ်သားပြည်သူ ၉ ဦးကို အကြမ်းဖက်မှုဥပဒေပုဒ်မဖြင့် ထောင်ဒဏ်အသီးသီးပစ်ဒဏ်ချမှတ်ခဲ့သည်ဟု ချင်းလူ့အခွင့်အရေးအဖွဲ့ထံမှ သိရသည်။ အဆိုပါ ၉ ဦးကို ဟားခါးမြို့ရဲစခန်းမှ ဒုရဲမှူး တင်ကျော်သူမှ တရားလိုလုပ်တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ဟားခါးမြို့တရားရုံးတွင် ပြီးခဲ့သည့်ဇူလိုင် ၂၉ ရက် (သောကြာနေ့) က ၈ ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ (၅၁) အရ ထောင်ဒဏ် ၅ နှစ်စီချမှတ်ခဲ့ပြီး ကျန်တစ်ဦးကိုလည်း ပုဒ်မ (၅၂) ဖြင့် ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့သည်ဟု ချင်းလူ့အခွင့်အရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “သူတို့တွေက ဖေဖော်ဝါရီလမှာအဖမ်းခံရတဲ့သူတွေရှိတယ် မတ်လမှာအဖမ်းခံရတဲ့သူတွေရှိတယ် အခုဆိုရင်တော့ ၅ လနီးပါးကြာမှပဲ ပစ်ဒဏ်သူတို့စီရင်တာပေါ့၊ အများစုကတော့ သာမန်ပြည်သူလူထုတွေများတယ် အဓိကတော့ သူတို့ ဓာတ်ပုံမှာ အကြမ်းဖက်မှုနဲ့ပတ်သက်ပြီးတော့ သက်သေတွေတွေ့တယ်ဆိုပြီး CDF နဲ့ ပတ်သက်တယ်ဆိုပြီး တရားစွဲခံရသူက ပိုများတယ်” ဟု CHRO က တာဝန်ရှိသူတစ်ဦးက ပြောသည်။ ယခုပစ်ဒဏ်စီရင်ခံရသူများသည် သာမန် အရပ်သားပြည်သူများသာဖြစ်ကြသော်လည်း စစ်ကောင်စီက ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ CDF တပ်ဖွဲ့နှင့် ပတ်သက် ဆက်နွယ်မှုရှိသည်ဆိုသော စွပ်စွဲချက်ဖြင့် ယခုနှစ်ဖေဖော်ဝါရီနှင့် မတ်လအတောအတွင်း မတရားဖမ်းဆီးခံခဲ့ရသူများဖြစ်သည်ဟု CHRO က ဆိုသည်။ “ဒီတော်လှန်ရေးမှာပါဝင်တဲ့သူတွေက လူငယ်တွေပိုများတဲ့အခါကြတော့ စကစက အခု ဘယ်သူတွေမဆို သူတို့ရဲ့ ရန်သူလို့ထင်တာပေါ့နော် အဲ့ဒီထဲမှာမှ လူငယ်တွေကိုတွေ့ရင်တော့ ဖမ်းပြီး မတရားစွပ်စွဲတယ်၊ စစ်ကောင်စီအနေနဲ့ အရပ်သားနဲ့ လက်နက်ကိုင်အဖွဲ့တွေကို ခွဲခွဲခြားခြားဆက်ဆံလုပ်ဆောင်သင့်တယ်၊ အရပ်သားတွေကို မတရားစွပ်စွဲတာ၊…

Read More

မြန်မာနိုင်ငံတွင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများအား စစ်ကောင်စီက မတရားသေဒဏ်စီရင်ခဲ့မှုကို ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် ဆန္ဒဖော်ထုတ်ရန် စီစဉ်ခဲ့ကြသော်လည်း အိန္ဒိယအစိုးရက ခွင့်မပြုခဲ့ကြောင်း သိရသည်။ ထင်ရှားသောနိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၈၈ မျိူးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သည့်ကိုကျော် မင်းယု (ခေါ်) ကိုဂျင်မီ၊ လွှတ်တော်ကိုယ်စားလှယ်ဟောင်းကိုဖြိုးဇေယျာသော်နှင့် အရပ်သားနှစ်ဦးဖြစ်သည့် ဦးလှမျိုးအောင်၊ ဦးအောင်သူရဇော်တို့အား စစ်ကောင်စီက မတရားသေဒဏ်စီရင်ခဲ့မှုအပေါ် ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် နယူးဒေလီရောက် မြန်မာနိုင်ငံသားမျာက ဇူလိုင်လ ၃၀ ရက်နေ့က ဆန္ဒဖော်ထုတ်ခဲ့ကြရန် စီစဉ်ခဲ့ကြခြင်းဖြစ်သည်။ နယူးဒေလီမြို့ ဂျန်တားမန်တားပန်းခြံရှေ့တွင် ဆန္ဒဖော်ထုတ်ကြမည့် အဆိုပါအစီစဉ်ကို နယူးဒေလီရဲတပ်ဖွဲ့က အစကနဦးတွင် ခွင့်ပြုထားပြီးဖြစ်သော်လည်း အချိန်နီးကပ်ခါမှ ခွင့်ပြုမိန့်ပြန်လည်ရုပ်သိမ်းသွားခြင်းဖြစ်သည်ဟု နယူးဒေလီမြို့ရှိ မြန်မာ့အရေးဦးဆောင်သူတစ်ဦးက ပြောသည်။ “အရင်ကလုပ်နေကြအတိုင်း စာရွက်နဲ့ ရဲစခန်းကို ခွင့်တင်တယ် သူတို့ဘက်က ခွင့်ပြုတယ်ဆိုပြီး အကြောင်းပြန်တယ်၊ ဒါပေမယ့် သွားခါနီးဆဲဆဲမှာ ရဲစခန်းကဖုန်းဆက်လာပြီး ခွင့်မပြုကြောင်းပြောလာတယ်။ ပြီးတော့ ဆန္ဒပြဦးဆောင်သူလူ ၁၂ ယောက်ကို ရဲစခန်းကိုခေါ်ပြီး ဆန္ဒပြဖို့ကို အထက်က ခွင့်မပြုကြောင်း ပြောတယ်။ ဆန္ဒပြမှာစိုးလို့ အချိန်ဆွဲပြီး ညနေ ၂ နာရီခွဲလောက်မှ ပြန်လွှတ်တယ်” ဟု ၎င်းကပြောသည်။ ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံ အိန္ဒိယသည် အာဏာသိမ်းစစ်ကောင်စီနှင့် ဆက်ဆံရေးကောင်းမွန်လျှက်ရှိပြီး သံတမန်းနည်းနှင့်ဖြစ်စေ၊ စစ်ရေးနည်းဖြင့်ဖြစ်စေ စစ်ကောင်စီကို အကူအညီပေးနေသည့်နိုင်ငံဖြစ်သည်။ အိန္ဒိယအစိုးရမှ ယခုကဲ့သို့ ဆန္ဒပြခွင့် ဟန့်တားပိတ်ပင်လိုက်ခြင်းကြောင့် နယူးဒေလီရောက် မြန်မာနိုင်ငံသားများသည် အခြားသောနေရာတစ်ခုတွင် ခဏတာ ဆန္ဒဖော်ထုတ်နိုင်ခဲ့ကြသည်ဟု သိရသည်။ “ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံမှာ အခုလို ဟန့်တားပိတ်ပင်တာက လူအခွင့်‌ရေးချိုးဖောက်တယ်လို့ ကျွန်ပ်တို့သုံး သပ်တယ်။ အကယ်၍ ဆန္ဒပြခွင့်ပြုမယ်ဆိုရင် သူတို့သတ်မှတ်ထားတဲ့…

Read More

ကလေးမြို့မှ တမူးမြို့သို့ သွားသည့် စစ်ကောင်စီယာဉ်တန်းကို ဇူလိုင်လ ၃၀ ရက်နေ့က PDF-Kalay တပ်ဖွဲ့ဝင်များမှ ကလေး-တမူးကားလမ်းမကြီးပေါ်တွင် သုံးကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၁၅ ဦး သေဆုံးခဲ့သည်ဟု သိရသည်။ တမူးမြို့ဘက်သို့ သွားသည့် စစ်ကား ၄ စီးနှင့် ၁၂ ဘီးကားကြီးတစ်စီးကို PDF-Kalay တပ်ဖွဲ့ဝင်များမှ ၅၆ မိုင်အနီးတွင် တစ်ကြိမ်၊ နေကျော်လေးအနီးတွင် တစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကား ၃ စီးပျက်စီးကာ စစ်ကောင်စီတပ်သား ၁၀ ဦး သေဆုံးခဲ့သည်ဟု PDF-Kalay က ထုတ်ပြန်သည်။ အဆိုပါ မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် သေကြေပျက်စီးသည့် စစ်ကောင်စီတပ်သားများ၏အလောင်းအား ကောက်ယူရန် ကလေးမြို့ဘက်မှ ထပ်မံထွက်ခွါလာသော ကား ၂ စီးကို မိုင်းဆွဲတိုက်ခိုက်ကာ စစ်ကောင်စီတပ်သား ၅ ဦး ထပ်မံသေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့သည်ဟု PDF-Kalay ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ မိုင်းထိမှန်သေဆုံးသော စစ်ကောင်စီတပ်သားများ၏ အလောင်းများနှင့် ဒဏ်ရာရရှိသူများကို ၁၂ ဘီးကားကြီး ပေါ်တင်ဆောင်ကာ ကလေးမြို့ဘက်သို့ ပြန်လည်မောင်းနှင်ပြီး ကျန်ရှိသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် တမူးမြို့ဘက်သို့ ဦးတည်ထွက်ခွာသည်ဟု သိရသည်။ ထို့ပြင် စစ်ကောင်စီတပ်ဖွဲ့သည် ၅၆ မိုင်နှင်းဆီခြံအနီးမှ ပြည်သူ ၃ ဦးနှင့် နေကျော်လေးအနီး လမ်းဘေးစားသောက်ဆိုင်မှ ပြည်သူတချို့ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု PDF-Kalay က ဆိုသည်။ လက်ရှိ စစ်ရေးအခြေနေများအရ ကလေး-တမူးလမ်းမကြီးအား ည ၉ နာရီမှ မနက် ၅ နာရီအထိ ဖြတ်သန်းသွားလာခြင်းမပြုကြရန်…

Read More

အိန္ဒိယနိုင်ငံအရှေ့မြောက်ဒေသ မီဇိုရမ်ပြည်နယ်တွင် လွန်ခဲ့သည့် ၃ ရက်အတွင်းမှာ ရူပီးသိန်း ၃၀ ကျော် တန်ဖိုးရှိသည့် ဘိန်းဖြူများကို မြန်မာနိုင်ငံသားတစ်ဦးအပါအဝင် လူ ၈ ဦးထံမှ ဖမ်းဆီးရမိသည်ဟု မီဇိုရမ်ပြည်နယ် မူးယစ်တိုက်ဖျက်ရေးဌာနက ထုတ်ပြန်သည်။ ပြီးခဲ့သည့် စနေနေ့ ဇူလိုင် ၃၀ ရက်နေ့က ကျန်ဖိုင်းခရိုင် Hnahlan ကျေးရွာတွင် ရူပီး ၆ သိန်းခန့်တန်ဖိုးရှိသော ဘိန်းဖြူ ၅၀၀ ဂရမ်ကို မြန်မာနိုင်ငံသားတစ်ဦးထံမှ ဖမ်းဆီးရမိခဲ့ကြောင်း Mizoram News သတင်းတွင်ဖော်ပြသည်။ ထို့အပြင် ဇူလိုင်လ ၂၈ ရက်နေ့ကလည်း မာမစ်ခရိုင် Dapchhuah ကျေးရွာတွင် ရူပီး ၂၃ ဒသမ ၄ သိန်း ကျော်တန်ဖိုးရှိသော ဘိန်းဖြူ ၂.၈၅ ကီလိုဂရမ်ကို တြိပူရပြည်နယ်သား သုံးဦးနှင့် အာသံပြည်နယ်သား နှစ်ဦးထံမှ ဖမ်းဆီးခဲ့ကြပြီး မူးယစ်ဆေးဝါးများ သယ်ဆောင်ရာတွင် အသုံးပြုသည့် ယာဉ်တစ်စီးကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။ အလားတူ ဇူလိုင် ၂၇ ရက်နေ့ကလည်း ရူပီး ၁ ဒသမ ၈ သိန်းတန်ဖိုးရှိ ဘိန်းဖြူ ၁၅၄ ဂရမ်ကို အိုင်ဇောလ်မြို့ ရပ်ကွက်တစ်ခုတွင် အမျိုးသမီးတစ်ဦးအပါအဝင် လူနှစ်ဦးထံမှ ဖမ်ဆီးရမိခဲ့ပြီး ၎င်းတို့အားလုံး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အက်ဥပဒေ 1985 ပုဒ်မများဖြင့် အမှုဖွင့်ထားကြောင်း Mizoram News သတင်းတွင် ဖော်ပြထားသည်။ မီဇိုရမ်ပြည်နယ်တွင် ယခုရက်ပိုင်းအတွင်း မူးယစ်ဆေးဝါး (အထူးသဖြင့် ဘိန်းဖြူ) ဖမ်းဆီးမှု မကြာခဏရှိခဲ့သည်။…

Read More

ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်တဲ့ အိန္ဒိယဟာ သူရဲ့အိမ်နီးချင်း မြန်မာနိုင်ငံမှာ စစ်တပ်က အရပ်သား အစိုးရထံကနေ မတရားအာဏာသိမ်းယူခဲ့ ပြီး စစ်အာဏာရှင်စနစ်ပြန်လည်ဖော်ဆောင်နေမှုအပေါ် ရေငုံနှုတ်ပိတ်နေခဲ့တဲ့ ဒီမိုကရေစီနိုင်ငံကြီးဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုဖြစ်ပေါ်ပြီးနောက် စစ်ကောင်စီက အပစ်မဲ့ပြည်သူတွေအပေါ် အကြမ်းဖက် သတ်ဖြတ်မှု၊ လူနေအိမ်မီးရှို့မှု စတဲ့ စစ်ရာဇဝတ်မှုတွေအကြိမ်ကြိမ်ကျူးလွန်မှုအပေါ် ကုလသမဂ္ဂ၊ အမေရိ ကန်အပါအဝင် နိုင်ငံတကာအသိုင်းအဝန်းက အပြင်းအထန်ဝေဖန်ကန့်ကွက်နေကြသလို အရေးယူပိတ်ဆို့မှု တွေလည်း လုပ်ဆောင်နေတဲ့ ယနေ့လိုကာလမျိုးမှာ အိန္ဒိယအစိုးရကတော့ စစ်ကောင်စီနဲ့ ဖက်လဲတကင်းရှိ နေပြီး သံတမန်နည်းနဲ့ဖြစ်စေ စစ်ရေးအရဖြစ်စေကူညီထောက်ပံ့မှုတွေလုပ်ဆောင်နေတာတွေ့မြင့်နေရပါတယ်။ ဒီလိုအခြေနေမျိုးမှာ အိန္ဒိယအစိုးရအနေနဲ့ စစ်ကောင်စီကို သံတမန်းနည်းအရဖြစ်စေ စစ်ရေးအကူအညီပေး အပ်မှုတွေရပ်တန့်ပြီး မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြန်လည်ဖော်ဆောင်နိုင်ဖို့ တိုက်ပွဲဝင်နေကြတဲ့ ဒီမိုကရေစီအင် အားစုတွေကို အကူအညီတွေအပေးအပ်ဖို့ အိန္ဒိယနိုင်ငံထဲမှာ တောင်းဆိုလှုပ်ရှားမှုတွေလည်းရှိလာနေပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၅ ရက်နေ့က မြန်မာနိုင်ငံကအရပ်ဖက်အဖွဲ့အစည်းပေါင်း (၁၈၀) ကျော်က လက်မှတ်ရေး ထိုးထားတဲ့ အိတ်ဖွင့်ပေးစာတစ်စောင်ကို အိန္ဒိယနိုင်ငံမှာရှိတဲ့ နိုင်ငံရေးပါတီတွေ၊ အရပ်ဖက်အဖွဲ့ အစည်း တွေကို ပေးအပ်ခဲ့ကြပါတယ်။ ဘာကြောင့်အခုလိုပေးအပ်ရတာပါလဲ။ အဓိက ဘာတွေတောင်းဆိုထားတာပါလဲ။ မြန်မာနိုင်ငံအပေါ် အိန္ဒိယရဲ့ရပ်တည်ချက်ကဘယ်လိုရှိပါသလဲ။ အိန္ဒိယဟာ မြန်မာ့တော်လှန်ရေး အောင်မြင်ဖို့ အတွက် ဘယ်လောက်ထိအရေးပါပါသလဲ။ ဒီကိစ္စနဲ့ပတ်သက်ပြီး အဲဒီအိတ်ဖွင့် ပေးစာကို ဦးဆောင်ပေး အပ်ခဲ့တဲ့ India for Myanmar အဖွဲ့က ဦးဆောင်သူဆလိုင်းဒိုခါရ်ကို ဆက်သွယ်မေး မြန်းထားပါတယ်။ မေး။ ။ အိန္ဒိယနိုင်ငံမှာရှိတဲ့ နိုင်ငံရေးပါတီတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေထံ အိတ်ဖွင့်ပေးစာပေးအပ်ရတဲ့ ရည်ရွယ်ချက်ကို အရင်ဆုံးပြောပြစေလိုပါတယ်။ ဖြေ။ ။ အဓိက‌တော့…

Read More