၂၀၀၁ ခုနှစ်ဝန်းကျင်ကစပြီး အချစ်သီချင်းအေးအေးလေးတွေနဲ့ ပရိသတ်ရင်ဘတ်ထဲ နေရာယူခဲ့ပြီး ယနေ့ချိန်ထိ ပရိတ်သတ်ရင်ဘတ်ထဲမှာ စွဲထင်ကျန်ရစ်ခဲ့တဲ့အဆိုတော်တစ်ယောက်ရှိပါတယ်။ တနိုင်ငံလုံးက လူငယ်တွေရဲ့ အိပ်စက်သွားတဲ့ နှလုံးသားတွေကို “အချစ်စွမ်းအား” နဲ့ နိုးထစေခဲ့သူလည်းဖြစ်ပါတယ်။ သူကတော့ ချင်းပြည်နယ်မြောက်ပိုင်း တွန်းဇံမြို့က ချင်းတိုင်းရင်းသား ထွဏ်းခမ်ပဲဖြစ်ပါတယ်။ ကိုထွဏ်းခမ်ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ တနိုင်ငံလုံးက ဆန့်ကျင်ဆန္ဒပြတဲ့ပြည်သူလူထုနဲ့ တသားတည်းရပ်တည်ပြီး ရှေ့တန်းက မားမားရပ်တည်ခဲ့သူလည်း ဖြစ်ပါတယ်။ ယခုအခါမှာတော့ ကိုထွဏ်းခမ်တစ်ယောက်လည်း စစ်ကောင်စီကြောင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲမှာ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး နွေဦးတော်လှန်ရေးမှာ အနုပညာအခန်းကဏ္ဍကနေ ဆက်ပြီးတော့ တက်တက်ကြွကြွ ပါဝင်ခဲ့သူဖြစ်ပါတယ်။ ယခုလက်ရှိမှာတော့ မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းမြို့မှာ မိသားစုနှင့်အတူနေထိုင်ပြီး ဘဝရပ်တည်ရေးအတွက် လဘ္ကရည်ဆိုင်လေးဖွင့်လှစ်ပြီးတော့ နွေဦးတော်လှန်ရေးအတွက် တတ်နိုင်တဲ့ဘက်ကနေ ကျရာတာဝန်ကို ထမ်းဆောင်နေလျှက်ရှိပြီး ခိုနူမ်းသုန်သတင်းဌာနက သွားရောက်တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ ယခု ကိုထွဏ်းခမ်နဲ့အင်တာဗျူးအပိုင်း ၁ မှာ စစ်အာဏာသိမ်းမှုမဖြစ်ခင်က သူ့ဘဝဇာတ်ကြောင်း အနုပညာဖြတ်သန်းမှုအခြေအနတွေ ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ မေး – ပထမဆုံးအနေနဲ့ ကိုထွဏ်းခံရဲ့မိသားစုအကြောင်းလေး မိတ်ဆက်ပေးလို့ရမလား။ ဖြေ – ကျွန်တော်က တွန်ဇံ သားပေါ့။ တွန်ဇံမှာ မွေးတယ်။ တွန်ဇံကနေ သူငယ်တန်းကနေ ဆယ်တန်းအောင်တဲ့အထိ တစ်ကျောင်းတည်းမှာပဲတက်တာ။ တက်ပြီးတော့ အခုလက်ရှိအခြေနေမှာတော့ မိန်းမနဲ့ သား၊ ယောကျားသုံးယောက် သမီးတစ်ယောက်နဲ့ ဒီမှာ လောလောဆယ် ရပ်တည်နေတာပေါ့နော်။ မေး- ကိုထွဏ်းခမ်အနေနဲ့ ဒီအနုပညာလောကထဲကို ဘယ်အချိန်ကနေ ဘယ်လိုမျိုးနဲ့ စတင်ဝင်ရောက်လာတာလဲ နည်းနည်းပြောပြပါအုံး။ ဖြေ – အတိုချုပ်ပြောရရင်…
Author: Editor
ချင်းပြည်နယ် မင်းတပ်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းကာကွယ်ရေးတပ် CDF-Mindat တို့အကြား တိုက်ပွဲဖြစ်ပွားမှုတွင် စစ်ကောင်စီဖက် ၁၈ ယောက် သေဆုံးခဲ့သည်ဟု သိရသည်။ မင်းတပ်မြို့နယ် တိုက်နယ်အမှတ် (၁) ဘက်တွင် ဧပြီလ ၇ ရက်နေ့မနက် ၇ နာရီခွဲမှ ညနေ ၆ နာရီကျော်အထိ တနေကုန် တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ကြပြီး စစ်ကောင်စီဖက်က ၁၅ ဦးထက်မနည်း သေဆုံးကာ ချင်းကာကွယ်ရေးတပ်ဘက်က ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု CDF-Mindat က ယနေ့ထုတ်ပြန်သည်။ တိုက်ပွဲဖြစ်ပွားသည့်ညတွင် စစ်ကောင်စီတပ်ဖွဲ့က ဂျက်ဖိုက်တာဖြင့် ၈ ကြိမ် ဗုံးကြဲချခဲ့သည်ဟု ဆိုသည်။ ထို့နောက် ဧပြီလ ၁၀ ရက်နေ့ညနေ ၆ နာရီခန့်တွင် မင်းတပ်မြို့အနီး ၉ မိုင်ဖက်၌လည်း တိုက်ပွဲထပ်မံဖြစ်ပွားကာ စစ်ကောင်စီဖက်က ၃ ဦးသေဆုံးခဲ့သည်ဟု သိရသည်။ စစ်ကောင်စီတပ်ဖွဲ့သည် ဧပြီလ ၁၁ ရက်ည ၇ နာရီ ၄၆ မိနစ်အချိန်တွင် ဂျက်ဖိုက်တာ ၂ စီးဖြင့် မင်းတပ်မြို့နယ် အမှတ် (၁) ကျေးရွာအနီးနှင့် ကျေးရွာထဲတွင် ၄ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်း၊ လူနေအိမ် ၁ လုံး ပျက်စီးသွားခဲ့ပြီး ပြည်သူထိခိုက်မှုမရှိကြောင်း CDF-Mindat ထုတ်ပြန်ထားသည်။
စစ်ကိုင်းတိုင်း ကလေးမြို့မြောက်ပိုင်းဒေသတွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် နေရပ်စွန့်ခွါထွက်ပြေးတိမ်းရှောင်နေကြရသော စစ်ဘေးရှောင်ပြည်သူများအတွက် အခြေခံစားသောက်ကုန်နှင့် ကျန်းမာရေးစောင့်ရှောက်မှုများ လိုအပ်လျှက်ရှိနေကြောင်း အကူအညီပေးနေသူများထံမှ သိရသည်။ ပြီးခဲ့သည့် မတ်လကုန်ပိုင်းနှင့် ဧပြီလဆန်းပိုင်းက ကလေးမြို့နယ်မြောက်ပိုင်းဒေသက ပျဉ်းတောဦးကျေးရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များအကြား အပြင်းအထန်တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး စစ်ကောင်စီက လက်နက်ကြီးသာမက လေကြောင်းကနေပါ အပြင်းအထန်ဗုံးကြဲတိုက်ခိုက်မှုကြောင့် မြောက်ပိုင်းဒေသက ကျေးရွာပေါင်း ၁၀ ရွာကျော်က သောင်းနှင့်ချီသော ဒေသခံပြည်သူတို့သည် ကလေးမြို့နှင့် အခြားဘေးကင်းရာဒေသများသို့ စစ်ဘေးတိမ်းရှောင်လာကြသည်မှာ ၁၀ ရက်ကျော်လာပြီဖြစ်သည်။ စစ်ဘေးရှောင်ပြည်သူများကို အရပ်ဘက်အဖွဲ့အစည်းနှင့် ဘာသာရေးအသင်းတော်အသီးသီးတို့မှ ကူညီစောင့်ရှောက်ပေးလျှက်ရှိရာ စစ်ရှောင်ကာလကြာမြင့်လာသည်နှင့်အမျှ စစ်ရှောင်ပြည်သူများလည်း ထပ်မံရောက်ရှိလာပြီး အချို့မှာ အခြေခံ စားသောက်ကုန်များ ခက်ခဲလာနေပြီဟု စစ်ဘေးရှောင်ကူညီပေးနေသူတစ်ဦးက ပြောသည်။ “အဓိက သူတို့ရဲ့ စားရေးသောက်ရေးပေါ့၊ အိမ်ရှင်တွေကလဲ သိပ်ပြီး မတတ်နိုင်တော့တဲ့ အခြေအနေရှိတယ်ပေါ့နော်။ မြို့ပေါ်ကျတော့၊ နဲနဲကြွေးနိုင်မွေးနိုင်သေးတယ်။ နယ်ဘက်ကလူတေကတော့ သိပ်မကြွေးနိုင်တော့ဘူးပေါ့နော်။ နောက် ဆေးဝါးကုသမှုတွေလဲ လိုအပ်တယ်။ အခု အဖျားအနာလိုဟာမျိုးဖြစ်ပြီးတော့ ကူးစက်ရောဂါလိုဟာမျိုးလဲ ဖြစ်နေကြတယ်“ ဟု ၎င်းကပြောသည်။ ယခုလက်ရှိ ရာသီပြောင်းကာလလည်း ဖြစ်သောကြောင့် ကလေးမြို့ပေါ်နှင့် နယ်ဘက်တွင် စစ်ဘေးရှောင်နေကြသူများမှာ ရာသီဖျားနာခြင်းနှင့် ဝမ်းပျက်ဝမ်းလျှောများဖြစ်နေကြကြောင်း သိရပြီး မြို့ပေါ်ရှိ စစ်ရှောင်စခန်းများတွင် ရွှေ့ပြောင်းဆေးခန်းများဖြင့် လိုက်လံကုသမှုများရှိနိုင်သော်လည်း အပြည့်အဝကုသနိုင်ခြင်း မရှိသေးကြောင်း သိရသည်။ “လောလောဆယ် မြို့ပေါ်တွေမှာပဲ ရွှေ့ပြောင်းဆေးခန်းပုံစံနဲ့ ကုပေးတဲ့အဖွဲ့တွေရှိတယ်၊ ဒါပေမဲ့ နယ်တွေတော့ မရာက်နိုင် မဆင်းနိုင်သေးဘူး။ ပြီးတော့ မြို့ပေါ်မှာကလဲ စစ်ရှောင်စခန်းမှာနေတဲ့သူတွေပဲ ကုပေးနိုင်သေးတယ်၊ ကျန်တဲ့ ဆွေမျိုး အသိတွေ အိမ်မှာနေတဲ့ သူတွေကျတော့ စုစည်းပြီး…
ချင်းပြည်နယ် ဖလမ်းမြို့နယ် ဝေဘူလမြို့ကို စစ်ကောင်စီက ဧပြီလ ၁၀ ရက်နေ့ မနက်ပိုင်း ၁၁ နာရီဝန်းကျင်ခန့်မှာ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သားပြည်သူ ၉ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ ဧပြီလ ၁၀ ရက် မနက်ပိုင်းတွင် ဖလမ်းမြို့အနီး ဗာရ်ကျေးရွာက စစ်ကောင်စီတပ်စခန်းကို ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNDF က ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့က တိုက်လေဖြင့် ဝေဟင်က နေဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ ဝေဘူလမြို့ကိုလည်း ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများထံမှသိရသည်။ စစ်ကောင်စီ၏ တိုက်လေယာဉ်သည် ဝေဘူလမြို့ စာသင်ကျောင်းနှင့် ဘောလုံးကွင်းအနီးတွင် ဗုံး ၂ လုံးကြဲချခဲ့ပြီး အရပ်သားပြည်သူ အနည်းဆုံး ၉ ယောက်သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ “၉ ယောက်သေဆုံးတယ်လို့သိရတယ် ထိခိုက်ဒဏက်ရာရတဲ့သူ တော်တော်များတယ်၊ အမျိုးသူမီးတစ်ယောက်ဆို ကုသနေချိန်မှာ သေသွားတယ်၊ သေသွားတဲ့သူ လူဦးရေက အတိအကျပြောရဖို့ နည်းနည်းခက်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ ဝေဘူလဘက်က လိုင်းမကောင်းတဲ့အခါကြတော့ အတိအကျမသိနိုင်သေးဘူး” ဟု ဖလမ်းမြို့က ဒေသခံတစ်ဦးက ပြောသည်။ ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဝေဘူလမြို့ပေါ်က လူနေအိမ် ၅ လုံးလည်း မီးလောင်းပျက်စီးခဲ့သည်ဟု သိရသည်။ ဝေဘူလမြို့သည် ဗာရ်ကျေးရွာမှာ ၁၅ မိုင်ခန့်ကွာဝေးပြီး ကလေး-နတ်ချောင်း-ဖလမ်း လမ်းမပေါ်တွင်တည်ရှိသော မြို့တစ်မြို့ဖြစ်သည်။ စစ်ကောင်စီ၏ တိုက်လေယာဉ်သည် ဧပြီလ ၁၀ ရက်နေ့မနက်မှာ ဖလမ်းမြို့နယ် ဗာရ်းကျေးရွာနှင့် ကြောင်ဟဲကျေးရွာတို့တွင်လည်း ၆ ကြိမ်ထက်မနည်း ဗုံကြဲခဲ့ကြောင်း သိရသည်။
ချင်းပြည်နယ် ဖလမ်းမြို့အနီးရှိ စစ်ကောင်စီတပ်ဖွဲ့၏ ဗာရ်းစခန်းကို ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNDF က ဧပြီလ ၁၀ ရက်နေ့ မနက်ပိုင်းက ဝင်ရောက်စီးနင်းသိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၁၄ ဦးသေဆုံးကာ ၁၁ ယောက်အရှင်ဖမ်းဆီးခေ ါ်ဆောင်သွားသည်ဟုသိရသည်။ ဗာရ်းစခန်းကို ယင်းနေ့ မနက်ပိုင်း လင်းအားကြီးချိန် ၅ နာရီခန့်တွင် CNDF တပ်ဖွဲ့က အလစ်ငိုက် ဝင်ရောက်တိုက်ခိုက်ကာ တစ်နာရီကျော်ကြာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စခန်းကိုသိမ်းပိုက်နိုင်ခဲ့ကြပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၄ ယောက်သေဆုံးကာ ၁၁ ယောက်ကိုအရှင်ဖမ်းဆီးရမိသည်ဟု ချင်းအမျိုးသားအဖွဲ့ချုပ် CNO/CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းကျူံငိုင်းက ပြောသည်။ “ဗာရ်းစခန်းကို မနက် ၅ နာရီလောက်ကနေစပစ်တာ တစ်နာရီခွဲလောက် ဆက်တိုက်ပစ်ပြီးတဲ့အချိန်မှာ ကျွန်တော်တို့ ဗာရ်းစခန်းကို သိမ်းပိုက်နိုင်တယ်၊ စစ်ကောင်စီဘက်က အကျဆုံးတော်တော်များများရှိတယ်၊ ပြီးတော့ စစ်ကောစီတပ်သား ၁၁ ယောက်လောက်ကို အရှင်ဖမ်းမိရတာတွေလည်းရှိတယ်၊ လက်နက်တစ်ချို့လည်း သိမ်းဆည်းရမိတာလည်း ရှိတယ်ပေါ့နော်။ ကျွန်တော်တို့ဘက်ကတော့ မိုင်းမတော်တစဖြစ်ပြီးတော့ ကျသွားတာရှိတယ်။” ဟု ဆလိုင်းကျူံငိုင်းက ပြောသည်။ ကလေး-ဖလမ်းကားလမ်းမပေါ် မဏိပူရမြစ်နဘေးတွင်တည်ရှိသော ဗာရ်းကျေးရွာတွင် အင်အား ၃၀ ခန့်ဖြင့် စခန်းချတပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့သည် ခရီးသားပြည်သူများနှင့် ဒေသခံများအတွက် အနှောက်အယှက်ဖြစ်သည့်အတွက် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆလိုင်းကျူံငိုင်း ကပြောသည်။ “ဒီဗာရ်းစခန်းဆိုတာက ပြည်သူလူထုကို တော်တော်အနှောက်ယှက်ပေးတဲ့စခန်းဖြစ်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ အတင်း ပိုက်ဆံကောက်တာမျိုးတွေ၊ ပြည်သူလူထုတွေ အကြပ်တည်းဖြစ်အောင် လုပ်တဲ့အတွက်လည်း ဖြစ်တယ်ပေါ့နော်။ ဒီလမ်းမကြီးပေါ်မှာရှိတဲ့အတွက် အနှောက်ယှက်တော်တော်ဖြစ်တယ် အဲ့တာကြောင့် ကျွန်တော်တို့ တိုက်တာပါ။” ဟု ဆလိုင်း ကျူံငိုင်းကပြောသည်။ ယင်းစခန်းသိမ်းတိုက်ပွဲတွင်…
အိန္ဒိယနိုင်ငံ မဏီပူရ်ပြည်နယ် လန်ကားမြို့တွင် မြန်မာနိုင်ငံသား ယက္ကန်းအလုပ်သမားများ ဧပြီလ ၆ ရက်နေ့ နေ့လည် ၁ နာရီကျော်ခန့်က ဖမ်းဆီးခံခဲ့ရသည်ဟု သတင်းရရှိသည်။ လန်ကားမြို့တွင် ယက္ကန်းအလုပ်လုပ်ကိုင်နေကြသော မြန်မာနိုင်ငံသားများကို မဏိပူရ်ပြည်နယ် ရဲတပ်ဖွဲ့က ယင်းနေ့ မွန်းလွဲပိုင်း ၁ နာရီကျော်ခန့်တွင် အလုပ်ရုံထဲ ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးခံရသူ ၂၀ ကျော်ရှိသည်ဟု ယက္ကန်းအလုပ်သမားတစ်ဦးကပြောသည်။ “ဘာကြောင့်ဖမ်းတယ်ဆိုတာတော့ သေချာမသိသေးဘူးဗျ ကျွန်တော့သူငယ်ချင်းတောင် ကိုယ်လွတ်ရုံးပြေးခဲ့ရတာ မပြေးနိုင်တဲ့သူတွေ ဖမ်းတာခံလိုက်ရတယ် ကျွန်တော့အထင်ယက္ကန်းရုံ (၃) ရုံကိုဝင်ဖမ်းတာ အဖမ်းခံရတာကအယောက် (၂၀) ကျော်မယ်ထင်တယ် စရင်းကတော့ အတိအကျမသိရသေးဘူး” ဟု လန်ကားမြို့က မြန်မာယက္ကန်းအလုပ်သမားတစ်ဦးက ပြောသည်။ ယခုနောက်ဆုံးသိရသည့်သတင်းအရ အဖမ်းခံရသူများမှာ အမျိုးသား ၆ ယောက်၊ အမျိုးသမီး ၁၁ ယောက်နှင့် ကလေး ၆ ယောက်တို့ဖြစ်ကြပြီး စုစုပေါင်း ၂၃ ယောက်ရှိသည်ဟု သိရသည်။ မဏိပူရ်ပြည်နယ်အစိုးရသည် သူ့ပြည်နယ်အတွင်း စစ်ဘေးတိမ်းရှောင်လာကြသော မြန်မာနိုင်ငံသားများနှင့် ယက္ကန်းအလုပ်သမားများကို ယခင်ကလည်း မကြာခဏ ဖမ်းဆီးခဲ့သည်။ မဏိပူရ်ပြည်နယ်အစိုးရသည် ပြီးခဲ့သည့်မတ်လ ၂၆ ရက်နေ့က မြန်မာစစ်ဘေးရှောင်ပြည်သူများနှင့် တွေ့ဆုံကာ စစ်ဘေးရှောင်များအား ယာယီကဒ်များထုတ်ပေးကာ စစ်ဘေးရှောင်စခန်းများလည်း တည်ဆောက်ပေးမည်ဟု ပြောဆိုခဲ့သည်။ သို့သော်လည်း ယခုအခါ လန်ကားမြို့က မြန်မာနိုင်ငံသား ယက္ကန်းအလုပ်သမားများကို မဏိပူရ်ရဲတပ်ဖွဲ့က ပြန်လည်ဖမ်းဆီးနေခဲ့ခြင်းဖြစ်သည်။
ဖလမ်း-ဟားခါးကြား ကားလမ်းမပေါ်တွင်တည်ရှိသော ရမ်ထလို (Ramthlo) ကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က ယနေ့ ဧပြီလ ၆ ရက်နေ့တွင် မီးရှို့ကာ လူနေအိမ် ၆ လုံး မီးလောင်ပျက်စီးခဲ့သည်ဟု CNDF က သတင်းထုတ်ပြန်သည်။ ယမန်နေ့ကလည်း ဖလမ်း-ဟားခါးကြား တလန်ဇာရ် (Tlangzar) ကျေးရွာက လူနေအိမ် ၇ လုံးကို စစ်ကောင်စီတပ်က မီးရှို့ဖျက်စီးခဲ့ပြီးဖြစ်သည်။ မတ်လ ၂၁ ရက်နေ့က ဖလမ်းမြို့မှ ဟားခါးမြို့ဘက်သို့ ထွက်ခွါလာသော စစ်ကောင်စီ စစ်ကြောင်းနှင့် ထောက်ပို့ယာဉ်သည် မိုင် ၄၀ ဝန်းကျင်ခန့်သာရှိသော ဖလမ်း-ဟားခါးကြားကို ၂ ပတ်ခန့်ကြာမြင့်ပြီဖြစ်ကာ လမ်းခရီးတွင်လည်း ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ၏ ကြားဖြတ်တိုက်ခိုက်မှုကြောင့် အကျအဆုံးများကာ အထိနာနေပြီဟုသိရသည်။ Video Crd- CNDF
စစ်ကောင်စီတပ်ဖွဲ့က အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည့် ကလေးမြို့မြောက်ပိုင်း ပျဉ်းတောဦးကျေးရွာတွင် ယနေ့မနက်ပိုင်းက ရုပ်အလောင်း ၃ လောင်း တွေ့ရှိခဲ့ကြသည်ဟု သိရသည်။ ယနေ့ဧပြီလ ၆ ရက်နေ့မနက်ပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပျဉ်းတောဦးကျေးရွာထဲကို နယ်မြေရှင်းလင်းရေးဝင်ရောက်ချိန်တွင် ပျဉ်းတောဦးမှ နန်းစောင်းပုရွာဘက်သွားသောလမ်းတွင် ရုပ်အလောင်း ၃ လောင်း တွေ့ရှိခဲ့ကြသည်ဟု သိရသည်။ အဆိုပါရုပ်အလောင်း ၃ လောင်းထဲက တစ်ဦးမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးဖြစ်သည်ဟု သိရပြီး ကျန် ၂ ဦးမှာ အရပ်သားပြည်သူဖြစ်နိုင်သည်ဟု ယူဆကြသည်။ ၎င်းတို့သည် ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် ညှင်းပန်းနှိပ်စက်ခံထားရသောကြောင့် မည်သူမည်ဝါမှန်း မသိနိုင်သေးကြောင်း သိရသည်။ စစ်ကောင်စီတပ်ဖွဲ့သည် ပျဉ်းတောဦးကျေးရွာထဲက နှစ်ခြင်းအသင်းတော်ဘုရားကျောင်းတစ်ကျောင်းအပါအဝင် လူနေအိမ်များလည်း ဖျက်ဆီးခဲ့ကြသည်။
စစ်ကောင်စီတပ်ဖွဲ့၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးမြို့မြောက်ပိုင်း ပျဉ်းတောဦးကျေးရွာက လူနေအိမ် ၆ လုံးခန့် မီးလောင်ပျက်စီးခဲ့သည်ဟု သိရသည်။ ပြီးခဲ့သည့် မတ်လ ၃၁ ရက်နေ့ကစ၍ ဧပြီလ ၃ ရက်နေ့အထိ ကလေးမြို့မြောက်ပိုင်း ပျဉ်းတောဦးကျေးရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့တိုက်ပွဲဖြစ်ကြားခဲ့ကြပြီး စစ်ကောင်စီတပ်ဖွဲ့၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် ပျဉ်းတောဦးကျေးရွာက လူနေအိမ် ၆ အိမ်ခန့် မီးလောင်းခဲ့သည့်အပြင် ၁၀ ထက်မနည်း ထိခိုက်ပျက်စီးခဲ့သည်ဟု CDF-KKG တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “လက်နက်ကြီးကျပြီးတော့ လုံးဝလောင်သွားတာက ၆ အိမ်လောက်၊ လက်နက်ကြီးကျပြီးတော့ တပိုင်းတစပျက်စီးတဲ့ နေအိမ်က ၁၀ အိမ်ထက်မနည်းရှိတယ်။ လေကြောင်းပစ်ကူနဲ့ ကလေးမြို့ကနေ လက်နက်ကြီး၊ လက်နက်ငယ် ထိတဲ့ဟာတွေဖြစ်ပါတယ်” ဟု CDF-KKG တပ်ဖွဲ့မှတာဝန်ရှိသူက ပြောသည်။ ပျဉ်းတောဦးကျေးရွာသည် ကလေးမြို့မှ ၁၂ မိုင်ခန့်ကွာဝေးပြီး အိမ်ခြေ ၈၀၀ ကျော်ခန့်ရှိကာ ချင်းလူမျိုးများနေထိုင်သည့် ရွာကြီးတစ်ရွာဖြစ်သည်။ ဒေသခံပြည်သူများအားလုံးသည် ကလေးမြို့ပေါ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်လျှက်ရှိကြသည်။ ယနေ့မနက်ပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက နယ်မြေရှင်းလင်းရေးဝင်ရောက်သည့်အချိန်တွင် ပျဉ်းတောဦးကျေးရွာတွင် အမည်မသိအရပ်သား ၂ ဦး၏ရုပ်အလောင်းကို တွေ့ရှိခဲ့ကြသည်ဟု သိရသော်လည်း အသေးစိတ်အခြေအနေ မသိရသေးပေ။
ကလေးမြို့မြောက်ပိုင်းဒေသ ပျဉ်းတောဦးကျေးရွာအနီးတဝိုက်တွင် ဖြစ်ပွားသောတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၇ ဦး သေဆုံးခဲ့သည်ဟု CDF-KKG က ယမန်နေ့ ဧပြီလ ၅ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ ကလေးမြို့မြောက်ပိုင်းဒေသတွင် မတ်လ ၃၁ ရက်နေ့က နန်းစောင်းပုကျေးရွာမှ ချီတက်လာသော စကစနှင့် ပျူစောထီးတပ်ဖွဲ့နှင့် CDF-KKG တို့အကြား ကနဦးတိုက်ပွဲတရပ် ပျဉ်းတော်ဦးသုသာန်တွင် ၃ နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။ အဆိုပါတိုက်ပွဲတွင် TCDF, CNDF, PDF Kalay, HNB, CR, PDA, ပကဖ, CDM Siyin စသည့် တော်လှန်ရေးတပ်ဖွဲ့များက ပါဝင်အားဖြည့်လာပြီးနောက် တိုက်ပွဲပိုမိုပြင်းထန်လာပြီး စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးပစ်ကူသာမက တိုက်ခိုက်ရေးရဟတ်ယာဉ်များအသုံးပြုကာ ဝေဟင်မှတိုက်ခိုက်မှုများပါ ပြုလုပ်ခဲ့သည်ဟု CDF-KKG က ဆိုသည်။ ယင်းတိုက်ပွဲတွင် သေဆုံးနေသော စစ်ကောင်စီတပ်သား အလောင်း ၇ လောင်းကို မျက်မြင်တွေ့ရှိခဲ့ကြပြီး MA3 ကျည်ဘောက်တစ်ခု၊ ၅.၅၆ ကျည် ၂၀ တောင့်၊ ဓါးတစ်လက်နှင့် ကျောပိုးအိတ်အပါအဝင် အသုံးအဆောင်ပစ္စည်းများအား သိမ်းဆည်းရမိသည်ဟု CDF-KKG က ထုတ်ပြန်သည်။ CDF-KKG ဘက်က ရဲဘော်တစ်ဦးသည် မစိုးရိမ်ရဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ ဧပြီလ ၁ ရက်နေ့တွင်လည်း နယ်မြေရှင်းလင်းရေးလုပ်ဆောင်ခဲ့ရာတွင် MA3 ကျည်ဘောက်တစ်ခုနှင့် ၅.၅၆ ကျည် ၈ တောင့် ထပ်မံသိမ်းဆည်းနိုင်ခဲ့သည်ဟု ဆိုသည်။ ဧပြီလ ၂ ရက်နှင့် ၃ ရက်နေ့တို့တွင်လည်း စစ်ကောင်စီတပ်ဖွဲ့နှင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အထိနာသဖြင့်…
